ဓားစက်ဝန်းက ကြက်သွေးရောင်ချပ်ဝတ်ကိုအနိုင်ယူခြင်း....
Vol. 43 Ch. 589
ကြီးမားသော ကြက်သွေးရောင်ဓားစက်ဝန်းကြီးသည် မြို့ကိုဖြတ်သွားကာ အရာအားလုံးကို ဖျက်စီးသွားလေသည်။
ကြက်သွေးရောင်ဗိုလ်ချုပ် အမူအရာပြောင်းသွားလေပြီ။
သူ့အတွက်ပင်၊ ထိုတိုက်ခိုက်မှုမှ သေခြင်းတရားအငွေ့အသက်ကို ခံစားနိုင်သည်။
ဒီကလေးဘာလုပ်ခဲ့လဲ.....
ကြက်သွေးရောင်ဗိုလ်ချုပ်ဘက်က ထိုတိုက်ခိုက်မှုကို မထီမဲ့မြင် မပြုရဲတော့ပေ။ ပါးစပ်ကိုဖွင့်ကာ ငွေနှင်းဆီရောင် သဲနာရီတစ်ခုကို သူ့ကိုယ်တွင်းမှ ဆွဲထုတ်လိုက်သည်။ သဲနာရီ၏အပိုင်းအစတစ်ခုစီတိုင်းမှ ခေါင်းလောင်းသံနှင့်အတူ ပတ္တမြားရောင်
လှိုင်းတစ်ခု ဖြာထွက်လာသည်။
ငွေနှင်းဆီရောင် သဲနာရီတွင် သဘာဝစွမ်းအင်ကို စုပ်ယူနိုင်သော အမှတ်များပါရှိပြီး ၎င်းသည် သွေးခုန်နှုန်းကို ပိုမိုပြင်းထန်စေသည်။
သဲနာရီ၏နောက်ဘက်တွင် ရွှေမျက်လုံးအမှတ်အသားတစ်ခုလည်း ပါရှိပြီး ၎င်းကို ရွှေမျက်လုံးအဆင့်ရတနာအဖြစ် မှတ်သားထားသည်။
လီလော့ထံမှ ကြက်သွေးရောင်စက်ဝန်းကို တွေ့ရန် ငွေနှင်းဆီရောင်မှတ်သဲနာရီက လေထဲသို့ ပျံဝဲသွားသည်။
ဝှစ်......
ထိပ်တိုက်တွေ့ဆုံမှုကြောင့် တစ်မြို့လုံး တုန်လှုပ်သွားလေသည်။ဆတ်ဆတ်ထိမခံနိုင်သော အဆောက်အဉီးပျက်များ ပြိုကျကာ မြို့အနှံ့ မြူခိုးများကဲ့သို့ တိမ်ထူထပ်နေသည်။
နောက်ဆက်တွဲငလျင်များက ကြောက်မက်ဖွယ်ကောင်းလှသည်။
လီလော့ သူ့ကိုယ်သူ အထင်ကြီးသွားခဲ့သည်။ သူ့မှာ ဒီလို အစွမ်းအစတွေ ဘယ်တော့များမှ ရှိလာမလဲလို့ တွေးနေမိသည်။ တစ်ချိန်တည်းမှာပင် တိုက်ပွဲဖြစ်ပွားမှုကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။
ကြက်သွေးရောင်ဓားစက်ဝန်းက အရှိန်အဟုန်ဖြင့် လှည့်ပတ်သွားကာ ငွေနှင်းဆီရောင်သဲနာရီကို ခုခံကာကွယ်ရန် အတတ်နိုင်ဆုံး ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်ပေးနေသည်။
သဲနာရီ၏ အကာအကွယ်များ ပျက်ပြားသွားသည်ကို လီလော့ ခံစားသိရှိလိုက်ရသည်။ ဓားစက်ဝန်းက အဆုံးမရှိလည်ပတ်နေသည်မို့ သဲနာရီ မကြာမီ ပျက်စီးတော့မည်။
"ဘယ်လောက်တောင် အစွမ်းထက်တဲ့ ဘုရင်အမှတ်အသားလဲ!"
အမြီးသုံးချောင်းရှိကောင်းကင်ဝံပုလွေ၏ စွမ်းအားတစ်ခုတည်းဖြင့်ဆိုလျှင် သူသည် ကြက်သွေးရောင်ဗိုလ်ချုပ်နှင့် အဆင့်တူမျှသာရှိမည်ဖြစ်ပြီး၊ ကောင်းကင်ဓမ္မတေးသံ ဒုတိယပိုင်းကို ရွတ်ဆိုမှသာ တားမြစ်ခြင်းသည် ပိုကြီးသော ကောင်းကင်ပဲ့တင်ထပ်သံအဆင့် စွမ်းအားအပြည့်ကို အသုံးပြုနိုင်မည်ဖြစ်သည်။
ဒါပေမယ့် ကျင်းစဲ့ယွီရှန်းဓားတွင် ရေးထိုးထားတဲ့ ဘုရင်အမှတ်အသားကြောင့်သာ ဒီတိုက်ပွဲကို အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
သဲနာရီနှင့်ဓားစက်ဝန်းတို့ ထိပ်တိုက်တွေ့ဆုံမှု ဆက်လက်ဖြစ်ပွားပြီး ခဏအကြာတွင် ကျေနပ်ဖွယ်အက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ကြက်သွေးရောင်ဗိုလ်ချုပ်၏မျက်ဝန်းများ အရောင်ဖျော့သွားသည်။
တိုက်ခိုက်မှုအနီးတစ်ဝိုက်တွင် ရွှေရောင်အော်ရာအချို့ကို သူတွေ့ခဲ့ရသောကြောင့်ပင်....
"အဲဒါ... ဘုရင်ချီမလား....?!"
ကြက်သွေးရောင် ဗိုလ်ချုပ် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်မိသည်။
ဘုရင်ချီဆိုသည်မှာ ဘုရင်အဆင့်ကျွမ်းကျင်သူများထံမှသာ ထွက်ပေါ်လာနိုင်သောအော်ရာဖြစ်သည်။
"ဆရာသခင်အဆင့်လောက်နဲ့ ဘယ်လိုလုပ်ဒီလိုစွမ်းအားမျိုးရှိနေရတာလဲ.... ဒီကလေးက ဘုရင်အဆင့်ကျွမ်းသူတစ်ယောက်ရဲ့ မျိုးဆက်လား ဒါမှမဟုတ် တစ်ခုခုလား.... သူ ဒီလောက် သန်မာနေတာ အံ့သြစရာ မဟုတ်ဘူး!”
ကြက်သွေးရောင် ဗိုလ်ချုပ် တုံ့ဆိုင်းမနေဘဲ ချက်ချင်းထွက်ပြေးဖို့ပြင်လိုက်သည်။ ဒီနေရာမှာ ထပ်ပြီးခိုကပ်နေလို့မဖြစ်တော့ချေ။ သူ့ပုံစံအစစ်အမှန်ကို ဖန်တီးပြီးနောက် ကျောင်းသားအားလုံးကို သတ်ပစ်ဖို့ စိတ်ကူးခဲ့ပေမယ့် အခုတော့ သူ့အစီအစဥ်ရဲ့ နောက်ဆုံးအပိုင်း ပျက်သွားခဲ့ရချေပြီ။ ကျောင်းသားတွေကြားထဲမှာ ဝံပုလွေ
တစ်ကောင် ပုန်းနေသည်မဟုတ်လော.....
"ငါထွက်သွားမှဖြစ်မယ်.... အခု ငါ့ရဲ့ပုံစံအစစ်အမှန်ကိုရနေပြီမို့...မိုကြိုးတောင်တန်းကိုပြန်ပြီး မိုးကြိုးသစ်ပင်ကို ဝါးမြိုဖို့ပဲလိုတယ်...ဒါဆို အနာဂတ်မှာ မြို့စားအဆင့်ကိုသေချာပေါက်တက်လှမ်းနိုင်လိမ့်မယ်!"
အနာဂတ်တွင် မြို့စားအဆင့်သို့ရောက်ရန် သွေးဆောင်မှုကြောင့်သာ သူအခုလို ရွံ့နီပြည်နယ်ဆီရောက်လာရခြင်းဖြစ်သည်။
အခု ကျောင်းတွေ အားလုံးက သူ့ကိုပဲ အာရုံစိုက်နေကြတော့ ဘာပဲဖြစ်ဖြစ် ထွက်ပြေးဖို့ အချိန်တန်ပြီ။
ကြက်သွေးရောင် ဗိုလ်ချုပ်၏ ပြေးရန် ရွေးချယ်မှုကြောင့် လီလော့ ထိတ်လန့်သွားပြီး အသက်ကိုခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်၊ သူ၏ သတ်ဖြတ်လိုစိတ်က စက္ကန့်နှင့်အမျှ တရိပ်ရိပ် တိုးလာနေသည်။
သူသည် အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ၏ စွမ်းအားကို အသက်သွင်းရန်နှင့် သူ၏လက်နက်ရှိ ထင်ရှားကျော်ကြားသော ဘုရင်အမှတ်အသားကိုပင် ထုတ်သုံးခဲ့ရသည်။ သူ့ရန်သူ လွတ်သွားခဲ့ရင် ဒါဟာ ဆုံးရှုံးမှုပဲ မဟုတ်ဘူးလား?
လီလော့၏မျက်နှာသည် ကောင်းကင်ဝံပုလွေ၏ အမှောင်စွမ်းအားကြောင့် ဆိုးရွားစွာ ပျက်စီးနေပြီဖြစ်သော်လည်း သူသည် ဆက်လက်၍ စွမ်းအားများကို ချေးယူနေသောကြောင့် လက်နှစ်ဖက်လုံးတွင်အသားစများပဲ့ကြွေနေပြီးအရိုးဖြူဖြူများကိုအထင်းသားမြင်နေရသည်။
နာကျင်မှုကို အံတုနေရသောကြောင့် ချွေးသီးချွေးပေါက်များ သူ့နဖူးပေါ်မှ စီးကျလာသည်။
ဝှစ်
တိုက်ခိုက်မှုကို ပို၍တွန်းအားပေးကာ လေထဲမှ ပြုတ်ကျလာသော သဲနာရီကို ထိခိုက်စေခဲ့သည်။
လီလော့သည် ၎င်းကိုလျှပ်တပြက်ဆွဲယူပြီး အိတ်ဆောင်စက်လုံးထဲသို့ ချက်ချင်းပစ်ထည့်လိုက်သည်။
ရွှေမျက်လုံးအဆင့် အဖိုးတန်ပစ္စည်းတစ်ခုက တော်တော်တန်ဖိုးရှိသည်။သူသည် လော့လန်အိမ်တော်၏သခင်ဖြစ်သည့်အတွက် အဖိုးတန်ပစ္စည်းမှန်သမျှကိုအလေအလွင့်အဖြစ်ခံလို့မဖြစ်ပေ။
အတားအဆီးမရှိတော့သောကြောင့် လီလော့ ၏တိုက်ခိုက်မှုသည် ၎င်း၏လမ်းကြောင်းအတိုင်း ဆက်လက်ရွေ့လျားနေပြီး ကြက်သွေးရောင်ဗိုလ်ချုပ်ထံ ရောက်ရှိသွားခဲ့သည်။
ကြက်သွေးရောင်ဗိုလ်ချုပ် ကျိန်ဆဲလိုက်မိသည်။ အကယ်၍ သူ့အား စောင့်ကြိုနေသော ထိုကဲ့သို့သော အန္တရာယ်ကိုကြိုသိနေပါက သွေးအမြီးနတ်ဆိုးနှင့် ပေါင်းစည်းပြီးကတည်းက ထွက်သွားနှင့်နေလောက်ပြီ။
သို့သော်လည်းပူဆွေးနေဖို့အချိန်မရှိပေ။
သူဘာလုပ်ရမယ်ဆိုတာ ကောင်းကောင်းနားလည်နေသည်။ သူသည် သူ့ရင်ဘတ်ပေါ်က မျက်နှာကို အသားထဲမှ ဆွဲထုတ်လိုက်သည်။ထိုအခါ နတ်ဆိုးမျက်နှာက ရုန်းကန်ပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။
သူသည် သွေးအမြီးနတ်ဆိုး၏အမြူတေကိုနောက်သို့ပစ်လွှတ်လိုက်သည်။ ဤနှစ်များတစ်လျှောက် သွေးအမြီးနတ်ဆိုးနှင့် ပေါင်းစည်းရန် ကြံစည်ခဲ့ပြီး ယခုအခါ ၎င်းကို စတေးခဲ့ရပြီဖြစ်သည်။
နတ်ဆိုးမျက်နှာကို ဓားစက်ဝန်းလမ်းကြောင်းထဲသို့ တိုက်ရိုက် ပစ်ချလိုက်သည်။
အွီးးးးး
သွေးအမြီးနတ်ဆိုး၏ နာကျင်စွာအော်သံများသည် ယခုအခါ တည်ငြိမ်သောမျက်နှာအဖြစ်သို့ လျော့ကျသွားကာ လီလော့၏ တိုက်ခိုက်မှုကြောင့် အပိုင်းပိုင်းပြတ်တောက်သွားသော်လည်း ဓားစက်ဝန်းကိုအရှိန်လျော့သွားစေခဲ့သည်။
နောက်ဆုံးတွင်၊ ကြက်သွေးရောင် ဗိုလ်ချုပ်ဘက်က တန်ကြေးမြင့်မားစွာပေးဆပ်ခဲ့ရသော်လည်း တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ခဲ့သည်။
ဒီအချိန်မှာ သူ ဘာကိုမှဂရုမစိုက်နိုင်တော့ပေ။ သူ့ခန္ဓာကိုယ်မှ သွေးအမြီးနတ်ဆိုးကို ဖယ်ရှားလိုက်ခြင်းက သူ့ခန္ဓာကိုယ်အတွင်းမှစွမ်းအားစီးဆင်းမှုကို နှောင့်ယှက်ဖြစ်စေခဲ့ပြီး ကျန်ရှိနေသေးသောအမှောင်စွမ်းအင် အငွေ့အသက်များက သူ့ခန္ဓာကိုယ်အတွင်းတွင် နစ်မြုပ်သွားခဲ့သည်။
သူထွက်ပြေးနိုင်ပြီ.......
သူက လီလော့ကို တစ်ချိန်လုံး ကျိန်ဆဲခဲ့ပြီး သေသေချာချာမှတ်သားထားလိုက်ပြီဖြစ်သည်။ သူ ရွံ့နီပြည်နယ်မှ ထွက်ခွာပြီးနောက် ဤအချက်ကို အစီရင်ခံပြီး ဒီကလေးနှင့်ပတ်သက်သော အချက်အလက်များကို ထပ်မံရယူမည်ဖြစ်သည်။
ခွေးကောင်လေး အနာဂတ်မှာ ကောင်းကောင်းကြီးပေးဆပ်ဖို့ပြင်ထား....
လီလော့သည် ကြက်သွေးရောင်ဗိုလ်ချုပ်ကို အပြီးတိုင် ချုပ်နှောင်ထားချင်သော်လည်း သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။ မိုးကြိုးနတ်ဘုရားကြောင့်သာမဟုတ်လျှင် သူသည် အရိုးစုတစ်ခုအဖြစ်သို့ အစောကြီးကတည်းကဘဝကူးနေလောက်ပြီဖြစ်သည်။
ဝံပုလွေ၏ စွမ်းအားသည် ခံနိုင်ရည်ထက်ကျော်လွန်သွားပြီကို ခံစားရနိုင်ပြီး တိရိစ္ဆာန်ဝိဉာဉ်သည် သူ့ခန္ဓာကိုယ်ကို စတင်စိုးမိုးနေပြီဖြစ်သည်။
သတ်ဖြတ်ချင်စိတ်များ ကြီးစိုးလာပြီး
သူ့မျက်လုံးတွေ နီရဲလာသည်။
ဒါတွေကိုခုခံဖို့ကြိုးစားနေသည့်အတွက် ကြက်သွေးရောင် ဗိုလ်ချုပ်ကိုလည်း ဂရုမစိုက်နိုင်တော့ပေ။
ထိုစဉ် လေထုထဲတွင် တောက်ပသော အလင်းတန်းတစ်ခုကို သူမြင်လိုက်ရသည်။ ကြက်သွေးရောင် ဗိုလ်ချုပ်ကို ရိုက်ချဖို့ တောက်လောင်နေတဲ့ အလင်းရောင်နဲ့ မီးလက်သည်းတွေ......
အားးးးးးးး
"နတ်ဆိုးလက်သည်းတွေ....ချင်းအာပြန်ကောင်းလာပြီ!"
လီလော့ စိတ်လျှော့လိုက်ပြီး လဲကျသွားလေတော့သည်။
သို့သော် မြေပြင်ပေါ်မကျခင် နွေးထွေးမွှေးပျံ့သောရင်ခွင်ထဲသို့ရောက်ရှိသွားခဲ့သည်။
"မလုပ်နဲ့... ငါ့ကို မထိနဲ့...."
သူ့အမြင်အာရုံမှုန်ဝါးမှုအကြွင်းအကျန်တွေကနေတစ်ဆင့် သူ့ကိုဘယ်သူလာကယ်တယ်ဆိုတာကိုသိနေသည်။ရူးသွပ်သောစိတ်ဖြင့် သူမကို နာကျင်စေမည်ကို စိုးရွံ့ပြီး သူမအား တွန်းထုတ်ရန် ကြိုးစားခဲ့ခြင်းပင်.....
ထိုလူက ထွက်ခွာမသွားဘဲ စီးမိုးကြည့်နေသဖြင့် မှုန်ဝါးနေသော မျက်နှာကို မြင်လိုက်ရသည်။
သူ့နှုတ်ခမ်းနားက အေးမြတဲ့ခံစားမှုတစ်ခု......
ထို့နောက်တွင် အံ့သြဖွယ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သူ့ပါးစပ်ထဲသို့ စိမ့်ဝင်သွားကာ ကျန်ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းမိုးသွားသည်။