ကြက်သွေးရောင်ဗိုလ်ချုပ် ထွက်ပေါ်လာခြင်း.....
Vol. 42 Ch. 582
ဝှစ်....
အလင်းတန်းက သွေးအမြီးနတ်ဆိုး၏နဖူးကို ဖောက်ထွက်သွားပြီး ဤသည်မှာ မမျှော်လင့်ထားသော ဦးတည်ချက်မှ အားကောင်းသော တိုက်ခိုက်မှုတစ်ခုဖြစ်သည်။ သာမန်ကမ္ဘာခြားသက်ရှိသာဆို ထိုဒဏ်ရာကြောင့် ချက်ချင်းသေဆုံးသွားနိုင်သော်လည်း သွေးအမြီးနတ်ဆိုးက မယုံနိုင်လောက်အောင် ခံနိုင်ရည်ရှိပြီး အသက်ရှင်နေဆဲပင်.....
သို့တိုင်၊ ပြင်းထန်သော ဒဏ်ရာကြောင့် တိုက်ပွဲ၏ ချိန်ခွင်လျှာကို တဖက်စောင်းနင်းဖြစ်သွားစေသည်ကိုတော့မငြင်းနိုင်ပေ။
သွေးအမြီးနတ်ဆိုး၏အမြီးသည် လျင်မြန်စွာပြန်ကျုံ့သွားကာ ၎င်းပတ်ပတ်လည်ရှိ အမှောင်စွမ်းအင် အော်ရာများလည်း ပိုမိုလျော့ပါးလာသည်။
"ချင်းအာ.... တော်တယ်...!"
မင်းသမီးက ဝမ်းသာအားရအော်ဟစ်လိုက်သည်။ ဤတိုက်ခိုက်မှုသည် သွေးအမြီးနတ်ဆိုးအတွက် အတော်ပင်အထိနာစေခဲ့သည်။
ဝုန်းးးးး
လန်လန်၏ တိုက်ခိုက်မှုမှ ကျန်ရှိသော အလင်းတန်းများသည် ဒဏ်ရာရနေသော ပြိုင်ဘက်ကို ဖြုတ်ချရန် အညှာအတာမဲ့စွာ ဆက်လက် ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ တိုက်ကွက်များကို အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ပြီး သွေးအမြီးနတ်ဆိုး ကို ဒဏ်ရာရစေခဲ့ပြီ......
ဘက်ပေါင်းစုံမှ အထပ်ထပ်အခါခါတိုက်ခိုက်မှုများကြောင့် နတ်ဆိုး၏ခန္ဓာကိုယ်ပေါ်တွက် ဒဏ်ရာများ အစီအရီ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေသည်။ များမကြာမီတွင် လူသားအသွင်ယူထားသော အရေပြားများပင်ကွာကျလာသည်။
လန်လန်၏မျက်နှာ ဖြူဖျော့ပြီး ချွေးများ စီးကျနေ၏။ သူ့နောက်ကွယ်မှ ဘုရင်ကိုယ်ပွား စတင်မှိန်ဖျော့လာသောကြောင့် နတ်ဆိုးကို အသဲအသန် စိုက်ကြည့်နေသည်။
သူ့မှာလည်း သူ့အကန့်အသတ်နဲ့သူ ရှိနေတယ်....
သူ့ခန္ဓာကိုယ်အတွင်း၌ ပဲ့တင်ထပ်သံ စွမ်းအားများ သဲကန္တာရကဲ့သို့ ခြောက်ကပ်နေပြီဖြစ်သည်။
ဒါတောင် သူလုပ်စရာရှိတာကို လုပ်ခဲ့ပြီးပြီ။ ကျန်းချင်းအာဘက်က အရေးပါသော ထိုးနှက်ခြင်းကို ဖန်တီးနိုင်ခဲ့သော်လည်း လန်လန်ကြောင့်သာမဟုတ်လျှင် အခုလောက်ထိအဆင်ပြေမည်မဟုတ်မှန်း အားလုံး သဘောပေါက်ကြသည်။
လန်လန်က.ဒီပွဲမှာ အဓိကကစားသမားဖြစ်နေသည်ဟုဆိုရမည်။
"ငါတို့နိုင်ပြီ!"
လုမင်က ကလေးတစ်ယောက်သဖွယ် ပျော်ရွှင်စွာ ခုန်ပေါက်နေသည
စွန်းတရှန်နှင့် ကျင်းထန်ရှုတို့တောင် စိတ်လှုပ်ရှားစွာ လက်သီးဆုပ် လိုက်မိကြသည်။
နောက်ဆုံးမှာတော့ ဒီတိုက်ပွဲမှာ မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့ပြီ.....
လီလော့ ကတော့ အတော်လေးကို စိုးရိမ်နေပုံရသည်။ ကြက်သွေးရောင်ဗိုလ်ချုပ်၏ ခြေရာကို ယခုအချိန်အထိ မတွေ့ရသေးသောကြောင့်ပင်....
ကြက်သွေးရောင် ဗိုလ်ချုပ်သည် ရွှံ့နီ ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ၏ နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်ပြီး သူ့ခွန်အားကို မည်သူမျှမသိနိုင်ပေ။ သူတကယ်ထွက်ပြေးသွားမယ်ဆို ရောနှောအဆင့်ပြိုင်ပွဲကို တခြားပြဿနာတွေမရှိဘဲ အဆုံးသတ်နိုင်ပါလိမ့်မည်။ ဒါပေမယ့် သူဒီမှာရှိနေပြီး အခွင့်အရေးကို စောင့်နေရင်ရော.......
“အချိန်ဖြုန်းနေလို့မဖြစ်ဘူး...သွေးအမြီးနတ်ဆိုးကို မြန်မြန်အပြတ်ဖြတ်ရမယ်.....”
"ကဲ...အားလုံး အားကုန်သုံးပြီး မြန်မြန်ကိစ္စဖြတ်လိုက်ကြပါ....နတ်ဆိုးကို ထွက်ပြေးဖို့အခွင့်ရေးမပေးမိစေနဲ့....."
လန်လန် အတော်ကိုမောပန်းနွမ်းနယ်နေရှာသည်။
အခြားအဖွဲ့ခေါင်းဆောင်များသည် ပြင်းထန်စွာဒဏ်ရာရရှိထားသော နတ်ဆိုးကို နောက်ဆုံးထိုးနှက်ချက်ပေးရန် အတည်ပြုချက်သည့်အနေဖြင့် မောပန်းနေသည့်ကြားကနေ ခေါင်းညိတ်လိုက်ကြသည်။
သွေးအမြီးနတ်ဆိုးက ၎င်း၏အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံနေရသည်ကို ခံစားသိရှိလိုက်သည်။ ပင်ပန်းနွမ်းနယ်နေသော အဖွဲ့ခေါင်းဆောင်များ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိအောင် အပြင်းအထန် ကြိုးစားနေသဖြင့် နီရဲနေသော အမြီးသည် ထိတ်လန့်တုန်လှုပ်သွားသည့် ပုံစံဖြင့် လှုပ်ယမ်းနေသည်။
ဝုန်းးးးးး
ထိုအချိန်တွင် မြို့အောက်မှ ကြီးမားသော ပေါက်ကွဲသံကြီးတစ်ခုထွက်ပေါ်လာပြီး တွင်းပေါက်ကြီးတစ်ခု ပေါ်လာသည်။
အနက်ရောင်အသွင်သဏ္ဍာန်တစ်ခုက တွင်းပေါက်ထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
လီလော့ ကြောက်လန့်တကြား ကြည့်လိုက်ပြီး
"အဲ့တာ ကြက်သွေးရောင်ဗိုလ်ချုပ်ပဲ!"
အဖွဲ့ခေါင်းဆောင်များကို သတိပေးရန် အသည်းအသန် အော်ဟစ်လိုက်သည်။
လန်လန်နှင့် အခြားလူများက သူ့အော်သံကြောင့် စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။
ကြက်သွေးရောင် ဗိုလ်ချုပ်ကြီးနှင့် ပတ်သက်သည့် အချက်အလက်ကို သူတို့ကြားခဲ့သည်မှာ သေချာပါသည်၊ သို့သော် ယခုချိန်တွင် သွေးအမြီးနတ်ဆိုးကိုပင် ကိစ္စမတုံးနိူင်သေးပေ။
ကြက်သွေးရောင်ဗိုလ်ချုပ်သာ ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ဖြစ်နေလျှင် ၎င်းတို့ နှစ်ဦးလုံးကို တပြိုင်နက် အနိုင်ယူနိုင်မည့် နည်းလမ်းမရှိပေ။
ကြက်သွေးရောင်ဗိုလ်ချုပ်သည် ဤအတောအတွင်း တိတ်ဆိတ်နေသောကြောင့်၊ ကာလအတန်ကြာကတည်းက ထွက်ပြေးသွားသည်ဟု ထင်ခဲ့မိကြသည်။ ဒါပေမယ့် အခုတော့ ဒါတွေအားလုံး ထောင်ချောက်ဖြစ်သွားပြီဆိုတာ သူတို့နားလည်သဘောပေါက်သွားကြလေပြိ....
ကြက်သွေးရောင် ဗိုလ်ချုပ်သည် သွေးအမြီးနတ်ဆိုးနှင့် အဖွဲ့ခေါင်းဆောင်များတိုက်ခိုက်နေသည်ကို တိတ်တဆိတ် စောင့်ကြည့်နေပြီး အရေးပေါ်အခြေနေရောက်မှ ထွက်လာခဲ့သည်။
အနက်ရောင်ယဇ်ပလ္လင်တခု မြေပြင်ပေါ် ပေါ်ထွက်လာပြီး ၎င်းထံမှ မှော်အက္ခရာများရေးထွင်းထားသော ချိန်းကြိုးများ သွေးအမြီးနတ်ဆိုး၏ခြေလက် လေးဖက်အပြင်အမြီးကိုပါလှုပ်မရအောင်တုပ်နှောင်လိုက်သည်။
သွေးအမြီးနတ်ဆိုး ရုန်းကန်သော်လည်း မလွတ်မြောက်နိုင်ပေ။
"ဘာတွေဖြစ်နေတာလဲ၊ သူတို့က မဟာမိတ်တွေမဟုတ်ဘူးလား...."
ဒဏ်ရာပြင်းထန်စွာရခဲ့သော ချင်ယွဲ့ အော်ဟစ်လိုက်ခြင်းဖြစ်သည်။
မင်းသမီးက အခြေအနေကို နည်းနည်းမှမနှစ်မြို့ဟန်ဖြင့်....
"တစ်ခုခုတော့ မှားနေပြီ.....ကြက်သွေးရောင် ဗိုလ်ချုပ်က သွေးအမြီးနတ်ဆိုးကို ဖမ်းချင်တယ်၊ ဘာကြောင့်လဲတော့ မသိဘူး၊ ဒါပေမယ့် သွေးအမြီးနတ်ဆိုးကိုရအောင် သုတ်သင်မှဖြစ်မယ်.......!"
လန်လန်က သဘောတူသည့်အနေဖြင့်...
"လူတိုင်း တိုက်ခိုက်ကြတော့.... သွေးအမြီးနတ်ဆိုးကို သတ်မယ်....!"
အဖွဲ့ခေါင်းဆောင်များအားလုံးသည် ဗဟိုကျောင်းသားသမဂ္ဂ၏ ပါရမီရှင်များဖြစ်သည်။ အဘယ်ကြောင့် ထိုသို့လုပ်ဆောင်ရသည်ကို မသိခဲ့ကြသော်လည်း ၎င်းတို့၏ရန်သူကို အပြီးတိုင် သုတ်သင်ခြင်းသည် အခြေခံသဘောဖြစ်သည်ကို သိရှိကြသည်။
အားလုံးကို နောက်တစ်ဖန် တိုက်ခိုက်ကြသော်လည်း အချည်းနှီးဖြစ်ခဲ့ရသည်။
အနက်ရောင် ယဇ်ပလ္လင်မှ အနီရောင် ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသည့် လူရိပ်တခု မြင့်တက်လာပြီး သူတို့၏ တိုက်ခိုက်မှုအားလုံးကို အချည်းနှီးဖြစ်စေသော လက်ဖဝါးတစ်ချက် တစ်ချက် ထုတ်လွှတ်လိုက်၏။
" ကြက်သွေးရောင်ဗိုလ်ချုပ်!"
" သူက အရမ်း သန်မာလွန်းတယ်... တကယ်ပဲ ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ရောက်နေပြီ....!"
"မင်္ဂလာပါ ကလေးတို့ရေ..."
ရယ်သံစွက်နေသော အသံတစ်ခု သူ့မျက်နှာဖုံးနောက်ကွယ်မှ ထွက်ပေါ်လာသည်။
"မင်းတို့ သွေးအမြီးနတ်ဆိုးကို သုတ်သင်ချင်နေတာမလား.... မင်းတို့အလုပ်ပြီးသွားပြီလို့ တွေးပြီး ငါနဲ့လွဲထားလိုက်တော့.... မင်းတို့အခုနေနောက်ဆုတ်မယ်ဆို အန္တရာယ်ကင်းစွာ ထွက်သွားခွင့်ပေးမယ်....."
သူ့ကို အားလုံးက စိုက်ကြည့်နေကြသည်။
ဒီကောင်က သူတို့ရမယ့် ဆုကိုဖြတ်လုချင်နေတာလား......
သွေးအမြီးနတ်ဆိုးကို မသုတ်သင်နိုင်ရင် ရောနှောအဆင့်ပြိုင်ပွဲ ပြီးဆုံးပြီဟုသတ်မှတ်လို့မရသေးပေ။
သူတို့အားလုံး မဆုံးဖြတ်နိုင်ဘဲ ကြောင်အစွာရပ်နေကြသည်။
အခြေအနေကိုမြင်တော့ ကြက်သွေးရောင် ဗိုလ်ချုပ်ကြီး သက်ပြင်းချပြီး လူသတ်လိုသည့်အော်ရာများကို ထုတ်လွှတ်လိုက်သည်။
"မင်းတို့အတွက် ဘာကောင်းလဲမသိဘူးဆိုတော့၊ အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတိုက်ရဲ့ ပါရမီရှင် မျိုးဆက်တစ်ခုလုံးကို ငါရှင်းပစ်ရလိမ့်မယ်......"