← Chapters

ဘယ်သူ ငါ့ကို တားနိုင်မှာလဲ

Vol. 27 Ch. 402

ဘယ်သူ ငါ့ကို တားနိုင်မှာလဲ

Vol. 27 Ch. 402

ခန်းမထဲတွင် ဝေ့ချီသည် များပြားလှစွာသော ကျောက်ခဲစများကို ကမန်းကတန်း ရှောင်တိမ်းလိုက်ရပြီး ဣန္ဒြေပျက်ယွင်းကာ ဆိုးဆိုးရွားရွားပုံစံနှင့် တံခါးဘက်ကို လှည့်ကြည့်လိုက်၏။

ကျူးကျော်ဝင်ရောက်လာသူကို သူတွေ့လိုက်ရသောအခါ တုန်လှုပ်သွားကာ အံ့အားတသင့် ရေရွတ်လိုက်၏။

“အ.. အဲ့ဒါ.. ဆူဇီမိုပဲ”

အစတုန်းက တူခိုင်သည် ခန်းမအတွင်းပိုင်းထဲမှာ လွန်စွာဣန္ဒြေရနေ၏။ ထိုအမည်ကို ကြားလိုက်သောအခါ သူ့မျက်လုံးများက မှေးကျဉ်းသွားပြီး အေးစက်စက်အလင်းနှင့် တောက်လာကာ ရက်စက်ဆိုးယုတ်စွာ လှောင်ပြုံးပြုံးလိုက်၏။

“ဟမ့်”

ဆူဇီမို၏အကြည့်က ဝေ့ချီ၏ မျက်နှာပေါ်သို့ ရွေ့လျားသွားပြီး သူ့မျက်လုံးများက ထက်ရှသော သတ်ဖြတ်လိုစိတ်နှင့် အရောင်တောက်လာ၏။ ဖျတ်ကနဲဆို သူက ဝေ့ချီအနားသို့ ရွေ့လျားသွားလေသည်။

အရမ်းမြန်လေသည်။

ဝေ့ချီ၏ အမြင်အာရုံက ဝါးကနဲတစ်ချက်ဖြစ်သွားပြီးနောက် သူ့လည်ပင်းကို ပြုတ်တူနှင့် ညှပ်ထားသလို ခံစားလိုက်ရ၏။ ဆူဇီမိုက သူ့လည်ပင်းကို ညှစ်ပြီး မြေကြီးနှင့် ခြေထောက် လွတ်ထွက်သွားအောင် မတင်လိုက်လေသည်။

“မင်း ငါ့ကို အရင်က မြင်ဖူးတာလား”

ဆူဇီမိုက ဓါးသွားလိုအကြည့်နှင့် အေးစက်စွာ မေးလိုက်၏။

အဆိပ်ဂိုဏ်းသည် ပြီးခဲ့သည့်သုံးရက်လောက်ကမှ ရွှမ်ထျန်းမြို့ထဲကို ဝင်လာခဲ့၏။ ထိုအချိန်တွင် ဆူဇီမိုက မြို့ထဲမှာ ရှိမနေပေ။

အဆိပ်ဂိုဏ်းက သူ့နာမည်ကို ကြားဖူးသည်ဆိုလျှင် သဘာဝကျ၏။ သို့သော်လည်း တစ်ချက်ကြည့်ရုံနှင့် သူ့ကို တန်းပြီးမှတ်မိသည့်သူရှိနေတာကတော့ ထူးဆန်းလေသည်။

ဆူဇီမိုက ဖျစ်ညှစ်လိုက်သောအခါ ဝေ့ချီသည် အသက်ကို မျှင်းမျှင်းသာ ရှူနိုင်တော့ပြီး မခံမရပ်နိုင်တော့သည့်ပုံပေါ်လာ၏။ သူ့မျက်လုံးများက နီရဲလာပြီး မျက်လုံးအိမ်ထဲမှ ပြူထွက်လာ၏။

“ငါ.. မင်းကို.. အဲ့တုန်းက လိုဏ်ဂူခန်းဝါထဲမှာ.. မြင်လိုက်တယ်”

ဝေ့ချီသည့် ထိတ်လန့်ကြောက်ရွံ့နေသော မျက်လုံးများနှင့် အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်၏။

သူနည်းနည်းလေး တုံ့ဆိုင်းမိလျှင်တောင် သူ့ရှေ့မှလူက သူ့လည်ပင်းကို ချိုးပစ်တော့မည်ဖြစ်ကြောင်း သူကောင်းကောင်းသိလေသည်။

“‌အို့”

ဆူဇီမိုသည် ချက်ချင်းသဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်၏။

သူ့စိတ်ထဲမှာ သံသယတစ်ခု အမြဲရှိနေခဲ့၏။

ရွှေအမြုတေ၏ လိုဏ်ဂူခန်းဝါထဲမှာတုန်းက အဆိပ်ဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်အား သူသတ်ခဲ့တာကို ရှေးဟောင်းတိုက်ပွဲမြေ၏ အနက်ပိုင်းထဲမှ သူတို့က ဘယ်လိုလုပ်ပြီး သိသွားရတာလဲပေါ့။

ဒါဆို အဲ့တုန်းက လူအုပ်ကြီးထဲမှာ အဆိပ်ဂိုဏ်းက နောက်ထပ်ကျင့်ကြံသူတစ်ယောက် ရှိနေခဲ့သေးတာကိုး”

“ကောင်းတယ်.. အခု မင်းသေလို့ရပြီ”

ဆူဇီမိုသည် သူ့လက်ချောင်းများထဲသို့ ခွန်အားကိုစိုက်ထုတ်ကာ ဝေ့ချီ၏ လည်ပင်းကို ချိုးချေလိုက်ပြီး အလောင်းကို ဘေးဘက်သို့ ပစ်ချလိုက်၏။

စတင်ချိန်ကတည်းက တူခိုင်သည် တစ်ချက်ကလေး မရွေ့ဘဲ ခန်းမထဲမှာ ထိုင်နေပြီး ဖြစ်ပျက်သမျှကို စူးစမ်းလိုစိတ်၊ သရော်လိုစိတ်နှင့် စိမ်ပြေနပြေ ထိုင်ကြည့်နေ၏။

ခန်းမအပြင်ဘက်တွင် နေရာအဘက်ဘက်မှ အဆိပ်ဂိုဏ်းသားများသည် စတင်စုဝေးလာကြ၏။

“ဆူဇီမို မင်းက သတ္တိတော့ ကောင်းသားပဲ.. အဆိပ်ဂိုဏ်းရဲ့ ပိုင်နက်ထဲကိုတောင် အတင်းဝင်လာရဲတယ်ဆိုတော့.. ဟီးဟီးဟီး” တူခိုင်သည် အမှောင်ထဲမှ တစ္ဆေတစ်ကောင်လို မကောင်းဆိုးဝါးဆန်ဆန် ရယ်လိုက်၏။

“အဆိပ်ဂိုဏ်းလား”

ဆူဇီမိုက လှောင်ရယ်လိုက်၏။

“ငါ့စိတ်ကြိုက် ဝင်ချင်ဝင်မယ် ထွက်ချင်ထွက်မယ်.. ဘယ်ကောင်က ငါ့ကို တားနိုင်မှာလဲ”

“ဟဟဟား.. မိုက်မဲလိုက်တာကွာ၊ ငါတို့ဂိုဏ်းသားတွေကို မင်းစိတ်ရှိတိုင်း သတ်ချင်သလို သတ်လို့ရမယ် ထင်နေတာလား”

တူခိုင်က အားရပါးရ ရယ်မော၍ မတ်တပ်ထရပ်ပြီး ကျယ်လောင်စွာ ကြေညာလိုက်၏။

“အဆိပ်ဂိုဏ်းသားတွေအကုန်လုံးက နဖူးကနေ ခြေဖျားထိ အဆိပ်တွေချည်းပဲ.. မင်းက လက်ဗလာနဲ့ တိုက်ခိုက်တာဆိုတော့ ဒါသက်သက် သေချင်နေတာပဲ.. မင်းလက်ဖဝါးကိုလဲ ပြန်ကြည့်ကြည့်ပါဦးလား.. အညိုရောင်တွေဘာတွေ စသန်းလာပြီလားလို့.. ငါပြောလိုက်မယ်.....”

ဆူဇီမိုက သူ့လက်ဝါးကို ထောင်ပြလိုက်သောအခါ တူခိုင်၏ အသံက ရပ်သွားလေသည်။

သူ့လက်ဖဝါးက ကျောက်စိမ်းလိုချောမွတ် ဖြူဆွတ်နေပြီး အဆိပ်နှင့်တူသည့်အရိပ်အယောင် ဘာမှ မရှိပေ။

တူခိုင်၏ မျက်နှာက ချက်ချင်း ညိုပုပ်သွား၏။

ဝေ့ချီ၏ ကိုယ်ပေါ်ရှိ အဆိပ်က မရဏခုနှစ်မျိုးထဲမှ မဟုတ်သော်လည်း အဲ့ဒါက ရှေးဦးအဆက်နွယ်သားရဲဆယ်ကောင်ကိုတောင် သတ်ဖို့လုံလောက်လေသည်။

ဒါဆို ဆူဇီမိုက ဘာလို့ ပကတိအကောင်းအတိုင်း ရှိနေရတာလဲ..

သူက နည်းနည်းလေးတောင် ကူးစက်မခံရဘူးလား..

တူခိုင်သည် ရှင်းရှင်းလင်းလင်း မြင်နေရ၏။ ဆူဇီမို၏ လက်တွင် လက်အိတ်တွေဘာတွေ ဝတ်ဆင်ထားတာလည်း မရှိပေ။

သူသည် ဦးနှောက်ခြောက်မတတ် စဉ်းစားလျှင်တောင် ဆူဇီမိုသည် ထိုမျှလောက်ထိ ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးသည့် မျိုးဆက်သွေးကို ပိုင်ဆိုင်ထားကြောင်း စဉ်းစားမိမည် မဟုတ်ပေ။

အခြားလူများသည် အဆိပ်ဂိုဏ်းကို သွားမထိသင့်သည့် ကြောက်စရာဌာနတစ်ခုလို မြင်ကြလေသည်။ သို့သော် အဲ့ဒါတွေအားလုံးက ဆူဇီမိုအတွက် ဘာမှမဟုတ်ပေ။

အဆိပ်ဂိုဏ်း၏ မရဏခုနှစ်မျိုးကသာလျှင် ဆူဇီမိုကို ခြိမ်းခြောက်နိုင်ကောင်းလေသည်။

“မင်းက တူခိုင် ဟုတ်လား.. မင်းလွှတ်လိုက်တဲ့ အဆိပ်ဂိုဏ်းက ကျင့်ကြံသူ ပြန်အလာကို စောင့်နေတာဆိုရင်တော့.. မျှော်မနေနဲ့တော့.. မြို့မြောက်ဘက်က လမ်းမပေါ်မှာ အဲ့ကောင်က သေသွားပြီ”

ဆူဇီမိုသည် ခြေလှမ်းကျဲကြီးများနှင့် တူခိုင်ဆီသို့ လျှောက်လှမ်းလာ၏။

“နောက်ပြီး.. ငါ့ညီမကလဲ ဘာအသက်အန္တရာယ်မှ မရှိတော့ဘူး.. ကြားရတာတော့ မင်းစိတ်ပျက်နေမှာပဲ”

တူခိုင်၏ အကြည့်က အေးစက်ခက်ထန်လာပြီး ဆူဇီမိုက ချည်းကပ်လာနေစဉ်မှာပင် သူက ရုတ်တရက် ခြေကို ဆောင့်နင်းချလိုက်၏။

ဆူဇီမို၏ စိတ်ထဲတွင် သတိပေးချက်က ချက်ချင်းမြည်လာပြီး သူ့ခြေထောက်များက ယိုင်သွား၏။ ကြမ်းပြင်က ရုတ်တရက် အောက်သို့ ကျွံကျသွားခြင်း ဖြစ်လေသည်။

ထိုအချိန်၌ သူ့ဓါးပျံကို ဆင့်ခေါ်ထုတ်ဖို့တောင် နောက်ကျနေလေပြီ။

ဝှစ်ကနဲ မြည်သံနှင့်အတူ ဆူဇီမို၏ ကျောမှ ကြီးမားသည့် စိတ်ဝိညာဉ်တောင်ပံတစ်စုံ ဆန့်ထွက်လာ၏။

သူ့ခြေထောက်အောက်တွင် ဘာမှမရှိတော့သော်လည်း သူက လေထဲမှာ ပျံနိုင်လေသည်။

ဝှစ်.. ဝှစ်.. ဝှစ်..

နူးညံ့ညင်သာသည့် အသံများက လျှင်မြန်စွာနှင့် လေကို ဆက်တိုက်ခွင်းလာ၏။ ဆူဇီမိုသာ သူ့နားဒွာရကို မရှင်းလင်းရသေးလျှင် ထိုအသံများကို ကြားရလိမ့်မည် မဟုတ်ပေ။

သူ့ခြေထောက်အောက်ရှိ ကြမ်းပြင်က ကျွံကျသွားချိန်၌ အောက်ဘက်အမှောင်ထုထဲကနေ နွားဆံပင်လောက်သေးသွယ်သော အဆိပ်လူးအပ်ကလေးများက ပျံသန်းလာ၏။ အဲ့ဒါသည် အဆိပ်ဂိုဏ်း၏ မရဏခုနှစ်မျိုးထဲက တစ်ခုဖြစ်သော ဝိညာဉ်နုတ်အပ်ပင် ဖြစ်လေသည်။

ဆူဇီမိုသည် အာရုံခံသတိစိတ်နှင့်အတူ သူ့တောင်ပံများကို ထုတ်ဖော်ပြီးသည်နှင့် ခန်းမအတွင်းပိုင်းထဲရှိ တူခိုင်ဆီသို့ တန်းပြီး ထိုးဝင်ချသွားလေသည်။

အပြာရောင်ဝိညာဉ်နုတ်အပ်ကလေးများက ဆူဇီမိုနောက်ကနေ ပွတ်ကာသီကာ လွဲချော်ထွက်သွား၏။

များစွာသော အဆိပ်ဂိုဏ်းသားများသည် သူတို့၏ စိတ်ဝိညာဉ်လက်နက်ကို ဆင့်ခေါ်ထုတ်၍ ခန်းမထဲသို့ တစ်ယောက်ပြီးတစ်ယောက် ပြေးဝင်လာကြလေပြီ။

အဆိပ်ဂိုဏ်းသားများသည် အလွန်တရာ စဉ်းလဲသော လက်နက်များကို အသုံးပြုကြလေသည်။ သူတို့၏ လက်နက်များက အဆိပ်များနှင့် လိမ်းကျံထားပြီး နေရောင်အောက်တွင် သက်တံလို အရောင်ပြေးနေ၏။

လေထဲတွင် ဆူဇီမိုသည် သူ့သိုလှောင်အိတ်ကို ပုတ်လိုက်၏။

ဇီ...

ထိပ်တန်းအဆင့် ဓါးပျံ ၁၈လက်က ထွက်ပေါ်လာပြီး စိတ်ဝိညာဉ်အလင်းများနှင့်အတူ အဆုံးမရှိ ထက်ရှမှုကို ထုတ်ပေးနေ၏။

ရွှစ်.. ရွှစ်.. ရွှစ်..

ဓါးပျံ ၁၈လက်သည် လေထဲမှာ ကူးလူးယှက်ဖြာသွားကြပြီး နောက်တွင် လင်းလက်တောက်ပသော ဓါးချီများက ကျန်ရစ်ခဲ့လေသည်။

ဖယောင်းမီးဓါးဝင်္ကပါကို ပုံဖော်လိုက်ခြင်း ဖြစ်လေသည်။

ဆူဇီမိုသည် နည်းနည်းလေးမျှ သနားညှာတာမှုကို မပြပေ။ သူသည် စစချင်းမှာပင် သူ၏ အသန်မာဆုံး အင်မော်တယ်ကျင့်ကြံမှု သတ်ဖြတ်ကွက်ဖြစ်သော ဖယောင်းမီးဓါးဝင်္ကပါကို တန်းပြီး ထုတ်သုံးလိုက်၏။

အဆိပ်ဂိုဏ်းသားများ၏ အားသာချက်က သူတို့၏ အဆိပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်မှု ဖြစ်လေသည်။

သို့သော် တစ်ကယ် အစစ်အမှန် တိုက်ခိုက်ရည်မှာတော့ သူတို့က သာမန်ကျင့်ကြံသူများနှင့် သိပ်မကွာခြားလှပေ။

“သွား”

ဆူဇီမိုက ရှေ့သို့ညွှန်ပြီး ညင်သာစွာ ဟိန်းဟောက်လိုက်၏။

ဓါးပျံ ၁၈လက်က ဧရာမ ဓါးစက်ကြီးတစ်ခုလို အတူတကွ ချိတ်ဆက်သွားကြပြီး ဓါးချီရောင်ခြည် ၁၈ခုက ကမ္ဘာပျက်နေမင်းကြီးလို တဖျတ်ဖျတ်တလက်လက်နှင့် ထွက်ပေါ်လာလေသည်။

ဓါးဝင်္ကပါက လူအုပ်ကြီးထဲသို့ ဝင်ရောက်သွားချိန်တွင် အကြားအဟ အပေါက်ကြီးတစ်ခုက ဖြစ်ပေါ်လာလေသည်။

အဆိပ်ဂိုဏ်းတွင် အသန်မာဆုံး ကျင့်ကြံသူများမှာ မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်များ ဖြစ်ကြလေသည်။ သူတို့ထဲက ဘယ်သူမှ ဖယောင်းမီးဓါးဝင်္ကပါကို ရင်မဆိုင်နိုင်ဘဲ လွင့်ပျံလာသော ခြေပြတ်လက်ပြတ်များနှင့်အတူ သွေးမြူများက ဖြစ်ပေါ်လာလေသည်။

အဆိပ်ဂိုဏ်းသားအများစုသည် အသက်အန္တရာယ်ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ကြုံတွေ့လာရသောကြောင့် ဆူဇီမိုကိုတောင် အရေးမစိုက်နိုင်အားတော့ပေ။

ဖယောင်းမီးဓါးဝင်္ကပါကို ထုတ်ဖော်ပြီးနောက် ဆူဇီမိုသည် သူ့သိုလှောင်အိတ်ထဲကနေ ဧရာမသွေးနီရောင် ဆေဘာကြီးကို ဆွဲထုတ်လိုက်၏။

ချွမ်း.. ချွမ်း..

ဆေဘာက တုန်ခါသွားပြီး ကြောက်စရာ သတ္တုသံနှင့်အတူ တဖျတ်ဖျတ်လက်လာလေသည်။

ချက်ချင်းပင် ဆူဇီမိုသည် တူခိုင်ရှေ့သို့ ခုန်အုပ်လိုက်ပြီဖြစ်၏။ သွေးသောက်သူကို လွှဲပြီး လေထဲကနေ ဆင်းသက်လာကာ သူက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။

“သေစမ်း”

All Chapters