← Chapters

နတ်ဆိုးကိုအတူတကွနှိမ်နင်းခြင်း.....

Vol. 42 Ch. 581

နတ်ဆိုးကိုအတူတကွနှိမ်နင်းခြင်း.....

Vol. 42 Ch. 581

လန်လန်ရဲ့နောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်တဲ့ အရိပ်ကြောင့် ဒီအချိန်မှာ ကောင်းကင်နဲ့မြေပြင်ကြားက စွမ်းအင်တွေ ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို လူတိုင်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

ဘုရင်တပါး၏တည်ရှိမှုသည် အရာခပ်သိမ်း၏အသက်နှင့်သေခြင်းကိုတရားစီရင်နိုင်သည်။

လန်လန်၏နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်သောအရိပ်သည် ကိုယ်ပွားမျှသာဖြစ်သော်လည်း ငုံ့၍ ဦးညွှတ်လိုက်သောအခါတွင် ကောင်းကင်နှင့်မြေပြင်ကြားရှိ စည်းမျဉ်းအချို့ကို ပြောင်းဆန်သွားစေခဲ့သည်။

ယခုအချိန်တွင် ကောင်းကင်နှင့်မြေပြင်ကြားရှိ စွမ်းအင်များသည် အသိစိတ်တစ်မျိုးရှိပုံရပြီး၊ ကောင်းကင်၌ရပ်နေသော သွေးအမြီးနတ်ဆိုးကို ပြစ်ဒဏ်စီရင်ရန် ပစ်မှတ်ထားနေပြီဖြစ်သည်။

နားမလည်နိုင်သော ဖိအားအချို့ ကောင်းကင်နှင့်မြေပြင်ကြားတွင် ရုတ်တရက် ထွက်ပေါ်လာပြီး နောက်ဆုံးတွင် သွေးအမြီးနတ်ဆိုးခန္ဓာကိုယ်ကို တိုက်ရိုက်ဖုံးလွှမ်းသွားသည်။

ဤအချိန်တွင် သွေးအမြီးနတ်ဆိုးများ တွန့်လိမ်ကာရုန်းကန်နေရပြီး မျက်နှာပေါ်တွင် ထိတ်လန့်နေသည့်အမူအရာကိုအတိုင်းသားမြင်နေရသည်။

ခစ်..ခစ်ခစ်..ခစ်ခစ်

သွေးအမြီးနတ်ဆိုးသည် စူးစူးဝါးဝါး ရယ်မောနေသော်လည်း မျက်နှာပေါ်တွင် ထိတ်လန့်ထိတ်လန့်မှုများ ရှိနေပြီး ယင်းဖိနှိပ်မှု ခံစားချက်က အလွန်ပြင်းထန်သော အကျပ်အတည်းကို ခံစားရစေသည်။

ကောင်းကင်ပုလဲအဆင့်တွေသုံးတဲ့ နည်းလမ်းက တကယ်ပဲ ထိခိုက်စေနိုင်လား။ !

ဤအခိုက်အတန့်တွင် သွေးအမြီးနတ်ဆိုး အရင်ကလို မပေါ့ဆရဲတော့ပေ။ ယခင်က ခေါင်းဆောင်ခုနှစ်ယောက်၏ ထိုးစစ်ကို တွန်းလှန်ရန် ခွန်အားများစွာ သုံးစွဲခဲ့ရသည်။ထို့အပြင် ပျံ့နှံ့နေသော သန့်စင်ရေးစွမ်းအားများကြောင့်ယခုအခါ အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

ဤအချိန်တွင် သွေးအမြီးနတ်ဆိုး၏အမြီး ပြင်းထန်စွာ ယိမ်းနွဲ့သွားကာ မရေမတွက်နိုင်သော သွေးစက်များ ပေါက်ကွဲထွက်လာပြီး တဖြည်းဖြည်း စီးဆင်းလာကာ နောက်ဆုံးတွင် သွေးနီရောင်နှင့် ထူးဆန်းသော အဆောင် (talisman) အချို့ဖြစ်ပေါ်လာသည်။

အဆောင်တခုချင်းစီသည် တစ္ဆေမျက်နှာများသဖွယ် ရွံရှာဖွယ်အသွင်အပြင်ရှိသည်။

ထိုအဆောင်များထံမှ မရေမတွက်နိုင်သော ကြောက်စရာကောင်းသော ရှိုက်ကြီးတငင် အော်သံများ ထွက်ပေါ်လာသည်။

ဤအချိန်တွင်၊ ကောင်းကင်နှင့်မြေပြင်၏စွမ်းအင်များ မငြိမ်မသက်ဖြစ်လာပြီး သွေးအမြီးနတ်ဆိုးများတည်ရှိရာနေရာသည် လေဟာနယ်တစ်ခုအသွင်ဖြစ်လာကာ ကောင်းကင်နှင့်မြေပြင်၏စွမ်းအင်များကိုပိုင်းခြားကန့်သတ်ထားလိုက်သည်။

ထို့အပြင် ကောင်းကင်နှင့်မြေပြင်စွမ်းအင်များသည် သွေးအမြီးနတ်ဆိုးများထံမှ မီတာဆယ်ဂဏန်းအကွာတွင် ရှိနေဆဲဖြစ်ပြီး ၎င်းတို့သည် အလွန်ကောင်းမွန်သော စွမ်းအင်အလင်းစက်များအဖြစ် စုဝေးနေသည်။

တခဏချင်းမှာပဲ သွေးအမြီးနတ်ဆိုးကို စွမ်းအင်အလင်းစက်များက ပိတ်လှောင်ထားဖို့ကြိုးစားနေ၏။

အဲဒီမြင်ကွင်းက တကယ့်ကို အံ့မခန်းပင်.... မင်းသမီး၊ ကုန်းရှန်ကျွင်းနှင့် အခြားသူများပင် ထိုမြင်ကွင်းကို ကြောက်ရွံ့မှုပြင်းထန်သောအကြည့်များဖြင့်ကြည့်နေကြသည်။

လန်လန်၏ မြို့စားအဆင့်ပညာရပ်သည် ကြောက်စရာအကောင်းဆုံး ဝှက်ဖဲဖြစ်သည်။

ကိုယ်တိုင်ကြုံတွေ့ဖို့ဆိုမထားနှင့် မြင်နေရရုံဖြင့်ပင် အတော်ကြောက်စရာကောင်းလှသည်။

ထိုစွမ်းအင်အလင်းစက်များထဲမှ စွမ်းအားများသည် ၎င်းတို့ကိုပင် တုန်လှုပ်စေခဲ့သည်။

စွမ်းအင် အလင်းစက်များက ဒေါသကြီးသော ပျားများကဲ့သို့ပင် ပိုင်းခြားထားသောလေဟာနယ် ပတ်ပတ်လည်တွင် ကျယ်လောင်စွာ မြည်ဟီးကာ ဝင်လမ်းကို ရှာကြံနေ၏။

ဝုန်းးးးး

နောက်ဆုံးတွင် စွမ်းအင်အလင်းစက်တစ်ခုစီသည် ကြယ်တံခွန်ကဲ့သို့ တောက်လောင်နေသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သွေးအမြီးနတ်ဆိုးဆီသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

မိုးချိန်းသံတမျှကျယ်လောင်သောပေါက်ကွဲသံများ တလစပ်ထွက်ပေါ်လာခဲ့ပြန်သည်။

အလင်းတန်းများက အဆောင်များကို အစိတ်စိတ်အမြွှာမြွှာ ဖျက်စီးပစ်လိုက်ချေပြီ....

အဆောင်များပျက်စီးသွားသည်နှင့် သွေးအမြီးနတ်ဆိုး ပို၍စိတ်ပျက်အားငယ်လာပုံရသည်။၎င်း၏အမြီးကို နောက်တကြိမ်ဝှေ့ယမ်းပြီး အလင်းစက်များကိုခုခံရန် သွေးစက်များကို ထပ်မံခါထုတ်နေသည်။

အထင်ရှားဆုံးမှာ မူလက မီတာသုံးဆယ်ခန့်ရှည်သောအမြီးသည် ယခုချိန်တွင် ထက်ဝက်ခန့် ကျုံ့သွားပြီဖြစ်သည်။

" ကောင်းကင်ပုလဲအဆင့်နဲ့ ကောင်းကင်ပဲ့တင်ထပ်သံအဆင့်လောက်ရှိတဲ့ နတ်ဆိုးကို ဒီအခြေနေထိရောက်အောင် တွန်းအားပေးနိုင်တာ တကယ်အံ့သြစရာပဲ....."

လုမင်က လန်လန်ကိုချီးကျုးလိုက်သည်။

"သူ့ရဲ့ မြို့စားအဆင့်ပညာရပ်က ငါ့ထက် အများကြီး ပိုအားကောင်းတာ သေချာတယ်" ဟု စွန်းတရှန်ကလည်း ထောက်ခံလိုက်သည်။

"သူက အသန်မာဆုံး ကြယ်လေးပွင့်ခန်းမ ကျောင်းသားဆိုတာ အံ့သြစရာတော့ မရှိဘူး...."

လီလော့ ခေါင်းညိတ်လိုက်သည်။ လန်လန်၏ တိုက်ခိုက်ရေးစွမ်းအားသည် သူမြင်ဖူးသမျှ ကောင်းကင်ပုလဲအဆင့်များထဲတွင် အပြင်းထန်ဆုံးဖြစ်သည်။မင်းသမီးနဲ့ ကုန်းရှန်ကျွင်းတောင် သူ့ထက် သေချာပေါက် အားနည်းနေသည်။

"မြို့စားအဆင့်ပညာရပ် ... တစ်ခုခုတော့ ထူးခြားသားပဲ...."

လီလော့၏ မျက်လုံးများသည် ဘုရင်ကိုယ်ပွကို စိုက်ကြည့်ရင်း တောက်ပနေသည်။ ဤပညာရပ်မျိုးကို သူလည်း ဆည်းပူးလိုသည်။ သို့သော် ဆရာသခင်အဆင့်ဖြင့် ကျွမ်းကျင်ရန်စဉ်းစားရန်မှာ ခက်ခဲလွန်းလှသည်။ အကယ်၍ သူသာ မြေနတ်ဆိုးခန္ဓာရောက်နေလျှင် လေ့ကျင့်နိုင်မည်ဖြစ်သည်။

ထိုအချိန်တွင်.....

"တိုက်ခိုက်ကြမယ်....နတ်ဆိုး အားနည်းနေပြီ...ဘယ်လောက်အထိတောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့....."

မင်းသမီးက ညာသံပေးကြွေးကြော်လိုက်သည်။

အခြားခေါင်းဆောင်များက ပင်ပန်းနေပြီဖြစ်သော်လည်း ဆက်လက်တိုက်ခိုက်ဖို့ သဘောတူခဲ့ကြသည်။အားနည်းနေသော နတ်ဆိုးကို အခုချိန်တိုက်ခိုက်ပါကတိုက်ခိုက်မှုတိုင်းက အထိနာစေလိမ့်မည်။

ထို့ကြောင့် အားလုံးက ပဲ့တင်ထပ်သံနန်တော်များကို နှိုးဆွလိုက်ပြီးစွမ်းအားများကိုမချွင်းမချန် အကုန်အစင်ထုတ်သုံးလိုက်ကြသည်။

သူတို့ရဲ့ တိုက်ခိုက်မှုတွေက ပိုပိုပြီး ပြင်းထန်လာသလို နတ်ဆိုးက စွမ်းအင်အလင်းစက်တွေနဲ့ အလုပ်ရှုပ်နေတာကြောင့် ပြန်မတိုက်က်ခိုက်နိုင်သေးဘဲ ၎င်းအနီးတစ်ဝိုက်ရှိ အားနည်းနေသော အဆောင်များကို ပြန်လည်အသက်သွင်းကာ တိုက်ခိုက်မှုလှိုင်းသစ်ကို ပိတ်ဆို့သည့် သွေးစက်များကို ထုတ်လွှတ်နေသည်။

ဝုန်းးးဝုန်းးးးး

တိုက်ပွဲ ပြင်းထန်နေဆဲပင်.....

သွေးအမြီးနတ်ဆိုးက စွမ်းအင်အလင်းစက်များကိုခုခံနေသော်လည်း ခေါင်းဆောင်များ၏တိုက်ခိုက်မှုကို ဟန့်တားနိုင်ဆဲပင်....

" အိုးးး စီနီယာကျန်း လှုပ်ရှားတော့မယ်ထင်တယ်....."

လုမင် ရုတ်တရက် ထအော်လိုက်သည်။

လီလော့ နှင့် အခြားသူများသည် တိုက်ပွဲဧရိယာအပြင်ဘက်တွင် ကျန်းချင်းအာ ပေါ်လာသည်ကို မြင်လိုက်ရပြီး သူမက အလင်းစွမ်းအင်ဖြင့် မင်းသမီးတို့ကို အားဖြည့်ပေးနေသည်။

" သူ့မှာ အဆင့်ကိုးပဲ့တင်ထပ်သံရှိပေမယ့် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်ပဲရှိသေးတာမို့ အများကြီးကူညီနိုင်မှာမဟုတ်လောက်ဘူး...."

ကျင်းထန်ရှုက ဝေဝေဝါးဝါး သုံးသပ်လိုက်သည်။

" သူ လုပ်နိုင်မှာပါ....အဆင့်ကိုးနဲ့ အဆင့်ကိုးတပိုင်းက အများကြီးကွာခြားတယ်...တကယ်ဆို မင်းရဲ့ပဲ့တင်ထပ်သံကို အဆင့်ကိုးတပိုင်းလို့မခေါ်ဘဲ အဆင့်ရှစ်လို့ခေါ်သင့်တာ....."

လီလော့ ပက်ကနဲ ပြန်ပြောလိုက်တာကြောင့်

ကျင်းထန်ရှုမျက်နှာ မည်းမှောင်သွားသည်။

ကောင်းကင်ယံတွင်....

ကျန်းချင်းအာက သူမ၏အလင်းတမာန်တော်ကိုဆင့်ခေါ်နေပြီဖြစ်သည်။ သာမာန် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်များ ဝင်မစွက်ဖက်ရဲသည့် တိုက်ပွဲကို သူမ ပါဝင်ဆင်နွှဲတော့မည်။

သူမသည် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်ဟုဆိုသော်လည်း တော်တန်ရုံ ကောင်းကင်ပုလဲအဆင့်များနှင့်ယှဉ်နိုင်သူဖြစ်သည်။

ထို့အပြင် သူမ၏ အလင်းစွမ်အားများက ကမ္ဘာခြားသက်ရှိများကြောက်ရွံ့ရသောစွမ်းအားမျိုးဖြစ်နေသည်။

ကျန်းချင်းအာ လက်ကို မြှောက်လိုက်ပြီး ရွှေရောင်တောက်သွားသည်အထိ သူမ၏ဓားကို အားဖြည့်လိုက်သည်။ သူမ၏နောက်တွင် အလင်းတမာန်တော်က ပါးစပ်ကိုဖွင့်ကာ သူမ၏ဓားပေါ်သို့ ရွှေဖြူရောင်အလင်းလုံးလေး အန်ချပေးလိုက်သည်။

" အဆင့်မြင့် နဂါးအဆင့်ပညာရပ်.... သန့်ရှင်းသောဓားဝိဉာဉ်......"

နောက်ထပ် တောက်ပသောအလင်းတန်းတခုက သွေးအမြီးနတ်ဆိုးဆီတည့်တည့်ပျံသန်းသွားပြီး သွေးအိုင်ကိုဖြတ်ကျော်ကာ နဖူးတည့်တည့်ဆီကျရောက်သွားချေပြီ......

All Chapters