← Chapters

ဘဝကြီးက ဘော့စ်ဖေးကို သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ရက်ရက်စက်စက် ပုံစံသွင်းပေးခဲ့တယ်

Vol. 20 Ch. 299

ဘဝကြီးက ဘော့စ်ဖေးကို သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ရက်ရက်စက်စက် ပုံစံသွင်းပေးခဲ့တယ်

Vol. 20 Ch. 299

နေ့လည်ခင်းတွင်…

အင်တာဗျူးခံရမည့် ဒုတိယလူက ပေါင်ရှု ဖြစ်၏။

ရှားကျန်းလည်း ဖွဲ့စည်းပုံကို အကြမ်းဖျင်း နားလည်သဘောပေါက်သွားပြီဖြစ်သဖြင့် ဒီအင်တာဗျူးမှာ ပိုပြီး သက်တောင့်သက်သာ ရှိသွားပါပြီ။

“ရှင်က လူအများစု ပြောကြတဲ့ အင်တာနက် စွဲလမ်းသူတစ်ယောက် ဖြစ်ခဲ့ဖူးတယ်နော်။ ရှင်က အင်တာနက်ကဖေးတွေထဲမှာပဲ နေပြီး ဘဝကို ရည်ရွယ်ချက် အစစ်အမှန် မရှိဘဲ ပေါ့ပေါ့တန်တန်ပဲ ဖြတ်သန်းခဲ့တယ်။ ဟုတ်ရဲ့လား”

“ဒါဆို ရှင် ထန်းတာ့ကို ဘယ်လိုရောက်လာခဲ့တာလဲ”

“ရှင့်ရဲ့ ပထမဆုံး အလုပ်က ဂိမ်းတစ်ခုအတွက် Concept ဒီဇိုင်နာနော်။ ဒါက အရမ်းအရေးကြီးတဲ့ ကဏ္ဍတစ်ခုပဲ။ ဘာလို့လဲဆိုတော့ Concept ဒီဇိုင်းဆိုတာ ဂိမ်းတိုင်းရဲ့ အသက်ဝိညာဉ်လိုပဲလေ။ အဲ့ဒီတုန်းက အဲ့ဒီရာထူးကို ဘယ်လိုရခဲ့တယ်လို့ ထင်လဲ”

“ထန်းတာ့က ‘ထူးချွန်ဝန်ထမ်း’ ရွေးချယ်ပွဲကို ပုံမှန် ကျင်းပလေ့ရှိတယ်။ ရှင်က ဒုတိယနေရာပဲ ရတယ်ဆိုပေမယ့် တစ်လတာ လစာမပြတ် ခွင့်ရက်တွေရတော့ ဘယ်လို ခံစားရလဲ”

“တကယ်တောာ့ ‘ထူးချွန်ဝန်ထမ်း’ ရွေးချယ်ပွဲမှာ ဒုတိယနေရာအဖြစ် ၂ ခေါက်တောင် ရခဲ့တယ်နော်။ ရှင်ဒီကုမ္ပဏီမှာ လုပ်နေတာ ၁ နှစ်နီးပါး ရှိနေပြီ ဆိုပေမယ့် အဲ့ဒီထဲက ၂ လက လစာမပြတ်ခွင့်ရက်တွေ ရထားတာ။ လူတော်တော်များများက အားကျ မနာလို ဖြစ်ကြမှာပဲ။ ရှင်က ဘာလို့ ဒုက္ခရောက်သလို ပုံစံဖြစ်နေခဲ့တာလဲ”

မကြာမီ ပေါင်ရှုရဲ့ အင်တာဗျူးလည်း ပြီးဆုံးသွားခဲ့ပါသည်။

နောက်တစ်ယောက်က လင်းဝမ် ဖြစ်၏။

“အဲ့ဒီအချိန်တုန်းက အသစ်စက်စက် တည်ထောင်ထားတဲ့ ထန်းတာ့ကုမ္ပဏီကိုဝင်ဖို့ ဘာကြောင့် ဆန်းစထရိုက်ခ်စတူဒီယိုကနေ ထွက်လာဖို့ ရွေးချယ်ခဲ့တာလဲ”

“ထန်းတာ့ဂိမ်းကို တည်ထောင်ပြီး ပထမ လအနည်းငယ်မှာ ရှင်က အရမ်းအခြေခံကျတဲ့ တာဝန်တွေကိုပဲ ထမ်းဆောင်ခဲ့ရတာ ဟုတ်တယ်နော်။ နောက်တော့ ရုတ်တရက်ကြီး အသစ် ဝယ်ယူလိုက်တဲ့ ရှန်းယန်ဂိမ်းရဲ့ ဒါရိုက်တာအဖြစ် ခန့်အပ်ခံလိုက်ရတယ်။ တော်တော်လေး ကြီးမားတဲ့ တာဝန်ကြီးလို့ ပြောလို့တောင် ရတယ်။ ဘာကြောင့် ဒီ Role ကို ပေးအပ်ခံခဲ့ရတယ်လို့ ထင်လဲ”

“ရှင် ရှန်းယန်ဂိမ်းကို လွှဲပြောင်းယူလိုက်တော့ ကုမ္ပဏီက အရှုံးပေါ်နေခဲ့တာနော်။ Bloody Battle Song က ကုမ္ပဏီ စစထုတ်လုပ်ချင်းမှာ Mini-client ဂိမ်းတစ်ခုပဲ။ ဒါပေမယ့် ရှင် မိုဘိုင်းဂိမ်းအဖြစ် ပြောင်းလိုက်တဲ့အခါ ရေပန်းစားမှုက မိုးထိုးတက်သွားခဲ့တယ်။ မိုဘိုင်းဂိမ်းအဖြစ် ပြောင်းလဲဖို့ ရှင့်ကို ဘယ်အရာက စဉ်းစားစေခဲ့တာလဲ”

“ရှင့်ရဲ့ အစွမ်းအစတွေကို သက်သေပြပြီးသွားပြီဆိုတော့ နောက်ထပ် ပန်းတိုင်က ဘာဖြစ်မလဲ”

အောက်တိုဘာလ ၂၂ ရက်နေ့ သောကြာနေ့…

မနေ့က ထန်းတာ့ဝန်ထမ်းများကို ကုမ္ပဏီနဲ့ ပတ်သတ်ပြီး အင်တာဗျူးခဲ့ကြသည်။

မူလအစီအစဉ်တိုင်းသာဆို အင်တာဗျူးအဖွဲ့က သောကြာနေ့နဲ့ စနေနေ့တွင် ကျင်းကျိုးမြို့မှာ ဆက်နေဦးမည်ဖြစ်သည်။ သူတို့ ပျော်ပျော်ရွှင်ရွှင် လည်ပတ်စားသောက်ရမည်။ စနေနေ့ညတွင် မင်ယွမ်စားဖိုဆောင်၌ နှုတ်ဆက် ညစာစားပွဲလည်း ကျင်းပမည်။ တနင်္ဂနွေနေ့တွင် သူတို့ကို လက်ဆောင်များ ပေးကာ လေဆိပ် လိုက်ပို့ပေးမည်ဖြစ်သည်။

အင်တာဗျူးများ ပြီးဆုံးသွားကြောင်း သိရမှ ဖေးချမ့် ရုံးတွင် မျက်နှာလာပြရဲသည်။

ထို့မတိုင်ခင် ဖေးခချမ့် ဟွမ်းစစ်ပေါ်နဲ့ လုမင်လျန်တို့ကို ၎င်းတို့၏ အင်တာဗျူးများ အကြောင်း သွယ်ဝိုက်စွာဖြင့် မေးခဲ့သေး၏။ သူတို့စကားကို စနစ်တကျပြောခဲ့ပြီး ဘော့စ်ဖေးနဲ့ပတ်သတ်ပြီး ဘာမှ မဖော်ထုတ်ခဲ့ကြောင်း သိရမှ ဖေးချမ့် အနည်းငယ် စိတ်အေးသွားရသည်။

အင်တာဗျူး ဘယ်လိုပုံစံဖြစ်သွားမလဲဆိုတာကတော့…

ဖေးချမ့် လောလောဆယ် မစဉ်းစားနိုင်သေးပါ။ သို့သော်လည်း သူ့ကိုယ်ပိုင် အင်တာဗျူးကို စာဖြင့်သာ ရေးသားသွားရသဖြင့် အရမ်းကြီးတော့ ဖော်ပြခံရမည် မထင်ပါ။

အမှန်ပင်။ မျှော်လင့်ချက် အများကြီးလည်း ထားလို့ မရပေ။

ဖေးချမ့်က အယ်ဒီတာချုပ်ရှားကို သတိထားရဦးမည်။ အဘယ့်ကြောင့်ဆိုသော် အယ်ဒီတာချုပ်ရှားက သူ့ကို အလွန်မြင့်မြင့်မားမား ချီးကျူးမည့်ပုံပေါက်နေသောကြောင့်ပင်။

သို့သော်လည်း စဉ်းစားကြည့်ပြီးနောက် ကိစ္စတွေက ဒီလောက် မဆိုးရွားနိုင်ပါဘူးဟု ဖေးချမ့် ကောက်ချက်ချလိုက်ပါသည်။

ဘာပဲဖြစ်ဖြစ် ယခင်တုန်းကလည်း တရားဝင် ပလက်ဖောင်းက ဒီလို အင်တာဗျူးများစွာကို ဖန်တီးဖူးပါသည်။ နိုင်ငံတော်ထဲက အထူးချွန်ဆုံး ဆယ်လီဂိမ်းဒီဖိုင်နာအများစုကို နသူတို့ အင်တာဗျူးတွေထဲမှာ ထည့်သွင်း ဖော်ပြထားပြီးသားဖြစ်သည်။

တရားဝင် ပလက်ဖောင်းက ဒီလို အင်တာဗျူးများ ဆောင်ရွက်ရခြင်းမှာ ထူးချွန်သည့် ဂိမ်းကုမ္ပဏီများနဲ့ ဂိမ်းဒီဇိုင်နာများကို ဂိမ်မာများထံသို့ မိတ်ဆက်ပေးချင်တာကြောင့် ဖြစ်ပါသည်။ သူတို့ကို အကောင်းဘက်က မီးမောင်းထိုးပြတာ ပုံမှန်ပဲဖြစ်ပါသည်။

သို့သော်လည်း ထိုကဲ့သို အင်တာဗျူးများမှာ သိသာထင်ရှားသည့် အာနိသင်များ မရှိသလောက် ရှားပါသည်။ ထို့အစား တရားဝင် ပလက်ဖောင်းတွင် တင်ပြီးနော်က ရရှိသည့် အာနိသင်မှာ ဂိမ်ကို ထောက်ခံချက် နေရာကောင်းကောင်းတွင် တင်လိုက်တာမျိုးနဲ့ အတူတူပဲဖြစ်သည်။

အမှန်ပင်။ ရှားကျန်းနဲ့ သူမအဖွဲ့ကို ထန်းတာ့က မောင်းထုတ်ဖို့အထိတောင် ဖေးချမ့် လွန်လွန်ကြူးကြူး စဉ်းစားဖူးပါသည်။

သို့သော်လည်း ပြန်စဉ်းစားကြည့်မှ ဒီလိုအရာမျိုး လုပ်လို့မရမှန်း နားလည်လိုက်ရသည်။ ဒါမျိုးတွေလုပ်ပြီး တရားဝင်ပလက်ဖောင်းနဲ့ မီဒီယာတွေနဲ့ မသင့်မမြတ် တကယ်ဖြစ်စေချင်တာလား။

တန်ကော တန်ရဲ့လား။

ဘော့စ်ဖေး ရူးနေသည်ဟုပင် တခြားသူတွေ ထင်လာနိုင်ပါသည်။ ထို့နောက် သူအရှုံးတော့ ပေါ်နိုင်သည်။ သို့သော် သူ့နာမည်လုံးဝ ပျက်စီးသွားလိမ့်မည်။ ဆိုရှယ်မှာ သေကြောင်းကြံတာနဲ့ အတူတူပဲဖြစ်သည်။

ထို့ကြောင့် ဖေးချမ့် ရွေးချယ်စရာမရှိတော့ဘဲ ကံကြမ္မာကိုသာ လက်ခံလိုက်ရတော့သည်။

ပြုံးပြနေသည့်မျက်နှာကို ပါးရိုက်လို့မရဟူသည့် ဆိုရိုးစကားအတိုင်းပင်။ အင်တာဗျူးအဖွဲ့က ဒီအင်တာဗျူးကို ဆောင်ရွက်ဖို့အတွက်နဲ့ အဝေးကြီးက လာခဲ့ရသည်။ ထို့အပြင် သူတို့က ထန်းတာ့နဲ့ ဘော့စ်ဖေးအကြောင်း ကောင်းကွက်ကလွဲပြီး ဘာမှ ပြောဖို့ မရှိပါ။ ဘော့စ်ဖေး သူတို့ကို ဒေါသထွက်လို့ မရပေ။

မနက်ခင်းတွင် ဖေးချမ့်တစ်ယောက် အယ်ဒီတာချုပ်ရှားနဲ့ သူမ၏ အဖွဲ့ကို တွေ့ဆုံဖို့ ဟိုတယ်သို့ ရောက်လာခဲ့ပါသည်။

“အယ်ဒီတာချုပ်ရှား အင်တာဗျူးက အဆင်ပြေရဲ့လား။ ကျွန်တော်အလုပ်များနေလို့ အကြာကြီး အင်တာဗျူးမဖြေနိုင်ခဲ့တာ စိတ်မကောင်းပါဘူးဗျာ”

ဖေးချမ့်က ပုံမှန်အတိုင်း လေကျယ်လိုက်သော်လည်း သူ့မျက်နှာထားနဲ့ နှလုံးခုန်နှုန်းကတော့ မပြောင်းလဲပေ။

ဒီလိုအရာမျိုးတွေ လုပ်ရတာ သူအသားကျနေပါပြီ။ ဘဝကြီးက ဘော့စ်ဖေးကို သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ပုံစံသွင်းပေးခဲ့လေပြီ။

ရှားကျန်းက ပြုံးကာ ခေါင်းကိုအနည်းငယ် ခါလိုက်သည်။ “ဘော့စ်ဖေး အားနာမနေပါနဲ့ရှင်”

“ပြည်တွင်းဂိမ်းလောကနဲ့ ကျင်းကျိုးမြို့ရဲ့ စီးပွားရေးကကို အထောက်အကူပြုနိုင်ဖို့အတွက် ရှင်က ဇွဲရှိရှိ ကြိုးစားနေရတာ။ ရှင်က တကယ့်ကို စီးပွားရေး လုပ်ငန်းရှင်တွေအတွက် စံပြပုဂ္ဂိုလ်ပါပဲ”

“ရှင့်ကို အင်တာဗျူးရတာ ကျွန်မအတွက် ဂုဏ်ယူစရာပဲ ဘော့စ်ဖေး”

“စိတ်မပူပါနဲ့ အင်တာဗျူးကလည်း အရမ်း အဆင်ပြေပါတယ်။ ရလဒ်ကို ဘော့စ်ဖေး အရမ်းကျေနပ်မှာ သေချာတယ်”

ဖေးချမ့်ရင်ထဲ ဒုံးဒိုင်းမြည်သွားသည်။ တစ်ခုခုတော့ လွဲနေသလိုပင်။

ယခု ရှားကျန်းသာ သူ့လက်ကိုကိုင်ပြီး နည်းနည်းလောက် ထပ်ရိုက်ကူးဖို့ သို့မဟုတ် မေးခွန်းနည်းနည်းလောက် ထပ်မေးခွင့်ပြုဖို့ တောင်းဆိုပါက အင်တာဗျူး အဆင်မပြေခဲ့ကြောင်း ပြသနိုင်သည်။

သို့သော်လည်း ရှားကျန်းက အလွန် ယုံကြည်ချက် ပြည့်ဝနေ၏။ ဖေးချမ့် စတင်ပြီး ဂယောင်ချောက်ချားဖြစ်လာပါသည်။

ဒီအင်တာဗျူးကနေ နင်တို့ ဘာများ ရသွားလို့လဲ။

အဆုံးသတ်ဗီဒီယိုက ဘယ်လိုပုံစံမျိုးလဲ။

ငါတွေးမကြည့်နိုင်ဘူး…

သို့သော်လည်း ဖေးချမ့် သူတို့ကို အစက ပြန်လုပ်ဖို့ တောင်းဆိုလို့တော့ မရနိုင်တော့ပေ။ ဒါဆို ကိုယ့်ကိုယ်ကို သေကြောင်းကြံတာနဲ့ အတူတူပဲ မဟုတ်လား။

ထို့ကြောင့် ဖေးချမ့် ရင်ထဲမှာသာ ကျိန်ဆဲပြီး အပြင်မှာတော့ ပြုံးပြလိုက်ရပါသည်။

“ကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် အယ်ဒီတာချုပ်ရှား နောက်ရက်နည်းနည်းလောက် ကျင်းကျိုးမြို့ အလှအပကို ခံစားလိုက်ပါဦး။ ဒီမြို့ရဲ့ ယဉ်ကျေးမှု အနုပညာနဲ့ စီးမျောလိုက်ပါဦး”

“အားလုံးအတွက် လာမယ့် စနေနေ့ကျရင် နှုတ်ဆက်ညစာစားပွဲတစ်ခု စီစဉ်ထားတယ်။ နှုတ်ဆက်လက်ဆောင်ကောပဲ။ အယ်ဒီတာချုပ်ရှား ကျေးဇူးပြုပြီး တရားဝင် ပလက်ဖောင်းကို ကျွန်တော်တို့ကိုယ်စား ကျေးဇူးတင်ပေးပါဦး”

ရှားကျန်းလည်း အမြန်ခေါင်းငြိမ့်လိုက်ပါသည်။ “ကောင်းပါပြီ ဘော့စ်ဖေး စိတ်ချပါ”

“အားလုံးပျော်ကြပါစေ ကျွန်တောာ် အလုပ်ပြန်သွားတော့မယ်။ တစ်နေကုန် ထပ်တွေ့မှာတော့ မဟုတ်တော့ဘူး”

အဖွဲ့သားအားလုံးကို ဖေးချမ့်နှုတ်ဆက်ပြီး လက်ထောက်ရှင်းနဲ့ အတူတူ ထွက်သွားပါတော့သည်။

ဟိုတယ်လော်ဘီထဲက ထွက်လာပြီးနောက် ဖေးချမ့် လက်ထောက်ရှင်းကို မှုန်ကုပ်ကုပ် မျက်နှာဖြင့် ပြောလိုက်၏။

“သူတို့ကို အပန်းဖြေဥယျာဉ် ရှင်းထျန်သျစ်ဆီ လိုက်ပို့ဖို့ စီစဉ်ပေးလိုက်။ ရိုလာကိုစတာ၊ တာဝါချား၊ ပင်လယ်ဓားပြ၊ သရဲအိမ်၊ ဘန်ဂျီးခုန်ဖို့နဲ့… အကုန်လုံး လုပ်ဖို့ လက်မှတ်တွေ ဝယ်ပေးလိုက် သူတို့ ပျော်အောင် သေချာထားပြီး ငါတို့ဘက်က ကောင်းကောင်းဧည့်ခံလိုက်နိုင်ပါစေနော်”

“သန်ဘက်ခါကျရင်လည်း သူတို့ လေထီးခုန်ဖို့ စာရင်းသွင်းပေးထားလိုက်။ ကျင်းကျိုးမြို့ရဲ့ ပျော်စရာတွေအကုန်လုံးကို အပြည့်အဝ ခံစားသွားရအောင် ငါတို့ သေချာလုပ်ပေးရမယ်”

ဖေးချမ့်ကို ခေါင်းကိုက်စေခဲ့သည့် အင်တာဗျူုးတွေ နောက်ဆုံးတော့ ပြီးဆုံးသွားပါပြီ။

ယခုတော့ ဖေးချမ့် စာမေးပွဲဖြေပြီးခါစ ကျောင်းသားတစ်ယောက်လို ခံစားနေရသည်။ အောင်မလားမအောင်မလား မသိသော်လည်း ကွက်လပ်အားလုံးကိုတော့ ဖြည့်ခဲ့မှန်း သိပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် အဆုံးသတ်ရလဒ် ဘယ်လို ထွက်လာမလဲဆိုတာကိုတော့ ကံကြမ္မာကသာ အဆုံးအဖြတ်ပေးပါလိမ့်မည်။

သူ့ရုံးကို ပြန်ရောက်သည့်အခါ သူ့ဝမ်းနည်းမှုကို အားတက်မှုအဖြစ် ပြောင်းလဲကာ ၁၀၂၄ ဒစ်ဂျစ်တယ်နေ့အတွက် ပြန်လည် လုပ်ငန်းစတင်လိုက်ပါသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းမှာ အင်တာဗျူးတွေ ဆောင်ရွက်နေစဉ်တုန်းက လေဆန်ပို့ဆောင်ရေးလုပ်ငန်းနဲ့ ယွီအင်တာနက်ကဖေးဆိုင်များရှိ လူတိုင်းက ပြင်ဆင်ရင်း အလုပ်များနေခဲ့ကြပါသည်။ အောက်တိုဘာလ ၂၄ ရက်နေ့ရောက်ဖို့ ၂ ရက်သာ လိုတော့သည်။ သူတို့ ပြင်ဆင်လို့ ပြီးခါနီးနေပါပြီ။

ကျန်းယွမ်လည်း ယွီအင်တာနက်ကဖေးအနီးတွင် ဂိုထောင်များစွာကို ငှားရမ်းပြီးပါပြီ။ ကျင်းကျိုးမြို့စွန်ရှိ အတော်လေးစျေးပေါသည့် နေရာများတွင် ဧရာမ ဂိုထောင်ကြီးများကိုလည်း တွေ့ခဲ့ပါသေးသည်။ ထိုဂိုထောင်တွေကို ကွန်ပျူတာ ဟာ့ဒ်ဝဲတွေ သိုလှောင်ဖို့ အထူး အသုံးပြုနိုင်သည်။

အမှန်ပင်။ ဂိုထောင်တွေက များလွန်းပါသည်။ ကွန်ပျူတာအစိတ်အပိုင်းတွေနဲ့ အပိုပ္စည်းတွေ ကျန်းယွမ် ဘယ်လောက်များများ မှာယူထားပါစေ ဂိုထောင်တွေ ပြည့်သွားမှာ မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ROF မှာ ကတ်စတမ်မာတွေလည်း အများကြီး မရှိသေးပေ။ ကုန်ပစ္စည်းများစွာကို ပြင်ဆင်ထားဖို့လည်း မလိုအပ်သေးပါ။

သို့သော် ဖေးချမ့်ကတော့ ဘာမှ မှားယွင်းသည်ဟု မထင်မိပေ။ ဂိုထောင်များကို အလွတ်အတိုင်း ဆက်ထားလည်း ဘာမှ မဖြစ်ပေ။ နေရာဖြုန်းတီးပါက ငွေဖြုန်းတီးတာနဲ့ အတူတူပဲဖြစ်ပါသည်။ ဒီ့ထက်ပိုကောင်းတာမျိုး မရှိနိုင်တော့ပေ။

ထို့အပြင် ပွဲတော်ကြောင့်ပေါ်လာမည့် ပြင်းထန်သည့် ဖိအားအတွက် အားလုံးပြင်ဆင်ထားနိုင်ဖို့ ဖေးချမ့် လုပ်ငန်း တချို့ ဆောင်ရွက်ခဲ့ပါသေးသည်။

ယွီသရေစာလုပ်ငန်းနဲ့ လေဆန်ပို့ဆောင်ရေး လုပ်ငန်းအတွက် ယာယီ အချိန်ပိုင်း အလုပ်သမား အုပ်စုများစွာကို ငှားရမ်းခဲ့သည်။ သူတို့က ဒီကာလအတွင်း အလုပ်ဘယ်လောက် လုပ်ခဲ့သလဲဆိုတဲ့အပေါ် မူတည်ပြီး ပိုက်ဆံရမည် ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ယွီသရေစာလုပ်ငန်းနဲ့ လေဆန်ပို့ဆောင်ရေးလုပ်ငန်းတို့က ဒီကာလအတွင်း အလွန်အမင်း အလုပ်များလာမှာ သေချာပါသည်။ ဒလီဘာရီ ပေးပို့မှုများအတွက် ဘောနပ်စ်မက်လုံးများ ပေးထားရင်တောင် ဒလီဘာရီသမားများက အလုပ်ဝန်ကို ခံနိုင်ရည်ရှိလောက်မှာ မဟုတ်ပေ။

အစားအစာများကို အချိန်မှီ မပို့ဆောင်နိုင်ဘဲ မှာယူမှုများ အပုံလိုက်ဖြစ်သွားပါက ဖေးချမ့် ဒုက္ခရောက်လိမ့်မည်။

သူတို့ နာမည်တော့ မပျက်ယွင်းလောက်သော်လည်း ကုမ္ပဏီ အရှုံးပေါ်မည့်ပမာဏကို သက်ရောက်မှု ရှိနိုင်သည်။

ဘော့စ်ဖေးကို အရှုံးနည်းနည်းသာ ပေါ်စေမည့် အရာတိုင်းကို ချက်ချင်း ရှင်းလင်းထားရမည်။

၁၀၂၄ ဒစ်ဂျစ်တယ်နေ့ ပွဲတော်ကို အောက်တိုဘာလ ၂၄ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကျင်းပဖို့ စိစဉ်ထား၏။ ထိုကာလအတွင်း ယွီသရေစာ လုပ်ငန်း၏ အစားအသောက်တိုင်းကို ဒစ်စ်ကောင့်စျေးဖြင့် ရောင်းချသွားမည်။ ဒလီဘာရီကလည်း အခမဲ့ပို့ဆောင်ပေးသွားမည်။

လေဆန်ပို့ဆောင်ရေးရုံးများကို ပါဆယ်များ ပို့ပေးမည့် လူတွေကလည်း ဒလီဘာရီခ ပေးစရာ မလိုပေ။ အိမ်ရှေ့ထိ ဒလီဘာရီ ပို့ဆောင်ပေးတာလည်း အခမဲ့ ဖြစ်သည်။

ROF တွင် စနစ် အမျိုးအစား ၃ မျိုးရှိ၏။ သို့သော် ပွဲတော်ကာလအတွင်း စနစ်အားလုံးကို အရင်းစျေးနဲ့သာ ရောင်းချပေးမည်။

တစ်ချိန်တည်းမှာပဲ ပထမ ကတ်စတမ်မာ အယောက် ၁၀၀ အတွက် အခမဲ့ အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်ပေးမည်။ သူတို့ လျှို့ဝှက်မဲစနစ်ဖြင့် ကံကောင်းသည့် ကတ်စတမ်မာတွေကိုလည်း ၇,၉၉၉ ယွမ်တန် စနစ်မှ ၁၁,၉၉၉ ယွမ် သို့မဟုတ် ၁၁,၉၉၉ ယွမ်မှ ၁၅,၉၉၉ ယွမ်တန် စနစ်သို့ အဖိုးအခ မယူဘဲ အဆင့်မြှင့်တင်ပေးသွားမည် ဖြစ်သည်။

၁၅,၉၉၉ ယွမ်တန် စနစ်ကို ဝယ်ယူသည့် လူတွေကတော့ အခမဲ့ အဆင့်မြှင့်တင်ခြင်း ရရှိမည်မဟုတ်ပေ။ သို့သော် ROF ၎င်းတို့အတွက် ၄,၀၀၀ ယွမ် လျှော့စျေးပေးလိမ့်မည္။ ထို့ကြောင့် ၁၅,၉၉၉ ယွမ်တန် စနစ်ကို ၁၁,၉၉၉ ယွမ်နဲ့ ရလိုက်ခြင်းနဲ့ ညီမျှပါသည်။

ယွီအင်တာနက်ကဖေးမှာလည်း ပုံမှန် လျှို့ဝှက်မဲစနစ်များ ကျင်းပသွားပြီး ကံထူးသူများကို စနစ်တစ်ခုလုံး အခမဲ့ ပေးလိုက်မည် ဖြစ်သည်။

ပွဲတော်အတွက် ပြင်ဆင်မှုများကို ဆောင်ရွက်နေဆဲ ဖြစ်သော်လည်း လုပ်ငန်းပေါင်းစုံက ပွဲတော်အတွက် နှုန်းထား အမျိုးမျိုးဖြင့် မားကတ်တင်း ဆင်းပေးနေကြပါသည်။

ယွီသရေစာ လုပ်ငန်း၊ လေဆန်ပို့ဆောင်ရေးရုံးများနဲ့ ROF တို့က ပွဲတော်ကို တတ်နိုင်သမျှ မားကတ်တင်း ဆင်းနေကြပြီ ဖြစ်ကာ ကြော်ငြာခ အမြောက်အများကိုလည်း သုံးစွဲထားသည်။

ယွီသရေစာလုပ်ငန်းက ၎င်းတို့ App ၏ Event စာမျက်နှာတွင် ပွဲတော်အကြောင်း အချက်အလက်များကို တင်ထား၏။ ဒလီဘာရီ သမားများကလည်း အစားအသောက် အော်ဒါပေါင်းစုံပါသည့် လက်ကမ်းစာစောင်များကို ဝေပေးနေပါပြီ။

လေဆန်ပို့ဆောင်ရေးလုပ်ငန်းမှ ဒလီဘာရီ သမားတွေကလည်း ပါဆယ်တိုင်းပါဝင်သည့် ပွဲတော် လက်ကမ်းစာစောင်များကို ဝေပေးနေပါပြီ။ တစ်ချိန်တည်းမှာပဲ လုမင်လျန်က အမြန်ချောပို့ကုမ္ပဏီများစွာကို ဆက်သွယ်ပြီး ဒီကာလအတွင်း လေဆန် ပို့ဆောင်ရေးသို့ ပို့ချင်သလောက် ပါဆယ်တွေ ပို့ကြဖို့ ဖိတ်ကြားခဲ့ပါသည်။

ယွီအင်တာနက်ကဖေးကလည်း ROF ရောင်းချမှုများကို ကြော်ငြာပေးနေသည်။

သို့သော်လည်း အစီီအစဉ်တစ်ခုကိုတော့ မကြော်ငြာရသေးပေ။ ယွီအင်တာနက်ကဖေးရဲ့ ကတ်စတမ်မာတွေ စနစ်တစ်ခု ရရှိနိုင်မည့် ကံစမ်းမဲအစီအစဉ်ဖြစ်သည်။

ဒီအစီအစဉ်ကို သူတို့ လူသိရှင်ကြား ကြော်ငြာမှာ မဟုတ်ပေ။ ကံစမ်းမဲ ကံထူးသူများကို လျှို့ဝှက် အသိပေးမည် ဖြစ်သည်။ ဒီအစီအစဉ် သတင်းများ မပေါက်ကြားစေဖို့ ဖြစ်ပါသည်။

ဖေးချမ့် အစီအစဉ်ချရင်း သူ့ပခုံးပေါ်က ဝန်တွေ နည်းနည်းချင်းစီ သက်သာသွားသလို ခံစားလိုက်ရပါသည်။

တခြား အသေးစိတ်ကိစ္စများစွာ ဆောင်ရွက်ဖို့ ရှိသေးသော်လည်း အခု အနည်းဆုံးတော့ အသက်ဝဝ ရှူနိုင်ပြီဟု ဖေးချမ့်ခံစားမိပါသည်။

ယုတ္တိရှိရှိ ပြောရလျှင် ဒီလို ဧရာမ ပရိုမိုးရှင်း ပွဲတော်ကြီးကို ကျင်းပခြင်းက သေချာပေါက် ကြီးကြီးမားမား အရှုံးပေါ်မှာပဲ ဖြစ်သည်။

ငွေစာရင်းရှင်းချိန်က အောက်တိုဘာလ ၃၁ ရက်နေ့ဖြစ်၏။ အောက်တိုဘာလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဘယ်လို ပရောဂျက် အသစ်ကိုမှ ထုတ်လုပ်လို့မရတော့ပါ။ မဟုတ်ပါက ငွေစာရင်းရှင်းချိန် နှောင့်နှေးသွားလိမ့်မည်။

ပွဲတော်ကာလတွင် သူစီစဉ်ထားတာတွေကို ကြည့်ခြင်းအားဖြင့် ၇၀၀,၀၀၀ - ၈၀၀,၀၀၀ လောက် အေးအေးဆေးဆေး အရှုံးပေါ်နိုင်သည်ဟု ဖေးချမ့် ခန့်မှန်းမိပါသည်။

ထိုအတွေးဖြင့် ဖေးချမ့် ထိုင်ခုံတွင် ကျောမှီထိုင်လိုက်ပြီး အနားယူကာ ဇာတ်ကား တချို့ကြည့်ဖို့ ပြင်လိုက်၏။

အလုပ်ကြိုးစားတဲ့ ဘော့စ်ဖေးလည်း တစ်နေကုန် အလုပ်ပိတာမျိုး ခံနိုင်ရည် မရှိပါ။

သို့သော် ထိုအချိန်တွင် သူ့ဆဲဖုန်းထဲသို့ မက်ဆေ့တစ်စောင် ဝင်လာ၏။ လီယာ့တာ ထံမှ ဖြစ်သည်။

“ဘော့စ်ဖေး အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ကို အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာတို့အဖြစ် ဘာသာပြန်ပြီးပါပြီ။ နိုင်ငံခြား ဗားရှင်းတွေလည်း ပြီးလုနီးပါး ဖြစ်နေပြီ။ တရားဝင် ပလက်ဖောင်းက မနက်ဖြန် အဲ့ဒီဗားရှင်းတွေကို ပလက်ဖောင်းပေါ်မှာ တင်ဖို့ ဆုံးဖြတ်လိုက်ပြီ သူတို့ မားကတ်တင်း အစီအစဉ်ကောင်းကောင်းလည်း ပြင်ဆင်ထားကြတယ်။ ဘော့စ်ဖေး သွားကြည့်ပါဦး”

“???”

ဖေးချမ့် ရီဝေစွာဖြင့် သူ့ဖုန်းကို စိုက်ကြည့်နေမိ၏။

လခွမ်း ငါ ဒီကိစ္စမေ့သွားတယ်။

တရားဝင် ပလက်ဖောင်းက အပတ်စဉ်တိုင်း ၎င်း၏ အကောင့်များကို ငွေရှင်းပေးသည်။ တနင်္ဂလာနေ့တွင် ထန်းတာ့ ဝင်ငွေရှယ်ယာကို ရရှိလိမ့်မည်။

သောကြာနေ့တောင် ရောက်နေပြီဖြစ်သည်။ တရားဝင်ပလက်ဖောင်းက အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ နိုင်ငံခြားဗားရှင်းများကို စနေနေ့မှာ ထုတ်လိုက်ပါက စနေနဲ့နဲ့ တနင်္ဂနွေနေ့တို့အတွက် အမြတ်အစွန်များကို တနင်္လာနေ့တွင် ထန်းတာ့ ရရှိသွားလိမ့်မည်။ နောက်တစ်ဖန် ငွေပုံကြီး ကောင်းကင်ဘုံကနေ ပြုတ်ကျလာပြန်ပါပြီ။

ဖေးချမ့် တိတ်ဆိတ်သွား၏။

ငါးမိနစ်ခန့်ကြာသည့်အခါ ပွဲတော်ကာလအတွင်း ပြုလုပ်မည့် အစီအစဉ် စာရင်းများ ပါသည့် စာဖိုင်ကို ပြန်ဖွင့်လိုက်ပြီး ခါးခါးသီးသီး ပြန်ပြုပြင်ရပါတော့သည်။

ငါ့လခွီးထဲမှ နားလို့ကို မရပါလား အလုပ်ဆက်လုပ်မှ ဖြစ်မယ်။

All Chapters