← Chapters

နတ်ဆိုးဆန်သော ကြက်သွေးရောင်ဗိုလ်ချုပ်....

Vol. 42 Ch. 586

နတ်ဆိုးဆန်သော ကြက်သွေးရောင်ဗိုလ်ချုပ်....

Vol. 42 Ch. 586

"ကောင်းမှု မကောင်းမှုမှန်သမျှ ချုပ်ငြိမ်း၍ မှန်ကန်သော ရုပ်သွင်ထွက်ပေါ်လာစေ...."

ကြက်သွေးရောင်ဗိုလ်ချုပ်၏အသံထွက်ပေါ်လာသည်နှင့်အမျှ အမှောင်ထုသည် ကြီးမားလှသော နတ်ဆိုးအသွင်အဖြစ် တဖြည်းဖြည်း ပုံပေါ်လာသည်။

"အဆင့်မြင့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်!"

မင်းသမီးနှင့်အခြားသူများရင်မော သွားသည်။ ကြက်သွေးရောင်ဗိုလ်ချုပ်၏ခန္ဓာကိုယ်မှ ထွက်လာသော စွမ်းအင်လှိုင်းများအရ သူသည် ယခင်ကထက်တဆင့်ပိုမြင့်သော အဆင့်မြင့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

ဒီလိုအချိန်တိုလေးအတွင်းမှာ အဆင့်တစ်ဆင့် မြှင့်တင်နိုင်ခဲ့သည်။ ထို့အပြင်၊ သူ့ထံမှ စွမ်းအားများသည် ပုံမှန် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်များထက် များစွာ ပိုမို အားကောင်းသည်။

"နောက်ဆုတ်!"

လန်လန်က ချက်ချင်း အမိန့်ပေးလိုက်သည်။

ကြက်သွေးရောင်ဗိုလ်ချုပ်က သွေးအမြီးနတ်ဆိုးနှင့် အောင်မြင်စွာ ပေါင်းစည်းခဲ့လေပြီ.... အဖွဲ့ခေါင်းဆောင်များအနေဖြင့် အဆင့်နိမ့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့် ရန်သူကို တိုက်ခိုက်ရန် စွမ်းဆောင်နိုင်ခဲ့သော်လည်း၊ အဆင့်မြင့် ကောင်းကင် ပဲ့တင်ထပ်သံအဆင့် ရန်သူကို ဆန့်ကျင်ရန် အခွင့်အရေး မရှိခဲ့ကြပေ။ ၎င်းသည် မြို့စားအဆင့်အောက်တွင် အပြင်းထန်ဆုံး ဖြစ်နိုင်ချေရှိသော အဆင့်ဖြစ်သည်။

နောက်ဆုတ်လိုက်ခြင်းသည် ယခုအချိန်တွင် အသိဉာဏ်အရှိဆုံး ရွေးချယ်မှုဖြစ်သည်။

လန်လန်အော်လိုက်သောအခါ လူတိုင်းနီးပါး တူညီစွာဖြင့် ဝိညာဉ်မှန်များကို ဆုပ်ကိုင်ထားကြသည်။

လီလော့က ကြက်သွေးရောင်ဗိုလ်ချုပ်ကို နောက်ဆုံးတစ်ကြိမ် မော့ကြည့်လိုက်တော့ ယခု သူ့အရေပြားမှ ထွက်လာသော အရိုးများ ပိုမိုထူထပ်လာကာ ခန္ဓာကိုယ်အနှံ့တွင် အနက်ရောင် အရိုးများ ဖုံးလွှမ်းထားသည်။ သူသည် အမှန်တကယ်ပင် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးတစ်ကောင်ဖြစ်ပြီး ကျောင်းသားများကို မုန်းတီးမှုဖြင့် ငုံ့ကြည့်နေခဲ့သည်။

သူသည် ယခုချိန်တွင် လူသားမဟုတ်တော့ပေ......

ကြက်သွေးရောင်ဗိုလ်ချုပ် အဘယ်ကြောင့် လူသားဆန်မှုကို အလွယ်တကူ စွန့်လွှတ်လိုက်သည်ကို လီလော့နားမလည်နိုင်တော့ပေ။

"အဆင့်မြင့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့် ဟမ့်......"

လီလော့ စေ့စေ့တွေးပြီး သူ့လက်ကောက်ဝတ်ကို ပြန်ငုံ့ကြည့်နေသည်။

ဝှက်ဖဲကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားပြီး ပြိုင်ပွဲကနေ နှုတ်ထွက်လိုက်ချင်နေပြီ......ငရဲထက်ပိုဆိုးတဲ့ ဒီလိုနေရာမျိုးဆီ အတွေ့အကြုံမရင့်သန်သေးသော ကျောင်းသားများကို ပို့လွှတ်ခြင်းပ တကယ့်ကိုယုတ်မာမှုကြီးပင်.....

ယခု သွေးအမြီးနတ်ဆိုးသေဆုံးသွားပြီဖြစ်သောကြောင့် ၎င်းတို့အားလုံး ရောနှော

အဆင့်ပြိုင်ပွဲမှ ထွက်ခွာနိုင်ပြီး အရာများကို အပြီးသတ်နိုင်မည်ဖြစ်သည်။

လီလော့ မဆိုင်းမတွပင် သူ၏ဝိညာဉ်မှန်ကို ချက်ချင်းရိုက်ချိုးလိုက်သည်။

ဒီကနေ ထွက်သွားဖို့ အချိန်တန်ပြီ။

သူတို့၏ စိတ်ဝိညာဉ်မှန်များကို ရိုက်ချိုးလိုက်ပြီးနောက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိလေသည်။

အခု သူတို့ လုံခြုံသွားပြီ.....

လီလော့ ခဏတာ စိတ်လျှော့လိုက်သည်။သို့သော် တခဏအကြာတွင်...

တစ်ခုခုတော့ မှားနေပြီ။ သူသည် ကျောက်သားမြို့တော်၏ အပျက်အစီးများကြားတွင်ရှိနေဆဲဖြစ်ပြီး သူ့ကို သယ်ယူရန် သယ်ယူပို့ဆောင်ရေးအစီအရင်အသက်မဝင်လာသေးပေ။

သူ့အနားတွင် လုမင်၊ကျင်းထန်ရှုနှင့် စွန်းတရှန်တို့ကလည်း ပျာယာခတ်နေကြသည်။

"ဘာဖြစ်နေတာလဲ...ဝိညာဉ်မှန်တွေက ဘာလို့ အလုပ်မလုပ်တာလဲ..."

လုမင်က စိုးရိမ်တကြီးမေးလိုက်သည်။

လီလော့ ကောင်းကင်ကို မော့ကြည့်လိုက်တော့ မင်းသမီး၊လန်လန်နှင့် အခြားသူများ လည်း ဤနေရာတွင် ရှိနေကြသည်။

"အကောင်ပေါက်လေးတွေ မင်းတို့ဘယ်သွားကြမလို့လဲ....."

သူတို့အပေါ်ကနေ ရူးကြောင်ကြောင် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

ကြက်သွေးရောင်ဗိုလ်ချုပ်၏ ပခုံးနှစ်ဖက်မှ အရိုးပေါင်းများစွာ ငေါထွက်နေပြီး အရေပြားကလည်း တလက်လက်တောက်ပနေသည်။

သူ၏ဆံပင်များက လုံးဝနီရဲသွားကာ သွေးစိမ်းများဖြင့် ချောမွတ်ပျော့ပြောင်းနေသည်။

“အိမ်ပြန်ချင်နေပြီလား... ခေါင်းလောင်းမမြည်သေးဘူး…..မင်းတို့ လက်ထဲမှာ ဘာတွေကိုင်ထားတာလဲ....."

လီလော့တို့ လက်ထဲကို ငုံ့ကြည့်လိုက်ပြီး အကုန်မျက်လုံးပြူးကုန်သည်။ တစ်နည်းအားဖြင့် သူတို့သည် ဝိညာဉ်မှန်များကို ကိုင်ဆောင်ထားခြင်းမဟုတ်ဘဲ အရိုးအပိုင်းအစများသာ ဖြစ်သည်။

"ပုံရိပ်ယောင်တွေ!"

လုမင် လန့်သွားသလို လီလော့လည်း အံ့သြသွားသည်။ ကြက်သွေးရောင်ဗိုလ်ချုပ်သည် ၎င်းတို့အားလုံးအပေါ်သက်ရောက်နိုင်သော ပုံရိပ်ယောင်မျိုး ဖန်တီးနိုင်လောက်သည်အထိ အစွမ်းထက်နေသည်။

"ဒီနေ့မှာ ငါပြန်လည်မွေးဖွားလာပြီ... ဒီလိုကြီးကျယ်ခမ်းနားတဲ့ အခါသမယမှာ ဧည့်သည်တွေကို ဘယ်လိုထွက်သွားခွင့်ပြုနိုင်မလဲ.... တိတ်တိတ်ဆိတ်ဆိတ်နေပြီး ငါ့ရဲ့ပြန်လည်မွေးဖွားမှုကို သက်သေခံပေးကြစမ်း"

လှောင်ပြောင်ပြီးသည်နှင့် ပါးစပ်ကိုဖွင့်လိုက်ပြီး သွေးများကိုပက်ဖြန်းလိုက်ကာ ကောင်းကင်ပေါ်တွင် သူတို့အားလုံးကို ဖုံးအုပ်ထားသည့် အမိုးအကာတခုအဖြစ် စီးဆင်းသွားသည်။

"မင်းတို့ တကယ့်စိတ်ဝိညာဉ်မှန်အစစ်တွေကို ဒီမှာ ရှာတွေ့နိုင်မှာမဟုတ်ဘူး.... မင်းတို့ထဲက တစ်ယောက်မှ ထွက်သွားလို့မရဘူး"

ကြက်သွေးရောင်ဗိုလ်ချုပ်က သူ့လက်ကို ပြင်းပြင်းထန်ထန် ပွတ်သပ်ရင်း ပြောလိုက်သည်။

သူတို့အားလုံး ထိတ်လန့်တကြားဖြင့် အိတ်ဆောင်စက်လုံးများကိုဖွင့်၍ ၎င်းတို့၏ပိုင်ဆိုင်မှုများကို စစ်ဆေးကြသည်။

သူတို့၏ ပိုင်ဆိုင်မှုတိုင်းသည် ဝိညာဉ်မှန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ပုံရိပ်ယောင်တွေပဲ ဒါက သွေးအမြီးနတ်ဆိုး စွမ်းဆောင်နိုင်စွမ်းထက်တောင် ပိုပြင်းထန်တယ်"

လုမင်က လေသံခပ်မာမာဖြင့် ပြောလိုက်သည်။

ကျင်းထန်ရှုကတော့ လုံးဝကို ဖြူဖျော့နေရှာသည်။

သူတို့လို ဆရာသခင်အဆင့်များက ကြက်သွေးရောင်ဗိုလ်ချုပ်ရှေ့တွင် ပုရွက်ဆိတ်များသဖွယ်ပင်......

လီလော့ စိတ်အေးအေးထားဖို့ အသက်ပြင်းပြင်းရှုလိုက်သည်။

ကြက်သွေးရောင်ဗိုလ်ချုပ်သည် သွေးအမြီးနတ်ဆိုးထက် အဆပေါင်းများစွာ သန်မာခဲ့ပြီး မည်သူမျှ သူ့ကို မယှဉ်နိုင်ပေ။

"ငါတို့အားလုံးဒီမှာသေရတော့မယ်မဟုတ်လား? မြန်လွန်းတယ်..... ဘဝမှာနောက်ထပ် လုပ်စရာတွေ အများကြီးရှိသေးတယ်"

စွန်းတရှန် ဝမ်းနည်းစွာ ညည်းတွားနေသည်။

"ပါးစပ်ပိတ်ထား!"

လုမင်က သူ့ကို လှမ်းကြည့်သည်။ သူ ဒေါသဖြစ်နေချိန်မှာ အေးစက်စက်အမူအရာမျိုးလည်းရှိမနေတော့ပေ။

လီလော့ သူတို့ကို လျစ်လျူရှုလိုက်သည်။ အဲဒီအစား သူ့လက်ကောက်ဝတ်က အနီရောင်အမှတ်အသားကိုသာ အာရုံစိုက်ခဲ့သည်။ ဤအချိန်တွင် လက်ကောက်က ထူးထူးခြားခြား ပူနေပြီး သူ့နားထဲတွင် ဝံပုလွေအူသံကို ကြားနေရသည်။

"အိပ်မက်ဆိုးကြီးထဲ ခြေချော်ကျသွားနဲ့ သေခြင်းတရားက အသင့်စောင့်ကြိုနေလိမ့်မယ်....."

သွေးမိုးတွေ ရွာချလာပြီး စစ်မြေပြင်တစ်ခုလုံး တုန်လှုပ်ချောက်ချားဖွယ်တိတ်ဆိတ်သွားသည်။

လန်လန်၊မင်းသမီး၊ကုန်းရှန်ကျွင်းနှင့် သူတို့အားလုံးဟာ သူတို့ရဲ့ အသိစိတ်တွေ လွတ်ထွက်ကုန်ပြီး မျက်လုံးကနေ သွေးများစီးကျနေကြသည်။

သူတို့အားလုံး အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိ သွားကြပြီး သူတို့၏ ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်တော့ပေ။

ကြက်သွေးရောင် ဗိုလ်ချုပ်က တိတ်ဆိတ်စွာ ရယ်မောလိုက်ပြီး ဒီတစ်ကြိမ်မှာတော့ သူ့ရင်ဘတ်ပေါ်က မျက်နှာက သူနဲ့အတူ ရယ်မောသွားနေသည်။

"ကလေးတွေ.. အရှင်လတ်လတ် ငရဲကိုအလည်သွားလိုက်ကြပါဉီး...ဟားဟားးးးး"

........

လီလော့၏မျက်လုံးပေါ်သို့ သွေးများကျလာသောအခါတွင် သူ့စိတ်အာရုံ ပိတ်ကျသွားသလို ခံစားလိုက်ရသည်။သွေးမိုးထဲတွင် အရာအားလုံးကို မေ့ပျောက်စေနိုင်တဲ့ စွမ်းအားတစ်ခုရှိနေသလိုပင်......

ဝေါင်းးးးးး

အသိစိတ်လွတ်မထွက်သွားခင်လေးမှာ ပြင်းထန်တဲ့ဟောက်သံက သူ့အာရုံတွေကို တုန်လှုပ်စေခဲ့သည်။

လီလော့ မော့ကြည့်လိုက်တော့... အမှောင်ထုထဲတွင် သတ္တဝါတစ်ကောင်ရှိနေသည်။

သူ့ရှေ့တွင် ရှေးဟောင်းဝံပုလွေတစ်ကောင်သည် တောက်ပသော မျက်လုံးများဖြင့် သူ့ကို ပြန်ကြည့်နေသည်။ အမြီးသုံးချောင်းကလည်း ခပ်ဖြေးဖြေးလေးသာ လှုပ်ခတ်နေသည်။

လီလော့က ဝံပုလွေကိုအတောက်ပဆုံးပြုံးပြလိုက်ပြီ....

"အစ်ကိုတော် ဝံပုလွေမတွေ့တာကြာပြီနော် ...."

All Chapters