ကောင်းကင်ဘုံကပ်ဘေးအဆင့်....
Vol. 41 Ch. 571
လီလော့နှင့် သူငယ်ချင်းများသည် သန့်စင်ရေးအစီအရင်ကို အသက်သွင်းပြီးနောက် မကြာမီတွင် ကျောက်သားမြို့တော်၏ အခြားတစ်ဖက်တွင် အလားတူမြင်ကွင်းတစ်ခုကို မြင်တွေ့နိုင်သည်။ ရလဒ်အနေဖြင့် သန့်စင်ရေးအတားအဆီး ကျယ်ပြန့်လာပြီး ပုံရိပ်ယောင်မြင်ကွင်းများသည် အလင်းတန်းများဖြတ်သန်းသွားသည့်နေရာတိုင်း ကွယ်ပျောက်သွားသည်။
ရှင်းရှင်းပြောရရင် လန်လန်တို့ အသင်းဟာလည်း သူတို့ရဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့ကြပြီဖြစ်သည်။
ထိုအချိန်တွင် လီလော့သည် ကောင်းကင်မှ တောက်ပစွာ ဆင်းသက်လာသော အလင်းတန်း အနည်းငယ်ကို လှည့်ကြည့်လိုက်သည်။
မင်းသမီးနှင့်ကုန်းရှန်ကျွင်းတို့ရောက်လာကြပြီ......
ထိုသူများသည် နောက်ဆုံးမှာရောက်လာသော အဖွဲ့ဝင်များဖြစ်သည်။
သူတို့သည်လည်း အင်အားကြီးသော ကမ္ဘာခြားသက်ရှိများကို အောင်နိုင်သည် သို့မဟုတ် မောင်းထုတ်နိူင်ခဲ့ပုံရသည်။
အနေအထားကိုကြည့်ရုံဖြင့် လူတိုင်းသည် ခက်ခဲကြမ်းတမ်းသော တိုက်ပွဲကို ဖြတ်သန်းခဲ့ကြရပြီး၊ ကုန်းရှန်ကျွင်းနှင့် မင်းသမီးတို့ ထိုသူများထဲတွင် ပါဝင်သည်။ ကြယ်သုံးပွင့်ခန်းမမှ အခြားအဖွဲ့ဝင်များသည် ၎င်းတို့၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများ စွန်းထင်းနေခဲ့သည်။
“ဒီတစ်ခါတော့ မင်းအများကြီး ပံ့ပိုးပေးခဲ့တယ် သူငယ်ချင်း.....”
မင်းသမီးက ပြုံးပြီး ရွှန်းရွှန်းစိုတဲ့ ချီးမွမ်းးကားကိုဆိုလိုက်သည်။
ဆရာသခင်အဆင့်လောက်နှင့် အန္တာရာယ်များကိုဖြတ်ကျော်ပြီး နှင်းရည်စက်နေရာချထားခြင်းမှာ လွယ်ကူသောအလုပ်မဟုတ်ပေ။
သို့သော်လည်း အခြေအနေမှာ စိုးရိမ်ရဆဲဖြစ်ပြီး နှောင့်နှေးနေလို့မဖြစ်တာကြောင့်.....
“ငါတို့ အနားယူနေလို့မဖြစ်ဘူး.... သံပူနေချိန်မှာ မြန်မြန်ပုံသွင်းရမယ်..... ပိုပြီးရှင်းလင်းတဲ့သန့်စင်ရေးအတားအဆီးတွေကို အဆက်မပြတ်တည်ဆောက်ခြင်းကသာ ပုံရိပ်ယောင်အစီအရင်ကို အားနည်းသွားစေလိမ့်မယ်....ဒီလိုမှမဟုတ်ရင် အဆင့်မြင့်ကောင်းကင်ဘုံကပ်ဘေးအဆင့်က အခွင့်ကောင်းယူသွားလိမ့်မယ်...ဒါက ငါတို့အားလုံးအတွက် မလိုလားအပ်တဲ့ ရလဒ်တစ်ခုပဲ......"
ဘယ်သူကမှ မငြင်းဆန်ဘဲ ခေါင်းညိတ်လိုက်ကြသည်။
ကျောက်သားမြို့တော်သည် မယုံနိုင်လောက်အောင် အန္တရာယ်များသော ဒေသဖြစ်သည်။၎င်းတို့၏ ပြိုင်ဘက်များက အနားယူရန်နှင့် ပြန်လည်လူစုရန် မည်သို့အခွင့်အရေး ပေးနိုင်မည်နည်း။
တညီတညွတ်တည်း ထောက်ခံနေကြသောကြောင့် မင်းသမီးက လီလော့ကို တိုက်ရိုက်ကြည့်ကာ....
"နင်တို့အဖွဲ့က ပထမဆုံး နှင်းရည်စက်ကိုနေရာချထားနိုင်တဲ့အတွက်....နောက်တစ်နေရာကို တခြားအဖွဲ့ကတာဝန်ယူလိမ့်မယ်...."
လီလော့ ခေါင်းညိတ်လိုက်သည်။
ဤသည်မှာ ရိုးရှင်းသောအလုပ်မဟုတ်ပေ။ မြင်နေရသည်ထက်ပင်ပိုခက်ခဲသောအလုပ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နှင်းရည်စက်ကိုနေရာချထားနိုင်သော အဖွဲ့က သင့်လျော်သော ဆုလာဘ်များကို ရရှိမည်ဖြစ်သည်။ အမှတ်များကို ကောင်းစွာ ပိုင်းခြားနိုင်စေရန်အတွက် အခြားအသင်းများသည်လည်း ထိုအခွင့်အရေးကို ရရှိမည်ဖြစ်သည်။
အသင်းတစ်သင်းစီသည် ကျောက်သားမြို့တော်ကို သန့်စင်ခြင်းအတွက် သာတူညီမျှအမှတ်ခွဲဝေကြရမည်။ ဒီလိုသာမဟုတ်ပါကသဘောထားကွဲလွဲမှုနှင့် ရန်ပွဲများကို လှုံ့ဆော်ပေးသလိုဖြစ်နေမည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုမရှိသောကြောင့် အားလုံး ထိခိုက်သွားနိုင်သည်။
"ကဲ... ရှေ့ဆက်ဖို့ ပိုခက်ခဲလာမှာကို ငါကြောက်တယ်......"
ကျန်သူများကိုသတိပေးပြီးနောက်၊ မင်းသမီးသည် အကန့်အသတ်မရှိသော ပဲ့တင်ထပ်သောစွမ်းအားများဖြင့် အဖွဲ့ကို ဦးဆောင်ခဲ့သည်။
ပစ်မှတ်ကတော့ ကျောက်သားမြို့တော်၏အလယ်ဗဟိုသို့ပင်.....
ကျန်လူများသည် တစ်အုပ်စုလုံးမှ ထွက်ပေါ်လာသော ပဲ့တင်ထပ်သံ စွမ်းအားလှိုင်းများနှင့်အတူ လိုက်ပါလာကြသည်။ ဤသည်မှာ စစ်မှန်သော ပါရမီရှင်များစုစည်းမှု၏ စွမ်းအားဖြစ်သည်။
ထို့နောက် မြို့တွင်းသို့ ချီတက်ကြသည်။
လမ်းခရီးတစ်လျှောက်တွင် ပေါ်လာသမျှကမ္ဘာခြားသက်ရှိများကို ရှင်းလင်းနေရသောကြောင့် ထင်သလောက်ခရီးမတွင်ခဲပေ။
မင်းသမီးနှင့်ကုန်းရှန်ကျွင်းတို့သာမက လီလော့တို့လို ဆရာသခင်အဆင့်များပင် တိုက်ပွဲထဲဝင်ပါခဲဲ့ရပြီး လူတိုင်း ပြင်းထန်သော ဒဏ်ရာအမျိုးမျိုး ရရှိခဲ့ကြသည်။
ဇူရွှမ်းတစ်ယောက် စိတ်ဓာတ်ပျော့ညံ့သလား နံအတာလားမည်သူမှမသိနိုင်ခဲ့ပေ။ ပထမအကြိမ် ကူးစက်ခံရသည်ကိုအမှတ်မရှိသေးဘဲနောက်တစ်ကြိမ် ကူးစက်ခံခဲ့ရပြန်သည်။ အသွင်ပြောင်းမှုများ တဖြည်းဖြည်း ဆိုးရွားလာပြီး သံကြိုးများဖြင့် ချုပ်နှောင်ထားရန် ဆုံးဖြတ်ခဲ့ကြသည်။ ဤနည်းအားဖြင့်၊ နောက်တစ်ကြိမ် ကူးစက်ခံရလျှင် ဘေးဥပဒ်မဖြစ်စေအောင် တားဆီးနိုင်ကြမည်ဖြစ်သည်။
ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသမျှ လူတစ်ယောက်ကြောင့် အပျက်စီးမခံနိုင်ကြပေ။
သူတို့သည် နေ့တစ်ဝက်အတွင်း လုံလောက်သော သန့်စင်ရေးအစီအရင်များကို အသက်သွင်းနိုင်ခဲ့ကြပြီး တစ်ယောက်ခုချင်းစီကနေ
တောက်ပနေသော သန့်စင်သည့် အလင်းတန်းတစ်ခုကို ထုတ်လွှတ်ပေးနေသည်။
ထိုအလင်းတန်းများ အတူတကွစုပေါင်းသွားပြီး ပုံရိပ်ယောင်အစီအရင်ကို ပိုမိုအားနည်းသွားစေခဲ့သည်။
အကယ်၍ တစ်စုံတစ်ယောက်သာ သန့်စင်ရေးအစီအရင်ထဲဝင်လိုက်မည်ဆိုပါက မြင်ရမည့် မြင်ကွင်းကြောင့် အင်မတန်တုန်လှုပ်သွားရလိမ့်မည်။
အချို့သောနေရာများတွင် နေ့စဉ်ဘဝနေထိုင်မှုပုံစံအတိုင်းသွားလာနေကြသူများနှင့် ပြည့်နှက်နေသောလမ်းများ ရှိပြီး အစီအရင်အတွင်းတွင်မူ ပျက်စီးနေသောအဆောက်အဦများနှင့် ပျက်စီးနေသောအရိုးစုများသာရှိနေသည်။
ကောင်းကင်နှင့်ငရဲကြားအလွှာပါးတစ်ခုသာပိုင်းခြားထားသည့်နှယ်......
ဝုန်းးးးး
နောက်ထပ် သန့်စင်ရေးအလင်းတိုင်တစ်ခု လေထဲသို့ ပစ်လွှတ်လိုက်သောအခါ၊ ဧရိယာကို ဖုံးအုပ်ထားသည့် ထီးကဲ့သို့ သန့်စင်သော ကန့်လန့်ကာကို ဖန်တီးခဲ့သည်။ လီလော့တို့တတွေ နောက်ဆုံးတွင် ခြေလှမ်းများ ရပ်တန့်သွားခဲ့ကြသည်။
ပင်ပန်းနွမ်းနယ်မှုကြောင့် အားလုံးမလှုပ်နိုင်ကြတော့ပေ။
"မင်းသမီး... ခဏလောက် အနားယူဖို့ အကြံပြုချင်ပါတယ်" ဟု ကျန်းချင်းအာက အကြံပြုလိုက်သည်။
၎င်းတို့၏ မကြာသေးမီက ပြင်းထန်သော တိုက်ပွဲ နှစ်ခုကိုဆင်နွှဲခဲ့ကြသည်။ ထို့ကြောင့် လူတိုင်း ဒဏ်ရာ အနည်းငယ် ရခဲ့သည်။ အနားမယူဘဲ ရှေ့ဆက်မည်ဆိုပါက ၎င်းတို့၏အစီအစဉ်ကို ထိခိုက်နိုင်သည်။
"ချင်းအာ....အကူအညီတစ်ခုလောက်တောင်းလို့ရမလား...အလင်းပညာရပ်တစ်ခုလောက်သုံးလိုက်ပါ....."
အလင်းပဲ့တင်ထပ်သ့စွမ်းအင်တွင် ပြန်လည်ကုစားနိုင်သောစွမ်းရည်များပါရှိပြီး ကျန်းချင်းအာ၏ အဆင့်ကိုးအလင်းပဲ့တင်ထပ်သံက အခြားသောအလင်းပဲ့တင်ထပ်သံများထက်ပိုကောင်းမွန်သည်။
ကျန်းချင်းအာသည် မစ်ရှင် ပြီးမြောက်စေရန်အတွက်ကြောင့် ငြင်းဆန်ခြင်း မရှိပေ။ သူမ၏ သွယ်လျသော ကျောက်စိမ်းလက်များကိုဝှေ့ယမ်းပြီး ပညာရပ်တစ်ခုကို လျင်မြန်စွာ အသက်သွင်းခဲ့သည်။
" ကျားအဆင့်ပညယရပ်... ဝိညာဉ်မိုးဖွဲ...."
အလင်းစွမ်းအင်များသည် လေထုကို လွှမ်းခြုံသွားပြီး ကောင်းကင်မှ ကျလာသော မိုးဖွဲလေးများအဖြစ်သို့ တဖြည်းဖြည်း ပေါင်းစပ်သွားသည်။ ခန္ဓာကိုယ်နှင့် ထိတွေ့လိုက်သောအခါ နွေးထွေးပြီး သက်တောင့်သက်သာ ခံစားရပြီး ပင်ပန်းနွမ်းနယ်မှုကို ပျောက်ကွယ်သွားစေသည်။
"အဆင့်ကိုးအလင်းပဲ့တင်ထပ်သံက တကယ်ကို ယှဉ်လို့မရတဲ့အရာပဲ....."
ကျောက်ပိုင်လီက မနာလိုစွာ သက်ပြင်းချလိုက်သည်။ ဝိညာဉ်မိုးဖွဲလေး၏ သက်ရောက်မှုကို သူတစ်ခါမှ မကြုံဖူးသလို၊ ဤမျှထိရောက်မှုရှိမည်ဟုထင်မထားမိခဲ့ပေ။ သာလွန်သော ပဲ့တင်ထပ်သံကြောင့် ရရှိလာသော အကျိုးကျေးဇူးများက အံမခမ်းလောက်စရာပင်.....
"ဒီခရီးမှာ ဂျုနီယာကျန်း ငါတို့နဲ့ အတူရှိနေတာ အကြီးမားဆုံးကံကြမ္မာပဲ"
ကုန်းရှန်ကျွင်း က နွေးထွေးသောအပြုံးဖြင့် တိုးညှင်းစွာပြောလိုက်သည်။
"စီနီယာက ချီးကျုးလွန်းနေပြီ...."
လီလော့သည် အလင်းတန်းမှ စွမ်းအင်အမှုန်အမွှားများကို ခံစားနိုင်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။၎င်းတို့၏ အနှိုင်းမဲ့ ဖြူစင်ပြီး ခံ့ညားထည်ဝါသော သဘာဝကို ခံစားလိုက်ရပြီး သက်ပြင်းချမိသည်။ ဤအရာနှင့် သူထုတ်နိုင်သည့် အလင်းစွမ်းအင်ကို နှိုင်းယှဉ်ခြင်းသည် ကောင်းကင်ကို အညစ်အကြေးနှင့် နှိုင်းယှဉ်ခြင်းကဲ့သို့ပင်။ တစ်မျိုးမှာ အပြစ်အနာအဆာကင်းပြီး ကျန်တစ်မျိုးမှာ ညစ်ညမ်းပြီး ရွှံ့များဖြစ်သည်။
မင်းသမီးက ချင်းအာ၏လက်မောင်းကို ဆုပ်ကိုင်ရင်း ပြုံးလိုက်သည်။
"ချင်းအာက ဒီဇာတ်လမ်းရဲ့ သူရဲကောင်းပဲ....."
ကျန်းချင်းအာက မင်းသမီး၏ဖော်ရွေမှုကို အပြုံးဖြင့်တုံ့ပြန်လိုက်ပြီး မြို့ထဲသို့လှမ်းကြည့်ကာ.....
"မြို့လယ်ခေါင်ရောက်ဖို့အတော်နီးနေပြီ...အခုထိ အဆင့်မြင့်ကောင်းကင်ဘုံကပ်ဘေးအဆင့် ပေါ်မလာတာ မထူးဆန်းဘူးလား...."
ထိုမေးခွန်းကို အားလုံးကလည်း ထပ်တူအဖြေရှာနေခဲ့ကြသည်။
မြို့အတွင်းရှိပုံရိပ်ယောင်အစီအရင်ကိုဖန်တီးသူသည် အဆင့်မြင့်ကောင်းကင်ဘုံကပ်ဘေးအဆင့်၏ ကြိုးစားအားထုတ်မှုသာ ဖြစ်သင့်ပေသည်၊ သို့သော် အခုထိ လူလုံးထွက်မပြသေးပေ။
သူတို့ကို မြို့လယ်ခေါင်ဆီ မျှားခေါ်ချင်နေတာလား......
"စဉ်းစားမနေနဲ့တော့... ဘာပဲဖြစ်ဖြစ် ငါတို့တွေ့ပြီးတာနဲ့ နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲကို ဆင်နွှဲရမှာပါ"
ပုံရိပ်ယောင်အစီအရင်ကို ချိုးဖျက်ခြင်းသည် ပထမအဆင့်ဖြစ်ပြီး၊ ထို့နောက်တွင် ပိုမိုအားကောင်းသော ကောင်းကင်ဘုံကပ်ဘေးအဆင့်များ ပေါ်လာမည်ဖြစ်သည်။
ကျန်းချင်းအာ ညင်သာစွာခေါင်းညိတ်ပြလိုက်သော်လည်းသူမ၏အမူအရာ လျင်မြန်စွာပြောင်းလဲသွားပြီး ကျောက်သားမြို့တော်ကို သေချာစိုက်ကြည့်နေသည်။
ကြောက်မက်ဖွယ်ရာ အမှောင်စွမ်းအင်တိုက်စားမှု ပမာဏသည် ထိုလမ်းကြောင်းမှ ထွက်လာသည်ကို သူမ ကွဲကွဲပြားပြား ခံစားရနိုင်သည်။
တစ်ချိန်တည်းမှာပင် မင်းသမီးနှင့် ကုန်းရှန်ကျွင်းတို့သည်လည်း ခေါင်းလှည့်ကြည့်ကာ အမူအရာများ လေးနက်လာသည်။
ဝုန်းးးးး
ကျောက်သားမြို့တော်၏ အနက်ပိုင်းမှ ကြက်သွေးရောင် အလင်းတန်းကြီး ကောင်းကင်သို့ မြင့်တက်လာကာ ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးသွားသော အဆုံးမရှိသည့် ဆိုးယုတ်များကိုသယ်ဆောင်လာခဲ့သည်။
အလင်းတန်း၏အလယ်တွင် ကြီးမားသောသွေးနီရောင်အမြီးကြီးသည် ပေါ့ပါးစွာယိမ်းနွဲ့နေပြီး ကျူးကျော်သူများကို ဖိတ်ခေါ်နေသည်။
ကြောက်မက်ဖွယ်ရာ ဖိအားများက တစ်မြို့လုံးကို လွှမ်းခြုံထားသည်။
လီလော့ပင်လျှင် ဤဖိအားအောက်တွင် ထိတ်လန့်မှုအရိပ်အမြွက်ကို ခံစားခဲ့ရသည်။
ထိုအချိန်တွင် မြို့လယ်ရှိ မျှော်စင်တစ်ခုပေါ်တွင် ကြက်သွေးရောင် ချပ်ဝတ် ဝတ်ဆင်ထားသည့် လူတစ်ဦးရပ်နေပြီး....
"သနားစရာပဲ၊ ငါဒါကို မထိန်းနိုင်တော့ဘူး.... တကယ်ကို သနားစရာကောင်းလိုက်တာ.... ဒီကောင်တွေက တကယ်ကို ရက်စက်လွန်းတယ်...ပုံရိပ်ယောင်အစီအရင်ကို ဖျက်စီးလိုက်တဲ့အတွက် အတော်ဒေါသထွက်နေလောက်ရောပေါ့....ပွဲက အခုမှစမှာ....."
ထိုသူသည် ရူးသွပ်သော အပြုံးများဖြင့် စိတ်လှုပ်ရှားစွာ လက်ခုပ်တီးနေတော့သည်။
ထိုအချိန်တွင်၊ အလင်းတန်းအတွင်းတွင် နှစ်ခြိုက်စွာအိပ်ပျော်နေသော နတ်ဆိုး၏မျက်လုံးများ ဖြတ်ကနဲပွင့်လာခဲ့သည်။
မျက်လုံးများက လတ်ဆတ်သော သွေးအိုင်ကဲ့သို့ နီရဲနေသည်။ ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုက အရိုးထိအောင် အေးစိမ့်သွားစေနိုင်သည်။