← Chapters

ကောင်းကင်ဘုံတာအိုမွေးဖွားခြင်းလက်မှတ်

Vol. 41 Ch. 607

ကောင်းကင်ဘုံတာအိုမွေးဖွားခြင်းလက်မှတ်

Vol. 41 Ch. 607

ကောင်းကင်ဘုံတာအိုက ဆင်းသက်လာသည်။

နှင်းကဲ့သို့ ဖြူဖွေးသောလက်ကြီး ဆန့်တန်းလိုက်သည့်အခါ အက်ကွဲကြောင်း၏ အစွန်းနှင့် ပွတ်တိုက်သွားပြီး ကမ္ဘာအက်ကွဲမည့် အသံကြီး ထွက်ပေါ်လာလေသည်။ ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသော ထိုအသံသည် တိမ်တိုက်များကို ဖြတ်ကျော်သွားပြီး ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားလေသည်။

ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး မုန်တိုင်းများ ဖြစ်ပေါ်လာကြသည်။

ကောင်းကင်ဘုံတာအို၏ လက်က အင်မော်တယ်အူခွေသစ်ပင်များကို ဖမ်းဆုပ်လိုက်ပြီး ဖြည်းဖြည်းချင်း ဆွဲနုတ်သည့်အခါ ကောင်းကင်ဘုံတာအို၏ စွမ်းအားက အင်မော်တယ်အူခွေသစ်ပင်များမှတဆင့် မြေကြီးဆီသို့ ဖြန့်ကျက်သွားသည်။

ဒုံးဟူသော မြည်သံနှင့်အတူ မြေကြီးသည် တုန်ခါသွားသည်။ သစ်ပင်များ ဆွဲနုတ်ခံလိုက်ရသည့်အခါ အနီရောင်မြေဆီလွှာက ပေါက်ကွဲသွားပြီး မြေပြင်အက်ကွဲကြောင်းများက အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားကြသည်။ ယင်းတို့က မရေမတွက်နိုင်သော မြေနဂါးများ တွားသွားထွက်လာနေကြဟန်နှင့် တူပြီး မြေကြီးကို ပရမ်းပတာလှုပ်ခတ်သွားစေသည်။ အဝေးမှ တောင်တန်းတစ်ခုပြီးတစ်ခုသည် ပြိုလဲပျက်စီးသွားကြသည်။

အင်မော်တယ်အူခွေသစ်ပင်များ၏ ဘေးပတ်ပတ်လည်မှ တောအုပ်ထဲတွင် ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်လာကြသည်။ သစ်ပင်ကြီးများသည် တစ်ပင်ပြီးတစ်ပင် မြေပေါ်သို့ လဲကျပျက်စီးသွားကြသည်။ အင်မော်တယ်အူခွေသစ်ပင်များ၏ အမြစ်များသည် မြေကြီးပေါ်သို့ အတင်းတူးဖော်ခံလိုက်ရကြသည်။

ဆူညံသံများသည် နားကွဲမတတ် ကျယ်လောင်လှသည်။

ယင်းက အင်မော်တယ်အူခွေသစ်ပင်များရှိရာ တောတွင်းတစ်ခုတည်း သက်ရောက်နေခြင်းမဟုတ်။ မြို့ (၃၆)ခု၏ အနီးနားဝန်းကျင်တွင်လည်း သက်ရောက်မှုရှိပေသည်။

မမျှော်လင့်ထားသည့် ကဒ်ဘေးတစ်ခုက သူတို့ထံ ကျရောက်လာတော့မည့် အတိုင်းပင်။

တိုင်းပြည်များထဲမှ သန့်စင်ရေလှိုင်းမျိုးနွယ် ကျင့်ကြံသူများသည် ထိတ်လန့်တုန်လှုပ်စွာ အမူအရာပြောင်းသွားကြသည်။ သို့သော်လည်း ယင်းတို့ကို ရပ်တန့်ရန် သူတို့မှာ အစွမ်းအစမရှိကြသလို အနားသို့ပင် မသွားဝံ့ကြချေ။

အဘယ့်ကြောင့်ဆိုသော် ကောင်းကင်နက်မျိုးနွယ်၏ သရုပ်ကြောင့်ဖြစ်ပေ၏။

ထို့အပြင် ကောင်းကင်ရှိ အက်ကွဲကြောင်းထဲမှ ကျဆင်းလာသော ကောင်းကင်ဘုံတာအို၏ ပြိုင်ဘက်ကင်းလက်သည် သူတို့အား ထိုနေရာဆီသို့ မလာနိုင်အောင် ဟန့်တားထား၏။ ထိုနေရာရှိ ကောင်းကင်မြေပြင် နိယာမများသည် လွန်စွာပရမ်းပတာ ဖြစ်နေကြသည်။

အက်စစ်မိုးရွာသွန်းပြီး မိုးကြိုးသွားများ ဆင်းသက်လာကြသည်။ အဆိပ်မြူခိုးက နေရာအနှံ့သို့ ပျံ့လွင့်နေပြီး လျှပ်စစ်သံလိုက်အားက ထွက်ပေါ်လာသည်။

ငလျှင်လှုပ်ခတ်ခြင်း၊ တောင်တန်းများပြိုကျခြင်းနှင့် ဆူနာမီလှိုင်းလုံးများ ဖြစ်ပေါ်လာကြသည်။

ထွဋ်ခေါင်နိုင်ငံဘုရင်၊ ကျိုးရှင်းဝူနှင့် ဝတ်ရုံနက်အစောင့်အရှောက်တစ်ရာကျော်၏ အမူအရာများက ပြောင်းသွားကြသည်။ သူတို့သည် အလွန်အမင်း ကြောက်ရွံ့နေကြသည်။ ထိုအခိုက်အတန့်မှာ ထွဋ်ခေါင်နိုင်ငံဘုရင်၏ နှလုံးသားထဲမှာပင် လှိုင်းတံပိုးထနေလေသည်။

“ ကောင်းကင်ဘုံ… ကောင်းကင်ဘုံတာအို ”

“ သူက တကယ်ပဲ ကောင်းကင်နက်နတ်သားတော်ဖြစ်နေမလား ”

ဤမြင်ကွင်းသည် အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။ ကောင်းကင်နက်မျိုးနွယ်၏ နတ်သားတော်ဟူသော သရုပ်ကသာလျှင် ယင်းနှင့် တုယှဉ်နိုင်လိမ့်မည်။

ကျိုးရှင်းဝူ၏ အသိစိတ်က အပြင်းအထန် တုန်ခါသွားသည်။ သူ့မျက်လုံးထဲ၌ မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်နေသည်။ ဘေးမှ လင်းယွမ်သုန်း၏ မျက်လုံးထဲ၌ မခန့်မှန်းနိုင်သော ရူးသွပ်မှုက ပေါ်လွင်နေသည်။ အကယ်၍ ယခုအချိန်မှာသာ နတ်သားတော်က ဆင်းသက်လာပြီး သူ့အား သက်စောင့်မီးအိမ်ကို ထုတ်ပေးရန်ပြောလျှင် ယခင်ကဲ့သို့ ဒေါသမထွက်တော့ဘဲ ဆန္ဒရှိစွာ ပေးအပ်လိုက်ပေမည်။

အကယ်၍ နတ်သားတော်ကဲ့သို့ ဆရာကြီးက သူ့သက်စောင့်မီးအိမ်ကို လိုချင်သည်ဆိုလျှင် ယင်းက သူ့အတွက် ကောင်းချီးပေးမှုတစ်မျိုး ဖြစ်လိမ့်မည်။ မည်သို့ဖြစ်စေ ထိုလူက ဆရာကြီးမဟုတ်ပါလော။

ကမ္ဘာပေါ်မှ ပြောင်းလဲမှုများသည် ဆက်လက်ဖြစ်ပွားနေဆဲပင်။

ထိုတစ်နေရာတည်း ဖြစ်ပျက်နေခြင်းမဟုတ်ပေ။ ယခုအချိန် သန့်စင်ရေလှိုင်းဒေသကြီးတစ်ခုလုံး သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်ပျက်နေကြသည်။ တိုင်းပြည်အမျိုးမျိုးတွင် ပျံ့နှံ့နေကြသော ကဒ်ဘေးအင်မော်တယ်မျိုးနွယ်မှ ဆင်းသက်လာသူများ၏ သွေးမျိုးဆက်သည် ပွက်ပွက်ဆူလာသည်။ သူတို့အားလုံးသည် အင်မော်တယ်အူခွေသစ်ပင်များဘက်သို့ ဒူးထောက်လိုက်ကြသည်။

ကျယ်လောင်သော ပေါက်ကွဲသံများကြားတွင် မြေပြင်သည် လုံးလုံးပြိုကျသွားပြီး မြေအစိုင်အခဲများသည် ကောင်းကင်မှ မိုးသီးမိုးပေါက်များသဖွယ် ကျဆင်းလာကြသည်။ နောက်ဆုံးမှာတော့ အင်မော်တယ်အူခွေသစ်ပင်များ၏ အဆုံးမရှိသော အမြစ်များသည် ကောင်းကင်ဘုံတာအို၏ လက်ထဲမှာ ဆွဲနုတ်ခံလိုက်ရကြသည်။

အဆုံးမရှိသော အမြစ်များသည် အထူအပါးရောနှောပြီး ရှုပ်ထွေးနေသည့် အစုအဝေးကြီးတစ်ခု ဖြစ်သည်။ ယင်းတို့ မြေပေါ်ဆွဲနုတ်ခံလိုက်ရသောအခါ ကောင်းကင်မြေပြင် နိယာမများဖြင့် ဖွဲ့စည်းထားသော ကွန်ချာတစ်ခုသဖွယ် ထင်မှတ်ရ၏။ အမြစ်တစ်ခုစီတွင် တာအိုအငွေ့အသက်များ ကိန်းဝပ်နေဟန် တူသည်။

သူ့အသိစိတ်ထဲမှာ မုန်တိုင်းတစ်ခုတိုက်ခတ်နေစဉ် ချင်းချိုးသည် ဘေးနားရှိ သစ်ကိုင်းတစ်ခုကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

ဤဖြစ်စဉ်ကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသူတစ်ဦးအနေဖြင့် ယင်းက ယုံကြည်ရန် အလွန်ခဲယဉ်းကြောင်း သူသိသည်။ သူ့နှလုံးသားထဲမှာလည်း ခြောက်ခြားမှုက ပေါ်လျှိုးလာသည်။

နင်ယန်သည် လုံးလုံးလျားလျား ဆွံ့အနေသည်။ ယခု သူက လေထဲမှာ တန်းလန်းချိတ်ဆွဲခံထားရသည်။

စောစောတုန်းက သူသည် ဝမ်းဗိုက်ကိုဖွင့်၍ အူကိုဆွဲထုတ်ရန် ကျရှုံးခဲ့သလို သစ်ကိုင်းတစ်ခုကိုလည်း မဖမ်းဆုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူက သစ်ပင်ပေါ်မှ ပြုတ်ကျသွားခဲ့သည်။

သို့သော်လည်း ခေါင်းဆောင်က သူ၏ ဝမ်းဗိုက်မှ နွယ်ကို ဖမ်းဆုပ်လိုက်သဖြင့် မြေပေါ်သို့ သူပြုတ်ကျမသွားခဲ့ပေ။ ယင်းအစား သူက လေထဲမှာ တန်းလန်းချိတ်ဆွဲခံထားရပြီး ရှေ့နောက်ယိမ်းနေသည်။

ရွှီချင်းသည်လည်း မှင်တတ်နေမိသည်။ သူက ဘေးနားမှ သစ်ကိုင်းတစ်ခုကို အလိုအလျောက် ဖမ်းဆုပ်လိုက်လေရာ အင်မော်တယ်အူခွေသစ်ပင်နှင့်အတူ အပြင်းအထန် လှုပ်ယမ်းနေသည်။ သူက ကျယ်လောင်စွာ အော်ရယ်မောနေသော ခေါင်းဆောင်ကို ကြည့်လိုက်သည်။ ခံစားချက်လှိုင်းများက သူ့စိတ်ထဲမှာ တိုးထွက်လာကြသည်။

သူနှင့်ခေါင်းဆောင် အပြင်ထွက်သည့်အခါတိုင်း သူတို့လုပ်ဆောင်မည့်် ကိစ္စများက ကြီးကြီးမားမားဖြစ်လိမ့်မည်။

ဥပမာ ရေသူကျွန်းပေါ်တွင် တစ်ဖက်လူက နတ်ဘုရားအသွေးအသားကို ကိုက်ရန် သူ့ခန္ဓာကိုယ်တစ်ဝက်ကို စတေးခဲ့သည်။ နောက်ထပ်ဥပမာကတော့ ပင်လယ်အလောင်းကောင်မျိုးနွယ် ဖြစ်သည်။ ခေါင်းဆောင်သည် စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူရန် ၎င်းကို ငုတ်အချွန်ဖြင့်ထောက်၍ သူမထွက်သွားခင် ရုပ်တုကို တစ်ကိုက်ကိုက်သွားခဲ့သေးသည်။

ထို့အပြင် ဝိညာဉ်တော်သုံးပါးတောင်ကုန်းမှာပါ…

သူတို့လုပ်ဆောင်သည့် ကိစ္စတိုင်းက ကြီးကြီးမားမားသာ ဖြစ်ပေသည်။ သို့သော်လည်း ဤတစ်ကြိမ်နှင့် နှိုင်းယှဉ်လျှင် ယခင်က ကိစ္စကြီးများက ကလေးကစားမှုမျှသာ ဖြစ်လိမ့်မည်။ လမင်းနှင့် ပိုးစုန်းကြူးပမာ မည်သို့မျှ မနှိုင်ယှဉ်နိုင်ပေ။

“ ကောင်းကင်ဘုံတာအိုရဲ့ ဖခင်ဖြစ်လာမယ် ”

ရွှီချင်း၏ အသိစိတ်ထဲ၌ လှိုင်းထနေစဉ် အက်ကွဲကြောင်းထဲမှ ကောင်းကင်ဘုံတာအို၏ ဧရာမလက်သည် အင်မော်တယ်အူခွေသစ်ပင်များ၏ အဖျားပိုင်းကို အက်ကွဲကြောင်းထဲသို့ ဆွဲယူလိုက်ပြီး ၎င်း၏ ဝမ်းဗိုက်ထဲသို့ ထည့်သွင်းလိုက်သည်။

ထို့နောက် ဧရာမလက်က သစ်ပင်၏ အောက်ပိုင်းကို ဖမ်းဆုပ်လိုက်သည်။ အင်မော်တယ်အူခွေသစ်ပင်များသည် အပြင်းအထန် လှုပ်ခါလာကြသည်။ ကောင်းကင်ဘုံတာအို၏ လက်က သစ်ပင်များကို ဆက်လက်ဆွဲနုတ်ပြီး ၎င်း၏ ဝမ်းဗိုက်ထဲသို့ ထည့်လိုက်သည်။

အင်မော်တယ်အူခွေသစ်ပင်များကို ၎င်း၏ ဝမ်းဗိုက်နှင့် ပေါင်းစပ်စေပြီးသော် သစ်ပင်များသည် ရောင်ဝါစတင်ထွန်းလင်းလာကြပြီး နူးညံ့ပျော့ပျောင်းလာကြသည်။ ယင်းတို့က သစ်ပင်အသွင်သဏ္ဍာန်မှ အူအသွင်သဏ္ဍာန်သို့ ပြောင်းလဲသွားတော့မည့်ဟန် ရသည်။

ခေါင်းဆောင်က ရယ်လိုက်သည်။

“ ဂျူနီယာညီလေး… ကောင်းကင်ဘုံတာအိုရဲ့ ဖခင်ဖြစ်ရတဲ့ ပထမအကျိုးကျေးဇူးက ဟောဒီမှာ ”

ခေါင်းဆောင်၏ မျက်လုံးထဲမှာ လိုအင်ဆန္ဒဖြင့် ပြည့်နေသည်။ သူ့စကားဆုံးသည်နှင့် သက်တံ့အလင်းနှစ်ခုသည် ကောင်းကင်ရှိ အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာကြသည်။ သက်တံ့တစ်ခုက ခေါင်းဆောင်ဆီသို့ ပျံသန်းသွားပြီး တခြားသက်တံ့တစ်ခုက ရွှီချင်းဆီသို့ ပျံသန်းသွားသည်။

ထိုသက်တံ့အလင်းနှစ်ခုက တစ်ပြိုင်တည်း ဆင်းသက်လာကြပြီး ခေါင်းဆောင်နှင့် ရွှီချင်းကို လွှမ်းခြုံလိုက်သည်။

ရွှီချင်းသည် အသက်ရှူမြန်လာသည်။ ထိုသက်တံ့အလင်းက မည်သည့်အရာဖြစ်ကြောင်း သူသေချာမသိသော်လည်း ထိုထဲတွင် ကောင်းကင်မြေပြင် နိယာမများ၊ အထွတ်အထိပ်တာအိုစာလုံးများနှင့် အသိအမှတ်ပြုမှုတချို့ ပါဝင်နေကြသည်။

“ ဒါ ငါတို့ရဲ့ မြှုပ်နှံမှုလက်မှတ်… ဟား ဟား… အဲ့ဒါကို ငါတို့သားရဲ့ မွေးဖွားမှုလက်မှတ်လို့လည်း ပြောနိုင်တယ်… ဒီအပေါ်မှာ ငါတို့အရှိန်အဝါကို မှတ်ကျောက်တင်ထားလို့ ဖခင်ဖြစ်ကြောင်း အသိအမှတ်ပြုစာလို့လည်း ခေါ်နိုင်တယ် ”

ခေါင်းဆောင်သည် ပျော်ရွှင်စွာ ထခုန်လိုက်သည်။ သူအော်ရယ်လိုက်သည့်အခါ ကမ္ဘာသည် ထပ်မံတုန်ခါသွားသည်။ ကောင်းကင်မြေပြင်မှ အဆုံးမရှိသော စိတ်ဝိညာဉ်စွမ်းအင်က အရပ်မျက်နှာပေါင်းစုံမှ ရူးရူးမူးမူး ပေါ်လျှိုးလာသည်။

ယင်းက အလွန်အမင်း သန့်စင်သော စိတ်ဝိညာဉ်စွမ်းအင်ဖြစ်ပြီး ဓာတ်နှောများ စိုးစဉ်းမျှမပါရှိပေ။ ယင်းက ရွှီချင်းနှင့် ခေါင်းဆောင်ထံသို့ ရေဖြန်းမင်္ဂလာပမာ စီးဆင်းသွားလေသည်။

“ ကောင်ကင်ဘုံတာအိုကုသိုလ် ”

လေထဲတွင် တွဲလောင်းဖြစ်နေသည့် နင်ယန်သည် အမှတ်တမဲ့ အော်လိုက်သည်။ ထို့နောက် သူ့နှလုံးသားက နောင်တရမှုကြောင့် နာကျင်လာသည်။

အကယ်၍ သူသာ အတိတ်ကိုပြန်သွားနိုင်မည်ဆိုလျှင် အူကိုမဆိုထားနှင့် ကိုယ်တွင်းအင်္ဂါများဖြစ်နေလျှင်ပင် သူအသက်ရှူနေနိုင်သေးသရွေ့ အားလုံးကို စွန့်လွှတ်နိုင်လိမ့်မည်။ သူသည်လည်း ကောင်းကင်ဘုံတာအို၏ ဖခင် ဖြစ်လာချင်ပေသည်။

“ ကောင်းကင်နက်မျိုးနွယ်က ဒီလူနှစ်ယောက်က အဲ့လောက်ရူးကြမယ်လို့ ဘယ်သူကထင်မှာလဲ ”

ထိုသို့မဟာအခွင့်အရေးနှင့် လွဲချော်သွားခဲ့သည့် ခံစားချက်က သူ့ကို ရူးသွပ်စေသည်။ ထိုအခိုက်အတန့်မှာ သူ၏ မျက်လုံးက နီရဲလာပြီး ပါးစပ်ကိုဖွင့်၍ စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူရန် ကြိုးစားသည်။ သူက ကောင်းကင်ဘုံတာအို၏ ဖခင်မဟုတ်သော်လည်း ယင်းနှင့်နီးကပ်သော အကွာအဝေးတွင် ရှိနေလေရာ အကျိုးအမြတ်တချို့ ရယူနိုင်သေးပေသည်။

သက်တံ့အလင်းနှင့်ပတ်သက်ပြီး ချင်းချိုးသည် မသိပေ။ သို့သော် အနီးဝန်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်ကို အာရုံခံမိပြီး နင်ယန်၏ ပြောကြားမှုကို ကြားပြီးသည့်နောက် သူ့အသက်ရှူသံက မြန်ဆန်လာပြီး ယင်းကို စုပ်ယူလိုက်သည်။

အကျိုးအမြတ်အများဆုံး ရရှိသူမှာ ခေါင်းဆောင်နှင့် ရွှီချင်းဖြစ်ပေသည်။

ထိုအချိန် ခေါင်းဆောင်၏ ခန္ဓာကိုယ်က တုန်ယင်လာသည်။ သူက ကောင်းကင်မြေပြင် စွမ်းအင်ကို အလျှင်အမြန် စုပ်ယူလိုက်ပြီး ယင်းကို ချိတ်ပိတ်စည်း ဖြေလွှတ်မည့် စွမ်းအင်သို့ ပြောင်းလဲစေသည်။ များမကြာမီ သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါသည် ပိုပိုအားကောင်းလာသည်။

ရွှီချင်းသည်လည်း အတူတူပင်။ မခန့်မှန်းနိုင်အောင် သိပ်သည်းသော ကောင်းကင်မြေပြင် စွမ်းအင်အောက်မှာ အသက်ဆယ်ခါရှူချိန်အတွင်း ဆဌမမြောက် နတ်နန်းတော်က သူ၏ ကိုယ်အတွင်းမှာ ဒြပ်ထည်ဖြစ်ပေါ်လာသည်။

ထို့နောက် ဆူညံသံများက သူ၏ အသိစိတ်ထဲမှာ ပဲ့တင်ထပ်လာသည်။ ရွှီချင်းသည် အများကြီး စဉ်းစားမနေပေ။ သူ့အသိစိတ်ထဲ၌ ပထမဆုံးပေါ်လာသော ပစ္စည်းသည် စောစောတုန်းက သူရရှိခဲ့သော သစ်ကိုင်းဖြစ်သည်။

အင်မော်တယ်အူခွေသစ်ပင်မှ အကိုင်းအခတ်သည် အထွတ်အထိပ် ရတနာဖြစ်ပေသည်။ သို့သော်လည်း အင်မော်တယ်အူခွေသစ်ပင်များ ကောင်းကင်ဘုံတာအိုနှင့် ပေါင်းစပ်ပြီးသောအခါ ယင်း၏ အဆင့်က မြင့်တတ်သွားသည်။

ရွှီချင်းသည် အင်မော်တယ်အူခွေသစ်ကိုင်းကို သူ၏ ဆဌမမြောက် နတ်နန်းတော်ထဲသို့ ထည့်သွင်းချင်သည်။

သို့သော်လည်း အင်မော်တယ်အူခွေသစ်ကိုင်းကို ထုတ်ယူလိုက်သည့်အခါ ရုတ်တရက် သူ၏ လှုပ်ရှားမှုက ရပ်တန့်သွားသည်။ သူက ကောင်းကင်ရှိ အက်ကွဲကြောင်းထဲမှ ဧရာမလက်နှင့် အနီးဝန်းကျင်မှ အင်မော်တယ်အူခွေသစ်ပင်များကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှာ အလင်းနက်တစ်ခု ဖြတ်ပြေးသွားသည်။

“ မိုဆာဆော ”

ရွှီချင်းသည် စိတ်ထဲမှ အော်လိုက်သည်။

နောက်တစ်စက္ကန့်တွင် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ပြီး လိုအင်ဆန္ဒဖြင့် ပြည့်နှက်နေသော မိုဆာဆောသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ကျယ်လောင်သော ဟိန်းသံဖြင့် ထွက်ပေါ်လာပြီး ကောင်းကင်ဆီသို့ ပျံသန်းသွားသည်။

ရွှီချင်းသည် တုံ့နှေးမနေပေ။ သူက ချက်ချင်း လက်ဝှေ့ယမ်းလိုက်ပြီး မိုဆာဆောဆီသို့ သစ်ကိုင်းကို ပစ်ပေးလိုက်သည်။

မိုဆာဆော၏ မျက်လုံးသည် ထက်ရှလာပြီး သစ်ကိုင်းကို ဝါးမျိုလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်က လှုပ်ယမ်းသွားသည်။ ရွှီချင်း၏ နတ်အာရုံအောက်မှာ ၎င်းက ကောင်းကင်မှ အက်ကွဲကြောင်းဆီသို့ ဆုံးဖြတ်ချက်ပြတ်သားစွာ ပျံသန်းသွားသည်။

ဤမြင်ကွင်းကိုမြင်သောအခါ ခေါင်းဆောင်၏ မျက်လုံးသည် ပြူးကျယ်လာသည်။ အင်မော်တယ်အူခွေသစ်ပင်များဆီသို့ လာပြီးနောက်တွင် ပထမဆုံးအကြိမ် အထိတ်တလန့် သူအော်လိုက်မိသည်။

“ ကောင်းကင်ဘုံတာအိုရဲ့ သန္ဓေသားလောင်းပုံစံ ”

“ မင်း… မင်း ဘယ်တုန်းက အဲ့ဒါကို ရခဲ့တာလဲ… ငါ ဒီနှစ်တွေမှာ အကောင်းဆုံးကြိုးစားခဲ့တာ‌တောင် အဲ့ဒါကို မရခဲ့ဘူး ”

“ ကောင်းကင်ဘုံတာအိုရဲ့ သန္ဓေသားလောင်းက ဖန်တီးထားတဲ့ ရှေးဟောင်းတာအိုနဲ့ တွေ့ဆုံတယ်… ဒီမြင်ကွင်း… ဒီမြင်ကွင်းက ငါအိမ်မက်တွေထဲမှာပဲ စိတ်ကူးယဉ်ဖူးတယ် ”

ခေါင်းဆောင်သည် အသက်ရှူမြန်လာပြီး အသိစိတ်ထဲမှာ လှိုင်းတံပိုးထသွားသည်။ ယင်းက သူလိုချင်တောင့်တသောအရာ ဖြစ်ပေသည်။

ခေါင်းဆောင်၏ အံ့ဩသော အကြည့်အောက်မှာ မိုဆာဆောသည် ကောင်းကင်ရှိ အက်ကွဲကြောင်းထဲသို့ ပျံသန်းသွားပြီး ရှေးဟောင်းတာအို၏ ဘေးသို့ ရောက်ရှိသွားသည်။

ထိုအခိုက်အတန့်မှာ အင်မော်တယ်အူခွေသစ်ပင်များကို ဆွဲနုတ်နေသော ရှေးဟောင်းတာအို၏ လုပ်ဆောင်မှုက ရပ်တန့်သွားလေသည်။

အက်ကွဲကြောင်းထဲတွင် ကောင်းကင်ဘုံတာအိုနှစ်ခုက အပြန်အလှန် ကြည့်နေကြဟန် တူသည်။ နောက်တစ်စက္ကန့်မှာ ရှေးဟောင်းတာအို၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး ရွှေရောင်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ကာ မိုဆာဆောထံသို့ အပ်နှံပေးလိုက်သည်။

“ ကောင်းကင်ဘုံတာအိုမူလစွမ်းအား… သူက ကောင်းကင်ဘုံတာအိုရဲ့ သန္ဓေသားလောင်းကို မွေးစားသားလို ဆက်ဆံနေတာလား ”

ခေါင်းဆောင်၏ အထိတ်တလန့် အော်သံဆုံးသည်နှင့် မိုဆာဆောသည် ထိတ်လန့်ဖွယ်ကောင်းသော အော်သံကို ထုတ်ဖော်လိုက်သည်။ အက်ကွဲကြောင်းထဲမှာ ၎င်း၏ ခန္ဓာကိုယ်သည် ဆက်လက်ကြီးထွားလာသလို ခန္ဓာကိုယ်ပေါ်မှ ထုတ်လွှတ်နေသော ကောင်းကင်ဘုံတာအိုလှိုင်းများသည် ပို၍ သိပ်သည်းလာကြသည်။

အကန့်အသတ်အထိ စုပ်ယူပြီးသည့်နောက် မိုဆာဆော၏ တစ်ကိုယ်လုံးသည် ရွှေရောင်ထွန်းလင်းလာသည်။ ရှေးဟောင်းတာအိုအပေါ် ရိုသေလေးစားမှုက ၎င်း၏ မျက်လုံးထဲမှာ အရိပ်အမြွက်ကလေး ပေါ်လွင်သည်။

ထို့နောက် ၎င်းသည် အမြှီးကလေးယမ်းပြီး အက်ကွဲကြောင်းဆီမှ ပျံသန်းထွက်လာကာ ရွှီချင်းဆီသို့ ပြန်ရောက်လာသည်။

ကောင်းကင်တခွင် ရွှေရောင်ထွန်းလင်းနေမှုနှင့် ခေါင်းဆောင်၏ မနာလိုသော အကြည့်အောက်မှာ ရွှေရောင်မိုဆာဆောက ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး ဆဌမနတ်နန်းတော်ဆီသို့ ဦးတည်သွားသည်။

ထိုအခိုက်အတန့်မှာ ဆဌမနတ်နန်းတော်သည် ရွှေရောင်ထွန်းလင်းလာသည်။

ယင်းက ကောင်းကင်ဘုံတာအို၊ ကောင်းကင်ဘုံတာအိုနန်းတော်၏ အလင်းရောင်ဖြစ်ပေသည်။

ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး ကျင့်ကြံခြင်းအခြေခံက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ ထိုအခိုက်အတန့်တွင် တာအိုစာလုံးမှ အမျှင်တန်းတစ်ခုသည် သူ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ ယင်းက ပရမ်းပတာဖြစ်နေသော ကမ္ဘာနှင့် ပေါင်းစည်းသွားသည်။

နတ်နန်းတော်များ၏ ဒြပ်ထည်ဖြစ်တည်မှုက ဆက်လက်လုပ်ဆောင်နေသည်။ သတ္တမနတ်နန်းတော်က အလျှင်အမြန် ဖြစ်တည်လာနေသည်။

“ ငါတို့က ရှေးဟောင်းတာအိုရဲ့ ဖခင်တွေ… မင်းရဲ့ မိုဆာဆောက ကောင်းကင်ဘုံတာအိုရဲ့ မွေးစားသား… အဲ့လိုဆိုတော့ သူက မင်းရဲ့ မြေးဟုတ်သလို ငါ့ရဲ့မြေးလည်းဟုတ်တယ်မလား ”

ခေါင်းဆောင်သည် အားလုံးကို ဘေးမှကြည့်နေလျက် မနာလိုဖြစ်စွာ ရေရွတ်လိုက်သည်။

All Chapters