← Chapters

ပဲ့တင်ထပ်သံပညာရပ်များကို ပြုပြင်မွမ်းမံခြင်း......

Vol. 42 Ch. 577

ပဲ့တင်ထပ်သံပညာရပ်များကို ပြုပြင်မွမ်းမံခြင်း......

Vol. 42 Ch. 577

"နတ်ဆိုးမျောက်ဝံရဲ့ ဆန္ဒ!"

နောက်ဆုံးသောပုံရိပ်ယောင် ဖျက်စီးခံလိုက်ရသည်နှင့် တပြိုင်နက် စွန်းတရှန် စတင်လှုပ်ရှားခဲ့သည်။ သူ့တစ်ကိုယ်လုံး ကြွက်သားတွေ ဖောင်းလာပြီး ရင်အုပ်ကလည်း ပိုကျယ်တဲ့ အထိ ဖောင်းကားလာသည်။ အနက်ရောင် အလင်းတန်းများ သူ့အရေပြားပေါ်တွင် တလက်လက် တောက်ပနေသည်။

သူ၏ သွေးများသည် ခန္ဓာကိုယ်အတွင်း၌ ပဲ့တင်ထပ်သံစွမ်းအားများဖြင့် ရောနှောကာ သွေးကြောများမှတဆင့် ကြက်သွေးရောင် တက်တူးများဖြင့် သူ့အရေပြားကိုခြယ်မှုန်းပေးထားသည်။

သူ့နောက်မှာ အမြီးတစ်ခု ပေါ်လာပြီး ထိုအမြီးက မျောက်ရဲ့အမြီးလို ရှည်လျားပြီးသွက်လက်စွာလှုပ်ရှားနိုင်သည်။

စွန်းတရှန်၏ မျက်လုံးများမှာလည်း နီရဲလာသည်။ သူသည် အသက်ပြန်ရှင်လာခဲ့သည့်ကမ္ဘာဉီးမျောက်ဝံတစ်ကောင်နှင့်ပိုတူနေသည်။

ထိုသို့သော အလုံးစုံ အသွင်ကူးပြောင်းမှုကို လီလော့ သဘောကျနေမိသည်။

စွန်းတရှန်သည် ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့်သာဖြစ်သော်လည်း ဤအခြေအနေတွင် လီလော့ပင်လျှင် သူ့အား အနိုင်ယူရန် အသေကြေကြိုးစားရပေမည်။

"ခန်းမအဆင့် ပြိုင်ပွဲမှာ မင်းသူ့ကို ဘယ်လိုအနိုင်ယူခဲ့တာလဲ"

လီလော့က ကျင်းထန်ရှုကိုလှမ်းမေးလိုက်သည်။

"သူ့ရဲ့ မြို့စားအဆင့်ပညာရပ်က မပြည့်စုံဘူး"

ကျင်းထန်ရှုက ဘာသိဘာသာပြန်ဖြေလိုက်သည်။

"သူ ဒီပညာရပ်ကိုအသုံးပြုပြီးတာနဲ့ သူ့ရဲ့ဆင်ခြင်တုံတရားက ဖိနှိပ်ချုပ်ချယ်ခံလိုက်ရပြီး မျောက်ဝံအစစ်လိုဖြစ်သွားတယ်...ဒါပေမယ့် ဆယ်စက္ကန့်ကျော်တာနဲ့လုံးဝအားနည်းတဲ့အခြေနေရောက်သွားလိမ့်မယ်....."

လီလော့ နားလည်သွားသည်။

"မင်း သူ့ကို မှန်ကန်တဲ့နည်းလမ်းနဲ့မဟုတ်ဘဲ ကလိမ်ကကျစ်ကျပြီးအနိုင်ယူခဲ့တာပေါ့...."

ကျင်းထန်ရှုက... "ငါ သူ့ကို လွယ်ကူတဲ့နည်းနဲ့အနိုင်ယူခဲ့တာကွ!!!!"

ဝုန်းးးး

နှစ်ယောက်သား စကားပြောနေစဉ်တွင် စွန်းတရှန်သည် အောင်းပိုင်ကိုတိုက်ခိုက်ရန် ခြေဆောင့်၍ မာန်သွင်းနေပြီဖြစ်သည်။

သူက အောင်းပိုင်ကို ဒေါသတကြီးနဲ့စတင်တိုက်ခိုက်ခဲ့ပြီး မည်သည့်ပညာရပ်ကိုမှမသုံးခဲ့ပေ။ ယခုချိန်တွင် သူသည် အဆမတန်တိုးပွားလာသောခွန်အားကိုသာလုံးလုံးလျားလျားမှီခိုထားသည်။

ခြေတစ်ချက်ဆောင့်လိုက်ရုံနှင့်ပင် မြေပြင်ကိုသိမ့်သိမ့်တုန်စေခဲ့သည်။

လီလော့ ဤတိုက်ခိုက်မှုကြောင့် အံ့သြသွားခဲ့သည်။ အောင်းပိုင်သာ ရိုက်ချက်ကိုခံယူလိုက်လျှင် အသားပြားသဖွယ် ပြားကပ်သွားလိမ့်မည်။ မပြည့်စုံသော မြို့စားအဆင့်ပညာရပ်က အဆင့်မြင့်နဂါးပဉာရပ်ထက်ပင်အဆပေါင်းများစွာသာလွန်သည်ကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်ခဲ့ချေပြီ.....

ဝုန်းးးးးးး

သို့သော် လီလော့နှင့်ကျင်းထန်ရှုတို့သာဆို စွန်းတရှန်၏တိုက်ခိုက်မှုကိုရှောင်ရှားရန်ရွေးချယ်ခဲ့မည်ဖြစ်သော်လည်း အောင်းပိုင်ကတော့ ထိုသို့မဟုတ်ခဲ့ပေ။ တစ်လက်မတောင် နောက်ပြန်မဆုတ်ဘဲ သုံးခွမှိန်းဖြင့်တန်ပြန်တိုက်ခိုက်လိုက်လေသည်။

ပေါက်ကွဲမှုအရှိန်ကကြယ်တံခွန်နှစ်စင်း တွေ့ဆုံမှုကဲ့သို့ပင်......

ပေါက်ကွဲမှုအရှိန်ကြောင့် လေဟာနယ်ပင်ကွဲကြေလုနီးနီးဖြစ်ကုန်သည်။

စက္ကန့်အနည်းငယ်အကြာတွင် စွန်းတရှန်သည် ရုတ်တရက် နောက်သို့ လွင့်စင်သွားကာသူ၏ ပဲ့တင်ထပ်သံ စွမ်းအားများသည် ကွဲသွားသော မီးပုံးပျံကဲ့သို့ သူ့ထံမှ ထွက်လာသည်။

နတ်ဆိုးမျောက်ဝံ၏ဆန္ဒ ကုန်ဆုံးသွားခဲ့ပါပြီ.....

စွန်းတရှန်သည်လေလျော့သွားသောဘောလုံးတလုံးသဖွယ် လေထဲမှကျဆင်းလာကာ ပြိုကျနေသော နံရံတစ်ခုနှင့်ဆောင့်မိသွားပြီးသွေးပွက်ပွက်အန်နေလေသည်။

"မင်းတို့အလှည့်..."

သူ ညည်းတွားလိုက်သည်။

လီလော့နဲ့ကျင်းထန်ရှုတို့တွင် သူ့ရဲ့ဒဏ်ရာတွေကို အာရုံစိုက်ဖို့ အချိန်မရှိကြပေ။ သူတို့က အောင်းပိုင်ကိုသာအာရုံစိုက်နေပြီး စွန်းတရှန်၏ တိုက်ခိုက်မှုအင်အားကြောင့် အောင်းပိုင်၏ နဂါးကြေးခွံချပ်ဝတ်ပေါ်တွင် နက်ရှိုင်းသော အက်ရာတခုထင်ကျန်ရစ်ခဲ့သည်။

ထို့ထက် ပိုအရေးကြီးသည်မှာ ရင်ဘတ်ဧရိယာရှိ ငွေနဂါးအကြေးခွံအလွှာကြီးတွင် အပေါက်ကြီးတစ်ခု ကွဲထွက်သွားသည်။

အပိုဆုအနေဖြင့် အောင်းပိုင်သည် အနည်းငယ် ဝိုးတဝါးဖြစ်နေပြီး သူ့မျက်လုံးအတွင်းက ပိုးဖလံသည်လည်း ဂနာမငြိမ်တော့ပေ။

"အဆင့်နိမ့်နဂါးပညာရပ်၊ လေနတ်ဆိုး၏အမျက်ဒေါသ!"

ကျင်းထန်ရှု အချိန်မဖြုန်းခဲ့ပေ။ သူသည် အစိမ်းရောင်ရွှေသစ်ရွက်ဖြင့် သန့်စင်သော စွမ်းအင်လှံကို ဖန်တီးကာ အောင်းပိုင်၏ရင်ဘတ်သို့ ချိန်ရွယ်ပစ်ခတ်လိုက်သည်။

"လီလော့!"

ကျင်းထန်ရှုသည် လီလော့၏ တိုက်ခိုက်မှုကို ပြီးပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်မည်ဟုသာ မျှော်လင့်နိုင်သည်။ သူတစ်ယောက်တည်း ကျန်နေတဲ့ နဂါးတံတိုင်းကို ဖြတ်ကျော်ဖို့ မဖြစ်နိုင်ပေ။

လီလော့ အသက်ပြင်းပြင်းရှူလိုက်ပြီး လှုပ်ရှားလိုက်သည်။ ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း လင်းထိန်နေသော အလင်းတန်းဖြင့် ဖုံးအုပ်လိုက်သည်။

ကျင်းထန်ရှုက သူ့ကို စိုက်ကြည့်နေပြီး...

"ရေတစ်ထောင် ဓားချက်ပဲလား... မင်းမှာ နဂါးအဆင့်ပညာရပ် လုံးဝမရှိဘူးလား...!" ဟူ၍ စိတ်ပျက်စွာအော်ဟစ်နေ၏။

ယခင်က လီလော့၏ ကြွပ်ဆတ်ဆတ်အမူအရာကြောင့် ဝှက်ဖဲတခုခုရှိနေမည်ဟု ယုံကြည်ခဲ့သော်လည်း ယခုအခါ ယခင်ကတည်းက အကြိမ်များစွာ မြင်တွေ့ခဲ့ဖူးသော သာမန်ရေတစ်ထောင်ဓားချက်ကို အသုံးပြုနေပြီဖြစ်သည်။

ဤပညာရပ်သည် ဆိုးဆိုးရွားရွားမဟုတ်သော်လည်း နောက်ဆုံးတွင် ၎င်းသည် ကျားအဆင့်ပညာရပ်တစ်ခုမျှသာဖြစ်သည်။

လီလော့သည် သန်မာသောကိုယ်ခန္ဓာနှင့် ပဲ့တင်ထပ်သံ နှစ်ခုကြောင့် အတော်လေးအင်အားကောင်းနေနိုင်သော်လည်း ဤကျားအဆင့်ပညာရပ်သည် ပြိုင်ဘက်နှင့် လုံးဝယှဉ်နိုင်မည်မဟုတ်ပေ။

လီလော့က ကျင်းထန်ရှု၏ စိတ်ပျက်အားငယ်မှုကို လျစ်လျူရှုခဲ့သည်။ သူသည် ဓားချက်ကို ဒီရေကို ပိုင်းခြားနိုင်သော သန္တာကျောက်တန်းကြီး ဖြစ်သည်အထိ အဆင်မြှင့်တင်ရင်း အလုပ်များနေပါသည်။

ရေတစ်ထောင်ဓားချက်သည် အဆင့်မြင့် ကျားအဆင့်ပညာရပ် ဖြစ်သည်။

လီလော့ လေ့ကျင့်ခဲ့သော ပဲ့တင်ထပ်သံပညာရပ်သည် ပြီးပြည့်စုံမှုနှင့် အနီးစပ်ဆုံးဖြစ်သည်။ လှုပ်ရှားမှုကို လေးလေးနက်နက် နားလည်သဘောပေါက်ပြီး တစ်ကြိမ်ထက်မက သူ့အသက်ကို ကယ်တင်ရန် အသုံးပြုခဲ့သည်။ ၎င်းထဲသို့ အလင်းစွမ်းအင်များ ပေါင်းစပ်မှုသည် ရေ၏အမြန်နှုန်းကို မြင့်မားစေပြီး ထက်ရှမှုကလည်း အခြားသူများ မျှော်လင့်ထားသည်ထက် ကျော်လွန်သွားပါသည်။

လီလော့ ထိုပညာရပ်ကို သေချာပေါက် ပြင်ဆင်ထားခဲ့သည်။

ဆရာသခင်အဆင့်ဖြင့် ပဲ့တင်ထပ်သံပညာရပ်များကို ပြုပြင်ပြောင်းလဲရန် ရည်မှန်းချက်ကြီးမားကြောင်း အခြားသူများသိပါက အရူးတစ်ယောက်ဟုသတ်မှတ်ပြီး ရယ်မောနေပေမည်။

လီလော့ကတော့ ဒါတွေကိုဂရုစိုက်နေမည်မဟုတ်ပေ။နန်ဖန်းကောလိပ်တွင် အမှိုက်ဘဝနှင့်နေခဲ့စဉ်ကတည်းက ပဲ့တင်ထပ်သံပညာရပ်များအပေါ်နားလည်နိုင်စွမ်းကောင်းမွန်သည်ကို မည်သူမျှမငြင်းဆန်နိုင်ပေ။

"ရေတစ်ထောင်ဓားချက်ပညာရပ်က ရေပဲ့တင်ထပ်သံ တွန်းအား စီးဆင်းမှုဖြင့် ဖွဲ့စည်းထားသော ဖြတ်တောက်နိုင်သည့် တွန်းအားတစ်ခု ဖြစ်တယ်.... စီးဆင်းနှုန်း ပိုမြန်လေလေ တွန်းအား အားကောင်းလေလေပဲ..."

" ပုံမှန်ဓားချက်မှာ အလင်းစွမ်းအင်ပေါင်းထည့်လိုက်တော့ ပိုပြီးအဆင်ပြေချောမွေ့သွားတယ်......"

လီလော့၏ မျက်လုံးများက အောင်ပွဲခံကာ တောက်ပနေသည်။

သူ့ခန္ဓာကိုယ်အတွင်းတွင် အလင်းစွမ်းအင်များက ဓားသွားအစွန်းဆီသို့ ငြိမ့်ညောင်းစွာစီးဆင်းသွားပြီး ရေစွမ်းအားကို ထူးခြားသည့် ပုံစံတစ်ခုအဖြစ်သို့ ပုံဖော်ပေးနေကာ အရှိန်အဟုန်ပိုမြန်အောင်ပံပိုးပေးနေသည်။

ထိုမျှနှင့် မပြီးသေးပေ။ သူသည် တစ်ခုနှင့်တစ်ခု ချောမွေ့စွာ ဆက်စပ်နေသော ပုံသဏ္ဍာန်များ(pattern)ကို ထပ်ခါထပ်ခါဖန်တီးနေသည်။

နောက်ဆုံးတွင် လုံလောက်အောင် ပြင်ဆင်ပြီးသောအခါ ထွက်ပေါ်လာသည့်အရှိန်အဟုန်က ကျင်းထန်ရှုကိုပင် ပါးစပ်အဟောင်းသားဖြစ်စေခဲ့သည်။

ဤတိုက်ခိုက်မှုသည် ယခင်ကထက် ပိုမိုပြင်းထန်လာသည်ကို သူ ခံစားသိရှိနိုင်သည်။

ဒါက ရေတစ်ထောင်ဓားချက် မဟုတ်တော့ဘူးလား......

၎င်းထံမှ ကြားလိုက်ရသော ညည်းသံက နဂါးတစ်ကောင်၏ ဟိန်းသံကို သတိရစေသည်။

"တကယ်ပဲ၊ ငါ့မှာ နဂါးအဆင့်ပညာရပ်မရှိသေးဘူး.."

"ဒါပေမယ့် ငါ့ရဲ့ ဒီမွမ်းမံထားတဲ့ ကျားအဆင့်ပညာရပ်က နဂါးအဆင့်ပညာရပ်နဲ့ ယှဉ်နိူင်မယ်ထင်လား....."

ကျင်းထန်ရှု အံ့သြစွာဖြင့် ခေါင်းယမ်းလိုက်သည်။ လီလော့ တကယ်ကို ရူးသွပ်နေပြီ။ သူ့ကိုယ်ပိုင် ပဲ့တင်ထပ်သံပညာရပ်ကို ဖန်တီးနိုင်ခဲ့တာလား..... ဆရာသခင်အဆင့်လောက်နဲ့ ဒါမျိုးတွေလုပ်နိုင်ပြီလား......

လီလော့ ရှေ့ကို တိုးလာပြီး တိုက်ခိုက်မှုကို စတင်ခဲ့သည်။

ဝုန်းးးးး

လီလော့ ပြုံးလိုက်သည်။

"စီနီယာအောင်းပိုင်.... ကျုပ်ရဲ့ နောက်ဆုံးဖန်တီးမှုကို မြည်းစမ်းကြည့်လိုက်ပါ... အဲဒါကို ရေတစ်ထောင် ဓားစက်ဝန်းလို့ခေါ်တယ်......"

All Chapters