တန်ပြန်တိုက်ခိုက်ဖို့အချိန်တန်ပြီ......
Vol. 42 Ch. 579
စွမ်းအင်မုန်တိုင်းများကြောင့် မြို့တော်တခုလုံး တုန်ခါသွားသည်။
ကောင်းကင်ယံ၌ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေဆဲပင်.....
ကောင်းကင်ပုလဲအဆင့်မှ အထက်တန်းစား ကျောင်းသားရှစ်ယောက်သည် သွေးအမြီးနတ်ဆိုးကိုတိုက်ခိုက်နေရင်း ၎င်းတို့၏ ကောင်းကင်ပုလဲများက သဘာဝစွမ်းအင်များကို တတ်နိုင်သမျှ မြန်မြန်စုပ်ယူကြသည်။ သို့သော် တိုက်ပွဲကိုတစ်ချက်ကြည့်လိုက်လျှင် နတ်ဆိုးဘက်က အကြွင်းမဲ့အသာစီးရနေကြောင်း မည်သူမဆိုပြောနိုင်လောက်အောင်ပင် တဖက်စောင်းနင်းနိုင်လှသည်။
လန်လန်၊မင်းသမီးနှင့်ကုန်းရှန်ကျွင်းကဲ့သို့သော အင်အားကြီးသူ ရှစ်ယောက်အနက်မှ သန်မာသူများကာအခြေနေကိုထိန်းထားနိုင်သော်လာည်း ချင်ယွဲ့နှင့်ကျောက်ပိုင်လီတို့မှာ ဒဏ်ရာများ ရရှိနေပြီဖြစ်သည်။
ချင်ယွဲ့ကတော့ အဆိုးဆုံးဖြစ်သည်။ စိုစွတ်နေသော သွေးအစင်းကြောင်းများက ဝတ်ရုံမှတဆင့် စိမ့်ထွက်ကာ ညာပခုံးမှ တင်ပါးအထိအောင်ရှည်လျားသည်။ သွေးအမြီးနတ်ဆိုး၏ အမြီးမှ အမွှေးများ ဒဏ်ရာတွင် ကပ်ညိနေသဖြင့် မယုံနိုင်လောက်အောင် နာကျင်မှုကို ဖြစ်ပေါ်စေပြီး ပြန်လည်သက်သာဖို့ကို တားဆီးထားသည်။ သူ့မျက်နှာမှာ နာကျင်မှုကြောင့် ဖြူဖျော့နေပြီး သေလုမတတ် ခံစားနေရသည်။
သို့တိုင် သူက ဆက်လက်တိုက်ပွဲဝင်ခဲ့သည်။
မင်းသမီးနှင့် အခြားသူများက သူ့အခက်အခဲကို နားလည်ကြပြီး ဝိုင်းဝန်းကာကွယ်ပေးနေရသဖြင့် တဖြည်းဖြည်း ဖိအားများတိုးလာသည်။
မင်းသမီး၏ ကျောက်စိမ်းလှံသည် မရပ်မနားရွေ့လျားနေပြီး သွေးမြီးနတ်ဆိုးကိုပြင်းထန်စွာတိုက်စစ်ဆင်နေသော်လည်း နတ်ဆိုးက အမြီးတချက်ယမ်းရုံဖြင့်တိုက်ခိုက်မှုများကိုလွင့်ပြယ်စေခဲ့သည်။
ရှည်လျားလွန်းသော မြေခွေးအမြီးသည် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။ ၎င်းသည် သွေးအမြီးနတ်ဆိုးအတွက် စွမ်းအား အရင်းအမြစ်ဖြစ်ပြီး ဆိုးယုတ်သောစွမ်းအင်များ လေးလံစွာစီးဆင်းနေသည်။ထိုအမြီးက နတ်ဆိုးအတွက် လက်နက်နှင့် ကာကွယ်ရေး နှစ်ခုလုံးဖြစ်ပြီးအလှည့်တိုင်းတွင် တိုက်ခိုက်မှုများကို တားဆီးထားသည်။
အမြီးတချက်ယမ်းလိုက်တိုင်း ရှစ်ယောက်စလုံး အလျင်စလိုရှောင်တိမ်းနေရသည်။
"ငါတို့ အကြာကြီး မထိန်းနိုင်တော့ဘူး..."
မင်းသမီးက မျက်မှောင်ကြုတ်လိုက်သည်။ ၎င်းတို့သည် ခံစစ်အနေအထားရောက်ရန် အတင်းအကြပ် ဖိအားပေးခံထားရသည့်အပြင် တိုက်ခိုက်ရန် သင့်တော်သော အခိုက်အတန့်တွင် ၎င်းတို့၏ အင်အားမလုံလောက်မှုကြောင့် ဘာမှအရာမထင်ခဲ့ပေ။
နှင်းစက်များနေရာချထားပြီးဖို့ကိုသာမျှော်လင့်ရတော့မည်။
ထိုအချိန်တွင်၊ သွေးအမြီးနတ်ဆိုး အားပျော့ပြီး ဖိနှိပ်ခံရမည်ဖြစ်ပြီး တန်ပြန်တိုက်ခိုက်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။
မင်းသမီးသည် တိုက်ခိုက်မှုများကို ဆက်ထိန်းကာ နောက်သို့ အမြန် တစ်ချက်ကြည့်လိုက်သည်။ အုံ့မှိုင်းနေသော လေထုထဲတွင် ဟိုဟိုသည်သည်မှ သန့်စင်သောအလင်းတန်းတချို့ကို မြင်နေရချေပြီ.....
" လီလော့....ဒီကောင်လေး ဘယ်လောက်တောင်သန်မာနေပြီလဲ....."
အောင်းပိုင် ပြုစားခံလိုက်ရကြောင်း သိထားသဖြင့် အောင်းပိုင်လိုသန်မာသူကို လီလော့တို့ ဖြေရှင်းဖို့မလွယ်ကြောင်း အားလုံးနားလည်ထားကြသည်။
လီလော့တို့ အောင်းပိုင်ကို တိုက်ခိုက်နေခြင်းကြောင့် ၎င်းတို့၏ မစ်ရှင်ကို ရပ်တန့်သွားစေပြီး တိုက်ပွဲတစ်ခုလုံးကို ဆုံးရှုံးသွားစေမည်ဖြစ်သည်။
သို့သော်လည်း သွေးအမြီးနတ်ဆိုးကြောင့် လီလော့တို့ကိုကူညီဖို့မဖြစ်န်ိင်သောကြောင့် ကံကောင်းပါစေဟုသာ ကြိတ်စုဆောင်းနေကြရသည်။
သို့သော်လည်း လီလော့က မထင်မှတ်ထားသည်များကို လုပ်ခဲ့ပြန်ပြီ....
၎င်းတို့၏ လက်ရှိ အရှိန်အဟုန်အရ သိပ်မကြာခင် နှင်းစက်များကို အကုန်အစင်နေရာချထားနိုင်တော့မည်ဖြစ်သည်။
မင်းသမီး၏နှလုံးခုန်သံကို ရုတ်ခြည်းကြားလိုက်ချိန်တွင် သွေးအမြီးနတ်ဆိုးက ပြိုင်ဘက်အားလုံးကို ထိတ်လန့်တုန်လှုပ်သွားအောင် တခစ်ခစ်ရယ်မောလိုက်သည်။
သူတို့ဟာ သွေးအမြီးနတ်ဆိုးကို ခဏတာ တိုက်ခိုက်ခဲ့ပြီးဖြစ်လို့ ရယ်မောသံကိုခုခံဖို့
စွမ်းအင် ပမာဏအတော်များများသုံးလိုက်ရသည်။ဒီတစ်ခေါက်ရယ်မောသံက အရင်ကထက်ပိုပြင်းထန်နေသည်။
"သတိထားကြ!" လန်လန်က လှမ်းအော်လိုက်သည်။
"သန့်စင်ရေးအစီအရင် ရုပ်လုံးပေါ်လာတာကို အာရုံခံမိသွားပြီထင်တယ်.....သူ ငါတို့ကိုအပြတ်သတ်ဖိနှိပ်ဖို့ ဖိအားပေးတော့မယ်......"
ကျန်ခုနစ်ယောက်သည် ၎င်းတို့၏ ကောင်းကင်ပုလဲများကိုသုံးကို ကာကွယ်ရေးအပေါ် နှစ်ဆတိုးကာ အာရုံစိုက်လာကြသည်။ ၎င်းတို့သည် သွေးအမြီးနတ်ဆိုးနှင့် တိုက်ခိုက်ရုံသာမက လီလော့နှင့်အခြားသူများကို တိုက်ခိုက်ရန် ကြိုးပမ်းနေသည့် ကမ္ဘာခြားသက်ရှိများကိုလည်း နှိမ်နင်းပေးနေရသည်။
ထိုအချိန်တွင် သွေးအမြီးနတ်ဆိုးက အနီရောင်တောက်ပနေသော အမြီးကိုတချက်ဝှေ့ယမ်းလိုက်သောအခါ ကြက်သွေးရောင်တောက်ပနေသော အရိုးခေါင်းရှစ်ခုဖြစ်ပေါ်လာသည်။
ထိုအရိုးခေါင်းများလေထဲတွင် လွင့်မြောနေပြီး ဟောင်းလောင်းဖြစ်နေသော မျက်လုံးပေါက်နှစ်ခုထဲကနေ မီးတောက်များထွက်ပေါ်လာသည်။
မီးတောက်များက တစတစပိုမိုပူပြင်လာပြီး အရိုးခေါင်းတခုချင်းစီက အဖွဲ့ခေါင်းဆောင်တစ်ယောက်ချင်းစီသို့ ဉီးတည်ပျံသန်းသွားလေသည်။
မီးတောက်နေသောအရိုးခေါင်းများက တိုက်ခိုက်မှုအသစ်တစ်ခုဖြစ်ပြီး လန်လန်သည် ၎င်းတို့ မည်မျှ အစွမ်းထက်ကြောင်း အာရုံခံမိသဖြင့် အစွမ်းကုန် ခုခံရန်ပြင်ဆင်နေသည်။
တိုက်ခိုက်မှုကို မည်သူကမျှ ပေါ့ပေါ့တန်တန် မခံဝံ့ကြပေ။ သူတို့သည် ပဲ့တင်ထပ်သံစွမ်းအားများကို အမြှင့်ဆုံးအထိ ထုတ်လွှတ်ထားကြပြီး တိုက်ခိုက်မှုအားလုံးကို ပိတ်ဆို့ ထားကြသည်။
ခဏအကြာတွင်.....
ဝုန်းးးဝုန်းးးဝုန်းးးး
အသင်းခေါင်းဆောင် ရှစ်ဦးစလုံး နောက်ပြန်ဆုတ်သွားခဲ့သည်။ သူတို့ရဲ့ စွမ်းအား အားလုံးကို ထုတ်သုံးခဲ့ပေမယ့် မီးတောက် နေတဲ့အရိုးခေါင်းတွေကို ရပ်တန့်န်ိုင်ခဲ့ကြသည်။
သို့သော် အားလုံးစိတ်သက်သာရာရနေချိန်မှာ ချင်ယွဲ့ကိုပစ်မှတ်ထားနေသည့် အရိုးခေါင်းပါးစပ်က ရုတ်တရက်ပွင့်ဟလာပြီး ၎င်းထဲမှာ လက်တစ်ချောင်းထွက်ပေါ်လာသည်။ထိုလက်ချောင်းက ချင်ယွဲ့၏နဖူးဆီသို့ ညွှန်ထားပြီးအနက်ရောင်အကျိအချွဲ့များကိုပစ်ထုတ်လိုက်သည်။
နောက်ထပ်တိုက်ခိုက်မှုကြောင့် ချင်ယွဲ့ အငိုက်မိသွားခဲ့သည်။ ရှင်းနေသည်မှာ၊ သွေးအမြီးနတ်ဆိုးသည် ၎င်းတို့ထဲမှ အညံ့ဆုံးအတွက် အထူးအပိုဆုတစ်ခုခုကို ပြင်ဆင်ထားပုံရသည်။
"ချင်ယွဲ့ သတိထားပါ!"
တခြားသူတွေက သူတို့ရင်ဆိုင်နေရသည့် အရိုးခေါင်းများကြောင့် အချိန်မီ အကူအညီမပေးနိုင်ခဲ့ကြပေ။
အရေးကြီးသောအခိုက်အတန့်တွင်၊ ချင်ယွဲ့ က စွမ်းအင်များကိုပေါက်ကွဲစေပြီး အတော်ဝေးဝေးရောက်အောင် နောက်ဆုတ်လိုက်ကာ အနက်ရောင်အကျိအချွဲ့များကိုရှင်းပစ်ရန် မျှားတစ်စင်းပစ်လွှတ်လိုက်သည်။
ရွှီးးးးးးးး
အညစ်အကြေးအများစု ပျောက်ကွယ်သွားသော်လည်း အကုန်အစင် မဖယ်ရှားနိုင်ဘဲ အနည်းငယ် ကျန်နေသေးသည်။
ပြီးတော့ ဒါတွေက လုံးဝ အကာအကွယ်မဲ့နေတဲ့ ချင်ယွဲ့ ဆီကို ဦးတည်လာနေတယ်.....
သူ့ဝိညာဉ်မှန်ကို ရိုက်ချိုးဖို့တောင် အချိန်မရှိတော့ပေ။
ဒီနေ့ဒီမှာသေရတော့မှာလား......
နောက်ဆုံးတွင် သူ့မျက်လုံးများ မှိတ်ထားလိုက်တော့သည်။ ရုတ်တရက် မီးတောက်နေသော ဓားရှည်ကြီးသည် သူ့ပခုံးပေါ်မှ ကျော်၍ အနက်ရောင်အကျိအချွဲ့များထဲသို့ ထိုးဝင်ကာ ပြတ်သားစွာ လောင်ကျွမ်းသွားစေခဲ့သည်။
ဖျစ်...ဖျစ်.... ဖျစ်.....
လက်ချောင်းရိုးထဲကို ဓားနဲ့ထိုးလိုက်တာနဲ့ သတ္တုသံတွေ ထွက်လာသည်။
ရွှေရောင်မီးတောက်များက ပို၍ပင် ပြင်းထန်စွာ တောက်လောင်လာခဲ့သည်။ ထို့နောက် အနက်ရောင်မီးခိုးငွေ့များနှင့်အတူ လက်ချောင်းရိုးများ အက်ကွဲကာ ပျောက်ကွယ်သွားခဲ့သည်။
ချင်ယွဲ့ တုန်လှုပ်သွားပြီး သေမင်းနှုတ်ခမ်းဝကနေပြန်လှည့်လာရသလိုပင်ခံစားနေရသည်။
ကျန်းချင်းအာ စစ်ကူအဖြစ် ရောက်လာပြီဖြစ်သောကြောင့် အားလုံးဝမ်းသာနေကြသည်။
သူမသည် တစ်မြို့လုံးရှိ ကမ္ဘာခြားသက်ရှိများကို သုတ်သင်ပြီးပြီဖြစ်သောကြောင့် မင်းသမီးတို့ကို ကူညီရန်ရောက်လာခြင်းဖြစ်သည်။
သူမ လက်ဝှေ့ယမ်းလိုက်သည့်အခါ လေးလံသော ဓားရှည်သည် သူ့လက်ထဲသို့ ပြန်ရောက်လာသည်။
"ဂျူနီယာကျန်း၊ ကျေးဇူးတင်ပါတယ်"
ချင်ယွဲ့က သက်ပြင်းချလိုက်သည်။
ကျန်းချင်းအာက သူ့ကို ပြုံးပြပြီး တခြားအဖွဲ့ခေါင်းဆောင်တွေဆီ လှည့်ကြည့်လိုက်သည်။
"အချိန်နီးပြီ....."
သူတို့အားလုံး တူညီသော ဦးတည်ရာသို့ လှည့်ကြည့်လိုက်ကြသည်။
သန့်စင်သောနှင်းရည်တစ်စက်သည် အုံ့မှိုင်းနေသော ကောင်းကင်ယံထဲသို့ ဖြည်းညှင်းစွာ တက်လာခဲ့သည်။
နောက်ဆုံးတစ်စက်......
လေထဲသို့ နှင်းရည်စက် တက်လာသည်နှင့်အမျှ အလင်းတန်းတစ်ခုသည် သန့်စင်သော နှင်းစက်များအားလုံးကို ချိတ်ဆက်ပေးနေသည်။
နောက်အခိုက်အတန့်တွင် သူတို့သည် တောက်ပသောလမင်းကဲ့သို့ တစ်မြို့လုံးကို လွှမ်းခြုံထားသည့် အားကောင်းသည့် အလင်းတန်းတစ်ခု ဖန်တီးခဲ့သည်။
ကျောက်သားမြို့တော်အတွင်းရှိ ပုံရိပ်ယောင်များ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းအစား ထောင်းထောင်းကြေမွပျက်စီးနေသော မြို့ပျက်ကြီးကိုသာမြင်နေရချေပြီ......
ထိုမြင်ကွင်းကို ကြောက်ရွံ့နေသော်လည်း ကျောင်းသားအားလုံး သက်ပြင်းချလိုက်ကြသည်။
သန့်စင်ရေးအစီအရင်ပြည့်စုံသွားပြီမို့ ယခုအချိန်သည် တန်ပြန်တိုက်ခိုက်ရမည့်အချိန်ဖြစ်သည်။