အဆင့်ချိုးဖျက်တက်လှမ်းခြင်း
Vol. 27 Ch. 392
သူ့အတွက် ပင်လယ်ရေမျက်နှာပြင်တွင် ကူးခတ်ဖို့က ပို၍ပို၍ ခက်ခဲလာ၏။
လှိုင်း၏ စွမ်းအားက ပိုမိုကြမ်းတမ်းလာပြီး အညှာအတာမဲ့ ရိုက်ခတ်မှုများအောက်၌ ဆူဇီမို၏ ခန္ဓာကိုယ်က ပြိုကွဲစပြုလာလောပြီ။ သူ့အင်္ဂါများက အပြင်းအထန် တုန်ခါလာပြီဖြစ်၏။
ထိုအတိုင်းသာ ဆက်သွားနေလျှင် သူက ဧကန်မုချသေရပေတော့မည်။
ထိုသို့ဖြင့် ဆူဇီမိုသည် အသက်ပြင်းပြင်းရှိုက်သွင်း၍ ပင်လယ်အောက်ခြေသို့ ငုပ်လျှိုးလိုက်ခဲ့လေသည်။
ပင်လယ်အောက်ခြေက အရိုးဖြူများနှင့် ပြည့်နေ၏။
ထိုသူများမှာ မရေမတွက်နိုင်သော နှစ်များအတွင်း.. စိတ်ဝိညာဉ်ပင်လယ်တွင်း သေဆုံးခဲ့ကြသော လက်ရွေးစင်များပင် ဖြစ်ကြလေသည်။ ဆူဇီမိုသည် သူတို၏ အရိုးများကို နင်းဖြတ်၍ ရှေ့သို့ ဖြည်းဖြည်းချင်းတက်သွားနေ၏။
ကြောက်မက်ဖွယ်ရာ ရိုင်းစို်ငးကြမ်းကြုတ်သော လှိုင်းလုံးကြီးများ မရှိသောကြောင့် ပင်လယ်အောက်ခြေက ရေမျက်နှာပြင်ထက်စာလျှင် များစွာပို၍ တည်ငြိမ်လေသည်။ သို့သော်လည်း အဲ့ဒီမှာ အောက်ခင်းစီးကြောင်းတော့ ရှိလေသည်။
ပင်လယ်အနက်ပိုင်းထဲတွင် ဆူဇီမိုသည် ရေစီးကြောင်းကိုဆန်တက်ရပြီး အဆုံးမဲ့ဆေဘာချီများ၏ ဖိအားကိုလည်း ပိုမိုတောင့်ခံရလေသည်။
အောက်ခင်းစီးကြောင်းကြောင့် သူသည် နောက်ပြန်လန်ကျရသည့် အကြိမ်ပေါင်းများစွာ ရှိခဲ့လေသည်။
အချိန်ကျလာသည်နှင့်အမျှ ဆူဇီမို၏ ခန္ဓာကိုယ်တွင်းရှိ ဆေဘာချီများက သူ၏ အကန့်အသတ်ကို ရောက်ရှိလာလေပြီ။
ထက်ရှသော ဆေဘာချီများကြောင့် သူ၏ အသား၊ သွေးကြောများ၊ အရွတ်များ၊ အရွတ်များနှင့် အင်္ဂါများပေါ်မှာ ဒဏ်ရာများက ပေါ်လာ၏။ ဆူဇီမို၏ အရေပြားက စတင်ကွဲထက်ပြီး သွေးများက စိမ့်ထွက်လာပြီဖြစ်လေသည်။
ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင်ပင့်ကူအိမ်ကွက်များ ပေါ်လာပြီး ကြည့်ရသည်မှာ လွန်စွာ ကြောက်စရာကောင်းနေ၏။
သူက ညည်းတွားလိုက်ပြီး သွားနေသည်ကို ရပ်တန့်လိုက်၏။
ဒီအတိုင်းသာ ဆက်သွားနေလျှင် ဆေဘာချီများကြောင့် သူ့အသက်ဓါတ်က အပြီးသတ် ဖျက်ဆီးခံရပေတော့မည်။
ဆူဇီမိုက မြေကြီးပေါ်မှာ ထိုင်ချလိုက်ပြီး သူ့သွေးချီစွမ်းအားကို ထုတ်ဖော်လိုက်၏။
သူက အခုဆို ပင်လယ်ကြမ်းခင်းမှာ ရောက်ရှိနေတာကြောင့် သူ၏ သားရဲကျင့်ကြံခြင်း ပေါ်ပေါက်သွားမှာကို စိုးရိမ်မနေပေ။
ဆူနာမီအသံ၊ မိုးကြိုးဟည်းသံ၊ ကျားနှင့်ကျားသစ်တို့၏ ဟိန်းဟောက်သံများနှင့်အတူ သူ့ခန္ဓာကိုယ်ထဲမှ ကြောက်စရာကောင်းသည့်ပုံစံနှင့် ရင်းနှီးခဲ့ဖူးသလို အသံတစ်ခုကပါ ထွက်ပေါ်လာ၏။
နဂါးဟိန်းသံ..
ဆူဇီမို၏ စိတ်အာရုံထဲ အတွေးတစ်ခုက ဖျတ်ကနဲ ဝင်ရောက်လာ၏။
ဤစတုတ္ထအသံသည် ကမ္ဘာဦးအပျက်အစီးနယ်မြေမှာတုန်းက သူကြားခဲ့ဖူးသော နဂါးဟိန်းဟောက်သံပင် ဖြစ်လေသည်။ ၎င်းသည် ကမ္ဘာဦးခေတ်၏ ကျယ်ပြောမှု၊ ခမ်းနားထည်ဝါမှု၊ တည်ကြည်လေးနက်မှုတို့ကို ပိုင်ဆိုင်ထားလေသည်။
ဆူဇီမို စားခဲ့သော နဂါးဥတစ်ဝက်က သူ့ခန္ဓာကိုယ်ထဲတွင် ဖျောက်ဖျက်လို့မရသော အမှတ်အသားများကို ချန်ထားခဲ့လေသည်။
တစ်ချိန်တည်းမှာပင် သူသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်၏ မနောသုတ္တန်နည်းစနစ်ကို စတင်လှည့်ပတ်ဖော်ဆောင်လိုက်၏။
သူသည် အသက်ရှင်ချင်လျှင် အရင်ဆုံး သူ့ကိုယ်တွင်းရှိ ဆေဘာချီများကို ဖိနှိမ်ရပေမည်။
စစဦးချင်း ခန္ဓာမီးဆေးကြံ့ခိုင်အပိုင်းမှ အရွတ်အသွင်ပြောင်းလဲခြင်း၊ အရိုးကြံ့ခိုင်စေခြင်း၊ ခြင်ဆီသန့်စင်ခြင်းနှင့် အင်္ဂါသန့်စင်ခြင်းတို့ကို သူလုပ်ဆောင်ပြီးနောက် နောက်ဆုံး ဒွာရရှင်းလင်းခြင်းမှာ အဆုံးသတ်သွားလေသည်။
ဆူဇီမို၏နောက်တွင် ကျွဲရိုင်းသားရဲဘုရင်တစ်ကောင်က ပေါ်လာလေသည်။ ကောင်းကင်ဘုံကိုဖြတ်၍ ထွန်ယက်လှန်လှောပြီးနောက် သူ၏ ဦးချိုနှစ်ဖက်က လှံသွားလိုထက်ရှကာ သူ့ခေါင်းကို ဒေါသတကြီး ပင့်ကော်နေ၏။ မိုးကောင်ကင်ကိုပင် ဆုတ်ဖြဲပစ်တော့မလိုပင်။
ခဏနေပြီးနောက် နောက်ထပ်ပုံရိပ်ယောင်တစ်ခုက ပေါ်လာ၏။ ဒီတစ်ကြိမ်တွင်တော့ အဲ့ဒါက ကြီးမားသည့် ဝက်ဝံသားရဲကြီးဖြစ်ပြီး မတ်မတ်ရပ်ကာ ကောင်းကင်ကိုမော့၍ ဟိန်းဟောက်နေ၏။
ထို့နောက် အေးစက်စက်မျက်လုံးကြီးများနှင့် အနာကွန်ဒါတစ်ကောင်က လှည့်ပတ်လာ၏။
ငွားငွားစွင့်စွင့်နှင့် မျောက်ဝံသားရဲကြီးကလည်း နီမြန်းနေသော မျက်လုံးကြီးများနှင့် မတ်တပ်ရပ်ကာ အရိုင်းဆန်ဆန်ဟိန်းဟောက်၍ ရင်ဘတ်ကိုလက်ဖြင့်ထုရိုက်၊ ခြေကိုဆောင့်နင်းနေ၏။ တဘုန်းဘုန်းနှင့် မြည်လာသောအသံက ကောင်းကင်ဘုံက နတ်ဘုရားဗုံကို တီးခတ်နေသလိုပင်။
သူ့နောက်ကျောဘက်တွင် အရိုးဆူးချွန်များနှင့် နတ်မြင်းတစ်ကောင်က ဒုန်းစိုင်းပြေးလာ၏။ ၎င်း၏ ခွာကျရာ လေဟာနယ်က ကြောက်စရာကောင်းလောက်အောင် ကွဲအက်သွားလေသည်။
ထို့နောက် အဖြူရောင်ကျားနှင့် စိတ်ဝိညာဉ်ကျားသစ်တို့၏ ပုံရိပ်ယောင်များက ပေါ်လာကာ သူတို့၏ ကြောက်စရာကောင်းသည့် အစွယ်များကို ဖြဲကာ ရှေ့သို့ခုန်အုပ်တော့မလိုပင်။
ဆူဇီမို၏ ခန္ဓာကိုယ်ပတ်လည်တွင် မိုးကြိုးလျှပ်စီးများက ရစ်ခွေပတ်၍ တဖျတ်ဖျတ်တလက်လက် ဖြစ်နေ၏။
လျှပ်စီးပင်လယ်ထဲတွင် သားရဲဘုရင်များစွာ၏ ပုံရိပ်ယောင်များက ပေါ်လာပြီး ကောင်းကင်ထက်သို့ ဟိန်းဟောက်ကာ အဆုံးမဲ့စွမ်းအားများကို ထုတ်ဖော်ပြီး ဆူဇီမို၏ ကိုယ်တွင်းရှိ ဆေဘာချီများနှင့် ဆန့်ကျင်တိုက်ခိုက်ကြလေသည်။
လူတိုင်း၏ ရှေ့မှာပင်.. ပုံမှန်အခြေအနေသို့ ပြန်ရောက်လာသော ပင်လယ်ရေမျက်နှာပြင်က ရုတ်တရက် နောက်တစ်ကြိမ် စတင်ရုန်းကြွလာပြီး ကြီးမားသည့် လှိုင်းလုံးကြီးများကလည်း ဘာမပြောညာမပြောနှင့် ပေါ်ပေါက်လာလေသည်။
ရှေးဟောင်းခေတ်မှ ကြောက်စရာကောင်းသည့် သက်ရှိတစ်ကောင်က ပင်လယ်ရေအောက်တွင် နိုးထလာနေသလိုပင်။
“အဲ့လူက မသေသေးတာများလား”
“အဲ့ဒါ အဲ့ဒါက မဖြစ်နိုင်ဘူးမလား”
ကျင့်ကြံသူများသည့် သံသယဖြင့် ပြည့်လာကြ၏။
ပိုင်ယု၏ မျက်လုံးများထဲတွင်လည်း ဒွိဟဖြစ်လာ၏။
. . .
ပင်လယ်ထဲအနက်ပိုင်းတွင်..
ဆေဘာချီများသည် ထကြွသောင်းကျန်းကာ ကုတ်ခြစ်၍ ဆူဇီမို၏ ခန္ဓာကိုယ် အတွင်းနှင့်အပြင်ဘက်တွင် ဒဏ်ရာများကို ဖြစ်ပေါ်လာစေ၏။
ဒဏ်ရာများမှ သွေးများထွက်လာချိန်တွင် ဆူဇီမို၏ မျိုးဆက်သွေးက ရုန်းကြွအော်မြည်လာပြီး ဒဏ်ရာများကို ပြန်လည်အားဖြည့်ကုသနေ၏။
ဖျက်ဆီးခြင်းနှင့် ပြန်ကုစားခြင်း.. ဖျက်ဆီးခြင်းနှင့် ကုသခြင်း..
ထိုစက်ဝန်းက ဆက်လက်လည်ပတ်နေ၏။
ပြင်းထန်သောနာကျင်မှုက ဆူဇီမို၏ အာရုံကြောများကို ထိုးဆွနေ၏။
သို့သော်လည်း သူအကြည့်က ပို၍ ပြင်းပြတောက်ပလာ၏။
ထိုစက်ဝန်းအောက်တွင် ဆူဇီမို၏ အသွေး၊ အသား၊ အရွတ်များ၊ အရိုးများ၊ မရီးဒါန်များနှင့် အင်္ဂါများက နောက်တစ်ကြိမ်ထပ်၍ အသွင်ပြောင်းလဲမှု ဖြစ်လာနေ၏။ သိပ်မကြာလိုက်ပေ.. သူ၏ ပါးစပ်ဒွာရက ရှင်းလင်းပြီးသာ ဖြစ်သွား၏။
သူသည် ဆေဘာဧကရာဇ်၏ အမွေအနှစ်ကို ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ.. ဤခရီးက အချည်းနှီး မဖြစ်တော့ပေ။
ယခုကဲ့သို့ ဖိအားမျိုးနှင့် မကြုံရဘဲနှင့် သူ့ပါးစပ်ဒွာရကို တစ်လအတွင်း ရှင်းလင်းနိုင်ဖို့က မဖြစ်နိုင်ပေ။
အတန်ကြာပြီးနောက် ဆူဇီမို၏ ခန္ဓကိုယ်က တသိမ့်သိမ့်တုန်သွားပြီး.. သူက ရုတ်တရက် ပါးစပ်ကို ဖွင့်ဟ၍ ဟိန်းဟောက်လိုက်၏။
ပုံမှန်ဆိုလျှင် ပတ်ဝန်းကျင်၏ ကြောက်စရာကောင်းသော ဖိအားအောက်တွင် သူ့ပါးစပ်ထဲသို့ ပင်လယ်ရေများက တိုးဝင်လာပေလိမ့်မည်။ ထိုသို့ပြုမူခြင်းက သက်သက် သေချင်လို့ပင်။
သို့သော်လည်း သူ့ဟိန်းဟောက်လိုက်သောအခါ သူ့နောက်ဘက်ရှိ သားရဲဘုရင်များ၏ ပုံရိပ်ယောင်များကလည်း တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြ၏။
မြောက်များလှစွာသော အသံလှိုင်းများက ထွက်ပေါ်လာပြီး အတောမသတ်သည့် လှိုင်းဂယက်များက ဖြစ်ပေါ်လာကာ သူ့ဘေးပတ်လည်ရှိ ပင်လယ်ရေများကို နောက်သို့ ဖိအားပေးတွန်းထုတ်လိုက်၏။
သူ့ပါးစပ်ဒွာရက ရှင်းလင်းသွားလေပြီ။
မရှင်းလင်းရသေးသည်မှာ သူ၏ မျက်လုံးဒွာရများသာ ရှိတော့လေသည်။
ဟိန်းဟောက်သွားပြီးနောက်.. ပင်လယ်ရေများက ပို၍ပင် အရိုင်းဆန်ကြမ်းကြုတ်လာသောပုံစံနှင့် ဆူဇီမိုကို ဆွဲပြန်နှစ်လိုက်၏။ ၎င်းက ရန်စစော်ကားခံလိုက်ရသည့်အလား.. ဆေဘာချီများက ပို၍ ရိုင်းစိုင်းပြင်းထန်လာလေသည်။
ဖျောက်.. ဖျောက်.. ဖျောက်..
သားရဲဘုရင်များ၏ ပုံရိပ်များက ပြန့်ကျဲ ဖျော့တော့သွားလေသည်။
နောက်ခဏ၌ ပို၍ပင် ကြောက်စရာကောင်းသောအော်ရာက ထွက်ပေါ်လာ၏။
ဆူဇီမို၏ နောက်တွင် သွေးနီရောင်လိပ်ပြာတစ်ကောင်က ပေါ်လာ၏။ ၎င်း၏ တောင်ပံများပေါ်တွင် လခြမ်းကွေးနှစ်ခုကို ခပ်နှိပ်ထားသလိုနှင့် တစ်ကယ်အစစ်အမှန်အတိုင်းပင်။
ချက်ချင်းပင် ပင်လယ်ရေက တည်ငြိမ်ကျသွား၏။ စောစောက အော်ရာကြောင့် ကြောက်လန့်တုန်လှုပ်၍ တောင့်ခဲသွားသလိုပင်။
သွေးနီရောင်လိပ်ပြာက သူ့တောင်ပံများကို ညင်သာစွာ ခတ်လိုက်သောအခါ ဆူဇီမို၏ ကိုယ်တွင်းရှိ ထကြွသောင်းကျန်းနေသော ဆေဘာချီများသည် ဖိနှိမ်ခံလိုက်ရသလို ချက်ချင်း ငြိမ်သက်ကျသွား၏။
ထိုနောက် သွေးနီရောင်လိပ်ပြာသည် ဘယ်တုန်းကမှ ပေါ်မလာခဲ့သည့်အလား ပျောက်ချင်းမလှ ပျောက်ကွယ်သွားလေသည်။
ယခု ဆေဘာချီများက မထကြွနိုင်တော့သောအခါ ဆူဇီမို၏ ခန္ဓာကိုယ်ထဲတွင် အသန့်စင်ဆုံး စိတ်ဝိညာဉ်ချီများသာလျှင် ကျန်ရစ်ခဲ့လေသည်။.
ဆူဇီမို၏ ဒါန်ထျန်တွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် လျှင်မြန်စွာ တိုးပွားလာလေသည်။
သူသည် မရီးဒါန်ငါးခုအခြေတည်အဆင့်သို့ တက်လှမ်းထားသည်မှာ သိပ်မကြာသေးပေ။ သို့သော် ယခုအခါ သူ၏ ငါးခုမြောက်မရီးဒါန်က သန့်စင်ကြွယ်ဝသော စိတ်ဝိညာဉ်စွမ်းအင်များနှင့် လုံးဝ ပြည့်နှက်လာလေသည်။
စိတ်ဝိညာဉ်စွမ်းအင်များက ထကြွလာပြီးနောက် သူ၏ ဆဋ္ဌမမြောက်မရီးဒါန်က ခပ်ရေးရေးစတင်ပေါ်လာလေသည်။
အတန်ကြာပြီးနောက် ဝုန်းကနဲအသံကြီးက မြည်ဟည်းသွားလေသည်။
သူ့အစိမ်းရောင်ဝတ်ရုံအောက်၌ ဆဋ္ဌမမြောက်မရီးဒါန်က ပွင့်လှစ်သွားလေပြီ။
မရီးဒါန်ခြောက်ခုအခြေတည်အဆင့်သို့ တက်လှမ်းခြင်း..
သူ၏ အင်မော်တယ်ကျင့်စဉ်ကော၊ သားရဲကျင့်စဉ်ကောက အဆင့်ချိုးဖျက်တက်လှမ်းခဲ့လေသည်။ သူသည် အခုအခါ ပင်လယ်အောက်ခြေမှာ ရှိနေသော်လည်း သူ့ရင်ဆိုင်နေရသော ဖိအားက သိသိသာသာ လျော့ကျသွားလေသည်။
ဆူဇီမိုသည် ရေစီးကြောင်းကို ဆန့်ကျင့်၍ ရှေ့သို့ဆက်တက်လိုက်၏။
သိပ်မကြာမီ စိတ်ဝိညာဉ်ပင်လယ်က နောက်တစ်ဖန် ပြောင်းလဲလာ၏။
မမြင်ရသော လက်ကြီးတစ်စုံက စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ထိုးနှစ်ပြီး အတင်းအကျပ်အားသုံး၍ မွှေနှောက်လိုက်သလို.. ဧရာမဝဲကတော့ကြီးက ဖြစ်ပေါ်လာပြီး ပင်လယ်ပြင်တစ်ခုလုံးအပေါ်သို့ သက်ရောက်လာလေသည်။
ဆူဇီမိုသည် ထိုဝဲကတော့ထဲသို့ စုပ်ယူခံလိုက်ရပြီး ချာချာလည်သွားလေသည်။ ဝဲကတော့၏ စွမ်းအားအောက်၌ သူ့ခန္ဓာကိုယ်တစ်ခုလုံးက တွန့်လိမ်သွားပြီး ပေါက်ကွဲထွက်တော့မည်ကဲ့သို့ ဖြစ်လာ၏။
သူ့အရွတ်များနှင့် အရိုးများမှ အသံဗလံများ ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် သူ့အင်္ဂါများက နေရာများ ရွေ့ကုန်လေသည်။
ဆူဇီမိုသည် ကပျာကယာပင် သူ့ကိုယ်တွင်းရှိ ဒဏ်ရာများကို ထိန်းချုပ်ဖို့အတွက် သွေးချီကို ထုတ်လွှတ်လိုက်၏။ သူသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို လှည့်ပတ်စီးဖြန်းလိုက်၏။ သူ့ဦးခေါင်းပိုင်းက ဆန်းကြယ်သော အလင်းရောင်ငါးခုဖြင့် တောက်ပလာ၏။ ဒွာရခုနှစ်ခုတွင် သူ့မျက်လုံးဒွာရနှစ်ပေါက်ကသာလျှင် အရောင်မှိန်နေ၏။
သူသာ စောစောက အဆင့်မတက်ရောက်ထားလျှင် ဝဲကတော့၏ စုပ်ယူလှည့်ပတ်အားကြောင့် ဆူဇီမိုသည် အခုလောက်ဆို တစ်စစီစုတ်ပြတ်နေလောက်လေပြီ။
စိတ်ဝိညာဉ်ပင်လယ်ထဲရှိ ပြောင်းလဲမှုက လူအုပ်ကြီးကို နောက်တစ်ဖန် ဆွဲဆောင်သွား၏။
ဝဲကတော့ကြီး ကြောက်စရာကောင်းလွန်းနေ၏။ စကြာဝဠာတစ်ခုလုံးကို စုပ်ယူဝါးမျိုတော့မည့် အာကာသတွင်းနက်ကြီးလိုပင်။
“ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”
“ငါ့ဆရာပြောတာတော့.. ပြီးခဲ့တဲ့နှစ်တစ်ထောင်က ဆေဘာဧကရာဇ်ရဲ့ အမွေအနှစ်ကို ရရှိခဲ့တဲ့သူက စိတ်ဝိညာဉ်ပင်လယ်ထဲကို ဝင်ရောက်ဖြတ်ကျော်တဲ့အခါ အခုလိုဖြစ်ရပ်မျိုး ဖြစ်ခဲ့ဖူးတယ်တဲ့”
“မင်းပြောချင်တာက...”
“ကြည့်ကြည့်.. ဝဲကတော့ထဲမှာ တစ်ယောက်ယောက် ရှိနေသလိုပဲ”
ကျောက်တန်းပေါ်၌ ပိုင်ယု၏ မျက်နှာအမူအယာက အလွန်တရာ ပုပ်သိုးပျက်စီးလာလေသည်။