ကုန်းရှန်ကျွင်း၏အစီအစဉ်.....
Vol. 42 Ch. 584
ကျန်းချင်းအာနှင့်ကုန်းရှန်ကျွင်းတို့၏ တိုက်ခိုက်မှုများသည် ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီးဖြစ်သော သွေးအမြီးနတ်ဆိုးပေါ် ကျရောက်ကာ သေလုမြောပါးဖြစ်ခဲ့ရသည်။
မီးရှူးမီးပန်းများကဲ့သို့ တိုက်ခိုက်မှုများ ပြင်းထန်စွာ ထွက်ပေါ်လာချိန်တွင် ကျယ်လောင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"အတင့်ရဲ့လှချည်လယး!?"
ကြက်သွေးရောင်ဗိုလ်ချုပ် လုံးဝ ဒေါသ ထွက်နေပါသည်။ သူ့အပေါ်ကို အမြန်ဆွဲချမိလို့ ဒေါသထွက်သွားတယ်။ သွေးအမြီးနတ်ဆိုးသည် သူ့အကြံအစည်၏ အဓိကအချက်ဖြစ်သည်။ ကျန်းချင်းအာ တကယ်သာ သတ်ပစ်လိုက်ရင်၊ ဒါတွေအားလုံးဟာ အလဟသ ဖြစ်သွားလိမ့်မည်။
ကျောင်းသူကျောင်းသားအားလုံး မျှော်လင့်ထားသည့်အတိုင်းဖြစ်မလာခဲ့ပေ။
ကျန်းချင်းအာနှင့် ကုန်းရှန်ကျွင်းတို့၏ ပူးပေါင်းတိုက်ခိုက်မှုကပင် သွေးအမြီးနတ်ဆိုးကို အဆုံးမသတ်နိုင်သေးပေ။
ကျောင်းသားများ၏ နှလုံးသားများ နစ်မြုပ်သွားသလိုပင်.......
"ကပ်သီးလေးဟာ!" လုမင်က မချိတင်ကဲရေရွတ်လိုက်သည်။
အကယ်၍ ထိုတိုက်ခိုက်မှု အောင်မြင်ခဲ့ပါက ၎င်းတို့အားလုံး ဝိညာဉ်မှန်များကို ချိုးဖျက်ကာ ထွက်ခွာသွားနိုင်သည်။ ဒါပေမယ့် သွေးအမြီးနတ်ဆိုးက အသက်ပြင်းလွန်းလှသည်။
"အခွင့်ရေးနဲ့လွဲချော်သွားပြီ...."
စွန်းတရှန်က ခေါင်းယမ်းရင်း ပြောလိုက်သည်။
ကျင်းထန်ရှုပင်လျှင် မျှော်လင့်ချက်မဲ့နေပုံရသည်။
လီလော့ကတော့ ထူးခြားမှုကို တွေ့သွားခဲ့သည်။ ကျန်းချင်းအာ၏ တိုက်ခိုက်မှုက သွေးအမြီးနတ်ဆိုးကိုအတော်အထိနာစေခဲ့သည်။သေချာစွာအကွက်ချစီစဉ်တတ်သော ကျန်းချင်းအာ အဘယ်ကြောင့် မအောင်မြင်ခဲ့ရသနည်း....ကျန်းချင်းအာကြောင့်သာမဟုတ်ရင် ပြသာနာကဘယ်သူ့ကြောင့်နည်.....
သူမသည် ကုန်းရှန်ကျွင်း၏အကူအညီကို ရရှိခဲ့သည်။
"ကုန်းရှန်ကျွင်း?" အေးစက်သော ကြောက်ရွံ့မှုတစ်ခုက လီလော့ဆီသို့မမျှော်လင့်ဘဲရောက်လာခဲ့သည်။ ဒါပေမယ့် သေချာတယ်... ကုန်းရှန်ကျွင်းမှာ ဒီလိုမျိုးလုပ်ဖို့ ဘာအကြောင်းပြချက်မှ မရှိဘူး......
ကျန်းချင်းအာ မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ တိုက်ခိုက်မှု သွေးအမြီးနတ်ဆိုးပေါ်သို့ ရှင်းရှင်းလင်းလင်း ရောက်သွားခဲ့ပြီး ၎င်းကို တန်ပြန်နိုင်သည့် အလင်းပဲ့တင်ထပ်သံစွမ်းအင်တိုက်ခိုက်မှုက သွေးအမြီးနတ်ဆိုးကိုချက်ချင်းချေမှုန်းလိုက်သင့်သည်။
သူမ မှားတွက်မိသလား......
သူမ၏ မျက်လုံးများ ပြူးကျယ်သွားပြီးနောက် ကုန်းရှန်ကျွင်း ကို ကြည့်ရင်း အေးစက်သော ဒေါသစိတ်များလှိုက်ဆူလာသည်။
ဒါပေမယ့် နောက်ဆုံးမှာတော့ သူမ နှုတ်ဆိတ်နေဖို့သာရွေးချယ်ခဲ့သည်။
သူမသည် လီလော့နှင့်အတွေးချင်းတူသော်လည်း သက်သေမရှိဘဲ ၎င်းတို့ကို မည်သူမျှ ယုံမည်မဟုတ်ပေ။
ကုန်းရှန်ကျွင်းသည် ကျန်းချင်းအာ၏ သံသယကို ကောင်းစွာသိသော်လည်း အပြစ်ကင်းသောအမူအရာကို ထိန်းသိမ်းထားကာ သွေးအမြီးနတ်ဆိုးကို စိုက်ကြည့်နေသည်။
သူ၏ အတွေးများက ရှန့်ပိန်းတွေ့ဆုံပွဲမတိုင်မီအချိန်များဆီသို့ရောက်ရှိသွားသည်.....
…….....
သူ့ခမည်းတော်၏ စာဖတ်ခန်းထဲတွင်......
"ခမည်းတော်....သားတော် ကြားလိုက်တာအမှန်ပဲလား"
မတုန်မလှုပ်နိုင်သော ကုန်းရှန်ကျွင်းသည် ကိုယ်စားအုပ်ချုပ်သူ ၏နှုတ်မှထွက်လာသောစကားများကို မယုံနိုင်ပေ။
ကိုယ်စားအုပ်ချုပ်သူက ဖတ်လက်စ စာအုပ်ကို အကြည့်မပျက်ဘဲ.....
"အမှန်ပဒ....ရှန့်ပိန်းတွေ့ဆုံပွဲမှာ အနိုင်ရဖို့ မကြိုးစားနဲ့.....ပြီးတော့ ကြယ်တာယာခရီးရှည်ကောလိပ်က တခြားကျောင်းသားတွေ အနိုင်ရမယ်လို့ထင်ရင် သူတို့ကို အနှောင့်အယှက်လိုက်......"
ကုန်းရှန်ကျွင်း မျက်မှောင်ကြုတ်လိုက်သည်။
"ဘာလို့လဲ...သားတော်တို့မှာ အနိုင်ယူနိုင်တဲ့ စွမ်းအားရှိတယ်လေ....."
"အနိုင်ရရင်ဘာဖြစ်မလဲ....."
ကုန်းရှန်ကျွင်း မျက်မှောင်ကြုတ်လိုက်သည်။
"အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတခွင်မှာ ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ဂုဏ်သတင်းကျော်ဇောလာမှာပေါ့.... အဲဒါ ဘယ်လောက် အဖိုးတန်တယ်လိုက်သလဲ...."
ကုန်းရှန်ကျွင်းက စကားပြောတော့မည်ဖြစ်သော်လည်း ကိုယ်စားအုပ်ချုပ်သူ က စိတ်မရှည်စွာ လက်ဝှေ့ယမ်းကာ စကားစဖြတ်လိုက်သည်။
"ကြယ်တာယာခရီးရှည်ကောလိပ်က ရှန့်ပိန်းတွေ့ဆုံပွဲမှာအနိုင်ရရင် လုံကူရှန့်ပိန်းကိုလည်း ရရှိလိမ့်မယ်.... ဒါဆို ကျောင်းအုပ်ကြီးဖန် အရိပ်လှိုဏ်ဂူကနေ ထွက်လာနိုင်မယ်.....အဲ့အခါကျရင် ရှပြည်ထောင်စုတစ်ခုလုံး သူ့ထိန်းချုပ်မှုအောက်ရောက်သွားလိမ့်မယ်..... အဲ့လိုသာဆို ငါတို့ နန်းတင်ချင်တဲ့သူကို ထီးနန်းပေးဖို့အစီအစဉ်တွေပျက်စီးသွားကုန်လိမ့််မယ်...."
"ကျောင်းအုပ်ကြီးဖန်က အုပ်ချုပ်လိုစိတ်မရှိရင်တောင်မှ ငယ်ရွယ်တဲ့ ဘုရင်မင်းမြတ်အနားမှာ သူသာရှိနေရင် ငါတို့ဘာမှလုပ်လို့ရမှာမဟုတ်ဘူး....."
"ငါတို့ ဘုရင်မင်းမြတ်ရဲ့ အုပ်ချုပ်မှု ဆက်လက် တည်တံ့ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းက ဖန်ချန်းယွမ်ကိုအရိပ်လှိုဏ်ဂူထဲမှာ ပိတ်လှောင်ထားပြီး နေရောင်မြင်ခွင့်မပေးဖို့ပဲ....."
"ရှန်ကျွင်း..." ကိုယ်စားအုပ်ချုပ်သူက ဖြည်းညှင်းစွာပြောပြီး နောက်ဆုံးတွင မော့ကြည့်လိုက်သည်။
"မင်းက သိတတ်လိမ္မာတဲ့ ကလေးပါ..... ဒါကို မင်းနားလည်တယ် မဟုတ်လား...."
ကုန်းရှန်ကျွင်း ခဏမျှ တိတ်ဆိတ်သွားသည်။
"ခမည်းတော် ဒီကိစ္စကို လွမ်ယုနဲ့ ပြောပြီးပြီလား"
ကိုယ်စားအုပ်ချုပ်သူက ရယ်လိုက်ပြီး ....
"ဒီကောင်မလေးက နုံအလွန်းတယ်.... သူက ငါ့ကို မယုံသေးဘူး... ကျောင်းရဲ့ မျက်နှာသာပေးမှုကိုတောင် နှစ်တွေကြာအောင် စည်းရုံးနေတာ။ သူက သူ့မောင်ကို ကာကွယ်ဖို့ ဘာမဆိုလုပ်မယ့် ငါတို့ရဲ့ အပြင်းထန်ဆုံး ပြိုင်ဘက်တွေထဲက တစ်ယောက်ပဲ.....ဒီအကြောင်းကိုသာပြောပြလိုက်ရင်ငါတို့ကို မထောက်ခံရုံသာမကဘဲ ကြယ်တာယာခရီးရှည်ကောလိပ်ကိုတောင် သတင်းသွားပေးလိုက်လိမ့်မယ်....."
"ဟမ့်.... ဒီနှစ်တွေတစ်လျှောက်လုံး ရှပြည်ထောင်စုကို ဘယ်သူက အုပ်စိုးထားလဲ သူမ စဉ်းစားသင့်တယ်။ ငါတို့ကသာ ရှပြည်ထောင်စုရဲ့ အုပ်စိုးသူအစစ်တွေဘဲ! သူမက ကြယ်တာယာခရီးရှည်ကောလိပ်ကိုရောက်တော့မှ သွေးနထင်ရောက်ပြီး ဘဝမေ့နေတာ.... ဒီအတိုင်းသာ ဆက်သွားမယ်ဆို ရှပြည်ထောင်စုရဲ့ အုပ်စိူးသူက ငါတို့တော်ဝင်မျိုးနွယ်တွေမဟုတ်ဘဲ ကြယ်တာယာခရီးရှည်ကောလိပ်ဖြစ်လာလိမ့်မယ်....ဒါ့ကြောင့် လုံကူရှန့်ပိန်း ရလာလို့မဖြစ်တာပေါ့....."
ကုန်းရှန်ကျွင်း ခဏမျှ တိတ်ဆိတ်သွားပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
ကုန်းရှန်ကျွင်း၏ ပူးပေါင်းဆောင်ရွက်လိုသောဆန္ဒကို မြင်သောအခါ ကိုယ်စားအုပ်ချုပ်သူ၏ တင်းမာမှု လျော့ပါးသွားသည်။
"ဒါပေမယ့် တခုတော့မှတ်ထား.... အသိမ်မွေ့ဆုံးနဲ့ ပါးနပ်တဲ့ နည်းတွေသုံးပြီး နှောက်ယှက်ဖို့ လိုတယ်.... သူတို့ မင်းကို သံသယဝင်လို့မဖြစ်ဘူး..... ငါတို့အခုချိန်မှာ ကောလိပ်နဲ့ အချေတင်ဖြစ်ရလို့မရသေးဘူး.....မင်းကအရည်အချင်းရှိတာမို့အောင်မြင်အောင်လုပ်နိုင်မှာပါ......"
ကုန်းရှန်ကျွင်း ဦးညွှတ်လိုက်ပြီး.....
"နားလည်ပါတယ် ခမည်းတော်....."
အမှန်မှာ၊ ကုန်းရှန်ကျွင်းသည် ကျန်းချင်းအာ၏ တိုက်ခိုက်မှုကို အမှန်တကယ် ပျက်ပြယ်ခဲ့ပြီး သွေးအမြီးနတ်ဆိုးကို အသက်ရှင်ခွင့်ပေးခဲ့သည်။
သို့သော် မည်သူမျှ မတွေ့နိုင်လောက်အောင် သိမ်မွေ့စွာ ဖယ်ထုတ်လိုက်သည်မှာ သေချာသည်။
သူ့တာဝန် ပြီးမြောက်ခဲ့ချေပြီ.... သွေးအမြီးနတ်ဆိုးက အသက်ရှင်နေသဖြင့် ရောနှော
အဆင့်ပြိုင်ပွဲအတွက် အနိုင်ရရှိသူမရှိခဲ့ပေ။