← Chapters

ငွေစာရင်းရှင်းချိန်ရောက်ပြီ

Vol. 21 Ch. 306

ငွေစာရင်းရှင်းချိန်ရောက်ပြီ

Vol. 21 Ch. 306

အောက်တိုဘာလ ၂၆ ရက်နေ့…

ကျုံးထျန် တရုတ်နက်ဝေါ့ခ်တွင်…

ထန်းတာ့နဲ့ တရားဝင်ပလက်ဖောင်းတို့၏ အင်တာဗျူးကို မာယိချွမ် ခုလေးတင် ကြည့်လိုက်ခြင်း ဖြစ်သည်။ သူ့မျက်နှာပေါ်မှာ အားရကျေနပ်နေသည့် အပြုံးကြီး ပေါ်လာပါသည်။

ဘော့စ်ဖေးမှာ ဒီလောက်ထူးချွန်တဲ့ ဝန်ထမ်းတွေ အများကြီးရှိသဖြင့် မာယိချွမ် အင်တာဗျူးခံရဖို့ အခွင့်အရေး မရှိခဲ့ပါ။ ဗီဒီယိုထဲမှာလည်း မပါခဲ့ပါ။

သို့သော်လည်း အင်တာဗျူးထဲက အများစုက မာယိချွမ်၏ မိတ်ဆွေဖြစ်ကြပြီး နီးစပ်သည့် လုပ်ဖော်ကိုင်ဖက်များလည်း ဖြစ်ကြသည်။ ထို့ကြောင့် ဒီအင်တာဗျူးကိုကြည့်ရတာ သူသက်တောင့်သက်သာ ရှိပြီး ကျေနပ်မှု ရှိပါသည်။

ကောင်းလိုက်တာ အားလုံးရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာပြီ။

မာယိချွမ်က တရားဝင်ပလက်ဖောင်းကို ပိတ်လိုက်ပြီး နောက်ထပ် ဝက်ဘ် Browser တစ်ခုကို ဖွင့်ကာ ကျုံးထျန်တရုတ်နက်ဝေါ့ခ်၏ အချက်အလက် ပလက်ဖောင်းထဲ ဝင်လိုက်ပါသည်။

ကိန်းဂဏန်းများက မာယိချွမ်၏ ဝတ္ထုသစ်မှာ Subscriptions ၂,၀၀၀ ကျော်သွားပြီဖြစ်ကြောင်း ပြသနေပါသည်။

ဒါက အဆုံးမဲ့တရုတ်နက်ဝေါ့ခ်၏ စံနှုန်းများနဲ့ ယှဉ်ကြည့်ပါက အများကြီး မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် Subscription ၃,၀၀၀ ကျော်မှ ဝတ္ထုတစ်ပုဒ်ကို အဆင့်မြင့်ဝတ္ထုဟု သတ်မှတ်နိုင်မှာ ဖြစ်ပါသည်။ သို့သော်လည်း မာယိချွမ်နဲ့ ကျုံထျန်တရုတ်နက်ဝေါ့ခ် စံနှုန်းတို့အရဆိုရင်တော့ မဆိုးလှပေ။

အဆုံးမဲ့တရုတ်နက်ဝေါ့ခ်နဲ့ ယှဉ်ပါက ကျုံးထျန်တရုတ်နက်ဝေါ့ခ်မှာ စာဖတ်သူတွေ အများကြီး နည်းနေသေးတာ မာယိချွမ် ကောင်းကောင်း သိပါသည်။

စာအုပ်တစ်အုပ်က အဆုံးမဲ့တရုတ်နက်ဝေါ့ခ်မှာ Subscriptions ၃,၀၀၀ ကျော် အလွယ်လေး ရောက်နိုင်သော်လည်း ကျုံးထျန်တရုတ်နက်ဝေါ့ခ်မှာတော့ ၁,၀၀၀ ကျော်လောက်သာ ရောက်နိုင်သည်။

ကျုံးထျန်တရုတ်နက်ဝေါ့ခ်မှာ အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းကို ထုတ်လုပ်ပြီးနောက် စာဖတ်သူတွေ အများကြီး ရလာခဲ့ပါသည်။ ထန်းတာ့ကလည်း ပလက်ဖောင်းများစွာကက အကောင့်အားလုံးကို ချိတ်ဆက်လိုက်သည်။ သို့သော်လည်း အွန်လိုင်းစာပေ ဝက်ဘ်ဆိုက်တစ်ခုကို ညတွင်းချင်း နာမည်ကြီးလာဖို့တော့ မျှော်လင့်ထားလို့ မရပါ။ ထို့အစား စာဖတ်သူ အရေအတွက်ကို ဖြည်းဖြည်းချင်း တည်ဆောက်ရပါမည်။

ထိုကဲ့သို့ စာအုပ်မျိုးတွေကို ရေးသားနိုင်မယ့် စာရေးစရာတွေအတွက် လစာတိုးပေးဖို့ ဘော့စ်ဖေးထံမှ မာယိချွမ် ငွေအများကြီး ရရှိထားသည်။ ကျုံးထျန်တရုတ်နက်ဝေါ့ခ်မှာ အရည်အသွေးမြင့် စာအုပ်တွေက Subscriptions ၁,၀၀၀ ဝန်းကျင်လောက်သာ ရောက်နိုင်သဖြင့် မာယိချွမ်က ဒီငွေတွေကို သုံးပြီး စာရေးဆရာတွေရဲ့ လစာကို တိုးပေးနိုင်ပါပြီ။

တွက်ချက်ကြည့်သလောက်တော့ မာယိချွမ်၏ ဝတ္ထုက ကျုံးထျန်တရုတ်နက်ဝေါ့ခ်မှာ Subscriptions ၂,၀၀၀ ကျော်ဆိုလျှင် အဆုံးမဲ့တရုတ်နက်ဝေါ့ခ်မှာသာဆို Subscriptions ၆,၀၀၀ ကျော်လောက်သည်။ အတော်လေး ကောင်းမွန်သည့် ဂဏန်း ဖြစ်သည်။

မာယိချွမ်က လစာကို စိတ်မဝင်စားသဖြင့် သူ့ကိုယ်ပိုင် လစာကိုတော့ မတိုးခဲ့ပေ။

ထို့အစား စာဖတ်သူတွေရဲ့ အသိအမှတ်ပြုခြင်းကို ခံရဖို့က သူ့အတွက် ပိုအရေးကြီးပါသည်။

သူအဆုံးမဲ့ တရုတ်နက်ဝေါ့ခ်မှာ အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့ပြီးနောက် မာယိချွမ် ကိုယ့်အစွမ်းအစကို ကိုယ် သံသယ ဝင်လာခဲ့၏။ စာရေးခြင်းကို ဝါသနာ တစ်ခုအဖြစ်သာ ပြန်ရေးခဲ့ပြီး သူ့ကိုယ်ပိုင် စာအုပ်တွေကို ထောက်ခံချက်နေရာတောင် မပေးခဲ့ပါ။

သို့သော် သူ့ဝတ္ထုကို ဒီလောက်လူတွေ အများကြီး Subscribe လုပ်ထားတာကတော့ အံ့အားသင့်စရာ ဖြစ်ခဲ့သည်။

ဘော့စ်ဖေးက ဒီမနက် ဖုန်းဆက်ခဲ့သေး၏။ ကျုံးထျန်တရုတ်နက်ဝေါ့ခ်နဲ့ TPDb က ဝန်ထမ်းအားလုံးကို ညစာစားဖို့အတွက် အပြင်ခေါ်သွားဖို့ မာယိချွမ်ကို ပြောခြင်းဖြစ်၏။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုများအတွက် ဆုချဖို့ ဖြစ်ပါသည်။

ဘော့စ်ဖေး လေသံက အလွန် ပြတ်သားသည့်ပုံစံ ပေါက်နေသဖြင့် မာယိချွမ် ငြင်းစရာလိုမည်မထင်ပါ။

ထို့ကြောင့် မာယိချွမ်လည်း ငန်းရေကန်စားသောက်ဆိုင်မှာ ဘိုကင်လုပ်လိုက်၏။ သူ့လက်အောက်ငယ်သားတွေကို ညစာစားဖို့အတွက် ခေါ်သွားပါမည်။

အမှန်ပင်။ သူတို့ အမည်မဲ့စားသောက်ဆိုင်ကို သွားရရင် အကောင်းဆုံး ဖြစ်သော်လည်း ဘိုကင် ပြည့်နေပါပြီ။

ဒူ…. ဒူ…

ထိုအချိန်တွင် မာယိချွမ်ရဲ့ဖုန်း တုန်ခါလာပြန်သည်။ ဖုန်းခေါ်သူ၏ ID မရှိဘဲ ဖန်သားပြင်ပေါ်မှာ ဖုန်းနံပါတ် အရှည်ကြီးသာ ပေါ်နေပါသည်။

မာယိချွမ့် ကြည့်လိုက်သောအခါ ရင်းနှီးနေသည့် ဖုန်းနံပါတ် ဖြစ်နေသည်။ ပထမဆုံး တွေးလိုက်မိတာက ဖုန်းမကိုင်ဖို့ ဖြစ်သော်လည်း ခေတ္တ တွန့်ဆုတ်သွားပြီးနောက် ဖုန်းကိုင်လိုက်ပါသည်။

“တုပြောင်း၊ နောက်ဆုံးတော့ ဖုန်းကိုင်ပြီပေါ့လေ။” ဖုန်းဆက်သူက မာယိချွမ်ထက် အသက်ပိုကြီးသည့် ပုံစံပင်။

မာယိချွမ် စိတ်ပျက်လက်ပျက် ပြုံးလိုက်၏။ “အစ်ကိုကြီး ဘာကိစ္စလဲ”

“အရင်ဂိမ်းကုမ္ပဏီမှာ အလုပ်လုပ်နေတုန်းပဲလား” ထိုလူက မေးလိုက်သည်။

မာယိချွမ် ခေတ္တ တိတ်ဆိတ်သွားကာ ပြန်ပြောလိုက်သည်။ “အစ်ကိုကြီး ဘာလို့ ဖုန်းဆက်တာလဲသာ ပြောစမ်းပါ။ ငါတို့ကြားထဲ့ အရေးမပါတာတွေ ပြောစရာ မလိုပါဘူး”

ထိုလူက သက်ပြင်းချလိုက်ပါသည်။ “တုပြောင်း၊ မင်း ဂိမ်းလောကထဲကို စိတ်လောပြီး ဝင်ခဲ့တာ ငါသိပါတယ်။ မကြာသေးခင်ကမှ ပြည်တွင်းဂိမ်းလောကက ဇာတ်လမ်းဇာတ်ကွက်တွေအကြောင်း သိပ်ပြီး ဂရုမစိုက်တာ သိလိုက်ရတယ်။ ကျင်းကျိုးမြို့ဆိုရင် အများကြီး ပိုဆိုးမယ်ထင်တယ်။ မင်းအဲ့မှာ အလုပ်လုပ်ပြီး မင်းအချိန်တွေ ဖြုန်းနေတာလား”

“အွန်လိုင်းစာပေဖြစ်ဖြစ် ဂိမ်းဖြစ်ဖြစ် အဲ့ဒါတွေတစ်ခုမှ လုပ်ငန်းအစစ်လို့ သတ်မှတ်လို့ မရဘူးလေ။ မင်း ဘယ်တစ်ခုကိုပဲရွေးရွေး မင်းရဲ့ ပါရမီတွေကို ဖြုန်းတီးနေသလိုပဲဖြစ်နေလိမ့်မယ်”

“လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ငါတို့အဘိုးနဲ့ တွေ့ခဲ့သေးတယ်။ ငါတို့ ဦးလေးနဲ့ ငါတို့က အတွေးတူတယ်။ မင်းက အဲ့ဂိမ်းကုမ္ပဏီမှာ အလုပ်လုပ်နေတာလည်း တော်တော်ကြာပြီ။ မင်းထွက်ဖို့ အချိန်တန်ပြီ ထင်တယ်နော်။ ဝင်ခွင့်စာမေးပွဲဖြေဖို့ အချိန် ၁ နှစ်လောက်ယူပြီး ပညာရေးလမ်းပဲ ဆက်လျှောက်စမ်းပါ။ ကျောင်းတစ်ခုမှာ စာသင်ပေးတဲ့ လုပ်ငန်းလုပ်ဖို့ စဉ်းစားဖို့အတွက် နောက်မကျသေးဘူး”

“မင်းစာရေးတာ တကယ် လေးလေးနက်နက် ဝါသနာပါတာဆိုရင် မင်းက ယဉ်ကျေးမှု အနုပညာလမ်းကြောင်းနဲ့ ပိုပြီး သင့်တော်မယ်ထင်တယ်။ ငါတို့ အဆက်အသွယ်တွေနဲ့ မင်းကို ချိတ်ပေးမယ်”

“အဲ့တုန်းက မင်းက ခေါင်းမာခဲ့တာကိုး။ မင်းက အွန်လိုင်းစာပေကိုပဲ စိတ်အားထက်သန်နေတာ။ ဒါပေမယ့် တစ်ခါမှလည်း မအောင်မြင်ခဲ့ဘူး။ မင်း အဲ့အလုပ်နဲ့ မကိုက်တာကို ဝန်ခံသင့်ပြီထင်တာပဲ”

မာယိချွမ်၏ နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။

ဖုန်းထဲက လူက မာယိချွမ်၏ ဝမ်းကွဲအစ်ကို ဖြစ်သည်။ သူက မာယိချွမ်ထက် ၁၈ နှစ် ပိုကြီးသည်။

သူ့ဝမ်းကွဲအစ်ကိုက စာရေးဆရာ အဖွဲ့အစည်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ရောင်းအားကောင်းသည့် အပြင်ဝတ္ထုစာအုပ်တွေကိုလည်း ထုတ်ဝေဖူး၏။ သူ့ထက် မာယိချွမ် အများကြီး နောက်ကျကျန်ခဲ့သည်ဟု ဆိုနိုင်ပါသည်။

မာယိချွမ်သာ ဒီဖုန်းကို လွန်ခဲ့သည့် လအနည်းငယ်က ရရှိခဲ့ပါက သူ စိတ်ပြောင်းသွားလောက်သည်။

ဘာပဲဖြစ်ဖြစ် သူ့ဝမ်းကွဲအစ်ကိုလည်း အရင်တုန်းက ဒီလမ်း လျှောက်ခဲ့ဖူးပါသည်။ ထို့အပြင် ရှန်းယန်ဂိမ်းကို ဝင်ပြီးနောက် ဂိမ်းလောကရဲ့ အကျည်းတန်မှုကို မာယိချွမ် မြင်ခဲ့ရသည်။

ရှန်းယန်ဂိမ်းမှာ သူအလုပ်လုပ်ခဲ့စဉ်တုန်းက ဂိမ်းများကို ပြန်လည်စုစည်းရသည့် တာဝန် ယူခဲ့ရသည်။ သာမန် အလုပ်တွေကိုသာ လုပ်နေခဲ့ရပြီး သူ့စွမ်းရည်တွေကို ဘာမှ မသုံးစွဲခဲ့ရပါ။

သူ့ဘဝကြီးကို ဖြုန်းများ ဖြုန်းတီးနေသလားဟု မကြာခဏ မေးခွန်းထုတ်မိသည်။

သူက ပညာတတ်မိသားစုမှာ မွေးဖွားလာခဲ့ပြီး စာပေမေဂျာနဲ့ နာမည်ကြီး တက္ကသိုလ်တစ်ခုမှ ထူးထူးချွန်ချွန် ဘွဲ့ရခဲ့သည်။ အောင်မြင်နေတဲ့ ဝမ်းကွဲအစ်ကိုတစ်ယောက်လည်း ရှိသည်။ ထို့ကြောင့် မာယိချွမ်က သူ့ဘဝသူ ရှက်မိပါသည်။

သို့သော်လည်း အခုတော့ အားလုံး ခြားနားသွားလေသည်။

ဆက်ပြုံးနေရင်း မာယိချွမ် ပြန်ဖြေလိုက်ပါသည်။ “အစ်ကိုကြီး ခင်ဗျားမှားနေပြီ ထင်တယ်”

“တရားဝင်ပလက်ဖောင်းက ကျွန်တော်တို့ရဲ့ နောက်ဆုံးထွက်ဂိမ်းကို ထောက်ခံချက်ပေးထားတယ်။ အနောက်တိုင်းတွေမှာပါ ကျွန်တော်တို့ရဲ့ နိုင်ငံခြားဗားရှင်းတွေက ချီးကျူးမှု မြင့်မြင့်မားမား ခံနေရတယ်။ ဇာတ်လမ်းကလည်း အရမ်း အရမ်းကို ထူးခြားတာပဲ”

“ကျွန်တော့် ဝတ္ထုအသစ်လည်း ရေပန်းအတော်စားလာပြီ။ မကြာခင် ထိပ်တန်းအဆင့်ကို ဝင်တော့မယ် ထင်တယ်။ စာဖတ်သူတွေကလည်း ဝေဖန်မှုကောင်းတွေ ပေးထားကြတယ်”

မာယိချွမ်၏ ဝမ်းကွဲအစ်ကို မှင်သက်သွား၏။ “မင်းရဲ့ ဝတ္ထုသစ် ဟုတ်လား။ မင်း ဘယ်တုန်းက ဝတ္ထုသစ် ရေးလိုက်တာလဲ”

မာယိချွမ်လည်း အံ့သြသွားသည်။ ရုတ်တရက်ကြီး မျက်မှောင်ကြုတ်သွား၏။

ဟမ်…။

သူ့ဝမ်းကွဲအစ်ကိုရဲ့ တုန့်ပြန်မှုမှာ အလွန်အရေးကြီးသည့် ပြဿနာတစ်ခုကို တွေ့လိုက်ရသည်။

မျက်မှောင်ကြုတ်လျက် မာယိချွမ်က ပြောလိုက်သည်။ “အစ်ကိုကြီး အဆုံးမဲ့တရုတ်နက်ဝေါ့ခ်မှာ ကျွန်တော့်ရဲ့ ကလောင်နာမည်ကို မိသားစုဝင် ဘယ်သူ့ကိုမှ မပြောဖူးပါဘူး”

နှစ်ဖက်စလုံး ဆွံ့အသွား၏။

မာယိချွမ်က အလွန်ဉာဏ်ကောင်းသူဖြစ်သဖြင့် ဘာတွေဖြစ်ခဲ့သလဲ ချက်ချင်းဆိုသလို နားလည်သွားခဲ့ပါသည်။

တစ်ခုခုတော့ လွဲနေပါပြီ။ သူအွန်လိုင်းစာပေလောကထဲ ခြေချဖို့ ပထမဆုံး ဆုံးဖြတ်ခဲ့တုန်းက သူ့မိသားစု၏ ကန့်ကွက်မှုများစွာကို ခံခဲ့ရသည်။ ထို့ကြောင့် တက္ကသိုလ်တက်နေစဉ်တုန်းက ဝတ္ထုများ စတင်ရေးသားခဲ့ပြီး သက်သေပြဖို့ ကြိုးစားခဲ့ခြင်း ဖြစ်၏။

သူရေးတဲ့ ဝတ္ထုတိုင်းက မအောင်မြင်သော်လည်း သူ့ကလောင်နာမည်ကို မိသားစုအား တစ်ခါမှ ထုတ်မပြခဲ့ပါ။

သို့သော်လည်း သူ့ဝမ်းကွဲအစ်ကိုကတော့ သူဝတ္ထုသစ်တစ်ပုဒ်ရေးထားတယ်ဆိုတာကို အလွန် အံ့အားသင့်နေသည်။

သူ့ဝမ်းကွဲအစ်ကိုရဲ့ လေသံကို ကြည့်ခြင်းအားဖြင့် ဂိမ်းလောကထဲမှာ စတင် အလုပ်လုပ်ခဲ့ပြီးနောက် မာယိချွမ် ဝတ္ထုရေးတာကို ရပ်လိုက်ပြီဟု ထင်ထားတာ ဖြစ်နိုင်သည်။ ထို့အပြင် ဒီကိစ္စကိုလည်း အတော်လေး သေချာနေတာ ဖြစ်နိုင်သည်။ မဟုတ်ပါက ဒီလောက် အံ့သြသွားဖို့ မလိုပါ။

ဘာလို့ ဒီလောက် သေချာနေရတာလဲ။

သူ့ဝမ်းကွဲအစ်ကိုက အဆုံးမဲ့တရုတ်နက်ဝေါ့ခ်ပေါ်မှ မာယိချွမ်၏ ကလောင်နာမည်ကို ရှာတွေ့သွားပြီး သူ့အကောင့်ကို စောင့်ကြည့်ခဲ့တာကြောင့်သာ ဖြစ်နိုင်ပါသည်။

သူ့ဝမ်းကွဲအစ်ကိုက အကြာကြီး နှုတ်ဆိတ်သွားပြီးမှ ထပ်ပြောလိုက်ပါသည်။ “အေး ထုပြောင်း၊ ငါတောင်းပန်ပါတယ်။ မင်းက အရမ်း ဉာဏ်ကောင်းတာပဲ။ ဒီလောက်ဆိုရင်တော့ ငါလည်း ဖုံးကွယ် မထားသင့်တော့ပါဘူး။ မင်းကို အမှန်တိုင်း ပြောလိုက်တော့မယ်”

“တကယ်တော့ ငါက အဆုံးမဲ့တရုတ်နက်ဝေါ့ခ်ရဲ့ စီနီယာ အယ်ဒီတာချုပ်တွေထဲက တစ်ယောက်နဲ့ ရင်းနှီးတယ်။ မင်းရဲ့ ဝတ္ထုတွေက အစောပိုင်းတုန်းက တော်တော်လေး အခြေအနေကောင်းပါတယ်။ ဒါပေမယ့် ကိန်းဂဏန်းတွေကို ပြောင်းဖို့ ငါ့မိတ်ဆွေကို အကူအညီတောင်းခဲ့တာ။ မင်းအွန်လိုင်းစာပေ ရေးသားဖို့ မေ့ပစ်လိုက်ပြီး အဲ့ဒီလောကထဲက ထွက်သွားစေချင်လို့ပါ”

“အောင်မြင်မှုအရသာ နည်းနည်းလေး တွေ့သွားရင် မင်းအွန်လိုင်းစာပေမှာ အကြာကြီး အချိန်ဆက်ဖြုန်းမှာ ကြောက်လို့ပါ”

“အဲ့လမ်းက လမ်းဆုံးကြီးကွ”

မာယိချွမ် “...”

သူဘယ်လို တုန့်ပြန်ရမလဲ မသိတော့ပါ။ ဒေါသလည်းထွက်သလို ဝမ်းလည်း ဝမ်းသာသွားသည်။

ဒေါသထွက်တာက တရားခံကို နောက်ဆုံးတော့ ရှာတွေ့သွားပြီ ဖြစ်တာကြောင့်ဖြစ်ပါသည်။

သူ့စာအုပ်တွေ အခမဲ့ဖြစ်ခဲ့စဉ်တုန်းက နာမည်အလွန်ကြီးပြီး ဖတ်ရှုဖို့ အဖိုးအခ သတ်မှတ်လိုက်တာနဲ့ ကျရှုံးသွားတာကို မာယိချွမ် အမြဲတမ်း ထူးဆန်းနေသလို ထင်ခဲ့မိ၏။

ဂဏန်းတွေက နည်းနည်းလေး လျော့ကျသွားပါက နားလည်ပေးလို့ရပါသေးသည်။ သို့သော်လည်း သူ့ဝတ္ထုတွေက ထိပ်ဆုံးအဆင့် ဖြစ်နေရာကနေ Subscription ၃၀ လောက်အထိ ထိုးကျသွားလေ့ ရှိ၏။ အလွန်သံသယဖြစ်ဖို့ကောင်းလွန်းပါသည်။

သို့သော်လည်း ဒီပြဿနာ နောက်ကွယ်မှာ သူ့မိသားစုဝင်တွေ ရှိနေလိမ့်မည်ဟု မာယိချွမ် သံသယ မဖြစ်ခဲ့ပေ။ အဆုံးမဲ့တရုတ်နက်ဝေါ့ခ်လို ဝက်ဘ်ဆိုက် အကြီးစားကြီးက ကိန်းဂဏန်းတွေကို ပြောင်းလဲပြီး စာရေးဆရာ အသေးစားလေး တစ်ယောက်ကို ညစ်ပတ်လိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။

အခုတော့ သူနားလည်လိုက်ပါပြီ။ တစ်ယောက်ယောက်က သူ့ကို ကြံစည်နေခဲ့တာ ဖြစ်သည်။

မာယိချွမ် အနည်းငယ် စိတ်အေးသွားကာ ရယ်မောလိုက်ပါသည်။ “အစ်ကိုကြီး ကျွန်တော့်ကို စိတ်မပူပါနဲ့။ ကျွန်တော်က ဒီလမ်းကို ရွေးခဲ့တာ။ ကျွန်တော် ဘယ်လို ဆက်လျှောက်ရမလဲ သိတယ်။ အွန်လိုင်းစာပေအတွက် လမ်းက လမ်းဆုံးကြီးဆိုတာ ကျွန်တော် လက်မခံဘူး”

“တစ်နေ့ကျရင် ကျွန်တော် သက်သေပြမယ်”

ဖုန်းချပြီးနောက် မာယိချွမ် အလွန်ပျော်ရွှင်သွားသည်။ သူ့ခေါင်းပေါ်မှာ တစ်ချိန်လုံး တဝဲလည်လည် ဖြစ်နေခဲ့သည့် တိမ်နက်များ ပျောက်ကွယ်သွားခဲ့ပါပြီ။

အဆုံးမဲ့တရုတ်နက်ဝေါ့ခ်မှာ အွန်လိုင်းစာပေ စတင်ရေးသားပြီး ရှန်းယန်ဂိမ်းအတွက်လည်း အစီစဉ် ဆွဲသူချုပ်အဖြစ် အလုပ်လုပ်ပေးခဲ့ခြင်းမှာ သူ့ကိုယ်သူ သက်သေပြချင်ခြင်းကြောင့်ဟု ဆိုနိုင်၏။ သို့သော်လည်း ယခု အယ်ဒီတာချုပ်ရာထူးနဲ့ ကျုံးထျန်တရုတ်နက်ဝေါ့ခ်ကို ဦးဆောင်ဖို့အတွက်ကိုတော့ သူ့ရဲ့ ဘဝပေးတာဝန်တစ်ခုလို မာယိချွမ် သတ်မှတ်ထားလိုက်ပါပြီ။

ထိုအချိန်တွင် ဘော့စ်ဖေးကို မာယိချွမ် လေးလေးနက်နက် ကျေးဇူးတင်သွားမိ၏။ ဘော့စ်ဖေးသာ သူ့ပါရမီကို အသိအမှတ်မပြုဘဲ ကျုံးထျန်တရုတ်နက်ဝေါ့ခ်မှာ အယ်ဒီတာချုပ်အဖြစ် အလုပ်မပေးခဲ့ပါက ဒီအခြေအနေထိ သူ ဘယ်လို တိုးတက်လာနိုင်မှာလဲ။

ဘယ်သူမှ သူ့ဝတ္ထုတွေကို မဖတ်ချင်ကြဘူးဟု တွေးရင်းနဲ့သာ မာယိချွမ် တစ်သက်လုံ့း နေသွားရနိုင်သည်။ အွန်လိုင်းစာပေလောကထဲက တစ်သက်လုံးထွက်သွားပြီး ဂိမ်းလောကထဲမှာလည်း စိတ်ဝင်စားမှု တဖြည်းဖြည်း လျော့နည်းလာနိုင်၏။ နောက်ဆုံးတော့ သူ့ဝမ်းကွဲအစ်ကို ဖြစ်စေချင်သည့် လမ်းဟောင်းကြီးအတိုင်း ပြန်လျှောက်မိပါလိမ့်မည်။

ထို့ကြောင့် သူ့အလုပ်ကို ကောင်းကောင်း လုပ်ရမည်။ ဘော့စ်ဖေးရဲ့ ယုံကြည်မှုနဲ့လမ်းညွှန်မှုတိ့အတွက် ကျေးဇူး ပြန်ဆပ်ရမည်။ ဘော့စ်ဖေးကို စိတ်ပျက်စေလို့ မဖြစ်ပါ။

ကျုံးထျန်တရုတ်နက်ဝေါ့ခ်ကို နာမည်ကြီးအောင် သူလုပ်ပေးရပါမည်။

ထိုအတွေးဖြင့် မာယိချွမ် ကျုံးထျန်တရုတ်နက်ဝေါ့ခ်၏ အချက်အလက်ပလက်ဖောင်းကို ဝင်လိုက်ပြီး အတည်ပေါက် အလုပ်စလုပ်ပါတော့သည်။

အောက်တိုဘာလ ၃၁ ရက်နေ့…

ဖေးချမ့်ရှေ့မှာ စနစ်မျက်နှာပြင် အလိုလျောက် ပေါ်လာခဲ့၏။

[ စည်းစိမ်အလဲအထပ် စနစ် ]

[ ပိုင်ရှင် : ဖေးချမ့် ]

[ အမြတ်ငွေအလဲအထပ်အချိုး ၁၀၀ : ၁

အရှုံးငွေအလဲအထပ်အချိုး ၁ : ၁ ]

[ ငွေစာရင်းရှင်းမှု စတင်နေပါပြီ… ]

[ စနစ်ရန်ပုံငွေ : ၅,၉၄၀,၀၀၀ + ၈၄၀,၀၀၀ (+၁,၂၂၀,၀၀၀) ]

[ ပုံသေပိုင်ဆိုင်မှု : မင်ယွမ်ဗီလာရှိ အသေးစား ကော်မာရှယ် ဗီလာ (၈,၄၆၀,၀၀၀) ]

[ ကိုယ်ပိုင်စည်းစိမ် : ၄၈၅,၈၃၁.၅ ]

[ ဤအပတ်အတွက် အထူးတာဝန် : အမြတ်ရခြင်းနဲ့ အရှုံးပေါ်ခြင်းတို့မှာ စီးပွားရေးတစ်ခုမှာ မလွဲမသွေ ကြုံရမည့် အရာများဖြစ်သည်။ ပိုင်ရှင်က အမြတ်ရနေခြင်းမှာသာ ပျော်မွေ့နေသည့်ပုံ ပေါက်ပါသည်။ ဒါက စီးပွားရေးပါရမီရှင်တစ်ယောက်မှာ ရှိသင့်ရှိထိုက်သည့် စိတ်ထားမဟုတ်ပါ။ လာမည့် ငွေစာရင်းရှင်းချိန် မရောက်မှီ အရှုံးပေါ်အောင် လုပ်ဖို့ ပိုင်ရှင်ကို စနစ်က အကြံပေးလိုက်ပါသည်။ {အောင်မြင်သည်} ]

[ အထူးတာဝန် ဆုလာဘ် : စနစ်၏ စည်းမျဉ်းစည်းကမ်းအတွင်းရှိ ဆန်းကြယ်ဆုတစ်ခု (ထုတ်ယူနိုင်ပြီ) ]

[ ငွေစာရင်းရှင်းခြင်း ဆောင်ရွက်နေပါပြီ … ]

[ အလဲအထပ် ပြုလုပ်နေပါပြီ … ]

[ စနစ်ရန်ပုံငွေ : ၅,၉၄၀,၀၀၀ + ၈၄၀,၀၀၀ (+၁,၂၂၀,၀၀၀) ]

[ ပုံသေပိုင်ဆိုင်မှု : မင်ယွမ်ဗီလာရှိ အသေးစား ကော်မာရှယ် ဗီလာ (၈,၄၆၀,၀၀၀) ]

[ ကိုယ်ပိုင်စည်းစိမ် : ၁,၈၃၀,၀၀၀(၁၁,၂၂၀,၀၀၀ x ၁၁၀%) ]

ထိုနံပါတ်တွေကို မြင်သောအခါ ဖေးချမ့် အပျော်လွန်လွန်းသဖြင့် မျက်ရည်တွေတောင် ဝဲလာပါသည်။

လွယ်လွန်းသည်။ နောက်ဆုံးတော့ သူ့ကိုယ်ပိုင်စည်းစိမ်ထဲ ယွမ် ၁ သန်းထက် ပိုသည့်ငွေကို မြင်နိုင်ပါပြီ။

All Chapters