တင်းမာခက်ထန်လာသော အခြေအနေ
Vol. 25 Ch. 364
ပြင်းထန်အားကောင်းပြီး မတူညီသော အော်ရာနှစ်မျိုးက လေထုထဲမှာ ရိုက်ခတ်လိုက်ကြပြီး ခြံဝန်းထဲရှိ ပေါင်းပင်မြက်ပင်များသည် အစိတ်အမွှာမွှာပြတ်ကျ၍ အမှုန့်ဖြစ်ကုန်ကြ၏။ လေထုက အောက်သိုးသိုး ဖြစ်လာ၏။
စစ်ပွဲတစ်ပွဲက ပေါက်ကွဲထွက်ပေါ်လာတော့ပေမည်။
ကျိချန်းရှန်သည် အခြားသူများသည် နုလုံးခုန်များ ရပ်တန့်သွားသည့်အလား.. လက်ဖဝါးများမှာ ချွေးများရွှဲ၍ ငေးကြည့်နေကြ၏။
သူတို့ရှေ့မှလူများက ရှေးဟောင်းတိုက်ပွဲမြေ၏ အစပ်တွင် တွေ့ခဲ့ရသောလူများနှင့် လွန်စွာသိသာခြားနားလေသည်။
ဤလူဆိုးလူမိုက်များအားလုံးက ပို၍သန်မာ၊ ပို၍ကြမ်းကြုတ်ပြီး ပို၍ အကြောက်အလန့်မဲ့ကြ၏။ တစ်ကြိမ်ထိတွေ့မိရုံနှင့် သူတို့အကုန်လုံးကို ရှင်းပစ်ဖို့ လုံလောက်လေသည်။
ထိုကဲ့သို့ ကြမ်းကြုတ်ရက်စက်မှုကို တောင့်ခံဖို့ ဆူဇီမို ထမ်းထားရသော ဖိအားပမာဏကို စဉ်းစားကြည့်လို့တောင် မရပေ။
သို့သော်လည်း ဘေးကနေ စောင့်ကြည့်နေကြသူများအပါအဝင်.. မည်သူမျှ ဆူဇီမို၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုတစွန်းတစကိုမျှ ရှာမတွေ့ကြပေ။ သူက တည်ငြိမ်နေပြီး မထီတရီသာ ရှိနေ၏။
“ဒီလိုအခြေအနေနဲ့ ရင်ဆိုင်နေရတာတောင် သူက တည်ငြိမ်နေနိုင်သေးတယ်ဆိုတော့.. ဒီလူက တော်တော်အသည်းကောင်းတဲ့လူပဲ”
“အဲ့တော့ ဘာဖြစ်လဲ.. ရလဒ်က ပြောင်းသွားမှာမှ မဟုတ်တာ.. မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်သာ မဟုတ်ရင် သူက ဒီနေ့ သေရမှာပဲ”
“ငါသိထားတာတော့ သူက မရီးဒါန်လေးခု အခြေတည်အဆင့်ပဲ ရှိသေးတယ်တဲ့”
ပေါင်ယွင်ဖုန့်က တိမ်လွှာရှာကျားသစ်ကို စီးပြီး အိမ်ဆောင်နှင့် မလှမ်းမကမ်းသို့ ရောက်လာ၏။ ဆူဇီမိုကို ငုံ့ကြည့်လိုက်ရင်း သူ့မျက်လုံးထဲရှိ အရောင်က သိပ်သည်းလာ၏။
ဖျောင်း.. ဖျောင်း ဖျောင်း..
ရုတ်တရတ် ပေါင်ယွင်ဖုန့်က လက်ခုပ်တီးပြီး ခေါင်းတဆတ်ဆတ် ညိတ်လိုက်၏။
“မိုက်တယ်ကွာ.. မိုက်တယ်”
ပေါင်ယွင်ဖုန့်၏ စိတ်ရင်းကို နားမလည်နိုင်ကြဘဲ.. လူတို်ငးသည် စိတ်ထဲရှုပ်ထွေးသွားကြ၏။
ခဏနေပြီးနောက် ပေါင်ယွင်ဖုန့်က ပြောလိုက်၏။
“ဟိုအစိမ်းရောင်ဝတ်ထားတဲ့ စာပေသမားလိုလိုကောင်.. ချောင်ဝမ်လီကို သတ်လိုက်တာ မင်းလား”
“ငါပဲ”
ဆူဇီမိုက မဆိုင်းမတွ ချက်ချင်း ဝန်ခံလိုက်၏။
“ဟီးဟီး”
ရုတ်တရတ် ပေါင်ယွင်ဖုန့်က စိတ်လက်ပေါ့ပါးစွာ ရယ်မောလိုက်၏။
“အစကတော့ ငါတွေးထားတာ မင်းကို ဖမ်းပြီး အရှင်လတ်လတ် အရေခွံခွာမယ်မယ်ပေါ့.. မင်းကို သေတာထက်ဆိုးတဲ့ဘဝရောက်အောင် လုပ်နိုင်တဲ့နည်းလမ်းတွေ ငါ့မှာ အများကြီးရှိတယ်.. ဒါပေမယ့်လို့...”
ခဏမျှ ရပ်တန့်ပြီးနောက် ပေါင်ယွင်ဖုန့်က ဆက်ပြောလိုက်၏။
“အခု ငါစိတ်ပြောင်းသွားပြီ”
လူတို်ငး ကြောင်အသွားကြ၏။
ပေါင်ယွင်ဖုန့်၏ ဆိုလိုရင်းကို နားမလည်နိုင်ကြဘဲ ကျိချန်းရှန်နှင့် အခြားသူများသည်လည်း ကြောင်ငေးနေကြ၏။
ဒုတိယထပ်တွင် အဖြူရောင်ဝတ်လူငယ်သည် အလေးအနက် တွေးတော၍ မျက်မှောင်ကြုတ်ထား၏။
ဆူဇီမိုက ထီမထင်မျက်နှာပေးနှင့် ပေါင်ယွင်ဖုန့်ကို ဘာမှပြန်မပြောဘဲ တိတ်တဆိတ် ကြည့်နေ၏။
ပေါင်ယွင်ဖုန့်၏ မျက်လုံးများထဲတွင် ချီးကျူးလိုမှုက ပေါ်လာ၏။
“အစကတော့ ငါတွေးမိတာ မင်းက တဇွတ်ထိုးလုပ်တတ်တဲ့ ကျင့်ကြံသူတစ်ယောက်ပေါ့.. အခုတော့ မင်းက ပါချည်ပါချဲ့မဟုတ်တာ ငါဝန်ခံရတော့မယ်.. ချောင်ဝမ်လီက သေခဲ့တာက အလကားမဖြစ်တော့ဘူးပဲ”
“ငါမင်းကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်.. ငါ့နောက်ကို လိုက်ခဲ့ပါ.. ပြီးခဲ့တာတွေကတော့ ပြီးပါစေတော့”
ထိုစကားကို ကြားလိုက်ရသောအခါ လူအုပ်ကြီးသည် အုန်းအုန်းကျက်ကျက် ဖြစ်ကုန်ကြ၏။
“ဒီလူက တစ်ကယ်ကံကောင်းတာပဲ.. ဒါမျိုးအခွင့်အရေးရဖို့က တစ်ကယ်မလွယ်လှဘူး”
“ကြည့်ရတာတော့ ပေါင်ယွင်ဖုန့်က သူ့ကို အတော်လေး အထင်ကြီးသွားတာပဲ.. မဟုတ်ရင် သူ့ဆုံးဖြတ်ချက်ကို လွယ်လွယ်နဲ့ ပြောင်းလိုက်မှာ မဟုတ်ဘူး”
အဲ့ဒါက များစွာသော ကျင့်ကြံသူများ မျှော်လင့်မထားမိသည့် ပြောင်းလဲမှုပင်။
အစကတော့ ဆူဇီမိုသည် သေရဖို့ သေချာပြီးသားဟု သူတို့တွေးခဲ့ကြ၏။ ပေါင်ယွင်ဖုန့်က ဆူဇီမိုကို သတ်ရမည့်အစား သူ့လက်အောက်ကို သွတ်သွင်းလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။
“မင်းက မင်းစိတ်ကို ပြောင်းလိုက်တယ်ပေါ့” ရုတ်တရတ် ဆူဇီမိုက မေးလိုက်၏။
ပေါင်ယွင်ဖုန့် ခဏမျှ ကြောင်အသွားပြီးနောက် သူက ခေါင်းညိတ်ပြလိုက်၏။
“အမှန်ပဲ.. မင်းက ရွှမ်ထျန်းမြို့နဲ့ စိမ်းနေသေးတော့ ငါမင်းကို သင်ပေးရမှာပေါ့.. ငါက သားရဲစီးဓါးပြလေးယောက်ထဲက တစ်ယောက်ပဲ.. ရွှမ်ထျန်းမြို့ထဲမှာဆို....”
ပေါင်ယွင်ဖုန့်တောင် စကားမဆုံးသေး.. ဆူဇီမိုက ဖြတ်ပြောလိုက်၏။
“ငါကတော့ ငါ့စိတ်ကို မပြောင်းလဲနိုင်ဘူး”
“ဟမ့်”
ပေါင်ယွင်ဖုန့်က ဆူဇီမိုကို မျက်စိမှေးကြည့်လိုက်၏။
“မင်းဘာပြောချင်တာလဲ”
ဆူဇီမိုက ထီမထင်မျက်နှာပေးနှင့် ပေါင်ယွင်ဖုန့်ကို နည်းနည်းမော့၍ ကြည့်လိုက်ပြီး မထီတရီလေသံနှင့် ပြောလိုက်၏။
“စောစောတုန်းက ငါက မင်းလာရင် သတ်ပစ်မယ်လို့ တွေးထားတာ၊ အခုလဲ အဲတိုင်းပဲ.. အဲ့ဒါကြောင့် မင်းသေဖို့ ပြင်ထားလိုက်တော့”
“ဒီလူက ရူးသွားပြီလားဟ”
“သူက တစ်ကယ်ပဲ အသက်မရှင်ချင်တော့ဘူးပဲ”
ကျိချန်းရှန်နှင့် အခြားသူများက တိတ်ဆိတ်နေကြ၏။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ဆူဇီမို၏ ဆုံးဖြတ်ချက်ကို ထောက်ခံပေးရပေမည်။
သူတို့က ဖြောင့်မတ်တည်ကြည်သော စစ်သည်တော်များ မဟုတ်ဘူးဆိုလျှင်တောင်.. ဓါးပြဗိုလ်လေးယောက်၏ လက်အောက်ငယ်သားတော့ မည်သူမျှ မလုပ်ချင်ကြပေ။
သို့သော်လည်း ဤကဲ့သို့ သေမလား၊ ရှင်မလား အခြေအနေတွင် ရောက်လာလျှင်တော့ သူတို့သည် အားမတန်မာန်လျှော့၍ အညံ့ခံကောင်းအညံ့ခံမိပေမည်။
သူတို့သည် ဆူဇီမိုလောက်တော့ ပြတ်သားမှုရှိကြမှာ မဟုတ်ပေ။
သူက အကြောက်အလန့်ကင်းမဲ့သော စိတ်ဝိညာဉ်ကို ပို်ငဆိုင်ထား၏။
ဒုတိယထပ်တွင် အဖြူရောင်ဝတ်လူငယ်က အောက်ဘက်ရှိ အစိမ်းရောင်ဝတ်လူငယ်ကိုကြည့်ပြီး သူ့မျက်လုံးများက တောက်ပလာ၏။
. . .
ခြံဝန်းထဲတွင်..
ပေါင်ယွင်ဖုန့်သည် ခဏမျှ ကြောင်အနေပြီးနောက်.. ဝါးလုံးကွဲထရယ်ချလိုက်ပြီး သူ့ရယ်သံက ပို၍ပို၍ ကျယ်လောင်လာ၏။
“ဟီးဟီး.. ဟဟဟားဟား”
ပေါင်ယွင်ဖုန့်က ရယ်နေသည်ဆိုသော်လည်း သူ့မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်က သိပ်သည်းအားကောင်းလာပြီး အစိုင်အခဲဖွဲ့လုနီးပါး ဖြစ်လာ၏။
သားရဲစီးဓါးပြဗိုလ်လေးယောက်ထဲမှ တစ်ယောက်အနေနှင့်.. ရွှမ်ထျန်းမြို့ထဲတွင် သူ့ကို တားဆီးနိုင်သည့်သူ မရှိသလောက်ပင်။ သူ့ကို မည်သူမျှ ရန်မစရဲပေ။ သို့သော်လည်း အခုအခါမှာတော့ သူ့ကို သတ်မည်ဟုပင် အတိအလင်း ကြေညာရဲသောလူက ထွက်ပေါ်လာလေပြီ။
“တစ်ကယ်တော့ မင်းနဲ့ပတ်သတ်ပြီး ငါထင်တာက မမှားခဲ့ဖူးပဲ”
ပေါင်ယွင်ဖုန့်၏ အကြည့်က အေးစက်လာပြီး တိမ်လွှာရှာကျားသစ်ပေါ်မှ ဆင်းကာ ဆူဇီမိုဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွား၏။ သူ့ဝတ်ရုံအောက်တွင် မရီးဒါန်ခြောက်ခုက တောက်ပလာပြီး စိတ်ဝိညာဉ်စွမ်းအင်များက အရူးအမူး တိုးဝင်လာ၏။
မရီးဒါန်ခြောက်ခု အခြေတည်အဆင့် ကျင့်ကြံသူ..
“ဘယ်သူ့မှ ဝင်မရှုပ်နဲ့”
ပေါင်ယွင်ဖုန့်က အော်ပြီး.. ဆူဇီမိုကို ခြိမ်းခြောက်ဖွယ်ရာ လှောင်ပြုံးပြလိုက်၏။
“မင်းကို ငါကိုယ်တိုင် သတ်မယ်”
သူပြောနေသော စကားမဆုံးသေးခင်မှာပင် အရိပ်နှစ်ခုက ဖျတ်ကနဲ လှုပ်ရှားသွား၏။
သူ့လက်ကို လှုပ်ခါလိုက်သောအခါ အေးစက်စက်ဓါးမြှောင်နှစ်လက်က ပေါင်ယွင်ဖုန့်၏ အင်္ကျီလက်စများကြားထဲမှ လျှောထွက်လာ၏။ ထိုဓါးမြှောင်နှစ်လက်က အလွန်တရာ ထက်ရှနေပြီး စိတ်ဝိညာဉ်အလင်းလေးခုဖြင့် တောက်ပနေ၏။
ထိပ်တန်းအဆင့် စိတ်ဝိညာဉ် လက်နက်များ.
ရှေးဟောင်းတိုက်ပွဲမြေ၏ အစပ်တွင် မည်သည့်ကျင့်ကြံသူမျှ ထိပ်တန်းအဆင့်လက်နက်များကို မပိုင်ဆို်ငကြပေ။ သို့သော်လည်း ရွှမ်ထျန်းမြို့ထဲမှာတော့ ပေါင်ယွင်ဖုန့်က လောလောဆယ် နှစ်လက်ထုတ်ပြလိုက်လေပြီ။
ရွှစ်..
ပေါင်ယွင်ဖုန့်က ဓါးမြှောင်နှစ်လက်ကို ယှက်လိမ်လိုက်ပြီး ဆူဇီမို၏ လည်မျိုဆီသို့ အလွန်တရာ လျှင်မြန်စွာနှင့် လှမ်းထိုးလိုက်၏။
ဓါးမြှောင်နှစ်လက်က လမ်းကြောင်းနှစ်ဖက်ခွဲ၍ ဝင်ရောက်လာပြီး ဆူဇီမို၏ တိုက်ခိုက်နိုင်သည့်ထောင့်များကို ပိတ်ဆို့လိုက်၏။
အနီးကပ်တိုက်ခိုက်ခြင်းက အလွန်အန္တရာယ်များပြီး ခြေတစ်လှမ်းမှားသွားသည်နှင့် အသက်ပျောက်သွားနိုင်လေသည်။
ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်များ၏ ထက်ရှမှုက ဆူဇီမိုကို ခြိမ်းခြောက်ဖို့ လုံလောက်လေသည်။
ပေါ့ပေါ့တန်တန် သဘောမထားရဲဘဲ.. ဆူဇီမိုသည် လက်ဗလာနှင့် ရင်မဆိုင်ပေ။ သူ့ခြေထောက်ကို ဘေးသို့ချဲ၍ ဝင်ရောက်လာသော ဓါးမြှောင်နှစ်လက်ကို ရှောင်လိုက်၏။
တစ်ကယ်ဆို ဆူဇီမိုက သွေးသောက်သူကို ဆင့်ခေါ်ထုတ်၍ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နိုင်လေသည်။
သို့သော်လည်း သွေးသောက်သူက ပကတိအဆင့် လက်နက်ဖြစ်သောကြောင့် ကျင့်ကြံသူများ၏ လောဘကို ဆွမိပြီး အဆုံးမသတ်နိုင်သော တိုက်ပွဲများ ဖြစ်ပေါ်လာစေနိုင်လေသည်။
မည်သို့မျှ ရွေးစရာမရှိသော အခြေအနေသာ မဟုတ်လျှင် ရွှမ်ထျန်းမြို့ထဲမှာ ဆူဇီမိုက အဲ့ဒါကို အလွယ်တကူ ထုတ်သုံးလိမ့်မည် မဟုတ်ပေ။
သူက ပေါင်ယွင်ဖုန့်၏ သတ်ဖြတ်ကွက်ကို ရှောင်တိမ်းပြီးနောက် သူ့လက်ဝါးကိုသုံးကာ ပို၍ လျှင်မြန်သောနှုန်းဖြင့် တန်ပြန်တိုက်ခိုက်လိုက်၏။
ထိုလက်ဝါးက သိပ်သည်းအားကောင်းသော စွမ်းအားများကို သယ်ဆောင်ထားပြီး ကျဆင်းလာ၏။
မြေကမ္ဘာသွေဖယ်လက်ဝါး..
ပေါင်ယွင်ဖုန့်၏ မျက်ခွံက တဆတ်ဆတ်လှုပ်သွား၏။ ဆူဇီမို၏ အမြန်နှုန်းနှင့် လက်ဝါးရိုက်ချက်က စွမ်းအားကို သတိထားမိလိုက်ပြီး တုန်လှုပ်သွားခြင်းဖြစ်၏။
ဒီငနဲက အရမ်းမြန်ပြီး အားပါလွန်းလှ၏။
ပေါင်ယွင်ဖုန့်သည် သူသာ ဒီထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်နှစ်ခုကို မပိုင်ဆိုင်ထားလျှင် ခွန်အားအရာမှာ ဆူဇီမိုကို ယှဉ်နိုင်လိမ့်မည်မဟုတ်ကြောင်း နားလည်သွား၏။
ပေါင်ယွင်ဖုန့်က သူ့ကိုယ်သူ ချက်ချင်း ဣန္ဒြေပြန်ဆယ်လိုက်ပြီး အေးစက်စက်အကြည့်နှင့်အတူ အော်ပြောလိုက်၏။
“ကောင်းလိုက်တဲ့ရိုက်ချက်”
သူ့ဓါးမြှောင်တစ်လက်ကို မြှောက်ပြီး ဆူဇီမို၏ လက်ဝါးကို လှမ်းထိုးကာ နောက်ဓါးမြှောင်တစ်လက်ကို ဆူဇီမို၏ နုလုံးဆီ ပစ်သွင်းလိုက်၏။
ဆူဇီမိုသာ ရှေ့သို့ ခြေလှမ်းဝက်ဆက်တိုးမိသည်နှင့် သူ့ရင်အုပ်ကို ပေါင်ယွင်ဖုန့်၏ ဓါးမြှောင်နှင့် ပစ်တိုက်သလို ဖြစ်သွားပေလိမ့်မည်။
အခြားသူများသာဆိုလျှင် ပေါင်ယွင်ဖုန့်၏ ထိုတန်ပြန်တိုက်ကွက်ကို ရှောင်တိမ်းနိုင်ဖို့က မဖြစ်နိုင်သလောက်ပင်။
သို့သော်လည်း အခုက ပြိုင်ဘက်ကင်းကိုယ်ကာယနှင့် အာရုံခံသတိစိတ်ကို ပိုင်ဆိုင်ထားသော ဆူဇီမို ဖြစ်လေသည်။
ဆူဇီမိုသည် အခုချိန်ထိ အနီးကပ်တိုက်ခိုက်ခြင်းတွင် တစ်ခါမျှ မရှုံးနိမ့်ဖူးသေးပေ။