← Chapters

လင်းအာ၏ အသက်ချည်မျှင်(ဃ)

Vol. 42 Ch. 623

လင်းအာ၏ အသက်ချည်မျှင်(ဃ)

Vol. 42 Ch. 623

အကြောင်းအရင်းတချို့ကြောင့် ရွှီချင်းသည် ထိုစကားကိုကြားသည့်အခါ သူ၏ နှလုံးသားထဲမှ စူးရှရှ နာကျင်မှုကို ခံစားရလိုက်သည်။ သူ မည်သည့်စကားမှမပြောနိုင်ခင် ဖန်ချွန်လမ်းအဖိုးအိုသည် ခေါင်းလှည့်လိုက်ပြီး သနားဖွယ်ကောင်းစွာ ရယ်လိုက်သည်။ သူ၏ အကြည့်သည် ရွှီချင်းထံမှာ တည်မြဲနေသည်။ သူ၏ မျက်လုံးသည် သွေးရောင်လွှမ်းနေပြီး မျက်လုံးတစ်ခုလုံးကို သွေးကြောများက အပြည့်ဖုံးလွှမ်းထားလေရာ သွေးနီရောင်အလင်းသည် သူ၏ မျက်လုံးထဲမှ ထွက်ပေါ်နေလေသည်။

“ လင်းအာက ငါ့သမီး… မြွေဖြူ… ရေသူကျွန်းမှာ မင်းမြင်ခဲ့တာက သူ့ရဲ့ အသွင်ပြောင်းပထမပုံစံ ”

“ မင်းကိုယ်ပေါ်က ရွှေချည်မျှင်က သူ့ရဲ့အသက်ချည်မျှင်… အဲ့ဒါက မင်းရဲ့ ကံကောင်းမှုကို တိုးပွားစေပြီး မင်းရဲ့ ကဒ်ဘေးဒုက္ခတွေကို တားဆီးပေးတယ်… တကယ်လို့ မင်းသေရင် သူသေလိမ့်မယ်… ဒါပေမဲ့ သူသေရင် မင်းကတော့ ဘာမှဖြစ်မှာမဟုတ်ဘူး ”

ဖန်ချွန်လမ်းအဖိုအိုသည် အံတင်းတင်းကြိတ်ပြီး ပြောသည်။

ရွှီချင်း၏ အသိစိတ်သည် တုန်လှုပ်သွားသည်။

“ လင်းအာက မင်းကြောင့် သုံးကြိမ်ဒဏ်ရာရခဲ့တယ်… သုံးကြိမ် ”

“ တကယ်လို့ မင်းငါ့ကို မယုံဘူးဆိုရင် သေချာပြန်စဉ်းစားကြည့်… ပထမအကြိမ်က လွန်ခဲ့တဲ့နှစ်နှစ်ကျော်လောက်တုန်းက ”

“ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကြားမှာ အချိန်သိပ်မကြာဘူး ”

ရွှေချည်မျှင်က သူ့အား အကူအညီပေးခဲ့သည့် အကြိမ်တိုင်းကို ပြန်တွေးမိသောအခါ ရွှီချင်း၏ အသိစိတ်သည် မုန်တိုင်းထန်လာပြီး အသက်ရှူသံသည် အလွန်မြန်ဆန်လာသည်။ ရွှေချည်မျှင် ပထမအကြိမ် ပေါ်ထွက်လာချိန်သည် လွန်ခဲ့သော နှစ်နှစ်ကျော်က သူ ပင်လယ်အလောင်းကောင်မျိုးနွယ်၏ ကုန်းမြေပေါ်မှာ ရှိနေခဲ့စဉ်က ဖြစ်၏။ သူသည် သေခြင်းရှင်ခြင်းစက်ဝန်းကို ဟန့်တားရန် ချီယွဲ့ထုံဂိုဏ်း၏ ဓမ္မတားမြစ်ရတနာကို ငှားယူခဲ့သည်။

ထိုသေခြင်းရှင်ခြင်းအခြေအနေတွင် သူသည် ၁၂၁ခုမြောက် ဓမ္မတံခါးကို ဖွင့်လှစ်နိုင်ခဲ့သည်။

ထိုအချိန် သူ့အတွက် အန္တရာယ်အရှိဆုံး အခြေအနေမှာ ရွှေချည်မျှင်သည် ထွက်ပေါ်လာပြီး သူ၏ အခက်အခဲကို ဖြေရှင်းပေးခဲ့သည်။

သိပ်မကြာမီ သူနှင့် ခေါင်းဆောင်တို့ ဝိညာဉ်တော်သုံးပါးတောင်ကုန်းမှ ထွက်ခွာလာကြစဉ် သူသည် လမ်းတစ်လျှောက်၌ အဆိပ်တားမြစ်ဆေးလုံးကို တတိယနတ်နန်းတော်ထဲသို့ ထည့်သွင်းရန် ကြိုးစားခဲ့သည်။ အဆုံးမှာတော့ အလွန်အန္တရာယ်ရှိသော အခြေအနေမှာ ရွှေချည်မျှင်သည် ထပ်မံပေါ်ထွက်လာခဲ့ပြီး သူ၏ အခက်အခဲကို ကူညီဖြေရှင်းပေးခဲ့သည်။

“ တတိယအကြိမ်ရှိသေးတယ် ”

ရွှီချင်းကို အော်ပြောနေလျက် အဖိုးအို၏ မျက်လုံးထဲမှာ ဝမ်းနည်းပူဆွေးခြင်းနှင့် ပြည့်နှက်လာသည်။

“ တတိယအကြိမ်က သိပ်မကြာသေးဘူး… မင်း ဘာနဲ့တွေ့ကြုံနေရလဲ ငါမသိဘူး… ဒါပေမဲ့ အဲ့ဒါက သေခြင်းရှင်ခြင်းကဒ်ဘေးဖြစ်ရမယ်… မင်းဘယ်လို အသက်ရှင်နိုင်ခဲ့တယ်လို့ထင်လဲ… ဟင်း… ”

“ အဲ့ဒါ လင်းအာကြောင့်ကွ… လင်းအာက အမွေအနှစ်ဆက်ခံနေချိန် မင်းရဲ့အန္တရာယ်ကို ခံယူလိုက်ရတယ် ”

“ ပြီးတော့ မနေ့ညက… သူ အမွေအနှစ်ဆက်ခံတာ ကျရှုံးသွားတယ် ”

အဖိုးအိုသည် အော်ငိုကြွေးသည်။ သူ့အသံသည် အလွန်သနားစရာကောင်းသည်။

ရွှီချင်း၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ခါလာပြီး သူ၏ အသိစိတ်ထဲမှာ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ မြည်ဟိန်းထွက်လာသည်။ မိုးကြိုးသန်းပေါင်းများစွာက သူ၏ အသိစိတ်ထဲမှာ တစ်ပြိုင်နက် ပေါက်ကွဲသွားကြသည့်အလားပင်။

ငယ်စဉ်ကလေးဘဝတည်းက အဖြစ်အပျက်ဆိုးနှင့် တွေ့ကြုံခဲ့ရပြီး အကြင်နာမဲ့ရက်စက်သော ဤလောကကြီးထဲမှာ အသက်ရှင်နိုင်ရန် ကြိုးစားရုန်းကန်နေရသော သူ့အတွက် အကယ်၍ သူ၏ ရန်သူအားလုံးကို မသတ်နိုင်လျှင် သူစိတ်အေးရလိမ့်မည်မဟုတ်ချေ။ သူသည် အသေးအမွှား မကျေနပ်မှုအတွက်ပင် ပြန်လည်လက်စားချေမည့်သူ ဖြစ်၏။

ထို့အတူ သူသည် ကျေးဇူးတရားအကြွေးကို ပိုပြီးတန်ဖိုးထားပေသည်။ သူသည် ခေါင်းဆောင်လဲ့၊ သမားတော်ကြီးပိုင်၊ သတ္တမသခင်ကြီးနှင့် ဆဌမအရှင်သခင်တို့၏ ကျေးဇူးတရားများကို နက်နက်ရှိုင်းရှိုင်း မှတ်မိသည်။

“ သူ… သူက ငါ့အန္တရာယ်ကို ခံယူလိုက်တယ်… ”

ရွှီချင်း၏ တစ်ကိုယ်လုံးမှ သွေးသည် တစ်ခါမှမဖြစ်စဖူး အလျှင်အမြန် စီးဆင်းလာသည်။ သူက ဆတ်ခနဲ ခေါင်းလှည့်လိုက်ပြီး ငိုကြွေးနေသော အဖိုးအိုကို ဖမ်းဆုပ်လိုက်သည်။ သူ၏ မျက်လုံးထဲမှ စူးရှသော အလင်းတစ်ခု ပေါ်ထွက်လာသည်။

“ သူအခု ဘယ်လိုနေလဲ ”

ရွှီချင်းသည် အဖိုးအိုကို တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်လိုက်သည်။ အရိုးအက်ကွဲသံများသည် လေထဲသို့ ပဲ့တင်ထပ်သွားသည်။ သို့သော်လည်း အဖိုးအိုသည် ထိုနာကျင်မှုကို သတိပြုမိရန် မေ့လျော့နေသည်။ သူ၏ စိတ်ထဲမှာ ရွှီချင်းက ပို၍အားသုံးလေ လင်းအာကို ကယ်တင်နိုင်ရန် အခွင့်အရေးပိုများလေဟု မှတ်ယူထား၏။

ထိုအဓိပ္ပာယ်မှာ တဖက်လူက သူ့သမီးကို ဂရုစိုက်သည်ဟု ဆို၏။

“ အမွေအနှစ်ကျရှုံးခဲ့တယ်… သူ့ဝိညာဉ်က ချောက်နက်ထဲကို ကျသွားပြီ… ”

ရွှီချင်းသည် တိတ်ဆိတ်သွားသည်။ အလင်းအခုံးများသည် သူ၏ ဦးခေါင်းထက်မှာ အကြမ်းပတမ်း ပေါ်ထွက်လာကြသည်။ ငရဲဝိညာဉ်သွေးအတောင်ပံသည် သူ၏ နောက်ကျောမှာ ဒြပ်ထည်ဖြစ်တည်လာသည်။ မိုဆာဆောသည် သူ၏ ခြေဖဝါးအောက်မှာ ထွက်ပေါ်လာပြီး နာကွဲလုမတတ် ကျယ်လောင်သော ဟိန်းသံကို ထုတ်ဖော်လိုက်သည်။ အရိပ်လေးသည်လည်း ပေါ်ထွက်လာပြီး သူ့ကို လွှမ်းခြုံလိုက်သည်။ နတ်နန်းတော်ဆယ်ခုကို ကျော်လွန်သွားသော သူ၏ ရုပ်ခွန်အားသည် ကောင်းကင်အထိ ထိုးတတ်သွားသည်။

“ လမ်းညွှန်စမ်း ”

ရွှီချင်း၏ အသံသည် အက်ကွဲနေသည်။ သူ၏ မျက်လုံးထဲမှာ ဆုံးဖြတ်ချက်ပြတ်သားသော အရိပ်အယောင် ပေါ်လွင်နေ၏။ သူသည် စကားပြောနေရင်း ဖန်ချွန်လမ်းအဖိုးအိုကို ဆုပ်ကိုင်လျက် အရှေ့သို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။

သူ၏ အမြန်နှုန်းသည် အလွန်မြန်ဆန်လေရာ တည်နေရာပြောင်းရွှေ့ခြင်းနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ရွှီချင်း၏ အလျင်ကြောင့် လေထုဆုတ်ဖြဲသံသည် ကျယ်လောင်သော ပေါက်ကွဲသံအဖြစ် ပေါ်ထွက်လာသည်။ ယင်းသည် ရွှီချင်း၏ အမြန်ဆုံးအလျင် ဖြစ်၏။

သူဖြတ်ကျော်သွားသည့်နေရာတိုင်း ကောင်းကင်သည် လှုပ်ခါသွားပြီး အဆုံးမရှိသော လှိုင်းဂယက်များသည် ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားကြသည်။

သစ်ဝိညာဉ်မျိုးနွယ်သည် ကမ္ဘာနှင့် သီးခြားခွဲထွက်နေသော မျိုးနွယ်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် တည်နေရာပြောင်းရွှေအစီအရင်များကို တည်ဆောက်မထားကြပေ။ သို့သော်လည်း သူတို့၏ တည်နေရာသည် ဒေသငယ်မြို့တော်နှင့် သိပ်မကွာဝေးချေ။ သို့ဖြစ်၍ အဖိုးအိုသည် ညတစ်ဝက်အချိန်ဖြင့် မြို့တော်သို့ ရောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ရွှီချင်းသည် သစ်ဝိညာဉ်မျိုးနွယ်၏ မြစ်ဝှမ်းဒေသသို့ တစ်နာရီမပြည့်မီအချိန်မှာပင် ရောက်ရှိသွားသည်။

All Chapters