← Chapters

သူတို့ရဲ့နာမည်ကို ဖျောက်ပစ်မယ်

Vol. 25 Ch. 375

သူတို့ရဲ့နာမည်ကို ဖျောက်ပစ်မယ်

Vol. 25 Ch. 375

“နောင်ကြီး.. အခုတော့ ခင်ဗျား ကျုပ်တို့ကို နှင်ထုတ်လို့ မရတော့ဘူးမလား”

ဖက်တီးလေးက ရယ်မောလိုက်၏။

အခုအခါ ဖက်တီးလေး၊ ရှစ်ကျန့်နှင့် လမ့်ရိုတို့သည် တိုက်ပွဲမြေထဲ ဝင်ရောက်လာပြီး ဝိုင်းရံပိတ်ဆို့ခံထားရပြီဖြစ်၏။ အခုနေ သူတို့က နောက်ဆုတ်ချင်သည်ဆိုလျှင်တောင် လူဆိုးလူမိုက်များကို အကုန်ရှင်းပစ်နိုင်မှ ရပေတော့မည်။

ဖက်တီးလေး၊ လမ့်ရိုနှင့် ရှစ်ကျန့်တို့က မရီးခြောက်ခုအခြေတည်အဆင့်များ ဖြစ်ကြသော်လည်း သူတို့၏ ခွန်အားက သူတို့ဘေးပတ်လည်ရှိ လူမိုက်များနှင့် မတိမ်းမယိမ်းပင်။

အထူးသဖြင့် အခုမှ မရီးဒါန်ခြောက်ခုအခြေတည်အဆင့်ကို တက်လှမ်းလာသော ဖက်တီးလေးနှင့် လမ့်ရိုအတွက် ဖြစ်လေသည်။ သူတို့၏ အုတ်မြစ်က မတည်ငြိမ်သေးဘဲ ခွန်အားအရာမှာ အခြားသောမရီးဒါန်ခြောက်ခု အခြေတည်အဆင့် ကျင့်ကြံသူများနှင့် ယှဉ်လို့မရသေးပေ။

သူတို့သုံးယောက်က တိုက်ပွဲထဲသို့ ဝင်ရောက်ပြီးသည်နှင့် ဝိုင်းရံတိုက်ခိုက်ခံရလေတော့သည်။

ကံကောင်းစွာနှင့် ကျိချန်းရှန်က မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်ဖြစ်ပြီး ဆန်းကြယ်တောင်ပံများကိုသုံးကာ တိုက်ပွဲကို ကောင်းကောင်းထိန်းချုပ်ထားနိုင်လေသည်။ သူ၏ ကျွမ်းကျင်လိမ်မာသော ဓါးစွမ်းရည်ကို သုံးကာ သူတို့သုံးယောက် ကျဉ်းထဲကျပ်ထဲ ရောက်သွားတိုင်း ဝင်ကူပေးလေသည်။

သူတို့လေးယောက်က တဖြည်းဖြည်း စုစည်းမိသွားကြ၏။

ရံဖန်ရံခါတွင် ကျိချန်းရှန်သည် ဝန်းရံပိတ်ဆို့မှုမှ ဖောက်ထွက်ပြီး ဆူဇီမိုကို သွားကူလေသည်။ သို့သော်လည်း ထိုအချိန်တွင် ချက်ချင်းဆိုသလို ရှစ်ကျန့်နှင့် အခြားသူများအပေါ် အန္တရာယ်က ကျရောက်လာသောကြောင့် သူက အာရုံမရပေ။

“အဲ့ကျိချန်းရှန်က အခုက မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်ကို တက်လှမ်းလာတာဆိုတော့ သူ့ခွန်အားကို အပြည့်အဝ အသုံးချတတ်သေးမှာ မဟုတ်ဘူး.. ဘာပဲပြောပြော သူက အားနည်းနေသေးတယ်”

“ဟုတ်တယ်.. အရေအတွက်များရင် ပုရွက်ဆိတ်က ဆင်ကိုတောင် သတ်နိုင်သေးတာပဲ.. သူတို့လေးယောက်ပြန်လာလဲ တိုက်ပွဲက ဘာမှသိပ်ထူးသွားမှာ မဟုတ်ဘူး.. သူတို့သေရဖို့ နည်းနည်းပိုကြာရုံပဲ ရှိမှာပေါ့”

များစွာသော ကျင့်ကြံသူများက ဆွေးနွေးဝေဖန်နေကြ၏။

ကျိချန်းရှန်နှင့် အခြားသူများ ရောက်လာခြင်းက အခြေအနေကို တစ်နည်းတစ်ဖုံ ပြောင်းလဲသွားစေသော်လည်း ဘယ်သူကမှ သူတို့ကို အများကြီးတွက်မထားကြပေ။

ဘာပဲပြောပြော ဆူဇီမိုဘက်တွင် အရေအတွက် နည်းလွန်းနေသေး၏။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကျိချန်းရှန်နှင့် အခြားသူများအပေါ် လူတိုင်း၏ အမြင်က ပြောင်းလဲလာလေသည်။

ကျိချန်းရှန်၊ လမ့်ရို၊ ဖက်တီးလေးနှင့် ရှစ်ကျန့်တို့က အတူတကွ ပူးကပ်၍ တြိဂံသဏ္ဌာန် စစ်ဗျူဟာပုံစံတစ်ခုကို ပုံဖော်ယူလိုက်၏။ ရှေ့ဆုံးထောင့်တွင် အသန်မာဆုံးဖြစ်သော ကျိချန်းရှန်က နေရာယူထားလေသည်။

အဆောင်သခင်ဖြစ်သော လမ့်ရို၏ သိုလှောင်အိတ်ထဲတွင် အဆောင်များက မရေအတွက်နိုင်အောင် ရှိနေသလိုပင်။ ဒါ့အပြင် သူမ၏ တိုက်ခိုက်ရည်က အလွန်သန်မာပြီး အမျိုးမျိုးသော အဆောင်များကိုသုံး၍ တိုက်စစ်ရော၊ ခံစစ်ပါ ပြုလုပ်နိုင်လေသည်။ ထို့ကြောင့် သူမ၏ တခြားထောင့်တစ်ထောင့်မှာ နေရာယူလေသည်။

ဖက်တီးလေးနှင့် ရှစ်ကျန့်က အတူတကွ ပူးကပ်၍ နောက်ဆုံးတစ်ထောင့်မှာ နေရာယူထား၏။

သူတို့လေးယောက်က အလွန်တရာ အချိတ်အဆက်မိစွာ ပေါင်းစည်းမိနေပြီး ရာနှင့်ချီသော လူမိုက်များကို ခုခံတိုက်ခိုက်နေကြ၏။

သူတို့လေးယောက်ပတ်လည်တွင် လူမိုက်များသည် ဒဏ်ရာရသူရ၊ သေသူသေဖြစ်ကုန်ကြ၏။

သူတို့သည် ရွှမ်ထျန်းမြို့ထဲသို့ မရောက်ခင် လမ်းတစ်လျှောက်မှာ ကြိမ်ဖန်များစွာ အတူလက်တွဲ၍ တိုက်ခိုက်ခဲ့ကြရပြီး ဤဗျူဟာအခင်းအကျင်းနှင့် အတော်လေး ရင်းနှီးနေလေပြီ။

“မင်းတို့သွား .. ဟိုလေးကောင်ကို အရင်သွားသတ်ကွာ”

ချိုင်လီက အမိန့်ပေးလိုက်၏။

သိပ်မကြာမီ ဆူဇီမိုရှေ့တွင် သူနှင့် ဟူမုန့်တို့သာ ကျန်ခဲ့လေသည်။

ကျိချန်းရှန်နှင့် အခြားသူများ ရောက်ရှိလာမှုကြောင့် ဆူဇီမို၏ ဝန်ထုပ်ဝန်ပိုးက သိသိသာသာ လျော့ကျသွားလေသည်။

တိုက်ပွဲ၏ အခြေအနေက တဖြည်းဖြည်းနှင့် စတင်ပြောင်းလဲလာလေပြီ။

သားရဲစီးဓါးပြနှစ်ယောက်က နိုင်ခဲ့လျှင်တောင် အကျီးတန်သည့်နိုင်ပွဲဖြစ်ပြီး သူတို့အင်အားက ဆေးရေအိုင်ဂိုဏ်း၏ အပျက်အစီးနေရာအတွက် အခြားအဖွဲ့အစည်းများနှင့် ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။

ဟူမုန့်သည် သွေးသံရဲရဲနှင့် ဆူဇီမိုကို ရပ်ကြည့်ပြီး သူ့မျက်လုံးများထဲတွင် တုန်လှုပ်မှုက ဝင်ရောက်လာလေသည်။

ဒီလောက်ဒဏ်ရာတွေ အများကြီး ရထားတာ‌တောင် ဒီလူက ဘယ်လိုမျိုး ရပ်တည်နိုင်သေးတာလဲ သူစဉ်းစားကြည့်လို့ မရပေ။

သူသာ ထိုအခြေအနေမှာဆိုလျှင် သေပြီးတာ ကြာနေလောက်ပေပြီ။

“ဆူဇီမို.. မင်းက လမ်းဆုံးကို ရောက်နေပြီ.. မင်းကိုယ်ပေါ်က ဒဏ်ရာတွေကိုလဲကြည့်ဦး.. ဆက်ပြီးရုန်းကန်မနေနဲ့တော့”

ချိုင်လီက ဆူဇီမိုကို စူးစိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။

သူ့စကားက ဆူဇီမို၏ စိတ်အပေါ် သက်ရောက်၍ ဟာကွက်ပေါ်လာတာနှင့် သူက သေကွင်းသေကွက်ကို တိုက်ခိုက်ဖို့ အဆင်သင့် ပြင်ထားလေသည်။

သို့သော်လည်း သူစိတ်ပျက်သွားရ၏။

ဆူဇီမို၏ အမူအယာက ပုံမှန်အတိုင်း တည်ငြိမ်နေပြီး ပင်ပန်းနွမ်းလျလာသည့်လက္ခဏာလည်း မပြပေ။ သူ့မျက်နှာက အရင်ကထက် နည်းနည်းလေး ဖြူလျော့လာရုံသာ ရှိလေသည်။

သူ့မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်က သိပ်သည်းအားကောင်း၍ ပြင်းပြလာပြီး စိတ်လှုပ်ရှားတက်ကြွမှုနှင့် တောက်ပလာနေ၏။

ချိုင်လီသည် နည်းနည်း‌တောင် လန့်လာလေပြီ။

“သားရဲစီးဓါးပြလေးယောက်ဟုတ်လား.. ဒီနေ့ကစပြီး သူတို့ရဲ့နာမည်က မရှိစေရတော့ဘူး”

ဆူဇီမိုက ရူးသွပ်သော သတ်ဖြတ်လိုစိတ်နှင့် ပြုံးလိုက်၏။

ချွမ်း. ချွမ်း..

သတ္တုချင်းထိခတ်သံများက နေရာတစ်လုံးသို့ ပျံ့နှံ့သွား၏။

ဆူဇီမိုက ခေါင်းမော့၍ ဟိန်းဟောက်လိုက်ပြီး သွေးသောက်သူကို လွှဲရမ်းကာ ရှေ့သို့ လှမ်းတက်လိုက်၏။ ချိုင်လီနှင့် ဟူမုန့်တို့အပေါ်သို့ ဓါးအရိပ်များက လွှမ်းမိုးလာလေသည်။ ပြင်းထန်အားကောင်းသော အော်ရာနှင့်သူက ဒဏ်ရာရရှိထားသူတစ်ယောက်နှင့် ဘယ်လိုမှ တူမနေပေ။

ချွမ်း.. ချွမ်း..

သွေးသောက်သူက ကြေးလှံတံနှင့် ဆေဘာကို ပြင်းထန်စွာ ရိုက်ထုတ်လိုက်ပြီး မီးပွားများက လွင့်ပျံကာ အလွန်ကျယ်လောင်သည့်အသံက ထွက်ပေါ်လာ၏။ မိုးကြိုးသံများကြားမှာပင် ထိုအသံက ကျယ်လောင်ပီသစွာ ဟိန်းထွက်သွား၏။

ချိုင်လီနှင့် ဟူမုန့်တို့သည် တုန်တုန်ယင်ယင်နှင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရ၏။

တိုက်ပွဲစတင်ကတည်းက သူတို့နှစ်ယောက် ပထမဆုံး နောက်ဆုတ်လိုက်ရခြင်း ဖြစ်လေသည်။

“လာပါ နောက်တစ်ခေါက်လောက်”

ဆူဇီမိုက အားပါးတရ ရယ်မော၍ ရှေ့သို့ ခုန်တက်သွား၏။ မြေပြင်တွင် ကြီးမားသည့်ချိုင့်ခွက်ကြီးက ဖြစ်ပေါ်လာပြီး ကျောက်လမ်းသည် နှစ်ခြမ်းကွဲထွက်သွားလေသည်။

လေထဲတွင် စက်ဝန်းသဏ္ဌာန် လှုပ်ရှားလာသော သွေးသောက်သူက သူတို့နှစ်ယောက်၏ ဦးခေါင်းပေါ်သို့ ဆင်းသက်လာလေသည်။

ရှောင်ဖို့အချိန်မရတော့ဘဲ ချိုင်လီနှင့် ဟူမုန့်တို့သည် ထိပ်တိုက်ရင်ဆိုင်ဖို့သာ လုပ်လိုက်ကြ၏။

ဖုန်း ဖုန်း ဖုန်း..

သူတို့နှစ်ယောက်သည် ဒယီးဒယိုင်နှင့် နောက်ကို ထပ်ဆုတ်လိုက်ရလေသည်။

ချိုင်လီနှင့် ဟူမုန့်တို့၏ နုလုံးသားထဲ၌ ကြောက်ရွံ့ထိတ်လန့်မှုများက ရုတ်တရတ် ဖြစ်ပေါ်လာလေသည်။

. . .

All Chapters