← Chapters

လျှို့ဝှက်ချက်....

Vol. 43 Ch. 596

လျှို့ဝှက်ချက်....

Vol. 43 Ch. 596

ဒုကျောင်းအုပ်စုရှင်း၏ရုံးခန်းအတွင်း.......

လီလော့သည် အလွန်စိတ်အားထက်သန်ပြီးနေသော်လည်း အာရုံစိုက်ကာ ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ ဒုကျောင်းအုပ်ကြီးစုရှင်း သည် ဤမြင်ကွင်းကြောင့် မပြုံးနိုင်ဘဲ မနေနိုင်တော့ပေ။

"ငါ့ရှေ့မှာ ဟန်ဆောင်နေစရာမလိုပါဘူး.... မင်း နည်းပြရှန်ကျင်းရှောင်ရဲ့ စကားတွေကို နှလုံးသားထဲ စွဲနေတယ်ဆိုတာ သေချာပါတယ်... သူ့ကို တစ်နည်းနည်းနဲ့ ပြန်ပေးဆပ်ချင်နေတယ်မလား....."

လီလော့ကစိုးရိမ်တကြီးနဲ့ ခေါင်းခါပြရင်း "ဒုကျောင်းအုပ်...အဲ့လိုကြီးမစွပ်စွဲပါနဲ့.... ကျွန်တော် ဆရာတွေအပေါ် အရမ်းကြည်ညိုတယ်ဆိုတာ လူတိုင်းသိတယ်..နည်းပြရှန်ကျင်းရှောင်က အကြင်နာကင်းမဲ့တယ် ရက်စက်ကြမ်းကြုတ်တယ်ဆိုတာ ပတ်ဝန်းကျင်တစ်ခုလုံးက သိပေမယ့်၊ ကျွန်တော် သူ့ကိုလေးစားပါတယ်...."

"အမြူတေသလင်းကျောက်က ခရမ်းအဆင့်နည်းပြတွေတောင် လိုချင်နေတဲ့ ကျင့်ကြံမှုအရင်းအမြစ်ဆိုတော့ နည်းပြရှန်ကျင်းရှောင်က လူတိုင်းရဲ့စိတ်သဘောကိုအားလုံးကိုယ်စားထုတ်ပြောပေးလိုက်သလိုပါပဲ...." ဟု စုရှင်းက ရှင်းပြလိုက်သည်။

လီလော့သည် အပြစ်ကင်းစင်သောမျက်နှာထားဖြင့် ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့သည်။

"ဒါပေမယ့် ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုဟာ ဆုကြေးနဲ့ထိုက်တန်တယ်လို့ ခံစားရတယ်... ကျွန်တော်တို့က သေလုနီးပါးအဖြစ်နဲ့ကြုံခဲ့ရတာ......"

အမြူတေသလင်းကျောက်အတွက် လောဘကြီးသောဆန္ဒကို ရှင်းရှင်းလင်းလင်းဖော်ပြခဲ့သည်။

လက်ထောက်ကျောင်းအုပ်စုရှင်းက လီလော့ အတွက် လက်ဖက်ရည်ပူပူတစ်ခွက်ငှဲ့ပေးလိုက်ပြီး...

"တကယ့်ကို တည့်တိုးဆန်တဲ့ကောင်စုတ်လေးပဲ......"

ထိုစကားကို ချီးမွမ်းစကားဟုမှတ်ယူပြီး ပြုံးလိုက်မိသည်။

" ဒုကျောင်းအုပ်ကို ယုံကြည်လို့အခုလို ပြောရဲတာပါ... ဒုကျောင်းအုပ်က ကြယ်တာယာခရီးရှည်ကောလိပ်က တပည့်တွေအားလုံး ချစ်ခင်လေးစားရတဲ့ ဆရာမတစ်ယောက်ပဲလေ.... တကယ်တော့ ဟိုအဘိုးကြီးဖန်

ထက်တောင် ပိုယုံကြည်ရသေးတယ်......"

စုရှင်းက ကူကယ်ရာမဲ့စွယ ခေါင်းခါလိုက်သည်။

"လီလော့ နင့်ရဲ့စကားပြောစွမ်းရည်အောက်မှာ လှည့်စားခံရမယ့် အပြစ်ကင်းစင်တဲ့ မိန်းကလေးတွေအားလုံးအတွက် ငါတကယ်စိတ်ပူမိတယ်....."

“ဒုကျောင်းအုပ်...ကျွန်တော်က စေ့စပ်ပြီးသားနော်....အဲ့လိုမစွပ်စွဲပါနဲ့....."

"မင်းရဲ့ စေ့စပ်ပွဲလား? ကျန်းချင်းအာက မင်းကို အရမ်းအလိုလိုက်လွန်းတယ်...... သူ မင်းကို ထိန်းထားနိုင်မယ် မထင်ဘူး....."

စုရှင်းက လီလော့လိုကလေးတစ်ယောက်နှင့် ငြင်းခုံမနေတော့ဘဲ လက်ဖက်ရည်ကို တငုံသောက်လိုက်သည်။

"စိတ်အေးအေးထားစမ်းပါ.... ကောလိပ်အတွက် အတိုင်းအတာတစ်ခုအထိ အကျိုးဆောင်ခဲ့တဲ့အတွက် အမြုတေသလင်းကျောက်လို ဆုမျိုး သုံးဆုပေးမယ်....မင်းဒီလောက်လိုချင်နေမှတော့ ငါပို့ဖို့ အမိန့်ပေးလိုက်မယ်...ဟုတ်ပြီလား..."

"ဝိုးးးးး ကျေးဇူးတင်ပါတယ် ဒုတိယကျောင်းအုပ်!"

"ရောထွေးအဆင့်ပြိုင်ပွဲက ဒီတစ်ခေါက် ထူးထူးခြားခြား အန္တရာယ်များတယ်.... အောင်ပွဲခံပြီး ငါတို့ ကောလိပ်အတွက် ဂုဏ်ဆောင်နိုင်ဖို့ ပေးဆပ်ခဲ့ရမှာတွေနည်းမှာမဟုတ်ဘူး.... " စုရှင်း သက်ပြင်းချလိုက်သည်။

ရွှံနီပြည်နယ်က အဖြစ်အပျက်တွေကို ပြန်တွေးကြည့်တော့ လီလော့က....

"ဒုကျောင်းအုပ်၊ ကျွန်တော့်စိတ်ထဲမှာ ဒီအတွေးကို အမြဲတွေးနေမိတယ်....မဟူရာလေပြင်းအင်ပါယာရဲ့ ကပ်ဘေးက ကမ္ဘာခြားသက်ရှိတွေကြောင့်ဖြစ်လာတာလား....လူသားတွေလက်ချက်လား.... ကြက်သွေးရောင်ဗိုလ်ချုပ်က လျှို့ဝှက်ဆန်းကြယ်တဲ့ ဂိုဏ်းခွဲတစ်ခုနဲ့ သိသိသာသာ သက်ဆိုင်နေသလိုပဲ....."

စုရှင်း၏အမူအရာ ဆိုးရွားသွားသော်လည်း သူမအနေဖြင့် ဘာမှ မဖုံးကွယ်ထားပေ။

"မင်းတို့ရဲ့ ရောနှောအဆင့်ပြိုင်ပွဲကို ကောလိပ်တွေက ကျွမ်းကျင်သူတွေလည်း အနီးကပ် သတိပြုမိခဲ့ပါတယ်.... ကြက်သွေးရောင် ဗိုလ်ချုပ်ပေါ်လာပြီး ကမ္ဘာခြားသက်ရှိနဲ့ပေါင်းစည်းလိုက်တုန်းက အကြီးအကဲလင်းးယု သိသိသာသာစိုးရိမ်ပူပန်ခဲ့တယ်.... သူ့အမူအရာက အဲ့ဒါကို မြင်လိုက်တာနဲ့ ပြောင်းလဲသွားသလို ပါးစပ်ကနေလဲ အမွေခံအဖွဲ့ဆိုပြီး လွှတ်ကနဲထွက်သွားတယ်....."

"ဘာလဲ...အဲ့တာ အဖွဲ့ခွဲလား"

"ဒါဟာ ဘယ်အဖွဲ့ခွဲမှ မဟုတ်ဘူး..... ကြောက်မက်ဖွယ်ကောင်းတဲ့အဖွဲ့အစည်းတစ်ခုပါ။ သူတို့တွေ ကမ္ဘာကို သက်ရောက်နိုင်တဲ့ ကြောက်မက်ဖွယ်ကောင်းမှုတွေ ဘယ်လောက်ထ်သယ်ဆောင်လာမှန်း မင်းတို့လိုကလေးတွေ နားမလည်နိုင်မှာမဟုတ်ဘူး..... ဒါပေမယ့် မူလအမွေခံအဖွဲ့ ကို အလယ်ပိုင်းကုန်းမြေမှာသာတွေ့ရလေ့ရှိတယ်....အခုတော့ အရှေ့ပိုင်းကုန်းမြေကို ဖြန့်ကျက်ဖို့ ခြေဆန့်လာကြပြီထင်တယ်....သူတို့ရဲ့ယုံကြည်မှုက ငါတို့တွေနဲ့ပြဒါးတစ်လမ်း သံတစ်လမ်းပဲ....."

"ဘယ်လိုယုံကြည်မှုမျိုးလဲ"

"လူသားတွေဟာ ကမ္ဘာခြားသက်ရှိတွေကို ဖြေရှင်းဖို့ မတူညီတဲ့ ချဉ်းကပ်မှုတွေနဲ့ မတူညီတဲ့ အုပ်စုတွေနဲ့ ပြည့်နေတယ်....တစိတ်တဝမ်းတည်းဖြစ်လေ ပိုကောင်းလေပါပဲ....နင်လည်း ကမ္ဘာခြားသက်ရှိတွေ ယူဆောင်လာနိုင်တဲ့ ကြောက်မက်ဖွယ်ရာ ဖျက်ဆီးမှုတွေကို မြင်ဖူးပြီးသားပဲမလား...."

လီလော့က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ရွှံနီ ပြည်နယ်တွင် လူသားများကို အိမ်မွေးတိရစ္ဆာန်များကဲ့သို့ မွေးမြူပြီး ဝါးမြို

နေသည်ကို ကိုယ်တိုင်တွေ့မြင်ခဲ့ရပါသည်။ အတောင့်တင်းဆုံးနှင့် စိတ်နှလုံးသားအသန်မာဆုံး ပုဂ္ဂိုလ်များပင်လျှင် ထိုမြင်ကွင်းကြောင့် ဒေါသနှင့် ပြည့်နေပေလိမ့်မည်။

ကမ္ဘာခြားသက်ရှိများတွင် အသိစိတ်ရော စိဂရုဏာတရားရောရှိမည်မဟုတ်ပေ။၎င်းတို့သည် အပျက်သဘောဆောင်သော စိတ်ခံစားမှုများ စုစည်းနေခြင်းကြောင့်သာဖြစ်ပေါ်လာသောအရာများဖြစ်ကြသည်။ လူသားမျိုးနွယ်မှ မွေးဖွားလာလေလေ၊ ၎င်းတို့အတွက် ပိုကောင်းလေဖြစ်သည်။

သူတို့၏ တည်ရှိမှုသည် အားလုံးအတွက် ဘေးဥပဒ်၏ အရင်းအမြစ်ဖြစ်သည်။

"ဒါပေမယ့် မူလအမွေခံအဖွဲ့က အခြားအဖွဲ့တွေနဲ့မတူဘူး... သူတို့က ကမ္ဘာခြားသက်ရှိတွေနဲ့ အတူ ယှဉ်တွဲနေထိုင်ဖို့ ဆန္ဒရှိကြတယ်.... သူတို့ရဲ့ အမြင်မှာ ကမ္ဘာခြားသက်ရှိတွေက လူသားမျိုးနွယ်ရဲ့ အမှောင်ဘက်ခြမ်း သရုပ်သဏ္ဍာန်သာဖြစ်တယ်.... ငါတို့ရဲ့ စစ်မှန်တဲ့စိတ်နှလုံးသားနဲ့ ခေတ္တခွဲခွာခဲ့ရခြင်အကျိုးရလဒ်ကြောင့် လူသားမျိုးနွယ် ဆုတ်ယုတ်သွားတယ်လို့ သူတို့ကထင်နေကြတာ....ပြီးတော့ လူသားမျိုးနွယ်တွေက အတိတ်ကာလမှာ မယှဉ်နိုင်လောက်အောင် ဘုန်းတန်ခိုးကြီးခဲ့ကြတယ်....ဒါ့ကြောင့် အရင်လို သာယာဝပြောမှုကို ပြန်ရအောင် လူသားတွေနဲ့ကမ္ဘာခြားသက်ရှိတွေပေါင်းစည်းရမယ်.... ဒယဟာ သူတို့အဖွဲ့စည်းရဲ့ ယုံကြည်ချက်ပဲ.... နင်တို့တွေ့ခဲ့တဲ့ ကြက်သွေးရောင်ဗိုလ်ချုပ်က သူ့ကိုယ်သူ ကြံ့ခိုင်ဖို့ ဒီလိုနည်းလမ်းတွေကို အသုံးချခဲ့တာ....” ဟု ဒုကျောင်းအုပ် စုရှင်းက တိကျစွာ ရှင်းပြခဲ့သည်။

လီလော့၏ အမူအရာက ပိုဆိုးလာသည်။

"အရူးတွေပဲ....."

"ဟုတ်တယ်၊ သူတို့က တကယ်ကို အရူးတွေပဲ....ငါတို့ရဲ့ကမ္ဘာကြီးပေါ်ကို ကမ္ဘာခြားသက်ရှိတွေထပ်ရောက်လာဖို့ ကမ္ဘာကြီးကို ပိုင်းခြားထားတဲ့ နယ်နိမိတ်တွေကို ခွဲထုတ်ဖို့ အဆက်မပြတ် ကြိုးပမ်းခဲ့ကြတယ်၊ သူတို့ဟာ တခြားသော ကပ်ဘေးတွေကို လှုံ့ဆော်ပြီး ဖျက်ဆီးမှုတွေနဲ့ ပေါင်းစပ်ဖို့ ကြိုးပမ်းမှုမှာ အထမမြောက်ခင်၊ အသန်မာဆုံးကမ္ဘာခြားသက်ရှိတွေနဲ့ပေါင်းစည်းလိုက်ကြတာပေါ့...."

ဤအချိန်တွင် ဒုကျောင်းအုပ်စုရှင်းထံမှ အထိန်းအကွပ်မဲ့စွာ သတ်ဖြတ်လိုစိတ်များဖြာထွက်လာသည်။

"သူတို့ ပန်းတိုင်အတွက် သေသွားတဲ့လူတွေကို ဂရုမစိုက်ဘူး... ဒါတွေကို ကိန်းဂဏန်းတွေလို့ပဲသတ်မှတ်ကြတာ... သူတို့အတွက် စစ်မှန်တဲ့ပုံစံကို ရနိုင်သရွေ့တော့ တခြားဘာမှ အရေးမကြီးဘူး၊ အသက်ကိုတောင် မမှုကြဘူး...."

ဤစကားများသည် လီလော့ကို မျက်မှောင်ကြုတ်သွားစေသည်။ မရေမတွက်နိုင်သော ဘုရင်အဆင့်များနှင့် မြို့စားအဆင့်များသည် ကမ္ဘာခြားသက်ရှိများကို တားဆီးရန် မြင့်မြတ်သောစစ်တလင်းသို့ အတင်းအကြပ်ဝင်ရောက်ကာ ကမ္ဘာတဝှမ်းတွင် တိုက်ပွဲဝက်နေကြသည်။ တစ်ချိန်တည်းမှာပင်၊ ဤလူယုတ်မာများသည် ယုတ်မာသောကမ္ဘာခြားသက်ရှိများကို အပြစ်မဲ့သူများထံ လွှတ်လိုက်ကြသည်။

"ဒါတွေကို ဖယ်ရှားနိုင်တဲ့ ထိပ်တန်း ကျွမ်းကျင်သူတွေ မရှိဘူးလား...." လီလော့က စိတ်ဝင်တစား မေးသည်။

"မူလအမွေခံအဖွဲ့ရဲ့ ခွန်အားက စိတ်ကူးထားတာထက် များစွာ ကျော်လွန်နေပြီ....ဗဟိုကျောင်းသားသမဂ္ဂအဖွဲ့ချုပ်က အပြည့်အဝ တွန်းလှန်ပေးရင်တောင် သူတို့ကို ကမ္ဘာကြီးရဲ့ မျက်နှာစာပေါ်ကနေ ဖယ်ရှားပစ်ဖို့ မဖြစ်နိုင်ဘူး... ဒါ့အပြင် သူတို့ဟာ အလွန်ကို ဆိုးသွမ်းတဲ့ အုပ်စုတစ်ခုဖြစ်ပြီး ရဲရင့်တဲ့ ရာထူးတွေကို သူတို့ စိမ့်ဝင်မှု အတိုင်းအတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ သူတို့ရဲ့ အဖွဲ့ခွဲခေါင်းဆောင်က ဘယ်သူလဲဆိုတာ ရှင်းရှင်း လင်းလင်း မပြောနိုင်သေးဘူး.... သူတို့ဟာ အိပ်ပျော်နေတဲ့ နဂါးတွေဖြစ်ပြီး မဆင်မခြင်သွားထိလို့မရတဲ့အင်အားစုဖြစ်နေတယ်...."

လီလော့ တကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။ မူလအမွေခံအဖွဲ့ ၏အမြင်တွင် လော့လန်အိမ်တော်သည် ပုရွက်ဆိတ်တစ်ကောင်ထက်မပိုပေ။ သူတို့ဆန္ဒရှိလျှင် ရှပြည်ထောင်စုတောင် လုံးဝပျက်စီးသွားနိုင်သည်။

မဟူရာလေပြင်းအင်ပါယာသည် အားလုံးအတွက် သမိုင်းသင်ခန်းစာတစ်ခုဖြစ်ခဲ့သည်။ ရှပြည်ထောင်စုထက် အင်အားကြီးမားသော အင်ပါယာတစ်ခုသည် မူလ အမွေခံအဖွဲ့ ကြောင့် အခက်အခဲမရှိဘဲ ပျက်စီးသွားနိုင်သည်။

ဤသည်မှာ ကမ္ဘာ၏ အထွတ်အထိပ် ဂိုဏ်းတစ်ခုဖြစ်သည်။

လီလော့ သက်ပြင်းတစ်ချက်ချလိုက်သည်။မေ့ထားလိုက်တော့..ဒီပြသာနာက ဆရာသခင်အဆင့်တစ်ယောက်စိုးရိမ်သင့်သည့်ကိစ္စမဟုတ်ပေ။ ထိုကိစ္စကို ဗဟိုကျောင်းသားသမဂ္ဂ၏ စွမ်းဆောင်နိုင်သော စွမ်းအားရှင်များလက်တွင်သာယုံကြည်စွာအပ်ထားရပေဉီးမည်။

ဒုကျောင်းအုပ်စုရှင်းက အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ဆက်လက်ပြောဆိုခြင်းမပြုတော့ပေ။ ပိုသိတာက တစ်ဦးချင်းစီအပေါ် မလိုလားအပ်တဲ့ ဖိအားတွေ တိုးလာရုံအပြင်မပိုပေ။

"ကဲ...ခုနကပြောလက်စကိစ္စကိုဆက်ပြောရအောင်.... မင်းဒီကိုဘာလို့ရောက်နေတာလဲလို့ ခန့်မှန်းလို့ရပြီလား...." သူမက လီလော့ ကို ပြုံးပြလိုက်သည်။

လီလော့၏ စိတ်ထဲတွင် မရေမတွက်နိုင်သော ဖြစ်နိုင်ချေများကို စဉ်းစားနေသော်လည်း နှုတ်ဆိတ်နေရန် ရွေးချယ်ခဲ့သည်။

ဒုကျောင်းအုပ်စုရှင်း သည် သူမ၏ လက်ဖဝါးကို ဖွင့်လိုက်ပြီး သူမ၏ ဆုပ်ကိုင်ထားသော အရာဝတ္ထုတစ်ခုမှ အလင်းတန်းများ ထွက်လာသည်။ ၎င်းသည် လက်ဖဝါးအရွယ်ရှိ ရွှေညိုရောင် ဖလားတစ်လုံးဖြစ်သည်။ ၎င်းပေါ်တွင် ရွှေနဂါးရုပ်ပုံထွင်းထုထားပြီး အမြီးနှင့် ဦးခေါင်းကိုလက်ကိုင်အဖြစ် ပုံဖော်ထားသည်။ ဖော်မပြနိုင်သော ဖိအားများ ၎င်း၏ရှေ့မှောက်မှ ထွက်ပေါ်လာသည်။

ထိုအချိန်တွင် ရှေးခေတ်က နဂါးတစ်ကောင်၏ ဟိန်းဟောက်သံသည် သူ့စိတ်ထဲတွင် ပဲ့တင်ထပ်ကာ သူ့ဆီသို့ ရောက်ရန် ဝေးကွာလှသောအချိန်နှင့်လေဟာနယ်များကို ကျော်ဖြတ်လာခဲ့သည့်နှယ်.....

လီလော့ နဂါးရုပ်ကို ဆက်လက်စိုက်ကြည့်နေစဉ်တွင် အနည်းငယ် ထိတ်လန့်သွားပုံရပြီး နှလုံးတုန်ကာ မျက်လုံးများ ပြူးကျယ်သွားသည်။

ဤအရာအတွက် သူတို့ တိုက်ပွဲဝင်ခဲ့ကြသည်မဟုတ်လော....

ဒဏ္ဍာရီလာလုံကူရှန့်ပိန်း......

All Chapters