← Chapters

မြင့်မြတ်သောသစ်ပင်၏အမြူတေသလင်းကျောက်.....

Vol. 43 Ch. 595

မြင့်မြတ်သောသစ်ပင်၏အမြူတေသလင်းကျောက်.....

Vol. 43 Ch. 595

လီလော့သည် ကြယ်တာယာခရီးရှည်ကောလိပ်အတွင်းရှိ အကျွမ်းတဝင်ရှိသော ဧရာမရှန်းလိသစ်ပင်များကို တွေ့လိုက်ရမှသာ စိတ်သက်သာရာ ရသွားခဲ့သည်။

အိမ်ပြန်ရောက်လာခဲ့ပြီ.. ..

ရှန့်ပိန်းတွေ့ဆုံပွဲ သည် အစမှအဆုံး တစ်လခန့်ကြာမြင့်ခဲ့သည်။ ဓမ္မဓိဋ္ဌာန်ကျကျပြောရရင် ဒါဟာ သိပ်အကြာကြီးမဟုတ်ပေမယ့် ထာဝရကြာရှာခဲ့သည်ဟု ခံစားနေရဆဲပင်.... လီလော့သည် ဧရိယာတစ်ခုလုံးကို တုန်လှုပ်သွားစေသည့် ကျယ်လောင်သော အားပေးမှုများကြောင့် တုန်လှုပ်သွားခဲ့ရသည်။

"စီနီယာကုန်းက အတော်ဆုံးပဲ!"

"စီနီယာကျန်းကလည်း အတော်ဆုံးပဲ!"

"လီလော့က ကံအကောင်းဆုံးသူ...."

လီလော့ လှည့်ကြည့်လိုက်တော့ ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ကျောင်းသားများကို အုံလိုက်ကျင်းလိုက်မြင်တွေ့လိုက်ရသည်။ အိမ်ပြန်လာမယ့် ချန်ပီယံတွေအတွက် သူတို့အားလုံး လှိုက်လှိုက်လှဲလှဲ အားပေးနေကြခြင်းပင်.....

ရလဒ်တွေကို သိနှင့်ပြီးသားဖြစ်နေသည်မှာ ထင်ရှားနေသည်။

ကျောင်းတစ်ကျောင်းလုံး ရူးသွပ်စွာ အောင်ပွဲခံနေကြသည်။

ဂုဏ်သိက္ခာဆိုတာ ကျောင်းသားတိုင်းရဲ့ နှလုံးသားထဲက မာနကို နှိုးဆွပေးနိုင်လောက်သေအရာပင်.......

ထို့ကြောင့်လည်း အောင်ပန်းဆွတ်ခူးလာနိူင်သူများကိုသူရဲကောင်းတွေအဖြစ် ချီးကျူးဂုဏ်ပြုပေနေကြခြင်းဖြစ်သည်။

လီလော့ ဘဝင်မကျသလိုခံစားလိုက်ရသည်။ သူကဘာလို့ "ကံအကောင်းဆုံးသူ"ဖြစ်နေရတာလဲ..... မသိရင် ကောင်မလေးနှစ်ယောက်ကသာ ကြိုးစားပမ်းစားတိုက်ပွဲဝင်ခဲ့ရပြီး သူကတော့ နွားနို့ပူပူလေးသောက်ပြီးအိပ်ပျော်နေသလိုပင်.....

ခရမ်းအဆင့်နည်းပြများသည် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုအတွက် ဂုဏ်ပြုစကားများနှင့် အခြားကျေးဇူးတင်စကားများပြောကြားရန် ရောက်ရှိလာကြသည်။

ဒုကျောင်းအုပ်စုရှင်း က လီလော့၊ ကျန်းချင်းအာနဲ့မင်းသမီးတို့ကို သူ့ဆီလာဖို့ လှမ်းခေါ်လိုက်ပြီး....

“ဒီသုံးယောက်က ငါတို့နိုင်ပွဲအတွက် တာဝန်အရှိဆုံးသူတွေပဲ” ဟု သူမက မဆိုင်းမတွကြေငြာလိုက်ပြီး ထို့နောက်ချီချန်း အပါအဝင် နည်းပြသုံးဦး၏ အမည်များကို ခေါ်ဆိုခဲ့သည်။

၎င်းတို့သုံးဦးသည် ဆုရရှိသူများ၏ နည်းပြများဖြစ်ကြသည်။

သူတို့ရဲ့ ကျောင်းသားတွေဟာ ဒီလို ကောင်းမွန်တဲ့ အလုပ်တွေကို လုပ်ခဲ့တာ ဖြစ်တဲ့အတွက် နည်းပြဆရာတွေကိုလည်း ဂုဏ်ပြုခံရမှာ သေချာသည်။

ကောလိပ်ဘက်ကနေ ကျောင်းသားရော နည်းပြများကိုပါ ဆုများချီးမြှင့်ပေးခဲ့သည်။

လီလော့က သူ့ဆရာကို ကြည့်လိုက်တော့ သူမသည် လီလော့ ကို သဘောကျသော မျက်လုံးများဖြင့် တစ်ချက်ကြည့်လိုက်သည်။

အသန်မာဆုံး ကြယ်တစ်ပွင့် ကျောင်းသား..... ၎င်းသည် လီလော့၏ တောက်ပသော စွမ်းရည်များကိုညွှန်းဆိုနေသလိုပင်... လီလော့သည် သူမ၏ ကျောင်းသားများထဲမှ တစ်ဦးအောင်မြင်ခဲ့သော အကောင်းဆုံးရလဒ်ဖြစ်သည်။

"ဒုကျောင်းအုပ်ကြီး၊ ဒီကလေးသုံးယောက်က ကောင်းကောင်းကြိုးစားခဲ့ကြတာမို့ ကျောင်းကပေးတဲ့ဆုတွေနဲ့ မလုံလောက်သေးဘူးလို့ထင်မိတယ်...."

ချီချန်းက ပေါ့ပေါ့တန်တန်ပြောလိုက်သော်လည်း ဒုကျောင်းအုပ် စုရှင်းက သူမကို ပြုံးပြသည်။ " နည်းပြချီချန်းမှာ ဘာအကြံများရှိလို့လဲ....."

ချီချန်းက သူတို့ သုံးယောက်ကို လှည့်ကြည့်ပြီး " ရှန့်ပိန်းတွေ့ဆုံပွဲကို အောင်နိုင်ခဲ့တာက ဂုဏ်ကျက်သရေတိုးလာတာတစ်ခုတည်းမဟုတ်ဘူး.... လုံကူရှန့်ပိန်းကို ကိုင်ထားခြင်းအားဖြင့် ကျောင်းရဲ့ ဝန်ထုပ်ဝန်ပိုးကို သက်သာစေပြီး လာမယ့် လေးနှစ်တာအတွက် မရေမတွက်နိုင်အောင် အရင်းအမြစ်နဲ့အသက်သွေးချွေးတွေ ခြွေတာနိုင်မှာပါ..... ကျောင်းသားတွေရဲ့ဘဝကို ဘာနဲ့တန်ကြေးဖြတ်နိုင်မှာလဲ......"

သူမ ခဏရပ်လိုက်ပြီး.....

“သူတို့ကို မြင့်မြတ်သောသစ်ပင်ရဲ့အမြူတေသလင်းကျောက်ပေးဖို့ အကြံပြုချင်ပါတယ်...."

ခရမ်းအဆင့်နည်းပြများ၏ ထိတ်လန့်တကြား ညည်းညူသံများ ပျံ့နှံ့သွားပြီး ဒုကျောင်းအုပ်စုရှင်းပင် အံ့သြသွားရသည်။

ဤသည်မှာ မြို့စားကျွမ်းကျင်သူများ၏ ကြီးမားသော တုံ့ပြန်မှုဖြစ်ပြီး လီလော့ထိုအကြောင်းကို ကျန်းချင်းအာကို မေးမြန်းရန် လိုအပ်သည်။ "မြင့်မြတ်သောသစ်ပင်ရဲ့အမြူတေသလင်းကျောက်ဆိုတာ ဘာလဲ"

မင်းသမီးက ကျန်းချင်းအာအစားဝင်ဖြေပေးလိုက်သည်။

"ရှန်းလိသစ်ပင်တွေက သဘာဝစွမ်းအင်တွေကို စုပ်ယူပြီးတော့ သလင်းကျောက်အဖြစ် သိမ်းဆည်းထားနိုင်တဲ့ ကိုယ်ပိုင်စွမ်းအင်ကို ထုတ်လုပ်ပေးတယ်.... အဲ့ဒီ့စွမ်းအင်က သဘာဝအတိုင်းထုတ်လုပ်နိုင်တဲ့ အသန့်စင်ဆုံးနဲ့ အပြင်းထန်ဆုံးစွမ်းအင်အမျိုးအစားမို့ မြို့စားအဆင့်တွေတောင်လိုချင်နေကြတာ...."

" ငါ သိသလောက်တော့ အဲ့တာတွေက အရမ်းရှားပါးတယ်၊....ငါတို့ကျောင်းမှာရှိတဲ့ ခရမ်းအဆင့်နည်းပြတစ်ဦးစီကို တစ်နှစ်မှာ မြင့်မြတ်သောသစ်ပင်ရဲ့အမြူတေသလင်းကျောက် နှစ်ခုသာ ပေးခွင့်ရှိတယ်....ရွေအဆင့် နည်းပြတွေအတွက် တစ်ခုလောက်ပဲပေးနိုင်တယ်ဆိုပေမယ့် ရှားပါးတာကြောင့် အထူး အခြေနေမဟုတ်ရင် မပေးကြဘူး....."

"အဲ့သလင်းကျောက်က နင်နဲ့ချင်းအာအတွက်ပဲ အဆင်ပြေလိမ့်မယ်....ဘာ့ကြောင့်လဲဆိုတော့ မြင့်မြတ်သောသစ်ပင်ရဲ့အမြူတေသလင်းကျောက်ထဲမှာ ရှိတဲ့စွမ်းအင်တွတေ ကျင့်ကြံမှုအဆင့်တွေအများကြီးကျော်ဖြတ်ချင်သူတွေအတွက်ပဲအဆင်ပြေနိုင်တယ်......."

လီလော့ ချက်ချင်းပင် စိတ်ဝင်တစားလာသည်။

"အောင်မြင်မှုစွမ်းအား?" ၎င်းသည် ဆရာသခင်အဆင့် အဆင့်မှ နတ်ဆိုးခန္ဓာအဆင့် သို့ တက်လှမ်းရန် ကူညီပေးနိုင်သည်ဟု ဆိုလိုပါသလား.....မြင့်မြတ်သော ခရမ်းအဆင့်နည်းပြများပင် ဤအရာဝတ္ထုကို လိုချင်တောင့်တကြသည်မှာ အံ့သြစရာမရှိပါ။

"ရှပြည်ထောင်စုမှာရှိတဲ့ မြို့စားအဆင့် ကျွမ်းကျင်သူတိုင်း လိုချင်ပေမယ့် မြင့်မြတ်သောသစ်ပင်ရဲ့အမြူတေသလင်းကျောက်က အနည်းငယ်ပဲရှိပါတယ်။ ဒါပေမယ့် ဒီလိုပစ္စည်းတွေကို ကျောင်းအပြင်ဘက်မှာ ဖြန့်တာရှားတယ်..... ကျောင်းရဲ့ကိုယ်ပိုင် ခရမ်းအဆင့်နည်းပြတွေတောင် လုံလောက်အောင် မရရှိနိုင်ဘူးလေ..... အပြင်မှာ ရံဖန်ရံခါ ရွှေနဂါးဘဏ်တိုက်ရဲ့ လေလံပွဲတွေမှာ ပေါ်လာပြီး တစ်ယောက်ခုချင်းစီက အနိမ့်ဆုံး ကောင်းကင်ရွှေ ဆယ်သန်းကျော်တန်ကြေးရှိတယ်....."

"နည်းပြချီချန်းက နင့်ကို အရမ်းချစ်တယ်ထင်တယ်... နင့်အတွက် ရတနာတစ်ခုရဖို့ တိုက်ပွဲဝင်နေတာကိုပဲကြည့်ပါလား.." ဟုမင်းသမီးက ရယ်မောရင်း ပြောခဲ့သည်။

လီလော့ စိတ်လှုပ်ရှားစွာ ပူလောင်နေပြီး နည်းပြချီချန်းကို ကျေးဇူးတင်စွာဖြင့် ကြည့်နေသည်။ သူသည် ယခု ပုံသဏ္ဍာန်ပြောင်းလဲခြင်း၏ စတုတ္ထအဆင့်တွင်ရှိနေပြီး ဆရာသခင်အဆင့်၏ အထွတ်အထိပ်ဖြစ်သည်။ ထို့နောက် မြေနတ်ဆိုးခန္ဓာအဆင့်သို့ ရောက်ရှိရန် ခက်ခက်ခဲခဲကြိုးစားရပေဉီးမည်။ သို့မှသာ သူ၏စွမ်းအား သိသိသာသာ ကြီးထွားလာမည်ဖြစ်သည်။

ပြီးတော့ မြင့်မြတ်သောသစ်ပင်ရဲ့အမြူတေသလင်းကျောက်က သူ့ကို အများကြီး ကူညီပေးပါလိမ့်မည်။

နည်းပြချီချန်း.....သူတို့ သုံးယောက်က ကျောင်းအတွက် ကောင်းမွန်တဲ့ရလဒ်တွေယူဆောင်လာပေးတာမို့ ငါလည်း သူတို့အတွက် ရက်ရောတဲ့ ဆုလာဘ်တစ်ခုကိုလှိုက်လှိုက်လှဲလှဲ အကြံပြုချင်ပါတယ်....ဒါပေမယ့် မြင့်မြတ်သောသစ်ပင်ရဲ့အမြူတေသလင်းကျောက်က သိပ်ကိုအဖ်ိုးတန်တယ်... ကျုပ်တို့လို့ ခရမ်းအဆင့်နည်းပြတွေတောင်ရဖို့မလွယ်ဘူး.... ပိုအရေးကြီးတဲ့အချက်က ကျောင်းအတွက် စွမ်းစွမ်းတမံကြိုးစားပေးခဲ့တဲ့ရွှေအဆင့်နည်းပြတွေတောင် ဒါမျိုးဆုလာ်တွေမရခဲ့ရှာဘူး..... သူတို့က ကျောင်းသားတွေတိုးတက်လာဖို့ သူတို့ဘဝကို မြှုပ်နှံထားကြသူတွေပါ....ဒါကြောင့်မို့ ဒီသုံးယောက်ကကို တခြားဆုလာဘ်တွေပေးလိုက်တာ ပိုသင့်လျော်မယ်ထင်တယ်....."

လီလော့ ဒေါသတကြီး လှည့်ကြည့်လိုက်ရာ ထိုလူယုတ်မာ ရှန်ကျင်းရှောင် ရှေ့သို့ တိုးလာသည်ကို တွေ့လိုက်ရသည်။

"ခွေးမသား! တစ်နေ့တော့ ငါ့ဓားကို လက်ထဲမှာ ကိုင်ထားပြီး ခွေးသတ်သလိုသတ်ပစ်မယ်.... " လီလော့သည် ရှန်ကျင်းရှောင်၏ စကားကို ယဉ်ကျေးစွာ အသိအမှတ်ပြုကြောင်း ပြသခဲ့သော်လည်း သူ့စိတ်ထဲတွင် အကြိမ်တစ်ထောင် ထိုးသတ်ခဲ့ပြီးဖြစ်သည်။

ရှန်ကျင်းရှောင်သည် လီလော့၏ ရန်လိုမှုကို ခံစားလိုက်ရပြီး ပါးလွှာသော အပြုံးဖြင့် သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။

"လီလော့၊ မင်းကို ပုတ်ခတ်စေချင်တဲ့စိတ်ငါ့မှာမရှိဘူး..... ဒါပေမယ့် မြင့်မြတ်သောသစ်ပင်ရဲ့အမြူတေသလင်းကျောက်တွေက အရမ်းအဆင့်မြင့်တဲ့ အရာတွေမို့... မင်းတို့ထဲက တချို့အတွက် အရမ်းအဆင့်မြင့်လွန်းမှာပဲစိုးရိမ်တာပါ.... မင်းသုံးရင် သူ့ရဲ့ စွမ်းအားကို ဖြုန်းတီးပစ်ရာကျလိမ့်မယ်... တခြားဆုတွေကို ရွေးချယ်ဖို့ အကြံပြုချင်တာက ကောင်းတဲ့ရည်ရွယ်ချက်နဲ့ပါ....."

ရှန်ကျင်းရှောင်၏စကားကြောင့် အခြားသော ခရမ်းအဆင့် နည်းပြအချို့လည်း ခေါင်းညိတ်လိုက်ကြသည်။ မြင့်မြတ်သောသစ်ပင်ရဲ့အမြူတေသလင်းကျောက် များသည် အလွန်နည်းပါးပြီး အဖိုးတန်လှသည်။ ဒီသုံးယောက်ကို ပေးလိုက်ရင် သူတို့ကိုယ်ပိုင် ထောက်ပံ့မှုတွေ ထိခိုက်မှာ အသေအချာပင် အမှန်မှာ၊ ကျောင်းသားသုံးယောက်သည် ကျောင်းအတွက် ကြီးကျယ်ခမ်းနားစွာ ကြိုးပမ်းပေးခဲ့သော်လည်ယ ရှန်ကျင်းရှောင်က ကျိုးကြောင်းဆီလျော်စွာ ထည့်သွင်းစဉ်းစားခဲ့သည်။ ဆရာသခင်အဆင့်တွင် ထိုကဲ့သို့သော အရင်းအမြစ်ကို အသုံးပြုခြင်းသည် အလွန်အကျွံဖြစ်လိမ့်မည်။

သူတို့သည် လီလော့နှင့် အခြားသူများကို ကြွယ်ဝစွာ ဆုချခြင်းကို မဆန့်ကျင်သော်လည်း ၎င်းတို့နှင့် သင့်လျော်သော အခြားဆုလာဘ်များ ရှိနေသေးသည် မဟုတ်လော......

"သူတို့နဲ့ ထိုက်တန်တယ်.....လုံကူရှန့်ပိန်းကို အိမ်ပြန်သယ်တာထက် ဘာကများပိုအရေးကြီးလို့လဲ.... သူတို့နဲ့ထိုက်တန်တာမို့ ပေးသင့်တယ်....."

"နည်းပြချီချန်းပြောတာနည်းလမ်းကျတယ်.... လုံကူရှန့်ပိန်းကို ယူဆောင်ခြင်းက ခရမ်းအဆင့်နည်းပြတွေထက် ကျောင်းကို ပိုပြီး အထောက်အကူ ဖြစ်စေတယ်လို့ ကျွန်မ ရဲရဲပြောရဲပါတယ်..."

ထိုစကားကို ပြောလိုက်သော သက်လတ်ပိုင်းအရွယ်အမျိုးသမီးသည် မီးတောက်လိုနီရဲမေသောဆံပင်နှင့် လိုက်ဖက်သော ကြမ်းတမ်းသော မျက်နှာထားရှိသည်။

"တစ်နှစ်ကို သလင်းကျောက်နှစ်ခုပေးမယ်လို့ရည်မှန်းထားရင် ဘာလို့ တစ်ခုတောင် မပေးနိုင်ရမှာလဲ...."

ဤသည်မှာ ကျန်းချင်းအာ၏ လက်ဦးဆရာ ဟောင်ရှု ဖြစ်သည်။

အခြား ခရမ်းအဆင့်နည်းပြများ ချက်ချင်း လက်လျှော့လိုက်ကြသည်။နည်းပြ ဟောင်ရှု ၏ ဒေါသသည် ဒဏ္ဍာရီဆန်ပြီး သူမနှင့်ရန်စရှိခဲ့ပါလျှင် ဘယ်တော့မျှပြီးဆုံးနိုင်မည်မဟုတ်ပေ။

ရှန်ကျင်းရှောင်သည် ငြင်းခုံရန် ဆန္ဒရှိပုံပေါ်သော ဒုကျောင်းအုပ် စုရှင်းက အခြေနေကိုဝင်ထိန်းလိုက်သည်။

“ဒါကိုနောက်မှဆွေးနွေးကြတာပေါ့.... ဒါပေမယ့် ဆုလာဘ်ကောင်းတွေရစေရမယ်လိုြ အာမခံပါတယ်....."

"ဆရာ ဆရာမတွေ ကျေးဇူးပြုပြီး မင်းတို့ရဲ့ ကျောင်းသားတွေကို ပြန်ခေါ်သွားကြပါ.... ပြိုင်ပွဲမှာ ပင်ပန်းနေမှာ သေချာတယ်... သူတို့ကို အနားယူခွင့်ပေးလိုက်ပါ"

ဤသို့ဖြင့် ခရမ်းအဆင့်နည်းပြများကြားက ငြင်းခုံမှု ပြီးဆုံးသွားခဲ့သည်။

ဒုကျောင်းအုပ်စုရှင်း သည် လီလော့ ကို ရုတ်တရက် ကြည့်လိုက်ပြီး သေးငယ်သော အပြုံးတစ်ခု ပေးလိုက်သည်။

"လီလော့ မင်း ငါနဲ့လိုက်ခဲ့....."

ဤအမိန့်ကြောင့် အားလုံး အံ့အားသင့်သွားကာ ရှန်ကျင်းရှောင်ပင်လျှင် မျက်မှောင်ကြုံ့လိုက်မိသည်။

လီလော့က ကျန်းချင်းအာကို နှုတ်ဆက်ပြီးနောက် နာခံမှုဖြင့် ဒုကျောင်းအုပ်ကြီး စုရှင်းနောက်သို့လိုက်ပါသွားခဲ့လေတော့သည်။

All Chapters