← Chapters

ခေါင်းဆောင်များ၏တိုက်ခိုက်မှု....

Vol. 42 Ch. 580

ခေါင်းဆောင်များ၏တိုက်ခိုက်မှု....

Vol. 42 Ch. 580

ဝုန်းးးဝုန်းးးးး

သန့်စင်ခြင်းစွမ်းအားများသည် ကျောက်သားမြို့တော်၏ ရှုပ်ယှက်ခတ်နေသော ပုံရိပ်ယောင်များကို ငြိမ်သက်သွားစေပြီး ချောက်ချားဖွယ်အခြေနေအမှန်ကို လှစ်ဟာပြသပေးနေသည်။

များမကြာမီတွင်၊ တစ်မြို့လုံးသည် အသက်မဲ့အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး ကပ်ဘေးကြောင့် ပျက်စီးခဲ့ရသည့်အခြေနေအမှန်အတိုင်းပြန်ဖြစ်သွားခဲ့သည်။

ပျက်စီးနေသော ကျောက်သားခေါင်မိုးပေါ်တွင် လီလော့က ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေသည်။ နောက်ဆုံးနေရာချထားသော နှင်းရည်စက်သည် အခြားနှင်းစက်များနှင့် ချိတ်ဆက်သွားပြီး တမြို့လုံးအနှံ့ သန့်စင်ရေးစွမ်းအားများ ပျံ့နှံ့စေခဲ့သည်။

"ကျောက်သားမြို့တော်မှာ လူဦးရေ သန်းချီရှိခဲ့တယ်လို့ ငါကြားဖူးတယ်"

လုမင်၏ မသဲမကွဲရေရွတ်သံကြောင့် ပုံမှန်အတိုင်းဆို ဟောင်ဖွာဟောင်ဖွာလုပ်တတ်သည့် စွန်းတရှန်ပင် ငြိမ်သက်နေသည်။

လူသန်းပေါင်းများစွာ....အခုမြင်နေရတဲ့ အလောင်းတွေက သန်းပေါင်းများစွာသောလူတွေရဲ့ အလောင်းတွေလား......

"ဒီနေ့က ကမ္ဘာခြားသက်ရှိတွေရဲ့အလောင်းတွေ ပုံထပ်နေအောင်မြုပ်နှံရမယ့်နေ့....."

လီလော့က ပြတ်ပြတ်သားသား မော့ကြည့်လိုက်သည်။ ပုံရိပ်ယောင်အစီအရင်ကိုဖျက်စီးနိူင်သဖြင့် အဆင့်မြင့် ကောင်းကင်ဘုံကပ်ဘေးအဆင့်ကမ္ဘာခြားသက်ရှိကိုချေမှုန်းနိုင်တော့မည်ဖြစ်သည်။

အသင်းခေါင်းဆောင် ရှစ်ဦးသည် အချိန်တိုင်းတွင် ခံစစ်အနေအထားဖြင့်ခုခံနေကြသော်လည်း အခုတော့ သူတို့အလှည့်ရောက်လာခဲ့ချေပြီ......

...............

ကျောက်သားမြို့တော် အထက်ကောင်းကင်တွင်.......

သွေးအမြီးနတ်ဆိုး ဒေါသတကြီး အော်ဟစ်လိုက်ရာ ၎င်း၏လှပသော မျက်နှာသည် ရုတ်တရက်ခက်ထန်လာသည်။အခုဆို ပါးလျသော ချယ်ရီရောင်နှုတ်ခမ်းများသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆန့်ထွက်ကာ ချွန်ထက်သော အစွယ်များကို ပေါ်လွင်စေပြီး သွေးများဖြင့် ရွှဲနေသေးသည်။

"အားလုံးနားထောင်ကြ.... ငါတို့မှာ အခွင့်အရေးတစ်ခုပဲရှိတယ်"

"ဘာမှထိန်ချန်မထားဘဲ မင်းတို့ရဲ့ အပြင်းထန်ဆုံး တိုက်ကွက်တွေကိုထုတ်သုံးကြတော့......."

လန်လန်၏ အမိန့်ကို ကြားသောအခါ အခြားခေါင်းဆောင် ခုနစ်ဦး စိတ်သက်သာရာရသွားသည်။ နောက်ဆုံးတော့ သူတို့ရဲ့အလှည့် ရောက်လာခဲ့ပြီ......

"အပြင်းထန်ဆုံးတိုက်ကွက်ကိုတောင်ထုတ်သုံးနိုင်ပါ့မလား...."

ချင်ယွဲ့ ခပ်ချဉ်ချဉ် တွေးနေမိသော်လည်း လက်ကျန်စွမ်းအားများကို စုစည်းကာ....

"နဂါးအဆင့်ပညာရပ် တောင်တန်းဝိဉာဉ်များ"

လက်ခုပ်တချက်တီးလိုက်သည့်အခါ ပဲ့တင်ထပ်သံစွမ်းအားတွေက မီတာရာပေါင်းများစွာ မြင့်တဲ့ အဝါရောင် တောင်ကုန်းကြီးတစ်ခုကိုဖြစ်ပေါ်စေခဲ့သည်။

"နဂါးအဆင့်ပညာရပ် ဖန်သားမီးတောက်..."

ကျောက်ပိုင်လီက သူ့လက်ထဲမှာရှိတဲ့ အပြာရောင်မီးတောက်လေးကို ဆွဲထုတ်ပြီး ပေါက်ကွဲတဲ့အထိ မှုတ်ထုတ်လိုက်သည့်အခါ သူ့ပတ်ဝန်းကျင်ရှိ လေထု၏ အပူချိန် ချက်ချင်း မြင့်တက်လာသည်။

"နဂါးအဆင့်ပညာရပ်.... နတ်ဆိုးခြင်္သေ့လက်သီး....."

လျန်ကျုံးသည် ၎င်းတို့၏ သီးသန့်တိုက်ခိုက်ရေးနည်းဗျူဟာမှ လွတ်မြောက်လာသည့်အတွက် ဝမ်းသာအားရ ဟိန်းဟောက်လိုက်သည်။ထိုအခါ ခြင်္သေ့နက်ကြီးတစ်ကောင်က လေထုကို ပြင်းပြင်းထန်ထန် ထိုးဖောက်ပြီး ထွက်လာသည်။

"နဂါးအဆင့်ပညာရပ်...အစိမ်းရောင်လွမ်ရဲ့ဓားချက်....."

မင်းသမီးသည် သူမ၏ ကျောက်စိမ်းလှံကို ဝှေ့ယမ်းကာ လေထဲတွင် ဓားချီများဖြင့် ပြည့်နေသောပန်းပွင့်များကိုဖန်တီးလိုက်သည်။

ကုန်းရှန်ကျွင်းက သူ့လက်ညိုးနဲ့ လက်ခလယ်ကိုပူးကပ်လိုက်ပြီး ငွေရောင်အလင်းတန်းတစ်ခု ဖန်တီးလိုက်သည်။

"နဂါးအဆင့်ပညာရပ်.... ကျောက်စိမ်းပင်လယ်ကို ပိုင်းခြားသောလက်ချောင်းများ....."

အသင်းခေါင်းဆောင်တစ်ဦးစီသည် ၎င်းတို့၏ အကောင်းဆုံးလှုပ်ရှားမှုများကို အသုံးပြုခဲ့ကြပြီး ၎င်းတို့အားလုံးမှာ အထင်ကြီးစရာဖြစ်သည်။ သို့သော်လည်း အဓိကကြယ်ပွင့်မှာ လန်လန်ဖြစ်ပြီး မင်ဘုရင်ကျမ်းစာကြောင့် ဖြစ်ပေါ်လာသည် ပုံရိပ်ကြီးကသူ့နောက်ကျောတွင် ခန့်ညားစွာထွက်ပေါ်လာသည်။

ခေါင်းဆောင် ရှစ်ဦး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း၊ သွေးအမြီးနတ်ဆိုး၏ မျက်လုံးများ ထိတ်လန့်စွာ ကျဉ်းမြောင်းသွားသည်။ အမြီးကို ပြင်းပြင်းထန်ထန် လှုပ်ခါလိုက်သည်နှင့် သွေးမိုးရွာနေသည့်နှယ် အမွှေးများစွာကို ပစ်လွှတ်လိုက်သည်။

"တိုက်ခိုက်ကြ!" မင်းသမီးက ကြွေးကြော်ပြီး ရှစ်ယောက်လုံး တပြိုက်နက် လှုပ်ရှားလိုက်သည်။

အွီးးးးးးးးးး

စူးရှသော အော်သံကြောင့် သွေးမိုးများက ရေအိုင်တခုသဖွယ် နတ်ဆိုးခြေဖဝါးအောက်တွင်စုဝေးလာပြီး ထိုသွေးအိုင်ထဲတွင် လူသားပုံရိပ်များစွာရုန်းကန်နေကြသည်။၎င်းတို့သည် ကျောက်သားမြို့သူမြို့သားများဖြစ်ပေလိမ့်မည်။

သဘာဝစွမ်းအင်များပင်လျှင် သွေးအိုင်ထဲတွင် ဆွေးမြေ့သွားခဲ့ပြီး သွေးစွမ်းအင် အမျိုးအစားသစ်ကို ဖြစ်ပေါ်စေခဲ့သည်။

သွေးအမြီးနတ်ဆိုး တဖန်အားကောင်းလာပြီး ခေါင်းဆောင်ရှစ်ယောက်ကို အံတုရင်ဆိုင်နေသည်။

တိုက်ပွဲသည် လေထုထဲတွင် ဖြစ်ပွားခဲ့သော်လည်း ပြင်းထန်သောအရှိန်ကြောင့် တဝုန်းဝုန်းပေါက်ကွဲသံများသောသောညံနေလေ၏။

လီလော့တို့တတွေ အမြန်ပုန်းခိုနေပြီး တိုက်ပွဲကိုမှင်သက်သွာငေးမောနေကြသည်ယ။

ကောင်းကင်နစ်မြုပ်ခြင်းအဆင့်တွေတိုက်ခိုက်နေတာမို့ ထွက်လာတဲ့အသံကတင် အတော်ပြင်းထန်နေသည်။

"သူတို့အားလုံး ကောင်းကင်ပုလဲအဆင့်တွေ..."

ကျင်းထန်ရှုက ခပ်တိုးတိုးပြောလိုက်သည်။

"ငါ ကြယ်လေးပွင့် ခန်းမရောက်တဲ့အခါ... ကောင်းကင်ပဲ့တင်ထပ်သံအဆင့် ကျင့်ကြံသး ဖြစ်ကောင်းဖြစ်နိုင်တယ်...အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတခွင်က ကောလိပ်တွေရဲ့ မှတ်တမ်းတွေမှာ ငါ့ရဲ့ကိုယ်ပိုင် အမှတ်အသားကို ချန်ထားခဲ့မယ်....."

"အဆင့်ကိုးတပိုင်းလောက်နဲ့ လေလုံးကြီးနေ

ပြန်ပြီ..... နင် စီနီယာကျန်းကိုမေ့နေတာလား...သူ့ရဲ့အဆင့်ကိုးအလင်းပဲ့တင်ထပ်သံကို ကျော်နိုင်မယ်ထင်နေတာလား....."

လုမင်က လှောင်ပြောင်လိုက်သည်။

ကျင်းထန်ရှု တုန်လှုပ်သွားသည်။

သူတကယ်မေ့နေခဲ့တာပဲ......

ရှန့်ပိန်းတွေ့ဆုံပွဲတွင် အဆင့်ကိုးပဲ့တင်ထပ်သံပိုင်ရှင်အစစ်အမှန်တစ်ဦးရှိခဲ့သည်.....

" ကောင်းကင်ပုလဲအဆင့်နဲ့ ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ကြားမှာ ကြီးမားတဲ့ ကွာဟချက် ရှိတယ်လို့ ကြားဖူးတယ်" ဟု လီလော့ကဝင်ပြောလိုက်သည်။

"အရှေ့ပိုင်းနတ်ဘုရားကုန်းမြေက ကောလိပ်တွေမှာ ကျောင်းသားဘဝနဲ့ ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ရောက်အောင်ကျင့်ကြံနိုင်တဲ့သူ တစ်ယောက်မှမရှိခဲ့ဖူးဘူး...အဲ့လို ဖြစ်ချင််တယ်ဆို မရေမတွက်နိူင်တဲ့ အရင်းအမြစ်တွေလိုလိမ့်မယ်......"

"ဒါက မြို့စားအဆင့် မတိုင်ခင် နောက်ဆုံးအဆင့် မဟုတ်လား..."

စွန်းတရှန်ကလည်း စိတ်အားထက်သန်စွာဝင်ဆွေးနွေးနေသည်။

"တချို့လူတွေက အဲ့အဆင့်ကို မြို့စားတပိုင်းအဆင့်လို့တောင် ခေါ်ကြတယ်....အဲ့ကို ရောက်ဖို့ခက်တယ်....."

"အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတိုက်ရဲ့အတွင်းပိုင်းမှာရှိတဲ့ ကောလိပ်တွေမှာ ကောင်းကင်ဘုံပဲ့တင်ထပ်သံအဆင့်ရောက်နိူင်ခဲ့တဲ့ ကြယ်လေးပွင့်ခန်းမ ကျောင်းသားတွေရှိတယ်ဆိုတာ ခဏခဏကြားနေရတယ်"

လုမင်က စိတ်လှုပ်ရှားစွာပြောလိုက်သည်။

လီလော့ ခေါင်းညိတ်လိုက်သည်။

အရှေ့ပိုင်းနတ်ဘုရားကုန်းမြေး အတွင်းပိုင်းနယ်မြေများသည် ပြင်ပနယ်မြေနှင့်ယှဉ်လျှင် များစွာချမ်းသာပြီး သာလွန်သော ပါရမီရှင်များစွာမွေးထုတ်ပေးနိုင်သည်။

ဒါက သဘာဝကျတဲ့ အားသာချက်တစ်ခုဖြစ်တာမို့ အားကျနေရုံအပြင် ဘာမှမတတ်နိုင်ပေ။

သို့တိုင်၊ ကျန်းချင်းအာလို အရည်အချင်းရှိသူတစ်ဦးအတွက်တေယ့ ကြယ်လေးပွင့်ခန်းမတွင် ရှိနေစဉ် ကောင်းကင်ဘုံပဲ့တင်ထပ်သံအဆင့်သို့ ရောက်ရှိရန် မခက်ခဲနိုင်ပေ။

လီလော့ ကိုယ်တိုင်ပင်လျှင် မြေနတ်ဆိုးခန္ဓာအဆင့်သို့ရောက်သည်နှင့် သူ၏တတိယမြောက် ပဲ့တင်ထပ်သံကို ဖန်တီးနိုင်တော့မည်ဖြစ်သည်။ ပဲ့တင်ထပ်သံသုံးခုဖြင့် ကျင့်ကြံခြင်းအရှိန်သည် အဆင့်ကိုးပဲ့တင်ထပ်သံ၏အရှိန်ကိိုလိုက်မှီနိုင်လောက်သည်။

ဝုန်းးးးးး

စကားစမြည်ပြောကြရင်း အပေါ်က ကောင်းကင်ကြီး လှုပ်ခါသွားပြန်တယ်။ သွေးအိုင်က တိုက်ခိုက်မှုများစွာကို ဝါးမျိုလိုက်သည်ကို တွေ့လိုက်ရသော်လည်း သွေးအမြီးနတ်ဆိုး အခြေနေမကောင်းတော့သည်မှာထင်ရှားနေသည်။

"စီနီယာလန်လန်ရဲ့ သုံးကြိမ်ဉီးညွှတ်ခြင်း လာနေပြီ"

ကျင်းထန်ရှု ရုတ်တရက် အော်လိုက်သည်။

လီလော့ လန့်သွားပြီး အပြင်ကိုကြည့်လိုက်တေည့ လန်လန်ရဲ့နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်သောရုပ်သဏ္ဍာန်သည် မယုံနိုင်လောက်အောင် ကြီးကျယ်ခမ်းနားပြီး ကောင်းကင်နှင့် မြေကြီးသည်ပင် ၎င်းနှင့် ညိနေပုံရသည်။

ဘုရင့်ကိုယ်ပွား.....

လန်လန်၏ ဆံပင်များ ဖြူလာသည်။

သို့တိုင်၊ သူ့မျက်နှာက ပြတ်သားနေ၏....သူ ခါးကိုင်းလိုက်သည်နှင့် နောက်ကွယ်က ဘုရင့်ကိုယ်ပွားအရိပ်ကလည်း ထပ်တူဉီးညွှတ်လိုက်လေသည်။

ဝုန်းးးးးးး

All Chapters