← Chapters

သွားကြည့်ခြင်း

Vol. 38 Ch. 559

သွားကြည့်ခြင်း

Vol. 38 Ch. 559

လူများစွာကို သေစေနိုင်သော တူညီသည့် ရောဂါတစ်ခုနှင့် ရင်ဆိုင်ရသောအခါ လူအများသည် စိတ်ထဲ၌ မျှတသည်ဟု ခံစားမိကြပေလိမ့်မည်။ သို့သော် ရဲ့လင်းချန် ပေါ်လာသဖြင့် သူသည် မည်သူက အသက်ရှင်ပြီး မည်သူက သေဆုံးရမလဲ ရွေးချယ်နိုင်စွမ်း ရှိသွားခဲ့သည်။ ယင်းက မကျေမနပ် ဖြစ်လာစေမှာပင်။

သူတို့ကို သူ လျှို့ဝှက်၍ ကုသပေးပါက အဆင်ပြေလောက်သော်လည်း အခြေအနေက လူသိရှင်ကြား ဖြစ်သွားခဲ့သည်။ ရဲ့လင်းချန်က သူတို့ကို သေဆုံးအောင် ထားခဲ့ပါက လူနာများစွာ ရူးသွားလောက်သည်။ ယင်းက မျှော်လင့်ချက် တစ်စွန်းတစ်စကို မြင်လိုက်ရသော်လည်း လက်လှမ်းမမီနိုင်ကြောင်း သိလိုက်ရသလိုပင်။ ၎င်းက ပို၍ ဆောက်တည်ရာမရ ဖြစ်သွားစေနိုင်သည်။

“ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းက တစ်ကမ္ဘာလုံး ကုသမှု ရနိုင်ဖို့ပဲ၊ လူအများရဲ့ မျှော်လင့်ချက်နဲ့ ကိုက်ညီဖို့ လိုအပ်တယ်”

ချင်ပိုင်ချွမ်းက အကြံပြုသည်။

“အဲ့ဒါကြောင့် ဆေးဝါး ထုတ်လုပ်ရေးက အလျင်လိုမှကို ဖြစ်မယ်”

တစ်နည်းအားဖြင့် ဆိုရလျင် သူတို့သည် လူတိုင်းအား ဆောက်တည်ရာမရ မဖြစ်စေရန် သင့်တော်သည့် ရေတို ရည်မှန်းချက် ရအောင် ထောက်ပံ့ပေးရန် လိုအပ်ပေသည်။

၎င်းသည် ရဲ့လင်းချန်အတွက် သီးသန့်မဟုတ်ဘဲ နိုင်ငံ၏ တည်ငြိမ်မှုကိုလည်း သက်ရောက်စေနိုင်သည့် အတွက်ကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက ထိုလူနာများ ရူးသွပ်သွားလျင် ဘာလုပ်လာမလဲ ဆိုသည်ကို ဘယ်သူမှ မသိနိုင်ပေ။

အထူးသဖြင့် သူတို့ကို မကောင်းသော ရည်ရွယ်ချက်များရှိသည့် လူများက ဦးဆောင်သွားပါက အခြေအနေက ပို၍သာလျင် ဆိုးရွားလာပေလိမ့်မည်။

လူ့သဘာဝက ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိုသို့မဟုတ်လျင် ရဲ့လင်းချန်သည် အသက် ရှင်သန်နိုင်ရန် အတွက် သူ့ခွန်အားကို ဆက်တိုက် တိုးမြင့်ရန် လိုအပ်မည် မဟုတ်ပေ။

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ ကိစ္စက တကယ်တော့ မပြင်းထန်ပါ။ ဆေးဝါး ထုတ်လုပ်ရေး စက်ရုံသာ လည်ပတ်ပါက သူသည် လူအများကို အကျိုးပြုစေနိုင်မည့် ဆေးဝါးများ ထုတ်လုပ်နိုင်ပေလိမ့်မည်။ သူ့တွင် သူ လိုအပ်သော အရာအားလုံး ရှိသည်။ အချိန်ကျလာလျင် သူသည် နောက်ထပ် ရေပန်းစားမှု အမှတ်များစွာကို စုဆောင်းနိုင်လောက်သည်။

ထို့အပြင် အခြေအနေက ရုတ်ရုတ်သဲသဲ ဖြစ်လာသဖြင့် သူ၏ ရေပန်းစားမှုအမှတ်က ထပ်မံ၍ မြင့်တက်သွားပြန်သည်။ တစ်ညတည်းနှင့် ၁.၉ သန်းမှ ၄,၂၆၈,၆၅၁ သို့ တက်သွားလေသည်။

ရေပန်းစားမှုအမှတ် နှစ်သန်းကျော် တိုးတက်လာခဲ့သည်။

ကားသည် ပုံမှန်နှုန်းဖြင့် သွားလာနေပြီး မြို့နှင့် သိပ်မဝေးသော ခြံဝင်းတစ်ခုသို့ ဝင်ရောက်သွားသည်။

ခြံဝင်းသည် ကြီးမားပြီး လမ်းမကြီးနှင့် ဝေးသည်။ ၎င်းသည် ကွင်းပြင်ကျယ်နှင့် တူပြီး ပန်းခြံတစ်ခုလိုပင်။ ခြံဝင်းအလယ်၌ လင်းပိုင်ရုပ်တုနှင့် ရေကျနေသော ရေတံခွန်တစ်ခု ရှိလေသည်။

ကားသည် တစ်မူထူးခြားသော အဆောက်အဦးတစ်ခုရှေ့၌ ရပ်တန့်သွားသည်။ အပြင်ဒီဇိုင်းသည် ပန်းဘောင်များ ရစ်ပတ်ထားသည့် ရဲတိုက်တစ်ခု ပုံစံ တည်ဆောက်ထားသည်။ ပန်းပွင့်တိုင်းက လန်းဆန်းပြီး ခူးဆွတ်ချင်စိတ် ပေါက်စေသည်။ ယင်းက ရုပ်ရှင်ထဲမှ မြင်ကွင်းတစ်ခုလိုပင်။

“ဒီနေရာက လုံးဝကို တန်ဖိုးကြီးတာပဲ”

ရဲ့လင်းချန် မှတ်ချက်မချဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

သူတို့သည် မြို့တော်၏ မြို့လယ်ခေါင်၌ မဟုတ်သော်လည်း ဤအရွယ်အစား ရှိသည့် စံအိမ်ခြံဝင်းတစ်ခု တည်ဆောက်ရန် ငွေကုန်ကြေးကျ များပေသေးသည်။

*တည်ဆောက်ပုံကို ကြည့်ရုံနှင့်တင် ဆရာဟောင်က တကယ်ကို ပညာရှင်ပဲ*

“သူက နိုင်ငံရဲ့ အတော်ဆုံး ဗိသုကာ ပညာရှင်ပဲ၊ သူက ပိုက်ဆံ ဘယ်ရှားမလဲ”

ချင်ပိုင်ချွမ်းက ရှင်းပြသည်။

ရဲ့လင်းချန် ခေါင်းညိတ်လိုက်မိသည်။ ဤသည်က သူ၏ အရည်အချင်းပေါ် မူတည်၍ အသက်မွေးဝမ်းကြောင်း ပြုခြင်းပင်တည်း။ မိမိ၏ အရည်အချင်းက ထိပ်ဆုံးသို့ ရောက်လျင် ပိုက်ဆံရှာရသည်က အလွယ်လေးပင်။

*ဒါပေမဲ့ ငါက ဒီခြံဝင်းရှိတာထက် အများကြီး ပိုသာတယ်၊ ငါ့မှာ ကျွန်းတစ်ခုလုံး ရှိတာပဲလေ*

ရဲ့လင်းချန်သည် ဂုဏ်ယူစိတ်တို့နှင့် ပြည့်နှက်နေ၏။

ရဲ့လင်းချန်နှင့် ချင်ပိုင်ချွမ်းတို့ ကားပေါ်မှ ဆင်းလိုက်သည်နှင့် လှပသော ပုံရိပ်တစ်ခုက အိမ်ထဲမှ ပြေးထွက်လာပြီး ချင်ပိုင်ချွမ်းထံ အပြေးလာကာ လက်မောင်းကိုဖက်၍ ချွဲလေတော့သည်။

“ချင်ဘိုးဘိုး၊ ဘိုးဘိုး ရောက်လာပြီပဲ၊ အရင်တစ်ခေါက်က ဘိုးဘိုး သင်ပေးခဲ့တဲ့ ကွန်ဖူးပညာကို သမီး တက်သွားပြီ”

မိန်းမပျိုလေးသည် ဆံပင်အား မြင်းပြီးပုံ စုစည်း၍ ချထားပြီး မီးခိုးရောင် ဖျော့ဖျော့ အားကစားဝတ်စုံကို ဝတ်ဆင် ထားပြီး ၎င်းနှင့် လိုက်ဖက်သည့် အဖြူရောင် ရှူးဖိနပ်ကို စီးထားသည်။ ၎င်းသည် အားနည်းပုံ ပေါ်သည့် အခြားသော မိန်းကလေးများနှင့် မတူဘဲ အားအင်တို့နှင့် ပြည့်နှက်နေသည်။

သူမ ပြေးလာသည့် ပုံစံအရ ဤမိန်းမပျိုလေး၌ သိုင်းပညာ အခြေခံအချို့ ရှိပုံ ပေါ်သည်။

“ဟားဟားဟား၊ ယွင်အာ … ငါ မင်းကို မင်းနဲ့ သက်တူရွယ်တူ တစ်ယောက်နဲ့ မိတ်ဆက်ပေး…”

“အား … ရှင်က ရဲ့နတ်ဘုရားလား”

ချင်ပိုင်ချွမ်း စကားကို ဆုံးအောင် မပြောရသေးခင်မှာပင် ဟောင်ယွင်က ဝမ်းသာအားရ အော်ဟစ်ပြီး ရဲ့လင်းချန်အား တောက်ပသော မျက်ဝန်းများဖြင့် စူးစမ်းလေသည်။ သူမသည် တုံ့ဆိုင်းမနေဘဲ ချင်ပိုင်ချွမ်း၏ လက်မောင်းကို ဖက်ထားရာမှ လွှတ်၍ ရဲ့လင်းချန်အား ဖက်လေသည်။

“ရဲ့နတ်ဘုရား၊ ကျွန်မက ရှင့်ရဲ့ ပရိသတ်ပါ”

ချင်ပိုင်ချွမ်း၏ နှလုံးသား တင်းကြပ်သွားလေသည်။

“…”

“ဟဲလို”

ရဲ့လင်းချန် ပြုံးပြလိုက်သည်။ ဤနေရာ၌ ပရိသတ်တစ်ယောက်နှင့် ကြုံလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပါ။ သူက အတော်လေး နာမည်ကြီး၍ ဆွဲဆောင်မှု ရှိနေပုံရသည်။

လက်ရှိတွင် ဟောင်ယွင်၏ လက်က ရဲ့လင်းချန်၏ ဗိုက်နားတွင် ရှိနေသည်။ သူမက အံ့ဩသော အမူအရာမျိုး ဖြစ်နေ၏။

“ဝါး … တကယ် ကျစ်လျစ်နေတာပဲ၊ ရှင် ဒီကြွက်သားတွေ ရအောင် ဘယ်လို လေ့ကျင့်ထားတာလဲ, ဒါက ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ပဲ၊ ပြီးတော့ ရှင်က အပြင်မှာ အများကြီး ပိုကြည့်ကောင်းတယ်”

“အဟမ်း အဟမ်း”

ရဲ့လင်းချန် ချောင်းအသာဟမ့်၍ နောက်သို့ အသာ ရို့လိုက်ရသည်။

သို့သော် ဟောင်ယွင်ကလည်း ရှေ့သို့ တစ်လှမ်း တိုးလာ၏။

“ရှင့်ရဲ့ ဧရာမ စပါးအုံးမြွေကြီးနဲ့ ပြင်းထန်တဲ့ တိုက်ပွဲက တအား မိုက်တာပဲ၊ ရှင်က တကယ် သန်မာတာပဲ ဟုတ်တယ်မလား၊ ရှင် ကျွန်မကို ကွန်ဖူး သင်ပေးပါလားဟင်”

လှပသော မိန်းမပျိုလေးသည် သူမ ဝတ်စားထားသကဲ့သို့ပင် တက်ကြွလန်းဆန်းနေ၏။

ရဲ့လင်းချန် ချင်ပိုင်ချွမ်းအား ကူကယ်ရာမဲ့စွာ လှမ်းကြည့်လိုက်သည်။

“ဟားဟား ယွင်အာက ငယ်ငယ်လေးကတည်းက ကွန်ဖူး သင်ရတာကို သဘောကျတာလေ၊ မင်း သူ့ကို သင်ပေးနိုင်ရင် ကောင်းတာပေါ့”

ချင်ပိုင်ချွမ်းက ရယ်နေပြီးမှ တိတ်တဆိတ် နှုတ်ခမ်းလှုပ်ရုံမျှ ပြောလိုက်သည်။

“သူ ဆရာဟောင်ရဲ့ မြေးမလေးပဲ၊ သူ့ကို ဆရာဟောင်က အချစ်ဆုံး၊ ရေလိုက်ငါးလိုက်နေ”

ရဲ့လင်းချန် နှာခေါင်းကိုပွတ်၍ ပြုံးကာ ပြန်ပြောလိုက်သည်။

“သင်ပေးရတာပေါ့”

“ယွင်အာ၊ ငါတို့က မင်းအဘိုးကို လာရှာတာ၊ အဲ့အချိန်ကျရင် မင်းအဘိုးကို ဖြောင်းဖျဖို့ ငါတို့ကို ကူညီပေးဖို့ လိုတယ်၊ အဲ့လို လုပ်ပေးရင် ရဲ့လင်းချန်က မင်းကို သူ သိတာအားလုံး သင်ပေးမှာ သေချာတယ်”

ချင်ပိုင်ချွမ်းက ထပ်ပြောလိုက်သည်။

“ကျွန်မတာဝန် ထားလိုက်”

ဟောင်ယွင်က ချက်ချင်း အာမခံလိုက်သည်။

“ကျွန်မရဲ့ စံပြပုဂ္ဂိုလ်ကို ကျွန်မ သေချာပေါက် ကူညီရမှာပေါ့”

စကား ပြောနေရင်းနှင့် သူတို့ သုံးယောက်သား အိမ်ထဲသို့ ဝင်လာကြသည်။

သူတို့ ဧည့်ခန်းကို ဖြတ်လာပြီးနောက် အနောက်ဖက် ခြံဝန်းသို့ပင် ရောက်လာကာ လူကြီးတစ်ယောက်၏ အော်ဟစ်သံကို ကြားလိုက်ရသည်။

“လူလိမ်၊ ဒီနေရာက ထွက်သွားစမ်း၊ ငါ့ တဟေးကိုတောင်မှ မကယ်နိုင်ဘဲနဲ့ မင်းကိုယ်မင်း မြို့တော်က အတော်ဆုံး တိရစ္ဆာန် ဆေးကုဆရာဝန်လို့ ခေါ်ရဲသေးတာလား”

အနောက်ဖက် ခြံဝန်းသို့ ရောက်သောအခါ လူတစ်စုက အနက်ရောင် ဒေသမျိုးစိတ် ခွေးတစ်ကောင်နား၌ စုဝေးနေသည်ကို ရဲ့လင်းချန် တွေ့လိုက်ရသည်။

ဒေသမျိုးစိတ်ခွေး၊ သို့မဟုတ် အတိအကျ ပြောရမည်ဆိုလျင် တရုတ် ကွင်းပြင် အမဲလိုက်ခွေးအဖြစ် လူသိများကာ တရုတ်နိုင်ငံ၌ ပေါက်ဖွားသော မူရင်းခွေးမျိုးစိတ်တစ်ခုပင်။ အခြားသော ခွေးမျိုးစိတ်များနှင့်မတူဘဲ သူတို့သည် လူနှင့် ပို၍ကောင်းသော ဆက်သွယ်မှု ရှိသည်။ သူတို့သည် ပိုင်ရှင်ကို အသိအမှတ် ပြုလိုက်သည်နှင့် တစ်သက်လုံး သစ္စာရှိကြသည်။

သို့သော် ထိုအနက်ရောင်ခွေးသည် မြေကြီးပေါ် လဲနေပြီး နောက်ဆုံးသော အသက်ကို ရှူရှိုက်နေသည်။ သူ၏ လျှာက အပြင်သို့ ထွက်နေပြီး အသက်ကို အလွန် ခက်ခက်ခဲခဲ ကြိုးစား၍ ရှူနေရသည်။

အနက်ရောင်ခွေး၏ ဘေးနား၌ အဘိုးအိုတစ်ယောက်က တိရစ္ဆာန် ဆေးကုဆရာဝန်များအား စူးစိုက်ကြည့်နေ၏။

တိရစ္ဆာန် ဆေးကုဆရာဝန်များသည် အနေရခက်သော အမူအရာမျိုး ဖြစ်နေလေသည်။ သူတို့ထဲမှ တစ်ယောက်က မနေနိုင်ဘဲ ပြန်ပြောလာသည်။

“ဆရာဟောင်၊ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပြီးပါပြီ၊ ဒီခွေးက အသက် ဆယ့်လေးနှစ် ရှိနေပြီလေ၊ ပုံမှန်ဆိုရင် ခွေးတွေရဲ့ အသက်က ဆယ်နှစ်နဲ့ ဆယ့်ငါးနှစ်လောက်ပဲ အသက်ရှင်နိုင်တာ၊ ဆယ့်လေးနှစ်ဆိုတာက တော်တော်လေး အသက်ရှည်တယ်လို့ ပြောလို့ရပါတယ်၊ သူက နေမကောင်း ဖြစ်နေတာ မဟုတ်ပါဘူး၊ သူ့ဘဝက အဆုံးသတ်ချိန်ကို ရောက်နေတာပါ၊ ကျွန်တော်တို့ လုပ်နိုင်တာ တကယ်ကို ဘာမှ မရှိတော့ပါဘူး”

ထိုစကားကို ကြားသောအခါ ဆရာဟောင်က အံ့ဩသွားသည်။ သူသည် တဟေးအား ရီဝေဝေ ကြည့်၍ တုန်ရီနေသော လက်ဖြင့် ပွတ်သပ်ကာ ပြောလိုက်သည်။

“ဘော်ဒါကြီး၊ မင်း တကယ် အိုနေပြီပဲ၊ ငါတို့ နှစ်ယောက်လုံး အိုနေပြီ၊ အခု မင်း ငါ့ကို ထားခဲ့တော့မလို့လား”

တဟေးသည် ဆရာဟောင်၏ ဝမ်းနည်းမှုကို ခံစားမိပုံရပြီး အီလေသည်။

တိရစ္ဆာန် ဆေးကုဆရာဝန်များသည် ကူကယ်ရာမဲ့စွာ ရပ်နေလေသည်။ ယင်းက လူတစ်ယောက် သေဆုံးချိန်နှင့် အတူတူပင် ဖြစ်ပြီး ကံစေရာပင်။ ယင်းသည် လူတို့က ထိန်းချုပ်နိုင်သော အရာ မဟုတ်ချေ။

“တဟေး ဘာဖြစ်တာလဲ”

အစောပိုင်းအထိ တက်ကြွနေသေးသော ဟောင်ယွင်သည် ရုတ်တရက် မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး ပြေးထွက်သွားသည်။ အစက သူမသည် တိရစ္ဆာန် ဆေးကုဆရာဝန်များ ကုသနိုင်သော အသေးစား နာမကျန်း ဖြစ်ခြင်းဟု ထင်ထားခဲ့သည်။ ဤမျှ လေးနက်လိမ့်မည်ဟု သူမ ထင်မထားမိပါ။

“ရှင်တို့က မြို့တော်က အတော်ဆုံး တိရစ္ဆာန် ဆေးကုဆရာဝန်တွေလေ၊ တကယ်ပဲ နည်းလမ်းမရှိတော့ဘူးလား၊ တဟေးကို ကယ်ပေးကြပါဦး၊ သူက ကျွန်မတို့အတွက် သိပ်အဖိုးတန်တာပါ၊ ကျွန်မတို့ သူ့ကို အဆုံးရှုံး မခံနိုင်ဘူး”

“ဒါက …”

တိရစ္ဆာန် ဆေးကုဆရာဝန်များ မတတ်သာ ဖြစ်နေပုံရသည်။

“မိန်းကလေးဟောင်၊ ကျွန်တော်တို့ မကယ်ချင်တာ မဟုတ်ဘဲ ကယ်လို့ မရနိုင်တာပါ၊ သူက ဆယ့်လေးနှစ်အထိ နေလာခဲ့နိုင်တာကိုက ကံကောင်းနေပါပြီ၊ အသက်တစ်ချောင်းကို ဆွဲဆန့်ဖို့ကိုတော့ ကျွန်တော်တို့ မတတ်နိုင်ပါဘူး၊ ကျွန်တော်တို့ ဝမ်းနည်းမိပါတယ် …”

All Chapters