ပြီးပြည့်စုံသောကောင်းကင်ဓမ္မတေးသံ.....
Vol. 43 Ch. 597
"ရှန့်ပိန်းတွေ့ဆုံပွဲရဲ့အမြင့်မားဆုံးဆုလာဘ်ဖြစ်တဲ့ လုံကူရှန့်ပိန်း...."
လက်ထောက်ကျောင်းအုပ်ကြီး စုရှင်းသည် ခွက်ကို ဆုပ်ကိုင်ရင်း နှစ်လိုဖွယ် ပြုံးပြနေသည်။ သူမ၏ အသံတွင် ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
"ဒါက အရှေ့ပိုင်းကုန်းမြေတခွင်က မရေမတွက်နိုင်တဲ့ တေေကောလိပ်တွေ ရုန်းကန်နေရတဲ့အရာပဲ... မင်းဒီမှာရှိလို့ ကံကောင်းလိုက်တာ.... ငါတို့ကောလိပ်က အရိပ်လှိုဏ်ဂူကို နှိမ်နှင်းနိုင်ခဲ့ပြီး ငြိမ်းချမ်းတဲ့ကာလတစ်ခုကို ဖော်ဆောင်နိုင်တော့မယ်....."
လီလော့၏ အကြည့်များ တောက်ပလာပြီး....
"ဒါက အရမ်းမိုက်တာပဲ၊ ကျွန်တော်က အဖွဲ့ထဲမှာ နောက်ဆွဲသာသာပါဗျာ..." ဟု မဆိုင်းမတွ ပြန်ဖြေသည်။
"မင်း ငါ့အရှေ့မှာ ရူးချင်ယောင်ဆောင်မနေနဲ့ ...." လီလော့ ၏လက်ကောက်ဝတ်တစ်ဝိုက်ရှိ အနီရောင်လက်ကောက်ကိုကြည့်ပြီး စုရှင်း က ပြုံးနေသည်။
"ဒါဆို အမြီးသုံးချောင်း ကောင်းကင်ဘုံဝံပုလွေရဲ့ စွမ်းအားကို ဘယ်လိုခံစားရလဲ...ပြောပါဉီး... "
လီလော့ စိတ်ပျက်လက်ပျက်ဖြစ်နေရှာသည်။ ဤလျှို့ဝှက်ချက်ကို အခြားမည်သူ့ကိုမျှ သိရန် မမျှော်လင့်ခဲ့ပေ။
“ကျောင်းအုပ်ကြီးဖန်က ဒီအကြောင်းကို ပြောပြတယ်” ဟု သူမက တိုတိုတုတ်တုတ် ရှင်းပြသည်။ "ဒါပေမယ့်၊ ကြယ်တစ်ပွင့်ခန်းမ က ကျောင်းသားသစ်ဖြစ်တဲ့ မင်းကို ရွေးချယ်လိုက်တာကြောင့် သံသယဝင်ခဲ့ဖူးတယ်.... ဆန့်ကျင်ဘက်အနေနဲ့ မင်းက လုံကူရှန့်ပိန်းနဲ့ ကောလိပ်ကို ပြန်လာမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မင်းကို စိတ်ချလက်ချ အာမခံခဲ့တယ်.... တကယ်ကို ထိတ်လန့်စရာကောင်းတာက သူ့ရဲ့ ခန့်မှန်းချက်တွေအကုန်မှန်နေခဲ့တာပဲ.... ”
လီလော့က ခါးသီးစွာ ပြုံးလိုက်သည်။
"ဟုတ်တယ်.... ဒါက ချေးထားတဲ့ ခွန်အားပဲ၊ လိုအပ်နေတဲ့အချိန်မှာ သက်ကယ်ဝှက်ဖဲအနေနဲ့ထုတ်သုံးလိုက်တာပါ အများကြီး ထည့်မတွက်ဘူး...." သူသည် ဤဝှက်ဖဲကို သိပ်ပြီး မစဉ်းစားခဲ့ပေ။ ကြက်သွေးရောင်ဗိုလ်ချုပ်ကို အနိုင်ယူနိုင်ခဲ့ရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ကောင်းကင်ဝံပုလွေထံမှ ချေးယူထားသော စွမ်းအားကြောင့် ဖြစ်သည်။ အားလုံးက ပြင်ပအကူအညီတွေပါပဲ.....
"မလိုအပ်ဘဲ ကိုယ့်ကိုယ်ကို နှိမ့်ချနေဖို့ မလိုပါဘူး။ ဒီလို စွမ်းအားမျိုးက ဘယ်သူမဆို ထိန်းချုပ်နိုင်တဲ့ အရာမှ မဟုတ်တာ... သာမန်ဆရာသခင်အဆင့်တစ်ယောက်က သူတို့ကိုအလွယ်တကူလွှမ်းမိုးသွားမယ့် အမြီးသုံးချောင်း ကောင်းကင်ဘုံ ဝံပုလွေရဲ့ စွမ်းအားကို ဘယ်တော့မှ အသုံးချနိုင်မှာ မဟုတ်ဘူး...နင့်အစား ဇူရွှမ်းလို တစ်စုံတစ်ယောက်ကို အစားထိုးခဲ့ရင်တော့ အကောင်းဆုံး အခြေအနေ ဝံပုလွေက တိုက်ရိုက် သွေးဆောင်ဖြားယောင်းပြီး ဆင်ခြင်တုံတရား ကင်းမဲ့ပြီး သတိမဲ့နိုင်တဲ့ ရုပ်သေးရုပ်အဖြစ် ပြောင်းလဲသွားခြင်းပဲဖြစ်လိမ့်မယ်... မင်းရဲ့ စိတ်တည်ငြိမ်မှုက အရေးကြီးဆုံး အစိတ်အပိုင်းပဲ.... ကောင်းကင်ဓမ္မတေးသံက ဒီစွမ်းအားအတွက် သော့တစ်ချောင်းသာသာပဲလေ.... မင်းရဲ့ ကိုယ်ရည်ကိုယ်သွေးက မင်းကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်စေတဲ့အရာပါ.... ကျောင်းအုပ်ကြီးက အမြဲတမ်း ထူးထူးခြားခြား ပိုင်းခြားဝေဖန်တတ်တယ်.... နင့်မှာ ဒီအရာကိုကိုင်တွယ်နိုင်ဖို့အရည်အချင်းရှိမှန်းသိလို့ပေးခဲ့တာပေါ့.... "
" တကယ်တော့ ကျွန်တော်လည်း ဝံပုလွေရဲ့ စွမ်းအားကို အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ပါဘူး...တန်ကြေးတခုတော့ပေးဆပ်ခဲ့ရတယ်.... ပြီးတော့ အစ်မချင်းအာရဲ့အကူအညီမပါဘဲ၊ အခုထိ အသက်ရှင်နေနိုင်တော့မှာ မဟုတ်ဘူးဆိုတာသေချာတယ်....."
"ဘာပဲဖြစ်ဖြစ် မင်းက ခမ်းနားစွာ စွမ်းဆောင်ပြီးပြီ...ဆရာသခင်အဆင့်တစ်ယောက်အနေနဲ့ ကောင်းကင်ဘုံဝံပုလွေရဲ့ ဩဇာနဲ့ တန်ခိုးကိုအံတုနိုင်ယုံနဲ့တင် အတော်ချီးကျုးစရာကောင်းနေပြီ..."
ဤအခိုက်အတန့်တွင် သူမ လက်ဖဝါးကို မြှောက်လိုက်ရာ လုံကူရှန့်ပိန်းက လီလော့ ရှေ့တွင် လွင့်ပျံလာသည်။
"ကျောင်းအုပ်ကြီးဖန် က အရိပ်လှိုဏ်ဂူထဲက မထွက်နိုင်သေးတဲ့အတွက် မင်းကိုပေးခဲ့တဲ့ကတိရဲ့ ကျန်တစ်ဝက်ကို ဖြေရှင်းပေးဖို့ ငါ့ကို အပ်နှင်းလိုက်ပြီ"
သူမ၏လက်ကောက်ဝတ်ရှိ အိတ်ဆောင်စက်လုံး အသက်ဝင်လာပြီး လီလော့ ရှေ့တွက် ကျောက်စိမ်းပြားတစ်ခု ပေါ်လာသည်။
"ဒါက ကောင်းကင်ဓမ္မတေးသံရဲ့ အခြားတစ်ဝက်ပဲ၊ ဒါနဲ့ဆို မင်းဟာ ဝံပုလွေရဲ့ ခွန်အားတစ်ခုလုံးကို အပြည့်အ၀ အသုံးချနိုင်ရမယ်.... ဒါပေမယ့် ဒီစွမ်းအားကို မကြာခဏသုံးတာဟာ မီးနဲ့ကစားနေတာလို့ ငါမင်းကို သတိပေးပါရစေ...သတိနဲ့ ချင့်ချိန်ပြီးသုံးပါ.... "
လီလော့ ကျောက်စိမ်းပြားကို ကြည်နူးစွာ လက်ခံရရှိခဲ့ပြီး သူ၏ ပဲ့တင်ထပ်သံ စွမ်းအားကို ၎င်းထဲသို့ ပို့လွှတ်ခဲ့သည်။ ရင်းနှီးသောအချက်အလက်များ သူ့စိတ်ထဲသို့ စိမ့်ဝင်လာပြီး သူရရှိရန် အသည်းအသန်ကြိုးစားခဲ့သော ကောင်းကင်ဓမ္မတေးသံပညာရပ်ကိုအပြည့်အဝရရှိနိုင်ခဲ့ပြီ........
ကျောက်စိမ်းပြားကို သိမ်းဆည်းကာ ယခုအခါတွင် လုံကူရှန့်ပိန်းဆီသို့ လှည့်ကြည့်လိုက်သည်။ ယခု သူသည် အကျိုးခံစားခွင့်များ ရရှိခဲ့သဖြင့် အဖိုးအခပေးရမည့် အချိန်ဖြစ်သည်။
သို့သော် ကျောင်းအုပ်ကြီးဖန် သည် သူ၏သွေးအနှစ်သာရကို အဘယ်ကြောင့် လိုချင်နေသည်ဆိုတာတော့ မသိရသေးပေ။
လီလော့၏ စိတ်ထဲတွင် မရေမတွက်နိုင်သော ဖြစ်နိုင်ချေများ ရှိနေသော်လည်း မည်သည့်အရာမှ အဓိပ္ပါယ်မရှိပေ။ မဆိုင်းမတွဘဲ၊ ဓါးသေးသေးလေးတစ်ချောင်းကို ထုတ်ပြီး လက်မကိုထိုးဖောက်ကာ ခွက်ထဲသို့ဖြည့်ပေးလိုက်သည်။
ဤခွက်သည် မဖော်ပြနိုင်သော လျှို့ဝှက်ဆန်းကြယ်မှုအချို့ကို ပိုင်ဆိုင်ထားပုံရသည်။ ၎င်းသည် ကြီးမားသော ရွယ်အစားကို ကိုင်ဆောင်ထားသည့် သိုလှောင်ရတနာဖြစ်ကြောင်း ထင်ရှားသည်။ သို့သော်လည်း သွေးစက်များသည် မျှော်လင့်ထားသလို ပျက်ပြယ်သွားခြင်း မရှိပေ။ ယင်းအစား၊ ၎င်းသည် နေ့စဉ်သုံးခွက်တစ်ခွက်အဖြစ်သို့ ပြောင်းလဲသွားပြီး တဖြည်းဖြည်း သွေးများဖြင့် ပြည့်လာပုံရသည်။
မိနစ်ဝက်အကြာတွင် သွေးများ ဆက်လက်စီးဆင်းနေသဖြင့် လီလော့၏ မျက်နှာ ဖြူဖျော့သွားတော့သည်။ နောက်ဆုံးတွင် သွေးအဆီအနှစ်ကို မပေးနိုင်တော့ဘဲ တခဏတာ အားနည်းသော ခံစားချက်က သူ့ကို ဖုံးလွှမ်းသွားသည်။
ဒုကျောင်းအုပ်စုရှင်းက ခွက်ကို ပြန်ယူလိုက်ပြီး
"ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောနဲ့...ကျောင်းအုပ်ကြီးဖန်နဲ့ ပတ်သက်ရင် မလိုလားအပ်တဲ့ အာရုံတွေကို စွဲဆောင်သွားမှာ သေချာပါတယ်....ကောလဟာလသက်သက်ကတောင် မလိုလားအပ်တဲ့ လှည့်စားမှုတွေကို ဖြစ်ပေါ်စေနိုင်တယ် ...."
လီလော့က ခေါင်းညိတ်လိုက်ပြီး...
"ဒုကျောင်းအုပ်၊ အခု ကျွန်တော်တို့မှာ လုံကူရှန့်ပိန်းရှိလာပြီဆိုတော့ ကျောင်းအုပ်ကြီ ဖန် က နောက်ဆုံးတော့ ကောလိပ်ကိုပြန်လာတော့မှာလား....."
ဒီမေးခွန်းကြောင့် စုရှင်း သက်ပြင်းတစ်ချက်ချလိုက်ပြီး....
"ဒီအရာတွေက မင်းထင်ထားသလောက် မလွယ်မှာကိုပဲ ငါစိုးရိမ်တယ်.... အရိပ်လှိုဏ်ဂူရဲ့ နက်နဲတဲ့နေရာတွေမှာ အလွယ်တကူ ဖယ်ထုတ်လို့မရတဲ့ ပြဿနာတချို့ ရှိတယ်.... ရလဒ်အနေနဲ့ ကျောင်းအုပ်ကြီးဖန် ဟာ နှစ်ပေါင်းများစွာ အလုပ်ရှုပ်နေခဲ့တယ်...လုံကူရှန့်ပိန်းရဲ့အကူအညီနဲ့သာဆို သူ့အတွက်ပိုလွယ်ကူနိုင်မှာပါ.....ဒါပေမယ့် တချို့သောပြင်ဆင်မှုတွေကတော့ မဖြစ်နိုင်ဘူး....."
ထိုစကားများကိုကြားလိုက်သည်နှင့် လီလော့ သည် ကျောင်းအုပ်အပေါ် အပြစ်ပြောမိသည့်အတွက် နောင်တရသွားစေသည်။ ဤ "ပြင်ဆင်မှုများ" အချိန်မည်မျှကြာမည်ကို မည်သူသိသနည်း။
"ဒုကျောင်းအုပ် စုရှင်း....ကျွန်တော် လုံကူရှန့်ပိန်းကိုယူလာနိုင်တယ်လေ...ဒီလောက်လေးနဲ့ကျေနပ်လိုက်ရမှာလား....."
ဒုကျောင်းအုပ်စုရှင်းက ပြုံးလိုက်ပြီး...
" ငါ နင့်ကို အမြူတေသလင်းကျောက် ပေးမယ်လို့ ကတိမပေးထားဘူးလား"
"အဲ့တာကိုပြောနေတာမဟုတ်ဘူး....." လီလော့ အမြန်ပြန်ဖြေလိုက်သည်။
"ဒါဆို မင်းဘာလိုချင်လို့လဲ"
ကွေ့ဝိုက်မနေတော့ဘဒ လီလော့က ရိုးရိုးသားသား ရှင်းပြလိုက်သည်။
"လော့လန်အိမ်တော်အတွက် ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ အထောက်အပံ့ကို ရှာချင်ပါတယ်"
လာမည့် အိမ်တော်စုဝေးပွဲသည် လျှို့ဝှက်ကြံစည်မှုများ၏ အထွတ်အထိပ်ဖြစ်သည်။ ဒုက္ခဖြစ်စေတဲ့ လျှို့ဝှက်စွမ်းအားတွေက အင်အားကြီးလွန်းလှသည်။ မြို့စားအဆင့်တွေ ပေါ်လာနိုင်သည့်အတွက် လော့လန်အိမ်တော်သည် ဦးလေးပေါင်၏အကူအညီကိုရရှိထားသော်လည်း၊ သူသည် အထွတ်အထိပ်အခြေအနေမဟုတ်ပဲ လူတစ်ဦးတည်းသာဖြစ်သည်။
လီလော့ ၏မျှော်လင့်ချက်များအပေါ်အခြေခံ၍ သူရင်ဆိုင်ရမည့်ပြိုင်ဘက်များသည် ဇူဒီအိမ်တော်၊ကျိယန်အိမ်တော် နှင့် ကျန်သူများဖြစ်သည်။ ထို့အပြင်၊ လျှို့ဝှက်ဆန်းကြယ်သော လုပ်ကြံသတ်ဖြတ်မှုများနှင့် လျှို့ဝှက်ထောက်လှမ်းရေးများလည်းရှိနေသေးသည်။ အကယ်၍ တစ်စုံတစ်ဦးသည် လုံလောက်သောစျေးနှုန်းကို ပေးဆောင်ပါက၊ ၎င်းတို့သည်လည်း ကြားဝင်စွက်ဖက်မည်မှာ သေချာပါသည်။
ခင်မင်ရင်းနှီးသော ကျင်းချွဲ့အိမ်တော်ကိုပင် အပြည့်အဝ ယုံကြည်နိုင်မည်မဟုတ်ပေ။ ခင်မင်ရင်းနှီးမှုများ အလွယ်တကူ ပြတ်တောက်သွားကာ ဆက်ဆံရေး၏ အဓိကအချက်မှာ သူ၏မိဘများရှိနေခြင်း၏ ကျေးဇူးကြောင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မရေမတွက်နိုင်သော နှစ်များကြာအောင် မိဘနှစ်ပါး ပျောက်ကွယ်သွားကြောင်း တွေးတောကြည့်လျှင် မည်ကဲ့သို့ ပြောင်းလဲသွားသည်ကို မည်သူသိနိုင်မည်နည်း။
ထို့ကြောင့် အခြားအိမ်တော်လေးခုစလုံးက သူသတိထားရမည့် ရန်သူများဖြစ်သည်။
ရှပြည်ထောင်စု၏ တော်ဝင်နန်းတော်ကိုလည်း မှတ်သားထားပြီး လိုအပ်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရမည်ဖြစ်သည်။မင်းသမီး၏အဖွဲ့သည် သူနှင့်ကောင်းမွန်သောဆက်ဆံရေးရှိသော်လည်း၊ ကိုယ်စားအုပ်ချုပ်သူကိုမေ့ထားလို့မရပေ။
ကိုယ်စားအုပ်ချုပ်သူ၏အတွေးကြောင့် လီလော့သည် အန္တရာယ်၏ ကြိုတင်သတိပေးချက်ကို ခံစားခဲ့ရသည်။ ထို့ကြောင့် သူနှင့် ကျန်းချင်းအာ နှစ်ယောက်လုံး တတ်နိုင်သမျှ ဝေးဝေးနေရန် ရွေးချယ်ခဲ့ကြသည်။
အိမ်တော်စုဝေးပွဲတွင် ကိုယ်စားအုပ်ချူပ်သူ သည် မည်သည့်နေရာတွင် ရပ်တည်မည်ကို သူတို့ မသိခဲ့ကြပေ။
လီလော့ ၏စကားကိုကြားတော့ ဒုကျောင်းအုပ်စုရှင်း နှုတ်ဆိတ်သွားခဲ့သည်။ သူမ အံ့အားသင့်ပုံမပေါ်ဘဲ၊ ၎င်းကိုမျှော်လင့်ထားကြောင်း ထင်ရှားသည်။ ခဏလောက် စဉ်းစားပြီးနောက် သူမ ခေါင်းခါလိုက်ပြီး....
"လီလော့...ငါတကယ်စိတ်မကောင်းဘူး..... ငါမင်းကိုတကယ်ကူညီပေးချင်တယ်... ကံမကောင်းစွာပဲ၊ ကြယ်တာယာခရီးရှည်ကောလိပ်က လွတ်လပ်တဲ့ကြားနေအဖွဲ့အစည်းမို့ ငါတို့ကို သေချာပေါက် ထည့်တွက်လို့မရဘူး။ ရှပြည်ထောင်စုမှာ အတွင်းရေးမတည်ငြိမ်မှုတွေဖြစ်လာနိုင်တာမို့ ကြယ်တာယာခရီးရှည်ကောလိပ်က လော့လန်အိမ်တော်စုဝေးပွဲမှာ နင့်အတွက် ကူညီနိုင်မှာမဟုတ်ဘူး....."