ဝံပုလွေနှင့်စကားပြောခြင်း....
Vol. 42 Ch. 587
"မတွေ့တာကြာပြီနော်...ဟီးးးဟီးးး"
အမြီးသုံးချောင်းကောင်းကင်ဘုံဝံပုလွေသည် ပြုံးရယ်နေသော လူငယ်ကို ကြည့်ပြီး ဒေါသတကြီးဟိန်းဟောက်နေသည်။
ထိုနေ့ကို မမေ့နိုင်သေးပေ.....
တောင်တန်းတွေပေါ်မှာ စောင့်ဆိုင်းပြီး သန်မာတဲ့ ကမ္ဘာခြားသက်ရှိတွေကို တိုက်ခိုက်ဖို့ ဒီကလေးက ဆွဲဆောင်ခဲ့တယ်.... ပြီးတော့ ကြောက်စရာကောင်းတဲ့ ဘုရင်အဆင့်တစ်ယောက် ရောက်လာပြီး တခြားထောင်တခုထဲမှာ ချိတ်ပိတ်လိုက်တယ်.....
ဒါတွေအားလုံးက ဒီလူသားလေးကြောင့်ပါ....
၎င်း၏လက်သည်းများကို ဆန့်ထုတ်ရင်း ရှေ့သို့ခုန်အုပ်လိုက်သည်။
ဒီကလေးကို စုတ်ပြတ်သတ်သွားအောင်လုပ်ပစ်လိုက်တယ်ချင်တယ်.....
ဝေါင်းးးးးးးး
လီလော့ရှေ့ မရောက်မီ တစ်မီတာအလိုတွင် ချည်နှောင်ခံထားရသောသံကြိုးများကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
လှုပ်ရှားမှုကြောင့် သံကြိုးများ ရုတ်တရက် လေးလံလာပြီး ဝံပုလွေကို မြေကြီးပေါ်သို့ရိုက်ချလိုက်သလိုဖြစ်သွားသည်။
ဝေါင်းးးးးး
အတတ်နိုင်ဆုံးရုန်းကန်နေသောလည်း နည်းနည်းမျှ အကျိုးမရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သံကြိုးများကို ပဲ့တင်ထပ်သံစွမ်းအားဖြင့် အားဖြည့်ထားခြင်းကြောင့် ဖြစ်သည်။ မြို့စားအဆင့်ကိုရောက်ဖို့ ကြိုးစားနေတဲ့ သားရဲတစ်ကောင်က ဘုရင်အဆင့်ရဲ့စွမ်းအားကို ယှဉ်နိုင်မည်တဲ့လား....
ဟူးးးးးး
လီလော့ အသက်ရှူထုတ်လိုက်ပြီး သူ့နဖူးမှ ချွေးအေးများကို သုတ်လိုက်သည်။ ကျောင်းအုပ်ကြီးဖန်က အရာရာကိုကြိုမြင်နေသလိုပင်....
"အစ်ကိုဝံပုလွေ၊ ဒီလောက်စိတ်ဆိုးမနေပါနဲ့.... ကျုပ်တို့ ဒီကိစ္စကို အေးအေးဆေးဆေး ပြောလို့မရဘူးလား...."
သူ့အတွက်အဖြေကတော့ ဟိန်းဟောက်သံတစ်ခုနှင့် သားရည်အရွဲသားအစွယ်ဖွေးဖွေးများပင်.....
“စိတ်မရှိပါနဲ့.... ကျူပ်တို့အတူတညပူးပေါင်းမှဖြစ်တော့မယ်.... အခု ကျုပ် သေခါနီးနေပြီ၊ ခင်ဗျားရဲ့ ခွန်အားကို ချေးယူရမယ်......"
"အော် ဟုတ်သားပဲ...မေ့နေလိုက်တာ....ခင်ဗျားက ဒီအထဲမှာပဲနေနေရတာမို့အပြင်က ကိစ္စတွေကိုဘယ်သိပါ့မလဲ....အပြင်ဘက်မှာ ခင်ဗျားရဲ့ ခွန်အားကို မခန့်လေးစားလုပ်နေတဲ့ အကောင်တစ်ကောင်ရှိနေတယ်......"
အမြီးသုံးချောင်းကောင်းကင်ဘုံဝံပုလွေသည် လီလော့ကို စိုက်ကြည့်ကာ နောက်ပြန်ဆုတ်သွားသည်။ ၎င်းသည် ချိန်းကြိုးများဆီသို့ ခြေသည်းတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး သူ့အကူအညီလိုလျှင် အရင်ဆုံးသူ့ကို လွှတ်ပေးသင့်သည်ဟု ညွှန်ပြနေသည်။
လီလော့က ခြောက်ကပ်စွာ ရယ်မောလိုက်သည်။
" အစ်ကိုဝံပုလွေက ရိုးသားလိုက်တာ.....ကျုပ်သာ လွှတ်ပေးလိုက်ရင် ခင်ဗျား ကျူပ်ကို လုံးလုံးဝါးမျိုသွားမှာကို နှစ်ယောက်လုံးသိနေသားပဲ....."
လီလော့က သူ့ရင်ဘတ်ကို ဖိလိုက်ပြီး....
"အခုနေတော့ ကျုပ်က ပါချီပါချက် ဆရာသခင်အဆင့်ဆိုပေမယ့် ကြောက်နေစရာ မလိုဘူးပေါ့.... ဒါပေမယ့် တစ်နေ့ကျရင် ကျုပ်လည်း မြို့စားအဆင့်ကို သေချာပေါက် ရောက်မှာ သေချာတယ်...ခင်ဗျားထက်တောင် ပိုမြန်လိမ့်မယ်...အဲ့အခါကျရင် ခင်ဗျားကို ကူညီပေးနိုင်မယ့် နည်းလမ်းကို ရှာတွေ့မှာပါ "
ဝံပုလွေက သူ၏ ကြွားဝါမှုကို လျစ်လျူရှုခဲ့သည်။
"ခင်ဗျား မယုံဘူးဆို တိုင်တည်ပါ့မယ်..... "လေးနှစ်အတွင်း မြို့စားအဆင့်ကို မတက်နိုင်ခဲ့ရင် ကောင်းကင်က ကျုပ်ကို ဖြိုခွင်းပါစေ...ကျင့်ကြံမှုအဆင့်လည်း ဘယ်တော့မှမမြင့်တက်လာပါစေနဲ့......"
တကယ်တော့ သူ အသက်ရှင်ဖို့ လေးနှစ်ပဲ ကျန်တော့တာမို့ အဲဒီ့အချိန်အတွင် မြို့စားအဆင့်ကို မရောက်ခဲ့ရင် တကယ်ပဲ သေသွားလိမ့်မည်။ ကောင်းကင်ဘုံက သူ့အလောင်းပေါ် မိုးကြိုးပစ်ရင်တောင် ဘာကိုမှဂရုစိုက်နေစရာမလိုတော့ပေ။ ကံကောင်းရင် မိုးကြိုးကြောင့် အသက်ပြန်ရှင်နိုင်လောက်သည်။
ဝံပုလွေသည် လူသားလေး၏ ခံယူချက်ကြောင့် အနည်းငယ် အံ့သြသွားခဲ့သည်။ ဒီလိုယုံကြည်မှုမျိုးကို သူဘယ်ကရခဲ့တာလဲ၊ လေးနှစ်အတွင်း မြို့စားအဆင့်ရောက်ဖို့.......
မြို့စားအဆင့်ရောက်ရန် များပြားလှသော အရင်းအမြစ်များနှင့် ကံကောင်းမှုအချို့လည်းလိုအပ်သေးသည်။
ဒီကလေး ဘာအားကိုးနဲ့အရူးထနေတာလဲ....
ဒါပေမယ့် ဝံပုလွေက တိတ်ဆိတ်နေသည်။ အဆုံးစွန်အားဖြင့်၊ ဤကလေး၏ခရီးနှင့် အောင်မြင်မှုများသည် ၎င်း၏အခြေအနေအတွက် တစ်နည်းနည်းနှင့် ကွာခြားသွားလိမ့်မည်မဟုတ်ပေ။
လီလော့ကလည တုံ့ပြန်မှုမရှိသော ဝံပုလွေကို စိုက်ကြည့်နေသည်။ ဒီသားရဲ သူ့ကိုမကျေနပ်မှန်းလည်း သိနေသည်။သို့သော်သူ့ထံတွင်လည်း ရွေးချယ်စရာမရှိခဲ့ပေ။
ယခုချိန်သည် ပထမဉီးဆုံး တွေ့ဆုံသည့်အခိုက်အတန့်မို့ ခင်မင်ရင်းနှီးသောဆက်သွယ်မှုတစ်ခုကို ထူထောင်ရမည်။ ထို့နောက်တွင် သူသည် ၎င်း၏ပူးပေါင်းဆောင်ရွက်မှုဖြင့် ဝံပုလွေ၏စွမ်းအားကို အသုံးပြုနိုင်မည်ဖြစ်သည်။ အခုနေတော့ သူ့ထက်အများကြီး အားနည်းသည့် လူသားတစ်ယောက်ကို အယုံအကြည်ဘယ်ရှိနိုင်ပါ့ဉီးမလဲ.....
နည်းနည်း သန်မာလာတဲ့အခါ ဒီသဘောထားက ပြောင်းလဲသွားနိုင်ပါတယ်......
"အစ်ကိုဝံပုလွေ....ခင်ဗျား သဘောတူသည်ဖြစ်စေ မတူသည််ဖြစ်စေ ခင်ဗျားရဲ့စွမ်းအားကိုချေးငှားမှဖြစ်မယ်....."
လီလော့က လက်ချောင်းထိပ်ကိုကိုက်ဖောက်ပြီး သွေးထဲတွင် ပဲ့တင်ထပ်သံစွမ်းအားအချို့ပေါင်းထည့်ကာ မှော်က္ခရာတချို့ကိုစတင်ပုံဖော်လိုက်သည်။
"ကောင်းကင်ဘုံဓမ္မတေးသံ...!"
အမြီးသုံးချောင်းကောင်းကင်ဘုံဝံပုလွေက မခုခံခဲ့ပေ။ ခုခံနိုင်စွမ်းမရှိမှန်းသိသောကြောင့် လီလော့က သူ့ကို မထီမဲ့မြင်မထီမဲ့မြင်ပြုကာ ဆက်ကြည့်နေခဲ့သည်။
ဆရာသခင်အဆင့်လောက်နဲ့ ဘာများလုပ်နိုင်မှာမို့လို့လဲ.....ယူချင်သပဆိုလည် ယူကွာ....များများယူလေ များများအသိစိတ်ကိုလွှမ်းမိုးနိူင်လေပဲ......အသိစိတ်မဲ့သွားတာနဲ့ မင်းကငါ့ကျွန်ဖြစ်သွားပြီ.....
ထိုအချိန်တွင်၊ လီလော့ကို အလွယ်တကူ ထိန်းချုပ်နိုင်ပြီး ရုပ်သေးအဖြစ် ဖန်တီးနိုင်ပေမည်။
ကောင်းကင်ဘုံဓမ္မတေးသံ ပျံ့လွင့်လာသောအခါ ဝံပုလွေ၏မျက်နှာပေါ်တွင်
အပြုံးတစ်ခုပျံ့နှံ့သွားသည်။
အိုး!
စွမ်းအင်ကူးပြောင်းမှုက လျင်မြန်ပြီး မကြာမီ လီလော့၏ မျက်လုံးများတွင် သွေးကြောများ ထူထပ်လာကာ ရိုင်းစိုင်းသော အကြည့်များ အစားထိုးဝင်ရောက်လာခဲ့သည်။