အားနည်းချက်
Vol. 42 Ch. 576
ကြယ်တစ်ပွင့်ခန်းမမှ ပါရမီရှင်လေးဉီးသည် မတူညီသော လမ်းကြောင်းအသီးသီးမှ အောင်းပိုင်ကို တိုက်ကွက်အသီးသီးဖြင့်တိုက်ခိုက်ခဲ့ကြသည်။
အခုချိန်မှာ ကရုဏာနားနေလျှင် အကုန်သေကုန်လိမ့်မည်။
စစ်သူကြီးတပိုင်းအဆင့်နှင့် သူတို့ကြားတွင်
ကွာဟမှု ကြီးမားကြောင်း နားလည်ခဲ့ကြသည်။ သူတို့လေးယောက်က ရွယ်တူများထက်သာလွန်နေသော်လည်း အောင်းပိုင်ကိုယှဉ်နိုင်ဖို့ကတော့မလွယ်ပေ။
လေးယောက်အတူတကွ ပထမဦးဆုံးအကြိမ် တိုက်ခိုက်ခြင်းဖြစ်သော်ငြားလည်း တစ်ဦးစီသည် တိုက်ပွဲအတွေ့အကြုံများစွာရှိကြသူများဖြစ်သောကြောင့် အထစ်အငေါ့မရှိခဲ့ပေ။
အောင်းပိုင်၏ အားနည်းသော နေရာများဆီသို့ ပြင်းထန်သော တိုက်ခိုက်မှုလေးခု ဆင်းသက်လာသည်။
အောင်းပိုင်သည် ၎င်း၏ပြိုင်ဘက်လေးဦးအပေါ် ဘာခံစားချက်မျှမပြခဲ့ပေ။ ကြက်သွေးရောင်ပိုးဖလံလေးသာလျှင် သူ့မျက်လုံးများထဲတွင် ဆက်လက်၍ တဖျပ်ဖျပ်လှုပ်ခတ်လျက် နက်ရှိုင်းသော အခေါင်းပေါက်ကို ဆက်လက်ဖန်တီးနေသည်။
"နဂါးတံတိုင်း !"
ချက်ချင်းဆိုသလို အောင်းပိုင်၏ပဲ့တင်ထပ်သံစွမ်းအားများသည် သူ့ပတ်ဝန်းကျင်တွင် ငွေရောင်ချပ်ဝတ်တစ်စုံ ဖြစ်ပေါ်စေသည်။ချပ်ဝတ်ပေါ်မှ အကြေးခွံတခုချင်းစီတိုင်းသည် မှော်ဆန်သောခုခံမှုနှင့်အတူ လျှို့ဝှက်ဆန်းကြယ်သောအငွေ့အသက်များကိုထုတ်လွှတ်နေသည်။
ဝုန်းးးးး
တိုက်ခိုက်မှုလေးခုစလုံးသည် အောင်းပိုင် ၏နဂါးကြေးခွံချပ်ဝတ်ပေါ်သို့ကျရောက်သွားပြီး ပေါက်ကွဲသံများနှင့် မီးပွားများ ထွက်ပေါ်လာသည်။
လေးယောက်စလုံး ရင်မောသွားကြသည်။
အကြေးခွံများစွာ ဆုံးရှုံးခဲ့ရသော်လည်း အရင်းခံ ချပ်ဝတ်သည် ကျိုးပဲ့ခြင်းမရှိပေ။
"အရင်က အောင်းပိုင်နဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကြားဖူးတယ်... ဒါက သူ့ရဲ့ အကောင်းဆုံး ခံနိုင်ရည်ရှိတဲ့ နဂါးအဆင့်ပညာရပ်ပဲ.... သတိထားကြပါ... သူ့ရဲ့ ခံစစ်တွေက ကြောက်စရာကောင်းလောက်အောင် အားကောင်းတယ်" လို့ ကျင်းထန်ရှုက သူတို့ကို သတိပေးလိုက်သည်။
အောင်းပိုင်က ထူးဆန်းသောလက်ဟန်အချို့ဖြင့်တခုခုကိုပုံဖော်နေပြန်သည်။
ဝုန်းးးး
ငွေရောင် ချပ်ဝတ်တန်ဆာသည် ယခုအခါ ရွေ့လျားနေပြီး နဂါးရုပ်ပုံအဖြစ်သို့ ပြောင်းလဲသွားသည်။ သန်မာသောနဂါးမြီးကို တချက်ဝှေ့ယမ်းလိုက်သည့်အခါ.....
ဘုန်းးးးးး
ထွက်လာတဲ့ စွမ်းအင်က အနီးနားက မြေပြင်ကို ဖုန်မှုန့်တွေအဖြစ်ပြောင်းလဲသွားစေနိုင်လောက်အောင်ပြင်းထန်လွန်းလှသည်။
ကြယ်တစ်ပွင့် ကျောင်းသားလေးဦးသည် ခြေလှမ်းတစ်ဒါဇင်ခန့် အလျင်အမြန် ဆုတ်ခွာသွားကြသည်။ဒီလှုပ်ရှားမှုမှာပါဝင်နေတဲ့ ငုပ်လျှိုးနေတဲ့ စွမ်းအားက သူတို့ကို သတိထားစေဖို့လုံလောက်သည်ထက်ပင်ပိုနေသည်။
ထိုထိုးနှက်မှုမှ ထုတ်လွှတ်သော စွမ်းအင်ကြောင့် ၎င်းတို့၏သွေးများ ဆူပွက်လာသည်ကို ခံစားနိုင်သည်။
"သစ်ပင်ကို ဓားနဲ့ထိုးသလိုပဲ.."
လီလော့က မျက်မှောင်ကြုတ်လိုက်သည်။ ဤနဂါးအဆင့်ပညာရပ်သည် အမှန်တကယ်ပင် ခေါင်းကိုက်စရာကောင်းလှသည်။ သူတို့လေးယောက် အတူတူပင် မဖြတ်ကျော်နိုငပေ။
"နဂါးတံတိုင်းကို နှစ်ဆင့်ခွဲထားတယ်" လို့ ကျင်းထန်ရှုက အချက်အလက်အချို့မျှဝေပေးပြန်သည်
"ငွေအကြေးခွံနဲ့ ရွှေအကြေးခွံတွေဆိုပြီးနှစ်ဆင့်ခွဲထားတယ်.... သူက ဒုတိယအဆင့်ကို မရောက်သေးဘူးထင်တယ်၊ မဟုတ်ရင် အားလုံးအသားပြားဖြစ်နေလောက်ပြီ..."
ကျင်းထန်ရှုသည် အောင်းပိုင်နှင့် ပတ်သက်၍ သူ၏ အိမ်စာများကို အမှန်တကယ်ကျေညက်ခဲ့ပုံရသည်။
"နဂါးအဆင့်ပညာရပ်က ကျားအဆင့်ပညာရပ်ထက် အများကြီး အားကောင်းတယ်..." ဟု လီလော့က မှတ်ချက်ပေးလိုက်သည်။
ရှန့်ပိန်းတွေ့ဆုံပွဲအပြီးတွင် နဂါးအဆင့်ပညာရပ်များကို လေ့လာမှဖြစ်တော့မည်ဟုလည်းတေးမှတ်ထားလိုက်သည်။အားကောင်းသောရန်သူများနှင့်ရင်ဆိုင်ရာတွင် ကျားအဆင့်ပညာရပ်များက လိုအပ်ချက်များကို ထင်သလောက်မဖြည့်ဆည်းပေးနိုင်တော့ပေ။
နဂါးအဆင့်ပညာရပ်ကိုအသုံးပြုရန် စွမ်းအားများစွာလိုအပ်သည်။ ထို့ကြောင့် ၎င်းတို့ကို ယခင်က မစဉ်းစားခဲ့ပေ။ ၎င်းတို့၏ မြင့်မားသောလိုအပ်ချက်နှင့် ရှားပါးမှုတို့က တုန်လှုပ်ချောက်ချားစရာကောင်းလှသည်။ လော့လန်အိမ်တော်၏ စာကြည့်တိုက်၌ပင်နဂါးအဆင့်ပညာရပ်သိပ်မရှိပေ။
ကြယ်တစ်ပွင့် ကျောင်းသားလေးယောက်တွင် စွန်းတရှန်ကလွဲရင် ကျင်းထန်ရှု တစ်ဦးတည်းသာ အဆင့်နိမ့်နဂါးအဆင့်ပညာရပ်ကို တတ်ကျွမ်းထားသည်။ သို့တိုင်၊ ၎င်းသည် သူ၏ နဝမလေဝိဉာဉ်ကိုသုံး၍ သဘာဝစွမ်းအင်များကို စုပ်ယူပြီးမှသာ ထုတ်သုံးနိုင်သည်။ဒါတောင် စိတ်ရှိတိုင်းထုတ်သုံးလို့မရပေ။
"ငါက အခုဆို စစ်သူကြီးအဆင့်ရောက်ဖို့ ခြေတလှမ်းလောက်ပဲလိုတော့တယ်.... "
လီလော့ တကိုယ်တည်း တွေးလိုက်မ်သည်။
"တွေ့ဆုံပွဲပြီးရင် နဂါးအဆင့်ပညာရပ်တွေရဖို့ အမှတ်လုံလုံလောက်လောက်ရှိလာမှာပါ..... အိမ်တော်စုဝေးပွဲ မတိုင်ခင်ဝှက်ဖဲတွေရနိူင်စလောက်ပြင်ဆင်ထားရမယ်...."
ထိုအချိန်တွင် အောင်းပိုင်က ထပ်မံတိုက်ခိုက်ပြန်သည်။ နဂါးကြေးခွံချပ်ဝတ်အပြင် အောင်းပိုင်၏ သုံးခွမှိန်းကလည်းကြောက်စရာကောင်းသည်ကိုမေ့မထားသင့်ပေ။
လီလော့နှင့် ကျင်းထန်ရှုတိူ့ နှစ်ဦးစလုံးသည် ပစ်မှတ်ထားခံနေရသောကြောင့် ထိတ်လန့်တုန်လှုပ်နေကြသည်။
သို့တိုင် သူတို့သည် သူရဲဘောကြောင်သူများမဟုတ်ကြပေ။ သူတို့သည် ပဲ့တင်ထပ်သ့စွမ်းအားကို အေးအေးဆေးဆေး စုဆောင်းပြီး အောင်းပိုင်၏တိုက်ခိုက်မှုကို အသာတကြည်ခုခံခဲ့ကြသည်။
ထန်...ထန်......
ကျင်းစဲ့ယွီရှန်းဓားနှင့် အစိမ်းရောင်သစ်ရွက်တို့ အောင်းပိုင်၏သုံးခွမှိန်းနှင့် ထိပ်တိုက်တွေ့သောအခါ စွမ်းအင်လှိုင်းများပေါက်ကွဲထွက်လာသည်။
သုံးယောက်သား အပြင်းအထန် တိုက်ခိုက်နေကြပြီ.....
ယခုအချိန်တွင် တိုက်ခိုက်ရေးသမားနှစ်ဦးသည် ပိုမိုပြင်းထန်သောပြိုင်ဘက်ကို ရင်ဆိုင်ရင်း ဖိအားများကို ခံစားနေရသည်။ သုံးခွမှိန်းလှုပ်ရှားလိုက်တိုင်း ခေါင်းမှ ခြေဖျားအထိ တုန်ခါရန် လုံလောက်သော စွမ်းအားများပါရှိသည်။ ခဏကြာတော့ နှစ်ယောက်စလုံး လက်တွေ ထုံကျင်သွားသလို ခံစားလိုက်ရပြီး ကြောက်ရွံ့စပြုလာကြသည်။
လီလော့သည် မိုးကြိုးနတ်ဘုရားကြောင့် အနည်းငယ် ပိုကြမ်းတမ်းလာသော်လည်း ကျင်းထန်ရှုကတော့ ဆိုးရွားစွာ တုန်လှုပ်နေပြီဖြစ်သည်။ သူ့လက်ဖဝါးနှစ်ဘက်စလုံးမှာ ဆိုးရွားစွာ သွေးထွက်နေပြီး ပိတ်ဆို့လိုက်တိုင်း နာကျင်မှုကြောင့် အံကြိတ်တင်းခံနေရသည်။
ပုံသဏ္ဍာန်ပြောင်းလဲခြင်း စတုတ္ထအဆင့်နှင့် စစ်သူကြီးတပိုင်းအဆင့်ကြားက ကွာခြားချက်ကဟာသမဟုတ်ခဲ့ပေ။
"မျောက်ဘုရင်၏ ရိုက်ချက်သုံးချက်- ကောင်းကင်ကို မြှင့်တင်ပေးသော ရိုက်ချက်...."
စွန်းတရှန် ခုန်တက်လာပြီး သူ့လက်နက်က အရင်ကနဲ့မတူတော့ဘဲ ကောင်းကင်ကိုထောက်ပံ့ပေးနေသည့် တိုင်တစ်လုံးလို အံ့မခန်းထူထဲအောင် ခိုင်ခံ့နေသည်။ စွန်းတက အောင်းပိုင်၏ခေါင်းကို လက်စွဲတော်တုတ်ဖြင့်ရိုက်ချလိုက်သည်။
အောင်းပိုင်သည် ဤခြိမ်းခြောက်မှုအသစ်ကို ရင်ဆိုင်ရန် လှည့်လာပြီး ငွေရောင်အလင်းတန်းတစ်ခုကဲ့သို့ ချွန်ထက်သော နဂါးအစွယ်များများကို စွန်းတရှန်ဆီပစ်လွှတ်လိုက်သည်။
ဝုန်းးးးဝုန်းးးးးး
စွန်းတရှန်၏ ပါးစပ်မှ သွေးများ စီးကျနေသော်လည်း သူ၏ လက်ချောင်းများက တုတ်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားဆဲပင်...
သူသည် လီလော့နှင့်ကျင်းထန်ရှုထက် တဆင့်နိမ့်သော်လည်း ပြင်းထန်သော စွမ်းအားရှင် အောင်းပိုင်နှင့် ထိပ်တိုက်တွေ့ဆုံရာတွင် ကောင်းစွာ ရုန်းထွက်နိုင်မည်မဟုတ်ကြောင်း ထင်ရှားသည်။
အောင်းပိုင်ကာ စွန်းတရှန်ကိုသာ စိုက်ကြည့်နေပြီး သတ်ပစ်ရန် ပြင်ဆင်နေသည့်နှယ် မျက်ဝန်းများ ကျဉ်းမြောင်းသွားခဲ့သည်။
ဝုန်းးးးးး
သို့သော် ဤအခိုက်အတန့်တွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ စွန်းတရှန်၊လီလော့နှင့်ကျင်းထန်ရှုတို့၏ ရုပ်ပုံများသည် ယိမ်းယိုင်သွားပြီးနောက် အောင်းပိုင်၏ နောက်တွင် ပုံရိပ်အသစ်တစ်ခု ပေါ်လာသည်။
အနီးနားတွင် မိုးချိန်းသံများစုဝေးနေသည့်အတွက် အောင်းပိုင်ခဏတာ အေးခဲသွားကာ သူ့မျက်လုံးထဲရှိ ပိုးဖလံသည် တဖြည်းဖြည်း ပိုပို၍ လှုပ်ခတ်လာသည်။ ဘယ်ဟာအစစ် ဘယ်ဟာပုံရိပ်ယောင်မှန်း ခွဲခြားမရနိုင်ခဲ့ပေ။
တုံ့ဆိုင်းမှုက တစ်စက္ကန့်မျှသာ ကြာခဲ့သည်။ အောင်းပိုင်သည် သုံးခွမှိန်းဖြင့် ပတ်ဝန်ကျင်မှအရာများကို အားလုံးဖယ်ရှားပစ်လိုက်သည်။
သို့သော် ဤခဏတာ တုံ့ပြန်မှုသည် လိမ္မာပါးနပ်သော လုမင်အတွက် တစ်ခုခုကို သတိပြုမိရန် လုံလောက်ခဲ့သည်။
သူမ လီလော့နှင့်ကျင်းထန်ရှု တို့၏နောက်သို့ပြေးလာပြီး.....
"ပိုးဖလံကောင်က လျှပ်စီးစွမ်းအားကို ကြောက်နေတဲ့ပုံပဲ...စီနီယာအောင်းပိုင်ရဲ့ ခန္ဓာကိုယ်ထဲကို လျှပ်စီးစွမ်းအားခပ်ပြင်းပြင်းပို့လွှတ်နိူင်ရင် ပိုးဖလံကို ဖယ်ထုတ်နိုင်လိမ့်မယ်..." ဟု လုမင်က လျင်မြန်စွာရှင်းပြလိုက်သည်။
လီလော့နှင့်ကျင်းထန်ရှုက သူမကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။
ဒါဟာ တကယ့်ကို သတင်းကောင်းပါပဲ.....
"ပြဿနာတစ်ခုပဲ ရှိတယ်... သူ့ရဲ့နဂါးကြေးခွံချပ်ဝတ်က သူ့ကို ကောင်းကောင်းကာကွယ်ပေးနေတယ်.... ချပ်ဝတ်ကို ငါတို့ မချိုးဖျက်နိုင်ရင် ငါ့ရဲ့ လျှပ်စီးစွမ်းအားက သူ့ကိုယ်ခန္ဓာကိုယ်ထဲကို ရောက်နိုင်မှာ မဟုတ်ဘူး"
၎င်းတို့လေးဦးစလုံးသည် ဆရာသခင်အဆင့်တွင် ရှိနေကြသောကြောင့် နဂါးအဆင့်ပညာရပ် ကျွမ်းကျင်နေသည့် စစ်သူကြီးတပိုင်းအဆင့်ကိုမည်သို့ရင်ဆိုင်နိုင်မည်နည်း....
"ကောင်းပြီ...နဂါးတံတိုင်းက အရမ်းသန်မာတယ်၊ ဒါပေမယ့် ငါတို့မှာ ထိုးဖောက်ဖို့ နည်းလမ်းမရှိဘူးလို့ မဆိုလိုဘူး"
လီလော့က တွေးတွေးဆဆ ရေရွတ်လိုက်သည်။
" ပိုးဖလံက လုမင်ရဲ့ ပုံရိပ်ယောင်ကိုမခွဲခြားနိုင်ဘူး ... ဒါကြောင့် အရမ်းဉာဏ်ကောင်းတဲ့ ပိုးဖလံတစ်ကောင်မဟုတ်တာသေချာနေပြီ..... ဒီကောင် ပုံရိပ်ယောင်တွေနဲ့ အလုပ်ရှုပ်နေတော့ နဂားတံတိုင်းကိုဖြတ်ကျော်ဖို့ သုံးယောက်ပေါင်းပြီး တစ်နေရာတည်းကို ချက်ချင်းတိုက်ခိုက်ကြမယ်....ဘယ်လိုလဲ......"
စွန်းတရှန် ပြုံးလိုက်သည်။
"ငါ နတ်ဆိုးမျောက်ဝံဆန္ဒကို သုံးနိုင်တယ်.... အဲ့ဒါက ငါ့ရဲ့ အပြင်းထန်ဆုံး တိုက်ခိုက်မှုပဲ၊ ဒါပေမယ့် ဆယ်စက္ကန့်ပဲ ထိန်းထားနိုင်မယ်...."
လီလော့ ခေါင်းညိတ်လိုက်သည်။ ၎င်းသည် စွန်းတရှန်၏ မြို့စားအဆင့်ပညာရပ် ဖြစ်ရမည်။ ဆယ်စက္ကန့်ကန့်သတ်ချက်ကြောင့် အနည်းငယ် စိတ်မသက်မသာဖြစ်စေသော်လည်း သူနှင့် ကျင်းထန်ရှုတို့၏ လှုပ်ရှားမှုထက် စွန်းတရှန်၏တိုက်ကွက်က ပိုမိုအားကောင်းနေပေမည်။
ကျင်းထန်ရှုက.... "ငါ့မှာ နဂါးအဆင့်ပညာရပ်ရှိတယ်..."
မှန်ပေသည်။ လီလော့နှင့် တိုက်ခိုက်စဉ်ကသုံးခဲ့ဖူးသော လေနတ်ဆိုးပညာရပ်အကြောင်းပြောနေခြင်းပင်.....
"လီလော့၊ မင်းမှာ ဘာမှ မရှိဘူးလား"
ကျင်းထန်ရှုက မေးလိုက်သည်။
လီလော့က သူ့ကို ခပ်ပါးပါး ပြုံးပြလိုက်ပြီး....
"မင်းကို အနိုင်ယူဖို့ နဂါးအဆင့်ပညာရပ်တခုမှ မလိုဘူး။ ငါ့မှာ တစ်ခုလောက်သာရှိနေရင် မင်းတွေးကြည့်ပေါ့....."
ကျင်းထန်ရှုက.... "နဂါးအဆင့်ပညာရပ်ကို စျေးထဲကဂေါ်ဖီထုပ်များထင်နေတာလား....ကောင်းကင်ပေါ်ကသူ့အလိုလိုပြုတ်ကျလာပြီး မင်းခေါင်းထဲရောက်သွားမှာလား!!!!!"
လီလော့ သူနှင့် အငြင်းမပွားခဲ့ပေ။
"ငါ့အတွက် စိတ်မပူနဲ့....မင်းတို့အားလုံး မင်းရဲ့ အကောင်းဆုံးသာကြိုးစားကြ.... ငါ နောက်ဆုံး အကာအကွယ်ကို ဖျက်လိုက်မယ်....."
ကျင်းထန်ရှု က သူ့ကို မသင်္ကာတဲ့အကြည့်နဲ့ ကြည့်နေပေမယ့် ဘာမှထပ်မပြောတော့ပေ။
"နောက်ဆုံးပုံရိပ်ယောင် ပျောက်ကွယ်သွားတာနဲ့ စမယ်... "
လုမင်၏ပုံရိပ်ယောင်များသည် အောင်းပိုင်၏ သုံးခွမှိန်းကြောင့် လုံးလုံးလျားလျား ပျံ့လွင့်လုနီးပါး ဖြစ်နေပါပြီ။
လီလော့တို့သည် စွမ်းအားများကို မြှင့်တင်ကာ တိုက်ခိုက်မှုများကို ပြင်ဆင်လျက် ရှိသည်။ ထို့နောက် နောက်ဆုံးသေပုံရိပ်ယောင် မှိန်ဖျော့သွားသောအခါ သုံးယောက်စလုံး တစ်ပြိုင်နက် ရှေ့သို့ ခုန်တက်သွားကြလေတော့သည်။