← Chapters

အင်တာဗျူးနည်းအသစ်

Vol. 21 Ch. 302

အင်တာဗျူးနည်းအသစ်

Vol. 21 Ch. 302

အဆောင်ထဲက လူတွေအကုန်လုံး အံ့သြသွားကြ၏။ အားလုံး ယုဟန်ကို ဝန်းရံလိုက်ကြပါသည်။ ယောက်ဖလီလည်း ဂိမ်းထဲက ထွက်လိုက်ပြီး မော်နီတာကို ဖြုတ်ကာ ယုဟန်ရဲ့ စားပွဲဆီ ရွှေ့လိုက်သည်။

တခြားအတန်းဖော်တွေလည်း မော်နီတာသစ်ကို လေ့လာနေကြပြီဖြစ်ပြီး ၎င်းတို့ရဲ့ မျက်လုံးတွေက အားကျမှုများဖြင့် ပြည့်နှက်နေပါသည်။

မော်နီတာကို စနစ်ယူနစ်နဲ့ သေချာ ချိတ်ဆက်ပြီးနောက်တွင် ဒလီဘာရီသမားက စနစ်ယူနစ်ကို ဖွင့်လိုက်ပြီး အလုပ်ဖြစ်ကြောင်း သက်သေပြလိုက်သည်။

“နောက်ဆက်တွဲဝန်ဆောင်မှုတွေအတွက် ကျွန်တော်တို့ကို ဒီလို ဆက်သွယ်လို့ရပါတယ်။ နောက်ပိုင်း ကွန်ပျူတာ ပြဿနာတစ်ခုခု ဖြစ်လာလို့ပဲဖြစ်ဖြစ် ဘယ်အစိတ်အပိုင်းကိုမဆို အဆင့်မြှင့်ချင်လို့ပဲဖြစ်ဖြစ် ဒီဖုန်းနံပါတ်ကို ဆက်ပြီး အကူအညီတောင်းလို့ရပါတယ်”

“ပျော်ပျော်ကြီး ဂိမ်းတွေကစားနိုင်ပါစေနော်။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို အားရကျေနပ်မှု ရှိတယ်ဆိုရင် ကြယ်ငါးပွင့် Rating ပေးဖို့ မမေ့နဲ့နော်”

ဒလီဘာရီသမားက အဆောင်ထဲက အမှိုက်သရိုက်များကို ရှင်းရင် ပြန်သွားပါသည်။

“မြန်မြန် မြန်မြန် Specs တွေကို ကြည့်ကြည့်စမ်း”

ယုဟန်ရဲ့ အတန်းဖော်တွေက သူ့ထက်တောင် ပိုပြီး စိတ်လှုပ်ရှားနေကြပါသေးသည်။

မကြာမီ ဖန်သားပြင်ပေါ်မှာ Specs များပေါ်လာသည်။ အထင်ကြီးစရာ ဂဏန်းတွေနဲ့ အဆင့်မြင့် ရေပန်းစား ဟာ့ဒ်ဝဲများကြောင့် အားလုံး မှင်သက်သွားရသည်။

“ဒီကွန်ပျူတာက… အနည်းဆုံး ယွမ် ၅,၀၀၀ - ၆,၀၀၀ လောက် တန်လိမ့်မယ်။” တစ်ယောက်က တံတွေးမျိုချရင်း ကောက်ချက်ချလိုက်ပါသည်။

ယောက်ဖလီက ခနဲ့လိုက်၏။ “ယွမ် ၅,၀၀၀ - ၆,၀၀၀ ဟုတ်လား။ မင်းဒီကွန်ပျူတာကို အထင်လာသေးနေတာလား။ ဒီစနစ်ယူနစ်ကို အဆင့်မြင့် ဟာ့ဒ်ဝဲတွေနဲ့ လုပ်ထားတာကွ။ ၁၅,၀၀၀ ယွမ်လောက် တန်မယ်ထင်တယ်”

ယုဟန်ရဲ့ အတန်းဖော်တွေ ပါးစပ် အဟောင်းသား ဖြစ်သွားကြလေသည်။

၁၅,၀၀၀ ယွမ် စနစ်ယူနစ်ကြီး… ဒါက သူတို့ အိပ်မက်မက်ခဲ့ရသည့် စနစ်ယူနစ်ကြီး ဖြစ်သည်။

ယောက်ဖလီရဲ့ မျက်လုံးတွေက အားကျမှုတွေနဲ့ ပြည့်နှက်သွားပါသည်။ အဆောင်တစ်ခုလုံးမှာ ကွန်ပျူတာ ဟာ့ဒ်ဝဲအကြောင်းနားလည်တာ သူတစ်ယောက်ပဲ ရှိသဖြင့် ရှင်းရှင်းလင်းလင်း ယုတ္တိရှိရှိ ရှင်းပြနိုင်ပြီး သူ့ဗဟုသုတအကြောင်း ကြွားလို့ ရပါသည်။ သို့သော်လည်း သူ့ကိုယ်ပိုင် ဟာ့ဒ်ဝဲကို ဝယ်သည့်အခါမှာတော့ သာမန်ထက် တစ်ဆင့်နိမ့် အရည်အသွေးနဲ့ စျေးနှုန်းတန်သည့် စနစ်ယူနစ်ကိုသာ တတ်နိုင်သည်။

သူ့မှာ ပိုက်ဆံမရှိတာကလွဲပြီး တခြား အကြောင်းအရင်း မရှိပေ။

ကျောင်းသားတွေမှာ ဝင်ငွေ အကန့်အသတ်ရှိ၏။ ဒုတိယမျိုးဆက် သူဌေးသားတွေကလွဲပြီး ၁၀,၀၀၀ ယွမ်ကျော်တနတ် စနစ်ယူနစ်တစ်ခုကို ဘယ်သူက ဝယ်နိုင်ပါဦးမည်နည်း။

“ယောက်ဖယု မင်းက အယောင်ဆောင်ထားတဲ့ သူဌေးများလား။ ဒါမှမဟုတ် ကျောင်းချိန်ပြင်ပမှာ ငွေရှာဖို့ ကိုယ့်ခန္ဓာကိုယ်ကို ရောင်းစားနေတာလား။ မင်း အဲ့လောက်ကောင်းတဲ့ အပေးအယူ ဘယ်လို ရှာတွေ့လာလဲ ပြောစမ်းပါ”

အားလုံး အားကျနေကျမှန်း သိသာပါသည်။

ယုဟန်က ငေါက်လိုက်၏။ “မင်းဖာသာမင်း ခန္ဓာကိုယ်သွားရောင်းစားပါလား ငါက ဆုမဲ ပေါက်လာတာကွ ယွီအင်တာနက်ကဖေးမှာ အခု ပွဲတော်တစ်ခု ကျင်းပနေတယ်ထင်တယ်။ အဲ့မှာ အင်တာနက်သုံးရင် စနစ်ယူနစ်တစ်ခု ပေါက်နိုင်ချေ ရှိတယ်။ ငါ ကံကောင်းပြီး အရွေးခံလိုက်ရတာကွ”

ယောက်ဖလီရဲ့ မျက်လုံးတွေ အရောင်လက်သွားရ၏။ “လခွမ်း။ အဲ့လောက်တောင် ကောင်းတာလား။ ဘယ်တုန်းက စတာလဲ”

ယုဟန် ပြန်ဖြေလိုက်သည်။ “ဒီနေ့ပဲ။ ငါဒီမနက် ဂိမ်းဆော့နေတုန်း အရွေးခံလိုက်ရတာ။ ပြီးတော့ စနစ်ယူနစ်ကို ဒီနေ့နေ့လည်ခင်း အရောက်ပို့ပေးတယ်။ သူတို့က တော်တော် ကျွမ်းကျင်ကြတယ်”

အားလုံး ကြောင်စီစီအကြည့်များဖြင့် အချင်းချင်း ကြည့်လိုက်ကြပါသည်။

အင်တာနက်ကဖေးတွေမှာ နာရီကြေးတွေကိုပဲ လျှော့ပေးလေ့ရှိကြောင်း ကြားဖူးသည်။ စနစ်ယူနစ်ကြီးတစ်ခုလုံး အခမဲ့ပေးလိုက်သည့် အင်တာနက်ကဖေးမျိုးကိုတော့ တစ်ခါမှ မကြားဖူးပေ။

သူတို့က သန်းကြွယ်တွေများလား။

ယုဟန်ရဲ့ အခန်းဖော်တစ်ယောက်က ဘာမှ မပြောတော့ဘဲ အထုတ်အပိုးများ စပြင်လိုက်သည်။

စိတ်ချဉ်ပေါက်နေသည့် လေသံဖြင့် ယောက်ဖ လီက ပြောလိုက်ပါသည်။ “ဟေ့ကောင် စိတ်တောင်မကူးနဲ့။ ယောက်ဖယုက အတော် ကံကောင်းသွားလို့။ ပြီးတော့ ဒီပွဲတော်မှာ ပါဝင်နေတဲ့ လူတွေလည်း အများကြိးရှိမှာ။ မဲပေါက်ဖို့အသာထားဦး။ မင်းအင်တာနက်ကဖေးထဲမှာ ထိုင်ခုံတောင် ရမှာ မဟုတ်ဘူး။ အဲ့ကို သွားဖို့ အချိန်ဖြုန်းမနေနဲ့”

ယုဟန်က ခေတ္တစဉ်းစားလိုက်ပြီး ပြောလိုက်ပါသည်။ “အဲ့လိုတော့ မဟုတ်လောက်ဘူးထင်တယ်”

“ယွီအင်တာနက်ကဖေးထဲမှာ ထိုင်ခုံက နည်းနည်းပဲ ပြည့်နေတာ။ မနက်တုန်းတောင် ထိုင်ခုံ ၆၀ - ၇၀ ရာခိုင်နှုန်းလောက်ပဲ ပြည့်နေကြတာ”

“ပြီးတော့လည်း ဒီပွဲတော်အကြောင်းကို သူတို့က တော်တော်လျှို့ဝှက်ထားတယ်။ ငါ စနစ်ယူနစ်ကို မဲပေါက်တုန်းကတောင် သူတို့ ကြီးကြီးကျယ်ကျယ် မကြေညာခဲ့ဘူး။ မန်နေဂျာက ငါ့ဆီ တိတ်တိတ်လေး လျှောက်လာပြီး လိပ်စာနဲ့ ဖုန်းနံပါတ်တောင်းသွားတာ။ ငါဆုမဲပေါက်သွားမှန်း ဘယ်သူမှ မသိကြဘူး”

ယောက်ဖလီနဲ့ တခြားသူတွေပါ အထုပ်အပိုး ပြင်လိုက်ကြ၏။

“သွားကြမယ် သွားကြမယ် ငါတို့လည်း ဒီနေ့ ယွီအင်တာနက်ကဖေးမှာ ဂိမ်းသွားဆော့ကြမယ်”

“ဟုတ်တယ်။ ငါတို့ ဆုမဲမပေါက်ရင်တောင် အဆင့်မြင့် အင်တာနက်ကဖေးမှာ ဂိမ်းဆော့ရတာ ဘယ်လိုနေလဲ ခံစားဖူးချင်တယ်”

“ဟေ့ကောင်တွေ ငါ့ကိုစောင့်ကြဦး ဘောင်းဘီ ဝတ်ပါရစေဦးဟ”

“လိပ်စာက ဘယ်မှာလဲ။ ဘယ်သူသိကြလဲ”

“ဟေ့ကောင်တွေ စောင့်ကြဦး။ ငါရှင်းစရာ ကိစ္စလေးတွေ ရှိသေးလို့ဟ”

“ရှင်းစရာရှိတာ သွားရှင်းလေ။ ငါတို့ မင်းကို အင်တာနက်ကဖေးမှာပဲ စောင့်နေလိုက်မယ်”

ယုဟန် ပြုံးလိုက်မိသည်။ ဒီကောင်တွေကတော့ အတော်လေး တတ်နိုင်ကြပါသည်။

ဒီ့မတိုင်ခင်က ယွီအင်တာနက်ကဖေးမှာ စျေးကြီးလွန်းသည်ဟု ထင်ကြသဖြင့် တစ်ယောက်မှ မသွားချင်ကြပေ။ အခုတော့ စနစ်ယူနစ်တစ်ခုကို မဲပေါက်နိုင်ချေရှိမှန်း သိလိုက်ရသဖြင့် သူတို့ ငြိမ်ငြိမ်တောင် မနေနိုင်ကြတော့ပါ။

ယုဟန်က မျက်နှာပေါ်မှာ အပြုံးနဲ့ သူတို့ကို စောင့်ကြည့်နေသည်။ ဘာပဲဖြစ်ဖြစ် သူကတော့ ဆုမဲပေါက်ထားပြီးသားဖြစ်သည်။ အဲ့ဒီကို ထပ်သွားရင်တောင် နောက်တစ်လုံး ပေါက်နိုင်ချေ လုံးဝ မရှိလောက်ပါ။

ယွီသရေစာရဲ့ အစားအသောက်တွေကို ထုတ်လိုက်ပြီး မွှေးရနံ့ရှူကြည့်လိုက်သည်။

ယုဟန် စားသောက်ရင်း ကွန်ပျူတာထဲ ဂိမ်းပေါင်းများစွာကို ဒေါင်းလုတ်ဆွဲနေပါသည်။

ကျောင်းက အင်တာနက်မြန်နှုန်းက နှေးကွေးပါသည်။ သို့သော်လည်း အလွန်မြန်ဆန်တဲ့ သူ့စနစ်ယူနစ်ကို အသုံးပြုပြီး သာမန် အွန်လိုင်းဂိမ်းတွေတော့ ကစားလို့ရပါသေးသည်။

ဒီလိုကွန်ပျူတာမျိုးပေါ်မှာ ဂိမ်းမကစားဘူးဆို လူသားမဆန်ရာကျသွားမည်။

သူ့ဂိမ်းတွေ ဒေါင်းလုတ်ဆွဲပြီးဖို့ စောင့်နေရင်း ယုဟန် အွန်လိုင်းရှော့ပင် ဝက်ဘ်ဆိုက်တစ်ခုထဲ ဝင်ရောက်ကာ သူ့အတွက်သူ မော်နီတာ သစ်တစ်လုံးဝယ်ဖို့ စဉ်းစားလိုက်ပါသည်။ ယခု သူ့မှာ ယွမ် ၁၀,၀၀၀ ကျော်တန် စနစ်ယူနစ်ကြီး တစ်ခုရှိနေပြီ ဖြစ်သဖြင့် Refresh Rate မြင့်မားတဲ့ ဂိမ်းမော်နီတာတစ်လုံးတော့ မရှိလို့ ဖြစ်ပါ့မလား။

ပြောစရာမလိုအောင် ကီးဘုတ်ကောင်းကောင်း မောက်စ်ကောင်းကောင်းလည်း ဝယ်ရမည်။ သူ့ရဲ့ အထင်ကြီးစရာ စနစ်ယူနစ်ကြီးနဲ့ ကိုက်ညီမှု ရှိနေရပါမည်။

ယုဟန်က ဝက်ဘ်ဆိုက်ထဲ မွှေနှောက်ကြည့်နေစဉ် ဖုန်းသံမြည်လာသည်။

“ဟယ်လို ဒလီဘာရီလေး လာပို့တာပါ ခင်ဗျ”

ယုဟန် ခေါင်းချောင်သွား၏။ နောက်ထပ် ဒလီဘာရီတစ်ခုလား။

ယောက်ဖလီနဲ့ တခြားသူတွေက ယွီအင်တာနက်ကဖေးကို သွားကြတော့မည် ဖြစ်သဖြင့် သူတို့နဲ့ လိုက်ကာ အောက်ထပ်ကို ယုဟန် ဆင်းလာလိုက်ပါသည်။

ဒီလူက လေဆန်ပို့ဆောင်ရေးမှ ဒလီဘာရီ သမားတစ်ယောက်ဖြစ်သော်လည်း အရင်က လူတော့ မဟုတ်တော့ပါ။

ဒီတစ်ခေါက် ဒလီဘာရီသမားက ပုံးကြီးတစ်ပုံးနဲ့အတူ ပုံးငယ်လေးတချို့ကိုပါ သူ့ သုံးဘီးဆိုင်ကယ်ထဲက သယ်ထုတ်နေပါသည်။

ကြောင်စီစီဖြင့် ယုဟန် မေးလိုက်သည်။ “ဒါ ဘာတွေလဲဗျ”

ဒလီဘာရီသမားက ပြုံးကာ ပြန်ဖြေလိုက်၏။ “ခုနလေးတင်ပဲ ကျွန်တော်တို့ရဲ့ ဘော့စ်ဆီကနေ ညွှန်ကြားချက်သစ်တွေ ရထားလို့ပါ။ ယွီအင်တာနက်ကဖေးရဲ့ ကံထူးသူတွေကို စနစ်ယူနစ်အပြင် မော်နီတာတစ်လုံး၊ တခြား အရန်ပစ္စည်းတွေလည်း ပေးအပ်သွားရမှာပါ။ အဲ့တာကြောင့် ကျွန်တော် အမြန်ဆုံး ဒီအပိုပစ္စည်းတွေကို လာပို့ဆောင်ပေးတာပါဗျ”

ယုဟန် အပျော်လွန်သွားသည်။ “ကောင်းချက်ပဲ ယောက်ဖလီ ငါ့ကို ဒါတွေ မြန်မြန် ကူသယ်ပေးစမ်းပါ”

ယောက်ဖလီက လက်သီးဆုပ်ကာ ပြောလိုက်ပါသည်။ “တာ့တာ”

ဒီလိုနဲ့ သူတို့တစ်အုပ်လုံး အစအနတောင် မမြင်ရတော့ဘဲ ပျောက်ကွယ်သွားပါတော့သည်။

ယွီအင်တာနက်ကဖေး ဟွမ်ယုထျန်ကျဲ ဆိုင်ခွဲတွင်…

ကျန်းယွမ်နဲ့ မာယန်တို့ ကော်ဖီသောက်ရင်း အနားယူနယ်မြေတွင် စကားပြောနေကြ၏။

“ဘော့စ်ဖေးက တော်တော်ရက်ရောတာပဲနော်။ ပွဲတော်ရက်သတ္တပတ်ပြီးဆုံးသွားရင် ROF ကို ကျင်းကျိုးတစ်မြို့လုံးက သိသွားကြတော့မယ်”

“ငါတို့ တော်တော်ကြီး အရှုံးပေါ်နေတယ် ဆိုပေမယ့် ROF က အရည်အသွေးမြင့် ဘရန်းတစ်ခုဖြစ်ပြီး၊ တပ်ဆင်မှုနဲ့ နောက်ဆက်တွဲ ဝန်ဆောင်မှုတွေလည်း အရမ်းကောင်းမှန်း ဒေသခံတွေကတော့ သိသွားကြမှာပဲ။ လူတွေ ဒီအကြောင်း ပိုပိုပြီး ပြောလာကြရင် ငါတို့ အရှုံးကို ပြန်ကာမိမှာ သေချာပါတယ်”

“ပြီးတော့ ငါတို့ ဟာ့ဒ်ဝဲတွေ ပိုဝယ်လေလေ အနှစ်ချုပ် ကုန်ကျစရိတ်က ပိုသက်သာ လေလေပဲ။ ငါတို့ ဒီကဏ္ဍမှာလည်း အများကြီး သက်သာနေမှာပဲ”

“ဒါပေမယ့် ယွီအင်တာနက်ကဖေးကနေ စနစ်ယူနစ်တွေကို လက်ဆောင်ပေးနေတဲ့ ကိစ္စကို ကြော်ငြာဖို့ ဘော့စ်ဖေး ဘာလို့ လက်မခံတာလဲ ငါနားမလည်ဘူး”

ထိုအချက်ကြောင့် ကျန်းယွမ် ကြောင်သွားသည်။

ဒီပွဲတော်က ၇ ရက်ကြာ ကျင်းပမှာ ဖြစ်သည်။

ကံစမ်းမဲအစီအစဉ်ကလည်း ယွီအင်တာနက်ကဖေးကို လာရောက်လည်ပတ်တဲ့ ကတ်စတမ်မာ အရေအတွက်ကို အများကြီး တိုးမြင့်စေနိုင်သည်။ ဒါ့ကြောင့် ကံစမ်းမဲအစီအစဉ်ကို တတ်နိုင်သမျှ များများ ကြော်ငြာပေးသင့်ပါသည်။

သူတို့ ငွေနည်းနည်း ကုန်နိုင်သော်လည်း ယွီအင်တာနက်ကဖေးမှာ အကျိုးအမြတ်တွေ ပြန်ရနိုင်ပါသည်။

သူတို့ နှစ်ယောက် စကားပြောရင်း တံခါး အပြင်ဘက်က ခပ်သွက်သွက် ခြေသံတွေကို ကြားလိုက်ရသည်။

“ဒီ… ဒီဆိုင်ခွဲမှာကော ထိုင်ခုံလွတ် ရှိသေးလား”

“ဟောဟဲ… ဟောဟဲ… ရှိသေးတယ်ဟ”

“မြန်မြန် မြန်မြန် တစ်ခုံစီရှာကြ”

ကျောင်းသားတချို့က ဟောဟဲဆိုက်ကာ မျက်နှာနီနီရဲရဲများဖြင့် အပြေးဝင်လာကြသည်။ သူတို့ပုံစံက ဒီအထိ အမြန် ပြေးလာကြသည့်ပုံစံပင်။ ဧည့်ကြို ကောင်တာမှာ သူတို့ ID ကတ်များကို စာရင်း သွင်းပြီးနောက် ငွေရှင်းကာ ထိုင်ခုံနေရာ ယူလိုက်ကြပါသည်။ ထို့နောက် ကွန်ပျူတာတွေကို ဖွင့်လိုက်ပြီး ဂိမ်းတွေ စကားကြပါတော့သည်။

မိနစ် အနည်းငယ်ကြာသောအခါ လူတွေ ထပ်ရောက်လာပြီး ထိုင်လိုက်ကြသည်။

ကျန်းယွမ် ကြက်သေ သေသွား၏။ “အမ်”

ဒီလူတွေပုံစံက အလွန်စိတ်အားထက်သန်နေသည့် ပုံစံမျိုးပင်။ သူတို့က ဂိမ်းကစားဖို့ကိုတောင် စိတ်ဝင်စားတာ မဟုတ်လောက်ပါ။ သူတို့ ယွီအင်တာနက်ကဖေးရဲ့ လက်ဆောင်တွေ အကြောင်း သိသွားတာ ဖြစ်ရမည်။ ဒါ့ကြောင့်ပဲ သူတို့ ဒီလောက် တက်ကြွနေတာ ဖြစ်နိုင်ပါသည်။

နေ့လည် ၃ နာရီအချိန်တွင် ယွီအင်တာနက်ကဖေးကြီးတစ်ခုလုံး လူပြည့်သွား၏။ တချို့လူတွေ ထိုင်ခုံလွတ် ရှာမရတော့ဘဲ စိတ်ပျက်လက်ပျက် ထွက်သွားပြီး တခြား ဆိုင်ခွဲတွေမှာသာ ကံစမ်းနိုင်ဖို့ မျှော်လင့်ကြပါသည်။

လူပြည့်နေသည့် ယွီအင်တာနက်ကဖေးကြီးကို မြင်သောအခါ ကျန်းယွမ် ကြည်နူးသွားရသည်။

“ဒါ့ကြောင့်ကိုး ငါတို့ လက်ဆောင် အစီအစဉ်ကို ကြော်ငြာသည်ဖြစ်စေ မကြော်ငြာသည်ဖြစ်စေ အင်တာနက်ကဖေးက လူပြည့်မှာပဲ ဆိုတာ ဘော့စ်ဖေးက ကြိုသိထားပြီးသားပဲ။ အဲ့တာဆို ကြော်ငြာပြီး ငွေအပို ကုန်စရာ ဘာလိုဦးမှာလဲ”

“ဘော့စ်ဖေးရဲ့ စနစ်ကျတဲ့ စီစဉ်နိုင်စွမ်းနဲ့ ချွေတာနိုင်စွမ်းတွေကို ငါသင်ခန်းစာယူရမယ်”

ထိုအချိန်တွင် ဖေးချမ့်ကတော့ သူ့နားထင်သူ ပွတ်နေမိပြီး ခေါင်းကိုက်လာသလိုလို ခံစားမိပါသည်။

အားလုံးကို အဆင်ပြေပြေ အစီအစဉ်ဆွဲထားနိုင်ခဲ့သော်လည်း ဆောင်ရွက်ရမယ့် အဆင့်ရောက်မှ ပြဿနာ တချို့ ပေါ်လာခဲ့ပြန်သည်။

အထူးသဖြင့် ယွီအင်တာနက်ကဖေးရဲ့ လက်ဆောင်အစီအစဉ်ပဲ ဖြစ်သည်။ သူအရမ်း နုံအခဲ့မှန်း ဖေးချမ့် သိလိုက်ရပါသည်။

ဂိမ်မာတွေက သူ မကြော်ငြာတာနဲ့ဘဲ ပွဲတော်အကြောင်း မသိတော့ဘူးလို့ ဘယ်သူပြောလဲ။

ပထမနေ့ နေ့လည်သာ ရှိသေးသည်။ ဂိမ်မာတွေက ယွီအင်တာနက်ကဖေးဆိုင်တွေရှိ ထိုင်ခုံအားလုံးကို အပြည့် နေရာယူလိုက်ပါပြီ။

ဒီတစ်ပတ်လုံး ယွီအင်တာနက်ကဖေး လုံးဝ လူပြည့်နေလိမ့်မည်ဟုသာ ဖေးချမ့် ခန့်မှန်းမိတော့သည်။

ဖေးချမ့် အမြန်တုန့်ပြန်လိုက်လို့ တော်ပါသေးသည်။ သူချက်ချင်းပဲ ကံထူးသူကို မော်နီတာတစ်လုံးနဲ့ အရန်ပစ္စည်းတွေ လက်ဆောင်ပေးလိုက်သည်။ ဒါမှ နောက်ထပ် ငွေပမာဏတစ်ခု ဖြုန်းတီးနိုင်မှာ ဖြစ်သည်။

ဖေးချမ့်က စနစ်ယူနစ်တွေကို များနိုင်သမျှ အများဆုံး ပေးပစ်ချင်သည်။ ဒီနေ့ စနစ်ယူနစ် ၁၀ လုံးကျော်လောက် ပေးဖို့တောင် တွေးမိပါသည်။ သို့သော်လည်း စနစ်က ထိုအကြံကို ကန့်ကွက်လိုက်သည်။ တခြား ရွေးချယ်စရာမရှိပါ။

သို့သော်လည်း ထပ်စဉ်းစားကြည့်သောအခါ သူ့ရဲ့ မဟာအစီအစဉ်ကြီးအတွက် ဒီအသေးစား ပြဿနာလေးက သက်ရောက်မှု မရှိမှန်း သိလိုက်ရပါသည်။

အားလုံးက ပုံမှန် လည်ပတ်နေဆဲပင်။

ဒီနှုန်းတိုင်း အရှုံးဆက်ပေါ်သွားမည်ဆိုလျှင် သူ့ဝန်ထမ်းတွေအတွက် ငွေသုံးရင်း အရှုံးပေါ်အောင် လုပ်စရာတောင် မလိုဘဲ ယွမ် ၅ သန်း ၆ သန်းလောက် ဆုံးရှုံးနိုင်ပါသည်။

ထိုအကြောင်းကို စဉ်းစားမိရုံနဲ့ ဖေးချမ့် ရင်ထဲထိ တုန်လှုပ်သွားရသည်။

ကံက ရုတ်တရက်ကြီး အလွန်ကောင်းလာ၏။ သူ မယုံနိုင်တော့ပေ။

“ဟင်းဟင်း ကြည့်ရတာ အရှုံးပေါ်အောင်လုပ်ဖို့ နည်းလမ်းမှန် တွေ့သွားပြီထင်တယ်။ ငါ့ရဲ့ သူဌေးဖြစ်မယ့် အနာဂတ် ချဉ်းကပ်လာတာကို ခံစားမိနေပြီ သန်းကြွယ် သူဌေးကြီးဖြစ်ဖို့ အရှုံးပေါ်အောင် လုပ်ရမယ့် ငါ့အိပ်မက်တွေ တကယ်ဖြစ်လာပြီ”

ဖေးချမ့် အပျော်လွန်သွားသည်။

ငွေစာရင်းရှင်းချိန် နောက်တစ်သုတ်မှာ သူရှင်းစရာ အရှုပ်ထုပ်တွေ အများကြီး ရှိလာမှာ မှန်သော်လည်း လောလောဆယ်တော့ ဖေးချမ့် အာရုံ အနောက်ခံပြီး စဉ်းစားမနေတော့ပါ။

နောက်တစ်သုတ်မှာ မိုးပြိုမယ်ဆိုရင်တောင်… ဒီတစ်သုတ်မှာ အရှုံးပေါ်နိုင်ရင် အားလုံး အဆင်ပြေပါလိမ့်မည်။

နောက်တစ်သုတ်မှာ အရှုံးပေါ်ဖို့ မဖြစ်နိုင်တော့ဘူးဟု ထင်ရလျှင် သူတကျော့ပြန်ပြီး စနစ်ရန်ပုံငွေကို တိုးမြင့်သွားအောင် လုပ်ပေးလိုက်ရုံ ရှိသည်။ အလဲအထပ်အချိုး ၁၀၀:၁ နဲ့သာဆို သူ ငွေတွေ အများကြီး ရနိုင်ပါသေးသည်။

သူသာ တကယ်အရှုံးပေါ်ဖို့ လိုအပ်ပါက ငွေတွေ ဖြုန်းဖို့ လုပ်ငန်းတွေ ထပ်ပြီး ဖွင့်လှစ်နိုင်ပါသည်။

ဖေးချမ့် ထိုအကြောင်းတွေကို ပျော်ပျော်ကြီး စိတ်ကူးယဉ်ရင်း တရားဝင် ပလက်ဖောင်းကို ဖွင့်လိုက်ပြီး ကစားဖို့ ဂိမ်းကောင်းကောင်းတစ်ခု ရှာဖွေလိုက်သည်။

ပလက်ဖောင်းထဲ ဝင်လိုက်တာနဲ့ ပင်မ စာမျက်နှာပေါ်မှာ သီးသန့် အင်တာဗျူး တစ်ခုကို မြင်လိုက်ရပါသည်။

‘ထန်းတာ့ဂိမ်းနဲ့ သီးသန့်အင်တာဗျူးတစ်ခေါက် : ဂိမ်မာတွေရဲ့ ပြီးပြည့်စုံတဲ့ စိတ်ကူးယဉ်မှုတွေကို လက်တွေ့အဖြစ် ပြောင်းလဲခြင်း’

အရန်ခေါင်းစဉ်တစ်ခုလည်း ပါသေးသည်. ‘တရားဝင်ပလက်ဖောင်းကို Follow လုပ်ထားပြီး အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းကို ထူးထူးချွန်ချွန် ဖန်တီးခဲ့သူအကြောင်း လေ့လာလိုက်ပါ’

ဖေးချမ့် လုံးဝ တုန်လှုပ်သွားလေသည်။

ဘာလဲဟ။

အင်တာဗျူးထားတာ မကြာခင် ထွက်လာမှာကို သူသိပါသည်။ သို့သော်လည်း… ဒါကြီးကတော့ အရမ်းစောလွန်းတယ် မဟုတ်လား။

အင်တာဗျူးအဖွဲ့က တနင်္ဂနွေနေ့ မနက်ကမှ ကျင်ကျိုးမြို့ကနေ ပြန်သွားခြင်းဖြစ်သည်။ ထိုအချိန်ကနေ အခုချိန်အထိဆို နာရီ ၃၀ ဝန်းကျင်လောက်သာ ရှိပါသေးသည်။

ဘယ်လိုလုပ်ပြီး အင်တာဗျူးကို ဒီလောက်မြန်မြန် ထုတ်လိုက်တာလဲဟ သောက်ရမ်းတက်ကြွနေကြတယ် ဟုတ်လား နည်းနည်းလောက် ရေသာခိုကြပြီး နောက်လလောက်မှ အင်တာဗျူးကို ထုတ်တော့ ဘာဖြစ်မှာမို့လို့လဲ။

ခေါင်းစဉ်ကို ဖတ်ကြည့်ရင်း ဖေးချမ့် ဗိုက်ထဲ ဟာခနဲ ခံစားချက်ကြီးတစ်ခုကို ခံစားလိုက်ရသည်။ အင်တာဗျူးကို လက်မခံခင်တုန်းက ဘာတွေဖြစ်ခဲ့သလဲ ပြန်စဉ်းစားလိုက်မိသည်…

တရားဝင်ပလက်ဖောင်း ငါ့ကို ပြဿနာ မရှာရင် ပိုကောင်းမယ်နော်။

ဖေးချမ့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာပြီး ခေါင်းစဉ်ကို နှိပ်လိုက်ပါသည်။

စာသားတချို့နဲ့ ဗီဒီယိုတစ်ပုဒ် ပေါ်လာသည်။ စာသားကို အကြမ်းဖျင်း စစ်ဆေးကြည့်သောအခါ သူ့အကြောင်း များများစားစား ထည့်မရေးထားမှန်း မြင်လိုက်ရပါသည်။

ဖေးချမ့် စိတ်အေးစွာ သက်ပြင်းချလိုက်မိ၏။

သို့သော်လည်း အစပိုင်းနားက စကားလုံး အသေးစားဖြင့် ရေးထားသည့် စာသားတချို့ကို ဖတ်ကြည့်ရင်း ဖေးချမ့် ဗိုက်တွေနာလာပြန်ပါသည်။ စာသားက သူ့အကြောင်းအများကြီး ရေးမထားသော်လည်း ပြဿနာကတော့ အကြီးကြီးရှိနေဆဲ ဖြစ်၏။

အစပိုင်းမှာ ရေးသားထားတဲ့စာတွေက ဒီလိုပဲ ဖြစ်ပါသည်။

“စာဖတ်သူတစ်ထောင်ရဲ့အမြင်မှာ အဓိပ္ပာယ် တစ်ထောင်ရှိတယ်လို့ ရှိတ်စပီးယားက တစ်ချိန်တုန်းက ပြောခဲ့ဖူးတယ်။ ဇာတ်လမ်း တစ်ပုဒ်တည်းကို မတူညီတဲ့လူတွေက မတူသလို အဓိပ္ပာယ်ကောက်ယူကြမှာပဲ”

“ဒီအင်တာဗျူးအတွက် စာရေးသူက နည်းလမ်း အသစ်စက်စက် တစ်ခုကို အသုံးချပါမယ်။ ကျွန်မတို့ ‘နေရာလွတ်’ နည်းလမ်းကို အသုံးပြုပြီး ကျွန်မတို့ရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ နာမည်ကျော်ဖန်တီးသူကို စာဖတ်သူတွေကိုယ်တိုင် ပုံဖော်ခွင့် ပေးပါ့မယ်”

“သူက ဘယ်လိုလူမျိုးလဲ။ အောက်ပါ အင်တာဗျူး အပြည့်အစုံကို ဖတ်ရှုပြီးရင် နားလည်သွားကြမှာ သေချာသလောက် ရှိပါတယ်။”

All Chapters