သစ္စာဖောက်...
Vol. 41 Ch. 574
.
ကျောက်သားမြို့တော်တွင် ကြောက်စရာကောင်းသော တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေဆဲပင်......
တိုက်ပွဲသည် ကောင်းကင်တွင် ကြီးမားသော လှိုင်းလုံးကြီးများဖြစ်ပေါ်စေပြီး တိမ်တိုက်များကို ကြောက်မက်ဖွယ်အရှိန်အဟုန်ဖြင့် လွင့်ပါးစေခဲ့သည်။
အောက်တွင် သေးငယ်သော တိုက်ပွဲများသည် အတိုင်းအတာတခုအထိ ပြင်းထန်စွာ အရှိန်မြှင့်လာသော်လည်း စိတ်ပျက်အားငယ်စရာ မရှိပေ။ ဤဧရိယာတစ်ခုလုံးသည် လူသူကင်းမဲ့သောမြို့ဖြစ်သဖြင့် မတော်တဆ ထိခိုက်သေဆုံးမှုများဖြစ်လာစရာအကြောင်းမရှိပေ။
လန်လန်၊ ပထမမင်းသမီး၊ကုန်းရှန်ကျွင်းနှင့် ကောင်းကင်ပုလဲအဆင့် ကျောင်းသားများသည် သွေးအမြီးနတ်ဆိုးကို တိုက်ခိုက်ရန် အစွမ်းကုန် ကြိုးစားနေကြသည်။
နတ်ဆိုးက လေထုထဲတွင် တခစ်ခစ်ရယ်မောကာ ကျောင်းသားများကို တန်ပြန်တိုက်ခိုက်နေသည်။
အဆင့်မြင့် ကောင်းကင်ဘုံကပ်ဘေးအဆင့်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသော ရန်သူဖြစ်သည်။
ကောင်းကင်ပုလဲအဆင့် ကျောင်းသား ရှစ်ယောက်နှင့်တိုက်ခိုက်နေရသော်လည်း အားသာချက်ကို ထိန်းထားနိုင်သေးသည်။
ကျန်းချင်းအာသည် ကြယ်သုံးပွင့်ခန်းမကျောင်းသားများကိုဉီးဆောင်ပြီး အဆင့်နိမ့် ကောင်းကင်ဘုံကပ်ဘေးအဆင့်များကို ဖြေရှင်းပြီးပြီ ဖြစ်သော်လည်း သဘာဝကပ်ဘေးအဆင့် ရန်သူများစွာ ကျန်နေသေးသည်။
ကျန်းချင်းအာ ကမ္ဘာခြားသက်ရှိငါးကောင်းကိုသုတ်သင်ကာ ရဲဘော်ရဲဘက်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သည်။
ကြယ်သုံးပွင့်ခန်းမ ကျောင်းသားများ အဆင်ပြေပြေခုခံပေးနေသောကြောင့် မင်းသမီးတို့အတွက် ဝန်ပေါ့စေခဲ့ပါသည်။
ကြံ့ခိုင်မှုအရ လီလော့တို့ အုပ်စုသည် တိုက်ပွဲသုံးခုအနက် အညံ့ဆုံးဖြစ်သည်။ ၎င်းတို့ထဲတွင် အသန်မာဆုံးသူများမှာ အောင်းပိုင်နှင့် ယွမ်ဘန်ရှန်းတို့ဖြစ်သည်။ယွမ်ဘန်ရှန်းသည် ခန်းမအဆင့်ပြိုင်ပွဲတွင် အောင်းပိုင်ကို ရှုံးနိမ့်ခဲ့သော်လည်း သူသည် အခြားသော ပုံသဏ္ဍာန်ပြောင်းလဲခြင်း စတုတ္ထအဆင့် ကျောင်းသားများထက် များစွာ အားကောင်းနေဆဲဖြစ်သည်။
ပြီးခဲ့သောနာရီအတွင်း ၎င်းတို့သည် အရှိန်အဟုန်ဖြင့် လှုပ်ရှားခဲ့ကြရာ နှင်းရည်စက် ခြောက်စက်ကို နေရာချထားပြီးခဲ့ပြီဖြစ်သည်။
သူတို့အခုလို လျင်မြန်စွာလှုပ်ရှားနိုင်ရခြင်းမှာ ကျန်းချင်းအာတို့က သဘာဝကပ်ဘေးအဆင့်များကို ရှင်းပေးနေသောကြောင့်ပင်....
ဝုန်းးးးးးး
နောက်ထပ် သန့်စင်သော နှင်းရည်စက်တစ်စက် ကျလာပြီး နောက်ထပ် သန့်စင်သော အတားအဆီးတစ်ခု ပွင့်ထွက်လာသည်။ထို့ကြောင့် လီလော့နှင့် အခြားသူများ သက်သာရာ ရသွားကြသည်။
"နောက်ထပ် သုံးစက်ပဲကျန်တော့တယ်... ငါတို့ စည်းစနစ်တကျ ဖွဲ့စည်းရတော့မယ်!"
အောင်းပိုင်က သူတို့ကို အားပေးသည့်အနေဖြင့် အော်ပြောလိုက်သည်။
သန့်စင်ရေးအစီအရင်ပြည့်စုံသည်နှင့် ပုံရိပ်ယောင်အစီအရင်ကိုအပြည့်အဝ ချေဖျက်ပစ်မည်ဖြစ်ပြီး၊ ထို့နောက်တွင် အဆင့်မြင့်ကောင်းကင်ဘုံကပ်ဘေးအဆင့်ကိုထိခိုက်စေလိမ့်မည်။
"လာကြ.... အရှိန်နည်းနည်းမြှင့်လိုက်!"
အောင်းပိုင်က သူတို့ကို တိုက်တွန်းပြီး ဉီးဆောင်လှုပ်ရှားလိုက်သည်။
တခြားသူတွေက သူ့နောက်ကို အရှိန်မြှင့်ကာလိုက်သွားကြပြီး နောက်ကျကျန်နေတဲ့ လီလော့ကတောင် အတတ်နိုင်ဆုံး အမှီလိုက်နေခဲ့သည်။
အောင်းပိုင်က အဖွဲ့ကို တာဝန်ယူထားတဲ့အတွက် ပြသာနာသိပ်မရှိပေ။
အောင်းပိုင်ကသာ ရန်သူအားလုံးကို မားမားမတ်မတ် ရင်ဆိုင်ပြီး မစ်ရှင်၏ အဆုံးထိ လျှောက်လှမ်းနိုင်လျှင် ပို၍ပင် ပျော်ရွှင်စရာကောင်းနေလိမ့်မည်။
လီလော့ ထိုသို့ တွေးနေချိန်မှာတော့ အဖွဲ့ဟာ အခြားလမ်းတစ်ခုကို လျှောက်လှမ်းနေပြီဖြစ်သည်။
လမ်းကြားထဲက ထွက်လာသောအခါတွင် ထူးဆန်းသောလေတသုတ် သူတို့မျက်နှာကို တိုက်ခတ်လာသည်။
အများစုက ပဲ့တင်ထပ်သံစွမ်းအားဖြင့် အလိုလို အကာအကွယ်တွေ ထုတ်လွှတ်နေကြသော်လည်း လေသုတ်က အရိုးထိအောင်အေးစိမ့်စေသည်။
"သတိထားကြ.... ကမ္ဘာခြားသက်ရှိတွေရောက်လာပြီ...."
လီလော့က ကမန်းကတန်း အော်လိုက်သည်။
ကျောင်းသားများသည် ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်ပြီး ၎င်းတို့၏ ခန္ဓာကိုယ်မှ အေးစက်မှုကို ဖယ်ရှားပစ်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် တင်းတင်းကျပ်ကျပ် စုဖွဲ့ကာ ခြိမ်းခြောက်မှုမှန်သမျှကို ရင်ဆိုင်ခဲ့ကြသည်။
အံ့သြစရာကောင်းတာက ထူးဆန်းတဲ့လေတသုတ်တိုက်ပြီးနောက် နောက်ထပ်ဘာမှ အနှောင့်အယှက်မရှိတော့ပေ။
"ဘာဖြစ်နေတာလဲ"
စွန်းတရှန် မျက်မှောင်ကြုတ်လိုက်သည်။
လူတိုင်းကလည်း ထ်ိုသို့တွေးနေကြသည်။
တင်းမာသော တိတ်ဆိတ်မှုမှာ တစ်မိနစ်ခန့်သာကြာမြင့်ခဲ့ပြီး...
"စီနီယာအောင်းပိုင်.....ငါတို့ အခု ဘာလုပ်သင့်လဲ"
လီလော့ အောင်းပိုင်ကိုအကဲခတ်လိုက်တော့ အောင်းပိုင်က မည်သူ့ကိုမျှ ပြန်မဖြေဘဲ ရုပ်တုတစ်ခုကဲ့သို့ ငြိမ်သက်နေသည်။
လီလော့ မျက်မှောင်ကျုံ့လိုက်မိသည်။
အောင်းပိုင်ရဲ့နောက် ယွမ်ဘန်ရှန်းက ပုခုံးပုတ်လိုက်ပြီး....
"အစ်ကိုအောင်.... မင်း ဘာဖြစ်နေတာလဲ"
ယွမ်ဘန်ရှန်း၏လက်နှင့် အောင်းပိုင်၏ပခုံးကိုထိလိုက်သည့်အခိုက်တွင် အောင်းပိုင် ရုတ် တရက်လှုပ်ရှားလိုက်ပြွး ယွမ်ဘန်ရှန်းကိုပြင်းထန်စွာထိုးနှက်လိုက်သည်။
အငိုက်မိသွားသည့်အတွက် ယွမ်ဘန်ရှန်း အတော်အထိသွားခဲ့သည်။
သူ၏ ပါးစပ်မှ သွေးများ ထွက်ကျလာပြီး အရိုးများ အက်ကွဲသွားသည်။
ဤသစ္စာဖောက်မှုသည် သူတို့အားလုံးကို အံ့အားသင့်စေခဲ့သည်။
အောင်းပိုင်က ယွမ်ဘန်ရှန်းကို တိုက်ခိုက်နေတာလား.....
သူတို့ တုန်လှုပ်နေတုန်းမှာ အောင်းပိုင်က ထပ်ပြီး လှုပ်ရှားလိုက်ပြန်သည်။ လက်ဖဝါးပုံသဏ္ဍာန် အရိပ်နှစ်ခု ထွက်ပေါ်လာပြီး အနီးကပ်ဆုံး ကျောင်းသားနှစ်ယောက်ကို ဖြိုခွင်းပစ်လိုက်သည်။
နှစ်ယောက်ထဲက တစ်ယောက်က အောင်းပိုင် ကို အားပေးထောက်ခံမှုများပေးခဲ့သော ဇူရွှမ်းဖြစ်နေသည်။
"အစ်ကိုအောင်း မင်းဘာဖြစ်နေတာလဲ?!"
သူနဲ့အောင်းပိုင် နှစ်ယောက်စလုံးက ကြယ်ပွင့်ခန်းမကျောင်းသားတွေဖြစ်ပေမယ့် သူတို့ရဲ့ စွမ်းအားကွာခြားချက်က ကြီးမားလွန်းလှသည်။
ဝုန်းးးးးး
အောင်းပိုင်ကို အစွမ်းကုန် ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း မကြာမီတွင် ယွမ်ဘန်ရှန်းကဲ့သို့ ရှုံးနိမ့်သွားခဲ့သည်။
ခဏအကြာတွင် အောင်းပိုင်နှင့် အရင်းနှီးဆုံး ကျောင်းသားသုံးဦးစလုံး ဒဏ်ရာအပြင်းအထန်ရခဲ့သည်။
"စီနီယာ အောင်းပိုင် မင်း ဘာဖြစ်နေတာလဲ!?"
ကျင်းထန်ရှုက အော်လိုက်ပြန်သည်။
စွန်းတရှန်နှင့်လုမင် တို့သည်လည်း အောင်းပိုင်ကို မျက်လုံးများ ပြူးကျယ်စွာဖြင့် ကြည့်နေကြသည်။
သူတို့အဖွဲ့ငယ်လေးထဲက အသန်မာဆုံးသူက သူတို့ကို တိုက်ခိုက်နေပြီ.....
" စီနီယာအောင်းပိုင်ရဲ့ ခန္ဓာကိုယ်က သူ့ကိုယ်ပိုင်မဟုတ်တော့ဘူး... "
လီလော့၏ စကားသံထွက်ပေါ်လာသည်။
"နင် ဆိုလိုတာက... သူ ထိန်းချုပ်ခံနေရတာလား...."
လုမင်က တိုးတိုးလေးရေရွတ်နေသည်။
လီလော့က ပြန်မဖြေဘဲ ခေါင်းကိုမော့ပြီး ကျန်ကျောင်းသားလေးယောက်ကို ကြည့်နေသည့် အောင်းပိုင်ကိုသာ အကဲခတ်နေသည်။
အောင်းပိုင်၏မျက်နှာက ခံစားချက်မဲ့နေပြီး လန်းဆန်းသောအပြုံးများလည်း လုံးဝပျောက်ကွယ်သွားခဲ့သည်။ နီညိုရောင်အတောင်ပံများနှင့် ပိုးဖလံတစ်ကောင်ကိုသာ သူ့မျက်လုံးများထဲတွင် မြင်နေရသည်။
ကြက်သွေးရောင်ပိုးဖလံသည် ၎င်း၏အတောင်ပံများကို ခတ်ကာ အောင်းပိုင်၏မျက်လုံးများတွင် အနီရောင်အမှုန်အမွှားများစိမ့်ဝင်စေခဲ့သည်။
အောင်းပိုင် ရုတ်တရက် သွေးမျက်ရည်ကျလာသဖြင့် အားလုံးတုန်လှုပ်သွားကြသည်။