သူရဲကောင်းလေးယောက် VS အောင်းပိုင်......
Vol. 42 Ch. 575
လီလော့နှင့်အခြားသော ကြယ်တစ်ပွင့်ခန်းမ ကျောင်းသားသုံးယောက်သည် အောင်းပိုင် ၏ မျက်လုံးများထဲမှ ပိုးဖလံများကို စိုက်ကြည့်ကာ နှလုံးသားများ နစ်မြုပ်သွားသလိူခံစားနေရသည်။
"ဒါက ကမ္ဘာခြားသက်ရှိမဟုတ်လား...?"
လုမင်က သံသယမျက်လုံးနဲ့ကြည့်ရင်း မေးလိုက်သည်။
"ဘယ်သိမလဲ...."
လီလော့ ပခုံးတွန့်လိုက်သည်။
မည်သို့ပင်ဆိုစေ ပိုးဖလံသည် ယခင်က ၎င်းတို့အပေါ်သို့ ကျရောက်လာသော ထူးဆန်းသော လေပြင်းအကြောင်းဆက်စပ်တွေးလိုက်သောအခါ ကျိုးကြောင်းဆီလျော်မှုရှိလာသည်ကိုသဘောပေါက်လိုက်ကြသည်။ အောင်းပိုင် ထိုလေပြင်းဒဏ်ကို ခံလိုက်ရပြီး ထိုအချိန်တွင် ပိုးဖလံက သူ့ကို ထိန်းချုပ်ထားခြင်းဖြစ်ပေလိမ့်မည်။
ဒီအတွေးကြောင့် လီလော့တစ်ယာက် ဝမ်းဗိုက်ထဲကနေ ကလိကလိဖြစ်လာသလိုပင်ခံစားနေရသည်။
အဖွဲ့ခေါင်းဆောင် အောင်းပိုင် ထိန်းချုပ်ခံနေရပြီဖြစ်သောကြောင့် ခေါင်းဆောင်ရာထူးသူ့ထံသို့ရောက်လာတော့မည်။ထိုအခါ ကမ္ဘာခြားသက်ရှိများ၏အဓိကပစ်မှတ်က သူ (လီလော့)ဖြစ်လာတော့မည်။
အောင်းပိုင်လို စစ်သူကြီးတပိုင်းအဆင့်တောင် သဲလွန်စမရှိဘဲ ပြုစားခံခဲ့ပါက လီလော့အတွက်ဆို တွေးဝံ့စရာပင်မရှိတော့ချေ။
" ကြည့်ပါလား....သိုသိုသိပ်သိပ်လေးနေတတ်တာက အကောင်းဆုံးပဲ.... "
လီလော့သည် သူ့နဖူးမှ အေးစက်သော ချွေးအချို့ကို သုတ်ပေးရင်း သူ့ကိုယ်သူ စိတ်လှုပ်ရှားစွာ ချီးကျူးလိုက်သည်။ ဇူရွှမ်းဆိုသည့် အသုံးမဝင်သော ကြက်ဥပုပ်လိုငတုံးကိုလည်း ရုတ်တရက် ကျေးဇူးတင်သွားခဲ့သည်။ဇူရွှမ်းသာ အောင်းပိုင်ကို ခေါင်းဆောင်ဖြစ်အောင် တွန်းအားပေးခဲ့ခြင်းမဟုတ်မလျှင် သူလည်းပြုစားခံနေရလောက်ပြီ....
"ခေါင်းဆောင်" ဟူသော စကားလုံးသည် "အမြှောက်စာ" ဟူသော ကျိန်စာဆိုးတခုဖြစ်နေသည်။
သို့တိုင် သူတို့အားလုံး ရင်ဆိုင်ကြုံတွေ့နေရသော အလွန်အန္တရာယ်များ ရှိနေသေးသည်။ အောင်းပိုင်၏ ဒေါသမျက်လုံးများသည် ခံစားချက်လုံးဝကင်းစင်ပြီး သူတို့လေးဦးကိုစိုက်ကြည့်နေပြီဖြစ်သည်။
အောက်ပိုင်း၏ပဲ့တင်ထပ်သံသည် အဆင့်မြင့် အဆင့်ရှစ် ငွေရောင်ဉီးချိုပါသောမြွေနဂါးဖြစ်သည်။
သူ့လက်ထဲတွင် ငွေရောင်သုံးခွမှိန်းတလက် ပေါ်လာပြီး အေးစက်သော အလင်းရောင်ဖြင့် တောက်ပနေသည်။
"သေလိုက်ပါတော့ကွာ.... ဒီကောင်က စစ်သူကြီးတပိုင်းအဆင့်ရောက်နေပြီကွ....ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ထက်ပိုသန်မာတယ်....."
စွန်းတရှန်က လက်နက်ကို တင်းတင်းကျပ်ကျပ် ညီးညူလိုက်သည်။.
လီလော့လည်း ချွေးပျံနေလေ၏။ အောင်းပိုင်သည် ကြယ်နှစ်ပွင့်ခန်းမ၏ အသန်မာဆုံး ကျောင်းသားဘွဲ့ရထားသူဖြစ်သည့်အပြင် ဇူရွှမ်းလို ကြယ်နှစ်ပွင့်ကျောင်းသားများထက်ပင်အများကြီးကိုသန်မာနေသည်။
" စီနီယာယွမ်သာ တိုက်နိုင်ရင်၊ ပိုလွယ်လိမ့်မယ်" ကျင်းထန်ရှုကလည်း ညည်းနေသည်။
လီလော့သည် သတိလစ်နေသော ယွမ်ဘန်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီး ကျင်းထန်ရှု၏အပြောကိုတိတ်တဆိတ်ထောက်ခံလိုက်ရသည်။ ယွမ်ဘန်ရှန်းသည် အောင်းပိုင်နှင့် အနီးစပ်ဆုံး အင်အားရှိခဲ့သည်။ သူသာ ကူညီပေးနိုင်လျှင် အောင်းပိုင်ကို ထိန်းထားနိုင်မည်ဖြစ်သည်။
ဒါပေမယ့် အောင်းပိုင်ရဲ့ပထမဆုံး ထိုးနှက်ချက်က သူ့ကို အတော်လေးအထိနာစေခဲ့သည်။
ဒါက သူ့ရဲ့ ဆိုးရွားတဲ့ တွက်ချက်မှုရဲ့ တစ်စိတ်တစ်ပိုင်းပဲလား၊ ဒါမှမဟုတ် ကံကောင်းခြင်းတခုလေလား.....
"ကောင်းပြီ မင်းတို့သုံးယောက် ငါနဲ့ အတူတူပူးပေါင်းမှဖြစ်တော့မယ်...."
လီလော့က ဓားကို ဆွဲထုတ်လိုက်ပြီး....
"စီနီယာအောင်းပိုင်းကို မဟန့်တားနိုင်ဘူးဆိုရင် နှင်းစက်တွေနေရာချဖို့ကိစ္စက သဲထဲရေသွန်ဖြစ်ကုန်လိမ့်မယ်...... "
စစ်သူကြီးတပိုင်းအဆင့်သည် ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်ဖြစ်သော်လည်း ၎င်းတို့တွင် ရင်ဆိုင်ရုံမှတပါး အခြားရွေးချယ်စရာမရှိပေ။
"ဟာဟား...... ငါ မင်းရဲ့ သတ္တိကို သဘောကျတယ်"
စွန်းတရှန်က အော်လိုက်သည်။
"ကျောက်သားမြို့တော်မှာ ငါတို့ တောက်ပဖို့ အခွင့်အလမ်း မရှိဘူးလို့ အစက ထင်ခဲ့ဖူးတယ်၊ ဒါပေမယ့် အခု ငါတို့အတွက်အခွင့်ရေးရလာပြီဆိုတော့...ဒီခွေးသားနှစ်ကောင်ကို ဆော်လိုက်ကြစို့....."
စွန်းတရှန်၏မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တလက်လက်တောက်ပနေ၏။
"ငါကတော့ တောက်ပဖို့ထက် အမှတ်ပိုရဖို့ပဲအာရုံစိုက်တယ်....."
လုမင်က မထီမဲ့မြင်ပြုနေသည့် အမူအရာဖြင့် ခပ်ပေါ့ပေါ့ဆိုလိုက်သည်။
ကျင်းထန်ရှုကတော့ အတော်လေး ငြိမ်သက်သွားသည်။ သူသည် လီလော့နှင့် အကောင်းမွန်သည့်ဆက်ဆံရေးမရှိသော်လည်း လက်ရှိအခြေအနေသည် အဖွဲ့လိုက်လုပ်ဆောင်ရန် တောင်းဆိုနေသည်။ သို့မဟုတ်ပါက အောင်းပိုင်က ၎င်းတို့ကို လုံးလုံးဝါးမျိုသွားမည်ကိုသူနားလည်ခဲ့သည်။ နှင်းစက်များနေရာမချထားနိူင်ပါက သူတို့သာမကဘဲ ကျောက်သားမြို့တော်အတွင်းရှိကျောင်းသားတိုင်း ဒုက္ခရောက်ကုန်ကြလိမ့်မည်။
ထို့ကြောင့် အပိုစကားတွေဆိုမနေဘဲ ရွှေသစ်ရွှက်ကိုထုတ်လိုက်လေတော့သည်။
"လီလော့.... အတူတူ လုပ်ကြရအောင်" ဟု လေးနက်စွာ အော်လိုက်သည်။
"မင်းနဲ့ငါ နှစ်ယောက်စလုံးက ပုံသဏ္ဍာန်ပြောင်းလဲခြင်း စတုတ္ထအဆင့်တွေမို့ စီနီယာ အောင်းပိုင်ကိုအတူတူရင်ဆိုင်ကြမယ်... လုမင်နဲ့စွန်းတရှန်ကိုတော့ ဘေးကနေကူခိုင်းလိုက်....ဘယ်လ်ိုသဘောရလဲ....."
လီလော့သည် လက်ထဲကဓားကိုဝှေ့ယမ်းလိုက်ပြီး.....
"ဒါဆို မင်းငါ့ကို ဆွဲမချမိအောင် အစွမ်းကုန်ကြိုးစားပေးပါ..."ဟု ပြုံးစိစိနဲ့ ပြောလိုက်သည်။
"ကလေးဆန်လိုက်တာ...."
ကျင်းထန်ရှုကလည်း ပက်ကနဲ ပြန်ပြောသည်။
သူလည်း သူ့လက်နက်ကို ပြင်ဆင်နေပြီး၊ အစိမ်းရောင်သစ်ရွှက်ဖြင့်ပတ်ဝန်းကျင်မှ လေကို ထိန်းချုပ်နိုင်ရန် ရှုပ်ထွေးတဲ့ ပုံစံနဲ့ လှုပ်ရှားနေသည်။ စွမ်းအင်တွေစုစည်းပြီး အောင်းပိုင်ရဲ့ အားနည်းချက်တွေကို ထိုးနှက်ဖို့ရည်ရွယ်နေခြင်းပင်.....
အောင်းပိုင်သည် ၎င်းကို ငြိမ်သက်စွာ ခံယူလိုက်ပြီး၊ သူ့ကိုယ်ပိုင် ငွေရောင် ပဲ့တင်ထပ်သံ စွမ်းအားများက လှိုင်းလုံးများကဲ့သို့ မြင့်တက်လာသည်။ စူးရှပြီး သေစေနိုင်တဲ့ အစိမ်းရောင်လေပြင်းများက ငွေရောင်ဒီရေလှိုင်းလုံးများကြောင့် လုံးလုံးလျားလျား လွှမ်းခြုံခံလိုက်ရလေသည်။
ကျင်းထန်ရှု၏ မျက်လုံးများ ပြူးကျယ်သွားသည် ။ အောင်းပိုင်၏ ပဲ့တင်ထပ်သံစွမ်းအားသည် သာမန် ပုံသဏ္ဍာန်ပြောင်းလဲခြင်း စတုတ္ထအဆင့်များထက် အဆပေါင်းများစွာ အားကောင်းနေပါသည်။ သူ့လို အဆင့်ကိုးတပိုင်း လေပဲ့တင်ထပ်သံရှိသူပင် မယှဉ်နိုင်ခဲ့ပေ။
"အတိမ်အနက်ကိုစမ်းသပ်ဖို့ ဘာလို့အားကုန်ခံနေရတာလဲ....."
လီလော့က ခပ်တိုးတိုး မှတ်ချက်ပေးလိုက်သည်။
သူသည် သူ၏ကိုယ်ပိုင် ကျင်းစဲ့ယွီရှန်းဓားကို ရုတ်သိမ်းလိုက်ပြီး ပဲ့တင်ထပ်သံစွမ်းအားနှစ်ခုပေါင်းစပ်ထားသည့် စွမ်းအားများကို ထုတ်ယူလိုက်သည်။
ထိုအခါ ရင်းနှီးကျွမ်းဝင်သော ခံစားချက်သည် သူ့ခန္ဓာကိုယ်အနှံ့ ပြည့်နှက်သွားသည်အထိ လွှမ်းခြုံသွားသည်။
တစ်ချိန်တည်းမှာပင်၊ သူသည် မိုးကြိုးနတ်ဘုရားကိုပါ အသက်သွင်းခဲ့သည်။
ဝုန်းးးးးးး
လျှပ်စီးများက သူ့ခန္ဓာကိုယ်တစ်လျှောက် အရှိန်ပြင်းပြင်းနဲ့ ကြွက်သား၊အရိုးနဲ့ အာရုံကြောတွေကို လှုံ့ဆော်ပေးတာကြောင့် သူ့အရေပြား အတွင်းကနေ အားသွင်းနေသလိုမျိုး လျှပ်စစ်စီးကြောင်းတွေ တောက်ပနေလေ၏။
"မြင့်မြတ်သော ဆင်နတ်ဘုရားစွမ်းအား ပထမအလွှာ... !"
အရေပြားအောက်မှ သန်ကောင်များကဲ့သို့လှုပ်ရှားနေသော သွေးပြန်ကြောများ ပေါက်ထွက်ကာ သူ့လက်မောင်း၏ ခွန်အားများ တိုးလာသည်။
လီလော့ ပတ်၀န်းကျင်တွင် စွမ်းအင်လှိုင်းများ ဖြစ်ပေါ်လာသောကြောင့်ကျင်းထန်ရှု အနည်းငယ် တုန်လှုပ်သွားသည်။ ၎င်းတို့နှစ်ဦး ယခင်ကတိုက်ခိုက်ဖြစ်ခဲ့ကြသောကြောင့် အခြားသူများထက် လီလော့၏ စွမ်းအားကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်ခဲ့ပြီး ထိုပို၍နားလည်မှုမှာ လီလော့သည် ယခုအချိန်တွင် သူ့ထက် သာလွန်သောအဆင့်ရှိသူတစ်ဦးဖြစ်ကြောင်း နားလည်စေခဲ့သည်။
ဝန်မခံချင်ပေမယ့်လည်း အမှန်တရားက အမှန်တရားပါပဲ......
"ဒီ ပြိုင်ပွဲပြီးရင်၊ ငါ မရပ်မနားကြိုးစားပြီး မြေနတ်ဆိုးခန္ဓာအဆင့်ကိုတက်လှမ်းမယ်...."
ကျင်းထန်ရှု ပင့်သက်ရှိုက်လိုက်ပြီး
ကျိန်ဆိုလိုက်သည်။
"ငါ့ရဲ့ အဆင့်ကိုးတပိုင်း လေသံပဲ့တင်ထပ်သံက ဒီကောင့်ထက်အများကြီးသာတယ်... "
လီလော့သည် ကျင်းထန်ရှု၏ မနာလိုမှုကို ဂရုမစိုက်ဘဲ ရှေ့သို့ တိုးကာ အောင်းပိုင်ကို တိုက်ခိုက်လိုက်လေသည်။
ပြီးပြည့်စုံသော ခွန်အားဖြင့် ကျင်းထန်ရှု၏ နဝမလေဝိဉာဉ်တမာန်ကလည်း သူ့အနောက်ကျောဘက်တွင် တောက်ပလာကာ အစိမ်းရောင်လေပြင်းများကို ပံ့ပိုးပေးနေသဖြင့် စွမ်းအင်မုန်တိုင်းတစ်ခု ထွက်လာပြီး မီတာများစွာ ကျယ်ဝန်းသော သစ်ရွက်အဖြစ်သို့ အသွင်ပြောင်းကာ အပေါ်စီးမှ အောင်းပိုင်ကိုရိုက်ချလိုက်လေသည်။
" မျောက်ဘုရင်၏ရိုက်ချက်သုံးချက်...ပင်လယ်ပြိုရိုက်ချက်.....!"
စွန်းတရှန်၏ကြွေးကြော်သံဆုံးသည်နှင့် သူ့အလိုလို ဆူနာမီလှိုင်းလုံးကြီးကို ဖြစ်ပေါ်စေနိုင်ပုံရသည့် ကြီးမားသော ရိုက်ခတ်မှု ထွက်ပေါ်လာခဲ့သည်။
အောင်းပိုင် အနောက်မှာ မိုးခြိမ်းသံ တဝုန်းဝုန်းမြည်ဟီးနေ၏။
လုမင် ၏ သွယ်လျသောလက်ချောင်းလေးများလှုပ်ရှားသွားပြီး လီလော့၏ ခန္ဓာကိုယ်အတိုင်း သူမ၏ခန္ဓာကိုယ်တွင်လည်း လျှပ်စီးများဖြင့် ဖုံးလွှမ်းသွားသည်။ သူမသည် သူမ၏ အမြန်နှုန်းနှင့် ခွန်အားကို တိုးမြင့်ရန်အတွက်မိုးကြိုးနတ်ဘုရားကိုအသက်သွင်းခဲ့သည်။
"လျှပ်စီးဓား!"
လုမင်သည် အောင်းပိုင်၏ နောက်ကျောဘက်သို့ တောက်လောင်နေသော ဓားတစ်ချောင်းကို ပစ်လွှတ်လိုက်သည်။
အသန်မာဆုံး ကြယ်နှစ်ပွင့်ကျောင်းသားဆီသို့ ကြယ်တစ်ပွင့်ခန်းမထိပ်သီးကျောင်းသားများ၏ ထိပ်တန်းတိုက်ကွက်များ စုပြုံကျရောက်နေချေပြီ.............