ရွှမ်ထျန်းမြို့မှ အပြောင်းအလဲ
Vol. 27 Ch. 396
ကွာဟချက်က ကြီးမားလွန်း၏။
အစတုန်းကတော့ ပိုင်ယုသည် သူ၏ ဆေဘာနည်းစနစ်ဖြင့် အသာစီးရယူနေ၏။
သို့သော် ယခု ဆူဇီမိုက တန်ပြန်စီးကြောင်းအားကို နားလည်သဘောပေါက်သွားပြီးနောက် ပိုင်ယု၏ အားသာချက်က ရှိမနေတော့ပေ။
ဒါ့အပြင် ဒွာရရှင်းလင်းခြင်းအပိုင်းမှာ စဦးကျွမ်းကျင်တတ်မြောက်မှုကို ရရှိခဲ့ပြီးနောက် ဆူဇီမို၏ ခွန်အားက သိသိသာသာ တိုးလာခဲ့လေသည်။ ယခုအခါ သူက ပိုင်ယုကို အပြန်အသတ် ဖိနှိမ်ထားနိုင်လေပြီ။
အဲ့ဒါက ခုတ်ချက်တစ်ချက်တည်းသာ ဖြစ်လျှင်တောင် ပိုင်ယုက အပြင်းအထန် ဒဏ်ရာရရှိသွားလေပြီ။
အေးစက်စက် အကြည့်နှင့်အတူ ဆူဇီမိုက ဖျတ်ကနဲ ရှေ့သို့ ခုန်တက်ပြီး ဆေဘာကို မကာ ပိုင်ယုနောက်ကို ပြေးလိုက်လေသည်။
ပိုင်ယု၏ မျက်နှာက ကြောက်လန့်တကြားနှင့် ဖြူဖတ်ဖြူရော် ဖြစ်သွား၏။ ပြေးဝင်ချလာသော ဆူဇီမိုကို ကြည့်ပြီး.. သူသည် ဆုံးဖြတ်ချက်တစ်ခုကို လျှင်မြန်စွာချကာ သူ့လျှာကို ညင်သာစွာ ကိုက်ချလိုက်၏။ သွေးအဆီအနှစ်များက ပန်းထွက်လာလေသည်။
ဒုတ်.. ဒုတ်.. ဒုတ်..
ပိုင်ယု၏ နုလုံးက ဒေါသတကြီး ခုန်လာပြီး သူ့ရင်အုပ်က နိမ့်ချည်မြင့်ချည် ဖြစ်လာ၏။
နုလုံးတစ်ချက်ခုန်တိုင်း အသစ်ဖြစ်ပေါ်လာသော သွေးများက သူ့ခြေလက်များဆီသို့ စီးဝင်လာလေသည်။
ထိုသွေးများထဲတွင် မီးတောက်အလွှာ ပါးပါးလေးက လောင်ကျွမ်းနေပြီး အဆုံးမဲ့စွမ်းအင်များကို ထုတ်ပေးနေ၏။
“သွေးစတေး ထွက်ပြေးခြင်း”
ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။
ပိုင်ယုသုံးလိုက်သော လျှို့ဝှက်အတတ်ကို သူကောင်းကောင်းသိလေသည်။
ဟိုအရင် မြေအောက်ရှိ ရှေးဟောင်းခေါင်းတလားထဲမှာတုန်းက မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို သူရရှိခဲ့ဖူးပြီး အဲ့ဒီမှာ ထိုကဲ့သို့သော လျှို့ဝှက်အတတ်တစ်ခုကို မှတ်တမ်းတင်ထားခဲ့လေသည်။
တန်လင်းတောင်ကြားတိုက်ပွဲမှာတုန်းက ဆူဇီမိုသည် သွေးစတေးပြေးထွက်ခြင်းကို ထုတ်သုံးကာ ကပ်ဘေးမှ လွတ်မြောက်ရှောင်ရှားနိုင်ခဲ့ပြီး နောက်ဆုံး မဟာကျိုးမြို့တော်သို့ ရောက်လာနိုင်ခဲ့ခြင်း ဖြစ်၏။
သွေးစတေး ထွက်ပြေးခြင်းက တစ်ခါထုတ်ဖော်လိုက်သည်နှင့် ခဏတာ အမြန်နှုန်းကို ဆတက်ထမ်းပိုး မြင့်တက်စေဖို့အတွက် ခန္ဓာကိုယ်ထဲရှိ မျိုးဆက်သွေး၏ သုံးပုံတစ်ပုံကို လောင်ကျွမ်းစေရလေသည်။ ထိုအခါ ကီလိုမီတာရာနှင့်ချီသော အဝေးကို ခဏလေးနှင့် ရောက်ရှိသွားမည် ဖြစ်လေသည်။
ဝှီး..
ပိုင်ယုက မျိုးဆက်သွေးကိုလောင်ကျွမ်းစေ၍ အကွာအဝေးတစ်ခုဆီသို့ အလင်းတန်းတစ်ခုလို လှစ်ကနဲ ပြေးထွက်လိုက်၏။ ခဏလေးအတွင်း သူက ပေတစ်ထောင်အဝေးကို ရောက်သွားလေပြီ။
အရမ်းမြန်လွန်း၏။
တစ်ခါတုန်းက ဆူဇီမိုသည် သွေးစတေးထွက်ပြေးခြင်းကို သုံးပြီး ရွှေအမြုတေများကိုပင် မျက်ခြေဖြတ်နိုင်ခဲ့၏။
အခုအခါ ဆူဇီမိုအနေနှင့် ပိုင်ယုနောက်ကို အမီလိုက်ချင်လျှင် ရွေးချယ်စရာနှစ်မျိုး ရှိလေသည်။
ပထမတစ်ခု.. သူ၏ သားရဲသွင်ပြင်ကိုပြောင်းပြီး သူ၏ သွေးချီကို ထုတ်ဖော်ဖို့ပင်။
ဒုတိယတစ်ခု.. သူကိုယ်တိုင် သွေးစတေးထွက်ပြေးခြင်းကို ထုတ်လွှတ်၍ အမီလိုက်ဖို့ပင်။
ဒီနေရာမှာ ကျင့်ကြံသူများ ထောင်နှင့်ချီ၍ ရှိနေသောကြောင့် ပထမရွေးချယ်စရာက သူ့အတွက် ပြဿနာများစွာ ယူဆောင်လာပေးလိမ့်မည်။
ဒုတိယရွေးချယ်စရာက.. ထိုသို့လုပ်ဖို့ရာ မတန်ပေ။
စဉ်းစားရင်း အနည်းငယ်နှောင့်နှေးသွားသောကြောင့် ဆူဇီမိုသည် ပိုင်ယုနောက် လိုက်ဖို့ကို စွန့်လွှတ်လိုက်ရပြီး သွေးသောက်သူကို သိမ်းကာ သိုလှောင်အိတ်ထဲကနေ ဧရာမလေးကြီးတစ်လက်ကို ဆွဲထုတ်လိုက်၏။
သူက ပိုင်ယုနောက်ကို ဆက်လိုက်တော့မည် မဟုတ်သော်လည်း ဒီအတိုင်းလွှတ်ပေးလိုက်မည်ဟု မဆိုလိုပေ။
လေးကိုင်းက ကွေးညွှတ်သွားပြီး မြားတစ်စင်းက ပြေးထွက်ဖို့ တာစူနေ၏။
စိတ်ဝိညာဉ်အလင်းငါးခုက ဆူဇီမို ထွေးပိုက်ထားသော လပြည့်ဝန်းကြီးဆီမှ ထွက်ပေါ်လာ၏။
ရွှစ်..
မြားတစ်စင်းက လေထုကို ဖြိုခွင်း၍ ပြေးထွက်သွား၏။
သွေးစတေး၍ ထွက်ပြေးနေသော ပိုင်ယုသည် တစ်ခုခုကို အာရုံခံမိလိုက်ပြီး ကာကွယ်ရေးအဆောင်တစ်ခုကို ချိုးချေလိုက်လေသည်။
ဝုန်း..
မြားက ကာကွယ်ရေးအဆောင်ကို ရိုက်ခတ်ပြီးနောက် ကျယ်လောင်သော မြည်သံနှင့်အတူ ပေါက်ကွဲထွက်သွား၏။
ပိုင်ယု၏ ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်သွားပြီး သွေးချောင်းဆိုးကာ ဒယီးဒယိုင်နှင့် လေထဲကနေ လဲကျလုနီးပါး ဖြစ်သွားရ၏။
ဆူဇီမိုက မော့ကြည့်၍ ကျယ်လောင်စွာ အော်ပြောလိုက်၏။
“မင်း အဲ့မြားကို ရှောင်လိုက်နိုင်တာ ကံကောင်းတယ်မှတ်.. ဒီနေ့တော့ ငါမင်းအသက်ကို ချမ်းသာပေးလိုက်မယ်.. ဒါနဲ့ မင်းကူညီပေးလို့ တန်ပြန်စီးကြောင်းအားကို ငါနားလည်ခဲ့ရတာဆိုတော့... ကျေးဇူးပဲကောင်လေး”
ပိုင်ယု၏ အညှာတာမဲ့ ဆက်တိုက် တိုက်ခိုက်မှုအောက်၌ ဆူဇီမိုသည် ပြေးစရာနေရာ မရှိတော့အောင် ဖိအားပေးခံရပြီး တစ်ကယ့်သေရေးရှင်ရေးအခြေအနေတွင် သက်ရောက်အား၏ သဘောတရားကို ဆင်ခြင်နားလည်သဘောပေါက်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
ပိုင်ယုက ခဏလေးမျှ ရပ်တန့်၍ ဆူဇီမိုကို နာကျည်းမုန်းတီးစွာ လှမ်းကြည့်လိုက်၏။
ပိုင်ယု၏ အကြည့်ကို သိရှိလိုက်ပြီး ဆူဇီမိုက ပြုံးစစနှင့် ပြောလိုက်၏။
“အခုကစပြီး ရှေးဟောင်းတိုက်ပွဲမြေမှာ တစ်နေရာရာ မင်းသွားပုန်းနေရင် ကောင်းလိမ့်မယ်နော်.. ငါမင်းကို နောက်တစ်ခါ မမြင်ရစေနဲ့.. နောက်တစ်ခါ တွေ့လို့ကတော့ သွေးစတေးထွက်ပြေးခြင်းကို ထုတ်ဖော်ဖို့တောင် မင်းအချိန်ရတော့မှာ မဟုတ်ဘူး”
ပိုင်ယုက နာကျည်းမုန်းတီးစွာ အံကိုကြိတ်၍ ရှေ့သို့ ဆက်လက်ထွက်ပြေးလိုက်၏။ များမကြာမီ သူက လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။
တစ်ကယ်တော့ ဆူဇီမိုက သူ့နောက်ကို မလိုက်လျှင်တောင် ပိုင်ယုက အခြေအနေ ကောင်းတော့မည် မဟုတ်ပေ။
သွေးစတေးထွက်ပြေးခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်က အလွန်ကြောက်စရာကောင်း၏။
လူသားဖြစ်စေ၊ သားရဲဖြစ်စေ.. သူတို့မျိုးဆက်သွေး၏ သုံးပုံတစ်ပုံကို လောင်ကျွမ်းစေခြင်းက သူတို့ကို အလွန်တရာ အားနည်းသွားစေပေလိမ့်မည်။
ရှေးဟောင်းတိုက်ပွဲမြေတွင် နေရာတိုင်းက အန္တရာယ်များနှင့် ပြည့်နှက်နေ၏။
ပိုင်ယုသာ သွေးစတေးထွက်ပြေးခြင်း အရှိန်မသေခင် ဘေးကင်းလုံခြုံစိတ်ချရသည့်နေရာတစ်ခုကို မရှာဖွေနိုင်လျှင် သူက သေရမည်မှာ ဧကန်မုချပင်။
ဆူဇီမိုက လရောင်ဝှက်လေးကို သိမ်းပြီး လူတိုင်း၏ တုန်လှုပ်နေသော အကြည့်များရှေ့မှာပင် အေးအေးဆေးဆေး ထွက်ခွာသွား၏။
သူသည် ဤခရီးစဉ်မှာ အတော်လေး ရိတ်သိမ်းခဲ့မိလေသည်။
အခုချိန် သူလုပ်ဖို့ ကျန်သည်များမှာ ဆေဘာငါးကွက်နှင့် အကျွမ်းတဝင်ရှိအောင်လုပ်ပြီး အခြားသော ဆေဘာလေးကွက်၏ သက်ရောက်အားများကို နားလည်သဘောပေါက်အောင် ဆင်ခြင်သုံးသပ်ဖို့ပင်။
ဆေဘာကွက်တစ်ခုချင်းစီတိုင်းမှာ အတူညီသော သက်ရောက်အားများ ရှိလေသည်။
ထို့အတူပင် သူတို့၏ စိတ်ဆန္ဒများမှာလည်း ခြားနားကြလေသည်။
လေများကို တစ်ချက်ရှိုက်သွင်းလိုက်ပြီးနောက် ဆူဇီမိုသည် မြေပုံတစ်ခုကို ထုတ်ကြည့်ကာ ရွှမ်ထျန်းမြို့ရှိရာသို့ ပျံသန်းသွားလိုက်၏။
ငါ မြို့ထဲကနေ ထွက်လာခဲ့တာ ဆယ်ရောက်လောက် ရှိသွားပြီ.. ထူးထူးခြားခြား ဘာမှမဖြစ်ပါစေနဲ့လို့တော့ မျှော်လင့်ရတာပဲ..
. . .
ရွှမ်ထျန်းမြို့၏ မြောက်ဘက်တွင်..
ယန်ဆေးဂိုဏ်း၏ ခန်းမနောက်ဘက်ထဲ၌..
ကျင့်ကြံသူများက မကြာ မကြာဆိုသလို ဒေါသတကြီး ခွန်းတုံ့ပြန် ပြောဆိုအော်ဟစ်နေကြပြီး ဆူညံပွက်လောရိုက်နေကြ၏။ ထိုအထဲတွင် စိတ်ဝိညာဉ်တောကောင်များ၏ ဟိန်းဟောက်သံများကပါ ရောပါနေ၏။
ခန်းမနောက်ဘက်၏ ထောင့်တစ်နေရာတွင် အမျိုးသမီးတစ်ယောက်သည် နံရံကို မှီလှဲနေ၏။ သူမသည် သေးသွယ်ကျစ်လစ်လှပသော မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမ၏ မျက်နှာက ဖြူဆုတ်နေ၏။ သူမ၏ နှုတ်ခမ်းများက ခရမ်းရောင်ပြောင်းကာ မျက်လုံးများကို တင်းတင်းမှိတ်ထား၏။ သူမက အသက်ရှင်နေသလားဆိုတာ မသေချာပေ။
သူမက ဆူရှောင်းနင်ပင်။
ရှောင်းနင်၏ ရှေ့တွင် တစ်ကိုယ်လုံး နက်မှောင်နေသော ကြေးခွံများ ဖုံးအုပ်ထားသည့် အရပ်မြင့်မြင့် သန်မာသော သားရဲတောကောင်တစ်ကောင် ရှိလေသည်။ ထိုသတ္တဝါက ဝံပုလွေတစ်ကောင် သို့မဟုတ် ကျားတစ်ကောင်နှင့် ဆင်တူပြီး လက်သည်းများနှင့် သွားများက အလွန်တရာ ထက်ရှကာ ပတ်ဝန်းကျင်ကို သူ၏ နက်မှောင်နေသော မျက်လုံးများနှင့် ရန်လိုစွာ ကြည့်နေ၏။
ထိုသတ္တဝါကတော့ ညဝိညာဉ်ပင် ဖြစ်လေသည်။
ညဝိညာဉ်က ရှောင်းနင်၏ ရှေ့မှာ ရပ်နေပြီး အဖျားမှာ သွေးရောင်တစ်စွန်းတစ်စဖြင့် တောက်နေသော သူ့အမြီးကို ညင်သာစွာ လှုပ်ရမ်းနေ၏။
ညဝိညာဉ်နှင့် မလှမ်းမကမ်းတွင် ခါးမှာ ယန်ဆေးဂိုဏ်းတံဆိပ်ပြား ချိတ်ဆွဲထားသော အလောင်းတစ်လောင်းက ကြမ်းပြင်ပေါ် လဲကျနေ၏။ သူ့နဖူးတွင် သွေးသံရဲရဲ အပေါက်တစ်ပေါက် ရှိနေပြီး ပူပူနွေးနွေးသွေးများက စီးကျနေ၏။
ထိုလူက ညဝိညာဉ်လက်ချက်ဖြင့် သေသွားရသည်မှာ မကြာသေးကြောင်း သိသာလေသည်။
ယန်ကျွင်းသည် ယန်ဆေးဂိုဏ်းသားတစ်အုပ်စုနှင့်အတူ ညဝိညာဉ်နှင့် မျက်နှာချင်းဆိုင်မှာ ရပ်နေကြ၏။ သူတို့အားလုံးက ဒေါသတကြီးနှင့် မချင့်မရဲ မကျေမနပ် ဖြစ်နေကြ၏။
ကျင့်ကြံသူတစ်ယောက်က အော်လိုက်၏။
“တိရစ္ဆာန်ကောင်.. မင်းက ယန်ဆေးဂိုဏ်းက တပည့်ကိုတောင် သတ်ရဲတယ်ပေါ့.. အဲ့အတွက် မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်”
အခြားသော ကျင့်ကြံသူများကလည်း ညဝိညာဉ်ကို လက်ညိုးထိုးကာ မာန်မဲလိုက်ကြ၏။ သူတို့တစ်ယောက်ချင်းစီသည် ဓါးပျံများကို ကိုင်စွဲထားကြသော်လည်း မည်သူမျှ အရမ်းကာရော ဝင်မတိုက်ရဲကြပေ။
စောစောက ထိုသို့ပြုမူခဲ့သော ကျင့်ကြံသူတစ်ယောက်က သေဆုံးရခဲ့ကြောင်း အားလုံး မျက်မြင်ကိုယ်တွေ့ထားလေသည်။
ထိုသူက သူ့ဓါးပျံကိုတောင် မထုတ်နိုင်သေးခင်မှာပင် ညဝိညာဉ်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။
လက်ရှိလူများထံမှ ရန်လိုစိတ်ကို ခံစားမိလိုက်ပြီး ညဝိညာဉ်၏ အကြည့်က အေးစက်လာကာ သူ့ပါးစပ်ကိုဟ၍ ဝမ်းခေါင်းသံနှင့် ကျောချမ်းဖွယ်ရာ မာန်ဖီဟိန်းလိုက်၏။
ညဝိညာဉ် ကြမ်းကြုတ်ပြင်းထန်သော စိတ်နေစရိုက်အရ.. ထိုကျင့်ကြံသူများ အော်ဟစ်ကြိမ်းမောင်း အရှက်ခွဲနေတာကို သည်းခံမည့်အစား.. ဒေါသတကြီးနှင့် ဝင်ရောက်သတ်ဖြတ်ပစ်သည်မှာ ကြာနေလောက်လေပြီ။
ညဝိညာဉ်သည် ခုန်အုပ်ဖို့ ပြင်ဆင်သည့်အနေနှင့် သူ့ခေါင်းကို ဝပ်လိုက်သော အကြိမ်ပေါင်းများစွာ ရှိခဲ့၏။ သို့သော်လည်း သူသည် ဒေါသကို ပြန်မြိုချကာ သည်းခံနေရ၏။
သူက ရံဖန်ရံခါဆိုသလို ဆူရှောင်းနင်ကို ပြန်ပြန် လှည့်ကြည့်နေ၏။ သူမ၏ လုံခြုံမှုကို သူက စိုးရိမ်နေသလိုပင်။ ပြောရမည်ဆိုလျှင် အဲ့မှာ စိုးရိမ်ပူပန်မှုအပြင် စိတ်မလုံမလဲဖြစ်မှုကပါ ရောပါနေလေသည်။.
ညဝိညာဉ်သည် ရှောင်းနင်အနားမှာ ပတ်၍ ကင်းလှည့်နေ၏။
ရှုထောင့်ပေါင်းစုံမှ ဝင်ရောက်လာမည့် ခြိမ်းခြောက်မှုများကို သူပိတ်ဆို့ တားဆီးနိုင်လေသည်။
ထိုအချိန်မှာပင် ယန်ဆေးဂိုဏ်းသားတစ်ယောက်က ယန်ကျွင်းဘေးနား ရောက်လာပြီး အလေးအနက် ပြောလိုက်၏။
“စီနီယာအစ်ကိုယန်.. အဲ့ဆူဇီမိုကို ဂရုစိုက်မနေနဲ့တော့.. ကျတော်တို့အတူ ပေါင်းပြီး ဒီတောကောင်ကို သတ်ရအောင်.. သူ့ဟာသူ ဘယ်လောက်သန်သန် ကျတော်တို့အများကြီးကိုတော့ သူ မခုခံနိုင်ပါဘူး.. ဟုတ်တယ်မလား”
“ဒါပေါ့”
နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ခေါင်းညိတ်လိုက်၏။
“ဂျူနီယာညီဖူ သေသွားရတာကို ဒီအတိုင်း ထားလိုက်လို့ ဘယ်ရပါ့မလဲ.. အကုန်လုံးပဲ ဂျူနီယာညီဖူအတွက် ဒီတောကောင်ကို ဝိုင်းပြီး အမဲဖျက်လိုက်ကြရအောင်”
တည်တံ့လာသော မျက်နှာနှင့် ယန်ကျွင်းက ခဏမျှ စဉ်းစားလိုက်၏။ ရုတ်တရက် သူက လက်မြောက်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။
“အားလုံးပဲ ဒီတောကောင်ကို....”