← Chapters

ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်

Vol. 26 Ch. 381

ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်

Vol. 26 Ch. 381

တစ်ကယ်တော့ ဆေးရေအိုင်ဂိုဏ်း၏ အပျက်အစီးနေရာအကြောင်း ကြားရချိန် ဆူဇီမိုသည်လည်း အလိုရမ္မက်တက်သွားခဲ့လေသည်။

အဲ့ဒါက ရှောင်းနင်ကြောင့် မဟုတ်ဘဲ.. သူ့ကိုယ်ပိုင် လိုအပ်မှုများအတွက် ဖြစ်လေသည်။

မရီးဒါန်ဖွင့်ဆေးလုံး...

ဒီထက်ပိုတိကျအောင်ပြောရလျှင်.. ပကတိအဆင့်မရီးဒါန်ဖွင့်ဆေးလုံးအတွက် ဖြစ်လေသည်။

ဆေးရေအိုင်ဂိုဏ်းနှင့်ပတ်သတ်၍ ထန်ယုပြောပြခဲ့သည်များကို ကြားပြီးနောက် ဆူဇီမိုသည် ပိုလို့သေချာလာလေသည်။ ထိအပျက်အစီးနယ်မြေမှာ သူတို့သည့် ပကတိအဆင့်မရီးဒါန်ဖွင့်ဆေးလုံးများကို တွေ့ရဖို့ ဖြစ်နိုင်ချေအတော်လေး ရှိလေသည်။

ထန်ယုက ပြောလိုက်၏။

“ပြောရမယ်ဆိုရင်.. ဆေးရေအိုင်လို ဂိုဏ်းကြီးတွေမှာဆို အခြားရတနာတွေအများကြီးကလဲ သေချာ‌ပေါက်ရှိမှာပဲ.. မူလစိတ်ဝိညာဉ်လက်နက်လိုမျိုး ရတနာတွေကိုတောင် ငါတို့ တွေ့ရင်တွေ့ရဦးမှာ”

ဆူဇီမိုက ခဏမျှ စဉ်းစားလိုက်၏။

“အပျက်အစီးနေရာကို ရောက်ဖို့အတွက် ကျုပ်တတ်အားရှိသရွေ့ ယန်ဆေးဂိုဏ်းကို ကူညီပါ့မယ်.. နောက်ပြီး အဲ့ကနေ တခြားဘာကိုမှ ကျုပ်မလိုချင်ဘူး.. ဒါပေမယ့်လို့ ပကတိအဆင့်မရီးဒါန်ဖွင့်ဆေးလုံး ရရင်တော့ ကျုပ်အဲ့ဒါကို တောင်းဆိုချင်တယ်”

“ခွီး..”

ယန်ကျွင်းက ရယ်ချလိုက်ပြီး ဆူဇီမိုကို လှောင်ပြောင်သရော်သလို ကြည့်လိုက်၏။

“ပကတိအဆင့်မရီးဒါန်ဖွင့်ဆေးလုံးဟုတ်လား.. ပြောရဲလိုက်တာကွာ.. မင်းကိုမင်း ဘာထင်နေလဲ ဟမ့်”

“မင်းက ဘယ်သူလဲ” ဆူဇီမိုက သူ့ကို စိုက်ကြည့်လိုက်၏။

ယန်ကျွင်းက ဝင့်ကြွားစွာ ကြေညာလိုက်၏။

“ငါက ယန်ကျွင်း၊ ယန်ဆေးဂိုဏ်းရဲ့ တိုက်ခိုက်ရေးခန်းမက မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့် ကျင့်ကြံသူပဲ”

“မင်းက မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့် ကျင့်ကြံသူနှစ်ယောက်ကို သတ်နိုင်တာနဲ့ပဲ.. ယန်ဆေးဂိုဏ်းနဲ့ ညှိနှိုင်းဖို့ အဆင့်မီပြီလို့ ထင်မနေနဲ့.. ဆူဇီမို ငါပြောလိုက်မယ်.. ငါတို့မပါဘဲနဲ့ မင်းက ဆေးရေအိုင်ဂိုဏ်းရဲ့ ပင်မခန်းမနားကိုတောင် ကပ်လို့ရမှာ မဟုတ်ဘူး”

“ယန်ကျွင်း”

ထန်ယုက သူ့ကို စူးစိုက်ကြည့်ပြီး ခပ်ဆတ်ဆတ် ပြောလိုက်၏။

ယန်ကျွင်းက နှာတစ်ချက်မှုတ်၍ ဆက်မပြောတော့ဘဲ လက်ကို ကြက်ခြေခတ်လုပ်ပြ၍သာ အေးစက်စက် သရော်လိုက်၏။

ထန်ယုက ဆူဇီမိုကို တောင်းပန်သလို လှည့်ကြည့်လိုက်၏။

“တာအိုရောင်းရင်းဆူ.. အဲ့ဒီပကတိမရီးဒါန်ဖွင့်ဆေးလုံးကိစ္စကို ကျုပ်တို့က သဘောမတူနိုင်တာတော့ မဟုတ်ပါဘူး.. ဒါပေမယ့်..”

“ဒါပေမယ့် ဘာဖြစ်လို့လဲ” ဆူဇီမိုက မေးလိုက်၏။

ထန်ယုက ဆက်ပြောလိုက်လေသည်။

“ဆေးရေအိုင်ဂိုဏ်းအပျက်အစီးအတွက် ရွှမ်ထျန်းမြို့ကို ရောက်လာတာက ယန်ဆေးဂိုဏ်းတစ်ဂိုဏ်းထဲ မဟုတ်ဘူးလေ.. ဒီမှာ ဖန်သားနန်းတော်တို့၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းတို့လို တခြားဂိုဏ်းကြီးတွေလဲ ရှိသေးတယ်.. ပကတိမရီးဒါန်ဖွင့်ဆေးလုံးလိုမျိုး ရတနာက ကျု်ပတို့ မတွေ့ဖြစ်ရင်တောင် ပိုကောင်းလိမ့်ဦးမယ်.. ကျုပ်တို့သာ အဲ့ဒါကို ရခဲ့ရင် အခြားဂိုဏ်းတွေက ထိပ်သီးအဆင့်ကျင့်ကြံသူတွေက အသေအကြေ ဝိုင်းတိုက်ခိုက်ကြလိမ့်မယ်”

ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက် ထန်ယုက ထပ်ပြောလိုက်၏။

“ရှင်းရှင်းပြောရရင်တော့.. ကျုပ်ပြောနေတာက ဖန်သားနန်းတော်က ဖေးချွန်ယွီနဲ့ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက ရွှယ်ယန်တို့လို လူမျိုးတွေပဲ.. အဲ့လိုလူမျိုးတွေအတွက် မူလစိတ်ဝိညာဉ်လက်နက်တွေအပြင်.. တခြားရတနာတွေ၊ လျှို့ဝှက်ပညာရပ်တွေက ဘာမှပြောပလောက်တဲ့အရာတွေ မဟုတ်ဘူး”

“သူတို့ဒီကိုရောက်လာကြတာက ပကတိမရီးဒါန်ဖွင့်ဆေးလုံးတွေအတွက်ပဲလာတာ ဖြစ်ဖို့များတယ်”

မရီးဒါန်ဖွင့်ဆေးလုံး၏ အဆင့်က မြင့်မားလေလေ.. သူတို့၏ စိတ်ဝိညာဉ်မရီးဒါန်ကို ဖွင့်လှစ်နိုင်ဖို့ အခွင့်ကလည်း ပိုများလေဖြစ်လေသည်။

ဖေးချွန်ယွီနှင့် ရွှယ်ယန်တို့သည် မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်၏ အထွတ်အထိပ်ကို ရောက်နေခဲ့ကြပြီးသား ဖြစ်လေသည်။ သူတို့သာ ပကတိအဆင့်မရီးဒါန်ဖွင့်ဆေးလုံးကို စားသုံးနိုင်ပါက သူတို့၏ ရှစ်ခုမြောက်မရီးဒါန်ကို ဖွင့်လှစ်နိုင်ဖို့ အကောင်းဆုံးအခွင့်အရေးကို ရရှိလာနိုင်လေသည်။

အဲ့ဒါက သူတို့အနေနှင့် မည်သို့မျှ လက်လွှတ်မခံမည့် အခွင့်အရေးပင် ဖြစ်လေသည်။

ရွှယ်ယန်နှင့် ဖေးချွန်ယွီတို့အကြောင်း တွေးမိချိန်တွင် ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။

သူသည် သည့်အရင်က ဖေးချွန်ယွီနှင့် တိုက်ခိုက်ဖလှယ်ခဲ့ဖူး၏။ အဲ့တုန်းက တစ်ချက်တည်း ထိုးနှက်ခဲ့ကြခြင်းသာ ဖြစ်သော်လည်း သူ့ပြိုင်ဘက်က ဘယ်လောက်ကြောက်စရာကောင်းကြောင်း သူခံစားမိနေဆဲဖြစ်၏။

ပြောရမည်ဆို သူသာ သွေးရိုးလက်ဝါးကို မသုံးခဲ့ရဘူးဆိုလျှင် ဖေးချွန်ယွီလက်ချက်နှင့် သူ့လက်တစ်ဖက်လုံးက ကျိုးကြေမွပျက်စီးသွားနိုင်လေသည်။

ထန်ယုက ပြောလိုက်၏။

“ခင်ဗျားက မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်နှစ်ယောက်ကို သတ်နိုင်ခဲ့တယ်ဆိုရင်တောင်.. ခင်ဗျားနားလည်ထားဖို့က မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်တွေကြားထဲမှာ ခွန်အားကွာဟမှုက အမျိုးမျိုး ကွဲပြားကြသေးတယ်ဆိုတာပဲ.. ဥပမာပေးရမယ်ဆိုရင် ကျုပ်လည်း မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်ပဲ.. ဒါပေမယ့် ကျုပ်က နတ်ဆေးဆရာတစ်ယောက်.. ကျုပ်လိုလူမျိုး ငါးယောက်ပေါင်းတောင် ချိုင်လီတို့ ဟူမုန့်တို့လို လူမျိုးတစ်ယောက်ကို မယှဉ်နိုင်ဘူး”

“အဲ့လိုပဲ.. ချိုင်လီတို့ ဟူမုန့်တို့လိုလူမျိုး ဆယ်ယောက်ပေါင်းတိုက်ရင်တောင် ဖေးချွန်ယွီ ဒါမှမဟုတ် ရွှယ်ယန်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး.. ကျုပ်ပြောနေတဲ့ ကွာဟချက်ဆိုတာ အဲ့ဒါပဲ”

ဆူဇီမိုသည် ဆိတ်ဆိတ်သာ ငြိမ်နေလိုက်၏။

ထန်ယုပြောတာက မမှားကြောင်း သူသိလေသည်။ သူ၏ သားရဲသွင်ပြင်ကို မပြောင်းဘဲနှင့် ထိုနှစ်ယောက်ကိုနိုင်ဖို့ အခွင့်အရေး သူ့မှာ သိပ်မရှိပေ။

ဦးလေးလျန့်ကလည်း မှတ်ချက်ပေးလိုက်၏။

“အင်မော်တယ်ဂိုဏ်းနဲ့ မိစ္ဆာဂိုဏ်းတွေက နှစ်ပေါင်း မရေမတွက်နိုင်လောက်တဲ့ အမွေအနှစ်တွေရှိတယ်.. သူတို့ဆီမှာ ကျင့်ကြံရေးနည်းစနစ်တွေနဲ့ လျှို့ဝှက်ပညာရပ်တွေက အများကြီးပဲ.. သူတို့က အရမ်းကို သန်မာပြီး အကုန်လုံးကို ဖိနှိမ်နိုင်တဲ့ အစွမ်းအစရှိကြတယ်”

“မင်းရဲ့အားသာချက်က အနီးကပ်တိုက်ခိုက်ရည်မလား.. ကံမကောင်းစွာနဲ့ ဖန်သားနန်းတော်ရဲ့ အမွေဆက်ခံသူကလည်း အနီးကပ်တိုက်ခိုက်ရည်မှာ ကျွမ်းကျင်သလို သူ့ရဲ့ကိုယ်ကာယကလဲ အရမ်းကို ကြံ့ခိုင်တယ်.. တခြားဂိုဏ်းတွေက အမွေဆက်ခံသူတွေထဲမှာ သူ့ကို ယှဉ်နိုင်တဲ့သူ မရှိသလောက်ပဲ”

ထန်ယုက ထပ်ပြောလိုက်၏။

“အဲ့တုန်းက ခင်ဗျားက အခြေအနေ အားသာချက်နဲ့ မိုးကြိုးကို အသုံးချပြီး ချိုင်လီနဲ့ ဟူမုန့်တို့ကို သတ်နိုင်ခဲ့တယ်.. အဲ့ဒါက ကံအကြောင်းအခွင့် တိုက်ဆိုင်သွားတာလဲပါတယ်မလား.. ဖေးချွန်ယွီတို့ ရွှယ်ယန်တို့နဲ့ ခင်ဗျားတိုက်ခိုက်ရတဲ့အခါ.. အဲ့တုန်းကလိုမျိုး မုန်တိုင်းထန်နေဦးမယ်လို့ ပြောလို့ ရပါ့မလား”

“ပြောရမယ်ဆိုရင် ခင်ဗျားက အဲ့ဒီမိုးကြိုးစွမ်းနဲ့ရောပြီး ခုတ်လိုက်တဲ့ခုတ်ချက်ကို နောက်တစ်ခါ ထပ်ထုတ်နိုင်မယ်ဆိုရင်တောင်.. ဖေးချွန်ယွီတို့ ရွှယ်ယန်တို့က ကိုင်တွယ်ခုခံနိုင်ဦးမှာပဲ”

ယန်ကျွင်းက မနေနိုင်ဘဲ ဝင်ပြောလိုက်၏။

“ဂျူနီယာညီမလေး.. နင်က သူ့ကို သွားပြီး အထင်ကြီးနေတာပဲ.. ဖေးချွန်ယွီတို့ ရွှယ်ယန်တို့လို ပြိုင်ဘက်ကင်းတွေကိုအသာထား.. သူက ကြိုးကြာတစ်ထောင်ဂိုဏ်းနဲ့ ရုပ်သေးဂိုဏ်းက အမွေခံတပည့်တွေကိုတောင် နိုင်မှာ မဟုတ်ဘူး.. တခြားလူတွေကို မပြောနဲ့.. ငါတောင် သူ့ကို ပြားချပ်သွားအောင် ရိုက်ပေးလို့ရတယ်”

ယန်ကျွင်းအတွက်တော့ ပြီးခဲ့သည့်ဆယ်ရက်က ဆူဇီမိုသည် ချိုင်လီနှင့် ဟူမုန့်တို့ကို သတ်ဖြတ်နိုင်ခဲ့သည်မှာ အကြောင်းအခွင့်များ တိုက်ဆိုင်သွားသောကြောင့်သာ ဖြစ်ရပေမည်။

ကောင်းကင်မှာသာ နေသာနေလျှင် သူတောင် ဆူဇီမိုကို သတ်ဖြတ်နိုင်သည်ဟု ယုံကြည်လေသည်။

ယန်ကျွင်း၏ ထေ့ငေါ့သော စကားများအပေါ် ဆူဇီမိုက အရေးလုပ်မနေပေ။

သူ့အတွက် ဖေးချွန်ယွီနှင့် ရွှယ်ယန်တို့ကို အနိုင်ယူချင်လျှင် ခက်ခဲလှသည်တော့ မဟုတ်ပေ။

ဘာပဲပြောပြော သူက အခုမှ မရီးဒါန်ငါးခုအခြေတည်အဆင့်ကို တက်လှမ်းနိုင်ခဲ့ရုံသာ ရှိသေးပြီး သူ၏ ဒွာရခုနှစ်ခုတွင် ပါးစပ်နှင့် မျက်လုံးဒွာရများက အခုထိ မရှင်းလင်းရသေးပေ။

ဖေးချွန်ယွီနှင့် ရွှယ်ယန်တို့နှစ်ယောက်စလုံးက မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်အထွတ်အထိပ်ကို ရောက်နေကြပြီးဖြစ်ပြီး သူတို့အတွက် သည့်ထက်ပိုသန်မာလာဖို့က ခဲယဉ်းလေသည်။

သို့သော်လည်း သူ၏ အလားအလာကတော့ အကန့်အသတ်မရှိပေ။

သူ့မှာ အချိန်အတိုင်းအတာတစ်ခု လုံလောက်အောင်ရှိပါက.. မရီးဒါန်ခြောက်ခု၊ ခုနှစ်ခုအခြေတည်အဆင့်ကို ရောက်သွားရင်ဖြစ်စေ၊ ဒွာရရှင်းလင်းခြင်းတွင် စဦးအောင်မြင်မှုကို ရရင်ဖြစ်စေ.. ခွန်အားအရာမှာ သူက ဖေးချွန်းယွီနှင့် ရွှယ်ယန်တို့ကို ဖိနှိမ်လာနိုင်ပေလိမ့်မည်။

ဆူဇီမိုက မေးလိုက်၏။

“ဆေးရေအိုင်ဂိုဏ်းအပျက်အစီးက ပွင့်ဖို့ ဘယ်လောက်ကြာနိုင်ဦးမလဲ”

“အများဆုံး တစ်လပေါ့” ထန်ယုက ပြန်ဖြေလိုက်၏။

တစ်လ..

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

အချိန်က အရမ်းတိုးတောင်းလွန်းလေသည်။

သူက မရီးဒါန်ငါးခုအခြေတည်အဆင့်ကို ရောက်သည်မှာ မကြာလှသေးဘဲ.. ရှေးဟောင်းတိုက်ပွဲမြေမှာဆိုလျှင်တောင် သူ၏ ဆဋ္ဌမမြောက်မရီးဒါန်ကို အချိန်တစ်လအတွင်း ဖွင့်လှစ်နိုင်ဖို့က မလွယ်ပေ။

ဒါ့အပြင် သူ့ပါးစပ်နှင့် မျက်လုံးဒွာရတို့ကိုလည်း တစ်လအတွင်း ရှင်းလင်းနိုင်လိမ့်မည် မဟုတ်ပေ။

ထိုအချိန်မှာပင် ဦးလေးလျန့်က တစ်ခုခုကို အမှတ်ရသွားပုံရ၏။ သူက ဆူဇီမိုကိုကြည့်ပြီး ရုတ်တရတ်‌ ပြောလိုက်လေသည်။

“ပြောရမယ်ဆိုရင် ရှေးဟောင်းတိုက်ပွဲမြေမှာ မင်းအတွက် သင့်လျော်တဲ့နေရာတစ်ခုတော့ရှိတယ်.. မင်းသာ အဲ့ဒါကို အောင်မြင်အောင်လုပ်နိုင်ရင် ဖေးချွန်ယွီတို့ ရွှယ်ယန်တို့နဲ့ ရင်ဘောင်တန်းနိုင်တဲ့ အနေအထားတစ်ခုကို ရောက်သွားလိမ့်မယ်”

ထန်ယုသည် နုလုံးတစ်ချက်ခုန်သွားပြီး ဦးလေးလျန့်ကိုကြည့်ကာ မေးလိုက်၏။

“ဦးလေးလျန့် ပြောတာက.. ဟိုနေရာလား”

“အမ်း”

ဦးလေးလျန့်က ခေါင်းညိတ်ပြပြီး ချက်ချင်းပြုံးလိုက်၏။

“ထားလိုက်ပါတော့.. အဲ့ဒါက အောင်မြင်စရာမှ မရှိတာ.. ငါသက်သက် လျှောက်တွေးနေမိတာပဲ”

ထန်ယုကလည်းပဲ ခေါင်းညိတ်လိုက်၏။

“ဦးလေးလျန့်ပြောတာက အဲ့နေရာဆိုရင်တော့ အခွင့်အရေးက မရှိသလောက်ပါပဲ.. အဲ့ကို သွားစရာ မလိုပါဘူး”

သူတို့နှစ်ယောက်၏ သို့လောသို့လော စကားသံများကို ကြားရသောအခါ ဆူဇီမိုသည် သိချင်စိတ်ဖြစ်ပေါ်လာပြီး မေးလိုက်မိလေသည်။

“စီနီယာ၊ သခင်လေးထန်.. ခင်ဗျားတို့ပြောနေတာ ဘယ်နေရာလဲ”

ထန်ယုက ဖုံးကွယ်ထားလိုစိတ်မရှိဘဲ ပြန်လှန်မေးလိုက်၏။

“တာအိုရောင်းရင်းက.. ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်ဆိုတာကို ကြားဖူးလား”

“ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်လား”

ဆူဇီမိုက မျက်မှောင်ကြုတ်ပြီး ခေါင်းခါပြလိုက်၏။

ကျိချန်းရှန်နှင့် အခြားသူများသည်လည်း နဝေတိမ်တောင် ဖြစ်သွားကြ၏။ သူတို့သည်လည်းပဲ ထိုနာမည်ကို မကြားဖူးသည်မှာ သိသာလေသည်။

“ဟဟ...”

ယန်ကျွင်းက လှောင်ရယ်လိုက်၏။

“တစ်ကယ့်ကို တောသားတွေပဲ.. ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်ကိုတောင် မကြားဖူးဘူးဆိုတော့ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲကွာ”

All Chapters