တစ်ချက်တည်း.....
Vol. 42 Ch. 588
ကျောက်သားမြို့တော်၏ ကောင်းကင်ယံထက်တွင်.....
ကြက်သွေးရောင်ဗိုလ်ချုပ်က ကျောင်းသားအားလုံးကို လှည့်ပတ်ကြည့်နေသည်။
"ဘယ်သူ့ကို အရင်သတ်ရမလဲ"
ဗဟိုကျောင်းသားသမဂ္ဂ၏အဖိုးတန်ကျောင်းသားများကို
သတ်ဖြတ်ခံဖို့အတွက် စောင့်ဆိုင်းနေသော သိမ်မွေ့သော သိုးငယ်များကဲ့သို့မြင်တွေ့နေရခြင်းသည် သူ့အား အလွန်ကျေနပ်စေသည်။
နောက်ဆုံးတော့ သူ့အကြည့်တွေက လန်လန့်ဆီမှာ ရပ်တန့်သွားသည်။ ၎င်းတို့အနက် လန်လန်သည် အသန်မာဆုံးဖြစ်ပြီး သွေးအမြီးနတ်ဆိုးကိုဒဏ်ရာရစေခဲ့သော မြို့စားအဆင့်ပညာရပ်ကျွမ်းကျင်သူဖြစ်သည်။ ထိုစွမ်းအားကြောင့် သူတောင် တုန်လှုပ်သွားခဲ့သည်။
"ကောင်းကင်ပုလဲအဆင့်နဲ့ မြို့စားအဆင့်ပညာရပ်ကို လေ့ကျင့်နိုင်တာ ထူးထူးခြားခြားပဲ" ဟု သူက ရယ်မောလိုက်ပြီး သွေးတစ်စက် ထုတ်ယူလိုက်သည်။
"မင်းအတွက် စိတ်မကောင်းပါဘူး.... ပါရမီရှင်တွေကို သတ်တာက ငါအကြိုက်ဆုံးအရာပဲ"
ဒါပေမယ့် လန်လန့်ပေါ် သွေးစက်မချခင် သူ့လက်ချောင်းတွေ အေးခဲသွားသည်။ အနီးနားတွင် ခြိမ်းခြောက်နိုင်စွမ်းရှိသော စွမ်းအင်များ ရုတ်တရက် မြင့်တက်လာသည်ကို သူ ခံစားလိုက်ရသည်။
မြို့တော်အတွင်း၌ ကြက်သွေးရောင်စွမ်းအင်အလင်းတန်းတခု ပစ်လွှတ်ခဲ့သည်။
တစ်မြို့လုံး ပေါက်ကွဲသံနှင့်အတူ အပြင်းအထန် တုန်ခါသွားသည်။
ကြက်သွေးရောင်ဗိုလ်ချုပ်သည် ကောင်းကင်ယံထိတိုင်မြင့်တက်လာသော အလင်းတန်းနှင့် အတူပါလာသူကို သတိအနေအထားဖြင့်ကြည့်နေပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ဒီကောင်က ဆရာသခင်အဆင့်မဟုတ်ဘူးလား....ဘာဆေးတွေစားပြီးအခုလောက်ထိသန်မာလာတာလဲ....."
ထိုသူသည်လည်း သူ့လို အဆင့်မြင့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသည်ဟု ထင်မြင်မိသည်။ ကြက်သွေးရောင်အလင်းတန်းအတွင်းမှ လီလော့သည် အသစ်တွေ့ရှိထားသော စွမ်းအားကို ထိန်းထားရန် ရုန်းကန်နေရသည်။ ပြင်းထန်သောစွမ်းအားများကြောင့် သူ့ခန္ဓာကိုယ်အနှံ့ ဒဏ်ရာအသစ်များ ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်မှ စွမ်းအားများ ယိုဖိတ်လာသည်။
ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများသာ ဖြစ်သည်။
ပို၍အန္တရာယ်ကြီးသည်မှာ သတ်ဖြတ်လိုစိတ်၊တပ်မက်မှု ၊ ပြင်းပြသော ဆာလောင်မွတ်သိပ်ခြင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်များဖြစ်သည်။ သူ၏ချောမောသောအသွင်အပြင်သည် ယခုအချိန်တွင် ပို၍ ရိုင်းစိုင်းလာကာ သူ့မျက်လုံးကလည်း သားရဲသဖွယ် သွေးဆာနေသည်။
သူ့ပခုံးပေါ်တွင်အရိုးအချို့မရှိသည်ကလွဲရင် လီလော့သည် ယခုအချိန်တွင် ကြက်သွေးရောင်ဗိုလ်ချုပ်နှင့် အတော်လေးဆင်တူနေသည်။
လီလော့သည် သူ၏နောက်ဆုံးလက်ကျန် အသိစိတ်ကို အပြင်းအထန် ဆုပ်ကိုင်ထားပြီး သတိရှိရန် ဒေါသတကြီး ရုန်းကန်နေလေသည်။ သူသာ အသိစိတ်ပပျောက်ဆုံးသွားခဲ့ရင် ကြက်သွေးရောင် ဗိုလ်ချုပ်ကို မဖြုတ်ချနိုင်ရုံသာမက အဖြစ်အပျက်တွေကို ပိုဆိုးစေလိမ့်မည်။
လီလော့က သူ့လက်သီးဆုပ်ထဲတွင် ပုလဲဖြူတစ်လုံးကို ဆုပ်ကိုင်ထားသည်။
အဲ့ဒါကတော့ ရွှေနဂါးတာအိုနယ်မြေကနေ သူယူလာတဲ့ ကောင်းကင်နှစ်သိမ့်ခြင်းပုလဲဖြစ်သည်။ ၎င်းသည် အဖြူရောင်မျက်လုံးအဆင့် ရတနာတစ်ခုမျှသာဖြစ်သော်လည်း သူ့စိတ်ကို တည်ငြိမ်စေပြီး စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်စေခဲ့သည်။
သူသည် ပုလဲကို ပါးစပ်ထဲထည့်ငုံကာ အေးမြငြိမ်သက်နေသော လှိုင်းလုံးများကို သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားစေပြီး သူ့စိတ်ထဲက ကြမ်းတမ်းသော အတွေးများကို ရှင်းထုတ်ပစ်လိုက်သည်။ သူ့မျက်လုံးများ နီရဲခြင်း အနည်းငယ် ပျောက်ကွယ်သွားသည်။
သူ ကြက်သွေးရောင် ဗိုလ်ချုပ်ကို မော့ကြည့်လိုက်သည်။
"မင်းငါ့ကို အံ့သြစေခဲ့တယ် အသေးလေး..... ဒီလောက်ကြီးတဲ့ ဝှက်ဖဲကြီးတစ်ခု ရှိနေတာပဲ...." ဟု ကြက်သွေးရောင် စစ်သူကြီး ဗိုလ်ချုပ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ခင်ဗျားလောက် ရူးမိုက်တဲ့လူသားမျိုး မတွေ့ဖူးသေးဘူး...."
"အသေးလေး... မင်းက နုံအလွန်းတယ်....မင်းက အကောင်းအဆိုးကလွဲရင် လောကရဲ့ အဖြစ်မှန်ကို ဘာမှမသိသေးဘူးပဲ..... ကမ္ဘာခြားသက်ရှိတွေက လူသားတွေရဲ့ အဆိုးမြင်စိတ်တွေကို စုပ်ယူပြီးရှင်သန်နေကြတာ.... လူသားတွေ ရှိနေသရွေ့ ကမဖဘာခြားသက်ရှိတွေ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး....."
"ကမ္ဘာခြားသက်ရှိတွေကို သတ်တာဟာ အမိုက်မဲဆုံးအရာပဲ...သူတို့ကို အမှန်တကယ် ဖျက်ဆီးဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ်... လူသားတွေနဲ့ ပေါင်းစည်းလိုက်ပါ.... အကောင်းနဲ့ အဆိုးကို တစ်စုတစ်စည်းထဲ ပေါင်းစည်းလိုက်ရင် ကမ္ဘာခြားသက်ရှိတွေလည်းရှိနိိုင်တော့မှမဟုတ်သလို ငါတို့က ပိုလို့တောင် စွမ်းအားတွေ ရလာလိမ့်မယ်...."
“ဒီနည်းလမ်းကသာ လူတွေကို မကောင်းဆိုးဝါးတွေလက်ကနေ အမှန်တကယ် ကယ်တင်နိုင်မှာပါ” ဟု ကြက်သွေးရောင်ဗိုလ်ချုပ်က ပြောကြားခဲ့သည်။ သသွေးဆာနေတဲ့ အခြေအနေမှာတောင် လီလော့က ရွံရှာစွာ ခေါင်းယမ်းနေသည်။
"ခင်ဗျား ရူးနေတာပဲ၊ လူသားတွေသာ ကမ္ဘာခြားသက်ရှိတွေနဲ့ ပေါင်းလိုက်ရင် ခင်ဗျားလို စက်ဆုပ်ရွံရှာစရာတွေ ပြည့်နေလိမ့်မယ်"
ကြက်သွေးရောင်ဗိုလ်ချုပ်က ရယ်သည်။ သူသည် ရင်ဘတ်ကို ငုံ့ကြည့်ကာ ဆွဲဆောင်မှုရှိသော နတ်ဆိုးမျက်နှာကို ထုတ်ဖော်လိုက်သည်။
“ငါ ဘာမှားနေလို့လဲ.... မပြည့်စုံတဲ့လူသားတွေကို ချစ်တဲ့စိတ်ကြောင့် မင်း မျက်စိကန်းနေပြီထင်တယ်.... ဒီခန္ဓာရဲ့ စွမ်းအားကို မင်းခံစားရတဲ့အခါ မင်းဟာ စစ်မှန်တဲ့ ရုပ်သဏ္ဍာန်အကြောင်း အရာအားလုံးကို နားလည်လာလိမ့်မယ်..."
" အခုမင်း ပိုင်ဆိုင်နေတဲ့စွမ်းအားက ပြင်ပခွန်အားသက်သက်ပဲ....မင်းဘယ်လောက်ကြာကြာထိန်းထားနိုင်မှာမို့လို့လဲ.....ဒါနဲ့တောင် ငါ့ကိုများရူးမိုက်တယ်တဲ့....မင်းကသာ ငါ့ထက်ပိုရူးမိုက်နေတာ....."
လီလော့၏ စွမ်းအားကို သိရှိနိုင်ရန် မးတမင်အချိန်ဆွဲနေခြင်းပင်.....
လီလော့ တိတ်ဆိတ်နေသည်။ ကောင်းကင်ဓမ္မတေးသံကို ပထမပိုင်းသာ သုံးနိုင်သေးသဖြင့် အပြည့်အဝကျွမ်းကျင်ပြီဟုမဆိုနိုင်သေးပေ။
ကြက်သွေးရောင်ဗိုလ်ချုပ်ပြောသလိုပဲ လီလော့က ဒါကို ကြာရှည်ထိန်းထားဖို့ အားနည်းလွန်းသည်။ ကြက်သွေးရောင် ဗိုလ်ချုပ်ကို ပြင်းထန်သော ဒဏ်ရာမပေးန်ိုင်ခင် သူသည် ဖုန်မှုန့်အဖြစ်သို့ လုံးလုံးလျားလျား လျော့ကျသွားမည်ဖြစ်သည်။
ဒါပေမယ့် သူ့ပြိုင်ဘက်ရဲ့အချိန်ဆွဲခြင်း နည်းဗျူဟာကတစ်ဆင့် အဖြစ်မှန်ကို လက်ခံလိုက်ရလေပြီ.....
လီလော့ လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ကျင်းစဲ့ယွီရှန်းဓားကို ဆင့်ခေါ်လိုက်သည်။
စွမ်းအားများ သွန်းလောင်းလိုက်သည့်အခါ ဓားကိုယ်ထည်ပေါ်တွင် ရွှေရောက်တောက်ပနေသောအမှတ်အသားများဖြစ်ပေါ်လာသည်။
သင်္ကေတတွေက ခံ့ညားလွန်းလှသည်။
ဘုရင်အဆင့်၏အမှတ်အသား....
ထိုအမှတ်အသားများကို ဓား၏နောက်ဆုံးပိုင်ရှင် ဖန်ချန်ယွမ် ထားရှိခဲ့ခြင်းဖြစ်သည်။
"ကုန်းရှန်ကျွင်း ဒီဓားကို အရမ်းလိုချင်နေတာ အံ့သြစရာမဟုတ်တော့ဘူး.... သူ့မှာ ထင်ရှားတဲ့ အမှတ်အသားတစ်ခုရှိနေတယ်..."
လီလော့သည် လုံလောက်သော ကြံ့ခိုင်မှု မရှိသောကြောင့် ၎င်းကို ယခင်က ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။ကောင်းကင်ပဲ့တင်ထပ်သံအဆင့်သာ ၎င်းကို အသက်သွင်းနိုင်သည်။
ဤအမှတ်အသားကြောင့် ကျင်းစဲ့ယွီရှန်းဓားက ပိုမိုအားကောင်းလာသည်။
၎င်းသည် ယခုအချိန်တွင် စွမ်းအားပြည့် လူသတ်လက်နက်ဖြစ်သည်။
လီလော့ ဓားကိုဆုပ်ကိုင်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။
သူ့မှာ အခွင့်အရေးတစ်ခုပဲရှိတယ်.....
လီလော့ တုံ့ဆိုင်းမနေတော့ဘဲ စွမ်းအင်အားလုံးကို စုဆောင်းပြီး ဓါးသွားထဲသို့ပို့လွှတ်လိုက်ည်။
ထို့နောက် ဓားကို လျင်မြန်စွာဝှေ့ယမ်းကာ.....
"ရေတစ်ထောင် ဓားစက်ဝန်း"
ခုတ်ပိုင်းလိုက်သည့်အခါ....
ဓားပေါ်ရှိ ဘုရင့်အမှတ်အသားတောက်ပလာပြီး ဓားစက်ဝန်းထဲသို့ ရွှေရောင်အလင်းတစ်ခု စီးဆင်းသွားသည်။
ဝှစ်....
သွေးနီရောင် ဓားစက်ဝန်းကြောင့် လီလော့နှင့် ရန်သူကြား နေရာအနှံ့တွင် မိုးခြိမ်းသံများလို ဝုန်းဝုန်းပေါက်ကွဲထွက်လာသည်။
ဓားချက်ကမီတာရာနှင့်ချီရှည်လျားပြီး ကျောက်သားမြို့တော် တစ်ဝက်လောက်ကိုပိုင်းဖြတ်သွားခဲ့သည်။
ဓားစက်ဝန်းကြောင့် ကြက်သွေးရောင်ဗိုလ်ချုပ် ထိတ်လန့်နေမိသည်။ဒီတိုက်ခိုက်မှုက သူ့ကိုသတ်ဖို့ လုံလောက်တဲ့ စွမ်းအားရှိတယ်ဆိုတာ သူ ရိပ်မိခဲ့ပါသည်။
ဒီကလေးက သူနဲ့တန်းတူ ခွန်အားမျိုးရလာပြီး ဒီတိုက်ခိုက်မှုထုတ်သုံးနိုင်ဖို့ ဘယ်လိုနည်းနဲ့ စီမံခဲ့တာလဲ........