ရောနှောအဆင့်ပြိုင်ပွဲ၏နောက်ဆုံးအဆင့်....
Vol. 41 Ch. 572
ဝုန်းးးးးး
သွေးနီရောင်အလင်းတန်းအတွင်းမှ နတ်ဆိုး မျက်လုံးဖွင့်လိုက်သည်နှင့် တပြိုင်နက် အမှောင်စွမ်းအင်တိုက်စားမှုများ လေထဲတွင် ပြည့်လျှံကာ ကျောက်သားမြို့တော်တစ်ခုလုံးကို လှိုင်းလုံးကြီးသဖွယ် ပျံ့နှံ့သွားခဲ့သည်။ အရာအားလုံးသည် ထူထဲသော အနက်ရောင်အချွဲအကျိများဖြင့် ဖုံးလွှမ်းနေပြီး ကြောက်မက်ဖွယ်ကောင်းသော တီးတိုးသံများကလည်း တဟုန်ထိုးထွက်ပေါ်လာသည်။
မင်းသမီး၊ ကုန်းရှန်ကျွင်း၊ ကျန်းချင်းအာနှင့် အခြားသူများအားလုံး ဤအချင်းအရာကို သတိပြုမိပြီး မျှော်ကြည့်နေကြသည်။
ဒီခြိမ်းခြောက်မှုအသစ်...
ကျောက်သားမြို့တော် အတွင်းမှာ အဆင့်မြင့်ကောင်းကင်ဘုံကပ်ဘေးအဆင့် တကယ်ပဲ ရှိနေခဲ့တယ်....
အဆင့်မြင့်ကောင်းကင်ဘုံကပ်ဘေးအဆင့်က ကောင်းကင်ပဲ့တင်ထပ်သံအဆင့်နှင့်ညီမျှသည်။
သူတို့အထဲမှာ အသန်မာဆုံးကတောင်မှ ကောင်းကင်ပုလဲအဆင့်မှာပဲ ရှိနေသေးသည်။
တစ်ခုတည်းသော အားသာချက်မှာ လူအရေအတွက်ဖြစ်သည်။ ထို့အပြင် လန်လန် ၊ ကုန်းရှန်ကျွင်း ၊ မင်းသမီး နှင့် အခြားသူများသည် ၎င်းတို့၏အဆင့်တွင် ထိပ်တန်းများအဖြစ် သတ်မှတ်ခံရပြီး ၎င်းတို့တွင် ထူးချွန်ထက်မြက်သော တိုက်ခိုက်ရေးစွမ်းရည်များရှိသည်။
အဆင့်မြင့် ကောင်းကင်ဘုံကပ်ဘေးအဆင့်နှင့် ရင်ဆိုင်ရလျှင်ပင် ဆုံးရှုံးရမည့် အခြေအနေ မဟုတ်နိုင်ပေ။
မြေခွေးနတ်ဆိုး ရုပ်လုံးထွက်ပြလာသည့်အခါ မြို့၏အခြားတစ်ဖက်မှအလင်းတန်းအချို့ထွက်ပေါ်လာသည်။ လန်လန်တို့အဖွဲ့သည်လည်း တူညီသောခြိမ်းခြောက်မှုကို ခံစားရပြီး အုပ်စုဖွဲ့ရန် အရှိန်အဟုန်ဖြင့် ပြေးလာကြသည်မှာ ထင်ရှားပါသည်။
"ဒါက ကောင်းကင်ဘုံကပ်ဘေးအဆင့်ပဲ"
လန်လန်က လေးလေးနက်နက်ပြောကာ စိုးရိမ်စိတ်များမြင့်တက်လာသည်။
"ငါတို့ ဒီတစ်ကောင်အတွက် အသက်ကို တကယ်ပဲ ကြိုးတန်းပေါ်တင်ရတော့မယ်...."
"ငါတို့မှာ အစီအစဉ်ရှိလား" အဖွဲ့ခေါင်းဆောင်တစ်ယောက်က မေးလိုက်သည်။
“နောက်ထပ် ကမ္ဘာခြားသက်ရှိတွေလည်း ရှိသေးတယ်” လို့ မင်းသမီးက လေးနက်စွာ ပြောလိုက်သည်။
"သူတို့ကို ငါတို့ လျစ်လျူရှုလို့မရဘူး...ငါတို့ဘက်မှာ အဖွဲ့ခေါင်းဆောင် ရှစ်ဦးရှိတာမိုး ကောင်းကင်ဘုံကပ်ဘေးအဆင့်ကို ကြယ်သုံးပွင့်ခန်းမ ကျောင်းသားတွေနဲ့အတူ ကိုင်တွယ်ဖြေရှင်းနိုင်မယ်ထင်တယ်....ချင်းအာ...ငါတို့ဘက်ကလည်း နည်းနည်းလေး ပိုအာရုံစိုက်နိုင်မယ်လို့ မျှော်လင့်တယ်...ဒါက ကောင်းမွန်တဲ့ အကူအညီဖြစ်လိမ့်မယ်...."
သူမ၏နောက်ဆုံးတောင်းဆိုချက်ကို ကောင်းကင်ပုလဲအဆင့် အဖွဲ့ခေါင်းဆောင်များအားလုံးထောက်ခံနေကြသည်။
ကျန်းချင်းအာသည် နတ်ဆိုးခန္ဓာပြီးဆုံးခြင်း တစ်ဦးသာဖြစ်သော်လည်း၊ သူမသည် ကောင်းကင်ပုလဲအဆင့်များနှင့် သိပ်မကွာသော သံသယဝင်စရာမလိုပေ။ သူမ၏ အဆင့်ကိုးအလင်းပဲ့တင်ထပ်သံကကောင်းမွန်ပြီး အမှောင်စွမ်းအင်များကိုတိုက်ထုတ်ရာတွင်အရေးပါလှသည်။ သူမသာအတူရှိနေလျှင် အဆင့်မြင့် ကောင်းကင်ဘုံကပ်ဘေးအဆင့် များကို သေချာပေါက် ဆန့်ကျင်နိုင်လိမ့်မည်။
ကျန်းချင်းအာက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ အဆင့်မြင့် ကောင်းကင်ဘုံကပ်ဘေးအဆင့်ကို တိုက်ခိုက်ရာတွင်အသာစီးရရန် အခွင့်အလမ်းကို မြင်ပါက မဆိုင်းမတွ တိုက်ခိုက်လိမ့်မည်။
မင်းသမီးက ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြပြီးနောက် လီလော့နှင့်အခြားကြယ်တစ်ပွင့်ခန်းမ ကျောင်းသားများထံ လှည့်ကြည့်လိုက်သည်။
"အဆင့်မြင့်ကောင်းကင်ဘုံကပ်ဘေးအဆင့် ကို တိုက်ခိုက်တဲ့အခါမှာ နင်တို့အတွက် အရေးကြီးတဲ့ မစ်ရှင်တစ်ခု ရှိတယ်.... ကျန်နေတဲ့ သန့်စင်ရေး နှင်းစက်တွေကို နေရာချထားပေးရမယ်.... သန့်စင်ရေး ဧရိယာ တစ်ခုလုံးကို ချဲ့ထွင်လိုက်တာနဲ့ ပုံရိပ်ယောင်အစီအရင်ရို ချေဖျက်ရုံတင်မကဘဲ အားလုံးကို နှိမ်နှင်းလိမ့်မယ်..ဒါဆို အဆင့်မြင့်ကောင်းကင်ဘုံကပ်ဘေးအဆင့်ကိုတောင် ထိခိုက်သွားလိမ့်မယ်....."
"ဒါက အရေးကြီးတဲ့ အလုပ်တစ်ခုမို့ လျှော့မတွက်ပါနဲ့" လို့ အလေးအနက်ထားပြီး ပြောခဲ့သည်။ လီလော့တို့ကလည်း လေးလေးနက်နက် ခေါင်းညိတ်ကြသည်။
လီလော့နှင့် အခြားသောဆရာသခင်အဆင့်များက အခုထိအသုံးဝင်နေကြဆဲပင်.... ဒီပြိုင်ပွဲ မတိုင်ခင်က သူတို့ဟာ အိမ်ဖြည့်ဖို့သက်သက်သာဖြစ်ခဲ့ကြသော်လည်း အခုတော့ သူတို့မှာလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလည်း ရှိနေပြီဆိုတာ သိလာပါပြီ။ မင်းသမီး၏ ကောင်းစွာတွက်ချက်မှုကို အခြားအဖွဲ့ခေါင်းဆောင်များအားလုံး သဘောတူညီခဲ့ကြသည်။
ဝုန်းးးးးး
သူတို့၏ အစီအစဉ်ကို အကောင်အထည်ဖော်လိုက်သည်နှင့်အမျှ အနီရောင်အလင်းတန်းများ ပေါက်ကွဲပြီး သူတို့၏ စုဝေးမှုကို အနှောင့်အယှက် ဖြစ်စေသည်။ ကောင်းကင်မှာ သွေးလိုနီရဲနေတဲ့ အမြီးတချောင်းကို သူတို့မြင်နေရသည်။
အနီးကပ်ကြည့်သောအခါ အားလုံးထိတ်လန့်သွားကြလေသည်။ ကောင်းကင်ယံမှအနီရောင်အမြီးကနေ နာကျင်ခြင်းနှင့် မုန်းတီးခြင်းများကို ထုတ်လွှတ်နေသည်။
သူတို့ အမြီးကို ငေးကြည့်ရင်း ပိုင်ရှင်ဟာ နတ်ဆိုးမျက်နှာနဲ့ မိန်းကလေးဖြစ်ကြောင်း သူတို့တွေ့လိုက်ရသည်။
မျက်နှာက ပြုံးနေပြီး ကြက်သွေးရောင်မျက်လုံးတွေက ကျောရိုးတွေကို အေးစိမ့်သွားစေလောက်သည်။
အနီရောင်အမြီးရှိနေသည်ကလွဲရင် အဆင့်မြင့်ကောင်းကင်ဘုံကပ်ဘေးအဆင့်သည် လူသားနှင့်ခြားနားသော လက္ခဏာများ မရှိပေ။
ထိုအမြီးက ၎င်း၏ ကြီးမားသော စွမ်းအားကို ညွှန်ပြခြင်းဖြစ်ကြောင်း အားလုံး နားလည်သဘောပေါက်ကြသည်။
"ဟီးဟီး......"
စူးစူးရှရှ ရယ်မောသံသည် သူတို့၏ နားစည်ကို တုန်လှုပ်သွားစေသည့် စွမ်းအားသစ်တစ်ခုဖြင့် ရောနှောကာ စိတ်အာရုံကို ပူလောင်စေသည်။
ကျန်းချင်းအာက....
"အားလုံးစိတ်ငြိမ်ငြိမ်ထားကြပါ.... သွေးဆောင်မှုက စိတ်အာရုံထွေပြားစေနိုင်တယ်...”
သူမသည် လက်တစ်ဖက်နှင့် တံဆိပ်တစ်ခုပြုလုပ်ကာ သူတို့၏စိတ်နှလုံးသားကို ခဏတာရှင်းလင်းသွားစေသည့် ပဲ့တင်ထပ်သံအလင်းတန်းတစ်ခု ပေးပို့လိုက်သည်။ သူတို့သည် ရယ်မောသံကို ကြာကြာနားမထောင်ဝံ့တော့ဘဲ နားကို အမြန်ပိတ်လိုက်ကြသည်။
"ဟီး ဟီး......"
အမြီးကို တချက်ရမ်းလိုက်သောအခါ ရုတ်တရက် ကမ္ဘာခြားသက်ရှိ ခွေးတစ်ကောင် သူတို့ရှေ့တွင် ပေါ်လာသည်။
နီရဲသောမျက်လုံးများဖြင့် လီလော့တို့ကို ကြောင်ကကြွက်ကို ကစားနေသလိုစိုက်ကြည့်နေသည်။
ထို့အပြင် မြေခွေးနတ်ဆိုး၏ အမိန့်ပေးမှုကြောင့် အင်အားကြီးသော ကမ္ဘာခြားသက်ရှိများကလည်း အရပ်မျက်နှာပေါင်းစုံကနေ လီလော့တို့ဆီပြေးလာနေကြသည်။
လန်လန်နှင့်မင်းသမီးတို့က ခုန်ဝင်လာသူများကိုတိုက်ခိုက်နေစဉ် ကျန်းချင်းအာ ဦးဆောင်သော ကြယ်သုံးပွင့်ခန်းမမှ ကျောင်းသားများသည်လည်း ချက်ချင်းပင် ရုန်းရင်းဆန်ခတ်ထဲသို့ ခုန်ဆင်းခဲ့ကြသည်။ ၎င်းတို့သည် ဝင်လာသော ကမ္ဘာခြားသက်ရှိများကို တိုက်ခိုက်ကာ ၎င်းတို့၏ အဖွဲ့ခေါင်းဆောင်များကို ကူညီပေးနေကြသည်။
ကြယ်လေးပွင့်ခန်းမ ခေါင်းဆောင်များပေါင်းစည်းလိုက်သောအခါလေထဲတွင် သက်တံရောင် ပဲ့တင်ထပ်သံစွမ်းအားများ ကောင်းကင်သို့ တက်လာကြသည်။ ၎င်းတို့နောက်တွင်၊ သူတို့၏ကောင်းကင်ပုလဲများသည် သဘာဝစွမ်းအင်ကို လျင်မြန်စွာ စုပ်ယူနေသည်။
ပေါင်းစပ်လိုက်ခြင်းဖြင့် ၎င်းတို့သည် ကမ္ဘာခြားသက်ရှိအစုအဖွဲ့၏ ဖိအားကို ဖိနှိပ်နိုင်ခဲ့သည်။
"ဟီး ဟီး......"
ချယ်ရီရောင်နှုတ်ခမ်းဖြင့် တခစ်ခစ် ရယ်လိုက်ရာ အမှောင်စွမ်းအင်တိုက်စားမှုများသည် တိမ်မည်းများအဖြစ်သို့ ခိုင်မာစွာဖွဲ့စည်းလာခဲ့သည်။ ထို့နောက် ခေါင်းဆောင်ရှစ်ဦးဆီသို့ ကြက်သွေးရောင် ကြိုးရှစ်ချောင်းအဖြစ်သို့ ဖြောင့်တန်းစွာပျံသန်းသွားလေတော့သည်။
"ခေါင်းငုံ့ထားလိုက်!"
လန်လန်က အော်လိုက်ပြီး သူ့ရဲ့ရေစွမ်းအားများကို ကြီးမားသော ရေကန်တစ်ခုအဖြစ် ပုံဖော်ထားသည်။
မင်းသမီး၊ ကုန်းရှန်ကျွင်း နှင့် အခြားသူများအားလုံး လန်လန့်နောက်သို့ပြေးဝင်လိုက်ကြသည်။
ဝုန်းးးးးး
ကျောက်သားမြို့တော် ၏ ကောင်းကင်တွင် မယုံနိုင်လောက်သော စွမ်းအင်မုန်တိုင်းတစ်ခု ထွက်ပေါ်လာသည်။
ရောနှောအဆင့်ပြိုင်ပွဲ၏ နောက်ဆုံးတိုက်ပွဲစတင်ခဲ့လေပြီ.......