လမ်းကြောင်းပြောင်းသွားသော လွှမ်းမိုးမှု......
Vol. 41 Ch. 573
အထွတ်အထိပ်တိုက်ပွဲသည် မျှော်လင့်ထားသည်ထက် ပိုမိုပြင်းထန်သည်။
ကြက်သွေးရောင်ကြိုး ရှစ်ချောင်းသည် အသက်ရှိနေသလိုပင်..... သွေးနဂါးများကဲ့သို့လှုပ်ရှားသက်ဝင်နေသော ကြိုးရှစ်ချောင်းက သတ်ဖြတ်ရန်ရည်ရွယ်ချက်ဖြင့် အဖွဲ့ခေါင်းဆောင် ရှစ်ဦးဆီတိုးဝင်လာကြသည်။
ဝုန်းးးးး
ခေါင်းဆောင်ရှစ်ဉီးစလုံး သူရဲကောင်းပီသစွာနှင့် ကြိုးများကိုရင်ဆိုင်ခဲ့ကြသည်။ ၎င်းတို့နောက်ကွယ်ရှိ ကောင်းကင်ပုလဲများသည် ၎င်းတို့၏ ပိုင်ရှင်များကို ထောက်ပံပေးနိူင်ရန် သဘာဝစွမ်းအင်ကို အပြင်းအထန် ဝါးမြိုသွားခဲ့သည်။
ရှစ်ဉီးစလုံးက အပြင်းထန်ဆုံး ပညာရပ်ကိုယ်စီထုတ်သုံးနေသဖြင့် ကောင်းကင်နှင့်မြေပြင်ကိုပင် တုန်ခါသွားစေခဲ့သည်။
ပြင်းထန်သော နဂါးအဆင့်ပညာရပ်များ
တစ်ခုပြီးတစ်ခု ဆင်းသက်လာပြီး သွေးနဂါးနှင့်တူသော ကြိုးများကို တိုက်ရိုက်ထိမှန်သည်။
ထိပ်တိုက်ရင်ဆိုင်ပြီးချိန်တွင် ရှစ်ယောက်၏ အမူအရာ ပိုဆိုးသွားသည်။ သူတို့၏ အနန္တ ပဲ့တင်ထပ်သံပညာရပ်များကို.အနီရောင်ကြိုးများက အလွယ်တကူ ဖြတ်တောက်သွားသည်။ အနီရောင်ကြိုးများထဲမှ လတ်ဆတ်သော သွေးများကလည်း အဆိပ်သင့်စေသည့် အကျိုးသက်ရောက်မှုမျိုး ရှိပုံရသည်။
ကောင်းကင်နှင့်မြေကြီးကို ရွေ့လျားနိုင်သော စွမ်းအားရှိသော ဤပဲ့တင်ထပ်သံပညာရပ်များသည် အနီရောင်ကြိုးများနှင့် ရင်ဆိုင်ရာတွင်များစွာအသုံးမဝင်နိုင်ခဲ့ကြပေ။
အဖွဲ့ခေါင်းဆောင် ရှစ်ဦးသည် ခေတ္တဝရုန်းသုန်းကားဖြစ်ခဲ့ကြပြီး လက်တုံ့ပြန်ရန်အတွက် ၎င်းတို့၏ရွှေမျက်လုံးအဆင့်ရတနာပစ္စည်းများကို အမြန်ထုတ်ယူခဲ့ကြသည်။ သူတို့ရဲ့လက်နက်တွေရဲ့ခံနိုင်ရည်အားနှင့်အတူ အနီရောင်ကြိုးများကို ပိတ်ဆို့နိုင်ခဲ့ကြသည်။
"ကြောက်စရာကောင်းတဲ့ အဆင့်မြင့်ကောင်းကင်ဘုံကပ်ဘေးအဆင့်ပဲ.. !"
လီလော့နဲ့ ကျန်တဲ့ဖွဲ့သားတွေက သနားစရာကောင်းတဲ့ အဖွဲ့ခေါင်းဆောင်တွေကို လောလောဆယ် စောင့်ကြည့်နေကြသည်။ သူတို့၏ အကြည့်များထဲတွင် ထိတ်လန့်ဖွယ်ရာများကို မြင်တွေ့ရပြီး အချို့မှာ အနည်းငယ်ဖြူဖျော့နေကြ၏။နတ်ဆိုး၏ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုသည် ခုခံရန် အလွန်ခက်ခဲနေသည်ဟု ထင်ရသည်။
အဆိုးဆုံးမှာ အရေးနိမ့်နေသော အဖွဲ့ခေါင်းဆောင်များသည် ရှန့်ပိန်းတွေ့ဆုံပွဲ၏ အသန်မာဆုံးကျောင်းသားများဖြစ်နေကြသည်။
သူတို့ရဲ့ စုပေါင်းကြိုးပမ်းအားထုတ်မှုတွေက သွေးအမြီးနတ်ဆိုးရဲ့ ကြီးကျယ်ခမ်းနားတဲ့ တည်ရှိမှုရှေ့မှာ အဓိပ္ပါယ်မရှိသလို အလွယ်တကူ ဖိနှိပ်ခံနေရသည်။
တကယ့်ကြောက်လန့်မှုဆိုတာ ဘာလဲဆိုတာကို နောက်ဆုံးတော့ နားလည်ခဲ့ကြပြီ......
"ကဲ. ... အဖွဲ့ခေါင်းဆောင်တွေက သူတို့အလုပ် သူတို့လုပ်နေတဲ့အချိန်မှာ သန့်စင်ရေးအတားအဆီးကို ပြီးအောင်လုပ်ရမယ်.... အဲဒါက အဆင့်မြင့်ကောင်းကင်ဘုံကပ်ဘေးအဆင့်ရဲ့ ခွန်အားကို သုတ်သင်နိူင်လိမ့်မယ်"
လုမင်က သူတို့ကို သတိပေးလိုက်သည်။ .
"ဒီမှာရှိတဲ့လူတိုင်းမှာတာဝန်ကိုယ်စီရှိကြတယ်....သန့်စင်တဲ့နှင်းရည်စက်ကိုနေရာချဖို့ တာဝန်ကျေမှဖြစ်မယ်...."
လီလော့သည် အဖြူရောင် ၀တ်စုံဝတ်ထားသော ချောမောသော လူငယ်ဆီသို့ ငေးကြည့်ရင်း ပြုံးလိုက်သည်။
"စီနီယာအောင်းပိုင်က စစ်သူကြီးတပိုင်းအဆင့်ရောက်နေပြီမို့ ငါတို့ထဲမှာ အသန်မာဆုံးပဲ.... ဒါဆို ငါတို့ မင်းကို အားကိုးရမှာ သေချာတယ်......"
အားလုံးက ခေါင်းညိတ် သဘောတူလိုက်ကြသည်။ မာနကြီးသော ကျင်းထန်ရှုသည်ပင် အောင်းပိုင် နှင့် မျက်နှာချင်းဆိုင်နေချိန်တွင် ကိုယ်ရှိန်သတ်နေရသည်။ ကြယ်နှစ်ပွင့်ခန်းမ ချန်ပီယံ မည်မျှ အားကောင်းသည်ကို ကြည့်ရန်လည်း စိတ်ဝင်စားခဲ့ကြသည်။
အောင်းပိုင်က နှိမ့်ချစွာ ပြုံးလိုက်ပြီး....
"ဂျူနီယာလီလော့က ယဉ်ကျေးသိမ်မွေ့လွန်းတယ်....စစ်သူကြီးတစ်ပိုင်းအဆင့်ရောက်နေပေမယ့်လည်း အောင်မြင်ချင်ရင် လူတိုင်းရဲ့ နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်လိမ့်မယ်...ဟုတ်တယ်မလား...."
အောင်းပိုင်၏ ဖော်ရွေသောအမူအရာက လတ်ဆတ်သော နွေဦးလေကို ရှုရှိုက်မိသလိုနွေးထွေးစေသည်။ ခပ်အေးအေးနေတတ်သူ လုမင်သည်ပင် အောင်းပိုင်၏ နှိမ့်ချသော စကားလုံးများကို ကြားလိုက်ရသောအခါ မရည်ရွယ်ဘဲပြုံးလိုက်မိသည်။
ဇူရွှမ်းက ရုတ်တရက် ပြုံးလိုက်ပြီး ....
"အောင်းပိုင်က ချန်ပီယံတစ်ယောက်ရဲ့ တကယ့် တောက်ပတဲ့ စံနမူနာတစ်ခုပဲ... သန့်စင်တဲ့ နှင်းရည်စက်ကိုနေရာချတဲ့မစ်ရှင်အတွက် မင်းရဲ့ ဦးဆောင်မှုကို ငါ သေချာပေါက် လိုက်နာပါ့မယ်....!"
သူစကားပြောနေစဉ် လီလော့ကို တစ်ချက်ကြည့်လိုက်သည်။
ယခင်တိုက်ပွဲအနည်းငယ်အတွင်း ဆရာသခင်အဆင့်လေးယောက်ကြားတွင် လီလော့ကခေါင်းဆောင်ဖြစ်ခဲ့သည်။ ထို့ကြောင့် သူသည် အနည်းငယ် မုန်းတီးမှုကို ခံစားခဲ့ရသဖြင့် အခွင့်ရေးရတုန်း လက်စားချေဖို့ကြိုးစားနေခြင်းပင်.....
အကြိမ်ပေါင်းများစွာ ကူးစက်ခံခဲ့ရတာကြောင့် ကြောင်တောင်တောင် ဖြစ်နေခြင်းလည်းဖြစ်နိုင်သည်။... ဒါပေမယ့် တကယ်ပဲ သူ့ကို ညှဉ်းပန်းနှိပ်စက်ဖို့ လိုအပ်သလား! ဒီကောင်က သူ့ကို အခက်တွေ့အောင် ကြိုးစားနေတာ အသိသာကြီးပဲ.....
ထို့ကြောင့် အောင်းပိုင်၏ နှိမ့်ချသောစကားများက ဇူရွှမ်း၏ ပျော်ရွှင်မှုကိုသာ ယူဆောင်လာခဲ့သည်။ ဇူရွှမ်း၏ ရည်ရွယ်ချက်များကို ဖုံးကွယ်ထားသော်လည်း လီလော့က ၎င်းကို ရှင်းရှင်းလင်းလင်း သဘောပေါက်ခဲ့သည်။ သို့သော် သူတကယ် ဂရုမစိုက်ဘဲ လေးလေးနက်နက် ပြုံးရုံသာပြုံးနေခဲ့သည်။
ဒီတော့ ဒီလောက် အသုံးမဝင်တဲ့ ရာထူးအတွက် ဘယ်သူကမှ ပြိုင်ဆိုင်ဖို့ အားထုတ်ကြမှာမဟုတ်ဘူး.....
တကယ်တော့ အောင်းပိုင်သည်လည်း နောက်ဆုံးနှင်းစက်များကိုနေရာချထားဖို့ ဦးဆောင်ရမည်ကို စိတ်မဝင်စားခဲ့ပေ။
ဇူရွှမ်း၏ စကားများသည် ကျန်သူများ၏ ထောက်ခံမှုကို နှိုးဆွပေးခဲ့သည်။ အင်အားအရဆိုလျှင် ကြယ်နှစ်ပွင့်ခန်းမ ချန်ပီယံသည် လိုက်နာရန် ထိုက်တန်သော ခေါင်းဆောင်တစ်ဦးဖြစ်သည်။
ယခုတော့ အဖွဲ့၏ မျှော်လင့်ချက်များနှင့် အိပ်မက်များကို ထမ်းရွက်ထားသော အောင်းပိုင်သည် ကူကယ်ရာမဲ့စွာ ပြုံးရုံသာ တတ်နိုင်သည်။
"ချီးကျူးလွန်းနေပြန်ပါပြီ.... ငါတို့အားလုံးက ငါတို့ရဲ့တာဝန်ကို ပြီးမြောက်အောင်လုပ်ဖို့ အတူတူရှိနေကြတာပါ..... စည်းလုံးနေဖို့ကပိုအရေးကြီးတယ်...."
ဤကဲ့သို့ ချိုသာသောစကားများကြောင့် နောက်ထပ် ချီးကျူးမှုများ ရရှိခဲ့ပြန်သည်။
"ကဲ..အပိုစကားတွေပြောမနေဘဲ.လှုပ်ရှားကြစို့..."
စွန်းတရှန် စိတ်မရှည်နိုင်တော့ပေ။
အောင်းပိုင်က ခေါင်းညိတ်ပြပြီး အဖွဲ့သားများကို ဉီးဆောင်ကာချက်ချင်းလှုပ်ရှားလိုက်လေသည်။
လီလော့သည် အတိုင်းအတာတစ်ခုအထိအရှိန်လျော့ပြီး အုပ်စုနောက်တွင် ရှိနေခဲ့သည်။
ရုတ်တရက်ဆိုသလိုပင် ရင်းနှီးသောရနံ့တစ်ခုက ပျံ့လွင့်လာသည်။လှည့်ကြည့်လိုက်တော့ လုမင်ဖြစ်နေသည်။
"နင် ရာထူးကျသွားပြီပဲ.... "
"အရေးမပါတဲ့အရာတွေပါဟာ......"
"ဘာပဲဖြစ်ဖြစ် ငါကတော့နင့်ကိုပဲအားပေးမယ်...မိန်းမတွေရဲ့ပင်ကိုယ်အသိစိတ်ကြောင့် နင်နဲ့သာဆိုစိတ်ချလုံခြုံတယ်လို့ခံစားနေရတယ်....."
"ခေါင်းဆောင်ရာထူးရတော့ရော ဘာလုပ်ရမှာလဲ....အခုဆို နောက်တန်းကနေ အေးအေးဆေးဆေး အသာမျောလိုက်နေရုံပဲလေ.....ငါတို့ရဲ့တာဝန်က နှင်းရည်စက်နေရာချဖို့ပဲလေ......"
လီလော့က မှောင်မိုက်စွာရယ်မောလိုက်သည်။
"ဟေး...နင်စကားကောင်းကောင်းမပြောတတ်ဘူးလား..."
လုမင်ရယ်မောလိုက်သည်။သို့သော် စက္ကန့်ပိုင်းအတွင်း စိုးရိမ်မှုတစ်ခု ပေါ်လာသည်။
"အသင်းခေါင်းဆောင်တွေက ဒီလိုရန်သူကိုတောင် အောင်နိုင်မလားဆိုတာ သေချာ
မသိသေးဘူး....ကြက်သွေးရောင်ဗိုလ်ချုပ်အကြောင်း သတင်းကို မှတ်မိသေးလား. ဒီလိူအခြေနေမှာတောင် သူ ပေါ်မလာသေးဘူး....အမှောင်ထဲမှာပုန်းနေတဲ့သူက အဆင့်မြင့်ကောင်းကင်ဘုံကပ်ဘေးအဆင့်ထက်တောင် ပိုကြောက်စရာကောင်းနေမှာ သေချာတယ်....."
လီလော့လည်း ဒါကိုသေချာစဉ်းစားလိုက်သည်။ လျှို့ဝှက်ဆန်းကြယ်သော ကြက်သွေးရောင်ဗိုလ်ချုပ်ကိုလည်း လျစ်လျူထား၍မရပေ။ သူမည်မျှ သန်မာသည်ကို မည်သူမျှ မသိကြဘဲ မဟူရာလေပြင်းအင်ပါယာ၏ ပြိုလဲမှု၏နောက်ကွယ်တွင် ထိုသူ သေချာပေါက်ရှိနေလိမ့်မည်။
"ဝမ်းနည်းစရာကောင်းတာက၊ ဒီအမည်မသိပြိုင်ဘက်ကို ယှဉ်နိုင်ဖို့ ငါတို့မှာ အင်အားမရှိဘူး.....အဆင့်မြင့်ကောင်းကင်ဘုံကပ်ဘေးအဆင့် ရှုံးနိမ့်သွားမှ ကြက်သွေးရောင်ဗိုလ်ချူပ်ပေါ်လာရင်တော့အကောင်းဆုံးပေါ့... တကယ်ဆိုငါတို့ကို ရွှံနီပြည်နယ်ဆီ လွှတ်ကိုမလွှတ်သင့်ဘူး....."
"ဟုတ်တယ်..."
လုမင် သက်ပြင်းချလိုက်သည်။ ဤအတိုင်းသာဆို ရောနှောအဆင့်ပြိုင်ပွဲ၏ခက်ခဲမှုက ငရဲကြီးဆယ့်ရှစ်ထပ်ကိုကျော်ဖြတ်ရသည်ထက်ပင်ခက်ခဲနေနိုင်သည်။
နှစ်ယောက်သား စကားတွေဆက်ပြောရင်းနဲ့ ရှေ့ဆက်ခဲ့ကြသည်။ ဤအတောအတွင်း၊ အဖွဲ့ခေါင်းဆောင်များ၏ တိုက်ပွဲများကြောင့် ဖြစ်ပေါ်လာသော ပေါက်ကွဲသံများက ၎င်းတို့ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ဤသို့ဖြင့် လမ်းများပေါ်တွင် အလွန်ချောမွေ့သော ခရီးကို ဖြစ်ပေါ်စေခဲ့သည်။
ပထမနေရာသို့ရောက်သောအခါ၊ သန့်စင်သောနှင်းရည်စက်ကို အလျင်အမြန်နေရာချထားလိုက်ကြသည်။
အဖွဲ့သည် အချိန်မဆိုင်းဘဲ ချက်ခြင်း ဆက်လက်လှုပ်ရှားခဲ့သည်။
လီလော့တို့တတွေ ကြီးမားသောရလဒ်များကို ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။ သန့်စင်ခြင်း နှင်းရည်စက်သုံးစက်ကို တစ်နာရီအတွင်းနေရာချထားနိုင်ခဲ့ပြီး ပုံရိပ်ယောင်အစီအရင်ကိုစတင်ဖြိုခွင်းနိုင်ခဲ့သည်။
သူတို့ရဲ့ ခရီးလမ်းမှာ အခက်အခဲတချို့ ကြုံခဲ့ရပေမယ့် လူတိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပြေလည်သွားခဲ့သည်။
အောင်းပိုင်၏ ခွန်အားကြောင့် ၎င်းတို့ဖြတ်ကျော်သည့် အရှိန်ကို အမှန်တကယ် တိုးတက်စေသည်။
အောင်းပိုင်၏ခွန်အားသည် အမှန်ပင်အားကိုးလောက်စရာပင်......
သန့်စင်သောနှင်းရည်စက်အားလုံးကိုနေရာချထားနိူင်လျှင် လီလော့သည် အောင်းပိုင် ကို စိတ်ရင်းမှန်ဖြင့် ချီးမွမ်းမည်ဖြစ်သည်။
တပ်ခွဲရှစ်ခုသည် ၎င်းတို့၏လုပ်ငန်းကို ဆက်လက်လုပ်ဆောင်နေချိန်တွင် ကြက်သွေးရောင်ဗိုလ်ချုပ်သည် မျှော်စင်ပေါ်တွင် ထိုင်နေဆဲဖြစ်ပြီး အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
သူ့ရဲ့ အာရုံစူးစိုက်မှု အများစုဟာ သွေးအမြီးနတ်ဆိုးကို ဆန့်ကျင်တဲ့ တိုက်ပွဲတွင်သာရှိနေခဲ့သည်။
"ဒီရှစ်ယောက်က သူတို့ရဲ့ မျိုးဆက်ရဲ့ပါရမီရှင်တွေဆိုတာ သံသယဝင်စရာမလိုဘူးပဲ....."
၎င်းတို့အားလုံးသည် ကောင်းကင်ပုလဲအဆင့်တွင်သာရှိကြသော်လည်း ၎င်းတို့၏ ပင်ကိုယ်ဉာဏ်ရည်ဉာဏ်သွေးသည် သာမန်ရွယ်တူများကို ကျော်တက်သွားစေသည့် စွမ်းပကားကို သရုပ်ပြနိုင်စေခဲ့သည်။ သူတို့ကိုသာ ကမ္ဘာခြားသက်ရှိတွေရဲနေရာမှာ ထားလိုက်မယ်ဆိုရင် ပိုထင်ရှားလာမှာအမှန်ပင်.....
တုန်လှုပ်ခြောက်ခြားခြင်းဖြင့် အစပြုခဲ့သော်လည်း၊ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အချိန်နှင့်အမျှ တိုးတက်ကောင်းမွန်လာကာ နောက်ဆုံးတွင် သွေးမြီးနတ်ဆိုးကို ထိန်းထားနိုင်ခဲ့သည်။
အနည်းဆုံးတော့ အရာအားလုံးဟာ အခုအချိန်ထိအဆင်ပြေနေသေးသည်။
နှစ်ဖက်စလုံးရဲ့ ခွန်အားကို ကုန်ဆုံးစေချင်တာကြောင့် ဒါက အကောင်းဆုံး ဖြစ်ရပ်တစ်ခုပင်.....
သို့သော်လည်း ဆရာသခင်အဆင့်မှ ပုရွက်ဆိတ်များက လျင်မြန်စွာ ရွေ့လျားနေပုံပေါ်သည်။
သူမြင်လိုက်ရတာက တစ်မြို့လုံးမှာ သန့်စင်တဲ့ နှင်းရည်စက်တွေကို နေရာချထားပြီး အလင်းတိုင်တွေ ဖန်တီးနေသည်ကိုပင်.... ဒါကို ဗဟိုကျောင်းသားသမဂ္ဂက ဖန်တီးထားပြီး အမှောင်စွမ်းအင်တိုက်စားမှုများကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်တယ်ဆိုတာကိုပြသနေသည်။
သန့်စင်သော နှင်းရည်စက်ကို ချထားလိုက်သည်နှင့် သန့်စင်ရေးအစီအရင်ကို ဖန်တီးနိုင်သည်ကို သူမြင်နိုင်သည်။
တစ်ချိန်ချိန်တွင် သန့်စင်သောနှင်းရည်စက်၏ စွမ်းအားများသည် ပုံရိပ်ယောင်အစီအရင်ကိုလုံးလုံးလျားလျား ချေမှုန်းပစ်ကာ သွေးအမြီးနတ်ဆိုးကို အားနည်းသွားစေသည်။
ဒီယင်ကောင်တွေရဲ့ ရည်ရွယ်ချက်ကို သူ ရှင်းရှင်းလင်းလင်း နားလည်တယ်......
သန့်စင်ရေးအတားအဆီး ပြီးသွားသည့်နှင့် တန်ပြန်တိုက်ခိုက်ရမည့်အချိန်ဖြစ်သည်။
ရုတ်တရက် သူ့အကြည့်တွေ တင်းမာသွားသည်။
"ဒီနှစ်ဖက်စလုံးတိုက်ပွဲကို ကြိုးကိုင်ဖို့ အချိန်အများကြီးယူရတယ်....ဒီကြွက်လေးတွေက ငါ့ရဲ့နောက်ဆုံးဇာတ်သိမ်းကို ပျက်စီးအောင်လုပ်ကြတော့မယ်..."
နောက်ဆုံးတွင်သူသည် အဖြူရောင် ၀တ်စုံဝတ်ထားသော ချောမောသော ထိပ်တန်းရုပ်ရည်သွင်ပြင်ကို အာရုံစိုက်မိသွားသည်။