← Chapters

ဟွမ်းစစ်ပေါ်ရဲ့ အင်တာဗျူး

Vol. 21 Ch. 303

ဟွမ်းစစ်ပေါ်ရဲ့ အင်တာဗျူး

Vol. 21 Ch. 303

ဖေးချမ့် အနည်းငယ် မူးလာသည်။

‘နေရာလွတ်’ဆိုတာ ဘာကြီးလဲ။ ရိုးရိုးတန်းတန်း အင်တာဗျူး မဟုတ်ဘူးလား။ သူတို့တွေ ဘာလို့ လှည့်ကွက်တွေ ဒီလောက် များနေကြတာလဲ။

သူ ခပ်မြန်မြန်ပဲ အောက်ကို ဆွဲကြည့်လိုက်ပါသည်။

မှတ်တမ်း အချက်အလက်တွင် ကျင်းကျိုးမြို့ တစ်ခွင်ရှိ ရှုခင်းပေါင်းစုံကို အရင်ဆုံး ဖော်ပြထား၏။

“ဒါက ကျင်းကျိုးမြို့ကို စာရေးသူ ပထမဆုံး အကြိမ်အဖြစ် ရောက်ရှိဖူးတာပါ။ စာရေးသူက ဒီမြို့ကို အများကြီး အထင်မကြီးထားဘူး ဒါက ဟန်တုန်းပြည်နယ်ရဲ့ ပြည်နယ်မြို့တော် တစ်ခု ဖြစ်တာကိုပဲ သိပါတယ်”

“သာမန် ဒုတိယအဆင့်မှီ မြို့တစ်မြို့လို့ ထင်ခဲ့ပြီး ကျယ်ပြန့်တဲ့ စီးပွားရေးတွေ၊ နာမည်ကြီးပြီး ဂုဏ်သတင်းမွှေးတဲ့ သမိုင်းဝင် နေရာတွေ၊ အကြီးစား လုပ်ငန်းတွေ ဘာမှ မရှိလောက်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် ကျင်းကျိုးမြို့ရဲ့ မြို့နေပတ်ဝန်းကျင်နဲ့ လူတွေအကြောင်းကို သိလိုက်ရတဲ့အချိန်မှာတော့ စာရေးသူရဲ့ မြို့အပေါ်ထားတဲ့ အမြင် ၁၈၀ ဒီဂရီ ပြောင်းလဲသွားပါတော့တယ်။”

“ရိုးရိုးရှင်းရှင်းပြောရရင် ရိုးရာယဉ်ကျေးမှုနဲ့ ဆန်းသစ်မှု နှစ်ခုစလုံးက ကျင်းကျိုးမြို့မှာ လှလှပပ ဒွန်တွဲနေတယ်”

“သစ်ပင်အိုကြီး တစ်ပင်ကနေ အပင်ပေါက်လေး ထွက်လာသလိုမျိုး ဒီမြို့က သူ့ရဲ့ ကြွယ်ဝရဲ့ သမိုင်းကြောင်းနဲ့ ခေတ်မှီ ဆန်းသစ်မှုတွေကို တစ်ပြိုင်တည်း အသိအမှတ်ပြုနိိုင်အောင် ဖန်တီးပေးတယ်။ ဒီမြို့မှာ ရှည်လျားတဲ့ သမိုင်းကြောင်းကို အရိပ်အမြွက်ပေးထားတဲ့ သမိုင်းဝင်နေရာတွေ အများကြီးရှိပါတယ်။ တစ်ချိန်တည်းမှာပဲ စည်ကားသက်ဝင်မှုတွေ ပြသနေတဲ့ ဖွံ့ဖြိုးဆဲ ကုမ္ပဏီကြီးတွေကလည်း ရှိနေသေးတယ်”

“အဲ့ဒီသမိုင်းဝင်နေရာတွေက နာမည်လည်းမကြီး ဂုဏ်သတင်းလည်း မမွှေးပါဘူး။ အဲ့ဒီဖွံ့ဖြိုးဆဲ ကုမ္ပဏီတွေကလည်း အကြီးကြီးတွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် နှစ်ခုစလုံးက အသစ်လည်းဖြစ် အဟောင်းလည်းဖြစ်၊ တည်လည်းတည်မြဲ အန္တရာယ်လည်းရှိ၊ အစဉ်အလာလည်း ထိန်းသိမ်း ဆန်းသစ်မှုတွေလည်း တစ်ပြိုင်တည်း ရှိနေကြတယ်။ မြို့တော်ရဲ့ နှလုံးသားဗဟိုမှာ သူတို့က နေရာယူထားကြတယ်”

“နေရာတိုင်းမှာ နေထိုင်သူတွေကို ထောက်ပံ့ပေးတဲ့ နည်းလမ်းတွေရှိကြတယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ”

“ကျင်းကျိုးမြို့ရဲ့ အရိပ်အယောင်တွေကို ထန်းတာ့မှာ အလွယ်တကူ မြင်နိုင်တယ်”

“တစ်ခါတစ်လေ အစဉ်အလာထိန်းသိမ်းပြီး တည်ငြိမ်တဲ့ပုံစံပေါက်တယ်။ အပြင်ဆိုင်ခန်းတွေ၊ ပို့ဆောင်ရေးလုပ်ငန်းတွေ စတဲ့ သာမန်လုပ်ငန်းတွေအများကြီးကို ရင်းနှီးမြှုပ်နှံထားတယ်။ အရင်လို နှိမ့်ချဆဲ ဖြစ်ပြီး လူတွေရဲ့ ဘဝကို အသေးငယ်ဆုံး အသေးစိတ်အချက်တွေကနေ ဆက်တိုက် ပြောင်းလဲပေးနေတယ်”

“တချို့အချိန်တွေမှာတော့ အရမ်းအစွန်းရောက်ပြီး ဆန်းသစ်တဲ့ပုံစံ ပေါ်ပါတယ်။ ပုံစံကွက်နဲ့ မကိုက်ညီတဲ့ ဆန်းသစ်ပြီး ရဲတင်းတဲ့ ဂိမ်းတွေကို ဖန်တီးတယ်။ ကစားသမားတွေကို အမြဲလိုလို အံ့အားသင့်စေခဲ့ပါတယ်”

“ကျင်းကျိုးမြို့က ထန်းတာ့လို ထူးခြားတဲ့ လုပ်ငန်းတစ်ခုကို မွေးထုတ်ပေးနိုင်ခဲ့တယ်။ နှစ်ပိုင်းလေးအတွင်းမှာပဲ ထန်းတာ့က ဆက်တိုက် ဖွံ့ဖြိုးကျယ်ပြန့်လာခဲ့တာ။ တခြား ရေသာခိုနေတဲ့ ကုမ္ပဏီတွေကတော့ နောက်မှာ အဝေးကြီး ကျန်ခဲ့ရတာပေါ့”

ထို့နောက် ချက်ချင်းဆိုသလို ထန်းတာ့ရဲ့ လုပ်ငန်းဓာတ်ပုံတွေ ပေါ်လာပါသည်။ ရုံးဓာတ်ပုံ၊ ဝန်ထမ်းများ၏ ဓာတ်ပုံ၊ အလုပ် လုပ်ကိုင်နေကြပုံ၊ စားသောက်နေကြပုံ၊ ယွီအင်တာနက်ကဖေး၏ ပုံများ စသည်တို့ ပါဝင်သည်။

“ထန်းတာ့ကို ကျင်းကျိုးမြို့ရဲ့ တခြားကုမ္ပဏီတွေကနေ လုံးဝ ကွဲထွက်သွားစေတဲ့အရာက အကောင်းဆုံး အလုပ်ပတ်ဝန်းကျင်နဲ့ လုပ်ခလစာပါပဲ။ တကယ်တော့ ဝန်ထမ်းတွေကို လစာ အလွန်အကျွံပေးထားသလားလို့တောင် လူတွေ မေးခွန်းထုတ်စရာ ဖြစ်လာနိုင်တယ်”

“ဒါပေမယ့် ဒီလို ရက်ရောတဲ့ အလုပ်အကျိုးခံစားခွင့်တွေက ဝန်ထမ်းတွေကို အလုပ်ပိုကြိုးစားပြီး ဖန်တီးနိုင်စွမ်း ပိုရှိလာအောင် အထောက်အကူပြုခဲ့တာကိုတော့ ငြင်းလို့မရနိုင်ပါဘူး။ ဒါက ထန်းတာ့ရဲ့ ဆက်တိုက် ဖွံ့ဖြိုးအောင်မြင်မှုကိုပါ အထောက်အကူ ပြုပေးခဲ့တယ်”

ဒီမိတ်ဆက်စာက ထန်းတာ့နဲ့ ကျင်းကျိုးမြို့တို့ကို လုံးဝ အတူတကွ စည်းနှောင်ပေးလိုက်သည်ဟု ဆိုနိုင်ပါသည်။ အပေါ်ယံမှာတော့ စာရေးသူက ကျင်းကျိုးမြို့ကို ချီးကျူးထားသည့်ပုံစံ ပေါက်သော်လည်း တကယ်တမ်းက ထန်းတာ့ကို ချီးကျူးနေခြင်းသာ ဖြစ်သည်။

အယ်ဒီတာချုပ်ရှား ကျင်းကျိုးမြို့ကို ရောက်လာတော့ လည်ပတ်ခဲ့တာတွေက သဲထဲရေသွန် မဖြစ်ခဲ့ဘူးဟု ဖေးချမ့် ဝန်ခံရပါမည်။

ကျင်းကျိုးမြို့ရဲ့ အထင်ကရနေရာတွေကိုလည်း ဖော်ပြထားသည်။ ဗီဒီယိုမိတ်ဆက်က အရှည်ကြီး မဟုတ်သော်လည်း ကျင်းကျိုးမြို့ရဲ့ အခြေအနေရပ်တွေနဲ့ ဓလေ့ထုံးတမ်းတွေ အားလုံးကို အကုန် ကာမိအောင် ပြောသွားပါသည်။ ဒီမှတ်တမ်းကို ယူပြီး မြို့အတွက် ကြော်ငြာတစ်ခုအဖြစ် ပြောင်းလဲလိုက်ရင်တောင် ဘယ်သူမှ သံသယ ဖြစ်ကြမှာ မဟုတ်ပါ။

ဒါကိုကြည့်ပြီး ဖေးချမ့် ဆက်လက် တည်ငြိမ်နေဆဲပင်။ အဘယ့်ကြောင့်ဆိုသော် ဒီလို ချီးကျူးမှုတွေကို သူကြိုတင် မျှော်လင့်ထားပြီးသား ဖြစ်သောကြောင့် ဖြစ်ပါသည်။

သူ စိုးရိမ်ရသည့် တစ်ခုတည်းသော အရာက ထန်းတာ့ရဲ့ ဝန်ထမ်းတွေအပေါ် ဆက်ဆံတဲ့ ပုံစံကို ဗီဒီယိုက ဖော်ပြလိုက်ခြင်း ဖြစ်သည်။

အမှန်ပင်။ ဒီကိစ္စကို အကြာကြီးဖုံးကွယ်ထားလို့ မရမှန်း ဖေးချမ့်လည်း သိပါသည်။ ကျင်းကျိုးမြို့ရဲ့ လုပ်ငန်း အသိုင်းအဝိုင်းက သိပ်မကြီးဘဲ ထန်းတာ့မှာ ဝန်ထမ်းတွေကလည်း အများကြီး ရှိနေသည်။ သူတို့ရဲ့ အကျိုးခံစားခွင့်တွေနဲ့ လုပ်ခလစာတွေကို သူများတွေကို ထုတ်ကြွားတာမျိုး ဖေးချမ့် အကုန်လိုက်တားမနေနိုင်ပါ။

သို့သော်လည်း ယခင်တုန်းက သတင်း ဘယ်လိုပဲ ထွက်ခဲ့ထွက်ခဲ့ သတင်းအချက်အလက်များက ကျင်းကျိုးမြို့တွင်းမှာပဲ ရှိနေတတ်ပါသည်။

တရားဝင်ပလက်ဖောင်းပေါ်မှာ ဒီဗီဒီယိုကို တင်လိုက်ခါမှ တခြားမြို့များရှိ ပါရမီရှင် အုပ်လိုက်ကြီး ကျင်းကျိုးမြို့ကို လေယာဉ်ဖြင့် ပျံသန်းလာကြပြီး ထန်းတာ့မှာ အလုပ်လာလျှောက်ကြမှာကို ဖေးချမ့် စိုးရိမ်မိပါသည်။

သို့သော်လည်း ဖေးချမ့်ကတော့ တူညီသည့် တုန့်ပြန်မှုသာ လုပ်ခဲ့ပါသည်။ နောက်တစ်သုတ်အတွက် ပြဿနာတွေကို နောက်တစ်သုတ်မှ ရှင်းပါမည်။

ဆက်ကြည့်ဖို့ ဖေးချမ့် ထပ်ဆွဲလိုက်သည်။

နောက်တစ်ပိုင်းက ထန်းတာ့ရဲ့ ဝန်ထမ်းတွေကို အင်တာဗျူးထားတာတွေ ပါဝင်နေသည်။

အင်တာဗျူးမစခင် ဟွမ်းစစ်ပေါ်နဲ့ သူ့ကိုယ်ရေးအကျဉ်းတို့အား အသေးစိတ် မိတ်ဆက်ပေးထားသည်။ သူအရင်က ကျင်းကျိုးမြို့ရှိ တခြား ဂိမ်းကုမ္ပဏီတစ်ခုတွင် စီမံခန့်ခွဲရေး အစီအစဉ်ဆွဲသူအဖြစ် အလုပ်လုပ်ဖူးပါသည်။

ထန်းတာ့ဂိမ်းကို သူရောက်လာတော့ သူ့အတွက် ခြွင်းချက်တစ်ခုလုပ်ပေးခဲ့ပြီး သူ့ကို ချက်ချင်း အစီစဉ်ဆွဲသူချုပ် ရာထူးပေးခဲ့သည်။ သမုဒ္ဒရာ ရဲတိုက်ဂိမ်းဖန်တီးမှုကို ဦးဆောင်ခဲ့ရပါသည်။

နောက်တော့ ဖေးဟွမ် လုပ်ငန်းကို တည်ထောင်ခဲ့ပြီး ဒါရိုက်တာ ကျူးရှောင်စဲနဲ့ အတူတူ အလုပ်လုပ်ကာ ‘ဘော့စ်ဖေးရဲ့နေ့စဉ်ဘဝ’ ဟုခေါ်သည့် ရုပ်ရှင်တိုများကို ရိုက်ကူးခဲ့သည်။ ‘ပိုးအိမ်ထဲမှ လိပ်ပြာအဖြစ် မွေးဖွားလာခြင်း’ ဟူသည့် မှတ်တမ်းရုပ်ရှင်တစ်ခု၊ ‘မဟာတီထွင်သူကြီး တစ်ယောက်ရဲ့ တစ်နေ့တာ’ ဟူသည့် ရှိုးတစ်ခုတို့ကိုလည်း ရိုက်ကူးခဲ့သည်။

ထိုကိုယ်ရေးအကျဉ်းက အလွန်အရောင်အသွေး စုံလင်ပြီး အထင်ကြီးဖို့ကောင်းပါသည်။

သာမန်ဂိမ်းဒီဇိုင်နာတွေဆို ရေပန်းစား ဂိမ်းတစ်ခုကို ဖန်တီးနိုင်လိုက်တာနဲ့ အဆုံးမရှိ ကြွားဝါတတ်ကြသည်။ တချို့က ထိုဂိမ်းတစ်ခုတည်းနဲ့ တစ်သက်လုံး ထိုင်စားနိုင်မည့် ငွေအလုံးအရင်းကို ရသွားတတ်ကြသည်။

သို့သော်လည်း ဟွမ်းစစ်ပေါ်က ပြည်တွင်းထုတ် ဂန္တဝင် FPS ဂိမ်းဖြစ်သည့် သမုဒ္ဒရာရဲတိုက်ကို ဖန်တီးခဲ့ရုံတင်မကဘဲ ဟွမ်းစစ်ပေါ်လုပ်ငန်းကို တည်ထောင်ကာ နောက်ပိုင်း လူပြောများလာသည့် ဗီဒီယိုအတိုလေး များစွာကိုလည်း ရိုက်ကူးခဲ့သည်။

သူလုပ်ငန်း ပြောင်းလဲပြီးနောက် အောင်မြင်မှု များစွာ ရရှိခဲ့ပါသည်။ သူက တကယ့်ပါရမီရှင် ဆိုတာကို လူတိုင်း ပြောနိုင်လိမ့်မည်။

ထို့အပြင် သူ့ကိုယ်ရေးအကျဉ်းပေါ်က အောင်မြင်မှု အားလုံးက ၁ နှစ်ဝန်းကျင်လောက်တည်းနဲ့ ရရှိခဲ့သည့် အောင်မြင်မှုများဖြစ်သည်။ ဒါက ပိုပြီး အံ့သြဖို့ကောင်းပါသည်။

ဟွမ်းစစ်ပေါ်၏ ကိုယ်ရေးအကျဉ်းကို စစ်ကြည့်ပြီးနောက် ဖေးချမ့် စိတ်အေးစွာ သက်ပြင်းချလိုက်သည်။

မဆိုးပါဘူး။ သူတို့ အင်တာဗျူးမှာ ဟွမ်းစစ်ပေါ်နဲ့ သူ့အောင်မြင်မှုတွေကိုပဲ အာရုံစိုက်ထားကြတယ်။

ဒါလုံးဝ ဘော့စ်ဖေး မျှော်လင့်ထားသလိုပင်။

ကိုယ်ရေးအကျဉ်းအောက်တွင် အင်တာဗျူး ဗီဒီယို တစ်ပုဒ်ပါသည်။ ဖေးချမ့် နှိပ်ကြည့်လိုက်ပါသည်။

ဗီဒီယိုတွင် ဟွမ်းစစ်ပေါ်နဲ့ ရှားကျန်းတို့ ထိုင်ခုံနှစ်ခုမှာ မျက်နှာချင်းဆိုင် ထိုင်နေကြတာကို ပြသထားသည်။ ရှားကျန်းက မေးခွန်းတွေမေးပြီး ဟွမ်းစစ်ပေါ်က ပြန်ဖြေပါသည်။

“ရှင်က ထန်းတာ့ရဲ့ ဝန်ထမ်းဟောင်းတစ်ယောက်ဆိုတာ ကျွန်မတို့ သိပြီးသားပါ။ ရှင်ရောက်လာတော့ ဒီကုမ္ပဏီကို တည်ထောင်ထားတာ သိပ်မကြာသေးလောက်ဘူး။ အဲ့ဒီတုန်းက ဘာလို့ ဒီလိုကုမ္ပဏီတစ်ခုကို ဝင်ခဲ့တာလဲဆိုတာ ပြောပြပေးလို့ရမလား” ရှားကျန်းက ပြုံးကာ မေးလိုက်ပါသည်။

ဟွမ်းစစ်ပေါ်က စက္ကန့်ပိုင်းလောက် စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်ပါသည်။ “အစောပိုင်းတုန်းက ကျင်းကျိုးမြို့ရဲ့ တခြား ဂိမ်းကုမ္ပဏီတစ်ခုမှာ ကျွန်တော် တောက်တိုမယ်ရ အလုပ်တွေ လုပ်ခဲ့တာပါ…”

ဟွမ်းစစ်ပေါ်က သူထန်းတာ့မှာ အလုပ်လုပ်ဖြစ်ခဲ့ပုံကို အသေးစိတ် ရှင်းပြလိုက်သည်။

ထို့နောက် ရှားကျန်းက ပစ်မှတ်ထားသည့် မေးခွန်းတချို့ကို ထပ်မေးလိုက်သည်။ ထန်းတာ့က ဟွမ်းစစ်ပေါ်ရဲ့အရင်ကုမ္ပဏီမှာ အစီစဉ်ဆွဲသူချုပ် လုပ်ဖူးသည့် လျို့ကြီးကို မရွေးဘဲ ဘာကြောင့် ဟွမ်းစစ်ပေါ်ကို ရွေးလိုက်ရကြောင်းကိုလည်း မေးသည်. ထို့အပြင် ကုမ္ပဏီအသစ် ဖြစ်နေပါလျက်နဲ့ ထန်းတာ့ရဲ့ အလုပ်ပတ်ဝန်းကျင်က ဘာကြောင့် အလွန်ကောင်းမွန်နေရသလဲ၊ ဟွမ်းစစ်ပေါ်ကို ထန်းတာ့ဘက်က အရင်က ရခဲ့တဲ့ လစာထက် ၂ ဆ ဘာကြောင့်တိုးပေးလိုက်ရသလဲ ဆိုတာတွေကိုလည်း မေးမြန်းပါသည်.

ဖေးချမ့်က အင်တာဗျူးကို နားထောင်ရင်း ဘာပြဿနာမှ မရှိပါ။

ဘာပဲဖြစ်ဖြစ် ဟွမ်းစစ်ပေါ်က အမှန်တိုင်း ပြောနေခြင်း ဖြစ်၏။

သို့သော်လည်း ဟွမ်းစစ်ပေါ် မေးခွန်းတွေကို ဖြေလိုက်တိုင်း ရှားကျန်းရဲ့ မျက်လုံးတွေထဲမှာ ဉာဏ်နီဉာဏ်နက် အကြည့်တွေရှိနေမှန်း ဖေးချမ့် သတိထားမိသည်။ ဘာကြောင့်မှန်း မသိဘဲ တစ်ခုခုလွဲနေသလို ဖေးချမ့် ခံစားလာရပါသည်။

သူဆက်ကြည့်လိုက်သောအခါ ရှားကျန်းရဲ့ ပြဿနာက ပိုပြီး သိသာလာပါသည်။ သူက သမုဒ္ဒရာရဲတိုက်ရဲ့ နောက်ကွယ်က ဉာဏ်ကွန့်မြူးမှုအကြောင်းတွေ၊ သူတို့ရဲ့ ကြော်ငြာနည်းလမ်းတွေ၊ သမုဒ္ဒရာရဲတိုက် အောင်မြင်သွားပြီး ဟွမ်းစစ်ပေါ် ဘာကြောင့် ထန်းတာ့က ထွက်သွားရကြောင်းတွေ စသဖြင့် အကုန်မေးခဲ့ပါသည်။

ဟွမ်းစစ်ပေါ်ကလည်း မေးခွန်းတွေ အကုန်လုံးကို အမှန်တိုင်း ဖြေပါသည်။

“တကယ်တော့ ကျွန်တော်တို့ သမုဒ္ဒရာရဲတိုက်ကို စပြီး မဖန်တီးခင်မှာ ယေဘုယျ ပုံစံကြမ်းတစ်ခု ရှိထားပြီးသားပါ။ အစောကြီးကတည်းက ဇာတ်လမ်းသွားကို အဓိက အလေးထားမယ့် FPS ဂိမ်းတစ်ခု အဖြစ် ဖန်တီးဖို့၊ ဂိမ်မာအသစ်တွေအတွက်ပါ ထည့်စဉ်းစားပေးဖို့၊ Epic လက်နက်တွေကို ၈၈၈ ယွမ်နဲ့ ရောင်းချပေးဖို့ ဆုံးဖြတ်ခဲ့ပြီးသားပါ။”

“တကယ်တော့ အစောပိုင်းတုန်းက အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ကျွန်တော်် ထင်ခဲ့မိတယ်”

ရှားကျန်းက ဟွမ်းစစ်ပေါ်ကို အချိန်ကိုက် ပြန်မေးလိုက်သည်။ “ဘာကြောင့်လြ”

ဟွမ်းစစ်ပေါ်က ပြုံးကာ ရှင်းပြလိုက်ပါသည်။ “အစဉ်အလာရှုထောင့်ကကြည့်ရင် အဲ့ဒီ အချက် ၃ ချက်စလုံးက အရမ်း အန္တရာယ်များတယ်လေ”

“ဘယ်လို ပြည်တွင်း FPS ဂိမ်းကမှ ဇာတ်လမ်းသွားပုံစံမျိုး မဖန်တီးဖူးကြဘူး။ နိုင်ငံခြား FPS ဂိမ်းတချို့မှာတော့ ဇာတ်လမ်းသွား Mode တွေပါပေမယ့် တင်သွင်းလိုက်တာနဲ့ ပြည်တွင်းစျေးကွက်နဲ့ အံဝင်ခွင်ကျမှု မရှိဘူး”

“ပြီးတော့ ပြည်တွင်း ဒီဇိုင်နာ တော်တော်များများကလည်း ဇာတ်လမ်းသွား Mode တွေကို ဖန်တီးရတာက ခက်ခဲပြီး အကျိုးအမြတ်သိပ်မရတဲ့ အလုပ်တစ်ခုလို မြင်နေကြတယ်။ ရင်းနှီးမြှုပ်နှံမှု မြင့်ပြီး ပြန်ရတာက နည်းတယ်။ မလုံလောက်ဘဲ အထင်ကြီးစရာ မကောင်းတဲ့ပုံစံလည်း ဖြစ်သွားနိုင်တယ်။

“အခုခေတ်မှာ FPS ဂိမ်းတွေကို အပြိုင်အဆိုင် ဂိမ်းတွေလို့ပဲ မြင်နေကြတာလေ။ ဖန်တီးသူတွေက တတ်နိုင်သမျှ အခက်ခဲဆုံး ဖြစ်အောင်လုပ်ပြီး ဝါရင့်ဂိမ်မာတွေနဲ့ တတ်နိုင်သမျှ လိုက်လျောညီထွေးမှု ရှိအောင် လုပ်ကြတယ်။ ဂိမ်းရဲ့ ခက်ခဲမှုအဆင့်ကို လျှော့ချလိုက်ရင်း ဂိမ်းကို ဂိမ်မာတွေ အထင်သေးကြမယ့် အန္တရာယ်ကို ကြောက်ကြတယ်”

“Epic လက်နက်ကို ၈၈၈ ယွမ်နဲ့ ရောင်းတာကတော့… ကျွန်တော်တို့တွေ ငွေကို အသေလိုချင်နေကြတယ်လို့ တော်တော်များများက ထင်သွားကြမှာပဲ ဟားဟားဟား”

ဟွမ်းစစ်ပေါ် ငေါ့ရယ်လိုက်ပါသည်။ “ရိုးရိုးသားသား ပြောရရင် ကျွန်တော်လည်း အဲ့လိုပဲ ထင်ခဲ့တာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ရဲ့ တွေးခေါ်ပုံကို ရှေးဟောင်း ဂိမ်းဒီဇိုင်း အစဉ်အလာတွေက နက်နက်ရှိုင်းရှိုင်း ဖုံးလွှမ်းထားတာကိုး”

ရှားကျန်းက ခေါင်းငြိမ့်လိုက်ပြီး ဟွမ်းစစ်ပေါ် ပြောတာကို သဘောတူကြောင်း ပြသလိုက်သည်။

“ဟုတ်တယ်။ ဒါပေမယ့် သမုဒ္ဒရာရဲတိုက်က အောင်မြင်သွားတယ်လေ။ အဲ့ဒီ ယေဘုယျ ဦးတည်ချက်က မှန်ကန်ကြောင်း သက်သေ ပြနိုင်ခဲ့တာပဲ”

ဟွမ်းစစ်ပေါ်ကလည်း ခေါင်းငြိမ့်လိုက်ပါသည်။ “ဟုတ်ပါတဘ်”

ထိုအခါ စကားဝိုင်း ပြီးဆုံးသွားလေသည်။ ဂိမ်းရဲ့ ပုံစံကြမ်းကို ဘယ်သူ စဉ်းစားပေးခဲ့သလဲ ဆိုတာကို သူတို့ နှစ်ယောက်စလုံး ထည့်မပြောကြပါ။ ထို့အစား တခြား အကြောင်းအရာကို စပြောကြလေသည်။

“ဂိမ်းရဲ့ ကြော်ငြာနည်းလမ်းကို… ရှင်လည်း ပထမတော့ မသေချာခဲ့ဘူးမလား”

ဖေးချမ့် ပိုပြီး ကြည့်မိလေလေ ပိုပြီး နေရထိုင်ရ ခက်လာလေလေ ဖြစ်သည်။

ရှားကျန်းရဲ့ မေးခွန်းတွေက အဓိက အချက်ကနေ သွေဖယ်နေပါပြီ။

အစီစဉ်စွဲသူချုပ် တစ်ယောက်အနေနဲ့ ဟွမ်းစစ်ပေါ်ရဲ့ တာဝန်တွေ၊ သူရင်ဆိုင်ခဲ့ရတဲ့ ခက်ခဲမှုတွေ၊ သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ပူးပေါင်းလုပ်ဆောင်ရင်းနဲ့ အတားအဆီးတွေကို ဘယ်လို ကျော်လွန်နိုင်ခဲ့သလဲ ဆိုတာတွေကို နင်မေးရမှာလေ။

သူ တာဝန်မယူဖူးတဲ့ ကိစ္စတွေ အကြောင်းချည်းပဲ ဘာလို့ ဟွမ်းစစ်ပေါ်ကို ဆက်တိုက်မေးနေတာလဲ။

ဖေးချမ့် ဆက်ကြည့်လိုက်သည်။

“သမုဒ္ဒရာရဲတိုက်ကို ဖန်တီးပြီးသွားတော့ ရှင် ထန်းတာ့ဂိမ်းကနေ ထွက်သွားခဲ့တယ်နော်။ အဲ့ဒီအကြောင်း အသေးစိတ် ရှင်းပြပေးလို့ ရမလား” ရှားကျန်း ထပ်မေးလိုက်ပြန်သည်။

ဟွမ်းစစ်ပေါ်က ရှက်ရွံ့စွာဖြင့် ပြုံးလိုက်၏။

“အမှန်တိုင်းပြောရရင် ကျွန်တော်ဆန္ဒနဲ့ ကျွန်တော် ထွက်ခဲ့တာ မဟုတ်ပါဘူးဗျာ”

ရှားကျန်းက ပြန်ပြောလိုက်သည်။

“ဟင်”

ဟွမ်းစစ်ပေါ် ကြည်နူးသွားသည့်ပုံစံ ပေါက်သွားပါသည်။ “သမုဒ္ဒရာရဲတိုက်ကို ထုတ်တဲ့အချိန်တုန်းက ကျွန်တော် အရမ်းအပျော်လွန်နေခဲ့တာ။ ကျွန်တော့်စိတ်ထဲ အရမ်းမြင့်တဲ့ စိတ်ကူးယဉ်အိပ်မက်တွေနဲ့ ပြည့်လာတယ်လို့တောင် ပြောလို့ရတယ်”

“ဘာပဲဖြစ်ဖြစ် ကျွန်တော်က ဂိမ်းကုမ္ပဏီတစ်ခုမှာ တောက်တိုမယ်ရ အလုပ်တွေပဲ လုပ်ရတဲ့ စီမံခန့်ခွဲမှု အစီစဉ်ဆွဲသူအဖြစ်ကနေ အစီစဉ်ဆွဲသူချုပ် ရာထူးကို တန်းရသွားတာကိုး။ ကျွန်တော် ဒီလောက် ရေပန်းစားတဲ့ ဂိမ်းတစ်ခုကိုတောင် ဖန်တီးနိုင်ခဲ့သေးတယ်။ ဒီလောက် အချိန်တိုအတွင်းမှာ ကျွန်တော် အောင်မြင်မှုတွေ အများကြီး ရခဲ့တယ်။ အောင်မြင်မှုတွေ အကုန်လုံးက ကျွန်တော့်ခေါင်းထဲ ဝင်လာခဲ့တယ်”

“အဲ့တုန်းက ကျွန်တော့်တစ်ဘဝလုံးကို ဂိမ်းတွေ ဖန်တီးဖို့အတွက်ပဲ ပုံအပ်ထားဖို့ ပြင်ဆင်ထားပြီးသား”

“တခြား ဂိမ်းကုမ္ပဏီတစ်ခုမှာသာဆိုရင် ကျွန်တော့်ကို ပိုလေးလံတဲ့ တာဝန်တွေပေးပြီး တခြားဂိမ်းတစ်ခု ဖန်တီးဖို့ တာဝန်ပေးကြလိမ့်မယ်”

ရှားကျန်းက အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။ “ဒါပေမယ့် ထန်းတာ့မှာတော့ အဲ့တာမျိုးတွေ တစ်ခုမှ မဖြစ်ခဲ့ဘူး ဆိုပါတော့”

ဟွမ်းစစ်ပေါ်က ပြုံးလိုက်သည်။ “အမှန်ပဲ။ အခုတောာင် ကျွန်တော် အဲ့နေ့ကို ပြန်တွေးကြည့်ရင် အိပ်မက်တစ်ခုလို ခံစားမိတုန်းပဲ။ အဲ့အချိန်တုန်းက ပရောဂျက် အဖွဲ့တစ်ခုလုံးက သမုဒ္ဒရာရဲတိုက် အောင်မြင်မှုအတွက် အောင်ပွဲခံနေကြတာ။ ကျွန်တော်လည်း ပုံမှန်အတိုင်းပဲ တစ်နေ့တာ တာဝန်တွေကို ဆောင်ရွက်နေတာပေါ့”

“ရုတ်တရက်ကြီး ကုမ္ပဏီထဲမှာ အထူးချွန်ဆုံး ဝန်ထမ်း ရွေးချယ်ပွဲကျင်းပမယ်လို့ အသိပေးခံခဲ့ရတယ်။ မသဲမကွဲ ဖြစ်ခဲ့ပေမယ့် ကျွန်တော် ရွေးချယ်ခံခဲ့ရပါတယ်”

“အဲ့ဒီအချိန်မှာမှ အထူးချွန်ဆုံးဝန်ထမ်းအတွက် ဆုလာဘ်တွေကို ကျွန်တော် သိလိုက်ရတာ။ ကျွန်တော့်ကို ဆုဖလားတစ်ခု၊ အသိအမှတ်ပြု ထောက်ခံစာတစ်ခု၊ အိပ်မက်ရန်ပုံငွေ ယွမ် ၁ သန်း ဆုချခဲ့တယ်”

“ကျွန်တော် အဲ့ဒီ အိပ်မက်ရန်ပုံငွေ ယွမ် ၁ သန်းကို အသုံးချပြီး ကျွန်တော့် အိပ်မက်တွေနောက် လိုက်ရင်း ကျွန်တော် လည်ပတ်ချင်တဲ့ နိုင်ငံမှန်သမျှကို သွားလည်ပတ်လို့ရတယ်။”

All Chapters