← Chapters

ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုး....

Vol. 43 Ch. 593

ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုး....

Vol. 43 Ch. 593

ရွှေရောင်ရှန်းလိသစ်ပင်ရင်ထိုး....

လီလော့၏ မျက်လုံးများ တလက်လက်တောက်ပလာသည်။

သူ ဒါကိုတောင့်တနေတာကြာခဲ့ပြီ......

ရွှေရောင်ရောင်ရှန်းလိသစ်ပင်ရင်ထိုးသည် လူတစ်ဦး၏ ပဲ့တင်ထပ်သံ အရည်အသွေးကို အရှိန်အဟုန်ဖြင့် မြှင့်တင်ပေးနိုင်သည်။၎င်းသည် အဆုံးမရှိသော ဝိဉာဉ်ရည်နှင့်သန့်စင်သောအလင်းများကို သောက်သုံးနေရသလိုအကျိုးထူးသည်။

သေချာတာကတော့ ဝိဉာဉ်ရည်သောက်သုံးသလို အခုချက်ချင်း အစွမ်းပြ

တာတော့မဟုတ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ သက်ရောက်မှုတွေက အရမ်းကောင်းလာလိမ့်မည်။

ထို့အပြင် ၎င်းတွင် ဤသို့သော အကျိုးကျေးဇူးတစ်ခုတည်းရှိသည်မဟုတ်ပေ။ ၎င်းသည် သူလက်လှမ်းမီနိုင်သော မည်သည့် ဝိညာဉ်ရည်နှင့် သန့်စင်သောအလင်းကိုမဆို အပြည့်အဝဖြည့်စွမ်းနိုင်ပြီး အကျိုးသက်ရောက်မှုကို နှစ်ဆတိုးစေနိုင်သည်။

တကယ့်ကိုရတနာတပါးဟု ခေါ်ထိုက်ပေသည်။

ထိုသို့သောရတနာများသည် ရွှေနဂါးဘဏ်တွင်ပင် ရှာမတွေ့နိုင်လောက်အောင် ရှားပါးပြီး ၎င်း၏စျေးနှုန်းသည် ရွှေမျက်လုံးအဆင့်ရတနာထက်ပင်စျေးပိုများနိုင်သည်။

"ဒီရင်ထိုးမှာ ပဲ့တင်ထပ်သံရဲ့အဆင့်ကိုမြှင့်တင်ပေးနိုင်တဲ့ အကျိုးကျေးဇူးအပြင် ဗဟိုကျောင်းသားသမဂ္ဂက အပိုဆုအနေနဲ့ ပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့ရင် အလိုအလျောက် အသက်ဝင်လာမယ့် ထာဝရနုပျိုမှုကောင်းချီးတစ်ခုကိုလည်း ထည့်သွင်းပေးထားပါတယ်....ဒီကောင်းချီးက ကုန်ခမ်းသွားတဲ့စွမ်းအင်တွေကိုအလျင်အမြန်ဖြည့်တင်းပေးနိုင်တဲ့အပြင် ဒဏ်ရာများကို အချိန်တိုအတွင်း ပျောက်ကင်းစေလိမ့်မယ်..." ဟု အကြီးအကဲလင်းယုက ရှင်းပြခဲ့သည်။ ရွှေရောင်ရောင်ရှန်းလိသစ်ပင်ရင်ထိုး၏နောက်ထပ်အကျိုးသက်ရောက်မှုသသည် မမျှော်လင့်ထားသော ကောင်းချီးတစ်ခုဖြစ်နေသည်။

မနာလိုစိတ်က လူအုပ်ကြားထဲ ပျံ့နှံ့သွားသည်။ ထာဝရနုပျိုမှုကောင်းချီးသည် အသက်ကယ်တင်နိုင်စွမ်းရှိသည်။

ရွှေရောင်ရှန်းလိသစ်ပင်ရင်ထိုး သုံးခုသည် လီလော့၊ ကျန်းချင်းအာနှင့်မင်းသမီးတို့ဆီသို့ စီးဆင်းသွားခဲ့သည်။

"ကြယ်တာယာခရီးရှည်ကောလိပ်က ကျန်းချင်းအာနဲ့ လီလော့ တို့ကို အသန်မာဆုံး ကျောင်းသားဘွဲ့ ချီးမြှင့်ထားပြီးသားမို့ သူတို့မှာရင်ထိုးနှစ်ခု ရှိနေလိမ့်မယ်.... စည်းမျဉ်းတွေအရဆို ရွှေရောင်ရင်ထိုးနှစ်ခုကို အရည်အသွေးပိုမြင့်တဲ့ ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုးတစ်ခုနဲ့ လဲလှယ်နိုင်တယ်..."

"ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုးတွေက ရွှေရောင်ရှန်းလိသစ်ပင်ရင်ထိုးတွေထက် ရှားပါးပြီး သူတို့မှာ ပိုဆန်းကြယ်တဲ့ ဂုဏ်သတ္တိတွေရှိတယ်.... အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတိုက်မှာတောင်အရေအတွင်နည်းပါးတယ်...."

"ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုး!"

တခြားကျောင်းသားတွေက စိတ်လှုပ်ရှားစွာနဲ့ မနာလိုအားကျစွာဆွေးနွေးနေကြသည်။

"ဒါမျိုးတစ်ခုမှမတွေ့ခဲ့ရတည ဆယ်စုနှစ်အတော်ကြာနေပြီ...ဒီတစ်ခေါက် နှစ်ခုတောင် ရတော့မှာပေါ့....."

"ဟုတ်တယ်၊ ခရမ်းရောင်ရင်ထိုးတစ်ခုအတွက် ရွှေရောင်ရင်ထိုးနှစ်ချောင်းပေးရမာ်ဆိုတာ ခက်ခဲလွန်းတဲ့အခြေအနေပါ....."

အသန်မာဆုံးကျောင်းသားဘွဲ့ကို ချီးမြှင့်ခံရသူများသည် ရွှေရောင်ရင်ထိုးကို ရရှိနိုင်ပြီး၊ ထို့နောက် ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုး အတွက် ဒုတိယတစ်ခုရရန် ရောနှောအဆင့်ပြိုင်ပွဲတွင် အနိုင်ရရမည်ဖြစ်သည်။ ထိုအရာကို အောင်နိုင်သူတိုင်းသည် လွန်စွာခက်ခဲသော အောင်မြင်မှုတစ်ခုဖြစ်သည်။

"မင်းတို့နှစ်ယောက်က ရွှေရင်ထိုးနှစ်ခုကိုယူမှာလား ခရမ်းရောင်ရင်ထိုးနဲ့လဲမှာလား...."

လင်းယုက လီလော့နဲ့ ကျန်းချင်းအာကို မေးလိုက်သည်။

နှစ်ယောက်စလုံးက အလဲအလှယ်လုပ်ဖို့ ချက်ချင်းဆုံးဖြတ်လိုက်သည်။

ဒီလိုနဲ့ လင်းယုက ဝတ်ရုံလက်စကို ထပ်ပြီး ဝှေ့ယမ်းလိုက်တော့ ရွှေရောင် တေေေင်ထိုးတွေ ပျောက်သွားပြီး ခရမ်းရောင်အလင်းတန်းနှစ်ခု လီလော့တို့ရှေ့သို့ရောက်ရှိလာသည်။

ရင်ထိုးအသစ်သည် ယခင်ပုံစံထက်ပို၍ ရှုပ်ထွေးသော်လည်း၊အလယ်မှာ ခရမ်းရောင်မျက်လုံးတစ်ခုရှိနေသည်။

ခရမ်းရောင်မျက်လုံးအဆင့် အဖိုးတန်ပစ္စည်းတစ်ခု.......

လီလော့၏ နှလုံးခုန်သံများမြန်ဆန်လာသည်။

ခရမ်းရောင်မျက်လုံးအဆင့် အဖိုးတန်ပစ္စည်းတစ်ခုကိုသာ ရွှေနဂါးဘဏ်တိုက်မှာ သွားရောင်းမယ်ဆို အတော်လေးချမ်းသာကြွယ်ဝနေမည်သာ......

ခရမ်းရောင်မျက်လုံးအဆင့်ရတနာများသည် အလွန်ရှားပါးသောကြောင့် မြို့စားအဆင့်များပင် လိုချင်တပ်မက်ခဲ့ကြသည်။

လီလော့သည် ယခင်က ဤမျှလောက် အစွမ်းထက်သောအရာကို မပိုင်ဆိုင်ခဲ့ဖူးပေ။

"မင်းတို့နှစ်ယောက်၊ မင်းတို့ရဲ့သွေးအဆီနှစ်ကို ရင်ထိုးထဲအစက်ချလိုက်ပါ..ဒါဆို ရင်ထိုးတွေကမင်းတို့ကိုသခင်အဖြစ်သတ်မှတ်ပြီး အင်အားသုံးပြီး လုယူခံရမယ်ဆိုရင် ချက်ချင်းပျက်စီးသွားလိမ့်မယ်..."

ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုးများသည် ရှားပါးလွန်းသော ရတနာများဖြစ်သည်။ ကျန်းချင်းအာတွင် ထိုအရာကို ကာကွယ်နိုင်စွမ်းရှိသော်လည်း လီလော့လိုဆရာသခင်အဆင့်တစ်ယောက်အနေဖြင့်မလွယ်ကူနိုင်ပေ။ ဗဟိုကျောင်းသားသမဂ္ဂက ဒါတွေကို

ကြိုမြင်ထားပြီး လုယက်တိုက်ခိုက်ခြင်းမှ တားဆီးရန် အစီအမံများ ပြုလုပ်ခဲ့သည်။

လီလော့နှင့်ကျန်းချင်းအာတို့သည် ၎င်းတို့၏ လက်ချောင်းများကို ကိုက်ဖောက်က ရင်ထိုးများကို အမှတ်အသားပြုဖို့ သွေးစက်ချလိုက်သည်။ သူတို့နှင့် ရတနာများကြားတွင် အစွမ်းထက်သော ချိတ်ဆက်မှုတစ်ခု ပြုလုပ်ထားသဖြင့် ရင်ထိုးများ၏ အစွမ်းကို ခံစားလိုက်ရသဖြင့် နှစ်ယောက်စလုံး တုန်လှုပ်သွားကြသည်။

"ပဲ့တင်ထပ်သံကို အဆင့်မြင့်ပေးခြင်း...."

“ဝိဉာဉ်သိုက်...."

" ယုံဟန်းရှန့်ချပ်ဝတ်"

ပဲ့တင်ထပ်သံအဆင့်မြှင့်ပေးခြင်းသည် ရွှေရင်ထိုးများတွင်ပင် ပါ၀င်သော အခြေခံစွမ်းအားဖြစ်သည်။ လီလော့သည် ဝိညာဉ်သိုက်၏လုပ်ဆောင်ချက်ကို သေချာလေ့လာခဲ့သည်။ ၎င်းသည် ပဲ့တင်ထပ်သံအဆင့်မြှင့်တင်ခြင်း အရည်အသွေးနှင့် အနည်းငယ် ကွာခြားသော်လည်း ၎င်းသည် ရင်ထိုးအတွင်းမှ စုဆောင်းထားသော စွမ်းအင်များကို သုံး၍ အသုံးပြုသူအတွက် ပဲ့တင်ထပ်မှု အရည်အသွေးကို မြှင့်တင်ပေးသည့် အစွမ်းထက်သော စွမ်းအင်ကို ထုတ်ပေးမည်ဖြစ်သည်။

ဝိညာဉ်သိုက်၏အကျိုးသက်ရောက်မှုသည် ပဲ့တင်ထပ်သံတုပဖန်တီးခြင်းလုပ်ငန်းစဉ်ထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သည်။

သို့သော်၊ ဝိညာဉ်သိုက်အသုံးပြုမှုတိုင်းသည် ရင်ထိုးအတွင်းမှ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန် ကြာမြင့်စွာအချိန်ယူရမည်ဖြစ်သည်။ ၎င်းသည် အသုံးပြုမှုတိုင်းပြီးနေအချိန်အတန်ကြာ ပဲ့တင်ထပ်သံအဆင့်မြှင့်ခြင်း အကျိုးသက်ရောက်မှုများကို လျှော့ချသွားလိမ့်မည်။

သို့သော်လည်း မက်လောက်စရာကောင်းနေဆဲပင်.. ဝိညာဉ်သိုက်၏ အကျိုးသက်ရောက်မှုသည် မည်သို့ပင်ဖြစ်စေ ပဲ့တင်ထပ်သံတုပ ဖန်တီးမှုထက် ပိုမိုပြင်းထန်သည်။

ဥပမာအားဖြင့်၊ သူသည် မြေနတ်ဆိုးခန္ဓာအဆင့် သို့ရောက်ရှိပြီး သူ၏တတိယပဲ့တင်ထပ်သောနန်းတော်ကို ရခဲ့ပါက၊ သူသည် သူ၏တတိယပဲ့တင်ထပ်သံကို သင့်လျော်သောအဆင့်အထိ ချက်ချင်းတွန်းပို့ရန် ဝိညာဉ်သိုက်ကို အသုံးပြုနိုင်သည်။ စင်စစ် ဆဋ္ဌမအဆင့်သို့ပင်အလွယ်တကူရောက်သွားနိုင်သည်။

အဲဒါက သူ့အတွက် အချိန်နဲ့ စွမ်းအင်ကို အများကြီး သက်သာစေမှာပါ.....

လီလော့ ယုံဟန်းရှန့်ချပ်ဝတ်ကို တချက်ကြည့်လိုက်သည်။

ရွှေရောင်ရောင်ရှန်းလိသစ်ပင်ရင်ထိုး၏ ထာဝရနုပျိုမှုကောင်းချီးနှင့် နှိုင်းယှဉ်ပါက ယုံဟန်းရှန့်ချပ်ဝတ်က ပို၍ပင် အားကောင်းပါသည်။စတင်အသက်သွင်းပြီးသည်နှင့် ၎င်းသည် အသုံးပြုသူကို ခိုင်ခံသော သစ်သားချပ်ဝတ်တန်ဆာဖြင့် ကာဆီးပေးထားမည်ဖြစ်သည်။

၎င်းသည် ခံစစ်အတွက်ဖြစ်သည်။ သို့သော် ၎င်းသည် ထာဝရနုပျိုမှုကောင်းချီးကဲ့သို့ပင် ပြန်လည်ရှင်သန်ခြင်းဆိုင်ရာ အကျိုးသက်ရောက်မှုများကိုလည်း အသုံးပြုထားသည်။

၎င်းသည် အမှန်တကယ်ပင် ထာဝရနုပျိုမှုကောင်းချီး၏ အဆင့်မြှင့်တင်ထားသောဗားရှင်းဖြစ်ပြီး ကုသခြင်းစွမ်းရည်ပါရှိသည့် ကာကွယ်ရေးလက်နက်ဖြစ်သည်။

လီလော့၏ မျက်လုံးများသည် ကျွတ်ကျလုမတတ်ပြူးကျယ်နေပြီး တံတွေးများ ရွှဲနေသဖြင့် အလျင်အမြန်ပါးစပ်သုတ်လိုက်ရသည်။ ခရမ်းရောင်မျက်လုံးအဆင့်ရတနာသည် အမှန်တကယ်ပင် ထူးခြားသော

အရာတစ်ခုဖြစ်သည်။ ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုးမှာ ထိုးစစ်ဆင်နိုင်စွမ်းမရှိပေမယ့် ဒီစွမ်းအားသုံးမျိုးက သူ့ကို အများကြီး အထောက်အကူဖြစ်စေနိုင်သည်။

တုန်တုန်ယင်ယင်လက်ဖြင့် ဆန့်ထုတ်လိုက်တော့ ခရမ်းရောင်ရင်ထိုးက သူ့လက်ဖဝါးပေါ်သို့ ကျရောက်လာသည်။

ထိုအခါ သူ့လက်ပေါ်တွင် ခရမ်းရောင်သစ်ရွက်အမှတ်အသားတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ရှပြည်ထောင်စုရှိ မည်သည့်အဖွဲ့ခွဲမှ ဤကဲ့သို့သော ရတနာကို ပေးဆောင်နိုင်မည်မဟုတ်ဟု လီလော့ ဝမ်းသာအားရ တွေးလိုက်မိသည်။

လီလော့က ပြုံးနေသော ကျန်းချင်းအာကို လှည့်ကြည့်လိုက်သည်။

"ရောထွေးအဆင့်ပြိုင်ပွဲမှာ အခုလိုအထူးအဆန်းတွေတစ်ခါမှမဖြစ်ခဲ့ဖူးဘူး ....ဒီလိုခက်ခဲပြီး ထူးဆန်းတဲ့အခြေအနေတွေကြောင့်၊ စိန်ခေါ်မှုတွေမြင့်တက်လာခဲ့တဲ့ ကျောင်းသားသူရဲကောင်းတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဗဟိုကျောင်းသားသမဂ္ဂက အပိုဆုတွေ ပေးအပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်...."

ဤကြေငြာချက်ကြောင်ြ လူအုပ်ကြီး တစ်ခုလုံးထံမှ စိတ်အားထက်သန်စွာ အားပေးမှု ရရှိခဲ့သည်။ စွန့်စားမှုနှင့်အတူ အချိုးကျဆုလာဘ်များ ရောက်လာသင့်သည်မဟုတ်ပေလော.....

အကြီးအကဲ လင်းယုက သူတို့အားလုံးကို ပြုံးပြပြီး သူ့မိန့်ခွန်းကို နိဂုံးချုပ်လိုက်တော့သည်။

"ဒါကြောင့်၊ ရှန့်ပိန်းတွေ့ဆုံပွဲရဲ့ ပျော်ရွှင်စရာအဆုံးသတ်ကို ရောက်ရှိလာပါပြီ။ မင်းတို့ရဲ့ ကျင့်ကြံမှုခရီးလမ်းမှာ အဆင်ပြေချောမွေ့ပြီး မြို့စားအဆင့်ထိတက်လှမ်းနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်....."

ကျောင်းသားများက အကြီးအကဲလင်းယုအား အလေးပြု ဦးညွှတ်လိုက်ကြသည်။ လီလော့လည်း ခါးကို ငုံ့ထားပြီး ကျန်းချင်းအာ နှင့် အပြုံးများကို မျှဝေလိုက်လေသည်။

ရှန့်ပိန်းတွေ့ဆုံပွဲ ပြီးသွားခဲ့ပြီ......

သို့သော်လည်း အနာဂတ်၏အန္တရာယ်များသည် မိုးကုပ်စက်ဝိုင်းတွင် ပို၍နီးကပ်လာနေခဲ့ပြီ......

All Chapters