အင်မော်တယ်အပျက်အစီးနေရာ
Vol. 26 Ch. 388
ခဏနေပြီးနောက် အနီရောင်ညှီစို့စို့သားရဲချီက ပျက်ပြယ်သွားပြီး ပုံရိပ်နှစ်ခုက ထွက်ပေါ်လာလေသည်။
သီရှင်း၏ မျက်လုံးများက ကြောက်လန့်တကြား ပြူးကျယ်နေပြီး သူ့ခေါင်းတွင် အပေါက်ငါးပေါက် ပေါက်နေကာ သွေးများက စီးကျနေ၏။ သူက သေပြီးနေလေပြီ။
ဆူဇီမိုက သူ့ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သောအခါ သူ့အရိုးများနှင့် အရွတ်များမှ အသံဗလံများ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကြီးက ပုံမှန်အရွယ်အစားသို့ ချက်ချင်းပြန်လည် ပြောင်းလဲသွား၏။
ဆူဇီမိုက အစိမ်းရောင်၀တ်စုံအသစ်တစ်ထည်ကို ထုတ်လဲလိုက်ပြီးနောက် လဲကျနေသော လူနှစ်ယောက်၏ခါးမှ သိုလှောင်အိတ်များကို ဖြုတ်ယူလိုက်၏။ ထို့နောက် သူက ရှေ့သို့ လှမ်းထွက်သွားလေတော့သည်။
ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်သည် ရွှမ်ထျန်းမြို့မှ ခြေလျင်ခရီး သုံးရက်တာလောက် ကွာဝေးလေသည်။
ဆူဇီမိုက လမ်းတွင် လျှိုယွင်နှင့် သီရှင်းတို့၏ သိုလှောင်အိတ်များကို စစ်ကြည့်ခဲ့၏။
အစတုန်းကတော့ ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ အရိုးဆူးချွန်များအား ထိန်းချုပ်ကိုင်တွယ်သော လက်နက်နည်းစနစ်ကို တွေ့ရလျှင် ကောင်းသားဟု သူတွေးလိုက်၏။
အဲ့ဒါကိုရလျှင်သူ့ဓါးပျံများနှင့် အဲ့ဒါကို လေ့ကျင့်နိုင်လေသည်။
ထိုသို့ဖြင့် သူသည် ဓါး၀င်္ကပါကိုသာမက၊ သတ်ဖြတ်စွမ်းအား ပြင်းထန်သော ထိုလက်နက်နည်းစနစ်ကိုပါ တိုက်ပွဲများတွင် ထုတ်သုံးလာနိုင်မည် ဖြစ်လေသည်။
သို့သော် သူတို့၏ သိုလှောင်အိတ်များထဲတွင် လောက်လောက်လားလား ဘာတစ်ခုမှ သူရှာမတွေ့ခဲ့ပေ။
သေချာစဉ်းစားကြည့်လျှင်တော့ အဲ့ဒါက ယုတ္တိယုတ္တာရှိလေသည်။
ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ ထိုလက်နက်နည်းစနစ်က သေချာပေါက် လျှို့ဝှက်ပညာရပ်တစ်ခုပင် ဖြစ်ပေမည်။ ထိုကဲ့သို့သော ပညာရပ်တစ်ခုကို ဒီအတိုင်း သိုလှောင်ထဲမှာ ထည့်ထားစရာ အကြောင်းမရှိပေ။
ဆန်းကြယ်တောင်ထွတ်၏ လျှို့ဝှက်ပညာရပ်သုံးခု ဆိုလျှင်လည်း ထို့အတူပင်။ ဆူဇီမိုနှင့် အခြားသူများကို အသာထား၊ ရွှေအမြုတေများပင်လျှင် ထိုလျှို့ဝှက်ပညာရပ်များကို သူတို့နှင့်အတူ သယ်ယူသွားခွင့် မရှိပေ။
သူသည် ကျင့်ကြံရေးလောကသို့ စ၀င်လာချိန်မှစ၍ တိုက်ပွဲများ မရေမတွက်နိုင်အောင် တိုက်ခဲ့ရသော်လည်း ဤကဲ့သို့ ထိပ်သီးဂိုဏ်းများမှ ကျင့်ကြံသူများနှင့် တိုက်ခိုက်ရသည်က အလွန်တရာ ရှားလေသည်။
မြေအောက်ထဲမှာတုန်းက ဆူဇီမိုသည် မိစ္ဆာဂိုဏ်းများမှ မိစ္ဆာအမွေခံသူ ငါးယောက်ကို သူတစ်ယောက်တည်းနှင့် တိုက်ခိုက်နိုင်ခဲ့၏။
ထိုတိုက်ပွဲအပြီးတုန်းက မိစ္ဆာဂိုဏ်းများမှာ နာမည်သာကြီးသော်လည်း သိပ်လဲမဟုတ်ပါလားဟု ထင်မြင်ချက်အမှားကို သူရရှိခဲ့၏။
ထို့သို့ဖြင့် သူသည် အင်မော်တယ်ဂိုဏ်းများ၊ ဗုဒ္ဓဝါဒီကျောင်းများနှင့် ပတ်သတ်၍လည်း သိပ်ပြီး ကြောက်ရွံ့မနေခဲ့တော့ပေ။
ဒါ့အပြင် ပြီးခဲ့သည့် နှစ်များအတွင်း ဆူဇီမိုသည် အဆင့်တူများအတွင်း၌ ရှုံးနိမ့်မှုကို ဘယ်တော့မှ မခံစားဖူးခဲ့ရပေ။ သူ့ထက် ကျင့်ကြံမှု အဆင့်မြင့်သော သူများကိုတောင် သူသတ်နိုင်ခဲ့သေး၏။
သူ၏ တိုက်ပွဲအတွေ့အကြုံများအရ သူ၏ လှုပ်ရှားမှု နည်းစနစ်များကို အသုံးချ၍ သူ့ပြိုင်ဘက်အနီးသို့ ရအောင်ကပ်နိုင်သည်နှင့် တစ်ဖက်လူက သူ့ထက်ကျင့်ကြံမှုအဆင့် မြင့်လျှင်တောင် သူရအောင် သတ်နိုင်လေသည်။
သို့သော်လည်း စောစောကတိုက်ပွဲသည် ဆူဇီမိုကို နိုးထလာစေပြီး သိပ်ပြီး ဘ၀မမြင့်ဖို့ သတိပေးခဲ့လေသည်။
တစ်ကယ့်စွမ်းအားကြီးသော ပြိုင်ဘက်များက အဆင့်မြင့်၊ ကျွမ်းကျင်လိမ္မာသော လက်နက်နည်းစနစ်များကို သုံးကာ သူ့ကို အနားမကပ်နိုင်အောင် သူ့လှုပ်ရှားမှုများကို ချုပ်နှောင်ကန့်သတ်နိုင်လေသည်။ တစ်ကယ်တမ်းပြောရလျှင် အနားကပ်ဖို့ နေနေသာ သူ့ကို ပြေးစရာလမ်းပေါက်မရှိအောင်ပင် ဖိအားပေးနိုင်လေသည်။
သီရှင်းနှင့် လျှိုယွင်တို့က ဆူဇီမိုကို အမှန်တစ်ကယ်ပင် ဒုက္ခပေးနိုင်ခဲ့လေသည်။ သူသာ ဖေးချွန်ယွီ၊ ရွှယ်ယနိယ်တို့နှင့် ရင်ဆိုင်ရလျှင် ကိစ္စများက ပိုလို့တောင် ဒုက္ခများနိုင်လေသည်။
ဒါ့အပြင် ဖန်သားနန်းတော်နှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းဆိုသည်မှာ အင်မော်တယ်နှင့် မိစ္ဆာဂိုဏ်းများ၏ အစိတ်အပိုင်း တစ်ခုသာလျှင် ဖြစ်လေသည်။
အဲ့မှာ အကုန်လုံးဆိုလျှင် အင်မော်တယ်ဂိုဏ်းကကိုးဂိုဏ်း၊ မိစ္ဆာဂိုဏ်းက ခုနှစ်ဂိုဏ်း၊ ဗုဒ္ဓဝါဒီကျောင်းတော်ကခြောက်ကျောင်း ရှိလေသည်။ ထိုရှေးကျသော ဂိုဏ်းများအားလုံးက ခိုင်မာသော အခြေခံအုတ်မြစ်များနှင့် မရေမတွက်နိုင်သော လျှို့ဝှက်ပညာရပ်များကို ပိုင်ဆိုင်ထားကြလေသည်။ သူတို့၏ အမွေခံတပည့်များက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းမလဲ တွေးကြည့်နိုင်လေသည်။
ထိုသို့သိရှိသွားတာတောင် ဆူဇီမို၏ မျက်လုံးများမှာ စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စ မရှိပေ။ ထို့အစား သူ့မျက်လုံးများက စိတ်အားထက်သန်မှုနှင့် အရောင်တောက်လာ၏။
အများအမြင်မှာတော့ သူက ပကတိမရီးဒါန်ဖွင့်ဆေးလုံးတစ်လုံးရဖို့အတွက် ရှေးဟောင်းတိုက်ပွဲမြေ အနက်ပိုင်းထဲသို့ စွန့်စားဝင်ရောက်သွားခဲ့သည်ပင်။
သို့သော်လည်း သူ့နုလုံးသားထဲမှာတော့ ဆူဇီမိုသည် ထိုထိပ်သီးဂိုဏ်းများ၏ တပည့်များကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ချင်လေသည်။
သူ တိုက်ပွဲဝင်ချင်တယ်..
တစ်ကမ္ဘာလုံးကို လှည့်လည်ပြီး သူတိုက်ခိုက်ကြည့်ချင်လေသည်။
သူ့ကိုယ်သူ အခြားသူများထက် အောက်မကျဟူသော မာနက သူ့အရိုးအတွင်းပိုင်းထဲရှိ နက်ရှိုင်းစွာ အမြစ်တွယ်ထားလေသည်။
. . .
သူ၏ အားကောင်းသော သက်လုံနှင့် ကိုယ်ကာယကြောင့် ဆူဇီမိုသည် နေ့ရောညပါ မရပ်နားဘဲ ခရီးဆက်နိုင်ခဲ့လေသည်။
ညအချိန်များတွင် သူသည် ဘာမှထိန်ချန်မနေတော့ဘဲ ခရီးသွားနေရင်း သူ၏ သိပ်သည်းအားကောင်းသော သားရဲချီများကို ထုတ်လွှတ်ထားလိုက်သောကြောင့် တော်တန်ရုံတောကောင်များက သူ့အနားကို ကပ်မလာရဲတော့ပေ။
နှစ်ရက်ကြာပြီးနောက် ဆူဇီမိုသည် အရှိန်ကို တဖြေးဖြေး လျှော့ချလိုက်ပြီး အရှေ့ကို လှမ်းကြည့်လိုက်သောအခါ သူ့ရင်ထဲကနေ နက်ရှိုင်းစွာ တုန်လှုပ်သွားရ၏။
ဒဏ္ဍာရီလာ ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်ကို သည့်အရင်က သူတစ်ခါမှ မမြင်ဖူးခဲ့ပေ။
သို့သော်လည်း ယခုသူ့ရှေ့မှ တောင်နှင့်ပင်လယ်က ထိုနေရာအတိအကျဖြစ်ကြောင်း သူသိလိုက်လေသည်။
ထိုနေရာသို့ သူ မရောက်ခင်မှာပင် ဆူဇီမိုသည် တဝုန်းဝုန်း ရိုက်ခတ်နေသော ပင်လယ်လှိုင်းသံများကို ကြားလိုက်ရပြီး သူ့စိတ်ကနိုးထတက်ကြွလာလေသည်။
စိုထိုင်းထိုင်းအော်ရာက သူ့မျက်နှာကို ရိုက်ခတ်လာ၏။
ထိုအော်ရာက စိုထိုင်းထိုင်းလေထုတစ်ခုမျှသာ မဟုတ်ဘဲ အဲ့ဒါက စိုင်းထိုင်းထိုင်း စိတ်ဝိညာဉ်ချီများဖြစ်ပြီး လွန်စွာသန့်စင်၍ ကြွယ်ဝနေလေသည်။
“ငါ့ရှေ့က ပင်လယ်ပြင်ကြီးက အကုန်လုံး စိတ်ဝိညာဉ်ချီတွေနဲ့ ဖွဲ့စည်းထားတာများ ဖြစ်နေမလား”
ထိုအတွေးက သူ့ခေါင်းထဲသို့ ဝင်ရောက်လာသောအခါ ဆူဇီမိုသည် တုန်လှုပ်မိသွား၏။
ထိုအချိန်မှာပင် တဖျတ်ဖျတ်နှင့် အဝတ်စလေတိုးသံများက လေထဲသို့ ပျံ့လွင့်လာလေသည်။ ရောက်ရှိလာသော ကျင့်ကြံသူအချို့၏ စကားပြောဆိုသံများကို ဆူဇီမိုကို စိတ်ဝင်စားသွားစေလေသည်။
“ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်ဆိုတာ ငါတို့လို ဆေဘာကျင့်ကြံသူတွေအတွက်တော့ အထွတ်အမြတ်နေရာပဲ.. ငါတို့က ဆေဘာဧကရာဇ်ရဲ့ အမွေအနှစ်ကို မရနိုင်ဘူးဆိုရင်တောင်မှ လာကြည့်သင့်တဲ့ နေရာတစ်ခုပဲ”
“သူများတွေ ပြောတာတော့ ရှေးခေတ်တုန်းက ဆေဘာဧကရာဇ်က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကနေ ထွက်မသွားခင်.. သူ့ရဲ့ အန္တိမဓမ္မစွမ်းအားကိုသုံးပြီးတော့ ကီလိုမီတာ ၅၀၀၀ ပတ်လည်က စိတ်ဝိညာဉ်ချီတွေနဲ့ သတ္တုကြောတွေကို စုပ်ယူပြီး တောင်တစ်တောင်နဲ့ ပင်လယ်တစ်ခုကို ဖန်တီးခဲ့တယ်တဲ့.. အဲ့ဒါက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ သူ့ရဲ့ ဆေဘာနည်းစနစ်တွေကို မတိမ်ကောစေဖို့ သူဖန်တီးခဲ့တဲ့ အင်မော်တယ်အပျက်အစီးနေရာတစ်ခု.. ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်ဆိုပြီး ဖြစ်လာတာပေါ့”
“ဟာ မိုက်လိုက်တာကွာ”
တစ်ယောက်ယောက် အံ့အားတသင့် ရေရွတ်လိုက်၏။
ဆူဇီမိုသည်လည်း တုန်လှုပ်သွားရ၏။
လက်တစ်ဖက်မှောက်လှန်ရုံနှင့် မြောက်များလှစွာသော စိတ်ဝိညာဉ်ချီတွေကို ပင်လယ်တစ်ခုဖြစ်အောင်စုပ်ယူ.. သတ္တုတွင်းကြောများစွာကို တောင်တစ်လုံးဖြစ်လာအောင် စုယူနိုင်သော စွမ်းအားက ဘယ်လောက်တောင် အားကြီးလိုက်ပါသလဲ..
ကြောက်စရာအကောင်းဆုံးအချက်မှာ ရှေးဟောင်းခေတ်ကနေ အခုချိန်ထိ နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့တာတောင် သူဖန်တီးထားခဲ့သော စိတ်ဝိညာဉ်ပင်လယ်က ရှိနေသေးတာပင်။
အချိန်မြစ်၏ တိုက်စားမှုအောက်တွင် ရှေးဟောင်းခေတ်ရှိ မရေမတွက်နိုင်သော ဂိုဏ်းကြီးများသည် ဘာသဲလွန်စမှ မကျန်အောင်ပင် ပျက်စီးပျောက်ကွယ်သွားခဲ့ရပြီးဖြစ်၏။ သို့သော်လည်း ဤနေရာကတော့ ခြောက်ခမ်းတော့မည့် လက္ခဏာမရှိဘဲ အကောင်းအတိုင်း ရှိနေဆဲဖြစ်၏။
ဒဏ္ဍာရီက မှန်မည်သာဆိုလျှင်.. ဆေဘာဧကရာဇ်က ကျင့်ကြံသူတစ်ယောက်၏ အဆင့်ကို ကျော်လွန်သွားခဲ့လေပြီ။
ကျင့်ကြံရေးလောကတွင် ဆိုရိုးစကားတစ်ခုရှိ၏။ လူတစ်ယောက်က လမ်းဆုံးကိုရောက်လျှင် ဒဏ္ဍာရီလာ လေးနက်သိမ်မွေ့ဆန်းကြယ်သော အင်မော်တယ်တစ်ယောက် ဖြစ်လာမည်ဖြစ်ပြီး ထာဝရ ရှင်သန်နိုင်မည် ဟူ၍ပင်။
သို့သော်လည်း ထိုသို့သော အစစ်အမှန်အင်မော်တယ်များက တစ်ကယ်ရှိ၊ မရှိကို မည်သူမျှ အတိအကျ အဖြေမပေးနိုင်ကြပေ။
သို့သော်လည်း အခုလောလောဆယ်တော့ ဆူဇီမိုသည် ထိုဒဏ္ဍာရီလာအင်မော်တယ်တွေအကြောင်းကို စိတ်မဝင်စား.. သူ့ရှေ့က ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်သည်သာ သူ့အပေါ် ကြီးမားစွာ စိုးမိုးနေတော့သည်။
ကမ်းခြေအနီးတွင် နက်မှောင်နေသည့် မရေမတွက်နိုင်သော ကျောက်တန်းများက ရှိနေ၏။ ဘာကြောင့်ရယ်မသိရသော်လည်း ထိုကျောက်တန်းများပေါ်တွင် ထက်ရှသောလက်နက်ခြစ်ရာများက ကြောက်စရာကောင်းလောက်အောင် နက်ရှိုင်းစွာ ပေါ်နေ၏။
ဒီရေက ခမ်းနားထည်ဝါသော အော်ရာနှင့်အတူ အော်မြည်လာပြီး ကမ်းခြေကို ရိုက်ခတ်ကာ လှိုင်းလုံးများက ဖြစ်ပေါ်လာလေသည်။
ပင်လယ်ပြင်၏ ရှေ့တူရူတွင် တိမ်တိုက်များထိအောင် ငွားငွားစွင့်စွင့် မြင့်မားသော တောင်တစ်လုံးက ထောင်မတ်စွာ ရှိနေလေသည်။
တောင်၏ ပုံစံက ဆေဘာရှည်တစ်လက်ကို ပင်လယ်ပြင်ထဲ ထိုးစိုက်ထားသလိုပင်။
အဲ့ဒါကတော့ ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်ပင် ဖြစ်တော့လေသည်။