← Chapters

ဘယ်လောက် ရင်နင့်စရာကောင်းလိုက်လဲ

Vol. 27 Ch. 405

ဘယ်လောက် ရင်နင့်စရာကောင်းလိုက်လဲ

Vol. 27 Ch. 405

ကောင်းကင်ထက်တွင် ပုံရိပ်ဆယ်ခုက သူတို့၏ ဓါးပျံများကို စီးနင်းလာကြ၏။

သူတို့၏ ခေါင်းဆောင်က တန်ဖိုးကြီးဝတ်ရုံကို ဝတ်ဆင်ထားသော ရုပ်ချောချောနှင့် အမျိုးသားတစ်ယောက် ဖြစ်လေသည်။ သူ့မျက်လုံးများက ဖန်သားလို ကြည်လင်နေပြီး တုနှိုင်းမဲ့အော်ရာက ဖြာထွက်နေကာ လူတိုင်း၏ အာရုံကို ဆွဲဆောင်မိသွား၏။

သူကတော့ ဖန်သားနန်းတော်အဖွဲ့၏ ခေါင်းဆောင် ဖေးချွန်ယွီပင် ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင် ဖန်သားနန်းတော်နှင့် မျက်နှာချင်းဆိုင်ဘက်မှ နောက်ထပ်ကျင့်ကြံသူတစ်အုပ်စုကလည်း ပျံသန်းလာကြ၏။ အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြသော သူတို့သည် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းသားများပင် ဖြစ်ကြလေသည်။

ဂိုဏ်းကြီးနှစ်ဂိုဏ်းက တစ်ဖွဲ့နှင့်တစ်ဖွဲ့ သိပ်မဝေးလှဘဲ ကောင်းကင်ထက်၌ တစ်ဖက်ကိုတစ်ဖက် လှမ်းမြင်နေရ၏။

“အစီရင်ခံပါတယ်..”

ထိုအချိန်တွင် ဖန်သားနန်းတော်ကျင့်ကြံသူတစ်ယောက်က ထိတ်ထိတ်ပျာပျာနှင့် ကသုတ်ကရက် ပြေးချလာ၏။ သူ့မျက်လုံးများထဲတွင် တုန်လှုပ်ချောက်ချားမှုကို အတိုင်းသား မြင်နေရ၏။ သူက တံတွေးကို မျိုချပြီး ကြိုးစားအားယူ၍ ပြောလိုက်၏။

“စီနီယာအစ်ကိုဖေး.. အဆိပ်ဂိုဏ်းက.. . .. မရှိ-မရှိတော့ပါဘူး”

“အို့”

ဖန်းချွန်ယွီက သိပ်အရေးမလုပ်ဘဲ ပြန်တုံ့ပြန်လိုက်၏။

ခဏမျှ ရပ်တန့်သွားပြီးနောက် သူက သတိပြန်ကပ်လာကာ မျက်မှောင်ကြုတ်လိုက်၏။ သူ့လက်အောက်ငယ်သား၏ မျက်နှာကိုကြည့်ပြီး ထက်ရှသော အမူအယာနှင့် ဖြည်းဖြည်းချင်း မေးလိုက်၏။

“မင်း ဘာပြောလိုက်တာလဲ.. ပြန်ပြောကြည့်စမ်း”

အခြားသော ဖန်သားနန်းတော်ကျင့်ကြံသူများကလည်း ထိုလူကို ဇဝေဇဝါနှင့် ကြည့်လိုက်ကြ၏။ သူတို့ နားကြားများ မှားသလားပေါ့။

အစီအရင်ခံတင်ပြခဲ့သော ကျင့်ကြံသူက ခါးသက်သက် ဟက်ကနဲ တစ်ချက်ရယ်ပြီး ခေါင်းခါလိုက်၏။

“ရှေးဟောင်းတိုက်ပွဲမြေမှာ အဆိပ်ဂိုဏ်းအဖွဲ့ဆိုတာ မရှိတော့ဘူး.. အဆိပ်ဂိုဏ်းက ကျင့်ကြံသူအကုန်လုံးအလိုလိုက ဆူဇီမိုသတ်လို့ ကုန်ပြီး.. မရှိကြတော့ဘူး”

ဖန်သားနန်းတော်အဖွဲ့ တုန်လှုပ်လန့်ဖျန့်သွားကြ၏။

“ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”

တစ်ချိန်တည်းမှာပင် ဖေးချွန်ယွီနှင့် ရွှယ်ယန်တို့သည် ရင်ထဲမှာ ဒုတ်ကနဲ ခုန်သွားကြပြီး အံ့အားတသင့် ရေရွတ်လိုက်ကြ၏။

သူတို့နှစ်ယောက်သည် လေထဲကနေ အကြည့်ချင်း လှမ်းပြီး ဖလှယ်လိုက်ကြ၏။ ရွှယ်ယန်ရှေ့မှာလည်း ဆိုးယုတ်မြေကမ္ဘာဂိုဏ်းသားတစ်ယောက် ရှိနေပြီး သူက တူညီသော သတင်းအချက်အလက်ကို ပြောပြခဲ့ပြီးလေပြီ။

သူတို့ကိုယ်သူတို့ ဣန္ဒြေပျက်ယွင်းသွားသည်ကို သတိပြန်ဝင်လာပြီး နှစ်ယောက်စလုံး အသက်ပြင်းပြင်းရှိုက်ကာ တည်ငြိမ်အောင် ပြန်ထိန်းလိုက်ရ၏။

ဖေးချွန်ယွီက လက်သီးကို တင်းတင်းဆုပ်၊ မျက်လုံးကို မှေးကျဉ်းပြီး၊ သွားစေ့ကာ မေးလိုက်၏။

“အဆိပ်ဂိုဏ်းက တူခိုင်ကရော.. သူတို့ရဲ့ ထောင်ချောက်တွေကရော.. မရဏခုနှစ်မျိုးကရော.. အဆိပ်ဂိုဏ်းသား တစ်ရာကျောက်ကရော.. ဘာတွေလုပ်နေကြတာလဲ.. ဘာလဲကွာ”

“အဲ့ဒါက...”

ဖန်သားနန်းတော်ကျင့်ကြံသူက ခဏမျှ ရပ်တန့်ပြီးနောက် သက်ပြင်းချလိုက်၏။

“သူတို့အကုန်လုံး သွားပြီ”

သူတို့ အကုန်လုံး သွားပြီ..

ထိုစကားလေးသုံးလုံးက စိတ်တိုစရာ၊ တုန်လှုပ်ဖွယ်ရာ၊ ကြောက်ရွံ့စရာနှင့် များစွာသော စိတ်ခံစားချက်များကို ဖြစ်ပေါ်လာစေလေသည်။

အဆိပ်ဂိုဏ်း.. မိစ္ဆာဒိဋ္ဌိဝါဒီ ငါးဝါဒီထဲက တစ်ခု..

ဖန်သားနန်းတော်တောင် ရန်သွားမစလိုသော အဖွဲ့အစည်းတစ်ခုက လူတစ်ယောက်တည်းဖြင့် ချေမှုန်းသုတ်သင်ခြင်းကို ခံလိုက်ရလေပြီ။

လူတိုင်းသည် ပါးစပ်အဟောင်းသားနှင့် သူတို့၏ ဓါးပျံများပေါ်တွင် မှင်တက်ကာ ရပ်နေမိကြ၏။ ထိုစကားသုံးလုံးက သူတို့၏ စိတ်ထဲမှာ ပဲ့တင်ထပ်နေပြီး ဘာကိုမှ မစဉ်းစားနိုင်ကြတော့ပေ။

ဖန်သားနန်းတော်နှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ ကျင့်ကြံသူများအားလုံးသည် တိတ်ဆိတ်ငြိမ်ကျသွား၏။

ကောင်းကင်ထက်တွင် လေထုက ထူးဆန်းစွာ တင်းကျပ်လာလေသည်။

ခဏနေပြီးနောက် ဖန်သားနန်းတော်မှ ကျင့်ကြံသူတစ်ယောက်က စိုးရိမ်ပူပန်စွာနှင့် မေးလိုက်၏။

“စီနီယာအစ်ကိုဖေး.. ကျုပ်တို့ ပွဲသွားကြည့်ဦးမှာလား”

ဖေးချွန်ယွီ၏ အကြည့်က တဖျတ်ဖျတ် ပြောင်းလဲသွားပြီး သူ့ဆုံးဖြတ်ချက် မပြတ်မသား ဖြစ်နေ၏။

ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက် ဖေးချွန်ယွီ၏ မျက်လုံးများက သိပ်သည်းသော သတ်ဖြတ်လိုစိတ်နှင့် တောက်ပလာပြီး ပြင်းပြတောက်လောင်စွာ ပြောလိုက်၏။

“သွားမယ်.. ဒီကိစ္စရဲ့ အကြောင်းရင်း ဒီထက်ပိုပြီး ငါတို့စုံစမ်းကြည့်ရမယ်”

တစ်ချိန်တည်းမှာပင် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက မိစ္ဆာအမွေဆက်ခံသူရွှယ်ယန်ကလည်း တူညီသော ဆုံးဖြတ်ချက်ကို ချလိုက်၏။

သူတို့နှစ်ယောက်စလုံးမှာ တူညီသောအတွေးတစ်ခု ရှိနေကြ၏။

အဆိပ်ဂိုဏ်းသည် ဘာပဲပြောပြော ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ပြီး ကျင့်ကြံသူတစ်ရာကျော်ရှိ၏။ ထိုအထဲမှာ မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့် ကျင့်ကြံသူများလည်း ပါလေသည်။

ဆူဇီမိုက အဆိပ်ဂိုဏ်းကို ချေမှုန်းနိုင်ခဲ့လျှင်တောင် အဲ့ဒါက ခက်ခက်ခဲခဲနှင့် ကြမ်းတမ်းပြင်းထန်သည့် တိုက်ပွဲဖြစ်ခဲ့ပေလိမ်မည်။

ဆူဇီမိုက အခုလောလောဆယ် ဒဏ်ရာအပြင်းအထန် ရမနေဘူးဆိုရင်တောင် သူ၏ အားအနည်းဆုံးအခြေအနေသို့ ရောက်နေလောက်ပြီး တစ်ကိုယ်လုံး အဆိပ်များနှင့် မွစာကြဲနေတာတောင် ဖြစ်နိုင်လေသည်။ ထိုလူကို သတ်ဖို့ဆိုလျှင် အခုက အကောင်းဆုံးအချိန် ဖြစ်လေသည်။

ဖန်သားနန်းတော်နှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းတို့သည် ခေတ်အဆက်ဆက် အမြီးအမောက်မတည့်ခဲ့ကြသော အင်မော်တယ်နှင့် မိစ္ဆာဂိုဏ်းများ ဖြစ်ကြသောကြောင့် သူတို့သည့် ပွင့်ပွင့်လင်းလင်း လက်တွဲကြလိမ့်မည်တော့ မဟုတ်ပေ။

သို့သော်လည်း ထိုအချိန်၌ ဖေးချွန်ယွီနှင့် ရွှယ်ယန်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး အလိုလို နားလည်မှု တိတ်တဆိတ် ရယူလိုက်ကြ၏။

“သွားကြမယ်ဟေ့”

. . .

မြို့တောင်နှင့်မြောက်ကို ချိတ်ဆက်ထားသော လမ်းမရှည်ပေါ်တွင်..

ထန်ယုနှင့် ဖုန့်မန်းမန်တို့က များပြားလှသည့် ကျင့်ကြံသူများကို ဦးဆောင်ပြီး အဆိပ်ဂိုဏ်း၏ ပိုင်နက်ဝန်းကျင်သို့ သိပ်မကြာမီ ရောက်လာကြ၏။

သူတို့ရှေ့တွင် ကြီးမားသည့် လူအုပ်ကြီးရှိနေပြီး ပြွတ်သိပ်ထိုးနေကြလေသည်။

ထိုကျင့်ကြသူများက ဘာကို ကြည့်နေကြသည်ကို မသိရသော်လည်း သူတို့၏ မျက်လုံးများက တုန်လှုပ်မှုနှင့် ပြည့်နေကြလေသည်။ ထန်ယုတို့အုပ်စု ရောက်လာကြသောအခါ လူတစ်ယောက်က လူအုပ်ကြီးထဲကနေ အတင်းတိုးကြိတ်၍ သူတို့ရှိရာသို့ ထွက်လာ၏။

ရုတ်တရက် ပေါ်လာသော ထိုသူက ဝဝလုံးလုံးနှင့် လူတစ်ယောက်ဖြစ်ပြီး သူတို့ကို ဝမ်းသားအားရ နှုတ်ဆက်လိုက်၏။

“စီနီယာအစ်ကိုကျိ၊ အစ်မလမ့်ရို.. ခင်ဗျားတို့လဲ ရောက်လာကြပြီပေါ့”

မတွေ့ရသည့် ဆယ်ရက်သာသာအတွင်း သူတို့နှစ်ယောက်က သိပ်အများကြီး ပြောင်းလဲမသွားပေ။

ဖက်တီးလေးက အနည်းငယ် ပိုဝလာပုံရပြီး ရှစ်ကျန့်ကတော့ အရင်အတိုင်း ရိုးရိုးအေးအေးပင်။

အုတ်ဂူဂိုဏ်းနှင့် ရုပ်သေးဂိုဏ်းတို့က မိစ္ဆာဒိဋ္ဌိဝါဒီဝင်များဖြစ်ပြီး အစကတည်းက သူတို့၏ ဌာနများက မြို့တောင်ဘက်မှာ ရှိလေသည်။

အဆိပ်ဂိုဏ်းမှာ တစ်ခုခု ဖြစ်ပျက်သည်ဆိုတာနှင့် သူတို့နှစ်ယောက်က အရင်ရောက်လာတာ သဘာဝကျလေသည်။

“အထဲမှာ အခြေနေ ဘယ်လိုလဲ”

သုန်မှုန်နေသောအမူအယာနှင့် ကျိချန်းရှန်က ခပ်တိုးတိုး မေးလိုက်၏။

“ကျွတ် ကျွတ် ကျွတ်..”

နှုတ်ခမ်းကို စုတ်သပ်လိုက်ပြီးနောက် ဖက်တီးလေးက မျက်ခုံးပင့်ပြကာ ရယ်မောလိုက်၏။

“ခင်ဗျားတို့တွေ နောက်ကျသွားတယ်ဗျာ.. ဒီမှာဘာတွေဖြစ်ခဲ့လဲ မမြင်လိုက်ရဘူး.. ဟီးဟီး.. ရင်နင့်စရာဗျာ.. တစ်ကယ့်ကို ရင်နင့်စရာပါပဲ”

“အ..”

ထိုစကားကိုကြားသောအခါ ထန်ယုသည် သူမ၏ ဝိညာဉ်ကိုပျောက်ဆုံးသွားသလို သူမ၏ မျက်လုံးများက မှိန်ကျသွားပြီး တတွတ်တွတ် ရေရွတ်လိုက်၏။

“ငါတို့ နောက်ကျသွားတာပဲလား.. ငါမှားတာပါ.. ငါအဲ့ဒါကို ခန့်မှန်းမိခဲ့သင့်တာ.. ကျမ ရှင့်ကို တားနိုင်ခဲ့ရမှာ...”

ထန်ယုသည် စိုးရိမ်စိတ်လွန်ကဲနေသောကြောင့် ဖက်တီးလေး၏ မျက်နှာအမူအယာနှင့် လေသံကို အကဲဖြတ်နိုင်စွမ်း မရှိတော့ပေ။

သို့သော်လည်း ကျိချန်းရှန်နှင့် လမ့်ရိုတို့က မျက်မှောင်ကြုတ်လိုက်၏။

ယုတ္တိကျကျ ပြောရလျှင်.. ဆူဇီမိုသာ တစ်ခုခုဆိုးတာ ဖြစ်ခဲ့ပါက ဖက်တီးလေးသည် အခြားသူများထက်တောင်မှ ဝမ်းနည်းပူဆွေး၍ ဒေါသူပုန်ထနေပေလိမ့်မည်။

ထန်ယု၏ တုံ့ပြန်ပုံအမူအယာကိုမြင်သောအခါ ဖက်တီးလေးသည် ကြောင်အသွား၏။

တစ်ဖက်တွင် ဖုန့်မန်းမန်က မျက်ခုံးအနည်းငယ်ပင့်၍ ထန်ယုကို သူမရင်ခွင်ထဲ ဆွဲသွင်းကာ ဖက်တီးလေးကို အော်ငေါက်လိုက်၏။

“ဝတုတ်.. နင့်ပါးစပ်ကို ပိတ်ထားလိုက်တော့”

ဖက်တီးလေးသည် ပိုလို့တောင် ကြောင်အသွား၏။

“ငါပြောတာ ဘာမှားလို့လဲ”

သူသည် ဘယ်လိုမှ နားမလည်နိုင်တော့ဘဲ ရှစ်ကျန့်ဘက်ကိုလှည့်ကာ မေးလိုက်၏။

“ငတုံးကျန့်.. ဘာတွေ ဖြစ်နေကြတာလဲကွာ”

ရှစ်ကျန့်ကလည်း ဝေခွဲမရနှင့် ခေါင်းကိုကုတ်လိုက်၏။ ကျိချန်းရှန်နှင့် အခြားသူများကိုကြည့်ပြီး သူက အတည့်အတံ့ မေးလိုက်၏။

“အစ်ကိုကျိ.. ခင်ဗျားတို့က ပွဲကြည့်ဖို့ကို ဘာလို့ဒီလောက်လူတွေ အများကြီး ခေါ်လာရတာလဲ.. တော်ကြာ မသိတဲ့လူတွေဆို ခင်ဗျားတို့က တိုက်ခိုက်မလို့ လာကြတယ် ထင်နေကြဦးမယ်”

ကျိချန်းရှန်က မျက်လုံးစွေကြည့်လိုက်၏။

“ဇီမို အဆင်ပြေရဲ့လား”

“အမ်း.. ပြေတာမှ တက်ကြွနေတာပဲ” ဖက်တီးလေးက ပြန်ဖြေလိုက်၏။

“အ..”

ထန်ယုက ဖုန့်မန်းမန် ရင်ခွင်ထဲကနေ ဆတ်ကနဲ ရုန်းထွက်ပြီး မျက်တောင်ကိုပုတ်ခတ်ကာ မျက်ရည်များကိုပင် မသုတ်ဘဲ မေးလိုက်၏။

“ဒါပေမယ့် နင်ပြောတော့ ရင်နင့်စရာဆို.. တစ်ကယ့်ကို ရင်နင့်စရာဆို...”

“ကျုပ်ပြောတဲ့ ရင်နင့်စရာဆိုတာ အဆိပ်ဂိုဏ်းက လူတွေကိုလေ”

“...”

လူတိုင်းသည် ခဏကြာသည့်အထိ ကောင်းကောင်းသဘောမပေါက်နိုင်ဘဲ နေရာမှာတင် ကြောင်ရပ်နေမိကြ၏။

ထိုအချိန်မှာပင် သွေးများပေကျံနေသော အဆိပ်ဂိုဏ်းသားတစ်ယောက်က သူတို့ဘက်သို့ ဒယီးဒယိုင်နှင့် ကြောက်လန့်တကြား ပြေးချလာ၏။

ရွှစ်..

သူသည် သိပ်ဝေးဝေးတောင် ရောက်အောင် မပြေးနိုင်သေးခင်မှာပင် သူ့နောက်ကနေ အလင်းတန်းတစ်ခုက ဖောက်ဝင်လာ၏။

မြားတစ်စင်းက သူ့နောက်ကျောကိုဖောက်၍ ရင်ဘက်ရှေ့ကို ပြူထွက်လာပြီး သွေးများက ထွက်လာလေသည်။

ထိုလူ၏ မျက်လုံးများက မှိန်ကျသွားပြီး ရှေ့သို့ နှစ်လှမ်းသုံးလှမ်းလျှောက်ပြီးနောက် ပစ်လဲကျကာ သေဆုံးသွားလေတော့သည်။

လူတိုင်းသည် မြားလာရာဘက်သို့ အလိုလို လှည့်ကြည့်လိုက်ကြ၏။

အဆိပ်ဂိုဏ်း၏ ဝင်းတံခါးဝတွင် အစိမ်းရောင်ကျင့်ကြံသူတစ်ယောက်က တောက်ပသော မျက်လုံးများနှင့် တည်ငြိမ်စွာ လျှောက်လှမ်းလာ၏။ ပြောရလျှင် သူ့ပေါ်မှာ သွေးစသွေးနများတောင် ရှိမနေပေ။ သူက သူ့လက်ထဲက လရောင်ဝှက်လေးကို အေးအေးဆေးဆေးပင် သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်၏။

တစ်ချိန်တည်းမှာပင် ထိုမြင်ကွင်းကို ဖန်သားနန်းတော်နှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်း အုပ်စုများ မြင်တွေ့လိုက်ကြရ၏။

All Chapters