← Chapters

ငရဲဝိညာဉ်သွေးအတောင်ပံသက်စောင့်မီးအိမ်

Vol. 41 Ch. 609

ငရဲဝိညာဉ်သွေးအတောင်ပံသက်စောင့်မီးအိမ်

Vol. 41 Ch. 609

သိပ်သည်းသော ကောင်းကင်မြေပြင် စွမ်းအင်သည် ဒီရေအလား ပေါ်ထွက်လာသည်။ ထိုအခိုက်အတန့်မှာ ကောင်းကင်သည် တွန့်လိမ်လာပြီး စိတ်ဝိညာဉ်စွမ်းအင်ပင်လယ်သို့ ပြောင်းလဲသွားဟန်ရသည်။

အက်ကွဲကြောင်းထဲမှ ရှေးဟောင်းတာအိုသည် ၎င်း၏ လက်ကို ထပ်မံလှုပ်ရှားလိုက်ပြီး အင်မော်တယ်အူခွေသစ်ပင်များကို အက်ကွဲကြောင်းထဲသို့ နည်းနည်းစီ ဆွဲယူပြီး ဆက်လက်စုပ်ယူသည်။

ရွှီချင်း၊ ခေါင်းဆောင်နှင့် တခြားလူများသည် အက်ကွဲကြောင်းနားသို့ ဖြည်းညင်းစွာ ရောက်ရှိသွားကြသည်။

.....

ရွှီချင်းနှင့် ခေါင်းဆောင်နှစ်ယောက်တည်း အကျိုးရရှိကြသည်မဟုတ်ပေ။ နင်ယန်နှင့် ချင်းချိုးသည် သူတို့နှစ်ယောက်ကဲ့သို့ အကျိုးမရရှိကြသော်လည်း အနည်းနှင့်အများတော့ ရရှိကြသည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံက မြင့်တတ်လာသည်။

ဆဌမနတ်နန်းတော်ကို အာရုံခံမိသည့်အခါ ရွှီချင်း၏ စိတ်ခံစားချက်များက ပြင်းထန်လာသည်။

ဆဌမနတ်နန်းတော်သည် လုံးလုံးရွှေရောင်ဖြစ်၏။ နတ်နန်းတော်ထဲမှာ ပင်လယ်တစ်ခု ဖြစ်တည်နေပြီး ကောင်းကင်ဘုံတာအိုသည် အနက်ရှိုင်းဆုံးပိုင်းတွင် တည်ရှိနေသည်။ မိုဆာဆောသည် ဘေးပတ်ဝန်းကျင်တွင် ကူးခတ်နေပြီး တာအိုစာလုံးလှိုင်းများကို ထုတ်လွှတ်နေသည်။

အနီးနားဝန်းကျင်မှ ကောင်းကင်မြေပြင် စွမ်းအင်သည် ဆက်လက်ပေါ်ထွက်နေသည်။ ရွှီချင်းသည် နှလုံးခုန်မြန်လာပြီး လိုအင်ဆန္ဒဖြစ်ပေါ်လာသည်။ သူက ကောင်းကင်မြေပြင် စွမ်းအင်ကို သတ္တမနတ်နန်းတော်ထဲသို့ ချက်ချင်း စုပ်ယူလိုက်သည်။

အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် ရွှီချင်းသည် ရုတ်ချည်း ခေါင်းမော့လိုက်သည်။ သူ့မျက်လုံးထဲမှာ ရောင်ဝါထွက်ပေါ်နေသည်။ သတ္တမနတ်နန်းတော်၏ ဒြပ်ထည်ဖြစ်တည်မှုက ရာခိုင်နှုန်းတစ်ဝက်ကျော်လာပြီ ဖြစ်သည်။

၇၀ရာခိုင်နှုန်း... ၈၀ရာခိုင်နှုန်း... ၉၀ရာခိုင်နှုန်း...

ရွှီချင်း အသက်ပြင်းပြင်းရှူလိုက်သည့်အခါ သတ္တမနတ်နန်းတော်သည် ၉၉ရာခိုင်နှုန်းအထိ ပြီးစီးလာသည်။

“ ဒီနတ်နန်းတော်ထဲကို သွားရမယ့် ပစ္စည်းက... ”

ရွှီချင်းသည် မြန်ဆန်စွာ စဉ်းစားတွေးတောသည်။ အစွန်းရောက်ကောင်းကင်ဆေဘာကို အချိန်ခဏလေးသာ သူကျင့်ကြံရသေးသဖြင့် အခုချိန် အသုံးပြုရန် မသင့်တော်ပေ။ ယင်းကို ရွှေအမြူတေအဖြစ် အသုံးပြုရန်လည်း သူက အရည်အချင်းမပြည့်မီပေ။

အောက်လမ်းတာအိုလုယက်အတတ်သည် ထူးခြားသည်။ ယင်းက ကျင့်ကြံခြင်းအတတ်ပညာတစ်ခုဖြစ်သော်လည်း အမှန်တော့ နတ်အစွမ်းတစ်ခုထက် ပိုပေသည်။ ယင်းက ရွှေကျီးကန်းအသက်ဓာတ်သန့်စင်အတတ်နှင့် ခြားနားပြီး မသင့်တော်ပေ။

သံချောင်းနက်နှင့် အရိပ်လေးအတွက်မူ ရွှီချင်းသည် သူတို့ကို စာရင်းထဲမှ ချက်ချင်း ထုတ်ပယ်လိုက်သည်။

ထိုနှစ်ခုက သူ့နည်းစနစ်များအောက်မှာ အလွန်အမင်း ရိုကျိုးကြသော်လည်း ရွှီချင်းက သူတို့ကို အပြည့်အဝ မယုံကြည်သေး‌လေရာ မည်သို့ကြောင့် နတ်နန်း‌တော်ထဲမှာ ထားလိမ့်မည်နည်း။

သိုလှောင်အိတ်ထဲမှာ အပြင်ပစ္စည်းအဖြစ် အသုံးပြုနိုင်သော ဓမ္မရတနာအပိုင်းအစများရှိသော်လည်း ယင်းတို့က အနည်းငယ် အရည်အသွေးနိမ့်ကျနေသေးပေသည်။

“ ခရမ်းသလင်းကျောက်ကိုလည်း အသုံးပြုနိုင်တာပဲ... ဒါပေမဲ့ အဲ့ဒါက ငါ့အတွက် အဓိကအသက်သွေးကြော... အဲ့ဒါနဲ့ပတ်သက်ပြီး နည်းနည်းပဲ ငါသိသေးတယ်... လက်လွတ်စပယ်ဆုံးဖြတ်လို့ မဖြစ်ဘူး "

“ အဲ့ဒါတွေအပြင် ငါအသုံးပြုနိုင်မဲ့ နောက်ထပ်ပစ္စည်းတစ်ခု ရှိသေးတာပဲ ”

ရွှီချင်း၏ စိတ်ထဲမှာ အတွေးများစွာ ဖြစ်ပေါ်လာပြီးနောက် သူက တုံ့ဆိုင်းမနေတော့ဘဲ အသိစိတ်ပင်လယ်ထဲမှ တစ္ဆေအင်ပါယာတောင်ကုန်းကို ချက်ချင်း အသက်သွင်းလိုက်လေသည်။

သူက တစ္ဆေအင်ပါယာတောင်ကုန်းကို သတ္တမနတ်နန်းတော်ဆီသို့ ရွှေ့ပြောင်းလိုက်သည်။

ယင်းတို့နှစ်ခု ဆက်သွယ်မိသည့်အခါ သတ္တမနတ်နန်းတော်သည် ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ သတ္တမနတ်နန်းတော်က တစ္ဆေအင်ပါယာတောင်ကုန်းကို အမှန်တကယ် ငြင်းဆန်နေခြင်း ဖြစ်သည်။

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ ထိုကဲ့သို့ ငြင်းဆန်ခြင်းအဖြစ်မျိုးကို ယခင်က သူတစ်ခါကြုံဖူးသည်။

ယင်းမှာ တားမြစ်အဆိပ်ဆေးလုံးကို နတ်နန်းတော်ထဲသို့ထည့်ရန် သူကြိုးစားခဲ့စဉ်အခါက ဖြစ်၏။

ထိုအချိန်တုန်းက တားမြစ်အဆိပ်ဆေးလုံး၏ အဆိပ်စွမ်းအားသည် လွန်စွာကြမ်းကြုတ်သောကြောင့် ပေါင်းစပ်ရန် အချိန်အကြာကြီး ယူခဲ့ရသည်။ သူလုပ်ဆောင်ရမည့် တစ်ခုတည်းသောအရာမှာ ပေါင်းစပ်မှုမပြီးဆုံးခင် မသေသွားရန် ဖြစ်၏။

နာကျင်နှိပ်စက်မှုမျိုးစုံကို ကျော်လွှားပြီးနောက် သူသည် နောက်ဆုံးတော့ တားမြစ်အဆိပ်ဆေးလုံးကို နတ်နန်းတော်ထဲမှာ အောင်မြင်စွာ နေရာပေးနိုင်ခဲ့သည်။

ခရမ်းရောင်လရုပ်တုက အလွန်းအမင်းမြင့်မားသည်ကို သူနားလည်သော်လည်း မည်သို့ဆိုစေ သူက ယင်းကို အဓမ္မလုယူခဲ့သူဖြစ်သည်။ အဆုံးမှာတော့ ယင်းက သူ့အပိုင်ပစ္စည်း လုံးလုံးလျားလျား ဖြစ်လာခဲ့သည်။ ရွှေကျီးကန်းနှင့် မိုဆာဆောမှာလည်း ထို့အတူပင် သူ့အပိုင်ဖြစ်သည်။ သို့ဖြစ်၍ ငြင်းဆန်ခြင်းဖြစ်ရပ်မျိုး မပေါ်လာခဲ့ပေ။

သို့သော်လည်း ဤတစ်ကြိမ်တွင် တစ္ဆေအင်ပါယာတောင်ကုန်းသည် သူ၏ နားလည်သဘောပေါက်မှုမှ ဖြစ်တည်လာခြင်းဖြစ်သည်။ မည်သို့ဆိုစေ ယင်းက ပုံတူကူးမှုတစ်ခုသာလျှင် ဖြစ်သည်။

အတိအကျဆိုရလျှင် ယင်းက တစ်ဝက်တစ်ပျက် အပြင်ပစ္စည်းတစ်ခုသာဖြစ်ပြီး အပြည့်အဝ သူပိုင်ဆိုင်သည့်အရာ မဟုတ်ချေ။

သို့ဖြစ်၍ တစ္ဆေအင်ပါယာတောင်ကုန်းကို နတ်နန်းတော်ထဲသို့ နေရာချပြီး အပြည့်အဝပေါင်းစပ်စေလိုလျှင် နတ်နန်းတော်က ငြင်းဆန်လိမ့်ပေမည်။

ရွှီချင်း၏ မျက်လုံးထဲမှာ အေးတိအေးစက်အလင်း ဖြတ်ပြေးသွားသည်။ သူက ပါးစပ်ဟ၍ အကြမ်းပတမ်း စုပ်ယူလိုက်သည်။ ချက်ချင်းဆိုသလို အနီးနားဝန်းကျင်မှ အကန့်အသတ်မရှိသော ကောင်းကင်မြေပြင် စွမ်းအင်သည် ရူးရူးမူးမူး ထွက်ပေါ်လာပြီး သတ္တမနတ်နန်းတော်အား ပိုအားကောင်းလာစေရန် နန်းတော်ထဲသို့ စီးဆင်းသွားလေသည်။ သို့မှသာ သတ္တမနတ်နန်းတော်သည် ပိုအားကောင်းလာပြီး တစ္ဆေအင်ပါယာတောင်ကုန်းကို လက်ခံနိုင်လိမ့်မည်။

နောက်အခိုက်အတန့်မှာ တစ္ဆေအင်ပါယာတောင်ကုန်းသည် တုန်ခါလာပြီး သတ္တမနတ်နန်းတော်ကို ဖြည်းညင်းစွာ အထပ်ထပ်လွှမ်းခြုံသွားသည်။

ဤလုပ်ငန်းစဉ်သည် အတိတ်က တားမြစ်အဆိပ်ဆေးလုံးတုန်းကနှင့် နှိုင်းယှဉ်လျှင် မမြန်သလို နှေးလည်းမနှေးပေ။ အထူးသဖြင့် ယခုကဲ့သို့ ရွှီချင်း၏ ဘေးပတ်ဝန်းကျင်မှာ အဆုံးအစမဲ့သော ကောင်းကင်မြေပြင် စွမ်းအားဖြင့် ပြည့်နှက်နေသည့်အခါမျိုး ဖြစ်သည်။ ထို့ကြောင့် ရွှီချင်းထံတွင် အခက်အခဲသိပ်မရှိပေ။

အချိန်သည် တရွေ့ရွေ့ ကုန်လွန်သွားသည်။ အင်မော်တယ်အူခွေသစ်ပင်များက အက်ကွဲကြောင်းထဲသို့ ဆွဲယူခံနေရစဉ် တစ္ဆေအင်ပါယာတောင်ကုန်း၏ ပေါင်းစပ်ခြင်းလုပ်ငန်းစဉ်က ဖြည်းဖြည်းချင်း ရှေ့ဆက်သွားနေသည်။

၃၀ရာခိုင်နှုန်း… ၅၀ရာခိုင်နှုန်း… ၇၀ရာခိုင်နှုန်း…

ရွှီချင်းသည် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ဘေးမှ သစ်ကိုင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထားပြီးနောက် ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်အားလုံးကို ထိန်းချုပ်ပြီး ဖွင့်လှစ်လိုက်သည်။ အသက်ရှူလိုက်သည့်အခါတိုင်း သူ၏ ဝမ်းဗိုက်က ဖောင်းလိုက်ပိန်လိုက် ဖြစ်သွားသည်။ ချက်ချင်းပင် အနီးနားဝန်းကျင်မှ ကောင်းကင်မြေပြင် စွမ်းအင်သည် လှိုင်းလုံးများသဖွယ် မြင့်တတ်လာသည်။

နောက်ဆုံးမှာတော့ အသက်သုံးဆယ်ခါရှူချိန်ပြီးနောက် တစ္ဆေအင်ပါယာတောင်ကုန်းသည် သတ္တမနတ်နန်းတော်နှင့် အပြည့်အဝ ပေါင်းစပ်သွားသည်။ သတ္တမနတ်နန်းတော် လုံးလုံးလျားလျား ဒြပ်ထည်ဖြစ်တည်လာသည့်အခါ ဆူညံသံများက ရွှီချင်း၏ အသိစိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

နတ်နန်းတော်၏ အသွင်ပုံစံသည် နန်းတော်နှင့်မတူပေ။ ယင်းအစား ဘုံကျောင်းတစ်ခုနှင့် ဆင်တူသည်။

ဘုံကျောင်းထဲမှာ တစ္ဆေအင်ပါယာသည် တင်ပျဉ်ခွေလျက် တရားထိုင်နေသည်။ သူ့အနောက်တွင် ဓားမော့ရှည်နှစ်လက်ရှိပြီး ဒူးခေါင်းပေါ်တွင် လီယုံကျောက်တိုင်ရှိသည်။ သူ၏ တစ်ကိုယ်လုံးမှ ထိတ်လန့်ဖွယ် နတ်တန်ခိုးအရှိန်အဝါတစ်မျိုးကို ထုတ်လွှတ်နေသည်။ ထို့အပြင် သူ၏ ရုပ်အသွင်သည် ရွှီချင်းနှင့် တစ်ထပ်တည်း တူညီသည်။

သတ္တမနတ်နန်းတော် ဒြပ်ထည်ဖြစ်တည်ပြီးသည်နှင့်ချက်ချင်း ရွှီချင်း၏ ခန္ဓာကိုယ်မှ အားကောင်းသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်လာသည်။ အရှိန်အဝါမြင့်တတ်လာသည်နှင့်အမျှ ရွှီချင်းသည် ယခုအချိန် သူမည်မျှသန်မာကြောင်း ရှင်းလင်းစွာ ခံစားမိသည်။

ယခုသူ့ကို အင်မော်တယ်အူခွေသစ်ပင်ဆီသို့ မဝင်ရောက်ခင်ကနှင့် နှိုင်းယှဉ်လျှင် ကောင်းကင်နှင့် မြေပြင်ပမာ ခြားနားလိမ့်ပေမည်။

“ ဒီတစ်ကြိမ်ကံကောင်းမှုက တကယ်ကြီးမားတာပဲ ”

“ ဒါပေမဲ့ အဲ့ဒါက မပြီးသေးဘူး ”

ရွှီချင်း မျက်လုံးဖွင့်လိုက်သည့်အခါ အနီးနားဝန်းကျင်မှ ကောင်းကင်မြေပြင် စွမ်းအင်သည် ကုန်ခမ်းတော့မည့် လက္ခဏာများ ပြလာနေကြောင်း အာရုံခံမိသည်။ ယင်းက ကောင်းကင်ဘုံတာအိုကို ပြီးဆုံးအောင် ကူညီပေးခဲ့မှုကြောင့် သူရရှိလာသည့် ပထမလက်ဆောင်ဖြစ်ကြောင်း သိသည်။

ထို့ကြောင့် သူက ညာလက်ကိုမြှောက်ပြီး သွေးအတောင်ပံသက်စောင့်မီးအိမ်ကို ထုတ်လိုက်သည်။

ဘယ်လက်ဖြင့် ချိတ်တံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည့်အခါ အနီးနားဝန်းကျင်မှ ကောင်းကင်မြေပြင် စွမ်းအားသည် သူ့ဆီသို့ စီးဆင်းလာလေသည်။ သို့သော် ကောင်းကင်မြေပြင် စွမ်းအားသည် သူ၏ ခန္ဓာကိုယ်နှင့် မပေါင်းစပ်သွားဘဲ သက်စောင့်မီးအိမ်ထဲသို့ တစ်ဟုန်ထိုး စီးဝင်သွားသည်။

သူက ဤနေရာမှ ကောင်းကင်မြေပြင် စွမ်းအားကို ငှားယူ၍ သက်စောင့်မီးအိမ်ကို သန့်စင်စေသည်။

မည်သို့ဆိုစေ ယင်းကို သန့်စင်ရေလှိုင်းမျိုးနွယ်က ပေးပို့လိုက်ခြင်းဖြစ်လေရာ အလွယ်တကူ သူအသုံးမပြုနိုင်ပေ။

သက်စောင့်မီးအိမ်မှာ ချို့ယွင်းချက်တချို့ရှိသည်ဖြစ်စေ လျှို့ဝှက်အစီအရင်တချို့ရှိသည်ဖြစ်စေ ယင်းတို့အားလုံးက ကောင်းကင်မြေပြင် စွမ်းအား၏ ရှင်းလင်းခြင်းခံရလိမ့်မည်။

မျက်စိတစ်မှိတ်အတွင်း ကောင်းကင်မြေပြင် စွမ်းအားနှင့် ပေါင်းစည်းမှုအောက်မှာ သက်စောင့်မီးအိမ်မှ သွေးနီရောင်အလင်းသည် တလက်လက်တောက်ပလာပြီး အလျှင်အမြန် သိပ်သည်းလာသည်။ နောက်ဆုံးမှာတော့ ယင်းက သွေးနီရောင်အလင်း ထုတ်လွှတ်လိုက်သည်။

သက်စောင့်မီးအိမ်ကို ကြိမ်ဖန်များစွာ သန့်စင်ပြီးနောက် ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်ပြီး ဘယ်လက်ဖြင့် ချိတ်တံဆိပ်များစွာကို တရစပ် ထုတ်ဖော်လိုက်သည်။

ချက်ချင်းဆိုသလို သူ၏ ခန္ဓာကိုယ်ထဲမှ နတ်နန်းတော်ခုနစ်ခုသည် တစ်ချိန်တည်း လှည့်ပတ်လာကြသည်။ တစ္ဆေအင်ပါယာ၏ စွမ်းအားသည် သက်ဆင်းလာပြီး သက်စောင့်မီးအိမ်ကို သန့်စင်သည်။

ထို့နောက် ရွှေကျီးကန်း၏ စွမ်းအားက ပေါ်လျှိုးလာသည်။ ယင်း၏ အနောက်တွင် ခရမ်းရောင်လစွမ်းအားနှင့် တားမြစ်အဆိပ်ဆေးလုံး၏ အရှိန်အဝါက ရှေ့ဆင့်နောက်ဆင့် ပေါ်ထွက်လာသည်။ နောက်ဆုံးမှာတော့ မိုဆာဆောသည် ကိုယ်ထင်ပြလာပြီး ရွှေရောင်အလင်းကို ထွေးထုတ်လိုက်သည်။

သက်စောင့်မီးအိမ်၏ အတွင်းနှင့်အပြင်ကို နည်းလမ်းများစွာဖြင့် သန့်စင်ပြီးနောက် ရွှီချင်းသည် စိတ်အေးသွားသည်။ နောက်ထပ် မတုံ့ဆိုင်းတော့ဘဲ ယင်းကို သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်စေသည်။

သူ့လက်ထဲမှ သက်စောင့်မီးအိမ်ပျောက်သွားသည့်အခါ များမကြာမီ နောက်ထပ်နတ်နန်းတော်က သူ့အသိစိတ်ပင်လယ်ထဲမှ အသက်မြူခိုးထဲမှာ ထွက်ပေါ်လာသည်။

အသက်မြူခိုးသည် ရိုက်ခတ်ထကြွလာပြီး ရွှီချင်း၏ အသိစိတ်ပင်လယ်သည် တုန်ခါလာသည်။ နတ်နန်းတော်မှ ထုတ်လွှတ်နေသော သွေးနီရောင်အလင်းက တဖြည်းဖြည်း သိပ်သည်းလာပြီး အသက်မြူခိုးကို ဖောက်ထွင်းသွားသည်။ တစ်ချိန်တည်းမှာ တတိယသက်စောင့်မီးအိမ်နတ်နန်းတော်က ဒြပ်ထည်ဖြစ်တည်လာသည်။

ချက်ချင်းပင် တတိယသက်စောင့်မီးအိမ်နှင့်ပတ်သက်သော အချက်အလက်အားလုံးက ရွှီချင်း၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာသည်။

ထိုသက်စောင့်မီးအိမ်ကို ငရဲဝိညာဉ်သွေးအတောင်ပံသက်စောင့်မီးအိမ်ဟု ခေါ်သည်။

ယင်း၏ အစွမ်းတိုးမြှင့်မှုသည် ရွှီချင်း၏ ယခင်သက်စောင့်မီးအိမ်နှစ်ခုနှင့် ခြားနားသည်။ ယင်းက ခုခံခြင်းအတွက်မဟုတ်သလို ယင်း၏ ပုံစံအတိုင်း သတ်ဖြတ်ခြင်းအတွက် မဟုတ်ပေ။ ယင်းအတွက် တစ်ခုတည်းသော အသုံးဝင်မှုသည် အလျှင်ဖြစ်သည်။

ဤသက်စောင့်မီးအိမ်ကို ပိုင်ဆိုင်သူများသည် သူတို့၏ ကိုယ်ပိုင်အလျှင်ထက် အဆပေါင်းများစွာ သာလွန်သော အံ့မခန်းအလျှင်ကို ချက်ချင်း ရရှိကြလိမ့်မည်။

အမှန်တော့ ဤသက်စောင့်မီးအိမ်က တစ်စုံရှိခြင်းဖြစ်သည်။ အကယ်၍ ထိုအတောင်ပံနှစ်ခုကို အတူပိုင်ဆိုင်မည်ဆိုလျှင် အံ့မခန်းအလျှင်ကိုသာမက ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းအစွမ်းကိုပါ ရရှိလိမ့်မည်။

ယခု သူ့မှာ အတောင်ပံတစ်ခုသာရှိသော်လည်း ရွှီချင်းသည် စိတ်ကျေနပ်ပေသည်။ အထူးသဖြင့် ဤသက်စောင့်မီးအိမ်မှ အလျှင်တိုးမြှင့်နှုန်းကို သူအာရုံခံမိပြီးနောက် ဖြစ်သည်။

ဤတစ်ကြိမ် ရိတ်သိမ်းမှုသည် ဖော်ညွှန်းပြရန်ခက်သည်။

စစ်ရေးအကျိုးပြုမှတ် သို့မဟုတ် ကောင်းကင်ဘုံတာအိုဖြစ်စေ လူများကို မနာလိုဖြစ်စေလိမ့်မည်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ပဥ္စမနတ်နန်းတော်မှ အဌမနတ်နန်းတော်အထိ မြင့်တတ်သွားခဲ့သည်။

ထို့အပြင် အဌမနတ်နန်းတော်က သက်စောင့်မီးအိမ်မှဖြစ်ပေါ်လာခြင်းကြောင့် သူ့အတွက် နတ်နန်းတော်ဖြစ်တည်နိုင်သော အရေအတွက်အကန့်အသတ်သည် ဆယ်ခုမှ ဆယ့်တစ်ခုသို့ တိုးမြှင့်သွားခဲ့သည်။

ကောင်းကင်မြေပြင် စွမ်းအားသည် တဖြည်းဖြည်း လွင့်ပါးလာသည်။ နဝမနတ်နန်းတော်က အပြည့်အဝ ဒြပ်ထည်မဖြစ်တည်သေးသော်လည်း တစ်ဝက်ခန့် ပြီးလုနီးပါးရှိသည်။ အင်မော်တယ်အူခွေသစ်ပင်များသည် ကောင်းကင်မှ အက်ကွဲကြောင်းနှင့် ပေတစ်သောင်းအောက်သာ ကွာဝေးတော့သည်။

သစ်ပင်များက ကောင်းကင်ဘုံတာအို၏ ဆက်လက်ဆွဲယူခံနေရသည်ကို မြင်သောအခါ ရွှီချင်းသည် ထွက်ခွာရန် ဆန္ဒရှိလာသည်။ ထို့ကြောင့် သူက ခေါင်းဆောင်ကို ကြည့်လိုက်လေသည်။

ယခင်နှင့်နှိုင်းယှဉ်လျှင် ခေါင်းဆောင်၏ အရှိန်အဝါသည် သိသိသာသာ မြင့်တတ်သွားခဲ့သည်။ ရွှီချင်းသည် ယခင်ကထက် အများကြီး ပိုသန်မာလာသော်လည်း ခေါင်းဆောင်ကို ထွင်းဖောက်မမြင်နိုင်သေးပေ။

သို့သော်လည်း ဤခံစားချက်ကို ရွှီချင်းက အသားကျနေပြီ ဖြစ်သည်။

“ စီနီယာအကိုကြီး… ငါတို့ပြန်သင့်ပြီ ”

ယင်းကို ချင်းချိုးနှင့် နင်ယန်ကြားသောအခါ အထိတ်တလန့် မျက်လုံးဖွင့်လိုက်ကြသည်။

နင်ယန်၏ အမူအရာမှာ ကြောက်ရွံ့မှုအရိပ်အယောင်ရှိသည်။ သို့သော်လည်း ချင်းချိုးကတော့ နင်ယန်ကဲ့သို့ ကြောက်ရွံ့မနေဘဲ ရွှီချင်းနှင့် ခေါင်းဆောင်၏ သရုပ်အမှန်ကို အနည်းနှင့်အများ အဖြေရထားဟန်တူသည်။ မျက်နှာဖုံးအောက်မှ သူ့အမူအရာပေါ်မှာ စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နှက်နေသည်။

ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်ပြီး ကောင်းကင်ဘုံတာအို၏ လက်ကို ကြည့်လိုက်သည်။

“ နည်းနည်းထပ်စောင့်ပါဦး ”

ရွှီချင်းသည် ခေါင်းဆောင်၏ အကြည့်နောက်သို့လိုက်ပြီး နှင်းကဲ့သို့ ဖြူဖွေးသောလက်ကို ကြည့်လိုက်သည်။ ခေါင်းဆောင်အပေါ် နားလည်မှုကြောင့် တဖက်လူ၏ ရည်ရွယ်ချက်ကို ချက်ချင်း သူနားလည်လိုက်သည်။

သူမအံ့ဩပေ။ အဘယ့်ကြောင့်ဆိုသော် ခေါင်းဆောင်က ကိစ္စကြီးတစ်ခုကို လုပ်ဆောင်ပြီးသည့်အခါတိုင်း ထိုသို့ပြောလေ့ရှိပေသည်။

ရွှီချင်း၏ အမူအရာကို သတိထားမိသဖြင့် ခေါင်းဆောင်က မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။

“ ဂျူနီယာညီလေး… ဒီကိစ္စက အတော်လေး ကြီးမားတယ်… ပုံမှန်နည်းလမ်းတွေသုံးရင် ဒီကနေ ငါတို့မထွက်သွားနိုင်မှာ စိုးရိမ်ရတယ်… ဒါပေမဲ့ ငါ့မှာ မဟာရတနာတစ်ခုရှိတယ်လို့ မင်းကို အရင်က ပြောဖူးတယ်မလား ”

“ အဲ့ဒီရတနာကိုသုံးလိုက်ရင် အဲ့ဒါက ငါတို့ကို တိကျတဲ့အရပ်ဒေသဆီ မပို့ဆောင်ပေးနိုင်ပေမဲ့ အကွာအဝေးရှည်တစ်ခုဆီတော့ တည်နေရာကူးပြောင်းပေးလိမ့်မယ်… ဖုန်းဟိုင်ဒေသငယ်ဆီ တည်နေရာငါချိန်ထားပြီးပြီ ”

“ ဒါပေမဲ့ အဲ့ဒီရတနာကိုအသက်သွင်းဖို့ လိုအပ်တဲ့ စွမ်းအင်အရင်းအမြစ်က အရမ်းကြီးမားတယ်… ငါတို့ ဒီကနေ အောင်အောင်မြင်မြင် ထွက်သွားနိုင်ဖို့ ငါ့သားနဲ့ သွားတွေ့ရမယ် ”

“ အို ”

ရွှီချင်းက ခေါင်းညိတ်သည်။

ခေါင်းဆောင်သည် ချောင်းဟန့်လိုက်ပြီး ရယ်မောလိုက်သည်။

“ တကယ်လို့ နောက်ပိုင်း ငါတစ်ခုခုဖြစ်သွားရင်… ဂျူနီယာညီလေး… မင်းငါ့ကို တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲ ကန်ထုတ်ဖို့ သတိရပါ ”

ခေါင်းဆောင်၏ စကားဆုံးသည့်အခါ ချင်းချိုးသည် တိတ်ဆိတ်သွားပြီး ခေါင်းလှည့်လိုက်သည်။ မျက်နှာဖုံးအောက်မှ သူ့မျက်နှာပေါ်မှာ အမျိုးအမည်မသိ အမူအရာတစ်ခုရှိသည်။

သို့သော်လည်း နင်ယန်၏ အမူအရာသည် ပြောင်းလဲသွားသည်။ ဖုန်းဟိုင်ဒေသငယ်ဟု သူကြားသည့်အခါ ရုတ်ချည်း ရွှီချင်းနှင့် ခေါင်းဆောင်ကို လှမ်းကြည့်လိုက်သည်။ စောစောက သူခေါင်းရှုပ်နေပြီး မတုံ့ပြန်မိသော်လည်း သူ့စိတ်ထဲမှာ သံသယက ရှိနှင့်နေပြီးဖြစ်သည်။ အလွန်ထိတ်လန့်နေသောကြောင့်သာ ယင်းကို အများကြီး သူမတွေးခဲ့ခြင်း ဖြစ်သည်။

ယခု သူစိတ်ငြိမ်သွားသည့်အခါ ရွှီချင်းနှင့် ခေါင်းဆောင်ကိုကြည့်နေလျက် သံသယပိုများလာသည်။

သို့သော်လည်း ရွှီချင်းနှင့် ခေါင်းဆောင်ဆီသို့ သူ့အကြည့်ကျရောက်သွားစဉ် ခေါင်းဆောင်၏ မျက်လုံးထဲမှာ ရူးသွပ်မှုထွက်ပေါ်လာသည်။ ကောင်းကင်ဘုံတာအို၏ ဧရာမလက်က ပေတစ်ထောင်အဝေးမှ ပင်စည်တစ်ခုကို ဆုပ်ကိုင်လိုက်သည့်အခါ ရုတ်ချည်း သူ့ခန္ဓာကိုယ်က အရှေ့သို့ ပျံသန်းသွားသည်။

“ ကောင်းကင်ဘုံတာအို… အဲ့ဒါဘယ်လိုအရသာလဲ သိချင်မိသား ”

ခေါင်းဆောင်၏ မျက်လုံးထဲမှာ အလင်းတစ်ခု ထွန်းလင်းလာသည်။ ချက်ချင်းဆိုသလို သူ့သား၏ ဖြူဖွေးဖွေးလက်ဘေးသို့ ရောက်ရှိသွားပြီး ဖက်တွယ်လိုက်သည်။

ထို့နောက် သူက ခေါင်းမော့၍ ပါးစပ်ကျယ်ကျယ်ဟလိုက်ပြီး လက်ကို ရုတ်တရက် ကိုက်ချလိုက်သည်။

ခရက် …

All Chapters