← Chapters

ဘော့စ်ဖေးကို ယွမ် ၁၀၀,၀၀၀ ဆုချမယ်

Vol. 20 Ch. 295

ဘော့စ်ဖေးကို ယွမ် ၁၀၀,၀၀၀ ဆုချမယ်

Vol. 20 Ch. 295

ထန်းတာ့ဂိမ်း၏ ခေါင်းဆောင်ဒီဇိုင်နာလည်း ဖြစ်သူ ဘော့စ်ဖေးမှာ တရားဝင်ပလက်ဖောင်း၏ တောင်းဆိုချက်ကို အလွန် ငြင်းဆန်ချင်နေသည်။

တရားဝင်ပလက်ဖောင်းက ငါ့ဂိမ်းဖန်တီးမှုတွေရဲ့ နောက်ကွယ်က တွေးပုံခေါ်ပုံတွေအကြောင်းကို သီးသန့်အင်တာဗျူးချင်လို့ ဟုတ်လား။

ငါ့တွေးပုံခေါ်ပုံကတော့ ‘ငါတော်တော်သနားဖို့ ကောင်းတာပဲ’ ဆိုတာချည်းပဲ။

ငါဖန်တီးလိုက်တဲ့ ဂိမ်းတိုင်းက အောင်မြင်သွားတယ်။ အရှုံးပေါ်တဲ့ဂိမ်းတစ်ခုကို ဖန်တီးဖို့က ဘာလို့ အဲ့လောက် ခက်ခဲရတာလဲကွာ။

တရားဝင်ပလက်ဖောင်းက Game Designer နဲ့ အရှုံးပေးပြီးကယ်တင်ခြင်းတို့ကို အသုံးချပြီး ပြဿနာတွေ အများကြီး ရှာမှာကို ဖေးချမ့် ကြောက်နေမိခဲ့သည်။ ဘော့စ်ဖေးရဲ့ အနာဟောင်းတွေကို ပြန်ဆွလိုက်သလို ဖြစ်သွားနိုင်ပါသည်။

ဒါမျိုးကိုတော့ သည်းခံဖို့ အလွန်ခက်ခဲလောက်သည်။

ထို့အပြင် သီးသန့်အင်တာဗျူတစ်ခုက ဂိမ်းတွေကို ပိုပြီး မားကတ်တင်းဆင်းမပေးနိုင်လောက်ဘူးလား။ ကစားသမားတွေ ထန်းတာ့ရဲ့ ဂိမ်းတွေကို ပိုဝယ်ကြဖို့ တွန်းအားမပေးနိုင်ဘူးလား။

ဖေးချမ့် မသိစိတ်ဖြင့် အခွင့်အရေးကို ငြင်းဆန်ဖို့ ကြိုးစားလိုက်ပါသည်။

လက်ထောက်ရှင်းက ခေတ္တ တိတ်ဆိတ်သွားသည်။ ထို့နောက် သူ့ကို ဖြော်ငးဖြဖို့ ကြိုးစားလိုက်၏။ “အနည်းဆုံးတော့… ဘော့စ်ဖေး လက်ခံကြည့်သင့်တယ်လို့ ထင်တယ်”

“တရားဝင်ပလက်ဖောင်းနဲ့ အင်တာဗျူးလုပ်ရမှာလေ။ ဒီလိုအခွင့်အရေးမျိုးဆိုတာ သာမန် ဂိမ်းကုမ္ပဏီတွေအတွက် အိပ်မက်သာသာပဲ”

“အခုချိန်အထ တရားဝင်ပလက်ဖောင်းက ကျွန်မတို့ ကုမ္ပဏီကိုလည်း အများကြီး ထောက်ပံ့ပေးခဲ့တယ်။ ကျွန်မတို့ လေးစားသမှု အတိုင်းအတာတစ်ခုတော့ ပြန်ပြသင့်တယ် ထင်တာပဲ”

ဘာကြောင့်မှန်းမသိဘဲ ဖေးချမ့်တစ်ယောက် ကျောင်းသွားဖို့ ဖြောင်းဖြခံနေရသည့် ကျောင်းသား တစ်ယောက်လို ခံစားလိုက်ရသည်။ တရားဝင်ပလက်ဖောင်း၏ ထောက်ပံ့မှုများအကြောင်း ကြားလိုက်ရုံနဲ့ ဖေးချမ့် ဒေါသထွက်သွားခဲ့ပါသည်။

အဲ့တာကို အထောက်အပံ့လို့ခေါ်တယ်လား။

ငါသူတို့ကို မတောင်းဆိုဘဲနဲ့ ထောက်ခံချက် နေရာတွေပေးလိုက်တာ အသာထားဦး။ သူတို့က အထူးထောက်ခံစာတစ်ခုတောင် ရေးလိုက်ပြီး အဲ့ဒီနောက်ပိုင်းလည်း ဂိမ်းကို အတောမသတ်နိုင်အောင် ချီးကျူးနေကြသေးတယ် ကတ်စတမ်မာတွေ အထင်လွဲကုန်ကြရုံတင်မကဘူး တရားဝင် ပလက်ဖောင်းက ထန်းတာ့ကို အကျိုးအမြတ် ၇၀ ရာခိုင်နှုန်းတောင် ပေးထားတာ

ဒါတွေတစ်ခုချင်းဆီတိုင်းက ဘော့စ်ဖေးအတွက် အများကြီး နစ်နာသည်။

တရားဝင်ပလက်ဖောင်းသာ ဒီလောက် ပြဿနာ အများကြီး မရှာခဲ့ပါက ဘော့စ်ဖေး ဖျားနေတာတောင် အရှုံးပေါ်အောင် ဘယ်လို လုပ်ရမလဲ စဉ်းစားနေစရာလိုပါ့မလား။

ဖေးချမ့် ခေတ္တ ချင့်ချိန်ကြည့်လိုက်ပြီး မေးလိုက်ပါသည်။ “ငါမသွားရင် တရားဝင် ပလက်ဖောင်းက ငါ့ကို လုပ်ကြံဖို့ လူလွှတ်မှာလား”

“သူတို့ ထန်းတာ့ကို ထောက်ခံချက် နေရာတွေ ပေးတာ ရပ်လိုက်မှာလား။ ငါတို့ကို ၇၀ ရာခိုင်နှုန်း အမြတ်ပေးမယ့်အစား အညီအမျှ ခွဲယူမှာလား”

လက်ထောက်ရှင်း ဆွံ့အသွားရသည်။ “သူတို့ အဲ့လောက်ထိ လုပ်မယ်လို့တော့ ကျွန်မ မထင်ဘူးနော်”

သူတို့ ငါ့ကို မလုပ်ကြံဘူးလား။ စိတ်ပျက်စရာကြီး။

ဖေးချမ့် ထပ်ပြီး ခက်ခက်ခဲခဲ စဉ်းစားလိုက်ပြန်သည်။ သူတို့ တရားဝင်ပလက်ဖောင်းကို မလေးမစား လုပ်လိုက်ပါက နောက်ပိုင်း ထောက်ခံချက်နေရာတွေ မရလောက်တော့ပါ။

လက်ထောက်ရှင်းက ထပ်ပြောလိုက်၏။ “သူတို့က ဒီတိုင်း ရိုးရိုးရှင်းရှင်း စကားပဲပြောမှာပါတဲ့။ ဘော့စ်ဖေးရဲ့ အချိန်တွေ အများကြီး မယူပါဘူးတဲ့”

“အဲ့တာကြောင့် ဘော့စ်ဖေး သူတို့ကို ကူညီပေးလိုက်ပါလား”

ဖေးချမ့် ဆွံ့အသွား၏။

“...”

လက်ထောက်ရှင်း ဆက်ပြောလိုက်သည်။ “ဟုတ်တယ်။ ထန်းတာ့ရဲ့ ဆန်းသစ်ဂိမ်းဖန်တီးမှုတွေအပေါ် အထောက်အကူပြုမှုအတွက် ထန်းတာ့ကို တရားဝင်ဆုတံဆိပ်တောင် ချီးမြှင့်ချင် ချီးမြှင့်နိုင်တယ်”

ဖေးချမ့် ဆွံ့အနေဆဲဖြစ်၏။

“...”

“သူတို့ ဘော့စ်ဖေးရဲ့ ဂိမ်းဒီဇိုင်နာတစ်ယောက် အနေနဲ့ ထူးချိန်တဲ့ရလဒ်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဘော့စ်ဖေးကို ဆုလည်းချဦးမယ်။ ငွေသား ၁၀၀,၀၀၀ တဲ့။”

“ဟုတ်ပါတယ် အများကြီး မဟုတ်ပေမယ့် အရေးအကြီးဆုံးက–”

“သူတို့ကို လွှတ်လိုက်တော့” ဖေးချမ့် လက်ထောက်ရှင်းစကားကို ဖြတ်ပြောလိုက်ပါသည်။

“ဟင်” လက်ထောက်ရှင်း ကြောင်သွား၏။ ဘော့စ်ဖေး၏ သဘောထား ၁၈၀ ဒီဂရီလောက် ချက်ချင်း ပြောင်းလဲသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ခုနလေးတင် သူမကို အပြတ်ငြင်းဆန်နေခဲ့သော်လည်း မျက်စိတစ်မှိတ်အချိန်အတွင်း စိတ်ပြောင်းသွားတာလား။

ဖေးချမ့် လည်ချောင်းရှင်းလိုက်၏။ “ငါသေချာ စဉ်းစားကြည့်လိုက်မှ အင်တာဗျူးကို လက်ခံသင့်တယ်လို့ ထင်တယ်”

“အဓိကကတော့ ဒီဂုဏ်တွေအားလုံးက ငါနဲ့ပဲ သက်ဆိုင်တာ မဟုတ်ဘူး။ ထန်းတာ့ဝန်ထမ်း အားလုံးရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုသင့်တယ်။ ငါက အရမ်းအလုပ်များပြီး အဲ့လို ပုံစံမျိုးတွေနဲ့ အသိအမှတ်ပြုတာကို စိတ်မဝင်စားဘူး ဆိုပေမယ့် ငါ့ဝန်ထမ်းတွေ ဆုချခံရမယ့် အခွင့်အရေးပဲလေ”

“သူတို့အတွက်ကြောင့် ငါအင်တာဗျူးကို လက်ခံသင့်တယ်”

ဖေးချမ့်က ဖြောင့်မတ်စွာ ပြောလိုက်ပါသည်။

“ဟုတ်တာပေါ့ ဟုတ်တာပေါ့။ ဘော့စ်ဖေး မှန်ပါတယ်” လက်ထောက်ရှင်းက သဘောတူစွာ ပြောလိုက်ပါသည်။ “ဘာပဲဖြစ်ဖြစ် အားလုံးက ဘော့စ်ဖေးလိုမျိုး ဆုကြီးကြီးတွေကို ဂရုမစိုက်တာမဟုတ်ဘူး။ ဘော့စ်ဖေးကို ကမ်းလှမ်းရင်လည်း အဲ့ဒီဆုလာဘ်တွေကို လက်ခံသင့်တယ်နော်”

ဖေးချမ့် ခေတ္တစဉ်းစားကြည့်လိုက်ပြီး မေးလိုက်ပါသည်။ “သတင်းသမား ဘယ်နှယောက်လောက် ရှိမှာလဲ”

လက်ထောက်ရှင်း ပြန်ဖြေလိုက်သည်။ “အတည်တော့ မပြုရသေးဘူး။ အင်တာဗျူးရဲ့ အရွယ်အစားပေါ်မူတည်မယ်ထင်တယ်။ စာမူတစ်ခုတည်းနဲ့ ရောက်လာမယ်ဆိုရင် သတင်းသမား ၁ ယောက်နဲ့ လောက်တယ်။ သူတို့ ဗီဒီယိုတစ်ပုဒ်ထုတ်မှာဆိုရင်တော့ ဗီဒီယိုသမား တစ်ယောက် အနည်းဆုံး ပါလိမ့်မယ်”

“စည်းမျဉ်းစည်းကမ်း တင်းတင်းကြပ်ကြပ်ကြီးတွေတော့ မရှိပါဘူး။ လူဘယ်နှယောက် လာရမလဲ၊ အင်တာဗျူးက ဘယ်နှရက်ကြာမလဲဆိုတာကို ကျွန်မတို့ကပဲ အဓိက ဆုံးဖြတ်ပေးရမှာထင်တယ်”

ဖေးချမ့် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ “ကောင်းပြီ”

“တရားဝင် ပလက်ဖောင်းက ငါတို့ကို ဒီလောက် လေးစားသမှုပြုထားတော့ ငါတို့လည်း တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ဧည့်ခံကြတာပေါ့။ သူတို့ကို ကျင်းကျိုးမြို့ဆီ လာခဲ့ခိုင်းလိုက်။ အားလုံးရဲ့ ကုန်ကျစရိတ်ကို ငါတို့ တာဝန်ယူပေးမယ်”

လက်ထောက်ရှင်းက မေးလိုက်သည်။ “သူတို့အတွက် နေစရိတ် စားစရိတ်တွေကောလား”

ဖေးချမ့် ခေါင်းငြိမ့်ကာ ပြောလိုက်၏။ “ဟုတ်တယ် သူတို့ရဲ့ လေယာဉ်လက်မှတ်တွေ အတွက်ကောပဲ။ သူတို့က အင်တာဗျူးတစ်ခုအတွက် ဒီလောက်အဝေးကြီး လာကြရမှာ။ သူတို့ကို ကောင်းကောင်း ဧည့်ခံပြီး ကုန်ကျစရိတ်အားလုံးကို တာဝန်ယူပေးရမှာပေါ့”

လက်ထောက်ရှင်း မေးခွန်းတွေ ထပ်မမေးတော့ပေ။ “ကောင်းပါပြီ ဘော့စ်ဖေး ကျွန်မ လိုအပ်တာတွေ စီစဉ်လိုက်ပါ့မယ်”

ဘော့စ်ဖေး အင်တာဗျူးကို ငြင်းဆန်ဖို့ ရည်ရွယ်ခဲ့သော်လည်း လူလည်တရားဝင် ပလက်ထောင်းက ဒီလိုကိုယ်ရေးကိုယ်တာ ဆုလာဘ်မျိုး ပြင်ဆင်ထားလိမ့်မည်ဟု မထင်ခဲ့သောကြောင့်သာ ဖြစ်သည်။

အမှန်ပင်။ ၁၀၀,၀၀၀ ယွမ်ဆိုတာ ဘော့စ်ဖေးအတွက် အများကြီး မဟုတ်သော်လည်း… နည်းနည်းလေးလည်း မဟုတ်ပေ။

ထို့အပြင် ဒီမှာ ငွေဖြုန်းနိုင်မည့် အခွင့်အရေးတစ်ခုကို ဖေးချမ့် ရုတ်တရက်ကြီး တွေ့ရှိသွားသောကြောင့် ဖြစ်ပါသည်။

ငွေစာရင်းရှင်းချိန် မတိုင်ခင် ရေငတ်တာကို အဆိပ်နဲ့ဖြေဖျောက်ဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်သဖြင့် သူခြေတစ်လှမ်း ရှေ့ဆက်တိုးလိုက်ပါမည်။

တရားဝင်ပလက်ဖောင်းရဲ့ သတင်းသမားတွေကို ဧည့်ခံပြီး ငွေအမြောက်အများ ဖြုန်းတီးလို့ရသည်။ ၎င်းတို့ရဲ့ လေယာဉ်လက်မှတ်၊ နေထိုင်စရိတ်၊ စားသောက်စရိတ်အားလုံးအတွက် တာဝန်ယူပေးနိုင်သည်။ သူတို့ကို မင်ယွမ်စားဖိုဆောင်ဆီခေါ်လာပြီး ကျွေးမွေးလို့တောင် ရပါသည်။

အမှန်ပင်။ ဒီအစီအစဉ်က ဖေးချမ့်အတွက် တန်ပြန်သက်ရောက်မှုလည်း ရှိနိုင်သည်။

ဥပမာအားဖြင့်… တရားဝင် ပလက်ဖောင်းက ဖေးချမ့်ကို ပိုပြီး သဘောကျသွားနိုင်၏။ အင်တာဗျူးကို တစ်နည်းနည်းနဲ့ ပြင်ဆင်ပြီး ဂိမ်းရောင်းအားများကို တိုးမြှင့်နိုင်အောင် လုပ်နိုင်သည်။

သို့သော်လည်း ဖေးချမ့်က အရန်အစီအစဉ်တစ်ခုကို စီစဉ်ထားပြီးသား ဖြစ်သည်။

ကစားသမားများကို စိတ်ထင့်သွားအောင် အင်တာဗျူးအတွက် သွေးအေးအေး ခါးသီးသည့် အမှန်တရားများကို ပြောနိုင်သည်။ ဒီလိုဆို ဆွေးနွေးဖို့ အကြောင်းအရာတစ်ခုဖြစ်လာနိုင်ပြီး ဂိမ်းရောင်းအားအပေါ် ထိခိုက်မှုရှိပါသည်။

ဒါဆို နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ အခြေအနေ ဖြစ်မသွားနိုင်ဘူးလား။

ဘယ်လိုပဲဖြစ်ဖြစ် ဘော့စ်ဖေးက အရှုံးပေါ်ရန် ဘာမဆိုလုပ်ဖို့ ပြင်ဆင်ထားပြီးပါပြီ။

အောက်တိုဘာလ ၁၇ ရက်နေ့ တနင်္ဂနွေနေ့…

နေ့လည်ခင်း… လေဆိပ်တွင်…

ရှားကျန်းမှာ ကျင်းကျိုးမြေပေါ်သို့ ပထမဆုံး အကြိမ်အဖြစ် ခြေချဖူးခြင်းဖြစ်သည်။ သူမနောက်ကိုကြည့်လိုက်ပြီး အထင်ကြီးလောက်ဖွယ် အင်တာဗျူးအဖွဲ့ကို အကဲခတ်လိုက်၏။ ရုတ်တရက်ကြီး သူမပခုံးပေါ် လေးလံသည့် ဝန်ကြီးတစ်ခု ထမ်းလိုက်ရသလို ခံစားလိုက်မိသည်။

ဒီတစ်ခေါက် တရားဝင်ပလက်ဖောင်း၏ အင်တာဗျူးအဖွဲ့တွင် စုစုပေါင်း လူ ၉ ယောက် ပါဝင်၏။

ရှားကျန်းက အယ်ဒီတာချုပ်ဖြစ်ကာ ဘော့စ်ဖေး၏ အင်တာဗျူးအတွက် တာဝန်ရှိသူဖြစ်သည်။ သူမကို ကူညီပေးဖို့အတွက် အယ်ထီတာ ထရိန်နင်များကို ခေါ်လာခဲ့ပါသည်။

ကင်မရာအဖွဲ့သား ၄ ယောက်ရှိသည်။ တစ်ယောက်က အဓိက ကင်မရာတာဝန်ယူထား၏။ ၂ ယောက်က အရွေ့ကင်မရာများကို တာဝန်ယူထား၏။ ငယ်ငယ်ရွယ်ရွယ် ကြံ့ကြံ့ခိုင်ခိုင် ယောက်ျားလေး တစ်ယောက်ကတော့ ကိရိယာများသယ်ဆောင်ဖို့နဲ့ တခြား ကိစ္စများအတွက် အကူအညီပေးသည်။

ဓာတ်ပုံဆရာ ၂ ယောက်နဲ့ ကျန်းလေးဟုခေါ်သည့် စီးပွားရေးသမား တစ်ယောက်လည်း ရှိပါသည်။ သူက ထန်းတာ့ဝန်ထမ်းတွေနဲ့ တရင်းတနှီးဆက်ဆံဖို့နဲ့ အင်တာဗျူးအချိန်စာရင်းတစ်ခုလုံးကို စီစဉ်ဖို့ တာဝန်ရှိသူဖြစ်သည်။

ထရိန်နီကလွဲပြီး ၉ ယောက်စလုံးက အတွေ့အကြုံရှိပြီး အသက်ကြီးကြသည်။ ဒါက စိတ်ကူးယဉ်အဖွဲ့ဟုတောင် ဆိုနိုင်ပါသည်။

ဒါသာ သာမန် အင်တာဗျူးတစ်ခုဆို ဒီလောက် လုပ်ဖို့ မလိုအပ်ပေ။ အလွန်ဆုံး တရားဝင် ပလက်ဖောင်းက သတင်းသမား တစ်ယောက်၊ ဗီဒီယိုသမားတစ်ယောက်၊ ဓာတ်ပုံသမား တစ်ယောက်တို့ကို စေလွှတ်လိုက်မည်။ တစ်ခါတစ်လေ သတင်းသမားက ၂ ဆ တိုးသွားပြီး ဓာတ်ပုံသမားတွေလည်း ထိုနည်းလည်းကောင်း ဖြစ်၏။

ဒီလိုအဖွဲ့မျိုးဖွဲ့စည်းဖို့က အတော်လေး ရှားပါးသည်။

ရှားကျန်းလည်း အရင်တုန်းက ထန်းတာ့ဂိမ်းအကြောင်းကို ကြားဖူးပါသည်။ ကျင်းကျိုးမြို့မှာ ဖွံ့ဖြိုးတိုးတက်နေသည့် ဂိမ်းကုမ္ပဏီတစ်ခုဖြစ်ပြီး လုပ်ငန်းကလည်း ဂိမ်းဖန်တီးမှုတစ်ခုတည်း မဟုတ်မှန်း သူမ သိထားသည်။

ဒီကုမ္ပဏီဘော့စ်က အတော်လေး ဆန်းကြယ်သူ တစ်ယောက်ဖြစ်သည်ဟု ဆိုကြ၏။ ထို့ကြောင့် ရှားကျန်းကော၊ အဖွဲ့ထဲက အားလုံးကော သူ့အကြောင်း အလွန်စိတ်ဝင်စားနေကြပါသည်။

တကယ်တော့ တရားဝင်ပလက်ဖောင်းကို ဒီလိုမျိုး လူတွေအများကြီး လွှတ်ခိုင်းလိုက်တာ ထန်းတာ့ရဲ့ တောင်းဆိုမှုသာ ဖြစ်သည်။

ထန်းတာ့က ဒီအင်တာဗျူးကို ဘယ်လောက် လေးလေးနက်နက် သဘောထားမှန်း ပြသနေပါသည်။

ထို့ကြောင့် ဒီတာဝန်ကို လက်ခံလိုက်ချိန်တွင် ရှားကျင်းတစ်ယောက် အလွန်များပြားသည့် ဖိအားကို ခံစားလိုက်ရခြင်းဖြစ်သည်။ သူမအတွက်တော့ ဒါက အရေးပါသည့် အင်တာဗျူးတစ်ခုဖြစ်လာလိမ့်မည်။

ထန်းတာ့ကလည်း ၎င်းတို့၏ စေတနာကို အကောင်းဆုံး ဖော်ပြထားသည်။ အဖွဲ့ကို သွားလိုသည့်နေရာတိုင်း လိုက်ပို့နိုင်ဖို့အတွက် ၇ ခုံ ကားတစ်စီးနဲ့ သာမန်ကားတစ်စီးတို့ကို ပြင်ဆင်ပေးထားသည်။ ထို့အပြင် အဖွဲ့၏ နေထိုင်ဖို့နဲ့ ဒီမှာရှိနေစဉ် ကာလအတွင်း စားဖို့သောက်ဖို့များကို ထန်းတာ့ကပဲ တာဝန်ယူပေးမည်ဖြစ်သည်။

ကား ၂ စီးက အဖွဲ့တစ်ဖွဲ့လုံးကို ဟိုတယ်သို့ လိုက်ပို့ပေးလိုက်ပြီး ထန်းတာ့ဝန်ထမ်းတချို့က ချက်အင် လုပ်ငန်းစဉ်များကို တာဝန်ယူလိုက်သည်။

အားလုံးက ဆရာချောင်းနဲ့ ကျန်းကျုထျင်တို့ လာရောက်လည်ပတ်တုန်းကနဲ့ အတူတူပင်။ ဟိုတယ်က အဆင့်မြင့်ဟိုတယ်ဖြစ်ပြီး သစ်သီးဗန်းများ၊ အချိုပွဲများ၊ ကော်ဖီစက်များ အခန်းထဲတွင် ရှိနေသည်။ အားလုံးက အဆင့်မြင့်သည့်ပုံစံ ပေါက်ပါသည်။

ခဏလောက် အနားယူပြီးနောက် အားလုံး ဟိုတယ်လော်ဘီတွင် စုစည်းကြပြီး ဘော့စ်ဖေးနဲ့ သီးသန့်အင်တာဗျူးအတွက် ထန်းတာ့ဂိမ်းသို့ သွားရင် ပြင်ဆင်လိုက်ကြသည်။

ထိုအချိန်တွင် ဖေးချမ့်က အင်တာဗျူးအဖွဲ့၏ ခရီးစဉ်ကို စီစဉ်ပေးနေသည်။

“သူတို့ကို အခုနေ့လည်ခင်းကျရင် ကျင်းကျိုးမြို့က ဒီလည်ပတ်စရာနေရာကို ခေါ်သွားပြီး လမ်းလျှောက်ခိုင်းလို့ရတယ်။ ညကျရင်တော့ မင်ယွမ်စားဖိုဆောင်ကို ခေါ်သွားမယ်။ ငါမီနူးပြင်ထားပြီးသား”

“မနက်ဖြန်က တနင်္လာနေ့ဆိုတော့ သူတို့ကို ယွီအင်တာနက်ကဖေးဆီ ခေါ်သွားမယ်”

“နေ့လည်ခင်းကျရင်… ကျင်းကျိုးမြို့ရဲ့ တခြား လည်ပတ်စရာ နေရာတွေကို ခေါ်သွားလို့ရတယ်။ ညကျရင်တော့ တခြား အဆင့်မြင့် စားသောက်ဆိုင်တွေမှာ ညစာ ကျွေးမယ်”

“ငါတို့ အင်တာဗျူးကို သန်ဘက်ခါလောက်မှ စသင့်တယ်”

“ဒီ ၃ ရက်အတွင်း ဌာနပေါင်းစုံက ဝန်ထမ်းတွေနဲ့ သူတို့ စကားပြောကြည့်လို့ရတယ်။ သူတို့လိုအပ်တဲ့ ကုန်ကြမ်းတွေ စုချင်သလောက် စုနိုင်တာပေါ့”

“သူတို့အားလုံးပြီးပြီဆိုတာနဲ့ ကျင်းကျိုးမြို့မှာ ၁ ရက်လောက် ထပ်နေခိုင်းပြီးမှ ပြန်ခိုင်း။ ဖြစ်နိုင်ရင် သူတို့ကို စနေနေ့ထိ ဆက်နေအောင် လုပ်”

“စနေနေ့ညကျရင် မင်ယွမ်စားဖိုဆောင်မှာ နှုတ်ဆက်ညစာစားပွဲ ကျင်းပလို့ရတယ်”

“ပြီးရင် ဒီကနေ တနင်္ဂနွေနေ့မှာ လေယာဉ်ပြန်စီးသွားလို့ရမယ်။ ဒါဆို တစ်ပတ်ပြည့်ပြီ။ ကွက်တိပဲ”

“သူတို့မပြန်ခင် နှုတ်ဆက်လက်ဆောင်တွေ ပေးဖို့လည်း မမေ့နဲ့ဦး။ တစ်ယောက်ကို လက်ဆောင် ၁၀ မျိုးလောက် ပေးလိုက်မယ်။ ဒါမှ သူတို့ ပြန်ရောက်တဲ့အခါ လုပ်ဖော်ကိုင်ဖက်တွေကို ခွဲပေးလို့ရမှာ”

“ဟုတ်တယ် ဒီလောက်ပဲ”

ဒီတစ်ခေါက် သူဖြုန်းနိုင်မည့် စုစုပေါင်း ငွေပမာကို တွက်ချက်ပြီးနောက် ဖေးချမ့် စပ်ဖြဲဖြဲဖြစ်သွား၏။

ဖေးချမ့် အမြင်မှာတော့ ဒီအဖွဲ့က သူ့ကို အင်တာလာဗျူးသူများမဟုတ်ပေ။ သူ့ကို ငွေဖြုန်းဖို့ လာကူညီပေးသည့် မိတ်ဆွေများသာ ဖြစ်သည်။

လက်တစ်ကမ်းတွင်ရှိသမျှ အခွင့်အရေးတိုင်းကို လက်လွှတ်မခံသင့် ဟူသည့် ဆိုရိုးစကားအတိုင်းပင်။

ကျင်းကျိုးမြို့ကို ဒီလောက်လူတွေအများကြီး လာရောက်လည်ပတ်ဖို့က ရှားပါသည်။ ဖေးချမ့် သူတို့ကို ဒီတိုင်း ထွက်သွားခွင့် မပေးနိုင်ပါ။

ခရီးစဉ်ကို အတည်ပြုပြီးနောက် ဖေးချမ့် လက်ပတ်နာရီကို ကြည့်လိုက်သည်။ သွားရမည့် အချိန်ရောက်ပါတော့မည်။

ဟိုတယ်ကို ဖေးချမ့် ရောက်လာတာနဲ့ အင်တာဗျူး အဖွဲ့ကို တွေ့လိုက်ရသည်။ သူတို့ဆီ လျှောက်သွားပြီး ကျင်းကျိုးမြို့မှ နွေးနွေးထွေးထွေး ကြိုဆိုကြောင်း ပြောလိုက်ပါသည်။

ဖေးချမ့်ကို ရှားကျန်းနဲ့ တခြားသူတွေ ပထမဆုံး မြင်ဖူးတာ ဖြစ်သည်။ သူဘယ်လောက်ငယ်ရွယ်မှန်း မြင်ပြီးနောက် အံ့အားသင့်သွားကြ၏။

အချင်းချင်း ယဉ်ကျေးမှုအရ နှုတ်ဆက်ပြီးနောက်..

“ဘော့စ်ဖေးရဲ့ ရုံးကို အရင်သွားရအောင်လေ။ ကျွန်မတို့ရဲ့ ကိရိယာတွေအကုန်လုံး ပြင်ဆင်ထားပြီးသားပါ။ ကျွန်မတို့ အချိန်မရွေး ရိုက်ကူးရေးစလို့ရပါတယ်” ရှားကျန်း စဉ်းစားမိတာမှန်သမျှ အလုပ်အကြောင်းသာ ဖြစ်သည်။

“လောစရာ မလိုပါဘူး” ဖေးချမ့်က လက်ရမ်းပြလိုက်သည်။

“လက်ထောက်ရှင်းက ခင်ဗျားတို့အားလုံးကို ဒီနေ့ည ကျင်းကျိုးမြို့ကို လိုက်ပြမှာ။ အလုပ် မလုပ်ခင် ဒီမြို့ရဲ့ ရှုခင်းရနံ့တွေကို ခံစားလိုက်ပါဦး”

ရှားကျန်း ရပ်တန့်သွား၏။ “ဟင် ဘော့စ်ဖေး ကျွန်မတို့ အလုပ်တန်းမလုပ်သင့်ဘူးလား။ အဲ့ဒါပြီးလို့ အချိန်ပိုရမှ ကျွန်မတို့ မြို့ထဲ လျှောက်လည်လို့ရတာပဲ”

ဖေးချမ့်က တည်တံ့စွာဖြင့် ပြောလိုက်သည်။ “ခင်ဗျားတို့ အရမ်းအလုပ်ကြိုးစားနေကြတဲ့ ပုံပဲ”

“နေရာတိုင်းမှာ နေထိုင်သူတွေကို အထောက်အကူပြုတဲ့ နည်းလမ်းတွေ ရှိကြတယ်ဆိုတဲ့ စကားအတိုင်းပဲပေါ့။ ထန်းတာ့က ထန်းတာ့မှာပဲ မွေးဖွားပြီး ပျိုးထောင်ခံခဲ့ရတာ။ ခင်ဗျားတို့ ထန်းတာ့ကို ရိုက်ကူးရေးလုပ်ချင်တယ်ဆိုရင် ကျင်းကျိုးကို အရင်ဆုံး ရိုက်ကူးရေး လုပ်ရမှာပေါ့။ ဒီလို လုပ်ရအောင်။ ခင်ဗျားတို့အားလုံး ကျင်းကျိုးမြို့ရဲ့ လည်ပတ်စရာနေရာတွေ အကုန်လုံးကို လည်ပတ်လို့ရပြီး ပတ်ဝန်းကျင်နဲ့ အနေအထားတွေကို ခံစားကြည့်လိုက်ကြ။ အဲ့တာဆို ခင်ဗျားတို့ရဲ့ ရိုက်ကူးရေးမှာ အထောက်အကူပြုနိုင်တယ်”

“ဒီနေ့ညအတွက် ကျွန်တော် ညစာာစားပွဲလည်း ပြင်ဆင်ထားသေးတယ်။ ခင်ဗျားတို့ ကျင်းကျိုးမြို့ရဲ့ ဒေသစာတွေကို စားသုံးပြီး ဖန်တီးနိုင်စွမ်းတွေ ပေါက်ဖွားလာကြပါစေ”

“ဧည့်သည်တွေက အိမ်ရှင်စီစဉ်ပေးထားတဲ့ အတိုင်း နေသင့်တာပေါ့။ ကျွန်တော် စီစဉ်ပေးထားတဲ့အတိုင်းသာ လိုက်လုပ်ကြ”

“ဟုတ်ပြီ အားလုံးပဲ ကားပေါ်တက်ကြ”

ဒီလိုနဲ့ အင်တာဗျူးအဖွဲ့တစ်ဖွဲ့လုံး ဘော့စ်ဖေရဲ့ စကားလုံးချိုချိုများ၏ ကားပေါ် တွန်းပို့မှုကို ခံလိုက်ရသည်။ ကျင်းကျိုးမြို့တွင် ၎င်းတို့၏ ငွေဖြုန်းမည့် – အဲ ရှုခင်းရနံ့များကို ခံစားမည့် ခရီးစဉ်ကို စတင်လိုက်ကြပါတော့သည်။

All Chapters