← Chapters

အိမ်ပြန်ကြပြီ....

Vol. 43 Ch. 594

အိမ်ပြန်ကြပြီ....

Vol. 43 Ch. 594

ရှန့်ပိန်းတွေ့ဆုံပွဲသည် သက်ဆိုင်သူအားလုံးအတွက် ပျော်ရွှင်စွာဖြင့် နိဂုံးချုပ်ခဲ့သည်။

ထို့နောက် ကျောင်းများအားလုံး ထွက်ခွာသွားကြသည်။

ခြံဝင်းထဲမှာ ကျောင်းသားတွေကို နေရာအသီးသီးခွဲထားပေမယ့် နှုတ်ဆက်ပွဲလုပ်တဲ့အတွက် အပြန်အလှန်စကားပြောဆိုမှုတွေ အများကြီးရှိခဲ့ပါသည်။

လီလော့၊ကျန်းချင်းအာနှင့် မင်းသမီးတို့အနီးတွင် ကြယ်တာယာခရီးရှည်ကောလိပ် ကျောင်းသားများ စုဝေးနေကြသည်။ ဤသည်မှာ ကျောင်းသားများ၏ သူရဲကောင်းများအတွက် ဂုဏ်ပြုခြင်းပင်ဖြစ်သည်။ ကျန်းချင်းအာ၏ သီးသန့်ဂုဏ်သတင်းနှင့် မင်းသမီး၏ မင်းမျိုးမင်းနွယ်အဆင့်အတန်းများကိုသာမထောက်ထားလျှင် ၎င်းတို့သည် အခမ်းအနားတွင် လေထဲသို့ ပစ်တင်ခံရပြီးဖြစ်သည်။

"လီလော့၊ အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတခွင်မှာ နာမည်ကြီးရတာ ဘယ်လိုခံစားရလဲ...."

လုချင်းအာက အပြုံးဖြင့် မေးလိုက်သည်။ လီလော့၏ချောမောသောအသွင်အပြင်နှင့် ငွေရောင်ဆံပင်များက သူ့ကို ထူးခြားဆန်းပြားသော ချောမောမှုတစ်ခုအဖြစ် အမှတ်အသားပြုကာ အခြားကျောင်းများမှ မိန်းကလေးများစွာကလည်း လွန်ခဲ့သည့်အချိန်ကတည်းက သူ့ကို ပွင့်ပွင့်လင်းလင်း ကြည့်နေခဲ့ကြသည်။ လီလော့က လုချင်းအာကို နှိမ့်ချစွာ ပြန်ပြုံးပြလိုက်ပြီး....

"အဲ့လောက်လဲမဟုတ်ပါဘူး...တကယ်တော့မင်းသမီးနဲ့ချင်းအာကသာ ပင်ပန်းခဲ့ကြတာပါ....."

လုချင်းအာကနှုတ်ခမ်းကိုက်လိုက်ပြီး....

"ဟမ့် အားလုံးကတော့အဲ့လိုပဲထင်မှာပေါ့.... ဒါပေမယ့် တစ်နည်းနည်းနဲ့တော့ ဒါဟာ အမှန်တရားမဟုတ်ဘူးလို့ ခံစားနေရတယ်....."

"ဘာ...ဘာဖြစ်လို့အဲ့လိုထင်ရတာလဲ. "

လီလော့ မျက်လုံးပြူးပြီး အပြစ်ကင်းစွာ မေးလိုက်သည်။

"တကယ်တော့ အကြောင်းပြချက်မရှိပါဘူး။ မိန်းမတစ်ယောက်ရဲ့ ဗီဇကြောင့်အလိုလိုခံစားမိနေတာပါ...."

လီလော့ ရင်ထိတ်သွားလေ၏။ မိန်းမတွေရဲ့ပင်ကိုအသိစိတ်ကကြောက်စရာကောက

"လီလော့...မင်း စီနီယာကျန်းနဲ့အတူရှိခွင့်ရလို့ ကံကောင်းသွားတာပါကွာ......"

လီလော့က ခပ်ရွဲ့ရွဲ့ပြောလာသည့် ဒူဇီပိုင်ရွှမ်းကို လှည့်ကြည့်သည်။

လီလော့က ထိုသို့သောစကားမျိုးကို ကြားလိုက်ရသောအခါ ကျေကျေနပ်နပ်ကြီး ကျေးဇူးတင်မိသည်။

တော်သေးတာပေါ့....ဒူဇီပိုင်ရွှမ်းလိုတွေးတတ်သူတွေပိုများရင် ကောင်းမယ်....

လီလော့၏ ခပ်ပြုံးပြုံးမျက်နှာပေးကြောင့်ဒူဇီပိုင်ရွှမ်းက သူ့ကို လှောင်ပြောင်နေတယ်လို့ ထင်ပြီး ဒေါသပုန်ထလာပါလေရော.....

"မင်း သိပ်ပြီး သွေးနားထင်ရောက်မနေနဲ့.... ..."

"တစ်စုံတစ်ယောက်ဟာ တိုက်ကြီးတစ်ခွင်မှာ ချန်ပီယံသရဖူကို ဆောင်းထားနိူင်မှတော့ သွေးနားထင်မရောက်စရာဘာအကြောင်းရှိလို့လဲ...."

စကားသံနှင့်အတူ သရဲတစ္ဆေလို ဖြတ်ကနဲပေါ်လာသည့် ရှင်းဖူးကြောင့် ဒူဇီပိုင်ရွှမ်းထိတ်လန့်သွားသည်။

ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ကောင်က သူ့အနားဘယ်တုန်းကပေါ်လာတာလဲ။

"ဟာဟား...ရှင်းဖူ....မင်း ဘယ်တွေသွားနေတာလဲ..... ငါ မင်းကို မတွေ့ဘူး"

ရှင်းဖူက သူ့ကို ငဲ့ကြည့်လိုက်သည်။

"ငါ မင်းအနားမှာပဲ တလျှောက်လုံး ရှိနေတာလေကွာ......."

"အဲ ...ဟုတ်လား... အင်း.. အင်း... မင်းရဲ့အရိပ်ပဲ့တင်ထပ်သံက တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာတယ်....."

ရှင်းဖူ က ဘာမှပြန်မပြောသော်လည်း သူ့စိတ်ထဲတွင် တိတ်တဆိတ် မှတ်ချက်ချလိုက်မိသည်။

"ခေါင်းဆောင်၊ ကျန်တဲ့ တရားမျှတမှု အဖွဲ့ သားတွေဖြစ်တဲ့ငါတို့တွေ စိန်နားကပ်ရောင်နဲ့ပါးပြောင်နိုင်ပြီပေါ့နော်...."

ရှင်းဖူ ၏နောက်တွင် ပန်းတစ်ပွင့်ကဲ့သို့ လန်းဆန်းနေသော မိန်းကလေးဆန်သော မျက်နှာတစ်ခု ပေါ်လာသည်။ သူမသည် လီလော့ကိုအရည်လဲ့နေသော မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်နေသည်။

ပိုင်မျန်မျန်ကလွဲရင် ဘယ်သူကများ ဒီလိုချစ်စရာကောင်းနိုင်မလဲ.....

ဒီလိုချစ်စရာကောင်းတဲ့ တစ်စုံတစ်ယောက်ရဲ့ ချီးကျူးခြင်းကိုခံရရင် ပီတိမဖြစ်ဘဲ တည်ငြိမ်နေနိုင်ဖို့မလွယ်ပေ။

"လီလော့..အခုပြိုင်ပွဲမှာ...လော့နဲ့လန်ဆိုတဲ့နာမည်က အတော်လေးနာမည်ကြီးနေပြီ..... သူတို့က ငါတို့အတွက် ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို မျှော်လင့်နေတာ..."

ယုလန်ရောက်လာပြီ....

"ဟုတ်တယ်...မင်းရဲ့ စွမ်းရည်တွေကို ငါအရမ်းလေးစားတယ်၊ ဒါကြောင့် ဒီနောက်ပိုင်းမှာ ဒုတိယကျောင်းအုပ်စုရှင်းကို ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုအနေနဲ့ အရေးတကြီး တောင်းဆိုဖို့ ရည်ရွယ်ထားတယ်... မင်းကို တစ်နှစ်ခွဲလောက် အရိပ်လှိုဏ်ဂူထဲပို့ပြီး လေ့ကျင့်ခိုင်းမလို့.... မင်းထွက်လာတဲ့အခါ ငါတို့ရဲ့ နာမည်က ရှပြည်ထောင်စုတဝှမ်းမှာ ကျော်ကြားနေလိမ့်မယ်....."

" ရက်စက်လိုက်တာကွာ....!"

လီလော့က သူ့ကိုအတင်းဖက်တွယ်နေသည့် ယုလန်ကို အမြန်ပြန်ဆွဲလိုက်ပြီး ပိုင်မျန်မျန် အတွက် နေရာလွတ်ကို အမြန်ပေးလိုက်သည်။

ပိုင်မျန်မျန်က လီလော့နှင့်စကားစမြည်ပြောရင်း ဖြစ်ပျက်ခဲ့သမျှကို လျစ်လျူရှုလိုက်သည်။

ယုလန် က နာကျင်စွာနဲ့ မျက်လုံးတွေကို မှိတ်ထားပြီး ဘေးနားမှာရပ်နေကာ....

"အို... အိပ်မက်ထဲက ကောင်မလေးရယ်......"

"နင်ဘာတွေပြောနေတာလဲ... ?" ယုလန် လန့်ဖြန့်သွားပြီး စိတ်လှုပ်ရှားစွာ မျက်လုံးတစ်ဖက်ဖွင့်လိုက်သည်။

"ငါ့..ငါ့ရဲ့အိမ်မက်ပန်းတိုင်းက လီလော့လိုအောင်မြင်ထူးချွန်ဖို့လို့ပြောတာပါ....ဟီးးးဟီးးး"

ပိုင်တုတုက သူ့ကို စိုက်ကြည့်နေပြီး....

"လီလော့ရဲ့အကြံပြုချက်က အရမ်းကောင်းတယ်လို့ ထင်တယ်....အရိပ်လှိုဏ်ဂူ လေ့ကျင့်ဖို့ နေရာကောင်းတစ်ခုပဲလေ... နင် အဲဒီမှာ တစ်နှစ်ခွဲလောက်နေမယ်ဆိုရင် အများကြီးတိုးတက်လာမှာသေချာတယ်.... ယုလန်....နင့် ပဲ့တင်ထပ်သံက အဆင့်ခြောက်ပဲရှိတယ်။ တခြားသူတွေထက် နှစ်ဆလောက် အလုပ်မကြိုးစားရင် ရလဒ်တွေ မြင်နိုင်မှာ မဟုတ်ဘူး....."

သူမသည် ရုတ်တရက် သက်ပြင်းချကာ ပို၍ တိုးတိုးလေး ပြောလိုက်သည်က....

"နောက်ခံ ဒါမှမဟုတ် အရည်အချင်းရှိတဲ့ သူငယ်ချင်းနဲ့ နှိုင်းယှဉ်လို့ မရဘူး....ဒီအတိုင်းသာ ဆက်နေမယ်ဆိုရင် ဒီ့ထက်ပိုပြီးနောက်ကောက်ကျန်နေခဲ့လိမ့်မယ်.... လီလော့ က နင့်ကို အထင်သေးမှာ မဟုတ်ပေမယ့် ခင်မင်ရင်းနှီးမှုက မလွဲမသွေ ပြောင်းလဲသွားလိမ့်မယ်......"

ယုလန်က သူမကို အံ့သြစွာ ကြည့်လိုက်သည်။ ဒီဆံပင်တိုတိုနဲ့ဆတ်ဆတ်ကြဲမလေး ပိုင်တုတုက သူ့ညီမလောက်မလှပေမယ့် သူ့ကိုယ်ပိုင် ဆွဲဆောင်မှုရှိနေသည်ကိုတော့မငြင်းနိုင်ပေ။

"ငါ နင့်ကို နှိမ့်ချနေတယ်လို့ထင်ရင် ငါ့ကို လျစ်လျူရှုလိုက်ပါ" လို့ ပိုင်တုတု က ယုလန် ရဲ့ မသက်မသာ အံ့သြမှုကို ရှောင်ဖယ်ရင်း တိုတိုတုတ်တုတ်ပဲ ပြောလိုက်တော့သည်။

"အိုး...ဒီလောက်လေးကိုစော်ကားဆယတယ်လို့ဘယ်ခေါ်မလဲ. .. ငါ့ကို နှိမ့်ချတာလား၊ ယုလန်ရဲ့ အသားအရေ ဘယ်လောက် ထူလဲလို့ မင်း လျှော့တွက်လို့ မရဘူး......ခေါင်းဆောင်က ငါ့အနာဂတ်ကို သိပ်ဂရုစိုက်တာတော့ ငါအံ့သြမိတယ်"

"နင့်ရဲ့ကျန်းမာရေးနဲ့ တိုးတက်မှုကို စီမံခန့်ခွဲဖို့က ခေါင်းဆောင်ဖြစ်တဲ့ ငါ့တာဝန်ပဲ.... အဲဒါက အသင်းအတွက် အကျိုးရှိပြီး နင်လည်း ပိုသန်မာတယ်ဆိုရင် ငါတို့အတွက်အထောက်ကူဖြစ်စေနိုင်တယ်...."

ယုလန်က မှုန်ကုပ်ကုပ်နဲ့ ခေါင်းညိတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်.... မင်းပြောသမျှ ငါသိပြီးသားပါ... ငါ့မိသားစုက ဆင်းရဲတယ်.... ဒါ့ကြောင့်မို့အရင်းမြစ်တွေပိုရအောင် ဒီအထိ ငါရောက်လာတာ။ယ.... လီလော့က မတူညီတဲ့ နောက်ခံကနေ လာတာ၊ ဒါပေမယ့် သူက ဒါမျိုး တစ်ခါမှ မကြည့်ဖူးဘူးတဲ့ သူငယ်ချင်းကောင်းပါ.... ၊ဒါပေမယ့် မင်းပြောတာလည်း လည်းမှန်တယ် ... ငါဒီထက်ကြိုးစားသင့်တယ် ဒါမှနောက်ကောက်မကျန်ခဲ့မှာ....."

" နည်းပြမီအာရဲ့ အဆိုပြုချက်ကို စဉ်းစားဖို့ အချိန်တန်ပြီ "

ပိုင်တုတုက တမူ ထူးခြားစွာစိတ်အားထက်သန်နေသော ယုလန်ကို ကြည့်လိုက်သည်။ သူသည် အများအားဖြင့် ရွှင်မြူးပြီး ဘာကိုမှဂရုမစိုက်တတ်သော်လည်း အခြေအနေက တောင်းဆိုလာသောအခါတွင် လေးနက်သောဘက်မှ ရပ်တည်ခဲ့သည်။

" နည်းပြမီအာရဲ့ အကြံပြုချက်က အရမ်းပြင်းထန်သလို အန္တရာယ်လညိးများတယ်" ဟု သူမက သတိပေးခဲ့သည်။

နည်းပြမီအာသည် ကြယ်တာယာခရီးရှည်ကောလိပ်၏နည်းပြများကြားတွင် ထူးထူးခြားခြား စွမ်းဆောင်မှုရှိသော အဆင့်ခြောက် ပဲ့တင်ထပ်သံနှင့်အတူ မြို့စားအဆင့်သို့တက်လှမ်းနိုင်ခဲ့သူ ဖြစ်သည်။နည်းပြမီအာက ဘဝတူသော ယုလန်ကို သူ့ငယ်ဘဝကိုမြင်နေရသလိုဖြစ်တာကြောင့် အထူးဂရုစိုက်ပေးစမြဲပင်.....

ယုလန်က နည်းပြမီအာနဲ့တူညီတဲ့လမ်းကို လျှောက်ချင်တယ်ဆိုရင် ခက်ခဲနက်နဲတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရပေမည်။

ယုလန်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။

ဤကမ္ဘာကြီးတွင် ပါရမီရှင်များကို အမှီလိုက်ရန် ကြိုးစားနေကြသော သာမန်သူများနှင့် ပြည့်နှက်နေပါသည်။ သူ့အသက်ကို မစွန့်စားခဲ့ရင် ထင်ရှားပေါ်လွင်ဖို့ ဘယ်လိုမျှော်လင့်နိုင်မလဲ....

ပိုင်တုတုနှင့် ယုလန်တို့ အနာဂတ်အကြောင်း ဆွေးနွေးနေကြစဉ်တွင် လူအုပ်ကြားမှတိုးဝှေ့ပြီး လီလော့ဆီသို့ တစ်စုံတစ်ယောက် ရောက်လာခဲ့သည်။

လုမင်........

ပိန်ပါးသွယ်လျသော လုမင်အနီးတွင် ကျောက်ပိုင်လီလညအတူပါလာခဲ့သည်။

လုမင်က လီလော့ဆီသို့ တည့်တည့် လျှောက်လာပြီး....

"လီလော့၊ ဘယ်တော့ပြန်ဆုံရမလဲဆိုတာ မသိပေမယ့် လာနှုတ်ဆက်တာပါ... နင့်ရဲ့ ပဲ့တင်ထပ်သံကို ငါအရမ်းစိတ်ဝင်စားတယ်.... အဲဒါနဲ့ ပတ်သက်ပြီး နောက်ထပ် ဗဟုသုတတွေ မျှဝေနိုင်မယ်လို့ မျှော်လင့်ပါတယ်......

ကျောက်ပိုင်လီက လီလော့ကို တရေးတယူလာနှုတ်ဆက်နေသည့် လုမင်ကြောင့် အလွန်စိတ်ပျက်သွားပုံရသည်။ သူက လီလော့ဆီကိုသတိပေးသည့်အကြည့်တချို့ပစ်လွှတ်လိုက်သည်။

ဒီကလေးက ရုပ်ချောပေမယ့် လုမင်က ဘယ်လိုပြီးအဲ့လောက်အရေးပေးနေရတာလဲ.... ကျောင်းမှာဆို အားလုံးနဲ့ခပ်ကင်းကင်းနေတတ်ပေမယ့် လီလော့နဲ့တော့ ခင်မင်နေသားပဲ.....

ကံကောင်းစွာဖြင့်၊ ရှန့်ပိန်းတွေ့ဆုံပွဲသည် မကြာမီ ပြီးဆုံးတော့မည်ဖြစ်သည်။ မဟုတ်ရင် သူတို့နှစ်ယောက် လက်ထပ်ပြီးသားဖြစ်နေလောက်ပြီ.. ...

ထို့ကြောင့်လည်း လုမင် ကြယ်တာယာခရီးရှည်ကောလိပ် ဘက်သို့ လျှောက်သွားသည်ကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် သူမ နောက်သို့လိုက်သွားခဲ့သည်။

လီလော့က သူမကို ပြန်ပြုံးပြပြီး..... "လျှပ်စီးနဲ့ပုံရိပ်ယောင်က ရေနဲ့သစ်သားတို့ထက် ပိုအားကောင်းတဲ့ပေါင်းစပ်မှုပါ..."

"သေချာလေ့ကျင့်.... နောက်တစ်ကြိမ်ဆုံတဲ့အခါ ပဲ့တင်ထပ်သံနှစ်ခုပေါင်းစည်းခြင်းရဲ့ တတိယအဆင့်ကို ရောက်လိမ့်မယ်လို့ မျှော်လင့်တယ်.... ငါကိုယ်တိုင်လည်း အဲ့အဆင့်နဲ့ နီးစပ်နေပြီလို့ ခံစားရတယ်......"

အေးဆေးစွာပြုံးနေသော လုချင်းအာ၏ မျက်လုံးများကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ လှည့်ထွက်သွားသည်။

လီလော့က လုမင်ကို လက်ပြနှုတ်ဆက်လိုက်သည်။

"လီလော့....နင့်မှာ ဘယ်လို ဆွဲဆောင်မှုတွေရှိနေတာလဲ... အချိန်တိုလေးပဲ ရှိသေးတယ် ကောင်းကင်ငရဲကောလိပ်ရဲ့ ရေခဲပန်းက ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ဥယျာဉ်ထဲမှာ အခြေချနေပြီ"

လုချင်းအာက ပြုံးနေသော်လည်း အံကြိတ်ထားသောလေသံဖြင့်မေးလိုက်သည်။

"မဟုတ်ပါဘူး....အဲ့လိုမဟုတ်ပါဘူး"

လုချင်းအာ သက်ပြင်းချသာလိုက်မိတော့သည်။

နောက်ဆုံးဖြစ်ရပ်မှာ ကြယ်တာယာခရီးရှည်ကောလိပ်သို့ လုံကူရှန့်ပိန်းကို လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပြီး ချောမွေ့စွာ ပြီးဆုံးသွားပြီးနောက် ကျောင်းအသီးသီးမှ ခေါင်းဆောင်များသည် ၎င်းတို့၏ ကျောင်းသားများကို အိမ်ပြန်ပို့ဖို့ပြင်နေကြချေပြီ......

All Chapters