← Chapters

အပြင်းအထန် သတ်ဖြတ်ကြခြင်း

Vol. 25 Ch. 361

အပြင်းအထန် သတ်ဖြတ်ကြခြင်း

Vol. 25 Ch. 361

ချောင်ဝမ်လီက ဘယ်ဘက်လက်တွင် ဝိုင်တစ်ခွက်ကို ကိုင်ထားပြီး ညာဘက်လက်တွင် ဆေဘာတစ်လက်ကို ကိုင်ထားကာ သူ၏ မျက်နှာက ကြောက်မက်ဖွယ်ရာ ခက်ထန်နေ၏။

အခြားသော ကျင့်ကြံသူဆယ်ယောက်နှင့်အတူ ချောင်ဝမ်လီက အပြေးအလွှား ရောက်ချလာ၏။

“ကျုပ်က ကျိချန်းရှန်ပါ တာအိုရောင်းရင်း.. ဘာများကူညီပေးရမလဲ မသိဘူး”

ကျိချန်းရှန်က အလွန်တရာ ယဉ်ကျေးပျူငှာစွာနှင့် လက်သီးဆုပ်လေးစားဟန်ပြ၍ ဦးစွာစတင်နှုတ်ဆက်ကာ ပြုံးရင်းခေါင်းညိတ်ပြလိုက်၏။

ထျန်ဟွမ်ပြည်မမှာဆိုလျှင် သူ၏ ယဉ်ကျေးသောအမူအယာနှင့် သူတို့ချင်းနက်ရှိုင်းသော ရန်ငြိုးရန်စ မရှိပါက ပဋိပက္ခက ဆက်လက်ဖြစ်ပွားမှာ မဟုတ်တော့ပေ။

သို့သော်လည်း အခုရောက်နေတာက ရှေးဟောင်းတိုက်ပွဲမြေ ဖြစ်လေသည်။

သူတို့ ရင်ဆိုင်နေရတာက နွေးထွေးကြင်နာတတ်သောလူများ မဟုတ်ပေ။ သူတို့ဘက်က ရန်လိုစိတ်မရှိလျှင်တောင် တစ်ဖက်က အကြောင်းပြချက်မရှိ ရန်လိုနိုင်လေသည်။

“ကျိချန်းရှန် ဟုတ်လား”

ချောင်ဝမ်လီက မျက်ခုံးပင့်ပြီး ဟန်လုပ်ပြုံး၍ မေးလိုက်၏။

“မင်းရဲ့ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ”

“မရီးဒါန်ခြောက်ခု အခြေတည်အဆင့်ပါ”

ကျိချန်းရှန်က ခဏမျှ တုံ့ဆိုင်းနေသော်လည်း ဖုံးကွယ်မထားပေ။

“မင်းတို့ကောင်တွေကရော”

ချောင်ဝမ်လီက ဆူဇီမိုနှင့် အခြားသူများကို လှမ်းကြည့်ပြီး ဒီတိုင်းသာမန်ကာလျှံကာလေသံနှင့် ပြောလိုက်၏။

“ဒါက ရွှမ်ထျန်းမြို့တော်ရဲ့ စည်းကမ်းပဲ.. မင်းတို့ မြို့ထဲကို ဝင်ချင်တယ်ဆိုရင် မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ငါတို့သိချင်တဲ့ အချက်အလက်တွေကို ဘာမှမထိန်မချန်ဘဲ တင်ပြရမယ်”

ဤစကားကို ကြားသောအခါ ရွှမ်ထျန်းမြို့ထဲရှိ ကျင့်ကြံသူများ၏ မျက်နှာက အထူးအဆန်းလို ပုံပေါ်သွားကြ၏။

မြို့ထဲမှာ ထိုကဲ့သို့သော စည်းကမ်းက မရှိပေ။ ချောင်ဝမ်လီက ဆူဇီမိုတို့အုပ်စု၏ ခွန်အားကို သိချင်သောကြောင့်သာ လျှောက်ပြောနေခြင်း ဖြစ်လေသည်။

ချောင်ဝမ်လူက လူမိုက်လူရမ်းကားတစ်ယောက် ဖြစ်သော်လည်း သူသည် ကျင့်ကြံရေးလောကတွင် များစွာကျင်လည်ခဲ့ပြီးပြီဖြစ်ပြီး ရွှမ်ထျန်းမြို့သို့ရောက်လာနိုင်သည့်သူများက သာမန်ထက် ထူးခြားသူများဖြစ်ကြောင်း သူကောင်းကောင်းသိထားလေသည်။ မတော်တဆ အင်အားကြီးသည့်သူများကို သူသွားရန်စမိပါက ဒုက္ခရောက်မည်ကို စိုးလေသည်။

ချောင်ဝမ်လီက စည်းမျဉ်းစည်းကမ်းတွေအကြောင်း ပြောချိန်တွင် ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

ဖက်တီးလေးနှင့် အခြားသူများက စိတ်ထဲမှာ သဘောမကျသော်လည်း သူတို့က ရိုးရိုးသားသားပင် ပြောပြခဲ့သေး၏။

မရီးဒါန်လေးခု၊ ငါးခု အခြေတည်အဆင့်... သူတို့ထဲမှာ နောက်ပိုင်းအခြေတည်အဆင့်တစ်ယောက်တောင် ပါလာသေး၏။

နောက်ဆုံးတစ်ယောက် ဆူဇီမိုပြောပြီးနောက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက တိတ်တဆိတ် ခေါင်းခါလိုက်ကြ၏။

“သူတို့က ဒီလောက်ခွန်အားနဲ့ ရှေးဟောင်းတိုက်ပွဲမြေရဲ့ အနက်ပိုင်းထဲကို ဝင်လာရဲတယ်ပေါ့.. သူတို့က တစ်ကယ်ကို သေချင်နေကြတာပဲ”

“အေးလေ.. ဒီမှာ အားနည်းတဲ့လူတွေတောင် အနိမ့်ဆုံး မရီးဒါန်ငါးခုအခြေတည်အဆင့်ပဲ.. ဒါတောင် သူတို့က နဲနဲပဲရှိတာ.. ကြုံရာလူကတောင် သူတို့အဖွဲ့ကို ရှင်းပစ်လို့ရတယ်”

ချောင်ဝမ်လီက စိတ်ထဲမှာ အေးဆေးဖြစ်သွား၏။ သူက အရက်ပြင်းများကို ပါးစပ်ထဲထည့်လိုက်ပြီး ယစ်မူးနေသော ပုံစံနှင့် သူ၏ အရက်နံ့ဟောင်နေသောလေများကို ကျိချန်းရှန်မျက်နှာပေါ်သို့ မှုတ်ထုတ်လိုက်၏။

ကျိချိန်းရှန်က မျက်နှာပျက်သွားသော်လည်း သူက သက်ပြင်းရှည်ကြီးမှုတ်ထုတ်ပြီး သည်းခံထိန်းချုပ်လိုက်၏။

ချောင်ဝမ်လီက ကျိတ်ရယ်ပြီး မေးလိုက်၏။

“ရှေးဟောင်းတိုက်ပွဲမြေကို ငါတို့ရောက်ခဲ့ကြတာ တစ်လလောက်ရှိပြီဆိုတော့ မင်းတို့ကောင်တွေမှာ မရီးဒါန်ဖွင့်ဆေးလုံးတွေဘာတွေ ရမထားကြဘူးလား”

ကျိချန်းရှန်က တုံ့ဆိုင်းခြင်းမရှိ ခေါင်းခါလိုက်၏။

“မရဘူး”

တစ်ကယ်တော့ သူတို့တစ်ယောက်ချင်းစီ၏ သိုလှောင်အိတ်ထဲမှာ မရီးဒါန်ဖွင့်ဆေးလုံး တစ်လုံးစီ ရှိကြလေသည်။

သို့သော်လည်း အခုနေ သူတို့သာ အဲ့ဒါကို ဝန်ခံလိုက်လျှင် ကိုယ့်သေတွင်းကိုယ် တူးသလို ဖြစ်နေပေလိမ့်မည်။

“ကောင်းတာပေါ့”

ချောင်ဝမ်လီက ခေါင်းညိတ်ပြီး မှင်သေသေနှင့် ပြောလိုက်၏။

“မင်းတို့သိုလှောင်အိတ်တွေကို ထုတ်ပေးလေ.. ငါကိုယ်တိုင် စစ်ကြည့်ရတာပေါ့”

ထိုသို့ သူပြောလိုက်ချိန်တွင် ကျိချန်းရှန်သာမက ဖက်တီးလေးနှင့် အခြားသူများပါ ထောင်းကနဲ ဒေါသထွက်သွားကြ၏။

ဒါဟာ သူတို့ကို တမင်သက်သက် အနိုင်ကျင့်စော်ကားနေခြင်းပင်။

ဆူဇီမိုက ကျိချန်းရှန်၏နောက်မှာ တိတ်တဆိတ်ရပ်နေပြီး အေးစက်စွာ စိုက်ကြည့်နေ၏။

ကျိချန်းရှန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး တည်တံ့စွာ ပြောလိုက်၏။

“တာအိုရောင်းရင်း.. ဒီတောင်းဆိုချက်က နဲနဲတော့ လွန်ပြီ မဟုတ်....”

“လွန်တယ်ဟုတ်လား”

ကျိချန်းရှန်က ဆုံးအောင်မပြောရသေးခင်မှာပင် ချောင်ဝမ်လီက မျက်စိကိုမှေးကျဉ်းပြီး ပြုံးစစနှင့် မေးလိုက်၏။

သူ့စကားမဆုံးသေးခင်မှာပင် ချောင်ဝမ်လီ၏ မျက်လုံးများက အေးစက်စက်အလင်းဖြင့် လက်သွား၏။ သူ့လက်ထဲမှ ဆေဘာက အလွန်တရာ လျှင်မြန်သောနှုန်းဖြင့် ကျိချန်းရှန်၏ လည်ပင်းဆီသို့ လှစ်ကနဲ ပြေးဝင်သွား၏။

ထိုခုတ်ချက်က လုံးဝသတိပေးခြင်းမရှိဘဲ ထွက်ပေါ်လာပြီး သတ်ဖြတ်လိုစိတ်နှင့် ပြည့်နေ၏။

ကျိချန်းရှန်သည် ရှေးဟောင်းတိုက်ပွဲမြေမှာ တစ်လလောက် ကောင်းကောင်းလေ့ကျင့်ပြီးနောက် သူ၏ သတိဝီရိယက အတော်ကို တိုးတက်လာခဲ့၏။

စောစောကတည်းက သူသည် ချောင်ဝမ်လီထံမှ သတ်ဖြတ်လိုစိတ်ကို ခံစားမိနေ၏။

သို့သော်လည်း ခက်ခဲကြမ်းတမ်းသော ခရီးရှည်ကြီးကို ဖြတ်သန်းလာခဲ့ပြီးနောက် သူသည် ခြေကုန်လက်ပန်းကျနေပြီဖြစ်၏။ သူ၏ ခန္ဓာကိုယ်က ပုံမှန်အခြေအနေမှာ ရှိမနေသောကြောင့် စိတ်သွားသလောက် ကိုယ်က မပါနိုင်ဘဲ သူ၏ တုံ့ပြန်လှုပ်ရှားမှုက အနည်းငယ်ကလေး နောက်ကျသွား၏။

ဓါးသွား၏ ထက်ရှမှုကို ခံစားမိလိုက်ပြီး ကျိချန်းရှန်သည် ပြတ်ကျသွားသည့် သူ့လည်ပင်းကို မြင်ယောင်ကာ သူ့အရေပြားက စပ်ဖျဉ်းဖျဉ်း ဖြစ်လာ၏။ သူသည် စိတ်ထဲကနေ ညည်းတွားလိုက်၏။

“ဒီနေရာမှာ ငါသေရတော့မှာပါလား”

သူ့အတွေး မဆုံးသေးခင်မှာပင် အလွန်ကြီးမားသောအားတစ်ခုက ကျိချန်းရှန်ကို နောက်သို့ ဆောင့်ဆွဲလိုက်၏။

ချောင်ဝမ်လီ၏ ဓါးသွားက ကျိချန်းရှန်၏ လည်ပင်းကို ပွတ်သပ်သွားပြီး သူ့အရေပြားက ပြဲသွားကာ သွေးများက စိမ့်ထွက်လာ၏။ သူ့လည်ပင်းကို ပြတ်ရှဖို့ သီသီကလေးသာ လိုတော့လေသည်။

အနည်းငယ်ကလေးသာ နောက်ကျသွားသည်နှင့် ထိုခုတ်ပိုင်းချက်ဖြင့် သူ့လည်ပင်းက ပြတ်ထွက်သွားလောက်ပေပြီ။

သေဘေးမှ ပွတ်ကာသီကာ လွတ်မြောက်လာပြီးနောက် ကျိချန်းရှန်သည် ချွေးအေးများထွက်ကာ မောဟိုက်နေ၏။

သူက ဘေးဘက်ရှိ ဆူဇီမိုကို လှည့်ကြည့်ကာ ကျေးဇူးတင်မလို့ ရှိသေးသည်.. သူ့အမြင်အာရုံက ဝေဝါးသွားပြီး ပုံရိပ်တစ်ခုက လှစ်ကနဲ ဖြတ်သန်းသွား၏။ ဆူဇီမိုက နဂိုနေရာမှာ မရှိတော့လေပြီ။

ဘုန်း..

ကျိချန်းရှန်ကို လှမ်းဆွဲပြီးနောက် ဆူဇီမိုသည် ဘာစကားမှ ပြောမနေဘဲ ကောင်းကင်ထယ်သွားခြေလှမ်းဖြင့် လှုပ်ရှားလိုက်၏။

ချက်ချင်းဆိုသလိုပင် သူ့ခြေဖဝါးအောက်ရှိ ကျောက်သမံတလင်းက ပေါက်ကွဲထွက်သွားပြီး မြေပြင်က တု်နခါသွား၏။

လမ်း၏ တစ်ဖက်တစ်ချက်ရှိ အဆောက်အဦများက တုန်ခါသွားပြီး များစွာသော ကျင့်ကြံသူများသည် အံ့အားသင့်သွားကြ၏။

ဆူဇီမို၏ အကြည့်က ဓါးတစ်လက်လို ပြတ်သားနေပြီး သူ့လက်ချောင်းများကို ဖြန့်၍ ချောင်ဝမ်လီ၏ ဦးခေါင်းကို လှမ်းဆွဲလိုက်၏။

ချောင်ဝမ်လီသည် သူ၏ တိုက်ခိုက်မှု လွဲချော်အပြီး မတုံ့ပြန်နိုင်သေးခင်မှာပင် ကျိချန်းရှန်၏ နောက်ရှိ ကြောက်မက်ဖွယ်ရာအော်ရာနှင့် လူတစ်ယောက်က သူ့ထံခုန်ဝင်တိုက်ခိုက်လာ၏။

ဆူဇီမို၏ လက်ဝါးကြီးက ဆင်းသက်လာပြီး လေထုက ချောင်ဝမ်လီကို အသက်ရှူကျပ်လောက်အောင် ဖိနှိမ်လာ၏။

ချောင်ဝမ်လီလဲ ဘာမှ စဉ်းစားမနေတော့ဘဲ ဆူဇီမို၏လက်ဝါးက သူ့ခေါင်းပေါ် ရောက်မလာခင် လက်ထဲကဆေဘာဖြင့် ဆူဇီမို၏ လက်ကောက်ဝတ်ကို လက်ပြန်တွက်လိုက်၏။

ဓါးသွားက တုန်ခါပြီး အလင်းရောင်သုံးခုက တောက်ပလာ၏။

အဲ့ဒါက သာလွန်အဆင့် စိတ်ဝိညာဉ်ဆေဘာပင်..

အခုအချိန်မှာ ဆူဇီမို၏ ကိုယ်ကာယက အရမ်းကို သန်မာနေပြီဖြစ်ပြီး သာမန်သာလွန်အဆင့်လက်နက်တစ်ခုက သူ့ကို ထိခိုက်အနာတရဖြစ်စေဖို့ အလွန်ခဲ့ယဉ်းလေသည်။

ချောင်ဝမ်လီ၏ ဆေဘာရောက်လာချိန်တွင် ဆူဇီမိုက သူ့ကိုယ်ဟန်အနေအထားကို လုံးဝမပြောင်းလဲဘဲ.. သူ့လက်ချည်းသက်သက်ဖြင့် ဓါးသွားကို လှမ်းဆွဲလိုက်၏။ သူ့လက်ဖြင့် ဆေဘာကို ရစ်ပတ်၊ တုန်ခါစေပြီး သူ့ဘက်သို့ ဆောင့်ဆွဲလိုက်၏။

ဆေဘာက ဆူဇီမို၏ လက်ထဲတွင် တင်းကျပ်စွာဆုပ်ကိုင်လျက်သား ပါလာပြီး သူက လက်ပြန်ပြန်ထိုးသွင်းလိုက်၏။

ဖောက်..

သွေးများက ဖြာထွက်လာပြီး ဆေဘာဖျားက ချောင်ဝမ်လီ၏ ဦးခေါင်းနောက်ကနေ ပြူထွက်လာ၏။

သူတို့သည် ခဏလေးသာ နေရာရွှေ့လိုက်ကြရပြီးနောက် ချောင်ဝမ်လီက ခေါင်းပေါက်ထွက်ကာ ပွဲချင်းပြီး ရှောသွားလေပြီ။

အစကတည်းက ဒီလူက လူဆိုးလူယုတ်တစ်ယောက်ဖြစ်ကြောင်း ဆူဇီမို ပြောနိုင်လေသည်။ ထို့ကြောင့်ပင် သူက စတင်တိုက်ခိုက်သည်နှင့် သနားညှာတာမှုမရှိ သတ်ဖြတ်ကွက်ဖြင့် စတင်ခဲ့ခြင်းဖြစ်လေသည်။

ချောင်ဝမ်လီကို သတ်ဖြတ်ပြီးနောက် ဆူဇီမိုက ဘေးတိုက်လှမ်းကာ အခြားကျင့်ကြံသူတစ်ယောက်၏ ရင်ခွင်ထဲကို ပစ်တိုက်ချလိုက်၏။

ထိုလူ၏ လက်က သူ့သိုလှောင်အိတ်ပေါ်ကို ရောက်ရုံသာ ရှိသေးသည်.. သူ့အပြင်အာရုံက ဝါးကနဲဖြစ်သွားပြီး သူ့ရင်အုပ်က စူးစူးရှရှ နာကျင်သွား၏။ သူ့ခန္ဓာကိုယ်က အထိန်းအချုပ်မဲ့စွာ လွင့်စင်ထွက်သွားပြီးနောက် အသိစိတ်ပါ ပျောက်ကွယ်သွားလေသည်။

ရွှစ်..

ဆူဇီမို၏ ခန္ဓာကိုယ်က ယိမ်းနွဲ့သွားပြီး သူ့လှုပ်ရှားမှုက ပြောင်းလဲသွားကာ နောက်ချန်ပုံရိပ်များက ကျန်ရစ်ခဲ့၏။ သူ့ဘက်ဘယ်လက်ကို မပြီး ချိတ်စည်းတစ်ခုလို လက်သီးကို သုံးကာ နောက်ထပ်ကျင့်ကြံသူတစ်ယောက်၏ ဦးခေါင်းပေါ်သို့ ကျဆင်းစေလိုက်၏။

ဦးနှောက်ရည်များက ပြန့်ကျဲထွက်သွား၏။

နောက်ထပ်အလောင်းတစ်လောင်းက လဲကျသွားလေသည်။

“ရဲတင်းလိုက်တာ”

“မင်းကတော့ သေချင်နေပြီ”

ချောင်ဝမ်လီခေါ်လာ‌သော ကျင့်ကြံသူဆယ်ယောက်ကျော်ကျော်က သတိဝင်နိုးထလာပြီး အော်ဟစ်ကာ လက်နက်အမျိုးမျိုးကို ထုတ်လိုက်ကြ၏။ သူတို့အများစုမှာ လေးလံသော အနီးကပ်တိုက်ခိုက်ခြင်းလက်နက်များ ဖြစ်ကြလေသည်။

သူတို့ထဲမှ တစ်ယောက်က ဧရာမတူကြီးကို မပြီး ဆူဇီမို၏ ဦးခေါင်းပေါ်သို့ ထုချလိုက်၏။

နောက်လည်းမဆုတ်၊ ရှောင်းလည်းမရှောင်ဘဲ ဆူဇီမိုက ထိုလူ၏ စိတ်ဝိညာဉ်လက်နက်ကို သူ့လက်ချည်းသက်သက်ဖြင့် ပုတ်ထုတ်လိုက်၏။ တူကြီးက လွင့်ထွက်သွားပြီး နောက်ထပ်ကျင့်ကြံသူတစ်ယောက်၏ နံအိမ်ကို သွားမှန်၏။

အမှန်ခံရသူ၏ နံရိုးများက ကျိုးထွက်သွားပြီး သူ့အဆုတ်ကို သွားစိုက်ကုန်၏။ ထိုလူသည် ရှူးရှူးရှဲရှဲနှင့် သည်းထန်စွာ မောဟိုက်လာ၏။ သူက အသက်မရှင်နိုင်တော့သည်မှာ ထင်ရှားလေသည်။

ဆူဇီမို၏ ပုံရိပ်က ကျင့်ကြံသူများကြားထဲတွင် ကူးလူးယှက်ဖြာသွားပြီး ထုနှက်ကျိုးပဲ့သံများက ဆက်တိုက်ထွက်ပေါ်လာ၏။

အသက်ဆယ်ရှိုက်စာ ကြာပြီးနောက် အကုန်လုံးက တိတ်ဆိတ်ငြိမ်သက်သွားပြီး လမ်းပေါ်မှာ အလောင်းများသာ ကျန်ခဲ့လေတော့သည်။

All Chapters