မီဒီယာ အဆင့်သတ်မှတ်ချက်တွေ ထွက်လာပြီ
Vol. 20 Ch. 290
အောက်တိုဘာလ ၁၂ ရက်နေ့ အင်္ဂါနေ့…
ထန်းတာ့နက်ဝေါ့ခ် ကုမ္ပဏီ လိမိတက်တွင်…
ဘာသာပြန်လုပ်ငန်းတချို့နဲ့ လီယာ့တာ စကားပြောဆိုပြီးခါစ ဖြစ်သည်။
ဘော့စ်ဖေးနဲ့ တိုင်ပင်ပြီးနောက် နိုင်ငံတော်ထဲက နာမည်ကြီး ဘာသာပြန်လုပ်ငန်းတချို့ကို လီယာ့တာ ဆက်သွယ်ခဲ့ပါသည်။ သူတို့ကို အစမ်း ဘာသာပြန်ခိုင်းဖို့အတွက် ဂိမ်းရဲ့ အကျဉ်းချုပ် တစ်စိတ်တစ်ပိုင်းကိုလည်း ပေးခဲ့ပါသေးသည်။
လီယာ့တာက ဂိမ်းထထဲက ပဟေဠိတချို့ကိုလည်း တမင်သက်သက် ထုတ်ပြီး ဘာသာပြန်လုပ်ငန်းများကို ပြန်ခိုင်းကြည့်ထားသည်။ သူတို့ရဲ့ စံနှုန်း ဘယ်လောက်မြင့်သလဲ မြင်ချင်သောကြောင့် ဖြစ်ပါသည်။
အရန်ဇာတ်လမ်းအများစုအတွက် ကစားသမားများက ကဗျာများအတွင်း သဲလွန်စနဲ့ အရိပ်အမြွက်များကို ရှာဖွေဖို့ လိုအပ်သည်။ ထိုအခါမှ သက်ဆိုင်ရာ ဇာတ်လမ်းဇာတ်ကွက်က ပေါ်လာမည်ဖြစ်သည်။ ဒါတွေကို စကေးမြင့်သည့် ဘာသာပြန်တွေသာ မြင်နိုင်ပါလိမ့်မည်။
တစ်ဖက်မှာတော့ ကဗျာရဲ့ အဓိပ္ပာယ်အပြည့်အဝကို နားလည်ဖို့လိုကာ ပေးချင်သည့် မက်ဆေ့၏ အရေးကြီးသည့် အစိတ်အပိုင်းများကို တစ်ခုမှ လွဲချော်လို့ မရပါ။ ဒီဆိုလို နိုင်ငံခြားကစားသမားတွေလည်း ကဗျာထဲက ပဟေဠိကို ဖြေရှင်းနိုင်ပါလိမ့်မည်။
နောက်တစ်ဖက်မှာလည်း ကဗျာကို ဆက်လက်လှပအောင် ထိန်းသိမ်းထားရမည်။ ဒီလိုလှပသည့် ရှေးဟောင်းကဗျာများကို ကျပန်း အချက်အလက်ကြီးများအတိုင်း ဘာသာပြန်လိုက်ပါက အဓိပ္ပာယ် မဲ့သွားပါလိမ့်မည်။ ကစားသမားတွေက ထိုစကားလုံးများ၏ လှပမှုကို တန်ဖိုးထားမှာ မဟုတ်ပေ။
ထို့ကြောင့် ဒါက ဘာသာပြန်များ၏ စွမ်းရည်ကို တကယ်ပဲ စမ်းသပ်မှု ရှိသည်။ သာမန်ဘာသာပြန်တွေကတော့ ကဗျာတွေကို ကောင်းကောင်းမွန်မွန် ဘာသာပြန်ဆိုနိုင်မှာ မဟုတ်ပေ။
ဘာသာပြန်လုပ်ငန်းများက ၎င်းတို့ ဘာသာပြန်ပြီးသား နမူနာများကို ပြန်လည် အပ်နှံပြီးဖြစ်ပါသည်။ ထို့နောက် လီယာ့တာက ဆန်းစစ်ဖို့အတွက် လက်ထောက်ရှင်းကို ပေးလိုက်သော်လည်း လက်ထောက်ရှင်းက အားလုံးကို ပယ်ချခဲ့ပါသည်။
ဘာသာပြန်တွေက မဆိုသော်လည်း ဘာသာစကား၏ လှပမှုကို သိပ်ပြီး ပုံမဖော်နိုင်ကြပေ။
လီယာ့တာ၏ အင်္ဂလိပ်စွမ်းရည်က သာမန်အဆင့်သာ ရှိသော်လည်း သူမတောင် ဘာသာပြန်ထားသည့် စာတွေထဲ အမှားအယွင်းတချို့ကို အကြမ်းဖျင်း မြင်နိုင်ပါသည်။
ပြောစရာမလိုအောင် တစ်ချိန်က နာမည်ကျော် အင်တာနေရှင်နယ်စီးပွားရေးလုပ်ငန်းတစ်ခု၏ ဒုဥက္ကဌကြီးရဲ့ လက်ထောက်ဖြစ်ခဲ့ဖူးသည့် လက်ထောက်ရှင်းအတွက်တော့ ထိုအမှားအယွင်းများက ပိုမိုမြင်သာပါသည်။ သူမက ဘာသာစကား ၃ မျိုး ကျွမ်းကျင်သည်။ သူမက ဂိမ်းကို ဘာသာပြန်နိုင်လောက်သည့်အထိ မတော်သော်လည်း ဘာသာပြန်အကောင်းနဲ့ အဆိုးကိုတော့ ခွဲခြားနိုင်ပါသေးသည်။
ထို့ကြောင့် လီယာ့တာက ဘာသာပြန်လုပ်ငန်းများကို စံနှုန်းပိုမြင့်အောင် ထပ်မံ ဘာသာပြန်ဖို့ ပြောလိုက်သည်။ သူတို့ ငြင်းပါက လီယာ့တာလည်း ရွေးချယ်စရာ မရှိဘဲ အကုန်လုံးကို ငြင်းရပါလိမ့်မည်။
ဘာသာပြန်လုပ်ငန်းတွေနဲ့ အလုပ်အားလုံးပြီးဆုံးသွားသည့်အခါ လီယာ့တာ ရင်ထဲ ခံစားသွားရ၏။ ဘော့စ်ဖေးပြောတာ တကယ်မှန်သည်။
သူတို့ ဒီကိစ္စတွေကို အလောတကြီး လုပ်လို့ မဖြစ်ပါ။
အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းကို ဘာသာပြန်ရတာက တခြားဂိမ်းတွေထက် အများကြီး ပိုခက်ခဲပါသည်။ သူတို့ အလောတကြီး လုပ်လိုက်ပါက အားလုံး ဖရိုဖရဲဖြစ်အောင် လုပ်မိပြီး အရည်အသွေးမြင့်သည့် လက်ရာကိုလည်း ရနိုင်မှာ မဟုတ်ပါ။
ဂိမ်းကို ဘာသာစကားများစွာဖြင့် ထုတ်လုပ်ဖို့ အလောတကြီး လုပ်လိုက်ခြင်းက သူတို့ရဲ့ ဂုဏ်သိက္ခာကို ပျက်စီးသွားစေနိုင်သည်။ ဒါက ထန်းတာ့၏ လုပ်ပုံကိုင်ပုံနဲ့ လုံးဝ ကိုက်ညီမှုမရှိပါ။
ထန်းတာ့က ရင်းနှီးမြှုပ်နှံမှုများအတွက် ဘယ်တုန်းကမှ တွန့်တိုလေ့မရှိပေ။ ကုမ္ပဏီတစ်ခုအနေဖြင့် အသေးစိတ်တိုင်းကို အာရုံစိုက်ပြီး ကောင်းမွန်အောင်လည်း ဆောင်ရွက်ခဲ့ပါသည်။ ဒါက ထန်းတာ့ရဲ့ ဝန်ထမ်းတိုင်း ဘော့စ်ဖေးထံမှ သင်ယူခဲ့ရသည့် အချက်အချာ စိတ်ဓာတ် ဖြစ်သည်။
“ထားလိုက်ပါတော့ ငါဘော့စ်ဖေးရဲ့ အကြံဉာဏ်အတိုင်း နားထောင်ပြီး ကိစ္စတွေကို မလောတာ ပိုကောင်းမယ်။”
လီယာ့တာက ဘာသာပြန်လောကထဲမှာ နာမည်ကြီးပြီး စကေးရှိသည့် ဘာသာပြန်များကို ရှာဖွေဖို့ ကြိုးစားခဲ့ပါသည်။ သို့သော်လည်း ဒီလိုအချိန်တိုအတွင်း လုပ်ဖို့ကတော့ ခက်ခဲလွန်းလှ၏။ သူမမှာ သက်ဆိုင်ရာ အဆက်အသွယ်တွေလည်း မရှိပါ။
တရားဝင်ရင်းမြစ်ဝက်ဘ်ဆိုက်များပေါ်တွင် စာရင်းပြုစုထားသည့် ပရော်ဖက်ရှင်နယ် ဘာသာပြန်များ၊ ဘာသာပြန်လုပ်ငန်းများရှိကာ လီယာ့တာ ဆက်သွယ်ထားပြီးသားဖြစ်သော်လည်း သူတို့စံနှုန်းက မြင့်လိမ့်မည်ဟု အာမမခံနိုင်ပါ။
ထို့အပြင် ဒီ့ထက်နာမည်ကြီးပြီး စကေးရှိသည့် ဘာသာပြန်တွေက ဂိမ်းတွေ ဘာသာပြန်ဖို့ စိတ်မဝင်စားပေ။
ပုံမှန်ဆို စကေးမြင့်သည့် ဘာသာပြန်များက ရေပန်းစားပြီး ခေတ်မှီနေသည် ရုပ်ရှင်များကိုသာ ဘာသာပြန်ဖို့ အာရုံစိုက်ကြလိမ့်မည်။ နှိုင်းယှဥ်ကြည့်လိုက်ပါက ဂိမ်းကို ဘာသာပြန်တာက သူတို့အတွက်တော့ အလုပ်ကြမ်းတစ်ခုလိုပင်။ လီယာ့တာ သူတို့ကို ဆက်သွယ်ဖို့ ကြိုးစားရင်တောင် သူတို့ ငြင်းလိုက်နိုင်ချေရှိနေပါသည်။
ထို့အပြင် သူတို့ကို ဘယ်လိုဆက်သွယ်ရမှန်းလည်း လီယာ့တာ မသိပါ။
ထို့ကြောင့် ဒီကိစ္စတွေဆိုတာ လောလို့ မရမှန်း သူမ နောက်ဆုံးတော့ နားလည်သွားခဲ့ပါပြီ။ ဒီကိစ္စတွေကို ဖြည်းဖြည်းချင်း ဆောင်ရွက်ရမည်။
တစ်ဖက်မှာလည်း ကျုံးထျန်တရုတ်နက်ဝေါ့ခ်၏ မာယိချွမ်နဲ့ သူမ ပူးပေါင်းလုပ်ဆောင်နေတာလည်း အတော်လေး အဆင်ပြေနေပါသည်။ ယခင်က မာယိချွမ်မှာ လီယာ့တာကို ချဉ်းကပ်ခဲ့ကာ တရားဝင်ဝတ္ထုနဲ့ ဂိမ်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခုပြုလုပ်သင့်သည်ဟု အကြံပေးခဲ့ပါသည်။ သူမကလည်း ပျော်ပျော်ရွှင်ရွှင်ပဲ သဘောတူခဲ့သည်။ နှစ်ဦးနှစ်ဖက် အဆင်ပြေမည့် ကိစ္စမျိုးပဲ မဟုတ်လား။
ထို့အပြင် စိတ်ပိုင်းဆိုင်ရာအရဆိုလည်း သူတို့က ကုမ္ပဏီ တစ်ခုတည်းမှာ အလုပ်လုပ်နေကြခြင်း ဖြစ်သဖြင့် ပူးတွဲဆောင်ရွက်ခြင်းက လက်တွဲကူညီတာနဲ့ အတူတူပဲဖြစ်ပါသည်။
သူတို့အတူတူ ခေါင်းစားကြပြီး အစီစဥ်ကောင်းတစ်ခုကို စဉ်းစားကြသည်။
မာယိချွမ်က ၇ ရက်လော့အင် Event တစ်ခုကို ဖန်တီးဖို့ စီစဉ်နေမှန်း လီယာ့တာသိရှိသွားသည်။ ဝက်ဘ်ဆိုက်ပေါ်က တာဝန်တချို့ကို ၇ ရက်ဆက်တိုက် အောင်မြင်အောင် လုပ်နိုင်ပါက စာဖတ်သူတွေ ဂိမ်းထဲမှာလည်း ဆုလာဘ်တစ်ခုကို ရရှိမည်ဖြစ်သည်။
လီယာ့တာ ခေတ္တစဉ်းစားကြည့်လိုက်ပြီး နောက်တစ်ဆင့်တက်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ သူတို့ အကောင့်တွေလည်း ချိတ်ဆက်လို့ရနိုင်သည်။
သူတို့လုပ်ဖို့လိုတာဆိုလို့ အသုံးပြုသူတစ်ယောက်ရဲ့ အကောင့်တစ်ကောင့်ကို ကျုံးထျန်တရုတ်နက်ဝေါ့ခ်၊ ထန်းတာ့ဂိမ်း TPDb စတာတွေ အားလုံးကို သုံးစွဲခွင့် ပေးလိုက်ဖို့ပဲ မဟုတ်လား။ ဒီလိုဆို ထန်းတာ့ဂိမ်း၏ ကစားသမားများအားလုံးက ၎င်းတို့၏ ဂိမ်းအကောင့်တွေနဲ့ ကျုံးထျန်တရုတ်နက်ဝေါ့ခ်ထဲ လော့အင်ဝင်နိုင်မည်။ သူတို့ရရှိသည့် ဆုတိုင်းကိုလည်း ဒီအကောင့်တစ်ခုတည်းမှာပဲ ပေးအပ်ခံရမည်။
ထို့အပြင် ဒီလိုဆောင်ရွက်ဖို့က မခက်ခဲပါ။ တကယ်တော့ အလွန် လွယ်ကူစွာ ဆောင်ရွက်နိုင်ပါသည်။
ဂိမ်းထဲကဆုလာဘ်များအတွက်တော့ လီယာ့တာက တစ်ခါသုံးပစ္စည်းများကို အရင်ဆုံး ပေးအပ်ဖို့ စီစဉ်ထား၏။ ၎င်းတို့အနက် အဆင့်မြှင့်တင်ဖို့ လိုအပ်သည့် ဝိညာဥ် ၃ ခု အင်မော်တယ် ပုံစံ ၇ မျိုး၊ လက်နက်စွမ်းအားတိုးစေမည့် ပစ္စည်းများ စသည်တို့ ပါဝင်မည်။
သို့သော်လည်း ပြန်စဉ်းစားကြည့်သောအခါ အလွန် ကပ်စေနဲလွန်းရာကျမည်ဟု သူမတွေးလိုက်မိပါသည်။
အရှုံးပေးပြီးကယ်တင်ခြင်းခံစေက ဝယ်ကစားရသည့် သီးသန့်ဂိမ်းတစ်ခုဖြစ်သည်။ ထို့ကြောင့် ကပ်စေးနဲဖို့ မလိုအပ်ပေ။
ထူးခြားသည့် ပုံစံများ ပေးအပ်ဖို့ သူမ ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း ဂိမ်းအတွက် မော်ဒယ်သစ်များ ဖန်တီးဖို့က နောက်ကျလွန်းနေပြီဖြစ်သည်။ လီယာ့တာ ဦးနှောက်အစားခံပြီး ထပ်စဉ်းစားကြည့်လိုက်ရ နောက်ဆုံးတော့ ဇာတ်ကောင်မော်ဒယ်များကို ပြောင်းလဲနိုင်မည့် အထူး Item များကို ကစားသမားများအား ပေးအပ်ဖို့ တွေးမိသွားသည်။
ရှိနေပြီးသား ဆေးတောင့်ပုံတစ်ပုံကို အသုံးပြုကာ ‘ပုံစံပြောင်းဆေးတောင့်’ ဟု နာမည်ပေးပြီး ပြန်လည်အသုံးပြုခွင့် ပေးလို့ရပါသည်။
ဒီဆေးတောင့်များကို ဖန်တီးဖို့က မခက်ခဲပါ။ စနစ်ထဲက ကုတ်တချို့ကို ပြောင်းလဲဖို့သာ လိုအပ်ပါသည်။
အမှန်ပင်။ ကစားသမားများက ၎င်းတို့၏ ဇာတ်ကောင်မော်ဒယ်များကို စိတ်တိုင်းကျတော့ ပြောင်းလဲခွင့်မရှိပေ။ တချို့ မွန်းစတားနဲ့ ဘော့စ်များတွင် ဧရာမ မော်ဒယ်များရှိကြသည်။ ၎င်းတို့ကို ပြောင်းလဲလိုက်ပါက ဂိမ်းထဲ Bug ကိုက်နိုင်ပါသည်။ ထို့ကြောင့် ဆေးတောင့်များက ဇာတ်လိုက်နဲ့ ဆင်တူသော ဇာတ်ကောင်များ၏ ပုံစံကိုသာ ပြောင်းလဲခွင့်ပေးလိမ့်မည်။ မွန်းစတား အသေးစားလေးများနဲ့ NPC များ ပါဝင်ပါသည်။
တစ်ချိန်တည်းမှာပင် ထိုဆေးတောင့်များ၌ ကုန်ဆုံးချိန်များလည်း တွဲပေးထားမည်ဖြစ်သည်။ အနှစ်ချုပ်အားဖြင့် ဒီဆေးတောင့်တွေက ဖျော်ဖြေရေးသက်သက်သာ ဖြစ်ပါလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ဂိမ်းထဲမှာ ကြည့်ကောင်းသည့် NPC ကောင်မလေးပေါင်းစုံပါဝင်လိမ့်မည်။ ၎င်းတို့က အလှပဆုံး ကောင်မလေးများ မဟုတ်ကြသော်လည်း ဂိမ်းကမ္ဘာထဲမှာတော့ အလှအပများဟု သတ်မှတ်လို့ ရပါသည်။
ထို့ကြောင့် ဒီလိုဆို ကစားသမားတွေအတွက် အတော်လေးဆွဲဆောင်မှုရှိလိမ့်မည်ဟု လီယာ့တာ တွေးလိုက်မိပါသည်။
လိုအပ်သည့် စီစဥ်မှုများကို သူမ ဆောင်ရွက်လိုက်သည်။
လုပ်ငန်းကို လက်အောက်ငယ်သားများအား ခွဲဝေပေးပြီးနောက် လီယာ့တာ TPDb ထဲဝင်ရောက်ကာ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ၏ အနှစ်ချုပ် အဆင့်သတ်မှတ်ချက်ကို စစ်ဆေးလိုက်ပါသည်။ ထန်းတာ့ဝန်ထမ်းအားလုံးက အားလပ်တာနဲ့ TPDb ထဲဝင်ကြည့်လေ့ရှိသည့် အလေ့အထမျိုး ရှိနေကြပါပြီ။ ဘာပဲဖြစ်ဖြစ် ဝက်ဘ်ဆိုက်ရဲ့ အဆင့်သတ်မှတ်ချက်က သူတို့ရဲ့ တစ်လတာ ဘောနပ်စ်ကို အဆုံးအဖြတ်ပေးမှာပဲ မဟုတ်လား။ သူတို့ လျစ်လျူရှုထားလို့ မရပါ။
ဂိမ်းမှ ရလာသည့် ဝင်ငွေကတော့ သိပ်ပြီး သက်ဆိုင်မှုမရှိပေ။ သူတို့ အဆင်ပြေမှ ဝင်ငွေပိုရအောင် လုပ်ပါလိမ့်မည်။ သူတို့ ဘောနပ်စ်လိုချင်ပါက သူတို့ပရောဂျက်ရဲ့ အဆင့်သတ်မှတ်ချက်ကို မိုးထိမြင့်အောင် သေချာလုပ်ရမည်။
“ဟင် ၉.၁ တောင်”
လီယာ့တာ စိတ်အားထက်သန်သွားပြီး ခါးမတ်ထိုင်လိုက်မိသည်။
အဆင့်သတ်မှတ်ချက်က တဟုန်ထိုး တိုးတက်သွားခဲ့ပါသည်။
တစ်ရက်တည်းနဲ့ ဘာလို့ ဒီလောက်တောင် တက်သွားရတာလဲ။
အနီးကပ် စစ်ဆေးကြည့်မှ ဂိမ်းမီဒီယာတွေက ၎င်းတို့၏ Review များကို နောက်ဆုံးတော့ ထုတ်လိုက်ပြီ ဖြစ်ကြောင်း မြင်လိုက်ရပါသည်။
ဂိမ်းမီဒီယာများထံမှ အဆင့်သတ်မှတ်ချက်များက TPDb ၏ အနှစ်ချုပ်အဆင့်သတ်မှတ်ချက်အပေါ် အတော်လေး သက်ရောက်မှုရှိသည်။ နာမည်ကြီးပြီး ဂုဏ်သရေရှိသည့် ဂိမ်းမီဒီယာတွေက အဆင့်သတ်မှတ်ချက် ပိုမြင့်မြင့်ပေးလေလေ ဂိမ်းရဲ့ အနှစ်ချုပ် အဆင့်သတ်မှတ်ချက်က ပိုပြီးမြင့်လာလေလေ ဖြစ်လိမ့်မည်။
လီယာ့တာ ဂိမ်းမီဒီယာ၏ အကဲဖြတ်မှုများကို ဖတ်ကြည့်လိုက်သောအခါ အရှုံးပေးပြီးကယ်တင်ခြင်းခံစေကို ချီးကျူးထားတာကလွဲပြီး ဘာမှမတွေ့ခဲ့ရပါ။
“Game Designer ကိုထုတ်လုပ်ပြီးတဲ့နောက် ဆန်းသစ်မှုဆိုတာကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုတဲ့ ဂန္တဝင်လက်ရာတစ်ခုကို ထန်းတာ့က ထုတ်လုပ်လိုက်ပြန်ပါပြီ”
“ဒီဖွံ့ဖြိုးတိုးတက်နေတဲ့ ဂိမ်းကုမ္ပဏီက ကစားသမားတွေကို အမြဲတမ်း ဆန်းသစ်တဲ့ ရသတွေ ပေးစွမ်းနေတယ်။ ရက်သတ္တပတ် အနည်းငယ်အတွင်း ကစားသမားတွေက ဂိမ်းကိုဝေဖန်နေရာကနေ ချီးကျူးမှုအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ဆန့်ကျင်မှုနေ စွဲလမ်းမှုအဖြစ် ပြောင်းလဲသွားခဲ့ကြတယ်”
“ထန်းတာ့ဂိမ်းကို အဆင့်မြင့်တဲ့ လက်ရာတွေအတွက် အားကိုးလို့ ရပါတယ်။ သူတို့ရဲ့ အဘိဓာန်မှာ ရေသာခိုတယ်ဆိုတာ မရှိသလိုမျိုးပဲ”
“ဒီ့မတိုင်ခင်က ဒီလောက်ခက်ခဲတဲ့ ဂိမ်းတစ်ခု ပြည်တွင်းစျေးကွက်ထဲမှာ အောင်မြင်နိုင်လိမ့်မယ်လို့ ဘယ်လိုဂိမ်းဒီဇိုင်နာကမှ ထင်ခဲ့မိမှာ မဟုတ်ဘူး။ ဒါပေမယ့် ထန်းတာ့ဂိမ်းကတော့ လုပ်လိုက်ပြန်ပြီ။ အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းက ကစားသမားတွေကို ဆန္ဒရှိရှိနဲ့ နာကျင်ခံစားချင်အောင် လုပ်ပြီး အဲ့ဒီနာကျင်မှုထဲမှာ ပျော်ရွှင်မှုကို ရှာတွေ့စေခဲ့တယ်”
“အဲ့တာကြောင့် ဒီဂိမ်းက အနာဂတ်ရဲ့ ပြီးပြည့်စုံတဲ့ တိုက်ခိုက်စနစ်တွေအတွက် စနစ်ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်”
“ဒီဂိမ်းက သင်္ချိုင်းစာ Concept ကို ပထမဆုံး အသုံးချပြသွားတယ်။ ဂိမ်းထဲက တခြား အသေးစိတ်ပေါင်းစုံကို ကြည့်ခြင်းအားဖြင့် ဒီဇိုင်နာရဲ့ ဉာဏ်ကွန့်မြူးမှုနဲ့ ပါရမီကိုပါ အသိအမှတ် ပြုနိုင်ပါတယ်”
“တခြား ဒီဇိုင်နာတွေလည်း ဒီဂိမ်းရဲ့ ခက်ခဲတဲ့နည်းလမ်းတွေကနေ ကောင်းကောင်း သင်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
တခြားဂိမ်း Review သမားများနဲ့ မီဒီယာတွေကလည်း ဆင်တူသည့် ချီးကျူးချက်များဖြင့် ချီးကျူးခဲ့ကြပါသည်။
ထို Review သမားတွေနဲ့ မီဒီယာတွေက ဂိမ်းကို ပထမဆုံး ထုတ်လုပ်ခဲ့စဉ် ကစားသမားအများစု ကဲ့သို့ မတုန့်ပြန်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ၁ ပတ်လောက်ကြာသည့်အခါ ဂိမ်းအပေါ် ကစားသမားတွေရဲ့ အမြင်က ၁၈၀ ဒီဂရီလောက် ပြောင်းလဲသွားခြင်းကြောင့် ဖြစ်ပါသည်။ ဒီဂိမ်း Review သမားတွေနဲ့ မီဒီယာတွေက အားလုံးကို သေချာစဉ်းစားချင့်ချိန်ပြီးမှ Review များကို ရေးသားခဲ့ကြခြင်း ဖြစ်သည်။
ထို့အပြင် ဒီဂိမ်း Review သမားတွေနဲ့ မီဒီယာတွေက ဂိမ်းကို နိုင်အောင် မဆော့နိုင်တာနဲ့ပဲ အဆင့်သတ်မှတ်ချက် နိမ့်နိမ့် ပေးမှာ မဟုတ်ပေ။ အားလုံးက ပရော်ဖက်ရှင်နယ် ဆန်ကြပါသည်။
သာမန်ကစားသမားတွေက ဂိမ်း ဘယ်လောက်ခက်ခဲသလဲဆိုတာကိုမြင်ပြီး သူတို့ ခံစားခဲ့ရတာကြောင့် ကလဲ့စားချေခြင်သဖြင့် အရှုံးပေးပြီးကယ်တင်ခြင်းခံစေကို အဆင့်သတ်မှတ်ချက်နိမ့်နိမ့် ပေးခဲ့ကြခြင်းဖြစ်ပါသည်။ သို့သော်လည်း ဒီ ဂိမ် Review သမားတွေနဲ့ မီဒီယာတွေကတော့ တခြားအရာများစွာကို မြင်နိုင်သည်။
ဂိမ်းရဲ့အရည်အသွေး၊ ပြောင်မြောက်လှသည့် တိုက်ခိုက်စနစ်၊ လှပသည့် ရှုခင်းနဲ့ စတိုင်များ၊ ဇာတ်လမ်းရဲ့ ရှုပ်ထွေးမှုနဲ့ လေးနက်မှု၊ တရုတ်ရိုးရာယဉ်ကျေးမှုကို အတိုင်းအတာတစ်ခုအထိ ပေါ်လွင်အောင် ပြသနိုင်မှု၊ အနာဂတ်တွင် အက်ရှင်ဂိမ်းမျာား၏ ဖွံ့ဖြိုးတိုးတက်မှုကို လမ်းသွယ်ပေးနိုင်ခဲ့သည့် ဂိမ်းကစားနည်းနဲ့ စနစ်ဆန်းသစ်မှုတို့ ဖြစ်ပါသည်။
ဂိမ်း Review သမားတွေနဲ့ မီဒီယာများက ဂိမ်းကို အဆင့်သတ်မှတ်ချက်ပေးဖို့အတွက် ဒါတွေအားလုံးကို ထည့်တွက်သဖြင့် ဒီလောက်အဆင့်သတ်မှတ်ချက် မြင့်မြင့် ရခဲ့တာ အံ့သြဖို့ မရှိတော့ပါ။ ဒါတွေအားလုံးထဲမှာ လီယာ့တာက တရားဝင်ပလက်ဖောင်း၏ Review ကို ဂုဏ်အယူမိဆုံး ဖြစ်ပါသည်။
“အရှုံးပေးပြီးကယ်တင်ခြင်းခံစေက ရှေးဟောင်းတရုတ်ယဉ်ကျေးမှုကနေ မွေးဖွားလာတဲ့ ခိုကိုးရာမဲ့ လောကကြီးတစ်ခုကို ပုံဖော်ထားတယ်။ ဒီလောကကြီးရဲ့ အနုပညာဆန်တဲ့ ဖန်တီးမှုက ကစားသမားတွေကို ရသ အသစ်စက်စက်တစ်ခုပေးစွမ်းနိုင်တယ်။
“ဒါက ယိုယွင်းခြင်းခေတ်မှာ ဇာတ်အိမ်တည်ထားတဲ့ ခိုကိုးရာမဲ့ ကမ္ဘာတစ်ခုပဲ။ လောက ၆ ပါးလည်း ပျက်စီးနေပြီ။ ဂိမ်းရဲ့ ပြောင်မြောက်လှတဲ့ ခက်ခဲမှုကြောင့် ကစားသမားတွေကို အဲ့ဒီလို လောကမျိုးမှာ ပိတ်မိနေရတဲ့ ခိုကိုးရာမဲ့ ခံစားချက်မျိုးကို ရရှိစေတယ်။ ထပ်ခါထပ်ခါ သေခြင်းတရားရဲ့ နှိပ်စက်မှုကို ခံရတဘ်။ ဒါပေမယ့် ဒီကမ္ဘာကြီးမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ လျှို့ဝှက်ချက်များစွာကလည်း ပုန်းကွယ်နေတယ်။ ကစားသမားတိုင်းကို ပြန်လည်ရှင်သန်လာတဲ့အခါတိုင်း ကမ္ဘာကြီးကိုကယ်တင်ဖို့ဆိုတဲ့ သူ့ရဲ့ ကိုယ်ပိုင်တာဝန်တစ်ခု ကျေပွန်အောင် ထမ်းဆောင်ပါစေဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြန်လည်ထူထစေဖို့ တွန်းအားပေးတယ်”
“လေးနက်နဲ့ ရှေးဟောင်းကဗျာတွေ၊ ရက်စက်တဲ့ တိုက်ခိုက်မှုတွေ၊ ကြွယ်ဝတဲ့ နောက်ကြောင်းရာဇဝင်တွေနဲ့ လျှို့ဝှက် အတွေးအခေါ်တွေ..။ အဲ့တာတွေက အရှုံးပေးပြီးကယ်တင်ခြင်းခံစေကို အမှတ်ရစရာ အတွေ့အကြုံတစ်ခုနဲ့ စွန့်စားထိုက်တဲ့အရာတစ်ခု ဖြစ်လာစေတဲ့ အချက်တွေပဲ။”
“ဒါက ချီးကျူးအထိုက်ဆုံး အချက်တစ်ခုပါပဲ။ ပြည်တွင်းထုတ် တရုတ်ရိုးရာစတိုင်ဂိမ်းတွေက ကျဆင်းနေပြီး တခြား ပြည်တွင်းဂိမ်းဖန်တီးသူတွေက နိုင်ငံခြားဂိမ်းဖန်တီးသူတွေကို အရှက်မရှိ ကူးချဖို့ ကြိုးစားနေချိန်မှာ ထန်းတာ့ဂိမ်းကတော့ လုံးဝ ဆန်းသစ်တဲ့ လမ်းတစ်ခုကိုပဲ လျှောက်ဖို့ ရွေးချယ်ခဲ့ပါတယ်”
“အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းက တရုတ်ရိုးရာယဉ်ကျေးမှုကို နောက်ခံဇာတ်လမ်း၊ ဂိမ်းရဲ့ အကြောင်းအရာနဲ့၊ ဂိမ်းရဲ့ အချက်အချာကျတဲ့ အနှစ်သာရထဲ လုံးဝ ပြီးပြည့်စုံအောင် ရောယှက်ထားပေးတယ်။ ခေတ်သစ်မှာ တရုတ်ရိုးရာယဉ်ကျေးမှုကို ပေါ်လွင်စေဖို့ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်”
“တခြားဂိမ်းဖန်တီးသူတွေနဲ့ ဒီဇိုင်နာတွေလည်း သူတို့ရဲ့ အတေးအခေါ်ကန့်သတ်ချက်တွေကို ကျော်လွန်နိုင်ပြီး အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းကနေ သင်ယူနိုင်ကြပြီးတော့ တရုတ်ရိုးရာယဉ်ကျေးမှုကို ဒီ့ထက် ဂုဏ်တင်နိုင်ကာ ကျွန်တော်တို့လက်ထက်မှာ ဂိမ်းလောကရဲ့ ယုံကြည်ချက်တွေကို တည်ဆောက်နိုင်ကြပါစေ”
အမှန်ပင်။ တရားဝင်ဂိမ်းပလက်ဖောင်းက ဂိမ်းအပေါ် ၎င်းတို့၏ အတည်ပြုချက်အား ပြသဖို့အတွက် တစ်ခုခုတော့ လုပ်ပေးရပါသေးသည်။
သံသယဖြစ်စရာမလိုဘဲ အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းကို ထောက်ခံချက်နေရာများ ပိုပေးလိမ့်မည်။ ဒါက မျှော်လင့်ထားစရာပဲဖြစ်သည်။
လီယာ့တာ ကြည်နူးသွားမိ၏။ ဘော့စ်ဖေးကတော့ ဘော့စ်ဖေးပါပဲ။ ဒီလောက်ပြောင်မြောက်တဲ့ ဂိမ်းမျိုး ထုတ်လုပ်နိုင်ဖို့ အများကြီး အားထုတ်မကြိုးပမ်းခဲ့ရဘူး။
တရားဝင်ထောက်ခံချက်… ဘော့စ်ဖေးအတွက် ဒါတွေက ဘယ်လိုဖြစ်နေမလဲမသိဘူး။ သူအများကြီး ရခဲ့ဖူးတာပဲ။
လီယာ့တာက သူမကိုယ်သူမ ကျေနပ်အားရစွာဖြင့် အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းအတွက် မီဒီယာ၏ ချီးကျူးမှုကို ထပ်ဖတ်လိုက်ပါသည်။
“ဒီဂိမ်းဖန်တီးမှုကို တစ်ဝက်တစ်ပျက်ကြီး ငါတာဝန်ယူခဲ့ရတာဆိုပေမယ့် ဂိမ်းရဲ့အောင်မြင်မှုအတွက် အထောက်အကူပြုပေးနိုင်ခဲ့တာပဲလေ”
သူမ ဂိမ်း၏ Review များကို ဖတ်နေစဉ် ဧည့်ကြိုစားပွဲမှ မိန်းကလေးက အပြေးရောက်လာသည်။
“တရားဝင်ပလက်ဖောင်းရဲ့ ဝန်ထမ်းတစ်ယောက်က ဖုန်းဆက်လာတယ်။ သူတို့ ဂိမ်းအတွက် နိုင်ငံခြား ဗားရှင်းတစ်ခုထုတ်လုပ်ဖို့အတွက ဆွေးနွေးချင်လို့တဲ့။”
“ဟင် တရားဝင်ပလက်ဖောင်းရဲ့ဝန်ထမ်းကလား”
လီယာ့တာ မငြင်းဆန်ရဲပါ။ သူမ ခပ်မြန်မြန်ပဲ ထကာ ဖုန်းကိုင်လိုက်ပါသည်။
တရားဝင်ပလက်ဖောင်းတွင် ထန်းတာ့၏ ရုံးဖုန်းနံပါတ် ရှိပါသည်။ ထို့ကြောင့် ဧည့်ကြိုကောင်တာကို တိုက်ရိုက်ဖုန်းဆက်နိုင်ခဲ့ခြင်းဖြစ်သည်။
လီယာ့တာ အတော်လေး စိတ်လှုပ်ရှားနေမိပါသည်။ တရားဝင်ပလက်ဖောင်း၏ ဝန်ထမ်းနဲ့ ဖုန်းပြောဖူးတာ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ ယဉ်ကျေးမှုအရ စကားတချို့ ဖလှယ်ပြီးနောက် ဖုန်းဆက်ရခြင်းအကြောင်းအရင်းကို တစ်ဖက်လူက အမြန်ချပြလိုက်ပါသည်။
“အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းကို တခြားဘာသာစကားတွေနဲ့ ထုတ်လုပ်ပြီး နိုင်ငံခြားစျေးကွက်ထဲ ခြေချဖို့ ရည်ရွယ်ချက်ရှိလားလို့ မေးလို့ရမလားဗျ။”