← Chapters

ဖျစ်ညှစ်သတ်ခံရခြင်း

Vol. 25 Ch. 365

ဖျစ်ညှစ်သတ်ခံရခြင်း

Vol. 25 Ch. 365

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ပုံရိပ်နှစ်ခု လုံးထွေးသတ်ပုတ်နေကြသည်ကို အသက်အောင့်၍ မျက်တောင်မခတ်တမ်း ငေးကြည့်နေကြ၏။

သူတို့နှစ်ယောက်စလုံး၏ လှုပ်ရှားမှုက အရမ်းမြန်ပြီး ပုံရိပ်နှစ်ခုက ချာချာလည်အောင် ကူးလူးယှက်ဖြာနေသောကြောင့် မျက်တစ်မှိတ်အတွင်းမှာပင် အနိုင်ရသူက ထွက်ပေါ်လာနိုင်လေသည်။

သားရဲစီးဓါးပြဗိုလ်လေးယောက်သည် ခန္ဓာမီးဆေးကျင့်ကြံသူများ ဖြစ်ကြပြီး အနီးကပ်တိုက်ခိုက်ရည်မှာ အားသန်ကြလေသည်။

သူတို့ထဲမှာမှ ပေါင်ယွင်ဖုန့်သည် လျှင်မြန်မှုနှင့် ပေါ့ပါးဖျတ်လတ်မှုကြောင့် နာမည်ရလေသည်။ သူ့လက်ထဲတွင် ထက်ရှသော ဓါးပျံနှစ်လက်သည် သူ့ကိုယ်ပိုင်လက်ချောင်းများလို ဖြစ်လာပြီး အသိရခက်သော ထောင့်များကနေ ဝင်ရောက်လာတတ်သောကြောင့် ရင်ဆိုင်ကိုင်တွယ်ဖို့ အလွန်တရာ ခက်လေသည်။

သူ့ဓါးမြှောင်လက်ချက်ဖြင့် သေသွားခဲ့ရသော ကျင့်ကြံသူများက မရေနိုင်မတွက်နိုင်တော့ပေ။

တိုက်ပွဲမြေပြင်တွင်..

နတ်မြင်းလျှပ်တစ်ပြက်ပြေးထွက်ခြင်းက အလွန်တရာ မြန်ဆန်လှ၏။ သူက ပေါင်ယွင်ဖုန့်၏ ဓါးမြှောင်နှင့် ပစ်ဆောင့်တော့မလို့ ရှိစဉ်မှာပင်.. ဆူဇီမို၏ မျက်လုံးက လက်သွားပြီး သူ့လှုပ်ရှားမှုကို ပြောင်းလဲလိုက်ကာ ကောင်းကင်ထယ်သွားခြေလှမ်းသို့ ဝင်ရောက်လိုက်၏။ သူသည် မြေကြီးကို ဆောင့်နင်း၍ သူ့အရှိန်ကို ရပ်တန့်လိုက်၏။

ဘုန်း..

ဆူဇီမို၏ ခြေထောက်က မြေကြီးကို ဆောင့်နင်းလိုက်သောအခါ ကျောက်သမံတလင်းက ပွင့်ထွက်သွားပြီး ကြီးမားသည့်ချိုင့်ခွက်ကြီးက ပေါ်လာ၏။ လေထဲသို့ ဖုန်မှုန့်များက ထောင်းကနဲတက်လာပြီး နေရာတစ်ခုလုံးက လှုပ်ခါသွားလေသည်။

ကောင်းကင်ထယ်သွားခြေလှမ်းနှင့်အတူ.. ဆူဇီမို၏ အော်ရာက ကောင်းကင်ကိုပင် စုတ်ဖြဲပစ်ချင်သည့်အလား သိပ်သည်းအားကောင်းလာ၏။

ပေါင်ယွင်ဖုန့်သည် အငိုက်မိသွားပြီး သူ့သူငယ်အိမ်များက တင်းကျပ်သွားကာ ဒူးညွှတ်ကျ၍ ဟန်ချက်ပျက်သွား၏။

ဖျောက်..

ဆူဇီမို၏ အရွတ်များနှင့် အရိုးများက တဖျောက်ဖျောက်မြည်၍ သူ့ခန္ဓာကိုယ်က ပြန့်ကားလာ၏။ သူ၏ ကြီးမားသော လက်ကြီးနှစ်ဖက်ကို ဆန့်ထုတ်၍ ဝင်ရောက်လာသော ဓါးပျံနှစ်လက်ကို နူးညံ့ညင်သာစွာ ရစ်ပတ်လိုက်၏။

ရစ်ပတ်.. တုန်ခါ..

“အား!”

ပေါင်ယွင်ဖုန့်၏ လက်ဖဝါးက ကွဲပြဲသွားပြီး စီကနဲ အော်ဟစ်လိုက်၏။ သူ့လက်နှစ်ဖက်မှ သွေးများက စီးကျလာပြီး ဓါးမြှောင်နှစ်လက်က စင်ထွက်သွားလေသည်။

လူတိုင်း အံ့သြတုန်လှုပ်သွားကြ၏။

ပေါင်ယွင်ဖုန့်၏ ထိပ်တန်းအဆင့်ဓါးပျံနှစ်လက်ကို လက်ချည်းသက်သက်ဖြင့် လွင့်စင်သွားစေလောက်အောင် ထိုလူ၏ ကိုယ်ကာယက ဘယ်လောက်တောင် သန်မာနေတာလဲ။

“မဟန်တော့ဘူး”

ပေါင်ယွင်ဖုန့်သည် ထိတ်လန့်သွား၏။

သို့သော်လည်း သူ၏ တုံ့ပြန်မှုက အလွန်တရာ မြန်ဆန်ပြီး ချက်ချင်းနောက်ဆုတ်လိုက်၏။ သူ့သိုလှောင်အိတ်ထဲမှ ကာကွယ်ရေးအဆောင်တစ်ခုကို ထုတ်ယူ၍ ချက်ချင်းချိုးချေကာ လှည့်ပြေးလိုက်၏။

“ထွက်ပြေးချင်တယ်ပေါ့”

ဆူဇီမို၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်က အားကောင်းလာပြီး အေးစက်စွာ ငေါက်ငမ်းလိုက်၏။

ပေါင်ယွင်ဖုန့်ကိုသာ လူအုပ်ကြီးထဲသို့ ဝင်ရောက်ခွင့်ပေးလိုက်လျှင် လူရမ်းကားတစ်ရာကျော်နှင့် ပိတ်ဆို့သွားမည်ဖြစ်တာကြောင့် ဆူဇီမိုက ဤလူကို သတ်ဖို့ မဖြစ်နိုင်တော့ပေ။

ဆူဇီမို၏ ခန္ဓာကိုယ်က ဖျတ်ကနဲ လှုပ်ရှားသွား၏။ သူ့ခြေထောက်က မြေကြီးထဲသို့ နစ်ဝင်သွားပြီးနောက် ရှေ့သို့ ရုန်းကန်ထွက်သွား၏။

သူ့ခြေတစ်လှမ်းက ဆယ်ပေလောက် တာသွားကာ ခြေလှမ်းအနည်းငယ်နှင့် ပေါင်ယွင်ဖုန့်ကို မီသွားပြီး ထိုလူ၏ ဦးခေါင်းကို လက်သီးဖြင့် လှမ်းထိုးလိုက်၏။

“ဝုန်း”

သူ့လက်သီးပေါ်ရှိ သွေးကြောများက ဖောင်းကြွလာပြီး နှစ်ဆလောက် ကြီးလာ၏။ ၎င်းက ကြီးမားသည့် စိမ်းညိုရောင်ချိတ်စည်းကြီးကဲ့သို့ သွေးရနံ့ဖြာထွက်ကာ စွမ်းအားကြီးသောအော်ရာနှင့်အတူ ကျဆင်းလာ၏။

“ဝေါင်း”

တိမ်လွှာရှာကျားသစ်၏ တုံ့ပြန်မှုက ကျင့်ကြံသူများထက် ပိုမြန်၏။ သူ့သခင်၏ သေရေးရှင်ရေးအခြေအနေကို အာရုံခံမိလိုက်ပြီး မာန်ဟီဟိန်းဟောက်လိုက်၏။ ၎င်းက သူ့အစွယ်များကို ထုတ်ကာ ဆူဇီမိုထံသို့ ဒေါသတကြီး ခုန်ဝင်လိုက်၏။

အခြေတည်အဆင့်၏ အထွတ်အထိပ်မှာရှိနေသာ ရှေးဦးအဆက်နွယ်သားရဲတစ်ကောင်၏ ခွန်အားက ဆူဇီမိုကို ခြိမ်းခြောက်နိုင်စွမ်း ရှိလေသည်။

တိုက်ခိုက်ခံရမည်ဆိုလျှင် ဆူဇီမို၏ ခန္ဓာကိုယ်က ဒဏ်ရာရလျှင်ရ သို့မဟုတ် သေတောင်သေသွားနိုင်လေသည်။

သို့သော်လည်း ဆူဇီမိုသည် လှစ်ကနဲလှုပ်ရှားလာသော အနက်ရောင်အရိပ်တစ်ခုကို မြင်လိုက်ပြီးနောက် သူ့အမူအယာက မပြောင်းလဲတော့ပေ။ သူသည်လက်သီးကို တံဆိပ်တုံးတစ်ခုလိုသုံးကာ ပေါင်ယွင်ဖုန့်၏ ဦးခေါင်းဆီသို့ ဆက်လက်ထိုးချလိုက်၏။

တိမ်လွှာရှာကျားသစ်၏ လက်သည်းများက ဆူဇီမိုကို ထိတော့မည့်ဆဲဆဲမှာပင် သန့်မာတောင့်တင်းသော ပုံရိပ်တစ်ခုက ၎င်းထက်ပိုမြန်သောအရှိန်ဖြင့် တိမ်လွှာရှာကျားသစ်ကို ပစ်တိုက်ချလိုက်၏။

ဘုန်း..

ဘုန်း..

အသံနှစ်သံက တစ်ချိန်တည်း ထွက်လာ၏။

တိမ်လွှာရှာကျားသစ်ကို အနက်ရောင်အရိပ်က ပစ်တိုက်လိုက်သောကြောင့် အင်အားကြီးမားသော သူတို့နှစ်ကောင်စလုံးက မြေကြီးပေါ် ပြုတ်ကျသွားပြီး ဖုန်များက ထောင်းကနဲ ထလာ၏။

တိမ်လွှာရှာကျားသစ်က ဝမ်းနည်းဖွယ်ရာ မြည်ကြွေးလိုက်၏။

အနက်ရောင်အရိပ်က ထရပ်လိုက်ပြီး အေးစက်တောက်ပြောင်နေသော လက်သည်းများကို တိတ်တဆိတ် ထုတ်လိုက်၏။ တိမ်လွှာရှာကျားသစ်၏ ကိုယ်ပေါ်တွင် အပေါက်ရာတချို့က ပေါ်လာပြီး သွေးများက ပန်းထွက်လာ၏။

အနက်ရောင်အရိပ်က ညဝိညာဉ်ပင် ဖြစ်လေသည်။

ညအမှောင်ထဲတွင် ညဝိညာဉ်၏ ကြေးခွံများက အေးစက်စက်အရောင်နှင့် တောက်ပြောင်လာ၏။ သူ့မျက်လုံးများက နက်မှောင်ပြီး ဆန်းကြယ်ကာ ထွက်ပေါ်လာသော သတ်လိုဖြတ်လိုအော်ရာက လူတိုင်းကို ကျောချမ်းသွားစေ၏။

တိမ်လွှာရှာကျားသစ်က လူးလဲကျုံးထဲပြီး သူ့ပါးစပ်ကိုဖြဲကာ ညဝိညာဉ်၏ လည်ပင်းကို လှမ်းကိုက်ဖို့လုပ်လိုက်၏။

ဘာပဲပြောပြော ၎င်းက ရှေးဦးအဆက်နွယ်တောကောင်ဖြစ်လေသည်။ ကြီးကြီးမားမား ဒဏ်ရာရထားသည်ဆိုလျှင်တောင် နောက်ဆုံးတစ်ချီတိုက်ခိုက်ဖို့အတွက် ခွန်အားကျန်ရှိနေသေးလေသည်။

ညဝိညာဉ်က သူ့အမြီးကို ဝေ့ရမ်းလိုက်၏။

အနက်ရောင်အရိပ်တစ်ခုက ဖျတ်ကနဲ လှုပ်သွား၏။

ဖောက်..

နက်မှောင်နေသော လှံတံတစ်ချောင်းလို ညဝိညာဉ်၏အမြီးက တိမ်လွှာရှာကျားသစ်၏ ဦးခေါင်းကို ထိုးဖောက်လိုက်ပြီး ပါးစပ်ကနေဝင်ကာ ခေါင်းနောက်ကနေ ပြန်ထွက်လာ၏။

ရှေးဦးအဆက်နွယ်တောကောင်ဖြစ်သော တိမ်လွှာရှာကျားသစ်က ပွဲချင်းပြီး ရှောသွားလေပြီ။

တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌.. ဆူဇီမို၏ ကြီးမားသော စိမ်းညိုရောင်တံဆိပ်ခေါင်းကြီးက ပေါင်ယွင်ဖုန့်၏ ကာကွယ်ရေးအဆောင်ကို ဖိချေကာ ထိုငနဲ၏ နောက်ကျောပေါ်သို့ အဟုန်ဖြင့် ဆက်လက်ကျဆင်းလာ၏။

ဇီ..

ပေါင်ယွင်ဖုန့်၏ နောက်ကျောက စိတ်ဝိညာဉ်အလင်းလေးခုနှင့် တောက်ပလာပြီး တောက်လောင်နေသော ကိုယ်ကျပ်ချပ်ဝတ်တစ်ထည်က ထွက်ပေါ်လာ၏။

ထိုကိုယ်ကျပ်ချပ်ဝတ်တွင် စိတ်ဝိညာဉ်အင်းကွက်က လေးခု.. ထိပ်တန်းအဆင့် ခုခံရေး စိတ်ဝိညာဉ်လက်နက်ပင်။

ဆူဇီမို၏ ထိုးချက်က စွမ်းအားကြီးမားသော်လည်း ထိုအားထက်ဝက်က ကာကွယ်ရေးအဆောင်ကြောင့် လျော့ကျသွားလေသည်။

ထို့နောက် လက်ကျန်အားကို ထိပ်တန်းအဆင့်ခုခံရေးစိတ်ဝိညာဉ်လက်နက်က ပိတ်ဆို့တားဆီးလိုက်သောကြောင့် ပေါင်ယွင်ဖုန့်သည် ထိခိုက်မှုမရှိတော့ဘဲ အခွင့်အရေးကို အသုံးချကာ ဆက်လက်ထွက်ပြေးလိုက်၏။

“ဟေ့”

ပေါင်ယွင်ဖုန့်က ဟက်ကနဲ တစ်ချက်ရယ်ပြီး အော်ပြောလိုက်၏။

“မင်းငါ့ကို သတ်နို်ငဖို့ နဲနဲလိုသေးပါတယ်ကွာ”

ဆူဇီမိုဘက်က ပြန်ပြောသည့်အသံကို သူမကြားရပေ။ ထို့အစား သူ့နောက်ဘက်တွင် ပြင်းထန်အားကောင်းသည့် သတ်ဖြတ်လိုစိတ်က ကပ်လျက်လိုက်ပါလာ၏။

ပေါင်ယွင့်ဖုန့်သည် နောက်ကျောမလုံတော့ဘဲ အလိုလို လှည့်ကြည့်လိုက်မိ၏။

တစ်ချက်ကြည့်ရုံနှင့် သူသည် လိပ်ပြာလွင့်မတတ် ထိတ်လန့်သွား၏။

ဆူဇီမိုက နတ်မြင်းလျှပ်တစ်ပြက် ပြေးထွက်ခြင်းကို သုံး၍ ပြေးလာနေပြီး သူ့နောက်တွင် နောက်ချန်ပုံရိပ်များက ကျန်ရစ်ခဲ့၏။ သူတို့နှစ်ယောက်အကြား အကွာအဝေးက လျှင်မြန်စွာ တိုတောင်းသွားပြီး ဆူဇီမိုက သူ့ကို မီတော့မည်ပင်။

“သွား”

ပေါင်ယွင်ဖုန့်ခေါ်လာသော လူဆိုးလူမိုက်များက ဖြစ်ပျက်နေသည်ကို နားလည်သွားပြီး သူတို့၏ ဓါးပျံများကို အလောတကြီး ထုတ်ကာ ဆူဇီမိုဆီ ပစ်လွှတ်လိုက်ကြ၏။

လေထဲတွင် ဓါးချီများကချက်ချင်းပြည့်သွားပြီး စိတ်ဝိညာဉ်အလင်းများက ဝင်းလက်တောက်ပလာ၏။

ဖန်းဖန်း.. ဖျောက်ဖျောက်..

ဆူဇီမိုက မြေကြီးပေါ် ကိုယ်ကိုဝပ်ချ၍ ရှေ့သို့ လျှောထိုးလိုက်၏။ သူ့ခန္ဓာကိုယ်ထဲရှိ အရိုးများနှင့် အရွတ်များမှ တုန်ခါမြည်သံများက ထွက်ပေါ်လာ၏။ သူ့လက်များကို ဆန့်ထုတ်လိုက်သောအခါ သူ့ခန္ဓာကိုယ်က ရှည်ထွက်လာပြီး အနာကွန်ဒါတစ်ကောင်နှင့် တူလာ၏။

ဆူဇီမို၏ လက်နှစ်ဖက်က ပေါင်ယွင်ဖုန့်၏ ခါးပေါ် ရောက်သွားပြီး ပျော့ပျောင်းစွာ ရစ်ပတ်လိုက်၏။

ဓါးပျံများအားလုံးက လွဲချော်သွား၏။

ထိုအချိန်၌ ဆူဇီမိုက ပေါင်ယွင်ဖုန့်၏ ခန္ဓာကိုယ်ပေါ်ကို လုံးလုံးလျားလျား တွယ်ဖက်ကပ်လိုက်ပြီဖြစ်၏။ သူ့အရိုးများက ပျော့ပျောင်းသွားပြီး ထိုသူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထား၏။

ဒုတိယထပ်တွင် အဖြူရောင်ဝတ်လူငယ်က သူ့မျက်လုံးများက အလိုလို မှိတ်ချလိုက်၏။

သူ့စိတ်အာရုံထဲတွင် ပေါင်ယွင်ဖုန့်၏ ခန္ဓာကိုယ်ကို အနာကွန်ဒါမြွေက ရစ်ပတ်ထားသည်ကို မြင်ယောင်လာ၏။

အဖြူရောင်ဝတ်လူငယ်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး တစ်ဖန်ပြန်ကြည့်လိုက်၏။

ဗျစ်.. ဗျစ်.. ဖျောက်.. ဖျောက်..

ပေါင်ယွင်ဖုန့်၏ လက်များက ကိုးရို့ကားယားဖြစ်နေပြီး မြေပြင်ပေါ်မှာ အမြစ်တွယ်ရပ်နေ၏။ သူ့ခန္ဓကိုယ်ကို ဖျစ်ညှစ်ခံလိုက်ရပြီး အရိုးကျိုးသံများက ဆက်တိုက်ထွက်လာ၏။

ထိပ်တန်းအဆင့်ခုခံရေးစိတ်ဝိညာဉ်လက်နက်က တိုက်ခိုက်ရေးလက်နက်များ၏ ထက်ရှမှုကို ခုခံပေးနိုင်သော်လည်း အနီးကပ်ရစ်ပတ်ဖျစ်ညှစ်ခြင်းကိုတော့ ခံနိုင်ရည်မရှိတော့ပေ။

အနာကွန်ဒါ ဖျစ်ညှစ်ခြင်း..

ပေါင်ယွင်ဖုန့်၏ မျက်လုံးများက နီရဲလာပြီး လျှာကြီးက ပြူထွက်ကာ ကြောက်စရကောင်းလောက်အောင် ပြာနှမ်းလာ၏။ သူ့လည်ချောင်းထဲမှ အစ်အစ်အက်အက် အသံများ မြည်လာ၏။

လူးဆိုးလူမိုက်တစ်ရာကျော်သည် ထိုမြင်ကွင်း၌ တုန်လှုပ်နေကြပြီး ငူငိုင်နေကြ၏။

ထိုအခိုက်အတန့်၌ ဆူဇီမိုနှင့် ပေါင်ယွင်ဖုန့်သည် လုံးထွေးရစ်ပတ်နေကြ၏။

သူတို့တိုက်ခိုက်လျှင် ပေါင်ယွင်ဖုန့်ကို မကယ်မိဘဲ ပို၍ဒဏ်ရာရသွားစေနိုင်လေသည်။

ဆူဇီမို၏ ခန္ဓာကိုယ်ထဲမှ ဆူနာမီကဲ့သို့ ကြောက်စရာကောင်းသည့်အသံများက ထွက်ပေါ်လာပြီး သူ့မျိုးဆက်သွေးက ရုန်းကြွလာ၏။

“သေစမ်း”

သူဟိန်းဟောက်လိုက်၏။ သူ့ခန္ဓာကိုယ်က နောက်ထပ်ပြန့်ကားလာပြီး သူ့ကြွက်သားများက ကြီးမားလာ၏။ လွန်စွာ ပြင်းထန်သည့် ခွန်အားအောက်၌ ပေါင်ယွင်ဖုန့်သည် ပေါ့ဖတ်လုံးထွေးနေသည့် အသားတုံးပုံကြီးလိုဖြစ်သွားသည့်အထိ ဖျစ်ညှစ်သတ်ဖြတ်ခံလိုက်ရလေသည်။

သားရဲစီးဓါးပြဗိုလ်လေးယောက်ထဲမှ တစ်ယောက်က ရွှမ်ထျန်းမြို့ထဲမှာ အသတ်ခံလိုက်ရလေသည်။

All Chapters