ချန်ပီယံများ....
Vol. 43 Ch. 592
နေရာကူးပြောင်းခြင်းကြောင့် ခံစားရသည့် မူးဝေခြင်း ပျောက်ကွယ်သွားသောအခါတွင် လီလော့သည် သူ့ပတ်ဝန်းကျင်တွင် ကြည့်ရှုသူများနှင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
သူတို့အားလုံး ရှန့်ပိန်းတွေ့ဆုံပွဲ ဧရိယာသို့ ပြန်ရောက်ခဲ့ကြပြီ.....
လီလော့သည် ကျန်းချင်းအာနှင့်မင်းသမီးတွင်ဘေးတွင်ရှိနေကာ အနီးနားရှိ ခန်းမအဆင့်ပြိုင်ပွဲမှ အခြားအဖွဲ့များကို လှည့်ကြည့်လိုက်သည်။
ပီပီပြင်ပြင် လက်ခုပ်သံများ နှင့် ပျော်ရွှင်စွာအော်ဟစ်သံများ ဝိုင်းအုံလာကာ ချန်ပီယံများ ဘေးကင်းစွာ ပြန်လာခြင်းကို ဂုဏ်ပြုကြသည်။
ကျောင်းအုပ်တွေကတောင် သူတို့အတွက်ညသီးသန့်စီစဉ်ပေးထားတဲ့စင်မြင့်ပေါ်ကနေ ပြုံးပြနေကြသည်။
ခက်ခဲသောတိုက်ပွဲများမှတစ်ဆင့် ရွှံနီပြည်နယ်တစ်လျှောက်တွင် ကျယ်ပြန့်သော သန့်စင်ရေးကွန်ရက်ကို အောင်မြင်စွာချမှတ်နိုင်ခဲ့သည်ကို ဖန်သားပြင်ကဆင့်တိုက်ရိုက်မြင်တွေ့ခဲ့ရသည်။သို့သော်လည်း ကြက်သွေးရောင်ဗိုလ်ချုပ် သွေးအမြီးနတ်ဆိုးနှင့် ပေါင်းစည်းပြီးနောက်မြင်ကွင်းများကို မည်သူမျှမသိရှိနိုင်ခဲ့ပေ။
ကြက်သွေးရောင် ဗိုလ်ချုပ်၏ စွမ်းရည်သည် သန့်စင်ရေးအစီအရင်ကိုပင် တားဆီးခဲ့ပြီး ပြိုင်ပွဲတွက်တာဝန်ရှိသူများကလည်း ထိန်းချုပ်မှု ကင်းမဲ့သွားသလို ခံစားခဲ့ရသည်။ ပြိုင်ပွဲကျင်းပလာသည့်သက်တမ်းတစ်လျှောက်တွင် ယခုလိုအဖြစ်မျိုး တစ်ကြိမ်တည်းသာ ရှိခဲ့သည်။ ထိုအချိန်တွင် ပရိသတ်အားလုံး လွန်စွာ ထိတ်လန့်သွားကြသည်။
ကျောက်သားမြို့တော်တွင် ပျောက်ကွယ်သွားသော အဖွဲ့ရှစ်ဖွဲ့သည် အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတိုက်၏ အကောင်းဆုံးနှင့် အတောက်ပဆုံးပါရမီရှင်မျာဖြစ်သည်။ ဤလူငယ်များအားလုံးသည် အနာဂတ်တွင် မြို့စားအဆင့်သို့ရောက်ရှိရန် အလားအလာရှိသောကြောင့် ၎င်းတို့သေဆုံးသွားပါက ဆိုးရွားစွာဆုံးရှုံးသွားမည်ဖြစ်သည်။
ဒါတောင် ကောလိပ်တွေဘက်က သူတို့ကို ကယ်တင်ဖို့ နည်းလမ်းရှာမတွေ့ခဲ့ပေ။ ဝိညာဉ်မှန်များသည် အဆုံးစွန်သော ကယ်တင်ရေးကိရိယာဖြစ်ခဲ့သော်လည်း ကြက်သွေးရောင် ဗိုလ်ချုပ်က ၎င်းတို့ကို ပိတ်ပင်ထားခဲ့သည်။ သို့သော် ထိတ်လန့်ဆဲမှာပင် တိုက်ပွဲမြင်ကွင်းများကို ပြန်လည်မြင်တွေ့နိုင်ချိန်တွင် ကြက်သွေးရောင် ဗိုလ်ချုပ် တစ်နည်းနည်းဖြင့် အသတ်ခံခဲ့ရသည်။
ဒါဟာ ထိတ်လန့်စရာကောင်းပေမယ့် ပျော်ရွှင်စရာအဆုံးသတ်ဖြင့် ဇာတ်သိမ်းနိုင်ခဲ့သည်ဟုဆိုရမည်။
ဖြစ်ပျက်ခဲ့တာကို ဘယ်သူမှ မသိခဲ့ကြပေ။ နတ်ဆိုးနှင့်ပေါင်းစည်းလိုက်သဖြင့် ကြက်သွေးရောင်ဗိုလ်ချုပ်သည် အဆင့်မြင့်ကောင်းကင်ပဲ့တင်ထပ်သံအဆင့်သို့ မြင့်တက်သွားခဲ့သည်။ သူ့ကို ဘယ်သူသတ်ခဲ့တာလဲ........
ဒါပေမယ့် ရမှတ်တွေက ဖြစ်ရပ်မှန်ကို အသံတိတ်ပြောပြပေးနေသည်။
အရာအားလုံးပြီးဆုံးသွားသောအခါ၊ ကုန်းလွမ်ယုတို့အသင်းက အခြားအသင်းများအားလုံးထက် အမှတ် 1.2 သန်းအထိ ခုန်တက်သွားခဲ့သည်။
ဆိုလိုတာက သွေးအမြီးနတ်ဆိုးနဲ့ ကြက်သွေးရောင် ဗိုလ်ချုပ် နှစ်ယောက်စလုံး အဲဒီအဖွဲ့လက်ချက်နဲ့ သေဆုံးခဲ့ရသည့် အဓိပ္ပါယ်ပင်.....
သို့သော် လူတိုင်းသည် ကြက်သွေးရောင် ဗိုလ်ချုပ်၏ လှည့်စားမှုအတွင်း ပိတ်မိနေခဲ့ကြသည်၊ ထို့ကြောင့် တစ်ဖွဲ့တည်းက ၎င်းကို မည်သို့ ရှောင်ဖယ်ပြီး ရန်သူကိုပင် ကျော်လွှားနိုင်ခဲ့သနည်း။
သူတို့အဖွဲ့သည် ယခုအချိန်တွင် သိလိုစိတ်ပြင်းပြမှုများ၏ပစ်မှတ်ဖြစ်နေသည်။
ထို့အပြင်၊ ရှန့်ပိန်းတွေ့ဆုံပွဲ ၏အနိုင်ရှိသောအဖွဲ့တွင် အလွန်ထင်ရှားသောအချက်များရှိနေသည်။ခန်းမအဆင့်ပြိုင်ပွဲမှ အသန်မာဆုံး ကျောင်းသားနှစ်ယောက် ထိုအဖွဲ့တွင် ပါဝင်နေသောကြောင့် ဤအပိုင်းသည် အံ့သြစရာမဟုတ်ပေ။ ကြယ်တစ်ပွင့်ခန်းမက လီလော့ကို များစွာမမျှော်လင့်ထားသောငြား ကျန်းချင်းအာသည် ပြိုင်ပွဲတွင် ကြောက်မက်ဖွယ်ကောင်းသည့် ဖျက်မြင်းတစ်ကောင်ဖြစ်နေသည်။
မိန်းကလေး နှစ်ယောက် ပေါင်းပြီး ကြယ်လေးပွင့်ခန်းမဆုရှင် လန်လန်းကိုတောင် ဖိနှိပ်ခဲ့ကြသည်မဟုတ်လော.....
ဒါပေမယ့် သူတို့က အဆင့်မြင့်ကောင်းကင်ပဲ့တင်ထပ်သံ ကြက်သွေးရောင် ဗိုလ်ချုပ်ကို ဆန့်ကျင်ခဲ့မယ်ဆိုရင် ကွာခြားချက်က ကြီးမားလွန်းသည့်အတွက် ယုတ္တိသိပ်မရှိပေ။
မည်သို့ပင်ဆိုစေကာမူ၊ ကြက်သွေးရောင် ဗိုလ်ချုပ် သေဆုံးသွားပြီ၊ အမှတ်များက ကုန်းလွမ်ယုတို့အဖွဲ့၏ အိတ်ကပ်ထဲတွင် ရှိနေပြီဖြစ်သဖြင့် ဖြစ်နိုင်ခြေရှိသော တစ်ခုတည်းသော ရှင်းပြချက်မှာ ထိုအသင်းတွင် တန်ဖိုးကြီးမားသောဝှက်ဖဲရှိနေခြင်းပင်ဖြစ်လိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းသည် အားလုံးအတွက် ကောင်းမွန်သောအဆုံးသတ်ဖြစ်ခဲ့သည်။ ရန်သူ့လက်ထဲ၌ ၎င်းတို့၏ ထိပ်တန်း အင်အားစု တစ်ခုလုံး သုတ်သင်ရှင်းလင်းခံရမည်ကို မည်သူမျှ မမြင်ချင်ကြပေ။
ထိုသို့သာဆိုလျှင် ကောလိပ်များအတွက် ဆိုးရွားသော ဆုံးရှုံးမှုတစ်ခု ဖြစ်ရုံသာမက ကျောင်းသားများ၏ စိတ်ဓာတ်ကိုပါ လုံးဝ ထိခိုက်စေမည်ဖြစ်သည်။ထို့အပြင် အနာဂတ်တွင် ကျင်းပမည့်ပြိုင်ပွဲများကိုပါ ဆိုးဆိုးရွားရွားထင်ဟပ်စေမည်ဖြစ်သည်။
ဗဟိုကျောင်းသားသမဂ္ဂမှ အကြီးအကဲလင်းယု ရှေ့သို့ လှမ်းတက်လာပြီး သူတို့အားလုံးကို ကြင်နာစွာ နှုတ်ဆက်လိုက်သည်။
" ကြိုဆိုပါတယ် ..... အားလုံး ဘေးကင်းစွာ ပြန်လာတဲ့အတွက်လည်း ဝမ်းသာပါတယ်.... မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို အနီးကပ် စောင့်ကြည့်ပြီးသားမို့ အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတိုက်က ကောလိပ်တွေအားလုံးက မင်းတို့ရဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်ယူနေမှာပါ......"
"မင်းတို့က အမှောင်စွမ်းအင်တိုက်စားခံနေရတဲ့ ရွှံနီပြည်နယ်ကို အတူတကွ သန့်စင်စေပြီး မှောင်မိုက်တဲ့မြေဆီလွှာကို သန့်ရှင်းစင်ကြယ်စေခဲ့ပါတယ်....ဒါဟာ မဝေးလှတဲ့ အနာဂတ်မှာ အမှန်တကယ် တိုးတက်ဖြစ်ထွန်းလာမယ့် မျှော်လင့်ချက်မျိုးစေ့တွေကို စိုက်ပျိုးထားခဲ့သလိုပါပဲ.....
"မင်းတို့အားလုံးက သူရဲကောင်းတွေပါ...."
သူ၏ ကြွေးကြော်သံကြောင့် ပြင်းထန်သော လက်ခုပ်သံများဖြင့် သောင်းသောင်းဖြဖြ ထွက်ပေါ်လာသည်။
ကြယ်တာယာခရီးရှည်ကောလိပ် ကျောင်းသားများကတော့ အများထက်ပို၍ စိတ်လှုပ်ရှားနေကြသည်။
"ဝိုးးးအစ်ကိုလော့က တကယ်ကို အံ့သြစရာပဲ" လို့ လေ့လာသုံးသပ်သူ ယုလန်က သူ့ရဲ့ ကျွမ်းကျင်တဲ့ ထင်မြင်ချက်ကို ချက်ခြင်းပဲ နားစွင့်နေတဲ့လူတိုင်းကြားအောင် ခပ်ကျယ်ကျယ်ပြောပြလိုက်သည်။
"တစ်ကယ့်ကို အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတိုက်ရဲ့ အသန်မာဆုံးကြယ်တစ်ပွင့်ခန်းမကျောင်းသားပီသပါပေတယ်.... လက်ဆုပ်လက်ကိုင် မပြနိုင်ပေမယ့်
အစ်ကိုလော့က ဒီ့သတ်ဖြတ်မှုမှာ အလိုအပ်ဆုံး ပံ့ပိုးပေးသူပဲဆိုတာ သေချာတယ်.... "
ဒူဇီပိုင်ရွှမ်းက နားကြားပျင်းကပ်လာသဖြင့်.....
"မင်းဘာတွေပြောနေတာလဲ၊ ကြက်သွေးရောင် ဗိုလ်ချုပ် ဘယ်လောက်တောင် ခွန်အားကြီးတယ်ဆိုတာ မင်းသိလား....ဟိုက အဆင့်မြင့် ကောင်းကင်ဘုံ ပဲ့တင်ထပ်သံအဆင့်...လီလော့က ဆရာသခင်အဆင့်ကွ...လေလုံးသိပ်ထွားမနေနဲ့....."
"အဓိကပါဝင်သူတွေက မင်းသမီးနဲ့စီနီယာကျန်းတို့ပဲဖြစ်လိမ့်မယ်..." ဟု ဝမ်ဟေးကျူ က ယုံကြည်ချက်အပြည့်ဖြင့်ဝင်ပြောလိုက်သည်
။ "လီလော့ရဲ့ ပံ့ပိုးကူညီမှုက ဘေးကနေ လက်ခုပ်တီးတာလောက်ပဲဖြစ်လိမ့်မယ်...."
ယုလန်က ထိုနှစ်ယောက်ကို အရူးများသဖွယ်ကြည့်ကာ ခေါင်းယမ်းလိုက်ပြီး....
"ဒီမယ် အဆိပ်ငှက်လေး....မင်း ငါတို့အစ်ကိုလော့အကြောင်းဘယ်လောက်သိလို့လဲ....."
သူ၏ နှိမ့်ချသော အမူအရာသည် ဒူဇီပိုင်ရွှမ်း နှင့် ဝမ်ဟေးကျူကို လုံးဝ ဒေါသထွက်စေသော်လည်း အခြားကျောင်းသားများ၏ ချီးမြှောက်ခြင်းကြောင့် အသာငြိမ်နေလိုက်ရသည်။
"ယုလန် ပြောတာ နည်းနည်းတော့ လွန်နေတယ်၊ ဒါပေမယ့် လီလော့က ဆရာသခင်အဆင်တစ်ယောက်ဖြစ်ပေမဲ့၊ မင်းသမီးက အဖွဲ့အတွက် လီလော့ရဒဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ပတ်သက်ပြီး မကျေနပ်တာမျိုးတခွန်းမှမပြောခဲ့ဘူး..." ဟု လုချင်းအာက ဝမ်းသာအားရ ပြောလိုက်သည်။
"ခေါင်းဆောင်ရဲ့ရလဒ်တွေက ငါတို့အားလုံးအတွက် အားရစရာပဲ.... သူ စံချိန်သစ်တင်လိုက်ပြီ" ဟု ပိုင်မျန်မျန်က စိတ်အားထက်သန်စွာတုံ့ပြန်လိုက်သည်။
ဒူဇီပိုင်ရွှမ်း နှင့် ဝမ်ဟေးကျူတို့ မျက်လုံးပြူးသွားကြသည်။ တော်ပြီ...ပါးစပ်ပိတ်နေလိုက်တာအကောင်းဆုံးပဲ...ဒီကောင်က ပရိတ်သတ်အင်အားတောင့်တယ်......
စင်မြင့်ပေါ်၌.....
အကြီးအကဲလင်းယုသည် အုပ်ချုပ်ရေးမှူးများနှင့် အကျဉ်းချုံး ဆွေးနွေးပြီးနောက် ဒုတိယကျောင်းအုပ်စုရှင်း၏ မျက်နှာ လင်းလာသည်ကို ကျောင်းသားများက တွေ့လိုက်ရသည်။
ထိုစဉ် အကြီးအကဲလင်းယု၏ နွေးထွေးသော အသံ ထွက်ပေါ်လာပြန်သည်။
"ရှန့်ပိန်းတွေ့ဆုံပွဲရဲ့ ပြိုင်ပွဲအားလုံး ပြီးသွားခဲ့ပါပြီ။ ရောနှောအဆင့်ပြိုင်ပွဲမှာ အနိုင်ရတဲ့ အဖွဲ့ကတော့ ကြယ်တာယာခရီးရှည်ကောလိပ်ကပါ...."
အားလုံးသော မျက်လုံးများသည် မနာလိုမှု၊ သိချင်စိတ်နှင့် လေးစားမှုတို့ ရောနှောကာ မြင့်မြတ်သော သုံးယောက်ဆီသို့ လှည့်ကြည့်လိုက်သည်။
"ကုန်းလွမ်ယု.
"ကျန်းချင်းအာ"
"လီလော့"
လင်းယု၏ အင်္ကျီလက်စထဲမှ ရွှေရောင်အလင်းတန်းသုံးခု ပျံထွက်လာပြီး အားလုံး မြင်နိုင်စေရန် လေထဲတွင် တောက်ပစွာဝေ့ဝဲနေသည်။ တစ်ခုစီသည် အလယ်တွင် သစ်ပင်တစ်ပင်ပုံထွင်းထားသော လက်ဖဝါးအရွယ် ရွှေရောင်တံဆိပ်ငယ်တစ်ခုဖြစ်သည်။
ရွှေရောင်ရှန်းလိသစ်ပင်ရင်ထိုးများ......