ဂိမ်းနဲ့အတူ ပူးတွဲ အစီအစဉ် တစ်ခု ဖန်တီးလိုက်
Vol. 20 Ch. 286
မာယိချွမ် ခပ်မြန်မြန်ပဲ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ တရားဝင်ဝတ္ထုအောက်က ကောမန့်များကို ဖတ်ကြည့်လိုက်ပါသည်။ အများစုက အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းကို ကစားပြီး ဝက်ဘ်ဆိုက်ထံ ရောက်လာကြသူများ ဖြစ်မှန်း မြင်လိုက်ရသည်။ အမှန်ပင်။ ဂိမ်းထွက်ထားတာလည်း မာယိချွမ် သိပါသည်။ ဘာပဲဖြစ်ဖြစ် တခြား အယ်ဒီတာတွေနဲ့အတူတူ ဒီဂိမ်းရဲ့ ဇာတ်လမ်းကို သူရေးခဲ့တာပဲ မဟုတ်လား။
ဂိမ်းအတွက် သူလည်း အထောက်အကူပြုပေးခဲ့ပါသည်။
သို့သော်လည်း မာယိချွမ် မထင်ခဲ့တာက စာဖတ်သူများစွာ တရားဝင်ဝတ္ထုကို ဒီလောက် စိတ်ဝင်စားကြလိမ့်မည်ဆိုတာပဲဖြစ်သည်။
ဇာတ်လမ်းအစီအစဥ်ချခြင်က မာယိချွမ်၏ အားသန်ရာဖြစ်သည်။ ထို့ကြောင့် ပြည်တွင်း ဂိမ်းလောက၏ အခြေအနေကို ကောင်းကောင်းနားလည်ခြင်းဖြစ်သည်။ ဇာတ်လမ်းအစီအစဥ်ချခြင်းက ဂိမ်းတစ်ခု၏ ‘အပေါ်ယံအရေခွံကို ပြောင်းလဲလိုက်ခြင်း’ နဲ့ညီမျှသည်။ အခုခေတ်တွင် ပြည်တွင်းဂိမ်းလောကက ဂိမ်းတွေရဲ့ ဇာတ်လမ်းဇာတ်ကွက်ကို ဂိမ်းရဲ့ အရေးမကြီးဆုံး အပိုင်းဟု မြင်ကြသည်။
အထူးသဖြင့် မိုဘိုင်းဂိမ်းနဲ့ ဝက်ဘ်ဆိုက်ဂိမ်းတွေအတွက်ဆို ပိုမှန်ကန်ပါလိမ့်မည်။ ပရောဂျက် အဖွဲ့များစွာမှာ ဇာတ်လမ်းအစီအစဥ်ချသူဆိုတာတောင် မရှိပါ။ ထို့အစား ၎င်းတို့၏ စီမံမှုအစီအစဥ်ဆွဲသူများကိုသာ ဘာသာစကားကျွမ်းကျင်ပါက ဇာတ်လမ်းရေးဖို့ တာဝန်ပေးကြသည်။
ပရောဂျက်အဖွဲ့အများစုက ကြွယ်ဝသည့် ဇာတ်လမ်းဇာတ်ကွက်မျိုးကို ပိုလိုအပ်သည့် Client-side ဂိမ်းများအတွက်တောင် ဇာတ်လမ်းရေးဆွဲသူတွေကို ငှားရမ်းဖို့ ငွေတွေ အများကြီးသုံးမှာမဟုတ်ပါ။ သူတို့အများဆုံးလုပ်တာက ယဥ်ကျေးမှုစာပေ မေဂျာ ဘွဲ့ရကျောင်းသား အသစ်စက်စက်လေး တစ်ယောက်ကို ခေါ်ယူပြီး အနိမ့်ဆုံး လစာပေးကာ ဇာတ်လမ်းတစ်ခု ရေးခိုင်းလိမ့်မည်။
အနှစ်ချုပ်အားဖြင့် ဆိုရလျှင် ပြည်တွင်း ဂိမ်းကုန်သည် အများစုက ၎င်းတို့ ဂိမ်းတွေရဲ့ ဇာတ်လမ်း ဇာတ်ကွက်ကို ဂရုမစိုက်ပါ။ ဂိမ်မာအများစုကလည်း စိတ်မဝင်စားကြပါ။
လက်တွေ့ကျကျပြောရလျှင် ဂိမ်းကုန်သည်တွေက ဂိမ်မာတွေ စိတ်မဝင်စားလို့ ဂိမ်းဇာတ်လမ်းကို ဂရုမစိုက်ကြတာလား၊ ဂိမ်းကုန်သည်တွေ ဂရုမစိုက်လို့ ဂိမ်မာတွေက ဂိမ်းဇာတ်လမ်းကို စိတ်မဝင်စားကြတာလား။
အဖြေမရှိသည့် ကြည်ဥနဲ့ ကြည်မ ပြဿနာနဲ့တောင် ဆင်တူနေပါသည်။
ဂိမ်းတွေရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို လက်ရှိ ပြည်တွင်း ဂိမ်းကုန်သည်တွေက လျစ်လျူရှုထားကြသည်ဟုသာ ဖေးချမ့်ဆိုနိုင်ပါသည်။
ပြည်တွင်းအခြေအနေကို မဆိုဦးနဲ့၊ အကောင်းဆုံး ဇာတ်လမ်းများကို ပိုင်ဆိုင်ထားသည့် ပြည်ပ AAA ဂိမ်းများ၏ အော်ရဂျင်နယ် ဝတ္ထုများကို ရည်ရွယ်ချက်ရှိရှိ ရှာဖတ်ကြသော ကစားသမားတွေလည်း အလွန်နည်းပါသ်ည။
အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ၏ တရားဝင်ဝတ္ထုကို ကောင်းကောင်းမွန်မွန်ရေးသားထားသည်ဟု မာယိချွမ် ထင်သော်လည်း ထိုကဲ့သို့ ကောင်းမွန်သည့် ရလဒ်မျိုးတွေ ရလောက်တဲ့အထိတော့ မကောင်းနိုင်ပါ။
ထို့ကြောင့် မာယိချွမ်က ဒီလို တိုးတက်လာမှုမျိုးကို မျှော်လင့်မထားခဲ့ပေ။ သူလုံးဝ တုန်လှုပ်သွားခဲ့ရ၏။ ဒီလို အဖြစ်အပျက်မျိုး ဘာကြောင့်ဖြစ်လာသလဲဆိုတာကို စုံစမ်းဖို့ အမြန် ကြိုးစားလိုက်ပါသည်။
ဆရာချောင်း၏ ပရိသတ်များက ကောမန့်ထဲတွင် အများဆုံးဖြစ်သည်။ ထို့ကြောင့် မာယိချွမ်လည်း ဆရာချောင်း၏ ဗီဒီယိုဆီ ခြေရာခံကာ ရောက်ရှိသွားခဲ့ပါသည်။
ဗီဒီယိုကို ကြည့်သွားတာနဲ့ သူတစ်ခုခုကို နားလည်သဘောပေါက်သွားခဲ့သည်။ ဒီလိုဖြစ်သွားတာကိုး။ ဇာတ်လမ်းတစ်ခုတည်းနဲ့ မဆိုင်ဘူး။
နိုင်ငံခြား AAA ဂိမ်းများ၏ ဇာတ်လမ်းဇာတ်ကွက်များက အလွန်ကောင်းမွန်ကြသည်။ သို့သော်လည်း ၎င်းတို့၏ တရားဝင် ဝတ္ထုများက အများအားဖြင့် ၎င်းတို့၏ ဂိမ်းနဲ့ ထပ်တူဖြစ်နေကြသည်။
တကယ်တော့ အော်ရဂျင်နယ် ဝတ္ထုများ၏ ဇာတ်လမ်းဇာတ်ကွက်တွေက တစ်ခါတစ်လေ မပြည့်မစုံတောင် ဖြစ်နေတတ်ပါသည်။ ဂိမ်းက မူရင်း ဝတ္ထုများထဲက ဇာတ်လမ်းများကို ချဲ့ထွင်သွားတတ်ကြသည်။
အကြောင်းအရာအရ ဝတ္ထုက ၇ မှတ်ရလျှင် သက်ဆိုင်ရာ ဂိမ်းက ၁၀ မှတ်ရပါသည်။
ဒါတွေ အာားလုံးထက် ဂိမ်းတွေက ပိုမို ထိတွေ့နိုင်သည်၊ ရုပ်လုံးရှိသည်၊ အနုပညာဆန်သည်။ စကားလုံးတွေနဲ့သာ ဖော်ပြနိုင်သည့် ဝတ္ထုတွေထက် ဂိမ်းတွေက အများကြီး ပိုမို ထုတ်ဖော်နိုင်ပါသည်။ ဒီလိုဆို ဝတ္ထုနဲ့ ဂိမ်းတွေအကြားက ကွာဟချက်ကြီးကို နားလည်နိုင်ပါသည်။
ဂိမ်မာအများစုက ဂိမ်းများ၏ မူလဝတ္ထုများကို ဖတ်ဖို့တောင် မစဥ်းစားတတ်ကြပါ။ အဘယ့်ကြောင့်ဆိုသော် ဝတ္ထုတွေက ဂိမ်းတွေလောက် ပီပြင်မှာ မဟုတ်သောကြောင့်ပင်။
သို့သော်လည်း အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းအတွက်တော့ အခြေအနေက လုံးဝ ခြားနားနေပါသည်။
ဂိမ်း၏ ဇာတ်လမ်းဇာတ်ကွက် များစွာကို သိုဝှက်ထားသည်။ မူရင်းဝတ္ထုက ၁၀ မှတ်ရလျှင် ဂိမ်းက ၅ မှတ်လောက်သာ ရနိုင်ပါသည်။
ထို့အပြင် ဂိမ်းက ဇာတ်လမ်းဇာတ်ကွက်၏ အပေါ်ယံမျှကိုသာ ဖော်ပြထားခြင်းဖြစ်၏။ ဂိမ်းထဲက ပစ္စည်းပစ္စယတွေ၊ ဖော်ပြချက်တွေကလည်း ဝတ္ထုထဲက ကုန်ကြမ်းများကို ရှေ့ပြေးပြသသည်ဆိုရုံသာ ရှိသည်။
သို့သော်လည်း ဂိမ်းက အတော်လေး ကောင်းမွန်သည်။ ဂိမ်းကစားနေစဥ် ကစားသမားတွေက ဇာတ်လိုက်နဲ့ အများကြိး ဆက်နွယ်နိုင်သည့် လေးလေးနက်နက် အဓိပ္ပာယ်မျိုး ရှိသည်။ ထို့ကြောင့် ကစားသမားတွေက အလွန်စိတ်ဝင်စားလာကြပြီး ဂိမ်းရဲ့ ဇာတ်လမ်းထဲမှာ နစ်ဝင်သွားကြပါသည်။ မပြီးမပြတ်သေးသည့် ဇာတ်လမ်းတစ်ပုဒ်ကြောင့် သူတို့မေးခွန်းတွေ အဖြေရဖို့ဆိုလျှင် ဂိမ်း၏ တရားဝင်ဝတ္ထုကို ဖတ်ရှုရမည်ဖြစ်ကြောင်း ကစားသမားတွေ နားလည်ကြပါသည်။
မာယိချွမ် စိတ်လှုပ်ရှားသွားရသည်။ တော်လိုက်တာ။
ငါတို့ တရားဝင်ဝတ္ထုကို ရေးနေတုန်း ဒီအကြောင်းကို ဘာလို့မစဥ်းစားမိခဲ့ပါလိမ့်။ မာယိချွမ်က ဇာတ်လမ်းနဲ့ တရားဝင်ဝတ္ထုတို့ကို အတည်ပေါက်ကြီး မရေးသားခဲ့ပါ။ ကျူးရှင်းအန်ကသာ သူ့ထက်ပိုစိတ်အားတက်ကြွသည့် လူတစ်ယောက်ဖြစ်သည်။ ကျူးရှင်းအန်ကြောင့်သာ မဟုတ်ပါက တရားဝင်ဝတ္ထုကို ဒီလောက် မှန်မှန် Update တင်နိုင်မှာ မဟုတ်ပါ။
“ဒီလောက်အရေးကြီးတဲ့တာဝန်ကို ငါဘယ်လိုများ လျစ်လျူရှုခဲ့မိပါလိမ့်။ ဘော့စ်ဖေးရဲ့ အစီအစဥ်တွေကို ဖျက်ဆီးမိတော့မလိုတောင် ဖြစ်သွားတယ်။ ငါ မလုပ်ခဲ့သင့်ဘူး…”
“ကြည့်ရတာ ကျူးရှင်းအန်က ပျိုးထောင်ပေးထိုက်တဲ့ ပါရမီရှင်တစ်ယောက်နဲ့ တူတယ်”
“နေဦး အခုက ဒါတွေစဥ်းစားရမယ့် အချိန််မဟုတ်သေးဘူး။ ဒီအခွင့်အရေးကို အသုံးချပြီး ငါတို့ တတ်နိုင်သမျှ စာဖတ်သူတွေကို ဆွဲခေါ်ထားရမယ်”
မာယိချွမ် ပိုအရေးကြီးသည့် ကိစ္စတစ်ခုကို သတိရသွားသည်။ ကျုံးထျန်တရုတ်နက်ဝေါ့ခ်၏ စီအီးအို တစ်ယောက်အနေဖြင့် သူ့အလုပ်သူ လုပ်ရမည်။
ဘော့စ်ဖေးက ကျုံးထျန်တရုတ်နက်ဝေါ့ခ်ထံသို့ စာဖတ်သူများစွာနဲ့ အသုံးပြုသူများစွာကို ခေါ်ဆောင်ပေးနိုင်ဖို့ အများကြီး ကြိုးစားခဲ့ရသည်။ မာယိချွမ်က ထိုအသုံးပြုသူများကို များနိုင်သမျှ များအောင် ထိန်းသိမ်းထားပေးရပါမည်။
အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းက အချိန်တစ်ခုအထိ ကျုံးထျန်တရုတ်နက်ဝေါ့ခ်စာပေထံသို့ အသုံးပြုသူတွေကို ပို့ဆောင်ပေးနေမှာ မာယိချွမ် သေချာသိပါသည်။ နောက်ထပ် ရက်ပိုင်းအနည်းငယ်အတွင်း၊ သို့မဟုတ် နောက်ထပ် ရက်သတ္တပတ် အနည်းငယ်အတွင်း ကျုံးထျန်တရုတ်နက်ဝေါ့ခ်ကို ဝင်ရောက်ကြည့်ရှုသူအရေအတွက် တိုးမြင့်သွားနိုင်သည်။
သို့သော်လည်း ဒါတွေက အပေါ်ယံ နံပါများသာဖြစ်သည်။ လူအများစုက အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဝတ္ထုကို ဖတ်ဖို့သာ ဝက်ဘ်ဆိုက်ကို ရောက်လာကြခြင်း ဖြစ်၏။ သူတို့ထဲကဘယ်နှယောက် ဆက်နေမလဲဆိုတာ ပြောဖို့ခက်ပါသည်။
ထို့ကြောင့် အားလုံးကို ဆက်ခေါ်ထားနိုင်ဖို့ နည်းလမ်းတစ်ခုခု မာယိချွမ် စဥ်းစားရမည်။
မာယိချွမ် အချိန်မဖြုန်းတော့ဘဲ ကျူးရှင်းအန်ကို သူ့ရုံးခန်းထဲ ချက်ချင်းခေါ်လိုက်ပါသည်။
“မြန်မြန် ငါတို့စာဖတ်သူ အသစ်တွေအားလုံးကို ဆက်ခေါ်ထားနိုင်အောင် အော်ပရေးရှင်းဝန်ထမ်းတစ်ယောက်ကို အစီအစဥ်တစ်ခု ဖန်တီးခိုင်းလိုက်”
“အသုံးပြုသူအသစ်တွေကို အခမဲ့စာအုပ်ဖတ်ခွင့်ပေးတဲ့ အစီအစဥ်ရှိပြီးသားမလား။ အဲ့ဒါကို အခြေပြုပြီး အဆင့်ပိုမြှင့်လိုက်ချေ”
“ဂိမ်းရဲ့ ၇ ရက် လော့အင် အစီအစဥ်တွေကို အခြေခံပြီး တစ်ခုခုစဥ်းစားကြကွာ”
ကျူးရှင်းအန်က ဂိမ်းတွေရဲ့ ၇ ရက်လော့အင်အစီအစဥ်များနဲ့ ရင်းနှီးမှုမရှိမှာကို မာယိချွမ် စိုးရိမ်မိပါသည်။ ထို့ကြောင့် အချိန်ယူပြီး ကျူးရှင်းအန်ကို အသေးစိတ်ရှင်းပြလိုက်၏။
ဂိမ်းတစ်ခုက ကစားသမားအသစ်တစ်ယောက်ကို ၇ ရက်ဆက်တိုက် နေ့စဥ် ဂိမ်းထဲလော့အင် ဝင်အောင်လုပ်နိုင်ပါက အလေ့အကျင့်တစ်ခု ဖြစ်သွားမည်။ ထိုဂိမ်းက ထိုကစားသမားကို အောင်မြင်စွာနဲ့ ဆွဲထားနိုင်လိုက်ပါပြီ။
ဝက်ဘ်ဆိုက်ဂိမ်းများ၊ မိုဘိုင်းဂိမ်းများ၏ ဖန်တီးသူများက အချိန််ယူကာ အကြာကြီး ဦးနှောက်စားပြီး ကစားသမားတွေကို ဘယ်လိုဆွဲခေါ်ထားရမလဲဆိုတာ စဥ်းစားလေ့ရှိကြသည်။ သုတေသနတစ်ခုပြုလုပ်ပြီးနောက် ၇ ရက်လော့အင် စနစ်ကို ဖန်တီးလိုက်ကြပါသည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် ကစားသမားအသစ်တစ်ယောက် စာရင်းသွင်းပြီး ပထမ ၇ ရက်စလုံးတွင် နေ့တိုင်း တစ်ခုခုလုပ်ပေးဖို့ စီစဥ်ကြသည်။ ဆွဲဆောင်မှုရှိသော ဆုလာဘ်များနဲ့ မျှားခေါ်ပြီး ကစားသမားတွေကို ဂိမ်းအလေ့အကျင့် ရိုက်သွင်းကြပါသည်။
ဒီနည်းလမ်းက အပေါစားဆန်သော်လည်း အတော်လေး သက်ရောက်မှုရှိတယ် ဆိုတာကိုတော့ ဝန်ခံရပါမည်။
မဟုတ်ပါက မိုဘိုင်းဂိမ်းတွေနဲ့ ဝက်ဘ်ဆိုက်ဂိမ်းတွေအတွက် ထုံးတမ်းအစဥ်အလာလို့ ဖြစ်လာစရာ အကြောင်းမရှိပါ။
“စာဖတ်သူတွေကို နေ့တိုင်းပေးဖို့အတွက် ဆုတစ်ခုခု စဥ်းစားကြ။ ဥပမာ ငါတို့ ဝက်ဘ်ဆိုက်ပေါ်မှာ အချိန်တစ်ခုအထိ စာဖတ်မယ်ဆိုရင် ဝတ္ထုတချို့ အခမဲ့ပေးလိုက်”
“သူတို့လုပ်ဖို့ လိုအပ်တဲ့ လှုပ်ရှားမှုကလည်း မခက်ရဘူး။ ဆုလာဘ်ကို ရဖို့အတွက် သူတို့ကို လက်ချောင်းလေးတွေဘာညာ လှုပ်ခိုင်းတာတို့ဘာတို့တောင် လုပ်လို့ရတယ်”
“၂ ရက်မြောက်နေ့နဲ့ ၇ ရက်မြောက်နေ့တို့မှာ ပေးမယ့် ဆုလာဘ်က အရေးအကြီးဆုံးပဲ။ ၇ ရက်မြောက်နေ့မှာ ပေးမယ့် ဆုလာဘ်က အကောင်းဆုံးဖြစ်ရမယ်။ ၂ ရက်မြောက်နေ့မှာ ပေးမယ့်ဟာကလည်း သူ့ထက် မဆိုသလောက်လေးပဲ ညံ့ရမယ်။ ဒါပေမယ့် နှစ်ခုစလုံးက လုံးဝ ဆွဲဆောင်မှုရှိနေမှဖြစ်မယ်နော်”
“မင်း အကြံကောင်းလေး ဘာလေး စဥ်းစားမိလား”
မာယိချွမ်က ကျူးရှင်းအန်ကို ကြည့်လိုက်သည်။
ကျူးရှင်းအန်က ခေတ္တ စဥ်းစားကြည့်လိုက်သည်။ “၂ ရက်မြောက်နေ့မှာ တစ်ပတ်တာ အကန့်အသတ်မရှိ ဖတ်ရှုခွင့်ပေးလိုက်ပြီး ၇ ရက်မြောက်နေ့မှာတော့ တစ်လတာ အကန့်အသတ်မရှိ ဖတ်ရှုခွင့်ပေးလိုက်မယ်လေ”
“အာ… အဲ့တာကတော့ နည်းနည်း ရိုးရှင်းတယ်” မာယိချွမ် ခေါင်းခါလိုက်ပါသည်။
“ပြီးတော့ စာဖတ်သူအများစုက ၁ ပတ်နဲ့ ၁ လတာ အခမဲ့ဖတ်ရှုခွင့်အကြား ခြားနားချက်ကို မြင်မှာ မဟုတ်ဘူး”
“ငါတို့ ဝတ္ထုတွေကို သူတို့သဘောကျရင်တော့ ၁ ပတ်အခမဲ့ဖတ်ရှုခွင့်ပေးလိုက်ပြီး အောင်အောင်မြင်မြင်နဲ့ ခေါ်ထားနိုင်လိမ့်မယ်။ ငါတို့ဝတ္ထုတွေကို မကြိုက်ဘူးဆိုရင် ၁ လအခမဲ့ ဖတ်ရှုခွင့်ပေးရင်တောင် ဘာမှမထူးဘူးလေ”
“ပိုပြီးစိတ်လှုပ်ရှားဖို့ ကောင်းမယ့်အရာမျိုးကိုလိုတာ”
ကျူးရှင်းအန် လေးလေးနက်နက် စဥ်းစားလိုက်၏။ နောက်ဆုံးတော့ သူထုတ်ပြောလိုက်ပါသည်။
“ဂိမ်းနဲ့ပတ်သတ်တာ တစ်ခုခု ပေးလိုက်မယ်လေ။ ကျွန်တော်တို့ ဝက်ဘ်ဆိုက်ကို လာကြတဲ့ လူတွေက ဂိမ်မာတွေများတယ်။ သူတို့က အဲ့လိုဆုမျိုးကို ပိုစိတ်ဝင်စားလောက်တယ်”
မာယိချွမ် လက်ခုပ်တီးလိုက်၏။ “ကောင်းတယ် အဲ့အကြံကောင်းတယ်”
“ငါတို့ ဂိမ်းနဲ့ အစီအစဥ်ပူးပေါင်းလိုက်ရင် ဂိမ်မာတွေကို ပိုပြီး ဆွဲဆောင်နိုင်လိမ့်မယ် ပြီးတော့လည်း နောက်ထပ် ဘက်ဂျက်အပိုတွေဘာတွေ မလိုဘူး။ ဆိုလိုတာက ဘော့စ်ဖေးကို တင်ပြဖို့ မလိုဘူး။ လီယာ့တာနဲ့ သီးသန့်ပြောကြည့်ဖို့ပဲလိုတယ်”
“ဒါဆို ဆုံးဖြတ်လိုက်ပြီနော်။ ၁ ရက်မြောက်နေ့မှာ ၃ ရက်တာ အကန့်အသတ်မဲ့ ဖတ်ရှုခွင့်ကို ပေးလိုက်မယ်။ ၂ ရက်မြောက်နေ့မှာ ၇ ရက်တာ အကန့်အသတ်မဲ့ဖတ်ရှုခွင့်ကို ပေးမယ်။ ၇ ရက်မြောက်နေ့မှာတော့ ဂိမ်းထဲက ပစ္စည်းတစ်ခုခုကို ဆုချမယ်”
“တခြား နေ့တွေအတွက်လည်း ကျုံးထျန်အကြွေစေ့တို့၊ ဒစ်စ်ကောင့်တို့ စတဲ့ ဆုတွေ ပေးမယ်”
ကျူးရှင်းအန်က ခေါင်းငြိမ့်လိုက်သည်။ “ကောင်းပါပြီ။ အော်ပရေးရှင်းဝန်ထမ်းကို သွားပြောလိုက်မယ်။ ကျွန်တော်တို့ တတ်နိုင်သမျှ အမြန်ဆုံး အစီအစဥ်တစ်ခု စဥ်းစားပါ့မယ်”
ကျုံးထျန်တရုတ်နက်ဝေါ့ခ်ထဲက လူအားလုံး ချက်ချင်းဆိုသလို တက်ကြွလာကြသည်။
စစ်တပ်တွေက ၁ ရက်တာ တိုက်ပွဲတစ်ခုတည်းအတွက် လပေါင်းများစွာ လေ့ကျင့်ရလေ့ရှိသည်။
ဘော့စ်ဖေးက ဒီလောက်လူတွေအများကြီးကို ဝက်ဘ်ဆိုက်ဆီသို့ အရောက်ခေါ်လာပေးခဲ့ပါပြီ။ သူတို့ စာဖတ်သူအသစ်တွေကို ဆက်ခေါ်ထားဖို့ မအောင်မြင်ပါက ဘော့စ်ဖေးကို အားလုံး စိတ်ပျက်စေလိမ့်မည်။ သူတို့ အထုပ်အပိုငးပြင်ကာ အိမ်ပြန်ဖို့သာ ရှိပါတော့သည်။
မာယိချွမ်က လီယာ့တာကို မက်ဆေ့ပို့လိုက်ပြီး သူတို့နှစ်ယောက် ဂိမ်းနဲ့ ဝက်ဘ်ဆိုက်တို့၏ ပူးတွဲအစီအစဥ်တစ်ခုကို အသေးစိတ် စတင်ဆွေးနွေးလိုက်ကြပါသည်။
လေဆန်ပို့ဆောင်ရေး ဌာနချုပ်တွင်….
လောလောဆယ် ဖေးချမ့် လေဆန်ပို့ဆောင်ရေးရုံး ၁၀၀ ကျော်ကို ဖွင့်လှစ်ထားပြီးပါပြီ။ ဒီအရေအတွက်က မကြာမီ ၂၀၀ ကျော်အထိ တိုးမြင့်သွားတော့မည်။
ဒီလေဆန်ပို့ဆောင်ရေးစခန်းတွေက ကျင်းကျိုးမြို့ဝန်းကျင်ရှိ နေရာဒေသ ပေါင်းစုံတွင် ရှိနေသည်။ သို့သော်လည်း နေ့စဥ် လုပ်ငန်းဆောင်တာများနဲ့ စီမံရေးလုပ်ငန်းများကို လုပ်ကိုင်ဖို့အတွက် အထူးရုံးခန်းတစ်ခုတော့ လိုအပ်သည်။
လေဆန်ပို့ဆောင်ရေးဌာနချုပ်က အထပ် ၂ ထပ် ဆိုင်ခန်းတစ်ခုတွင် တည်ရှိသည်။ ပထမထပ်က ပုံမှန်းအတိုင်းပဲ ပို့ဆောင်ရေးလုပ်ငန်းများ လုပ်ဆောင်သည့် လေဆန်ပို့ဆောင်ရေးရုံးဖြစ်ပြီး ဒုတိယထပ်ကတော့ လေဆန်ပို့ဆောင်ရေးအတွက် ရုံး ဖြစ်ပါသည်။
လေဆန်ပို့ဆောင်ရေးလုပ်ငန်းကို ချဲ့ထွင်လိုက်တာနဲ့ ရုံးအတွက် ပိုမိုသင့်လျော်သည့် နေရာတစ်ခုကို ဖေးချမ့် ရှာဖွေရမည်။
ယခု ဖေးချမ့် လုမင်လျန်ကို ရှာဖွေဖို့အတွက် ဒုတိယထပ်ကို တက်လာခဲ့ပါသည်။
လုမင်လျန်က သူ့အလုပ်သစ်နဲ့ အတော်လေး လိုက်လျောညီထွေးဖြစ်လျက်ရှိသည်။ စားပွဲပေါ်မှာ စာရွက်စာတမ်းတွေနဲ့ ပြည့်နှက်နေပြီး ကွန်ပျူတာကလည်း ပေါ့ပေါ့ပါးပါး လုပ်ငန်းလက်ပ်တော့ တစ်ခုအဖြစ် ပြောင်းလဲသွားပါပြီ။ သူ့ပုံစံက တစ်ခုခုတော့ တစ်ခုခုနဲ့ တူပါသည်။
“ဘော့စ်ဖေး ဒီကိစ္စက အသေးအဖွဲပါဗျာ။ ဘာလို့ ကိုယ်တိုင်လာခဲ့ရတာလဲ” လုမင်လျန်က ဖေးချမ့်ကို မတ်တပ်ရပ်ကာ ကြိုလိုက်ပြီး လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ပါသည်။
ဖေးချမ့်က လက်ဖက်ရည်သောက်ရင်း ဆိုဖာပေါ်ထိုင်ကာ စိတ်လျှော့ဖို့ ကြိုးစားနေသည်။ ဘော့စ်ဖေးရဲ့ လက်ရှိ ဝေဒနာများကို လုမင်လျန် နားမလည်တာ သိသာပါသည်။
ဘာကို အသေးအဖွဲ ကိစ္စလဲ ဒါအသေးအဖွဲမဟုတ်ဘူး ငါ့မိသားစုတစ်စုလုံးရဲ့ ဘဝရဲ့ ယွီအင်တာနက်ကဖေးနဲ့ လေဆန်ပို့ဆောင်ရေးရုံးတွေအပေါ်မှာ မူတည်နေပြီကွ။
ဒီငွေဖြုန်းစက်ကြီး ၂ ခုဖြစ်သော ယွီအင်တာနက်ကဖေးနဲ့ လေဆန်ပို့ဆောင်ရေးရုံးတွေကြောင့်သာ မဟုတ်ပါက ဘော့စ်ဖေး သေသွားတာ ကြာလောက်ပါပြီ။
အမှန်ပင်။ ဘော့စ်ဖေးက သူ့ကမ္ဘာကြီး ပြိုကျနေတောင် ဘာမှ မခံစားရသည့် မျက်နှာမျိုး လုပ်ရတာ အကျင့်ပါနေပါပြီ။ အခုလည်း တည်တည်ငြိမ်ငြိမ် မျက်နှာနဲ့ လက်ဖက်ရည်ကိုသာ တိတ်ဆိတ်စွာ သောက်နေပါသည်။
“လေဆန်ပို့ဆောင်ရေး ရုံးတွေ အခြေအနေဘယ်လိုရှိလဲ”
လုမင်လျန်ကလည်း သေချာပြင်ဆင်ထားပါသည်။ “စိတ်မပူပါနဲ့ဘော့စ်ဖေး အားလုံး စီစဥ်ထားပြီးပါပြီ။ လေဆန်ပို့ဆောင်ရေးရုံးတွေအတွက် ပြင်ဆင်မှုတွေကို ဆောင်ရွက်နေပါပြီ။ ကျွန်တော်တို့ တစ်ချိန်တည်းမှာပဲ လူတွေခန့်အပ်ပြီး တည်နေရာရှာလို့ရမယ်ထင်တယ်။ ဒါဆို လေဆန်ပို့ဆောင်ရေးရုံးတွေကို အမြန်ဆုံး ဖွင့်လှစ်နိုင်မှာ သေချာပါတယ်”
လုမင်လျန်က ပြောပြောဆိုဆိုဖြင့် ဖေးချမ့်ကို စာရွက်စာတမ်းတချို့ ပေးလိုက်သည်။
ပို့ဆောင်ရေးရုံးတိုင်း၏ တည်နေရာနဲ့အစီအစဥ်များ၊ ဝန်ထမ်းခန့်အပ်ခြင်း အခြေအနေများကို အသေးစိတ် စတင်ရှင်းပြပါသည်။
ဖေးချမ့် အနည်းငယ် အံ့သြသွားရသည်။
လုမင်လျန် သူ့အရေးပေါ်အခြေအနေကို နားမလည်မှာစိုးသဖြင့် ဖေးချမ့်တစ်ယောက် ကိုယ်တိုင် စီမံဖို့ လာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း လုမင်လျန်၏ အသေးစိတ် တင်ပြချက်များကို နားထောင်ပြီးနောက် သူအတွေးလွန်နေခြင်းသာဖြစ်မှန်း ဖေးချမ့် နားလည်သွားပါသည်။
လုမင်လျန်က အလွန်အားကိုးရပါသည်။
လုမင်လျန်ကို လေဆန်ပို့ဆောင်ရေးလုပ်ငန်းအတွက် ဦးစီးခိုင်းလိုက်တာ ဆုံးဖြတ်ချက် မှန်ကန်ပုံရသည်။
လုမင်လျန်က ညွှန်ကြားချက်များကို နားထောင်သည့်နေရာတွင် အတော်ဆုံးဖြစ်၏။ ဘော့စ်ဖေး သူ့ကို ညွှန်ကြားထားသမျှကို သစ္စာရှိရှိ အမိန့်နာခံစွာနဲ့ ဆောင်ရွက်လေ့ရှိသည်။ သူ့စိတ်ကူးနဲ့သူ ဘယ်တော့မှ မလုပ်တတ်ပါ။
လေဆန်ပို့ဆောင်ရေးကဲ့သို့ သက်ကယ်လုပ်ငန်းတစ်ခုကို လုမင်လျန်လက်ထဲ အပ်ထားရသဖြင့် ဖေးချမ့် အများကြီး စိတ်အေးသွားရပါသည်။
လုမင်လျန် ပြောပြီးသွားတာနဲ့ ပြုံးကာ မေးလိုက်ပါသည်။
“ဘော့စ်ဖေး လေဆန်ပို့ဆောင်ရေးလုပ်ငန်း နောက်ကွယ်က လျှို့ဝှက် အဓိပ္ပာယ်က ဘာများလဲ”
ဖေးချမ့် ကြောင်သွား၏။
လျှို့ဝှက် အဓိပ္ပာယ်ဟုတ်လား။ ဘာလျှို့ဝှက် အဓိပ္ပာယ်လဲ။ လျှို့ဝှက်အဓိပ္ပာယ်က ဒီပိုက်ဆံတွေ အကုန်လုံး မဖြုန်းနိုင်ရင် ငါသွားပြီဆိုတာပဲ။
ဖေးချမ့် ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ပြန်မေးလိုက်ပါသည်။ “မင်းက ဘာလို့ အဲ့လိုမေးတာလဲ”
လုမင်လျန်က သူ့ကို သဘောပေါက်သည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
“လေဆန်ပို့ဆောင်ရေးရုံးတွေအတွက် အနာဂတ်အစီအစဥ် မရှိရင် ဘာလို့ ဒီလိုအချိန်တိုလေးအတွင်း လေဆန်ပို့ဆောင်ရေးရုံးတွေ အများကြီးဖွင့်ဖို့ စိတ်အားထက်သန်နေရတာလဲ”
ဖေးချမ့် စဥ်းစားလိုက်သည်။
ဟုတ်သားပဲ၊ မင်း မှန်တယ်။
လုမင်လျန်အမြင်မှာတော့ ဒီလေဆန်ပို့ဆောင်ရေးရုံးတွေက လျင်လျင်မြန်မြန် အောင်မြင်မှုရနိုင်မှာ မဟုတ်ပေ။ သူတို့ ရုံးတွေကို အခုဖွင့်ဖွင့် နောက်လမှာ ဖွင့်ဖွင့် ဘာမှ ခြားနားမှာ မဟုတ်ပါ။
သို့သော် ဘော့စ်ဖေးက ဘာကြောင့် ဒီကဏ္ဍမှာ အရမ်းကြိုးစားနေရတာလဲ။ သူ့လုပ်ရပ်တွေက သူ့အနာဂတ်အစီအစဥ်များ၏ တွန်းအားကြောင့် ဖြစ်မှန်း သိသာပါသည်။
ဖေးချမ့်က လက်ဖက်ရည်သောက်ကာ သဘောတူညီကြောင်း ပြသဖို့ ခေါင်းကို အနည်းငယ် ငြိမ့်လိုက်ပါသည်။
မင်း ထင်ချင်သလိုသာထင်။ ငါ့အတွက် လေဆန်ပို့ဆောင်ရေးရုံးတွေကို အမြန်ဆုံးဖွင့်ပေးပြီး ငါ့လက်ထဲက ဒီပိုက်ဆံတွေကို ကူဖြုန်းပေးမယ်ဆိုရင် ကောင်းကင်ဘုံကို ကျေးဇူးတင်မိမှာပဲ။
ဖေးခချမ့် လက်ဖက်ရည်ကို ကုန်အောင် သောက်ကာ စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်ပါသည်။ လုမင်လျန်အတွက် ညွှန်ကြားချက် တချို့ ထပ်ပေးခဲ့သည်။ မြန်နိုင်သမျှ အမြန်ဆုံး လှုပ်ရှားဖို့ကို သေချာ သတိပေးသွားသည်။ ထို့နောက် လှည့်ပြန်လာခဲ့ပါတော့သည်။