← Chapters

ကျန်းချင်းအာ၏လှုပ်ရှားမှု....

Vol. 42 Ch. 583

ကျန်းချင်းအာ၏လှုပ်ရှားမှု....

Vol. 42 Ch. 583

" ကြက်သွေးရောင်ဗိုလ်ချုပ်က ငါတို့ကို အလစ်ချောင်းနေတာပဲ !"

လုမင်က ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

" ဒုက္ခရောက်နေပြီ.... ဒီလူက ကောင်းကင်ဘုံ ပဲ့တင်ထပ်သံအဆင့်ရန်သူပဲ.... အဖွဲ့ခေါင်းဆောင်တွေ အားလုံးကလည်း ပင်ပန်းနေကြပြီ....နောက်တစ်ယောက်ကို ဘယ်လိုတိုက်ကြမလဲ...."

ကျင်းထန်ရှုက မဝံ့မရဲပြောလိုက်သည်။

"ခွေးမသား!"

စွန်းတရှန်ကလည်း ကျိန်ဆဲခဲ့သည်။

လီလော့ ဒီအခြေအနေနှင့် ပတ်သက်၍စိတ်ညစ်နေသော်လည်း ဖြေရှင်းဖို့နည်းလမ်းကို စဉ်းစားရပေမည်။ ဒီလိုဖြစ်လာမည်ကို သူအရင်က ကြိုမြင်ထားပေမယ့် ပြေလည်အောင်လုပ်ဖို့ တခြားနည်းလမ်းမရှိခဲ့ပေ။ သွေးအမြီးနတ်ဆိုးကိုတော့ မဖြစ်မနေ သုတ်သင်ရမည်သာ......

ကြက်သွေးရောင်ဗိုလ်ချုပ်သည် မဟူရာလေပြင်းအင်ပါယာကို ပျက်ဆီးသွားစသည့် ကပ်ဘေးကို ဆောင်ကြဉ်းပေးခဲ့သော အင်အားစုများကို ကိုယ်စားပြုသည်။ သူသည် ကမ္ဘာခြားသက်ရှိများနှင့် ရှုပ်ထွေးသောဆက်ဆံရေးကို မျှဝေခဲ့ကြသော်လည်း အပြည့်အဝယုံကြည်ပုံမရပေ။

အကယ်၍ သွေးအမြီးနတ်ဆိုးသာ လွတ်မြောက်သွားပါက ကြိုးစားအားထုတ်ခဲ့သမျှ အချည်းနှီးဖြစ်ကုန်လိမ့်မည်။

လီလော့ ကောင်းကင်ပေါ်က ကြက်သွေးရောင်ဗိုလ်ချုပ်ကို စိုက်ကြည့်ရင်း အေးစက်သော ဒေါသများ သူ့မျက်လုံးများထဲသို့ စိမ့်ဝင်လာသည်။ သူ့လက်ကောက်ဝတ်ရှိ အနီရောင်လက်ကောက်ကို ငုံ့ကြည့်မိသည်။ ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ကျွမ်းကျင်သူသည် ကျော်ဖြတ်ရန် ခဲယဉ်းသော်လည်း ဝှက်ဖဲမရှိသည်တော့မဟုတ်ပေ။

အမြီးသုံးချောင်းကောင်းကင်ဝံပုလွေသည် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်လောက်

စွမ်းအားကြီးမားပြီး ၎င်း၏စွမ်းအားကို ထိုအဆင့်တွင်ပင် ထိပ်တန်းဟု သတ်မှတ်နိုင်သည်။အရိပ်လှိုဏ်ဂူအတွင်းက မြို့စားအဆင့် ပြုံးနေသောနတ်ဆိုးသည်ပင် ဝံပုလွေ၏ဝါးမျိုခြင်းခံခဲ့ရသည်။ သွေးအမြီးနတ်ဆိုးရော ကြက်သွေးရောင်ဗိုလ်ချုပ်ပါ အမြီးသုံးချောင်းကောင်းကင်ဝံပုလွေ၏ ခွန်အားကို မယှဉ်နိုင်ပေ။

ဆိုလိုချင်တာက သူ(လီလော့)သာ ကောင်းကင်ဝံပုလွေ၏စွမ်းအားကို ချေးငှားလိုက်လျှင် ကြက်သွေးရောင်ဗိုလ်ချုပ်ကို အနိုင်ယူဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်လာမည့်အဓိပ္ပါယ်ပင်....

လီလော့ တကယ်ကိုဝေခွဲမရဖြစ်နေသည်။ တကယ်ဆို ကောင်းကင်ဝံပုလွေကိုအိမ်တော်စုဝေးအတွက် ဝှက်ဖဲအဖြစ်ချန်ထားချင်သေးသည်။

အခြားတဖက်တွင်.....

မင်းသမီး၊လန်လန်နှင့် အခြားသူများကက ကြက်သွေးရောင်ဗိုလ်ချုပ်ကို တိတ်တဆိတ်ကြည့်နေကြသည်။ ခက်ခက်ခဲခဲ အနိုင်ရခဲ့သော တိုက်ပွဲကို မည်သူမျှ လက်မလွတ်ချင်ကြပေ။

သို့တိုင် သူတို့လုပ်နိုင်တာ တခြားဘာမှ မရှိသေးပေ။ ရှစ်ယောက်လုံး မောပန်းနွမ်းနယ်နေပြီး ကောင်းကင်ပဲ့တင်ထပ်သံကျွမ်းကျင်သူကို အနိုင်ရဖို့ အခွင့်အလမ်းကလည်း မရှိသလောက်နီးပါးနည်းပါးနေသည်။

"ငါတို့ဘာလုပ်မှာလဲ?"

လန်လန် ခေါင်းငိုက်စိုက်ကျနေသည်။ သူသည် မင်ဘုရင်ကျမ်းစာကို ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ကာ စွမ်းအားများလည်းအကုန်အစင်ထုတ်သုံးထားခဲ့ပြီးပြီ......

အတင်းအကျပ် နှိုးဆော်ပါက သူသည် မင်ဘုရင်ကျမ်းစာ၏ ဒုတိယမြောက်ဉီးညွတ်ခြင်းကို ဆွဲထုတ်နိုင်သော်လည်း ပေးဆောင်ရမည့် တန်ကြေးကလည်းနည်းမည်မဟုတ်ပေ။

"ကျွန်မ စမ်းကြည့်မယ်”

ကျန်းချင်းအာ လေထဲသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်ကို အားလုံး တွေ့လိုက်ရသည်။

"ချင်းအာ..."

မင်းသမီး အံ့သြသွားသည်။ကျန်းချင်းအာတွင် အဆင့်ကိုးပဲ့တင်ထပ်သံ ရှိသော်လည်း၊ သူမသည် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့် တစ်ဦးသာ ဖြစ်သည်။

အလင်းပဲ့တင်ထပ်သံကို ခံနိုင်ရည်အားနည်းသော ကမ္ဘာခြားသက်ရှိမဟုတ်သည့် ကြက်သွေးရောင် ဗိုလ်ချုပ်ကို သူမ မည်သို့ ရင်ဆိုင်ရမည်နည်း။

အခြားအဖွဲ့ခေါင်းဆောင်များကလည်း ထပ်တူထပ်မျှ အံ့အားသင့်ခဲ့ကြသော်လည်း ဘာမှ ဝင်မပြောနိုင်ခဲ့ကြပေ။ သူတို့မှာ ပိုကောင်းတဲ့ စိတ်ကူးမရှိသလို ကျန်းချင်းအာ က ရှေ့ကို လှမ်းတက်နေတယ်ဆိုရင် သူမထံတွင် ဝှက်ဖဲ တစ်ခုခုတော့ ရှိကောင်းရှိနိုင်လိမ့်မည်။

ကျန်းချင်းအာသည် သူတို့၏သံသယရှိသောအကြည့်များကို လျစ်လျူရှုကာ လက်ဟန်အချို့ပုံဖော်လိုက်သည်။ထိုအခါ သူမနောက်ကျောက အလင်းတမန်တော်သည် သူမ၏ခန္ဓာကိုယ်အတွင်းသို့ နာခံမှုရှိရှိ ပြန်လည်ရွေ့လျားလာကာ သူမ၏ကိုယ်ခန္ဓာတစ်ဝိုက်တွင် အလင်းတန်းတချို့တောက်ပစွာဖြစ်ပေါ်လာသည်။

ထိုအလင်းမှ ပဲ့တင်ထပ်သံစွမ်းအားများက အသင်းခေါင်းဆောင်များကိုပင် မောဟိုက်သွားစေသည်။

ထိုကဲ့သို့ ခိုင်မာသော စွမ်းအင်... သူမသည် ကောင်းကင်ပုလဲအဆင့်ရှိ အချို့သောသူတွေထက်ပင် အမှန်တကယ် ခွန်အားကြီးပါသည်။

"အဆင့်ကိုးပဲ့တင်ထပ်သံက မနာလိုချင်စရာကောင်းလိုက်တာ"

ချင်ယွဲ့ကသဘောရိုးဖြင့် ချီးကျုးလိုက်သည်။မြေနတ်ဆိုးခန္ဓာအဆင့်နှင့်ကောင်းကင်နစ်မြှုပ်ခြင်းအဆင့်ကြားက

ခြားနားချက်မှာ ၎င်းတို့အားလုံး ကိုယ်တွေ့ ကြုံဖူးသည့် အရာတစ်ခုဖြစ်ပြီး မည်မျှ ခက်ခက်ခဲခဲ ကျော်ဖြတ်ရမည်ကို အကောင်းဆုံး နားလည်ခဲ့ကြသည်။

ယခုလည်း နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့် ကျန်းချင်းအာက ကောင်းကင်ပုလဲအဆင့်နှင့် ညီမျှသော စွမ်းအားမျိုးကို ထုတ်ပြနေသည်။

မင်းသမီးက....

"ချင်းအာ.... နင်တကယ်ချစ်ဖို့ကောင်းတယ်..ဒါမျိုးကိုကောင်းကောင်းဝှက်ထားနိုင်တယ်ကြည့်စမ်း....."

ကျန်းချင်းအာ၏ လှုပ်ရှားမှုများကို ကြက်သွေးရောင်ဗိုလ်ချုပ် ကလည်း အနီးကပ် စောင့်ကြည့်နေသည်။

" အဆင့်ကိုး အလင်းပဲ့တင်ထပ်သံကို ငါမြင်တယ်..... ဒါပေမယ့် မင်းရဲ့ခွန်အားကို ယာယီမြှင့်တင်ထားတာမလား....ဘယ်လောက်ကြာကြာ ခံနိုင်မှာမို့လို့လဲ......"

“လာစမ်းပါ” ဟု ကျန်းချင်းအာက အေးအေးဆေးဆေး ကမ်းလှမ်းလိုက်သည်။

သူမ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လက်ချောင်းနှစ်ချောင်းကို ပူးကပ်လိုက်သည်။

ထူထဲသော ပဲ့တင်ထပ်သံအလင်းတန်းများသည် ပူလောင်တောက်ပနေသော ချည်ကြိုးများကိုသွေယှက်ထားသည့်နှယ် ခိုင်ခံ့နေပြီး ပတ်ဝန်းကျင်ရှိလေထုအပူချိန်ကိုပါမြင့်တက်စေသည်။

ကျန်းချင်းအာ ပြတ်ပြတ်သားသား တိုက်ခိုက်လိုက်ပြီး အလင်းတန်းများကို မဆိုင်းမတွ လွှင့်ထုတ်လိုက်သည်။

ကြက်သွေးရောင်ဗိုလ်ချုပ်သည် အကြိမ်ရေအနည်းငယ်မျက်တောင်ခတ်လိုက်သည်။ အဆင့်ကိုး အလင်းပဲ့တင်ထပ်သံသည် ဤကမ္ဘာ၏ အံ့ဖွယ်ကောင်းမှုတစ်ခုဖြစ်ပြီး လျှော့တွက်လို့မရပေ။

သူ့အစီအစဥ်က ဒီအထိ ချောချောမွေ့မွေ့ ပြီးဆုံးခါနီးနေပါပြီ။ ထို့ကြောင့်တချက်တည်းနှင့် ခဲလေသမျှ သဲရေကျရမည့်ဖြစ်မျိုးကို တတ်နိုင်သမျှ တားဆီရပေတော့မည်။

ထိုသို့တွေးလိုက်သောအခါတွင် သူ၏ချပ်ဝတ်သည် အနီရောင်တောက်ပလာပြီး ကြက်သွေးရောင် ပဲ့တင်ထပ်သံ စွမ်းအားများ ထွက်ပေါ်လာသည်။

ကောင်းကင်ပဲ့တင်ထပ်သံအဆင့်.....

နောက်ဆုံးတွင် သူ၏စွမ်းအားကို အားလုံးရှေ့တွင် တရားဝင် အတည်ပြုခဲ့လေပြီ.....

ကောင်းကင်ပဲ့တင်ထပ်သံအဆင့်တွင်ရှိသူများသာ ၎င်းတို့ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်ကို လောင်ကျွမ်းစေပြီးကိုယ်ပိုင်စွမ်းအားအဖြစ် အသုံးပြုနိုင်သည်။

ကျန်းချင်းအာရဲ့ တိုက်ခိုက်မှုက ကြက်သွေးရောင်ဗိုလ်ချုပ်ကို တကယ်ပဲ အန္တရာယ် ဖြစ်စေနိုင်သလား.....

ကြက်သွေးရောင်ဗိုလ်ချုပ်၏ လက်သီးချက်သည် ကောင်းကင်ယံသို့ ရောက်ရှိသွားသော မီးတိုင်တစ်ခုအဖြစ် ကျန်းချင်းအာ၏ တိုက်ခိုက်မှုနှင့် တွေ့ဆုံသည်။

ဒါပေမယ့် မျှော်လင့်ထားတဲ့ ပေါက်ကွဲမှုတော့ မဖြစ်ခဲ့ပေ။ အဲဒီအစား ချက်ချင်းပင် အလင်းတန်းများပျောက်ကွယ်သွားသည်။

ကြက်သွေးရောင်ဗိုလ်ချုပ် အံ့အားသင့်သွားသည်။

သူ့ပြိုင်ဘက်က အားနည်းနေတာလား.....

"မဟုတ်ဘူး!"

သွေးအမြီးနတ်ဆိုးအတွက် ရည်ရွယ်သည့် လျှို့ဝှက်သော အလင်းတိုက်ခိုက်မှုကို တွေ့လိုက်ရသော်လည်း တုံ့ပြန်ဖို့အချိန်မမှီတော့ပေ။

"လှည့်စားတယ်!"

ဒါဆို ကျန်းချင်းအာရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်က သွေးအမြီးနတ်ဆိုးကို သတ်ပစ်ဖို့ပဲ ဖြစ်သည်။

သူ့ကို ရည်ရွယ်တိုက်ခိုက်တာက အယောင်ပြသက်သက်သာ......

ကြားဝင်နှောက်ယှက်ရန် နောက်ကျလွန်းသဖြင့် သူမက သွေးအမြီးနတ်ဆိုးဆီသို့ နောက်ထပ် တိုက်ခိုက်မှုတခုပစ်လွှတ်လိုက်ပြန်သည်။

အဖွဲ့ခေါင်းဆောင်များ တက်ကြွလာပြီး..

"ကျန်တဲ့ ခွန်အားတွေ ရှိတဲ့ သူတွေအားလုံး သူ့ကို ကူညီကြပါ..... ငါတို့ သွေးအမြီးနတ်ဆိုးကို သတ်ပြီးရင် ဝိညာဉ်မှန်တွေကချိုးဖျက်ပြီး ထွက်သွားနိုင်တယ်!" လန်လန်က အော်လိုက်သည်။

ကုန်းရှန်ကျွင်းသည် နာကျင်သော အပြုံးဖြင့် ရှေ့ကို တိုးလာသည်။

“ဒါဆိုရင် တတ်နိုင်သလောက် ကူညီပါရစေ.....”

အသက်ပြင်းပြင်းရှူပြီး ပါးစပ်မှ ငွေရောင်အလင်းတန်းတစ်ခုကို ထွေးထုတ်လိုက်သည်။ ၎င်းသည် ငွေအကြေးခွံနဂါးတစ်ကောင်အဖြစ်ပြောင်းလဲသွားပြီး သွေးအမြီးနတ်ဆိုးရှိရာဆီပျံသန်းသွားသည်။

ဝေါင်းးးးးးးး

အရွယ်အစားကြီးမားသော နဂါးကြီး၏ ဟိန်းဟောက်သံကို ကြားလိုက်ရပြီး ကျန်းချင်းအာ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားသော နတ်ဆိုး၏ အမြီးကိုဖြတ်တောက်လိုက်သည်ကိုမြင်လိုက်ကြရသည်။

All Chapters