အသက်ချင်းအလဲအထပ်
Vol. 27 Ch. 403
ဆူဇီမိုက ဒေါမာန်အဟုန်နှင့် တိုက်ခိုက်နေသော်လည်း တူခိုင်သည် တည်ငြိမ်နေသေး၏။ သူ့မျက်လုံးကို ဖျတ်ကနဲခတ်ပြီး သူ့အင်္ကျီလက်စကို လှုပ်ခါ၍ နောက်ဆုတ်လိုက်၏။ ခရမ်းစိမ်းရောင် အမှုန့်များက ဆူဇီမိုဝင်လာရာဆီသို့ ပြန့်ကျဲထွက်လာလေသည်။
အဆိပ်ဂိုဏ်း၏ မရဏခုနှစ်မျိုးထဲမှတစ်ခု ခရမ်းရောင်အလောင်းဆွေးအဆိပ်ပင် ဖြစ်လေသည်။
အခြားသော အဆိပ်များသာဆိုလျှင် ဆူဇီမိကုက ကြောက်လန့်နေမည် မဟုတ်ပေ။
သို့သော်လည်း ခရမ်းရောင်အလောင်းဆွေးအဆိပ်ကိုတော့ ပေါ့ပေါ့တန်တန် သူသဘောမထားရဲပေ။
သူသည် ဆေဘာတောင်မှာတုန်းက သင်ယူခဲ့ရသော ဆေဘာသိုင်းကွက်ကို ပြန်စဉ်းစားပြီး ပထမသူ့ဆေဘာခုတ်ချက်ကို ပြန်ရုတ်ကာ တစ်ဖန်ပြန်လည် ခုတ်ပိုင်းလိုက်၏။
ရွှစ်..
သွေးသောက်သူ၏ ဆေဘာသွားမှ တလိပ်လိပ်တက်လာသော ဒီရေသံများက ထိုးထွက်လာ၏။
ဧရာမလှိုင်းလုံးကြီးက ကြောက်စရာပုံစံနှင့် ဖိချေဖျက်ဆီးတော့မည့်အလား.. ဆူနာမီနှင့် တန်ပြန်စီးကြောင်းအားက ပေါက်ကွဲထွက်ပေါ်လာလေသည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ”
နောက်ဆုံးမှာတော့ တူခိုင်၏ အမူအယာက ပြောင်းလဲသွားပြီး အံ့အားတသင့်ရေရွတ်မိသွား၏။
သူသည် ထိုဆေဘာနည်းစနစ်၏ မူလရင်းမြစ်ကို မမှတ်မိသော်လည်း ဆူဇီမို၏ တိုက်ခိုက်မှုက ဆေဘာလမ်းစဉ်၏ ပထမအဆင့်ကျွမ်းကျင်မှုကို ကျော်လွန်ပြီး ဒုတိယအဆင့် သက်ရောက်အားသို့ ရောက်ရှိနေပြီဖြစ်လေသည်။
အဲ့ဒါသည် ကျင့်ကြံသူအများစု သူတို့ဘဝတစ်ခုလုံး ကုန်ဆုံးသွားလျှင်တောင် မတတ်မြောက်နိုင်သည့် အဆင့်ဖြစ်လေသည်။
ကျင့်ကြံသူများသည် သက်ရောက်အားကို နားလည်သဘောပေါက်သွားသည်ဆိုလျှင်တောင် သူတို့အားလုံးလိုလိုက ရွှေအမြုတေအဆင့်မှာ ဖြစ်ကြလေသည်။
တန်ပြန်စီးကြောင်းအားနှင့် တွေ့ချိန်တွင် ခရမ်းရောင်အလောင်းဆွေးအဆိပ်မှုန်များအားလုံးက နောက်သို့ ဘေးသို့ လွင့်စင်သွားပြီး ဆူဇီမို၏ ကိုယ်ပေါ်သို့ မကျရောက်နိုင်ကြတော့ပေ။
တူခိုင်သည် ထိုခုတ်ချက်ကို ရှောင်တိမ်းလိုက်ပြီးနောက် သူ့မျက်လုံးများထဲတွင် စိုးရွံ့ထိတ်လန့်မှုများက ပေါ်လာလေသည်။
ဆူဇီမိုက သူထင်ထားတာထက်ကို များစွာပို၍ ကြောက်ဖို့ကောင်းနေလေသည်။
တစ်ဖက်မှာတော့ ဖယောင်းမီးဓါးဝင်္ကပါသည် လည်ပတ်ပြေးလွှားနေပြီး အဆိပ်ဂိုဏ်းသားကျင့်ကြံသူတစ်ရာကျော်ကို အဆက်မပြတ် ခုတ်ပိုင်းလှီးဖြတ်နေလေသည်။ ခြေလက်များ၊ အသားများက အပိုင်းပိုင်း ပြတ်သတ်ထွက်ကုန်လေသည်။
ဘယ်မှညာမှ ဝင်ရောက်လာသော ဓါးဝင်္ကပါနှင့် ရင်ဆိုင်ရချိန် မည်သူမှ တစ်ချက်ကလေးတောင် တောင့်မခံနိုင်ကြပေ။
ဖယောင်းမီးဓါးဝင်္ကပါတစ်ခုတည်းကတင် ဝင်ပေါက်ကနေ ဝင်ရောက်လာသော ကျင့်ကြံသူများအားလုံးကို ပိတ်ဆို့တားဆီးထားနိုင်လေသည်။ ဖြတ်သန်းကျော်ဖြတ်လာနိုင်သော လက်နက်အချို့ရှိသော်လည်း ဆူဇီမိုအတွက် အဲ့ဒါတွေက လျစ်လျူရှုနိုင်လုနီးပါးပင်။
ယခုအချိန်တွင် တူခိုင်သည် မည်သည့်အင်အားအကူမှ မရဘဲ သူ့ဘာသာသူတစ်ယောက်တည်း ရင်ဆိုင်ရတော့မည်ကို တွေ့လိုက်ရ၏။
ဆူဇီမို၏ ကြောက်လန့်စရာ ခွန်အားကို သိရှိနားလည်သွားပြီး တူခိုင်သည် ခပ်ဖျော့ဖျော့ အစိမ်းရောင်နှင့် တောက်ပနေသော ဓါးမြှောင်နှစ်လက်ကို လက်တစ်ဖက်စီ ကိုင်လိုက်၏။ ဆူဇီမိုနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရမည့်အစား သူက ထပ်တလဲလဲ နောက်ဆုတ်ရှောင်တိမ်းရင်း မကြာမကြာဆိုသလို လက်နက်ပုန်းများနှင့် ပစ်လွှတ်တိုက်ခိုက်နေ၏။
အပေါ်ယံကြည့်လျှင် ဆူဇီမိုသည် တူခိုင်ကို တစ်ဖက်သတ်ဖိနှိမ်ထားနိုင်သည်ဟု ထင်ရလေသည်။
သို့သော်လည်း တစ်ကယ်တမ်းမှာတော့ သူတို့၏ တိုက်ခိုက်မှုက အလွန်တရာ အလှည့်အပြောင်းများပြီး နှစ်ယောက်စလုံး သေရေးရှင်ရေး ဖြစ်လေသည်။
တူခိုင်၏ တစ်ကိုယ်လုံးတွင် လက်နက်ပုန်းများက ရှိနေပြီး သူတစ်ချက် လှုပ်ရှားလိုက်တိုင်း အဆိပ်လူးထားသော ထိုလက်နက်များက တစ်ခုမဟုတ်တစ်ခု ထွက်လာတတ်လေသည်။
တူခိုင်၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှ လက်နက်ပုန်းများက ထွက်လာနိုင်လေသည်။ ပြောရမည်ဆိုလျှင် သူ့ခေါင်းကို တစ်ချက်လှုပ်ခါရုံနှင့် သူ့ဆံပင်များထဲမှ ဝိညာဉ်နုတ်အပ်က ထွက်လာနိုင်ပြီး အဲ့ဒါက ခုခံဖို့ရာ မဖြစ်နိုင်လုနီးပါးပင်။
သာမန်မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်သာဆိုလျှင် ဤအချိန်အတောအတွင်း အကြိမ်ကြိမ် သေပြီးနေလောက်ပေပြီ။
သို့သော်လည်း ဆူဇီမိုက သူ၏ အာရုံခံသတိစိတ်နှင့် အန္တရာယ်များကို ထပ်ကာထပ်ကာ ရှောင်တိမ်းပြီး တူခိုင်ကို ဖိနှိမ်ထားနိုင်၏။
တစ်ချိန်တည်းမှာပင် ဆူဇီမို၏ ခေါင်းထဲ၌ အခြားတစ်ခုခုက ရှိနေလေသည်။
သူသည် တည်ငြိမ်ပင်လယ်၏ လှုပ်ရှားဟန်ငါးကွက်ကို မှတ်သားထားခဲ့သော်လည်း ထိုလှုပ်ရှားကွက်များနှင့် သူက သိပ်ပြီး အကျွမ်းတဝင် မရှိသေးပေ။
သူ့အတွက်တော့ တူခိုင်လိုမျိုး ပြိုင်ဘက်နှင့်က တွေ့ဆုံဖို့ရာ ခဲယဉ်းလေသည်။ လောလောဆယ်မှာ သူ့ဆေဘာနည်းစနစ်ကို အကျွမ်းဝင်လာအောင် လေ့ကျင့်ခြင်းတွင် နစ်မြောနေပြီး သူ့ခေါင်းထဲမှာ ကျန်တာဘာမှ သိပ်မရှိပေ။
တည်ငြိမ်ပင်လယ်က ငါးကွက်တည်းသာ ရှိသော်လည်း လှုပ်ရှားကွက်တစ်ခုချင်း၌ လျှို့ဝှက်ချက်များက အဆုံးမရှိ ပါဝင်နေပြီး တစ်ကွက်ကနေ အကွက်တစ်ရာ သို့မဟုတ် တစ်ထောင် အမျိုးမျိုး ပြန်ခွဲထုတ်နိုင်လေသည်။
ယခုအခါ တူခိုင်က ဆူဇီမိုအတွက် ဓါးသွေးကျောက်တစ်ခု ဖြစ်နေလေသည်။
ထိုအချိန်၌ အဆိပ်ဂိုဏ်းသား ကျင့်ကြံသူတစ်ရာကျော်တွင် အများစုမှာ ဖယောင်းမီးဓါးဝင်္ကပါကြောင့် သေဆုံးကုန်ကြပြီး ကျန်ရှိနေသေးသော ကျင့်ကြံသူများမှာလည်း ကပျာကယာ ထွက်ပြေးကုန်ကြ၏။
သူတို့သည် ခန်းမအပြင်ဘက်မှ ပုန်းနေပြီး အမှောင်ထဲကနေ စောင့်ကြည့်နေကြ၏။
တူခိုင်ကသာ အနိုင်ရခဲ့လျှင် သူတို့သည် ချက်ချင်းပြန်လည် ပြေးဝင်လာကြမည် ဖြစ်လေသည်။ ထိုအခါမှသာ သူတို့သည် အပြစ်ပေးခံရခြင်းမှ လွတ်မြောက်နိုင်ပေလိမ့်မည်။
သို့သော်လည်း ဆူဇီမို နိုင်ခဲ့လျှင်တော့...
ရွေးချယ်စရာက တစ်ခုတည်းသာ... ထွက်ပြေးဖို့ပင်။
အချိန်ကြာလာသည်နှင့်အမျှ ဆူဇီမို၏ ဆေဘာနည်းစနစ်က တိုးတက်လာပြီး နှောင့်နှေးကြန့်ကြာမှုမရှိ ရေကဲ့သို့ စီးဆင်းလာနိုင်လေသည်။ သူသည် စောစောကကဲ့သို့ မကျွမ်းမကျင် စမ်းတဝါးဝါး မဟုတ်တော့ပေ။
ထိုသို့ဖြင့် တူခိုင်အတွက် ခုခံဖို့ရာ ပိုပိုခက်ခဲလာ၏။
ဒါ့အပြင် ဆူဇီမိုနှင့် တူခိုင်အကြား ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကလည်း ခြားနားလေသည်။
တိုက်ခိုက်ချိန်ကြာလာသည်နှင့်အမျှ ဆူဇီမိုက ပိုမိုပြင်းထန်ကြမ်းတမ်းလာပြီး စွမ်းအင်ပြည့်ဝနေဆဲဖြစ်၏။
တူခိုင်၏ နဖူးမှာတော့ ချွေးများက တစ်ပေါက်ပေါက် လိမ့်ကျလာနေပြီး သူက မောဟိုက်နေပြီဖြစ်၏။
ဘယ်လို ငပေငရွတ်လဲကွာ..
တူခိုင်သည် စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။
ဆူဇီမိုက သူ့ဆေဘာနည်းစနစ်ကို မြင့်တင်ဖို့အတွက် သူ့ကို ဓါးသွေးကျောက်တစ်ခုလို အသုံးချနေခြင်းအား သူ မသိနိုင်ပေ။
သူတွေးမိသည်မှာ ဆူဇီမိုက သူ့ကို တစ်စတစ်စ အားအင်ယုတ်လျော့၍ အရှက်တကွဲအကျိုးနည်းပုံစံနှင့် ရှုံးနိမ့်စေဖို့ ရည်ရွယ်ချက်ရှိရှိ ညှင်းပန်းနှိပ်စက်နေသည်ဟုပင်။
“ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ မကောင်းဆိုးဝါးလဲကွာ..”
သူသည် လေများကို တစ်ဝကြီးရှိုက်သွင်း၍ ဓါးမြှောင်နှစ်လက်ကို ဆူဇီမို၏ လည်ပင်းသို့ ချိန်ရွယ်ကာ ရုတ်တရက် ခုန်ဝင်လိုက်လေသည်။
ဆူဇီမိုက သူ့ဆေဘာကို ကန့်လန့်ဖြတ် လှည့်ပတ်၍ ဝဲကတော့အကွက်ကို အလိုလိုထုတ်ဖော်ကာ ဝင်ရောက်လာသော ဓါးမြှောင်နှစ်လက်ကို ရင်ဆိုင်လိုက်၏။
စွမ်းအင်များက လည်ပတ်၍ ထွက်လာပြီး တူခိုင်၏ ဓါးမြှောင်နှစ်လက်က လွင့်စင်ထွက်သွား၏။ သူ့လက်ဖဝါးများက စုတ်ပြဲသွားပြီး သွေးများက စီးကျလာလေသည်။
ဝဲကတော့ပြီးနောက်.. ဆူဇီမိုသည် ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ လှိုင်းဂယက်တစ်ခုလို ဘယ်ပြန်ညာပြန်ခုတ်ပိုင်းလိုက်၏။
လှိုင်းဂယက် လှုပ်ရှားဟန်..
တန်ပြန်စီးကြောင်းက ကြီးမားသောအင်အားကို ကိုယ်စားပြုလျှင် လှိုင်းဂယက်က နူးညံ့မှုကို ကိုယ်စားပြုလေသည်။
နူးညံ့ညင်သာသည်ဟု ထင်ရသော်လည်း အဲ့သည်မှာ ဆေဘာအားများက ချွေးပေါက်လေးများထဲသို့ အညှာတာမဲ့စွာ စိမ့်ဝင်ထိုးဖောက်ဝင်ရောက်သွားမည် ဖြစ်လေသည်။ တိုက်ခိုက်ခံရသူက ထွက်ပြေးလွတ်မြောက်ဖို့ မဖြစ်နိုင်လုနီးပါးပင်။
တူခိုင်သည် ထိုခုတ်ချက်ကို မရှောင်နိုင်သလို ရှောင်ဖို့လည်း စိတ်ကူးမရှိပေ။
အခုဆို သူက ရူးသွပ်သွားပြီး ဆူဇီမို၏ သွေးသောက်သူကို အမှုမထားတော့ဘဲ ရှေ့သို့ အရမ်းကာရော ပစ်ဝင်ချသွားလေသည်။ သူ့မျက်လုံးများက အမျက်ဒေါသနှင့် တောက်ပလာပြီး အော်ဟစ်လိုက်၏။
“သေစမ်း”
“ဟမ့်”
ဆူဇီမို၏ ခေါင်းထဲတွင် အန္တရာယ်သတိပေးချက်က မြည်လာ၏။
ထိုအချိန်၌ ဆူဇီမိုသည် သူ့ဆေဘာနည်းစနစ်ကို လေ့ကျင့်ရင်း နစ်မြောနေခြင်းမှ နိုးထာ၏။
တူခိုင်၏ လက်နက်ပုန်းက သူ့ပါးစပ်ထဲမှာ ဝှက်ထားတာ ဖြစ်လေသည်။
သူ့ပါးစပ်ကို ဟလိုက်ချိန်တွင် သေးသွယ်သော အပြာရောင် အပ်သေးသေးလေးများက စက်ဆုပ်ဖွယ်ရာအော်ရာနှင့်အတူ ဆူဇီမိုဆီသို့ ပျံသန်းလာပြီး သူ့ကိုမွန်းကျပ်သွားစေလေသည်။
အဲ့ဒါက သတ်ဖြတ်ကွက်ပင်။
အဲ့ဒါသည် တူခိုင်က သူ့အသက်ကို စွန့်လွှတ်၍ နောက်ဆုံးအကြိမ် တိုက်ခိုက်လိုက်သော သတ်ဖြတ်ကွက်ပင် ဖြစ်လေသည်။
သူ၏ အာရုံခံသတိစိတ်က သတိပေးခဲ့ပြီဖြစ်သော်လည်း ဆူဇီမိုသည် ဆေဘာနည်းစနစ်ကို လေ့ကျင့်ခြင်းမှာ နစ်မြောနေခဲ့၏။ သူ့ရုန်းထွက်နိုးထလာချိန်တွင် ရှောင်ဖို့က အနည်းငယ်ကလေး နောက်ကျသွားပြီဖြစ်လေသည်။