ဆက်တိုက်ပစ်လွှတ်လိုက်သော မြားဆယ်စင်း
Vol. 25 Ch. 371
ချွမ်း..
လန့်ထန်ဘေးရှိ ချိုင်လီက အရင်ဆုံး တုံ့ပြန်လိုက်၏။ သူ့ခါးမှ ဆေဘာရှည်ကို ဆွဲထုတ်ကာ ဝင်ရောက်လာသော မြားကို ခတ်ထုတ်လိုက်၏။ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များက ရုန်းကြွလာပြီး မရီးဒါန်ခုနှစ်ခုက တောက်ပလာ၏။
အေးစက်စက်အလင်းက ပျက်ပြယ်သွားပြီး မြားက နှစ်ပိုင်းပြတ်ကျသွား၏။
ဆူဇီမိုက သူ့အကြည့်ကို ကျဉ်းမြောင်းလိုက်လေသည်။
လေထုကို ဆုတ်ဖြဲလာသော ထိုမြားကို ရပ်တန့်ဖို့က အလွန်တရာ ခဲယဉ်းလေသည်။
အဲ့ဒါက လူတစ်ယောက်၏ အမြင်အာရုံနှင့် တုံ့ပြန်မှုကို စမ်းသပ်ရုံသာမက.. သူတို့၏ တိကျမြန်ဆန်မှုနှင့် ဆေဘာနှင့်အတူ ချိန်သားကိုက် ရိုက်ထုတ်နိုင်ဖို့ လိုအပ်လေသည်။
တစ်ကယ်တော့ ချိုင်လီသည်လည်း အတော်လေး တုန်လှုပ်သွားမိ၏။
သူသည် ထိုမြားကို ခုခံနိုင်ခဲ့သော်လည်း.. သူ့လက်ဖဝါးက ကွဲထွက်တော့မည်ကဲ့သို့ ခံစားလိုက်ရပြီး သူ့လက်ကောက်ဝတ်ကလည်း အနည်းငယ်ထုံကျင်သွား၏။
ဆိုလိုတာက.. ထိုမြား၏ စွမ်းအားသည် သူ့ကိုတောင် ခြိမ်းခြောက်ဖို့အတွက် လုံလောက်လေသည်။
ထိုအချိန်တွင် ပေါင်ယွင်ဖုန့်က သေးဆုံးခဲ့တာက သိပ်တော့ အံ့သြစရာ မဟုတ်တော့ကြောင်း ချိုင်လီတစ်ယောက် နားလည်သဘောပေါက်သွားလေသည်။
သူ့အတွေးမဆုံးသေးခင်မှာပင် တတိယမြားက ဆက်လက် ရောက်ချလာ၏။
ထို့နောက် စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ... ဒဿမမြောက်မြားတို့က ဆက်တိုက်ရောက်ချလာ၏။
ဆက်တိုက်ဆင့်ကဲ့ ရောက်ချလာသော မြားဆယ်စင်းက သားရဲစီးဓါးပြသုံးယောက်ကို လွှမ်းခြုံသွားလေသည်။
ချိုင်လီနှင့် ဟူမုန့်တို့၏ အမူအယာများက ရုတ်ချည်းပြောင်းလဲသွားပြီး သူတို့သည် လန့်ထန်ကို ကယ်ဖို့ အရေးမလုပ်အားတော့ဘဲ.. သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက် ကပျာကယာ ကြိုးစားလိုက်ရ၏။
စောစောက ချိုင်လီ၏ ခုခံပေးမှုကြောင့် လန့်ထန်သည် အသက်ရှုချိန်ရသွားပြီး သူသည် ဘယ်ဘက်လက်က ဆေဘာကိုထုတ်ကာ ညာဘက်လက်က ကာကွယ်ရေးအဆောင်ကို ချိုးချေလိုက်၏။
ကာကွယ်ရေးအဆောင်မှ အကာအရံအလွှာက ထွက်ပေါ်လာပြီးနောက် အေးစက်စက် အလင်းက ရောက်ချလာ၏။
“ဖောင်း.”
အကာအရံအလွှာမျက်နှာပြင်တွင် အက်ကွဲကြောင်းက ဖြစ်ပေါ်ပြန့်နှံ့သွားပြီး... မြားက အဲ့ဒါကို ထိုးဖောက်လိုက်၏။
ဟာ..
လန့်ထန်၏ အမူအယာက ပြောင်းလဲသွား၏။
ထိုမြားတစ်စင်းတည်း၏ သတ်ဖြတ်စွမ်းအားက အရမ်းကို ကြောက်စရာကောင်းနေ၏။
သူ၏ ကာကွယ်ရေးအဆောင်က ထိပ်တန်းအဆင့်၊ အဆင့်-၂ ကာကွယ်ရေးအဆောင် ဖြစ်ပြီး မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်၏ အင်အားအပြည့်တိုက်ခိုက်မှုတစ်ကြိမ်ကိုတောင် ခံနိုင်ရည်ရှိလေသည်။
သို့သော်လည်း အခု အဲ့ဒါက မြားတစ်စင်းတည်းက ဖျက်ဆီးပစ်လိုက်၏။
သူထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် ဝေဝေဝါးဝါး မိုးရေကြားကနေ နောက်ထပ်အလင်းတစ်စက်က ပျံသန်းလာလေသည်။
ယခုအခါမှာတော့ လန့်ထန်၏ ကာကွယ်ရေးအဆောင်က ကြေမွပျက်ဆီးသွားပြီဖြစ်တာကြောင့် သူ့မှာ ရှောင်စရာနေရာ မရှိတော့ပေ။ သူလုပ်နိုင်သည်မှာ ဆေဘာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး အားကုန်သုံး၍ ရှေ့သို့ ခုတ်ပိုင်းချလိုက်ခြင်းပင်။
ချွမ်း..
ဆေဘာနှင့် မြားက ထိတွေ့ရိုက်ခတ်ပြီးနောက် မီးပွားများက ဖွားကနဲထွက်လာကာ ဆေဘာက လွင့်ကန်ထွက်သွားလေသည်။
အေးစက်စက်အလင်းက ဆက်လက်ပျံသန်းလာပြီး လန့်ထန်၏ ရင်အုပ်ကို ထိုးဖောက်ကာ သွေးသံရဲရဲမြားက သူ့နောက်ကျောကနေ ပြန်ထွက်သွားလေသည်။
လန့်ထန်သည့် သူ၏ မဟူရာဂြိုလ်ဆိုးဝံပုလွေထက်မှ ပြုတ်ကျသွားပြီး မျက်လုံးများက အရောင်မှိန်ကာ အသက်ဓါတ်က သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွားလေသည်။
ဖြစ်စဉ်တစ်ခုလုံးက တစ်ခဏလေးအတွင်းမှာ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်လေသည်။
ဆူဇီမိုသည် သားရဲစီးဓါးပြများနှင့် ပေ၃၀၀ အကွာလောက်အရောက်မှာ စတင်တိုက်ခိုက်ခဲ့၏။ ဝေးလွန်းလျှင် မြား၏ အရှိန်နှင့် စွမ်းအားက လျော့ကျသွားမည်ဖြစ်ပြီး နီးလွန်းလျှင်လည်း လေးနှင့်မြားက သုံးစားရတော့မည် မဟုတ်ပေ။
ပေ၁၀၀ အတွင်းမှာ မြားဆယ်စင်းက ဆက်တိုက်ရောက်ချသွားပြီး သားရဲစီးဓါးပြလေးဦးထဲမှ လန့်ထန်ကို သတ်ဖြတ်နိုင်ခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ကျင့်ကြံသူများအားလုံး တိတ်တဆိတ် တုန်လှုပ်သွားကြ၏။
မလှမ်းမကမ်းရှိ ဦးလေးလျန့်က ခေါင်းညိတ်လိုက်၏။
“ဒီလူ့ရဲ့ ဝှက်ဖဲတွေက အရမ်းကို ကြောက်စရာကောင်းပြီး မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်ကိုတောင် ခြိမ်းခြောက်နိုင်စွမ်းရှိတယ်ဆိုတာ ငါလက်ခံရတော့မှာပဲ.. ဒါပေမယ့် သူ့အားနည်းချက်ကလဲ သိသာနေပြီ”
လေးက အကွာအဝေးတစ်ခုမှာသာ အားသာလေသည်။
အနီးကပ်ရောက်ပြီဆိုတာနှင့် လေးက ဝန်ထုပ်တစ်ခုသာ ဖြစ်လာပေမည်။
မြားဆယ်စင်းပစ်လွှတ်ပြီးနောက် ကျန်သားရဲစီးဓါးပြနှစ်ဦးနှင့် မြင်းစီးစစ်သည်တစ်ထောင်ကျော်က ဆူဇီမို၏ရှေ့သို့ ရောက်ချလာပြီဖြစ်လေသည်။
ဆူဇီမို၏ လေးက အခုချိန်မှာ အသုံးမဝင်တော့ပေ။
အနီးကပ်တိုက်ခိုက်ရည်ကို ပြသရမည့် အချိန်ပင်..
တစ်ချက်ကလေး မှားသွားသည်နှင့် သေရွာသို့ ကြွမြန်းသွားရနိုင်လေသည်။
“သေစမ်းကွာ”
ဟူမုန့်က ကြီးမားသည့် ကြေးလှံတံကြီးကို ကိုင်ပြီး အရင်ဆုံးတိုက်ခိုက်လိုက်၏။ ထိုလှံတံ၏ ထိပ်ဖျားတွင် မျက်နှာတစ်ခုပါရှိပြီး စိတ်ဝိညာဉ်အင်းကွက်လေးခုနှင့် တောက်ပနေလေသည်။ ဟူမုန့်က ငါးတန်လောက်အလေးချိန်ရှိသော လှံတံကြီးကို လွှဲရမ်းကာ ဆူဇီမိုဆီသို့ ပြေးဝင်ချသွား၏။
“ကြည့်စမ်း.. သူက မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်ကို ရောက်နေပြီ”
“ဟူမုန့်လဲ မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်ကို တက်လှမ်းသွားပြီဟ”
ဟူမုန့်၏ ခန္ဓာကိုယ်ပေါ်တွင် မရီးဒါန်ခုနှစ်ခုက လင်းလက်တောက်ပလာ၏။
ကျန်ရှိသည် သားရဲစီးဓါးပြနှစ်ဦးစလုံးက မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်များပင် ဖြစ်ကြလေသည်။
ဦးလေးလျန့်က သက်ပြင်းချလိုက်၏။
“အဲ့ဆူဇီမိုကတော့ တစ်ကယ် ကံဆိုးတာပဲ.. မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်တစ်ယောက်ထဲကတောင် သူ့ကို သတ်ဖို့ လုံလောက်နေတာ.. အခု ဟူမုန့်ကပါ မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်ကို တက်လှမ်းသွားပြီဆိုတော့...”
ထန်ယု၏ နောက်တွင် အမျိုးသားတစ်ယောက်က မောက်မာသောဟန်ပန်နှင့် မတ်တပ်ရပ်နေလေသည်။ သူက လက်ပိုက်ထားပြီး လှောင်ရယ်လိုက်၏။
“၁၅မိနစ်ဟုတ်လား.. သူက အသက်ဆယ်ရှိုက်စာတောင် ခံမှာ မဟုတ်တော့ဘူး”
“အဲ့လို့တော့ ကျိန်းသေပြောလို့ မရသေးဘူး” ထန်ယုက မျက်မှောင်ကြုတ်လိုက်၏။
ရှောင်းနင်၏ လက်များက တုန်ယင်နေပြီး သူမသည် ထိတ်လန့်စိုးရွံ့စွာနှင့် တိုက်ပွဲမြေကို ကြည့်နေလေသည်။
ထန်ယုက သူမ၏ လက်ဖဝါးလေးကို ဆုပ်ကိုင်ပြီး ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်၏။
ရှောင်းနင်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် သူမကိုယ်သူမ တဖြည်းဖြည်း ဣန္ဒြေဆယ်လိုက်နိုင်၏။
ချွမ်း..
ဟူမုန့်က တိုက်ခိုက်လိုက်ချိန်တွင် ဆူဇီမိုက သူ၏ လရောင်ဝှက်လေးကို သိမ်းပြီး ကြီးမားသည့် သွေးနီရောင်ဆေဘာကြီးကို ဆွဲထုတ်လိုက်၏။
သတ်ဖြတ်လိုစိတ်မြောက်များစွာနှင့် သွေးသောက်သူက ရောက်ချလာလေသည်။
ဆူဇီမိုသည် သူ့မျိုးဆက်သွေးကို ထုတ်ဖော်၍ အားကုန်သုံးကာ မြားဆယ်စင်းကို ဆက်တိုက်ပစ်ခတ်ခဲ့ရ၏။
ထိုသို့ မလုပ်လျှင်လည်း သူက သားရဲစီးဓါးပြတစ်ဦးကို သတ်ဖြတ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
သို့သော် ယခုအခါမှာတော့ ဟူမု့န်က တိုက်ခိုက်လာပြီဖြစ်ပြီး ဆူဇီမိုက ခြေကုန်လက်ပန်းကျသလောက်နီးပါး အခြေအနေကို ရောက်နေ၏။ အခု သူလုပ်နိုင်သည်မှာ သွေးသောက်သူကို ဆွဲထုတ်ပြီး ကြံ့ကြံ့ခံ ခုခံဖို့ပင် ဖြစ်လေသည်။
ချွမ်း..
ကြေးလှံတံကြီးနှင့် သွေးသောက်သူက ရိုက်ခတ်လိုက်သောအခါ နားကွဲလောက်သည့် အသံကြီးက ထွက်ပေါ်လာလေသည်။
ဆူဇီမို၏ ကိုယ်က တုန်ခါသွားပြီး နောက်သို့ ယိုင်တိုင်တိုင်နှင့် ခြေသုံးလှမ်းဆုတ်လိုက်ရ၏။
ထို့နောက် ချိုင်လီက ဆူဇီမိုကို အသက်ရှူခွင့်တောင် မပေးဘဲ သူစီးလာသော မဟူရာငှက်မွှေးခွေးရိုင်းပေါ်ကနေ လက်ထဲက ဆေဘာကို ကန့်လန့်ဖြတ်လွှဲပြီး ဆူဇီမို၏ လည်ပင်းကို ခုတ်ပိုင်းလိုက်၏။
ဆူဇီမိုသည် သူ့ဆေဘာကို မပြီး နောက်တစ်ဖန် ခုခံရပြန်၏။
ချွမ်း..
ဆူဇီမို၏ ခန္ဓာကိုယ်က နောက်တစ်ခါ တုန်ခါသွားပြန်၏။ သူသည် နောက်ထပ်ဆုတ်လိုက်ရပြီး သူ့ခြေထောက်က မြေကြီးထဲကို နစ်ဝင်သွားကာ ချိုင့်ခွက်ကြီးနှစ်ခွက်ကို ဖြစ်သွားစေ၏။
“ခွန်အားကွာဟချက်က အရမ်းများလွန်းတယ်.. သူ ဘယ်လိုမှ မယှဉ်နိုင်တော့ဘူး”
“အမှန်ပဲ အဲ့လူကတော့ သေတော့မှာပဲ”
“ငါထင်တယ် အခုလောက်ဆို သူ့ဗိုက်ထဲက ကလီစာတွေက ဆုတ်ပြဲကုန်လောက်ပြီ.. သူက ရှေ့တင်မှာ သန်မာချင်ယောင်ဆောင်ပြနေတာပဲ”
အမှန်တော့ ဆူဇီမိုသည် အပေါ်ယံမှာသာ အရေးနိမ့်နေခြင်း ဖြစ်လေသည်။
သို့သော်လည်း တစ်ကယ်တမ်းတော့ မြားများကို ဆက်တိုက်ပစ်လွှတ်ခဲ့ရသည့်အတွက် သူက စွမ်းအင်ကုန်ခမ်းသွားသောကြောင့်သာ ဖြစ်လေသည်။ တစ်ဖက်ရန်သူက ထိုအခွင့်အရေးကို အသုံးချ၍ သူအားနည်းနေသောအချိန်မှာ ဖိတိုက်လာခြင်း ဖြစ်လေသည်။
ချိုင်လီထံမှ ဒုတိယတိုက်ခိုက်မှုကို လက်ခံအပြီးတွင် ဆူဇီမို၏ သတ်ဖြတ်လိုစိတ်က ထောင်းကနဲ ထလာပြီဖြစ်၏။ သူသည် သားရဲချီများကို မထိန်းနိုင်လုနီးပါး ဖြစ်လာပြီး သွေးချီစွမ်းအားကို ထုတ်ဖော်ကာ တိုက်ခိုက်လိုစိတ်များ ဖြစ်ပေါ်လာ၏။