စည်းလုံးညီညာအောင်ကြောင်းဖြာ......
Vol. 42 Ch. 578
ဝုန်းးးးး
တော်ပီဒိုနှင့်တူသော လှံတစ်စင်း လေထဲသို့ ပျံတက်သွားပြီး ပဲ့တင်ထပ်သံစွမ်းအားပေါက်ကွဲသံများက လှံကိုဖြောင့်မတ်စွာပျံသန်းနိုင်ရန် လျင်မြန်စွာ တွန်းပို့နေသည်။
ကျင်းထန်ရှုရဲ့ လေနတ်ဆိုးရဲ့အမျက်ဒေါသ......
အောင်းပိုင်၏မျက်လုံးထဲက ပိုးဖလံသည် ကမောက်ကမဖြစ်နေဆဲဖြစ်သော်လည်း၊ စွန်းတရှန်၏လက်ချက်ကြောင့်ငွေနဂါးအကြေးခွံများ ပျက်စီးနေသောနေရာဆီသို့ ကျင်းထန်ရှု၏လှံချက် ကျရောက်သွားလေသည်။
လေနတ်ဆိုး၏အမျက်ဒေါသကြောင့် ချပ်ဝတ်မှ နဂါးအကြေးခွံများ တလွှာချင်းပဲ့ကြွေနေသော်လည်း အောက်တွင် ငွေရောင်ချည်ကြိုးများသွယ်ယှက်ထားသလို အလွှာပါးတခုကျန်နေသေးသည်။ဤသည်ကိုကြည့်ချင်းအားဖြင့် အောင်းပိုင်၏ နဂါးအဆင့်ပညာရပ်သည် ၎င်းတို့လေးဦးကို ဖြုတ်ချရန် စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေကြောင်း ထင်ရှားနေပြီဖြစ်သည်။
ဒါပေမယ့် လီလော့ရဲ့ တိုက်ခိုက်မှု ကျန်နေပါသေးသည်။
ရေတစ်ထောင်ဓားစက်ဝန်းဟာ ကြည်လင် လှပပြီး သေမင်းတမန်လို တောက်ပနေ၏။
ပြန်လည်ပြုပြင်ထားသော ကျားအဆင့်ပညာရပ်သည် နဂါးအဆင့်ပညာရပ်
ကဲ့သို့ပင် အားကောင်းနေပေမည်။
အောင်းပိုင်၏ ရင်ဘတ်ထဲသို့ ဓားကို ကျေနပ်အားရစွာ ဖိသွင်းလိုက်သည်။
အားးးးးးး
ဓားချက်က နောက်ဆုံးသော ကာကွယ်ရေးစည်းကို ကျော်ဖြတ်ရန် ရုန်းကန်ရင်း သန်မာသော ငွေကြိုးများကို တစ်ခုပြီးတစ်ခု ဖြတ်တောက်ခဲ့သည်။
အောင်းပိုင်သည် အန္တရာယ်ကို သတိပြုမိပြီး အော်ဟစ်လိုက်သည်။ ငွေရောင်အလင်းတန်းများ သူ့ခန္ဓာကိုယ်အနှံ့ ပေါက်ကွဲသွားပြီး သူ၏ချပ်ဝတ်တန်ဆာ၏ မပျက်စီးနိုင်သော အစိတ်အပိုင်းများကို ဖုံးအုပ်ထားသည့် အကြေးခွံများကို အသက်ဝင်စေသည်။ ၎င်းတို့သည် ငွေရောင်အလင်းတန်းအဖြစ် ပြိုကွဲသွားကာ တိုက်ခိုက်ခံရသည့် အားနည်းသည့်နေရာတွင် ဆုံစည်းခဲ့ကြသည်။
"လုမင်!"
လီလော့ ဤအလှည့်အပြောင်းကြောင့် ဝမ်းသာနေပါသည်။ သူသည် နဂါးတံတိုင်းကို ဤအခြေနေထိရောက်အောင် တွန်းပို့နိုင်ခဲ့ပြီး အောင်းပိုင်၏ ကျန်ခန္ဓာကိုယ်အတွက် ကာကွယ်မပေးနိုင်တော့ပေ။ ငွေနဂါးအကြေးခွံများကို အပြီးသတ်ခွာချဖို့ အချိန်တန်ပြီ.....
လီလော့၏ အော်ဟစ်သံကြောင့် အောင်းပိုင် ၏ နောက်ကွယ်တွင် လူရိပ်တခု ပေါ်လာသည်။
လုမင်သည် ဤအခိုက်အတန့်အတွက် ဂရုတစိုက်ပြင်ဆင်နေသော်လည်း လီလော့ တကယ်လုပ်နိူင်ပါ့မလားဟု သံသယဝင်နေဆဲပင်.....
လီလော့သည် ယခုအချိန်အထိ ၎င်း၏ အကြီးမားဆုံး ခွန်အားကို ပြသခဲ့ပြီး တိုက်ပွဲကို လိမ္မာပါးနပ်စွာဖြေရှင်းခဲ့သည်။
လီလော့ရဲ့ တိုက်ခိုက်မှုက သူအရင်က ပြသဖူးသမျှထက် ပိုပြင်းထန်နေသဖြင့် သူမ၏သံသယများက အပိုသက်သက်ဖြစ်နေခဲ့သည်။
"ဒီကောင်က ပဲ့တင်ထပ်သံပညာရပ်ကို ပြုပြင်ပြောင်းလဲနိုင်ခဲ့တာလား...? အဲ့ဒါ ကြောက်စရာကောင်းတဲ့ အရည်အချင်းတစ်ခုပဲ" ဟု သူမ တွေးလိုက်မိသည်။
ပဲ့တင်ထပ်သံနှစ်ခု အသုံးပြုသူတစ်ဦးအနေဖြင့် သူမသည်လည်း အခြားသူများ မစမ်းသပ်ရသေးသော နည်းလမ်းများဖြင့် မတူညီသောစွမ်းအားများကို ရောနှောဖို့ကြိုးစားခဲ့ဖူးသည်။ သူမ ဒါကို နားလည်သော်လည်း လီလော့၏ ဖန်တီးမှုသည် အမှန်ပင်စိတ်လှုပ်ရှားဖွယ်ကောင်းလှပေသည်။
လုမင် အံ့အားသင့်နေသော်လည်း အခွင့်အရေးကို လက်လွှတ်မခံခဲ့ပေ။ လီလော့က အခွင့်အရေးကို ဖန်တီးလိုက်ချိန်မှာတော့ သူမက အောင်းပိုင်ရဲ့ ညာဘက်ခြမ်းဆီသို့ ကြောင်တစ်ကောင်လို မြန်မြန်ဆန်ဆန် ခုန်ဝင်သွားလိုက်သည်။
အောင်းပိုင်၏လည်ပင်းကို ဆုပ်ကိုင်ထားရန် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်စဉ် သူမ၏ သေးသွယ်သော လက်ချောင်းများပေါ်တွင် လျှပ်စီးတန်းများ တလက်လက်တောက်ပလာသည်။
အောင်းပိုင်းခန္ဓာကိုယ်ထဲသို့ လျှပ်စီးစွမ်းအင်များပို့လွှတ်နိုင်လျှင် ပိုးဖလံကိုပါထိခိုက်စေလိမ့်မည်။
ပိုးဖလံက အတောင်ပံများကို ပြင်းပြင်းထန်ထန် ခတ်လိုက်သည်။ အောင်းပိုင်၏ မျက်လုံးများမှ သွေးများ ထွက်ကျလာပြီး လုမင်၏ လက်ပေါ်သို့ ကျရောက်လာသည်။
ဖျစ်...ဖျစ်...ဖျစ်....
သွေးက လျှပ်စီးကို ချက်ချင်းတိုက်ထုတ်လိုက်ပြီး တိုက်ခိုက်မှုကို ပျက်ပြယ်စေကာ လုမင်ရဲ့အရေပြားကိုတိုက်စားနေ၏။
လီလော့နှင့် ကျင်းထန်ရှုတို့သည် ပိုးဖလံ၏ကိုယ်ပိုင်တိုက်ခိုက်နိုင်စွမ်းကြောင့် အံ့အားသင့်သွားကာ သူတို့၏နှလုံးသားများ နစ်မြုပ်သွားခဲ့သည်။ လုမင် ဒဏ်ရာ ရသွားခဲ့ရင် သူတို့ရဲ့ အစီအစဉ် တစ်ခုလုံး ပျက်စီးသွားလိမ့်မည်။
လုမင် ယိမ်းယိုင်သွားပြီးနောက် သူ့ပုံရိပ်လည်း ပျောက်ကွယ်သွားသည်။
ပုံရိပ်ယောင်......
လီလော့နှင့်ကျင်းထန်ရှုတို့မျက်လုံးပြူးကုန်သည်။
လုမင်သည် အမှန်တကယ် သတိကြီးသူဖြစ်သည်။
ဝုန်းးးးးး
တစ်ချိန်တည်းမှာပင် အောင်းပိုင်၏ဘယ်ဘက်တွင် လူရိပ်တခုပေါ်လာသည်။ သူမ၏ လက်ဝါးက အောင်းပိုင်၏အားနည်းနေသော ရင်အုပ်ပေါ်သို့ ထိထိမိမိကျရောက်သွားခဲ့ချေပြီ.......
အုန်းးးးးးး
လျှပ်စီးစွမ်းအင်က အောင်းပိုင်ကို ထုံကျင်သွားစေပြီ နောက်ဆုတ်သွားစေခဲ့သည်။ သူ့မျက်လုံးများက တုန်လှုပ်ခြောက်ခြားဟန်ဖြင့်ပြူးကျယ်နေပြီး ပိုးဖလံကို လျှပ်စီးများကရစ်ပတ်နေသည်ကို အတိုင်းသားမြင်နေရသည်။
ပိုးဖလံသည် ထိန်းချုပ်နိုင်စွမ်းရှိသော်လည်း ယခုချိန်တွင် အားနည်းနေသဖြင့် ကူကယ်ရာမဲ့စွာ ယောက်ယက်ခတ်နေသည်။
ခဏအကြာတွင်၊ အောင်းပိုင်၏မျက်လုံးများထဲမှ အနီရောင်အမှုန့်များထွက်ကျလာသည်။
လုမင်က နောက်ပြန်လှည့်လာပြီး အောင်းပိုင် ကို ဂရုတစိုက်ကြည့်နေသည်။
လီလော့နှင့် ကျင်းထန်ရှုတို့သည်လည်း အလားတူ သတိကြီးစွာဖြင့် အောင်းပိုင်ကိုစောင့်ကြည့်နေကြသည်။
အောင်းပိုင် ချောင်းဆိုးပြီး သွေးတလုတ်အန်ချလိုက်သဖြင့် သူ့မျက်နှာ ရုတ်တရက် ဖြူဖျော့သွားသည်။
"ငါ... မင်းတို့ကို ဒုက္ခများစေခဲ့ပြီ...."
ဒဏ်ရာရရှိနေဆဲဖြစ်သော စွန်းတရှန် အပါအဝင် အားလုံး သက်ပြင်းချလိုက်ကြလေပြီ.....အောင်းပိုင် ပြန်ကောင်းလာပြီ.....
လီလော့က....
"စီနီယာ အောင်းပိုင်...ဒါက မင်းအပြစ်မဟုတ်ပါဘူး.... ဒီပိုးဖလံက သန်မာလွန်းတယ်၊ ငါတို့ ဘာမှလုပ်လို့ မရဘူး....အခုချက်ချင်းမလှုပ်ရှားသေးဘဲ ခွန်အားစုဆောင်းဖို့အကြံပြုပါရစေ....."
အောင်းပိုင်က အားနည်းသော အပြုံးကို ထိန်းထားပြီ....
" ဂျူနီယာ လီလော့၊ စိတ်မပူပါနဲ့၊ ငါ့ရဲ့ စွမ်းအားတွေ လုံးဝ ကုန်သွားပြီ.... လှုပ်ချင်ရင်တောင် လှုပ်ရှားလို့ မရဘူး....."
သူ ထိန်းချုပ်ခံထားရသော်လည်း လီလော့နှင့် အခြားလူများက သူ့ကို ကယ်တင်ရန် ကြိုးစားခဲ့သည်ကို သိနေခဲ့သည်။ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသော အောင်ပွဲတစ်ခုဖြစ်သောကြောင့် အားလုံးလည်းပင်ပန်းနေကြပြီဖြစ်သည်။
ကျင်းထန်ရှု၊ စွန်းတရှန်နှင့် လုမင်တို့သည် လီလော့၏ အကြံပြုချက်ကို လက်ခံကာ ခေါင်းညိတ်ပြလိုက်ကြသည်။
"နှင်းစက်တွေနေရာချဖို့ နောက်ထပ် နေရာသုံးခုကျန်နေသေးတယ်....အဲ့အတွက် ငါ မင်းတို့လေးယောက်ကိုပဲအပူကပ်ရတော့မယ်..."
အောင်းပိုင် အက်ကွဲနေသောအသံဖြင့် အားယူပြီးတောင်းဆိုလိုက်သည်။
"ငါတို့ဆီသတင်းကောင်းကို စောင့်နေပါ...."
လီလော့ သူ့ကို ရွှင်မြူးစွာ အာမခံလိုက်သည်။
...........
"ဟမ်?"
မြင့်မားသောမျှော်စင်ပေါ်တွင် ကြက်သွေးရောင်ဝတ်ရုံကို ၀တ်ဆင်ထားသူက အံ့အားသင့်စွာ လှည့်ပတ်ကြည့်နေသည်။
"တစ္ဆေပိုးဖလံတွေ ပျက်စီးသွားပြီလား? ဆရာသခင်အဆင့် လေးယောက်ပေါင်းပြီး စစ်သူကြီးတပိုင်းအဆင့်ကို ဖိနှိပ်ခဲ့တယ်ပေါ့....ဒီကောင်တွေ မခေဘူးပဲ....."
သူက ခဏလောက် ပြုံးလိုက်ပြီး သွေးအမြီးရဲ့ တိုက်ပွဲကို ပြန်ကြည့်လိုက်သည်။
" အချိန်တန်ပြီ...."
" ကောင်းကင်ပုလဲအဆင့်ရှစ်ယောက် ကြာကြာမခံတော့ဘူး....."