← Chapters

နောက်ဆုံးရမှတ်....

Vol. 43 Ch. 590

နောက်ဆုံးရမှတ်....

Vol. 43 Ch. 590

လီလော့ အချိန်အတော်ကြာ သတိလစ်သွားခဲ့သည်။

အဖျားကြီးကာ အိပ်ပျော်နေစဉ် သူ့စိတ်ဝိညာဉ်ထဲတွင် နီရဲသော မြူခိုးများက သူ့စိတ်ကို လွှမ်းခြုံကာ အရှုံးပေးလိုက်ရပြီး သူ့အသိစိတ်က တိတ်တိတ်လေး လွင့်မြောသွားသည်။ သတ်ပစ်ဖြတ်ချင်စိတ်က သူ့ရင်ထဲမှာ ထပ်ခါထပ်ခါ တိုးလာနေပြီး ကံကောင်းစွာနဲ့ပဲ လီလော့ဟာ ခံနိုင်ရည်ရှိပြီး သတိလစ်သွားချိန်အထိ ထိန်းထားနိုင်ခဲ့ပါသည်။

လုံးလုံးလျားလျား အသိစိတ်ပျောက်ခါနီးတွင် သန့်ရှင်းသော စွမ်းအင်များ ပေါက်ကွဲထွက်ကာ သူ့စိတ်နှင့် ခန္ဓာကိုယ်ထဲသို့ ပြည့်လျှံစွာတိုးဝင်လာသည်။ တောက်ပပြီး အံ့သြစရာကောင်းသည့်စွမ်းအင်များက ဆိုးယုတ်မှုများကို နေထွက်ချိန် နှင်းပွင့်များအရည်ပျော်သွားသည့်နှယ် တိုက်စားဖြိုဖျက်ပေးခဲ့သည်။

လီလော့၏ အသိစိတ်က ခန္ဓာကိုယ်ကို လျင်မြန်စွာ ထိန်းချုပ်လိုက်ပြန်သည်။

သူ့မျက်ခွံများက ဖြည်းညှင်းစွာပွင့်လာသည့်အခါ ကျောက်သားမြို့တော်၏ အပျက်အစီးများကိုမြင်တွေ့နေကဆဲပင်.....

"နိုးပြီလား?" သူ့အနီးနားတွင် ရင်းနှီးသော အသံတစ်ခု တိုးတိုးလေး ကြားလိုက်ရသည်။ အသံက ကြည်လင်ပြီး ငြိမ်သက်နေပေမယ့် သူ့ရင်ထဲက ထိတ်လန့်စိုးရိမ်မှုတွေကို ကောင်းကောင်းသိနိုင်လောက်အောင်သိသာလွန်းနေသည်။

လီလော့သည် တင်ပျဉ်ခွေထိုင်နေသော လှပသောရုပ်သဏ္ဍာန်ကိုတွေ့ရန် ခေါင်းကိုလှည့်လိုက်သည်။

သူ့အတွက်ကတော့ သူမရဲ့ အလှတရားပြည့်လျှံနေသည့် ရွှေရောင်မျက်လုံးတွေက သူမရဲ့ အလှနဲ့ လိုက်ဖက်အောင် ခွန်အားတွေ ပေးစွမ်းနေသလိုပင်.....

လီလော့၏ အကြည့်များ သူမ၏နှုတ်ခမ်းဆီသို့ အနည်းငယ် ကျဆင်းသွားကာ ၎င်းတို့ပေါ်တွင် ကိုက်ရာများ ရှိနေသည်ကို တွေ့လိုက်ရသည်။

စူးစူးဝါးဝါး သိမြင်လာမှုနှင့်အတူ တဝက်တပျက်သတိလစ်သွားသည့်အချိန်တုန်းက မရေမတွက်နိုင်သော မှတ်ဉာဏ်တစ်ခုကို ပြန်လည်အမှတ်ရမိသည်။

သူ့မျက်နှာပေါ်ရှိ နွေးထွေးသော ခံစားမှုနှင့် အလင်းပဲ့တင်ထပ်သံ စွမ်းအင်များ ရောထွေးနေသည်။

ဖြစ်နိုင်ပါ့မလား...

လီလော့က ညည်းညူရင်း သူ့တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုနာကျင်နေသည့်အတွက် မျက်လုံးပြန်မှိတ်မိလိုက်သည်။

"ချင်းအာ၊ ငါ့ကို ပိုများတဲ့အလင်းပဲ့တင်ထပ်သ့စွမ်းအင်တွေနဲ့ ကုသဖို့ လိုနေပြီ.....!"

"နင့်ကြည့်ရတာ အမှောင်စွမ်းအင်တိုက်စားခံလိုက်ရပြီထင်တယ်....အရမ်းနာကျင်နေတယ်ဆို မနာမကျင်နဲ့သေရအောင်လုပ်ပေးမယ်လေ......"

သူမက ပြောပြောဆိုဆိုနှင့် လီလော့ကိုဓားနှင့်အတည်ပေါက်ကြီးချိန်ရွယ်ဖို့ ဓားရိုးပေါ်လက်တင်နေပြီ.....

လီလော့ လန့်ဖြန့်သွားပြီးလက်ခါခြေခါဖြင့်...

" အဲ့လောက်ထိတော့မဟုတ်ပါဘူး...ဒါပေမယ့်နာတာတော့အတော်နာနေတယ်....."

" နောက်ထပ်အသိစိတ်လွတ်ချင်နေရင်လည်းပြော....နာကျင်မှုသက်သာအောင်ဓားနဲ့ထိုးသတ်ပေးမယ်...."

"ချင်းအာ နင်သိပ်ရက်စက်လွန်းတယ်"

"နင်ပဲ ဒီဇာတ်လမ်းကို ပထမဆုံး စခဲ့တာမဟုတ်ဘူးလား"

လီလော့က အရှက်ပြေ ရယ်မောလိုက်ပြီး သူမ၏ လှပသောနှုတ်ခမ်းများကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။

"ဒါဆို နင် ငါ့ကို ခုနက ဘယ်လိုကယ်ခဲ့တာလဲ...."

"နင့်ရဲ့ ခန္ဓာကိုယ်အတွင်းကစွမ်းအင်တွေက အရမ်းပြင်းထန်တယ်။ အဲ့ဒါကို ပျက်ပြယ်အောင်လုပ်ဖို့နဲ့ နင့်ရဲ့ဒဏ်ရာတွေကို ကုသဖို့ အလင်းပဲ့တင်ထပ်သံစွမ်းအင်ကို ငါသုံးခဲ့ရတယ်။ ငါ့မှာရှိတဲ့ စွမ်းအားအားလုံးနီးပါးကုန်သွားပြီ....."

"ချင်းအာ၊ ကျေးဇူးတင်ပါတယ်"

"ချင်းအာ" လီလော့က ခပ်ကြမ်းကြမ်း ပြုံးပြပြီး "အဲ့တာဆို အလင်းစွမ်းအင်တွေကို ငါ့ဆီ ဘယ်လို အတိအကျ လွှဲပေးခဲ့တာလဲ..."

သူမ၏ လေးလံသော ဓားရှည်ကို မြှောက်ပြလိုက်သည့်အခါ လီလော့ မျက်ရည်မထွက်ဲငိုနေရရှာပြီ..... ကျန်းချင်းအာ၏ဓားဖျားတွင် သွေးအမြီးနတ်ဆိုး၏အသက်မဲ့နေသောမျက်နှာကြီးရှိနေသည်။

"သွေးနတ်ဆိုးရဲ့နှုတ်ခမ်းနဲ့နင့်နှုတ်ခမ်းနဲ့ထိပြိး ဓားကနေတဆင့် အလင်းစွမ်းအင်တွေ ပို့လိုက်တ...."

လီလော့၏ မျက်လုံးများ ပြူးကျယ်သွားကာ ရုတ်တရက် မအီမသာ ဖြစ်နေရှာသည်။

"နင် နောက်နေတာ မဟုတ်ဘူးလား?"

သူမမျက်နှာကို ကြည့်လိုက်သော်လည်း နောက်ပြောင်နေသလား မပြောနိုင်လောက်အောင် ခံစားချက်မရှိပေ။

"ငါနင့်ကိုဘာလို့နောက်ရမှာလဲ... "

သူမက အနီးနားရှိ နံရံဆီသို့ လက်ဟန်ပြလိုက်သည်။ လီလော့ အခြားအလောင်းကိုတွေ့ရန် လှမ်းကြည့်လိုက်ရာ မောဟိုက်သွားသည်။

နံရံတွင်တံဆို့ထိုးခံထားရသလိုသေဆုံးနေသူက ကြက်သွေးရောင်ဗိုလ်ချုပ် ဖြစ်နေသောကြောင့်ပင်......

"အမှန်အတိုင်းပြော.. ကြက်သွေးရောင် ဗိုလ်ချုပ်ကို ဒဏ်ရာ ပြင်းထန်စွာ ရအောင်လုပ်ခဲ့တာ ဘယ်သူလဲ"

သူမ၏အကြည့်က အရာအားလုံးဿိဖောက်ထွင်းမြင်နိုင်သလိုစူးရှနေသောကြောင့် လီလော့ ရင်တထိတ်ထိတ်ဖြင့် တုန်လှုပ်သွားသည်။

"အင်း၊ ငါ သေချာမမှတ်မိတော့ဘူး..... အဘိုးအိုတစ်ယောက် ကောင်းကင်က ဆင်းလာပြီး ကြက်သွေးရောင်ဗိုလ်ချုပ်ကို စကားတစ်ခွန်းမှ မပြောဘဲ ပျော့ခွေအောင် ရိုက်ချတာကို မြင်လိုက်ရတယ်....ပြောချင်တာက ကြက်သွေးရောင်ဗိုလ်ချုပ်က ပြောမပြနိုင်တဲ့ အပြစ်တွေ အများကြီး ကျူးလွန်ခဲ့တာမို့ တစ်စုံတစ်ယောက်ကို စော်ကားမိခဲ့မှာ သေချာတယ်....."

ကျန်းချင်းအာကို အမြီးသုံးချောင်းကောင်းကင်ဘုံဝံပုလွေအကြောင်း မပြောပြချင်ပေ။ သူမကို မယုံကြည်တဲ့အတွက်ကြောင့် မဟုတ်ဘဲ သူမကို မစိုးရိမ်စေချင်တာကြောင့်ပင်.....

သူမ သူ့ကိုပဲ စိုက်ကြည့်နေသဖြင့် လိမ်ညာမှု ဆမအောင်မြင်ခဲ့တာ ထင်ရှားနေသည်။

"ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တချို့ ရှိတယ်...အဲ့ဒါက... အရိပ်လှိုဏ်ဂူမှာ ငါတို့တွေ့ခဲ့တဲ့ အမြီးသုံးချောင်းကောင်းကင်ဘုံဝံပုလွေလို့ ခံစားရစေတယ်.... ကျောင်းအုပ်ကြီးဖန် နင့်ကို ကူညီပြီး ဝံပုလွေကို တံဆိပ်ခတ်ပေးခဲ့တယ်မလား....."

သူမက လီလော့ရဲ့ လက်ကောက်ဝတ်ရှိ ကြက်သွေးရောင် လက်ကောက်ကို ညွှန်ပြလိုက်သည်။

" နင် ဝံပုလွေရဲ့အကူအညီနဲ့ ကြက်သွေးရောင် ဗိုလ်ချုပ်ကို ဆန့်ကျင်ခဲ့တာမလား......"

လီလော့ မျက်လုံးပြူးသွားသည်။

"နင် နတ်ဆိုးပဲ! ဝတုတ်နေတဲ့ ငန်းနတ်ဆိုး!”

“ကျောင်းအုပ်ကြီးဖန် နင့်ကို အဲဒီအမှတ်အသားပေးတုန်းကတည်းက ငါမှန်းဆထားပြီးသားပဲ”

လီလော့က ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။

"ကျောင်းအုပ်ကြီးဖန် က တကယ်ကို မဆင်မခြင်လုပ်တတ်တဲ့သူပဲ... မြို့စားအဆင့်နဲ့ ထိစပ်နေတဲ့ အဆင့်မြင့်ကောင်းကင်ပဲ့တင်ထပ်သံအဆင့် သားရဲရဲ့ စွမ်းအားကို သူဘာလို့ ဆရာသခင်အဆင့်လေးဆီပေးခဲ့ရတာလဲ..... ဒါကို အလွန်အကျွံသုံးရင် လုံးလုံး ပျက်စီးသွားလိမ့်မယ်ဆိုတာသူမသိဘူးလား..."

သူမ မကျေမနပ်ဖြစ်ကာ ပေါက်ကွဲနေလေပြီ။

"ချင်းအာ...ငါဒီလိုလုပ်ရတာ နင့်ပခုံးပေါ်ကနေ ဝန်ထုပ်ဝန်ပိုးတချို့ကို လွှဲယူချင်လို့ပါ.....အိမ်တော်စုဝေးပွဲ နီးလာပြီ၊ ငါ့ရဲ့ လက်ရှိ ခွန်အားနဲ့ဆို နင့်အတွက် ငါလုပ်ပေးနိုင်တ. သိပ်မရှိဘူး၊ ငါ နည်းနည်းတော့ လောင်းကြေးထပ်ကြည့်ရမယ်လေ..... ဒါပေမယ့် စိတ်မပူပါနဲ့၊ ငါ ဒီစွမ်းအားကို ရူးရူးမိုက်မိုက် မသုံးပါဘူး.... ."

သူမ အနည်းငယ်စိတ်လျော့လိုက်သည်။

မည်သို့ပင်ဆိုစေ လီလော့၏ ဒဏ်ရာများကိုမြင်လိုက်တိုင်း နှလုံးသားတခုလုံးနာကျင်ကိုက်ခဲလာသည်။

"အင်း.... နောင်ဆို သတိထားပါ...."

လီလော့ဘက်က ဆုံးဖြတ်ချက်ချပြီးကတည်းက သူမ သူ့ကို ထောက်ခံရတော့မည်။ထို့အပြင် လီလော့ကို သူမယုံကြည်သည်။

လီလော့ ခေါင်းညိတ်လိုက်သည်။

"အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်.... ပြီးတော့ မင်းအမြီးသုံးချောင်း ကောင်းကင်ဘုံဝံပုလွေကိစ္စကို လျှို့ဝှက်ထားဖို့ကူညီပေးပါဉီး...."

လီလော့က ကြက်သွေးရောင်ဗိုလ်ချုပ်၏ အလောင်းကို ညွှန်ပြလိုက်ပြီး..

"ဒီလူသေတဲ့ကိစ္စကိုဘယ်လိုလုပ်မလဲ...."

သူမက နားလည်သည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး...

. "ငါ သတ်လိုက်တာလို့ ပြောလို့ရတယ်....အဆင့်ကိုးအလင်းပဲ့တင်ထပ်သံက အမြဲတမ်း ခြွင်းချက်ဖြစ်နေတုန်းပဲလေ.... တခြားသူတွေက ဇာတ်လမ်းကို သိချင်ပေမယ့် သူတို့ နင့်ကိုဘယ်လိုမှသံသယဝင်မှာမဟုတ်ဘူး....."

"ဘယ်လိုပဲဖြစ်ဖြစ် ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်လိုက်သလိုပေါ့....နင်နဲ့ငါက တဖွဲ့တည်းဆိုတော့ အမှတ်တွေကငါတို့ဆီပဲရောက်လာမှာ....."

"ဒါ့အပြင်၊ ငါရခဲ့တဲ့ ဆုကြေးက ဘာနဲ့မှယှဉ်လို့မရဘူး...."

လီလော့က ပြီတီတီအပြုံးဖြင့် နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်သည်။

ကျန်းချင်းအာက စကားလမ်းကြောင်း လွှံသည့်အနေဖြင့်.....

" ဝိဉာဉ်မှန်ကို တချက်စစ်လိုက်ဉီး....."

လီလော့ ဝိဉာဉ်မှန်ကို ဆွဲထုတ်ပြီး အမှတ်ပေးဇယားကို ကြည့်ပြီးတော့ အသက်ပြင်းပြင်းရှူလိုက်မိသည်။

သူတို့အသင်းကတော့ ပထမနေရာမှာ ရှိနေဆဲပင်....သို့သော်.... အမှတ်တွေကတော့ ပြောင်းလဲသွားခဲ့ချေပြီ.....

အမှတ် 1.2 သန်း !!

All Chapters