← Chapters

သွေးစွန်းသွားသော လမ်းမရှည်

Vol. 25 Ch. 373

သွေးစွန်းသွားသော လမ်းမရှည်

Vol. 25 Ch. 373

အခြားသူများသာ ထိုသို့တိုက်ခိုက်ခံရလျှင် သူတို့၏ ခြေထောက်တစ်ခုလုံးက စုတ်ပြတ်သွားလောက်ပေပြီ။

သို့သော် ဆူဇီမို၏ ကိုယ်ကာယက အလွန်တရာ ကြံ့ခိုင်လေသည်။ ရာဟုကျား၏ လက်သည်းများက သူ့အသားကို ကောင်းကောင်းမထိုးဖောက်နိုင်ဘဲ ပြတ်ရှရာအချို့သာ ကျန်ခဲ့ပြီး သေစေနိုင်စွမ်းက မရှိသလောက်ပင်။

ဆူဇီမိုခြေထောက်ပေါ်ရှိ ကြွက်သားများက ရွေ့လျားသွားပြီး ဒဏ်ရာ၏ နှစ်ဖက်ကို ဖာပိုးကာ သွေးထွက်မှုကို ချက်ချင်းတိတ်သွားစေ၏။

ဆူဇီမို၏ ကိုယ်ကာယက ကြံ့ခိုင်သန်မာရုံသာမဟုတ်.. သူ၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းကလည်း ရှေးဦးအဆက်နွယ်သားရဲများတောင် မနာလိုအားကျသွားနိုင်လေသည်။

ဆူဇီမိုက နှုတ်ခမ်းကို သပ်လိုက်၏။ သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့မှု တစ်စွန်းတစ်စမျှ ရှိမနေဘဲ ထို့အစား စိတ်အားထက်သန်မှုနှင့် တောက်ပလာ၏။

စိတ်ဝိညာဉ်တောင်ပံများက တဖျတ်ဖျတ်ခတ်လိုက်သောအခါ ဆူဇီမို၏ အမြန်နှုန်းက အထွတ်အထိတ်သို့ ရောက်လာ၏။ သူသည် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားကာ သွေးသောက်သူကို ကိုင်စွဲ၍ လူအုပ်ကြီးထဲသို့ တစ်ဖန်တိုးဝင်သွားပြန်၏။ နေရာတစ်ဝှမ်းလုံး သွေးစက်များက ပြန့်ကျဲထွက်လာပြန်လေသည်။

ချွင်.. ချမ်..

မရေမတွက်နိုင်သော စိတ်ဝိညာဉ်လက်နက်များက အပိုင်းပိုင်းကျိုးပဲ့ကုန်၏။

လမ်းမရှည်ထက်တွင် ပုံရိပ်များက တစ်ခုပြီးတစ်ခု လဲကျနေပြီး ပါးစပ်များထဲမှ သွေးများက အသက်ပျောက်ကုန်ကြလေသည်။

ရွှစ်..

ဟူမုန့်က ကြေးလှံတံကို ကိုင်စွဲ၍ လေထဲကနေ ခုန်ဆင်းလာပြီး ဆူဇီမို၏ ဦးခေါင်းကို အုပ်မိုးရိုက်ချလိုက်၏။

သူ့ဘေးပတ်လည်မှာ အေးစက်စက် ဓါးအရိပ်များကလည်း ပျံဝဲနေသောကြောင့် ဆူဇီမိုသည် လုံးဝရှောင်စရာနေရာ မရှိတော့ပေ။

သူသည် ဖယောင်းမီးဓါးဝင်္ကပါကို လည်ပတ်စေ၍ သူ့ဘေးပတ်လည်ကို ကာရံလိုက်၏။ သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ပြတ်သားစွာလှည့်ပြီး အပေါ်သို့ ပင့်ခုတ်လိုက်လေသည်။

ချွမ်း..

သတ္တုချင်းထိခတ်သံက အလွန်ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

သူတို့၏ ဘေးပတ်လည်က များစွာသော လူဆိုးလူမိုက်များပင်လျှင် ထိုအသံကြောင့် သူတို့၏ နားစည်များက ထိခိုက်ကုန်ကြ၏။

ဆူဇီမို၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး သူ့ခြေထောက်အောက်က ကျောက်သမံတလင်းက ကြေမွသွား၏။ သူ့ခြေထောက်နှစ်ဖက်က မြေကြီးထဲသို့ နစ်ဝင်သွားပြီး သူ့အရပ်က ရုတ်တရတ် ပုသွားလေသည်။

ဒီတစ်ကြိမ်မှာတော့ ဆူဇီမိုက အရေးနိမ့်နေသည်မှာ သိသာထင်ရှားလေသည်။

တစ်ကယ်တော့ တစ်ယောက်-တစ်ယောက်ချင်း တိုက်ခိုက်ရမည်ဆိုလျှင် ဆူဇီမို၏ ခွန်အားက ဟူမုန့်ထက် အောက်မကျပေ။ ထိုငနဲက မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်ဆိုလျှင်တောင်မှပေါ့။

သို့သော်လည်း ဟူမုန့်အပြင် ဆူဇီမိုသည် လူဆိုးလူမိုက်များစွာ၊ ရှေးဦးအဆက်နွယ်သားရဲတစ်ကောင်နှင့် နောက်ထပ်မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်တစ်ယေက်တို့၏ ဝိုင်းဝန်းတိုက်ခိုက်မှုကိုပါ ရင်ဆိုင်ဖြေရှင်းနေရ၏။

ထိုကဲ့သို့သော အခြေအနေအောက်တွင် ဆူဇီမိုက ကြံ့ကြံ့ခံနိုင်နေသေးတာကကို တော်တော်လွန်နေလေပြီ။

အခုအခါ ဆူဇီမိုသည် သူ့မျိုးဆက်သွေးကို ထုတ်ဖော်ထားသည်ဆိုလျှင်တောင် သူ့ခွန်အားက ချိုင်လီနှင့် ဟူမုန့်ကို ယှဉ်နိုင်ရုံမျှသာ ရှိလေသည်။ သို့သော်လည်း ဘေးပတ်လည်မှ လူဆိုးလူမိုက်များစွာက အဆက်မပြတ် တိုက်ခိုက်နေသောကြောင့် သူက အရေးနိမ့်လာလေသည်။

ရွှက်..

အေးစက်စက် အလင်းက ပစ်လွင့်လာ၏။

ဆူဇီမိုသည် အဲ့ဒါကို ရိပ်ကနဲသာ မြင်လိုက်ရပြီး ချိုင်လီ၏ ဓါးလာရာလမ်းကြောင်းကို မတွက်ဆနိုင်တော့ပေ။

အဲ့ဒါ အလွန်တရာ အဆင့်မြင့်လှသော ဆေဘာနည်းစနစ် ဖြစ်လေသည်။

ဆူဇီမိုသာ သူ့မျက်လုံးဒွာရကို ရှင်းလင်းထားနိုင်လျှင် ချိုင်လီ၏ ဓါးလာရာလမ်းကြောင်းကို မြင်နိုင်လောက်လေသည်။

အခုအခါမှာတော့ ဆူဇီမိုသည် မည်သည့်ဆေဘာနည်းစနစ်နှင့်မှ အကျွမ်းတဝင် မရှိသောကြောင့် ထိုတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် နောက်ဆုတ်ရုံသာ တတ်နိုင်လေတော့သည်။

ထိုသို့နောက်ဆုတ်လိုက်ရသောကြောင့် ဆူဇီမို၏ မူလခံစစ်တွင် ဟာကွက်များစွာက ထွက်ပေါ်လာလေသည်။

နေရာပေါင်းစုံမှ ဝိုင်းဝန်းတိုက်ခိုက်နေကြသောကြောင့် သူ့အာရုံခံသတိစိတ်ကလည်း အလုပ်မလုပ်နိုင်တော့ပေ။

တိုက်ခိုက်မှုများက မိုးရေစက်များကဲ့သို့ တဖွဲ့ဖွဲ့ ကျရောက်လာပြီး ဆူဇီမိုသည် သိနေမြင်နေလျှင်တောင် အကုန်လုံးကို မရှောင်နိုင်တော့ပေ။

သူသည် ချိုင်လီ၏ သေစေနိုင်သော တိုက်ခိုက်မှုကို ရှောင်လိုက်နိုင်သော်လည်း တစ်ခဏအတွင်း ဆူဇီမို၏ ကိုယ်ပေါ်တွင် ဒဏ်ရာများစွာက ပေါ်လာပြီး သွေးများနှင့် မိုးရေများက ရောနှောသွားလေသည်။

“ဒီအတိုင်းသာ ဆက်သွားရင်တော့ သူဘယ်လောက်မှ ကြာကြာခံမှာ မဟုတ်တော့ဘူး”

“သူက ခန္ဓာမီးဆေးကျင့်ကြံသူဆိုလဲ ဒီလောက်သွေးတွေ အများကြီးထွက်နေရင်တော့ ချိနဲ့လာမှာပဲ.. သူ့အခြေအနေက ပိုဆိုးလာဖို့ပဲ ရှိတော့တယ်”

“နှမြောစရာကွာ.. သူက သားရဲစီးဓါးပြလေးဦးနဲ့ ရင်ဆိုင်နိုင်တဲ့ ခွန်အားရှိပေမယ့်..လဲ.. အာ”

ထန်ယုက မျက်နှာက သိသာပြောင်းလဲမှု မရှိဘဲ.. အနည်းငယ်တော့ စိုးရိမ်ပူပန်နေပုံ ပေါ်လေသည်။

ဆူရှောင်းနင်က လူအုပ်ကြီးနှင့် ရင်ဆိုင်တိုက်ခိုက်နေသော အစိမ်းရောင်ဝတ်လူကို မမှိတ်မသုန် စိုက်ကြည့်နေ၏။ သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မိုးရေစက်များကြောင့် သူမ၏ အမြင်အာရုံက တဖြည်းဖြည်း မှုန်ဝါးလာလေသည်။

ဆူဇီမို၏ ဘေးပတ်လည်တွင် အလောင်းများက ကြောက်စရာကောင်းလောက်အောင် တောင်ပုံရာပုံ ထပ်လာလေသည်။

မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့် ကျင့်ကြံသူနှစ်ယောက်နှင့်အတူ လူဆိုးလူမိုက်ထောင်ကျော်က ဝိုင်းဝန်းတိုက်ခိုက်နေကြသော်လည်း ဆူဇီမိုသည် သူ၏ ကြောက်စရာကောင်းသော အနီးကပ်တိုက်ခိုက်ရည်ကို အသုံးချပြီး အခြေတည်အဆင့်ကျင့်ကြံသူတစ်ရာကျော်ကို သတ်ဖြတ်ထားဆဲဖြစ်လေသည်။

သူ၏ အစိမ်းရောင်ဝတ်ရုံက ရဲရဲနီအောင် စွန်းထင်းသွားလေပြီ။

“ဆူဇီမို.. မင်းအခုနေ အညံ့ခံရင်.. မင်းအလောင်းကို အကောင်းအတိုင်း ငါထားပေးမယ်”

ချိုင်လီ၏ မကောင်းဆိုးဝါးဆန်ဆန် အသံက ထွက်လာလေသည်။

“ဟဟား..”

ဆူဇီမိုက ရယ်ချလိုက်လေသည်။

“ချိုင်လီ.. မင်းအခုနေ အညံ့ခံရင်တောင် မင်းအလောင်းကို အကောင်းအတိုင်း ငါထားမပေးနိုင်ဘူး.. ငါသေချာပေါက် မင်းခေါင်းကို ဖြတ်ပစ်မှာ”

“ဆူဇီမို.. ငါမင်းကို နုတ်နုတ်စင်းပြီး ငါ့ညီကိုအတွက် လက်စားချေပြမယ်” ဟူမုန့်က ဟိန်းဟောက်လိုက်၏။

“သူ့ကိုသတ်”

“သူ့ကိုသတ်”

လူဆိုးလူမိုက်များ၏ မျက်လုံးများက နီရဲလာပြီး ရှေ့ကို စုပြုံတက်လာကြ၏။

အချိန်ကြာလာသည်နှင့်အမျှ ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာအရေအတွက်က ပိုပိုတိုးလာပြီး.. တချို့ဒဏ်ရာများဆိုလျှင် သွေးတိတ်စပြုပြီးမှ နောက်တစ်ဖန် ဟက်တက်ပြန်ကွဲသွား၏။

လမ်းမရှည်ကြီးကလည်း သွေးများဖြင့် ရဲရဲနီစွန်းနေလေသည်။

မိုးများက သည်းထန်စွာ ရွာသွန်းနေတာကြောင့် သွေးများကို ဆေးမထုတ်နိုင်တော့ပေ။

လူတိုင်း၏ အမြင်တွင် ဆူဇီမိုသည် လှုပ်ရှားမှုများသည် အရင်ကလောက် ပေါ့ပါးသွက်လက်မှုမရှိတော့ဘဲ လေးကန်လာကာ ဖယောင်းမီးဓါးဝင်္ကပါကလည်း အဆက်မပြတ်တိုက်ခိုက်မှုများကြောင့် ယိမ်းယိုင်စပြုလာပြီး အချိန်မရွေး ပျက်ပြယ်တော့မည်ပင်။

ဆူဇီမို၏ စိတ်ဝိညာဉ်စွမ်းအင်များကလည်း ခမ်းခြောက်စပြုလာလေပြီ။

သူက လမ်းဆုံးနားကို ရောက်နေလေပြီ။

ဦးလေးလျန့်က ခေါင်းခါလိုက်၏။

“ဒီကောင်လေးက အသက် ၅၀ရှိုက်စာအတွင်းမှာ သေရတော့မှာပဲ”

ထန်ယုက မျက်မှောင်ကြုတ်ပြီး သူမ၏နောက်ရှိ ကျင့်ကြံသူများကို မလုံမလဲနှင့် ကြည့်လိုက်၏။

အခုချိန်မှာ ယန်ဆေးဂိုဏ်းကို တိုက်ပွဲထဲ ဝင်ပါဖို့ သူမ အမိန့်ပေးနိုင်လေသည်။ သို့သော်လည်း အခုချိန်မှာ သူတို့ဝင်တိုက်လျှင် သူတို့ဘက်မှလည်း ကြီးကြီးမားမား ဆုံးရှုံးနစ်နာရနိုင်လေသည်။

ထိုအခါ ဆေးရေအိုင်ဂိုဏ်း၏ အပျက်အစီးနေရာအတွက် ဝင်ရောက်ပြိုင်ဆိုင်ကြသည့်အခါ သူ့တို့၏ အခွင့်အရေးက နည်းပါးသွားပေလိမ့်မည်။

သူမ၏ သဘောအတိုင်းအရဆိုလျှင် ဆူဇီမိုကို ဝင်ရောက်ကူညီပေးချင်လေသည်။

သို့သော်လည်း သူမက အဖွဲ့အစည်းတစ်ခုလုံး၏ ခေါင်းဆောင်ဖြစ်လေသည်။ သူမက ဂိုဏ်း၏ အကျိုးအတွက်သာ ဆုံးဖြတ်ချက်ရမည်ဖြစ်သောကြောင့် အခုချိန် တိုက်ပွဲထဲမှာ ဝင်မပါနိုင်ပေ။

“ဟင်း..”

ထန်ယု၏ မျက်လုံးများက မှိန်ဖျော့သွားပြီး စိတ်ထဲကနေ သက်ပြင်းချလိုက်လေသည်။

နေရာအနှံ့နာကျင်မှုများက ဆူဇီမို၏ အာရုံကြောများကို ထပ်တလဲလဲနှိုးဆွပေးနေပြီး သူ့စိတ်က မနှိုင်းယှဉ်သာအောင် ရှင်းလင်းနေလေသည်။

နောက်ဆုံးတော့လဲ ငါ့ကို ဒီအခြေအနေထိရောက်အောင် တွန်းပို့လိုက်တာပါပဲလား..

ဆူဇီမို၏ ခန္ဓာကိုယ်ထဲမှ သားရဲချီများက ရုန်းကြွလာပြီး သူ့မျက်လုံးများက သွေးနီရောင်အလင်းနှင့် တောက်ပလာလေသည်။

ဆူဇီမိုသည် သူ၏ သွေးချီစွမ်းအားကို ထုတ်ဖော်လိုက်ချိန်တွင် သူ၏ လူသားပုံစံကို‌တော့ ထိန်းသိမ်းထားနိုင်ဆဲဖြစ်၏။ သို့သော်လည်း သားရဲချီများက သူ့ကို လွှမ်းခြုံလာမည်ဖြစ်ပြီး ကမ္ဘာမြေသို့ ဆင်းသက်လာသော ရှေးခေတ်က နတ်ဆိုးတစ်ကောင်လို သူ့ခွန်အားက အဆများစွာ တိုးပွားလာမည်ဖြစ်ကာ မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့် ကျင့်ကြံသူများကိုတောင် သတ်ဖြတ်နိုင်လာပေမည်။

အဲ့တော့လဲ ဘာဖြစ်လဲ ကောင်းတာပဲ.. ဒီနေ့ ငါ့နုလုံးသားက အားရကျေနပ်တဲ့အထိ သတ်ဖြတ်ရတာပေါ့..

ဆူဇီမိုက စိတ်ပိုင်းဖြတ်လိုက်ပြီး သူ၏ သားရဲကျင့်ကြံခြင်းကို ထုတ်ဖော်တော့မည့်ဆဲဆဲမှာပင်.. တိုက်ပွဲကွင်း၏ အပြင်ဘက်မှ ရင်းနှီးနေကျ အသံတစ်သံကို ကြားလိုက်ရလေသည်။

“နောင်ကြီး.. ခင်ဗျားက ကျုပ်ကို စိတ်လိုက်မာန်လျှောက်မလုပ်နဲ့လို့ မှာခဲ့တယ်မလား.. ဒါပေမယ့် ဒီနေ့တော့ ကျုပ်.. စိတ်လိုက်မာန်ပါလုပ်ရလိမ့်မယ်”

ထို့နောက် အခြားတစ်ဖက်မှ နောက်ထပ်အသံက ထပ်ထွက်လာ၏။

“ဇီမို.. ဒီတစ်ခေါက်တော့ ငါက မင်းရဲ့ဝန်ထုပ်ဝန်ပိုး မဖြစ်စေရတော့ဘူး”

ချက်ချင်းဆိုသလိုပင် အမျိုးသမီးတစ်ယောက်၏ အေးစက်စက် စကားသံတစ်သံကလည်း ထွက်လာပြန်လေသည်။

“ငါ့မှာ အဆောင်အသစ်ကလေးတွေ စီရင်ထားတာရှိတယ်.. ဘယ်လောက်တိုက်ဆိုင်လိုက်သလဲ ငါက အဲ့ဒါတွေကို ဘယ်နေရာမှာ သွားစမ်းကြည့်ရမလဲ လိုက်ရှာနေတာနဲ့ အတော်ပဲ”

All Chapters