ပရော်ဖက်ရှင်နယ် ဂျာနယ်လစ်ဆိုတာ
Vol. 20 Ch. 296
ညနေခင်းတွင် သူတို့ ကျင်းကျိုးမြို့၏ မြို့တွင်း အလှအပများကို ခံစားကြသည်။
ညဘက်မှာတော့ မင်ယွမ်စားဖိုဆောင်၌ အားရပါးရ စားသောက်ကြပါသည်။
ရှားကျန်းနဲ့ အင်တာဗျူးအဖွဲ့သားများ ဧရာမ ကျောက်ပုစွန်ကြီးများကို စိတ်ကြိုက် စားသုံးနေကြသည်။ သူတို့ကို ဧည့်ခံသည့် ပုံစံကြောင့် သူတို့အလွန်ကြည်နူးသွားမိပါသည်။
ဒီလို ဧည့်ခံမှုမျိုးက ဒီလောကကြီးမှာ မရှိနိုင်ပါ။
ဂျာနယ်လစ်တစ်ယောက်၏ အလုပ်က အလွန်စုံလင်သည်။ အလွယ်လေး လုပ်ရသည့် တာဝန်များရှိသလို ခါးရိုးကျိုးအောင် လုပ်ရသည့် အလုပ်တွေလည်း ရှိပါသည်။
အများအားဖြင့် အင်တာဗျူးခံရသူက ကိုယ်တိုင် အင်တာဗျူးကို တောင်းဆိုသည့်အခါတွင် ဂျာနယ်လစ်များ ရရှိမည့် အကျိုးခံစားခွင့်များက ပိုပြီး ကောင်းမွန်ပါသည်။
အင်တာဗျူးခံမည့်သူကက ၎င်းတို့၏ ခရီးသွားစရိတ်နဲ့ နေထိုင်စရိတ်များကို တာဝန်ယူပေးလိမ့်မည်။ တစ်ခါတစ်လေ သူတို့ တစ်ယောက်ချင်းစီတိုင်း ခရီးသွားစရိတ် ၅၀၀ ယွမ် မှ ၁,၀၀၀ ယွမ်အထိ ရနိုင်သည်။ ထိုငွေကို လူတွေကတော့ ‘စာအိတ်နီ’ ဟုခေါ်ဆိုလေ့ ရှီကြ၏။
သို့သော် ထန်းတာ့နဲ့ အင်တာဗျူးကတော့ ခြားနားပါသည်။ အင်တာဗျူးကို ထန်းတာ့က တောင်းဆိုထားခြင်းမဟုတ်ဘဲ တရားဝင် ပလက်ဖောင်းက စီစဉ်ပေးထားခြင်း ဖြစ်၏။
သာမန်အခြေအနေများအောက်တွင် ထန်းတာ့က ၎င်းတို့အတွက် ခရီးစရိတ်၊ နေထိုင်စရိတ်များကို ပေးဖို့ မလိုပေ။
သို့သော်လည်း ဘော့စ်ဖေးကတော့ တာဝန်ယူပေးဖို့ ကမ်းလှမ်းခဲ့ပါသည်။
ထန်းတာ့က ၎င်းတို့၏ ခရီးသွားစရိတ်နဲ့ နေထိုင် စရိတ်တို့ကို တာဝန်ယူပေးရုံတင်မကဘဲ ခရီးသွားယာဉ်များ၊ ၎င်းတို့၏ စားသောက်ဖွယ်ရာများ စသည်တို့တွင်လည်း အမြင့်ဆုံး အရည်အသွေးများကိုသာ စီစဉ်ပေးထား၏။ ထို့ကြောင့် သူတို့ လေးစား သွားမိပါသည်။
ထို့အပြင် သူတို့ စားသောက်နေကြသည့် စားတော်ပွဲမှာ အလွန်စျေးကြီးမည့်ပုံစံပင်။ ရှားကျန်းနဲ့ အဖွဲ့သားများ သူတို့ရရှိထားသည့် အကျိုးခံစားခွင့်များကြောင့် အနည်းငယ် စိုးရိမ်မိပါသည်။
အစကတော့ ညစာစားသုံးနေစဉ် ဘော့စ်ဖေးနဲ့ စကားပြောပြီး အင်တာဗျူုးအတွက် အချက်အလက်များ ကြိုတင် စုဆောင်းထားဖို့ ရှားကျန်း စဉ်းစားထားခဲ့၏။
သို့သော်လည်း ယစ်မူးလောက်စရာ ဟင်းလျာများကို တည်ခင်းပေးလိုက်သောအခါ သူမ ချက်ချင်း ထိုအတွေးကို ခေါင်းထဲ ချက်ချင်း ပြန်ထည့်လိုက်ပါသည်။
သူမ ဟင်းလျာတွေကြောင့် လုံးဝ ယစ်မူးသွားလေပြီ။
တည်ခင်းပေးထားသည့် ဟင်းလျာများ အကြားတွင် အများစုက သူမ ကြားသာကြားဖူးပြီး မမြင်ဖူးသည့် ဟင်းလျာများဖြစ်သည်။ သူမ စားကြည့်ချင်သည့် စိတ်ကို ထိန်းနိုင်ပါဦးမလား။
ထို့အပြင် ဒီကဝန်ထမ်းများ၏ ဝန်ဆောင်မှု အမြန်နှုန်းများကိုလည်း အထူးလေ့ကျင့်ပေးထားမှန်း သိသာပါသည်။ ဟင်းလျာတိုင်း၏ ဝန်ဆောင်မှုအချိန်က မှန်ကန်သည်။ ထို့ကြောင့် စားတော်ပွဲတစ်ခုလုံးက ပိုပြီး ပျော်စရာ ကောင်းလာပါသည်။
အချိုပွဲများစားသုံးပြီးနောက် ရှားကျန်းက ရှက်ရွံ့စွာဖြင့် သူမ၏ ဗိုက်ဖောင်းဖောင်းကို ထိလိုက်သည်။
ဟာ သွားပါပြီ။
ဘော့စ်ဖေက တစ်ချိန်လုံး သူတို့အတွက် တွေးပေးခဲ့သဖြင့် မေးခွန်းတွေမေးဖို့တောင် သင့်တော်တဲ့အချိန် ရှာမရခဲ့ပါ။
မင်ယွမ်စားဖိုဆောင်ထဲက ထွက်လာပြီးနောက် ရှားကျန်းဖုန်းကို ခိုးထုတ်လိုက်ပြီး ချွမ်းမင် Review App ကိုဖွင့်လိုက်သည်။
သူမ စစ်မကြည့်ပါက မသိနိုင်ပေ။ သို့သော် စားသောက်ဆိုင်ကို ရှာကြည့်လိုက်သည့်အခါတွင် ရလဒ်က သူမကို အံ့သြသွားစေသည်။
ဒီနေရာကြီးက သိပ်မကြာသေးခင်တုန်းက နာမည်ကြီးသွားတဲ့ အမည်မဲ့စားသောက်ဆိုင် မဟုတ်ဘူးလာား။
အဲ့ဒီတုန်းက ၂ လ ၃ လဆက်တိုက် စားသောက်ဆိုင် ဘိုကင်တွေပြည့်သွားတယ်လို့ ပြောကြတယ်။ အရမ်းနာမည်ကြီးလွန်းတာ။ ကျင်းကျိုးမြို့ခံတွေတောင် ဒီစားသောက်ဆိုင်မှာ စားနိုင်ဖို့ အခွင့်အရေး မရလောက်ဘူး။
အားလုံး ဘော့စ်ဖေးကို လေးစားစွာ ကြည့်လိုက်ကြသည်။
သူတို့ ဗီဒီယိုကို သေချာပေါက် စံနှုန်းမြင့်မြင့် ရိုက်ကူးရမည်။ ဘော့စ်ဖေး သူတို့အတွက် ဒီလောက်လုပ်ပေးထားသည့်အတွက် သူမတို့ ဘော့စ်ဖေးကို စိတ်ပျက်အောင် မလုပ်သင့်ပါ။
ရှားကျန်း အလွန်ကြည်နူးသွားသည်။ “ဘော့စ်ဖေး ကျွန်မတို့ကို ဧည့်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ကျွန်မတို့ ဒီနေ့ည ဟိုတယ်ကို ပြန်ရောက်တာနဲ့ လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်လိုက်ပါ့မယ်။ ကျွန်မတို့ မနက်ဖြန်မနက်ကျရင် အင်တာဗျူးကို တရားဝင် စလို့ ရပြီလား”
ဖေးချမ့် ခေါင်းခါလိုက်ပြီး ပြန်ပြောလိုက်ပါသည်။ “မဟုတ်သေးဘူး မဟုတ်သေးဘူး။ မနက်ဖြန်လည်း ခင်ဗျားတို့အတွက် ကျွန်တော် တခြား စီစဉ်ပေးထားတာတွေ ရှိတယ်”
“မနက်ဖြန်မနက်ကျရင် ကျွန်တော် ခင်ဗျားတို့ကို ယွီအင်တာနက်ကဖေးမှာ ဧည့်ခံပေးမယ်။ ဂိမ်းကုမ္ပဏီတစ်ခုကို အင်တာဗျူးမှတော့ ဂိမ်းမကစားကြည့်ဘဲ နေလို့ရမလား”
“နေ့လည်ခင်းမှာ ကျင်းကျိုးမြို့ရဲ လှပတဲ့ ရှုခင်းတွေကို ဆက်ပြီး ခံစားကြမယ်။ ကျင်းကျိုးမြို့ရဲ့ ကြွယ်ဝတဲ့မြေမှာ ပါရမီရှင်တွေ အများကြီးရှိတယ်။ ကျွန်တော်တို့ မြို့ကလည်း ပန်းချီကားတစ်ချပ်လို လှပတယ်။ ဒီတစ်ညနေတည်းနဲ့ အားလုံးကို ကြည့်နိုင်ပါ့မလား။ ခင်ဗျားတို့တွေ ထပ်ပြီး ခံစားကြည့်ရမှာပေါ့”
“ခင်ဗျားတို့ ဒီနေ့ညနဲ့ မနက်ဖြန်ည ကောင်းကောင်းနားလိုက်ကြဦး။ ခင်ဗျားတို့လည်း ခရီးပန်းလာကြရောပေါ့။ ကျွန်တော်တို့မှာ အချိန်လုံလုံလောက်လောက်ရှိပါတယ်။ စိတ်မပူပါနဲ့။ ကျွန်တော်တို့ နောက်ထပ် ၂ ရက်ကြာတဲ့ မနက်မှ အင်တာဗျူးစလည်း ရတယ်”
ရှားကျန်း ကြက်သေသေသွားသည်။ “ဟင် ဘော့စ်ဖေး အဲ့လိုဆို သိပ်ပြီး မသင့်တော်ဘူး ထင်တယ်နော်”
ဖေးချမ့်က ပြုံးကာ ခေါင်းခါလိုက်သည်
“ဘယ်လိုလုပ် မသင့်တော်တာလဲ။ ကျွန်တော်တို့ အားလုံးက အင်တာဗျူးကောင်းကောင်း တစ်ခုဖန်တီးဖို့ ကြိုးစားနေကြတာမဟုတ်ဘူးလား။ ဧည့်သည်တစ်ယောက်က အိမ်ရှင်အတွက် အဆင်ပြေအောင် လုပ်ပေးရမှာပေါ့။ စိတ်မပူပါနဲ့ ကျွန်တော် စီစဉ်ထားတဲ့အတိုင်းသာ လိုက်လုပ်။ အားလုံး အဆင်ပြေမှာပါ”
အောက်တိုဘာလ ၁၈ ရက်နေ့…
မနက်ခင်းတွင် ရှားကျန်းတို့အဖွဲ့ ယွီအင်တာနက် ကဖေး၌ ကော်ဖီသောက်ရင်း အင်တာနက်သုံးနေကြသည်။ ဒီကဖေး၏ လည်ပတ်ပုံ မော်ဒယ်သစ်ကြောင့် အားလုံး အံ့အားသင့်သွားကြပါသည်။
ဘာပဲဖြစ်ဖြစ် ယွီအင်တာနက်ကဖေးက ကျင်းကျိုးမြို့မှာသာ ရှိသေးပြီး တခြား မြို့နယ်များအထိ မကျယ်ပြန့်သေးပေ။
ညနေခင်းတွင် သူတို့အဖွဲ့ ကျင်းကျိုးမြို့ထဲ လည်ပတ်စရာနေရာတွေကို နောက်ထပ် နေ့တစ်ဝက် လည်ပတ်ခဲ့ပြန်သည်။
ညဘက်မှာတော့ ဘော့စ်ဖေးက အားလုံးကို ငန်းရေကန်စားသောက်ဆိုင်မှာ ညစာ ဧည့်ခံပါသည်။
သူတို့ အမည်မဲ့စားသောက်ဆိုင်ကို ဘာလို့ ထပ်မသွားတာလဲဆိုသည့် ကိစ္စနဲ့ပတ်သတ်ပြီး ဘော့စ်ဖေးပေးသည့် အကြောင်းပြချက်က ဘိုကင်မရှိတော့သောကြောင့် ဖြစ်သည်။
ငန်းရေကန်စားသောက်ဆိုင်က ဘူဖေး စားသောက်ဆိုင်ဖြစ်သည်။ ဝန်းကျင်အခြေအနေက အဆင့်မြင့်ပြီး အစားအသောက် စုံစုံလင်လင် ရှိသော်လည်း အမည်မဲ့စားသောက်ဆိုင်နဲ့ ယှဉ်ရင်တော့ ဒီစားသောက်ဆိုင်က အများကြီး လိုသေးမှန်း ရှားကျန်း သိနိုင်ပါသည်။
ခြားနားချက်ကို ပါဝင်ပစ္စည်းများ၊ စားဖိုမှူးများ၏ စွမ်းရည်များ၊ ဆိုင်အနေအထား၊ ဝန်ဆောင်မှုနဲ့ တခြား ကဏ္ဍများကို ကြည့်ခြင်းအားဖြင့် ပြောနိုင်သည်။
သို့သော်လည်း ခြားနားချက်တွေကို တိတိကျကျ ထောက်ပြရမည်ဆိုရင်တော့ သူမ မထောက်ပြတတ်ပေ။
ခြားနားချက်တွေက အသေးစိတ်လေးများ ဖြစ်သော်လည်း အားလုံး စုပေါင်းလိုက်သည့်အခါ အနှစ်ချုပ်အတွေ့အကြုံတွင် အများကြီး ခြားနားသွားသည်ဟုသာ ပြောနိုင်သည်။
ရှားကျန်းက မကျေနပ်တာတော့ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမ ပိုပြီးတောင် ကြည်နူးသွားပါသည်။
ငန်းရေကန်စားသောက်ဆိုင်ရှိ အစားအသောက်များကပင် အလွန် အဆင့်မြင့်နေပါပြီ။ သို့သော်လည်း အမည်မဲ့ စားသောက်ဆိုင်နဲ့ ယှဉ်နိုင်ရုံ ဆိုသလောက်ပင်။
ဒါက ဘော့စ်ဖေး ဧည့်ခံခဲ့သည့် ကြိုဆိုပွဲမှာ အလွန် တန်ဖိုးကြီးမားလွန်းကြောင်း ပြသနေခြင်းပင်။ ကျင်းကျိုးမြို့ကို လာတဲ့ သာမန်လူတွေတော့ ဒီလို အကျိုးခံစားခွင့်မျိုး သေချာပေါက် ရမှာမဟုတ်လောက်ပါ။
ဘော့စ်ဖေးက အရမ်းကောင်းတာပဲ အရမ်း ရက်ရောတယ်
ရှားကျန်းနဲ့ တခြားသူတွေရဲ့ အမြင်မှာတော့ ဘော့စ်ဖေးရဲ့ ပုံရိပ်က တဖြည်းဖြည်း ပိုပို ကျယ်ပြန့်လာပါသည်။ ဒီလောက် ဂန္တဝင် ဂိမ်းပေါင်းများစွာကို ထုတ်လုပ်ထားတာတောင် ဘော့စ်ဖေး အလွန်ဇာတ်နိမ့်နေနေသေးမှန်း စဉ်းစားမိသောအခါ သူတို ရင်နာသွာရသည်။
ဘော့စ်ဖေးအကြောင်း သတင်းမတင်ပြခြင်းဖြင့် သူတို့ အလုပ်ကောင်းကောင်း မလုပ်ခဲ့သလိုပင်။
ထို့ကြောင့် ဒီအင်တာဗျူးမှာတော့ သူတို့ ကောင်းကောင်းမွန်မွန် ဆောင်ရွက်ရမည်။ မနေ့ညက သူတို့ကို ဧည့်ခံခဲ့သည့် စားတော်ပွဲကြီးမျက်နှာဖြင့် ဘော့စ်ဖေးကို စိတ်ပျက်အောင် လုပ်လို့မဖြစ်ပါ။
ညဘက်တွင်…
ရှားကျန်း ဟိုတယ်ကို ပြန်ရောက်လာခဲ့သည်။ သူမ လက်ပ်တော့ကို ထုတ်လိုက်ပြီး မာန်ပါပါဖြင့် စတင် စာရိုက်ပါတော့သည်။ မနက်ဖြန် အင်တာဗျူးအတွက် လမ်းစဉ်ကို စတင်ချမှတ်သည်။
သူမ အလုပ်ကို ဆက်ပြီး လျစ်လျူရှုထားပါက အနည်းငယ် ရှက်ရွံ့မိပါတော့မည်။
ကျင်းကျိုးမြို့ကို လွန်ခဲ့သည့် ၂ ရက်က ရောက်လာကတည်းက ပထမဆုံး မြို့ထဲလျှောက်လည်သည် ထို့နောက် တန်ဖိုးကြီး စားတော်ပွဲကြီးကို သုံးဆောင်ပြီး ညဘက်မှာလည်း ကောင်းမွန်စွာ အိပ်စက်ခဲ့သည်။
ဒီနေ့လည်း အင်တာနက်ကဖေကိုသွားခဲ့ပြီး ကျင်းကျိုးမြို့ထဲရှိ လည်ပတ်စရာနေရာများကို ထပ်သွားခဲ့၏။ ထို့နောက် ညဘက်မှာ နောက်ထပ် စားတော်ပွဲတစ်ခုကို သုံးဆောင်ရပြန်သည်။
သူတို့တကယ်ပဲ အလုပ်ကို လျစ်လျူရှုခဲ့ပြီး မြိန်ရည်ရှက်ရည်စားသောက်ခဲ့ကြကာ အားတွေလည်း ပြန်ပြည့်ဝခဲ့ကြပါပြီ။
“ဘော့စ်ဖေး စီစဉ်ပေးထားတဲ့ အချိန်စာရင်းက အရမ်းကောင်းတယ်။ သူတကယ် အချိန်ယူပြီး စဉ်းစားထားတာပဲ”
“ကျင်းကျိုးမြို့က အရမ်းကြီးတဲ့ မြို့ပါ။ တစ်ရက်တည်းနဲ့ တစ်မြို့လုံးကို လည်ပတ်ဖို့က မဖြစ်နိုင်ဘူး။ အဲ့တာကြောင့် မြို့ပတ်ခရီးကို ညနေခင်း ၂ ခုစာ စီစဉ်ပေးခဲ့တာ”
“ညနေခင်းရာသီဥတုက အပြင်ထွက်ဖို့ အသင့်တော်ဆုံးအချိန်ပဲ။ တစ်ချိန်တည်းမှာပဲ နေ့စဉ်စီစဉ်ပေးထားတာတွေက အရမ်းမများဘဲ ငါတို့ကို မပင်ပန်းအောင်လည်း သေချာ လုပ်ပေးထားတယ်”
“ပြီးတော့ ခရီးစဉ်တွေအတွင်းမှာ အင်တာဗျူးထဲ ထည့်သုံးလို့ရမယ့် ဗီဒီယိုကလစ်တချို့နဲ့ အချက်အလက်တွေကိုလည်း ရခဲ့သေးတဘ်”
ဒီ ၂ ရက်အတွင်း သူမြင်ခဲ့ ကြားခဲ့သည့် အရာများကို ရှားကျန်း ပြန်စဉ်းစားကြည့်လိုက်သည်။ သူမ စားသောက်ခဲ့သည့် စားကောင်းသောက်ဖွယ်များက ချက်ချင်း အာဟာရများအဖြစ် ပြောင်းလဲကာ သူမ ဦးနှောက်က စုပ်ယူသွားသည်။ သူမ ဦးနှောက်ထဲ အကြံများ ပေါက်ကွဲထွက်လာ၏။
အထူးသဖြင့် ယွီအင်တာနက်ကဖေးတွင် အဆင့်မြင့် ကွန်ပျူတာများကို အသုံးပြုလျက် ထန်းတာ့ဂိမ်းတချို့ကို ကစားခဲ့ပြီး လုံးဝ မတူညီသည့် ဂိမ်းရသတစ်ခုကို ခံစားခဲ့ရသည်။ ထို့ကြောင့် ဘော့စ်ဖေးရဲ့ ဂိမ်းဒီဇိုင်း အတွေးအခေါ်အပေါ် သူမ၏ နားလည်နိုင်စွမ်း အတွက်လည်း အထောက်အကူပြုခဲ့သည်။
သူမ၏ အိုင်ဒီယာများက ချက်ချင်းဆိုသလို ပေါက်ထွက်လာခဲ့သည်။
ဘော့စ်ဖေးရဲ့ ဆန်းသစ်သည့် ဂိမ်းဒီဖိုင်း အတွေးအခေါ်များက သူမရဲ့ ထိပ်တန်းအဆင့် အရေးအသားစွမ်းရည်နဲ့သာဆို မီးပွားလေးတွေတောင် ထွက်လာနိုင်လိမ့်မည်ဟု ရှားကျန်း ယုံကြည်ထားသည်။ ဒီလိုသာဆို ဂိမ်းလောကထဲမှာ ဒီအင်တာဗျူးက ရေပန်းစား အကြောင်းအရာတစ်ခု ဖြစ်လာပါလိမ့်မည်။
နောက်တစ်နေ့ အင်တာဗျူးအဖွဲ့ ထန်းတာ့၏ ရုံးသို့ မနက်စောစော ရောက်ရှိလာခဲ့ကြသည်။
ကျယ်ဝန်းပြီး ခန်းနားသည့် ရုံးနေရာက အင်တာဗျူးအဖွဲ့ကို အံ့သြသွားစေသော်လည်း သူတို့ ဒီ ၂ ရက်အတွင်း တွေ့ကြုံခံစားခဲ့ရသည့် အံ့အားသင့်မှုများက သူတို့ကို တည်ငြိမ်စေအောင် လေ့ကျင့်ပေးထားပြီးသားပင်။
နောက်ပိုင်းတွင် ကုမ္ပဏီ၏ ဝန်ထမ်းများကို အင်တာဗျူးမည့် ကဏ္ဍတစ်ခုလည်း ပါဝင်သည်။ ဒီလို အထင်ကြီးစရာကောင်းသည့် ရုံးနေရာကြီးက သေချာပေါက် သူတို့ စကားပြောဆို ရိုက်ကူးလို့ ရနိုင်သည့် နေရာမျိုးပင်။ သူတို့ အခွင့်အရေးကို လက်လွှတ်အဆုံးရှုံးမခံသင့်ပေ။
ဒီနေ့အတွက် အဓိက တာဝန်က ဘော့စ်ဖေးကို အင်တာဗျူးဖို့ ဖြစ်သည်။ အင်တာဗျူးမည့် တည်နေရာက ထန်းတာ့၏ ဧည့်ကြိုခန်းထဲတွင် ဖြစ်ပါသည်။
ခေါင်းဆောင် ကင်မရာမန်းက အဓိက ကင်မရာကို တပ်ဆင်လိုက်ပြီး လက်ဖြင့် အိုကေ သင်္ကေတလုပ်ပြကာ အချိန်မရွေး စတင်လို့ရပြီဖြစ်မှန်း ပြသလိုက်ပါသည်။
တခြား အရွေ့ကင်မရာ ၂ လုံးကိုတော့ နောက်ထပ် ကင်မရာမန်း ၂ ယောက်က ကိုင်ထားသည်။ တည်းဖြတ်သည့်အခါ အသုံးပြုနိုင်မည့် ဗီဒီယိုကလစ်များ ရရှိရန်အတွက် တခြား ရှုထောင့်များက ရိုက်ကူးနေကြပါသည်။
ရှားကျန်းက ထိုင်ခုံပေါ်တွင် ထွင်နေပြီး သူမ အံ့သြဖို့ကောင်းလောက်အောင် အနည်းငယ် စိတ်လှုပ်ရှားနေမှန်း သိလိုက်ရသည်။ သူမ ဒီလိုမျိုး ခံစားရတာ မရှိသလောက်ရှားပါသည်။
ဖေးချမ့်က ဧည့်ကြိုခန်းအပြင်ဘက်မှ ကင်မရာ ၃ လုံးကို သတိထားမိသွား၏။ ချက်ချင်း သတိကြီးသွားလေသည်။ လက်ထောက်ရှင်းကို ဆွဲခေါ်သွားပြီး ရိုးရိုးရှင်းရှင်း ညွှန်ကြားချက် တချို့ ပေးလိုက်ပါသည်။
၂ မိနစ်လောက်ကြာသည့်အခါ လက်ထောက်ရှင်းက ဧည့်ကြိုခန်းထဲ ဝင်လာပြီး ဘော့စ်ဖေး၏ စကားများကို ရှားကျန်းအား ပြန်ပြောပြလိုက်ပါသည်။
“အယ်ဒီတာချုပ် ရှား။ ဘော့စ်ဖေးက သူ့ကို အင်တာဗျူးတဲ့အခါ ကင်မရာတွေကို ဖယ်လိုက်ပြီး ဒီတိုင်း စာမူပဲ လက်ရေးနဲ့ ချရေးဖို့ မျှော်လင့်ပါတယ်တဲ့။ တခြား ဝန်ထမ်းတွေနဲ့ အင်တာဗျူးထားတဲ့ ဗီဒီယို ကလစ်တွေကိုတော့ သုံးလို့ရပါတယ်”
ရှားကျန်း ကြက်သေ သေသွား၏။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘော့စ်ဖေးက ဒီအင်တာဗျူးရဲ့ အဓိကလူလေ”
အဖွဲ့သားများက ကျင်းကျိုးမြို့ ရှုခင်းများစွာနဲ့ ထန်းတာ့၏ အလုပ်ပတ်ဝန်းကျင်ကိုလည်း မှတ်တမ်းယူထားသည်။ ဝန်ထမ်းများနဲ့လည်း အလေးအနက် အင်တာဗျူးများ လုပ်ဖို့ စီစဉ်ထား၏။ ဒါတွေအားလုံး လုပ်ပြီးခါမှ အင်တာဗျူး၏ အဓိကလူက မျက်နှာကို မပြပါက သင့်တော်မည်မထင်ပါ။
လက်ထောက်ရှင်းက ပြုံးကာ ပြောလိုက်၏။ “အယ်ဒီတာချုပ်ရှား။ ကျွန်မ ရိုးရိုးသားသား ပြောမယ်နော်။ ဘော့စ်ဖေးက အရမ်း လူမသိ သူမသိနေတတ်တဲ့လူပါ။ ကြည့်ရှုသူတွေရှေ့မှာ ထွက်ပြရတာမျိုး မကြိုက်ဘူး”
“အစတုန်းက ဒီအင်တာဗျူးကို ဘော့စ်ဖေး လက်ခံဖို့တောင် စိတ်မကူးဘူး”
“ဒါပေမယ့် ဒီအောင်မြင်မှုတွေက သူ့ကြောင့်ပဲ မဟုတ်ဘူးလို့ ခံစားမိလို့။ သူတို့ရဲ့ အောင်မြင်မှုတွေက ထန်းတာ့ ဝန်ထမ်းအားလုံးရဲ့ ကြိုးစားအားထုတ်မှု ရလဒ်တွေပဲ။ အဲ့တာကြောင့် ဝန်ထမ်းတွေလည်း သူတို့နဲ့ ထိုက်တန်တဲ့ အသိအမှတ်ပြုမှုကို ရနိုင်မယ့် အခွင့်အရေးကို ရစေချင်တာ”
“အဲ့တာကြောင့် ဘော့စ်ဖေးက ဒီအင်တာဗျူးကို သူ့ဝန်ထမ်းတွေအပေါ်မှာပဲ အာရုံစိုက်ပေးဖို့ မျှော်လင့်တယ်။ သူ့အင်တာဗျူးကိုတော့ ဒီတိုင်း စာပဲချရေးလိုက်လို့ ရပါတယ်”
“စိတ်မပူပါနဲ့ အယ်ဒီတာချုပ်ရှား။ ကျွန်မတို့ ကုမ္ပဏီရဲ့ အချက်အချာကျတဲ့ ဝန်ထမ်းတွေကို ရွေးချယ်ပြီးသားပါ။ သူတို့ တစ်ယောက်ချင်းစီတိုင်းက လုပ်ငန်းကြီး တစ်ခုစီကို တာဝန်ယူထားကြတာ။ သူတို့မှာ ပြောစရာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတွေ အများကြီး ရှိမှာပါ”
ရှားကျန်း အလွန်တွန့်ဆုတ်နေသည်။
သူမ ဒီထိလာခဲ့ပြီမှ ဘော့စ်ဖေးကိုတောင် ရိုက်ကူးလို့မရဘူးလား။ ဒီအင်တာဗျူးကြီးက အနှစ်သာရ ဘယ်မှာရှိတော့မှာလဲ။
ဗီဒီယိုမပါသည့် စကားလုံးချည်းသက်သက်က အင်တာဗျူး၏ အာနိသင်ကို ကြီးကြီးမားမား လျော့ကျသွားစေလိမ့်မည်။
သို့သော်လည်း ဘော့စ်ဖေးက အင်တာဗျူး အဖွဲ့တစ်ဖွဲ့လုံးကို ကောင်းမွန်စွာ ဆက်ဆံပါသည်။ သူ့ စေတနာက မြင်သာသည်။ ဘော့စ်ဖေးသာ လူရှေ့မထွက်ချင်လျှင် သူတို့ အတင်းစေခိုင်းလို့ မရဘူး မဟုတ်လား။
ရှားကျန်း ခေတ္တစဉ်းစားကြည့်လိုက်ပြီးနောက် ခေါင်းငြိမ့်လိုက်ပါသည်။ “ကောင်းပါပြီ။ ဘော့စ်ဖေးက လူရှေ့ထွက်မပြချင်ဘူးဆိုတော့ ကျွန်မတို့ သူပြောတဲ့အတိုင်းပဲ ဆောင်ရွက်ပါ့မယ်။ ကျွန်မတို့ အင်တာဗျူးနေတုန်း အကောင်းဆုံးကြိုးစားပြီး ဘော့စ်ဖေးရဲ့ တောင်းဆိုချက်တွေကို လိုက်လျောဖို့ကော အင်တာဗျူးအာနိသင်ရှိဖို့ကော ဆောင်ရွက်ပေးပါ့မယ်”
ကင်မရာမန်းများက ကင်မရာတွေကို ပိတ်လိုက်ပါသည်။ ဝန်ထမ်းများကို အင်တာဗျူးသည့်အချိန်ကျမှ ပြန်ဖွင့်ရတော့မည်။
ဖေးချမ့် ဧည့်ကြိုခန်းထဲ ဝင်လာခဲ့ပြီး ဆိုဖာပေါ် ထိုင်လိုက်ကာ အင်တာဗျူးခံဖို့ ပြင်ဆင်လိုက်၏။
ကင်မရာများ ပိတ်လိုက်ရခြင်းကြောင့် ရှားကျန်း စိတ်မကောင်းသည့်ပုံပေါက်သော်လည်း သူမက ပရော်ဖက်ရှင်နယ်သတင်းသမားဖြစ်သည်။ အင်တာဗျူးများ မေးရာတွင်လည်း အတွေ့အကြုံအများကြီး ရှိသည်။ ထို့ကြောင့် သူမ ချက်ချင်း ပြန်ထိန်းလိုက်ပြီး ခေါင်းထဲမှာ စီကုံးထားသည့် အရေးကြီးသော မေးခွန်းများကို ပြန်စဉ်းစားလိုက်ပါသည်။
“ဘော့စ်ဖေး၊ ထန်းတာ့ကို စတင်တည်ထောင်ကတည်းက နာမည်ကြီးပြီး အမြတ်အစွန်းအများကြီးရရှိခဲ့တဲ့ ဂိမ်းပေါင်းများစွာကို ထုတ်လုပ်ခဲ့တာ ကျွန်မတို့ သိပါတယ်။ နေရာတိုင်းက ဂိမ်မာတွေတိုင်းက ဘော့စ်ဖေးရဲ့ ဂိမ်းတွေကို ကြိုက်နှစ်သက်ကြတယ်။ အဲ့ဒီအချိန်တုန်းက ဘာကြောင့် တခြားလောကထဲမဝင်ဘဲ ဂိမ်းလောကထဲ ဝင်ဖို့ ဆုံးဖြတ်ခဲ့တာလဲမသိဘူး။ အထူးအခွင့်အရေးတစ်ခုက သူ့အလိုလိုပဲ ပေါ်လာခဲ့တာလား”
ခဏတိတ်ဆိတ်သွားပြီးနောက် ဖေးချမ့် ပြောလိုက်သည်။ “ကျွန်တော့်ဘက်မှာတော့ အလောတကြီး ချမိလိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ။ ကျွန်တော် ဒီဆုံးဖြတ်ချက်ကို တကယ်နောင်တရမိတယ်။ တခြား လုပ်ငန်းတွေကိုသာ ရွေးခဲ့မိရင် ပိုကောင်းလိမ့်မယ်”
“ရှင်” ရှားကျန်း ရေရွတ်လိုက်၏။
ထို့နောက် တခစ်ခစ် ရယ်မောလိုက်ပါသည်။ “ဘော့စ်ဖေးကတော့ နောက်ပြီ။ ဘော့စ်ဖေး ဖန်တီးထားတဲ့ ဂိမ်းတွေက ချီးကျူးမှုတွေ အများကြီးခံထားရတာကို။ ဘော့စ်ဖေး အသိပညာတွေ အများကြီး ရှာဖွေသိုမှီးထားတာ သိသာပါတယ်။ မဟုတ်ရင် Game Designer နဲ့ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းလို အဓိပ္ပာယ်ရှိတဲ့ ဂိမ်းတွေကို ဘယ်လိုလုပ်ဖန်တီးနိုင်မှာလဲ”
ဖေးချမ့် မဲ့ပြုံးပြုံးလိုက်၏။ “တကယ်ပြောတာ။ အခုချိန်ထိ ကျွန်တော် ဂိမ်းအယ်ဒီတာ ဘယ်လို သုံးရမလဲ မသိသေးဘူး”
“အဲ့ဒီဂိမ်းတွေ ဘယ်လို ဖန်တီးနိုင်ခဲ့သလဲ ဆိုတာကတော့… ကျွန်တော်လည်း မတတ်နိုင်ဘူး။ ကျွန်တော့် ဝန်ထမ်းတွေက တော်လွန်းတာကိုး”
ဘော့စ်ဖေးက သွားဖြီးလျက် ပြောလိုက်ပါသည်။
ရှားကျန်း၏ မျက်နှာထား သုန်မှုန်သွား၏။ သူမ မှတ်စုစာအုပ်ထဲတွင် တစ်ခုခုကို မာန်ပါပါဖြင့် ရေးသားနေပါသည်။
‘သူက ရဲရင့်ပြီး စိတ်ကူးယဉ်ဆန်တဲ့ ဒီဇိုင်းပညာရှင်တစ်ယောက်ပဲ။ ဒါတောင် ဂိမ်းဒီဇိုင်းနဲ့ ပတ်သတ်တဲ့ အသိပညာတွေကို စနစ်တကျ ဘယ်တော့မှ မလေ့လာဖူးဘူး။ လူတွေခေါ်တဲ့ ‘အထုံပါရမီ’ ဆိုတာ ဒါမျိုးလား’
‘သူက ဘယ်တော့မှ သာမန် ဂိမ်းဒီဇိုင်းဆွဲနည်းတွေအတိုင်း မလိုက်နာဘူး။ အဲ့ဒီအစား ကန့်သတ်ချက်တွေ အကုန်လုံးကို ဖယ်ရှားပြီး သူ့ကိုယ်ပိုင် အိုင်ဒီယာနဲ့သူ ဖန်တီးတယ်’
‘သူ့ဝန်ထမ်းတွေကို အပြည့်အဝ ယုံကြတယ်’
‘သူက ကျိုးနွံတတ်ပြီး သဘောထားပြည့်ဝတယ်။ သူ့အတွက်သူ မဝံ့ကြွား၊ ဂုဏ်တွေကိုလည်း မခိုးယူဘဲ သူ့ဝန်ထမ်းတွေကိုပဲ ချီးကျူးတယ်။ သူကတော်တော်ကို ဇာတ်နိမ့်နေတတ်တဲ့လူတစ်ယောက်ပဲ’